Monday, January 20, 2020

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေပြော

၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် ညွန့်ပေါင်းအစိုးရ တစ်ရပ်ပေါ်ပေါက်လာနိုင်ပြီး ယခင်ရွေးကောက်ပွဲများနည်းတူ ပါတီတစ်ခု တည်းမှ သောင်ပြိုကမ်း ပြို အနိုင်ရနိုင်ချေနည်းကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဖြစ်နိုင်ခြေကတော့ ၂၀၂၀ မှာ ပထမ ဦးဆုံး ဖြစ်လာမယ့် အခြေအနေကတော့ ညွှန့်ပေါင်း အစိုးရ ဖြစ်လာဖို့များတယ်။ ဘာဖြစ် လို့လဲဆိုတော့ တစ်ပါတီတည်း အနိုင်ရဖို့ ဆိုတာကတော့ တော်တော်ခက်နေတဲ့ အနေအထားရှိ နေပြီလေ။ ကြံ့ခိုင်ရေးသော် လည်းကောင်း၊ NLD ပါတီ သော်လည်းကောင်း၊ အခြားပါတီ တစ်ခုခု သော်လည်းကောင်း သောင်ပြိုကမ်းပြိုနိုင်မယ့် အနေအ ထားကတော့ မတွေ့ရတော့ဘူးလေ” ဟု ဦးခင်မောင်ဆွေက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံး၏ ထောက်ခံဆန္ဒမဲ ထက်ဝက်ကျော်ဖြင့် အနိုင်ရရှိ ကာ အစိုးရ တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။
လက်ရှိတွင် နိုင်ငံရေး ပါတီပေါင်း ၉၈ ပါတီရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၇ သန်းကျော်ရှိကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ညွန့်ပေါင်းအစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်ကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေပြော
------ မင်းသီဟန် ( အကုန်သိ သတင်းဌာန ) ------
၂၀၂၀ ရွေးကောက်ပွဲ အပြီးတွင် ညွန့်ပေါင်းအစိုးရ တစ်ရပ်ပေါ်ပေါက်လာနိုင်ပြီး ယခင်ရွေးကောက်ပွဲများနည်းတူ ပါတီတစ်ခု တည်းမှ သောင်ပြိုကမ်း ပြို အနိုင်ရနိုင်ချေနည်းကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။
အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဖြစ်နိုင်ခြေကတော့ ၂၀၂၀ မှာ ပထမ ဦးဆုံး ဖြစ်လာမယ့် အခြေအနေကတော့ ညွှန့်ပေါင်း အစိုးရ ဖြစ်လာဖို့များတယ်။ ဘာဖြစ် လို့လဲဆိုတော့ တစ်ပါတီတည်း အနိုင်ရဖို့ ဆိုတာကတော့ တော်တော်ခက်နေတဲ့ အနေအထားရှိ နေပြီလေ။ ကြံ့ခိုင်ရေးသော် လည်းကောင်း၊ NLD ပါတီ သော်လည်းကောင်း၊ အခြားပါတီ တစ်ခုခု သော်လည်းကောင်း သောင်ပြိုကမ်းပြိုနိုင်မယ့် အနေအ ထားကတော့ မတွေ့ရတော့ဘူးလေ” ဟု ဦးခင်မောင်ဆွေက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိကာ ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံး၏ ထောက်ခံဆန္ဒမဲ ထက်ဝက်ကျော်ဖြင့် အနိုင်ရရှိ ကာ အစိုးရ တစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။
လက်ရှိတွင် နိုင်ငံရေး ပါတီပေါင်း ၉၈ ပါတီရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၇ သန်းကျော်ရှိကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

No comments:

Post a Comment

My Blog List