Thursday, January 23, 2020

လာမည့်ရွေးကောက်ပွဲတွင် မနိုင်ပါက နောင်ဘယ်တော့မှ ပြန်တက်လာရန် စိတ်မကူးနှင့် ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ က ပါတီဝင်လူငယ်များကိုသတိပေး

Image may contain: 1 person
လာမည့်ရွေးကောက်ပွဲသည် ရေကုန်ရေခမ်း လုပ်ရမည့်ပွဲဖြစ်ပြီး ဒီတစ်ကြိမ်မနိုင်ပါက နောင်ဘယ်တော့မှ ပြန်တက်လာရန် စိတ်မကူးနှင့် ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ၎င်း၏ ပါတီဝင်လူငယ်များကို သတိပေးပြောကြားလိုက်သည်။

“လာမယ့်ရွေးကောက်ပွဲဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ ရေကုန်ရေခမ်း လုပ်ရမယ့်ပွဲပါပဲ ဒီတစ်ကြိမ်ဟာ အဆုံးအဖြတ်ပဲ ဒီတစ်ကြိမ်မှ မင်းတို့မနိုင်ရင်လည်း နောင်ဘယ်တော့မှ ပြန်တက်လာဖို့စိတ်မကူးနဲ့တော့
အဲ့ဒီတော့ နိုင်အောင်လုပ်ဖို့သည်လည်းပဲ ကိုယ်ဥက္ကဌ တစ်ယောက်တည်းတော့ တာဝန်ရှိတာမဟုတ်ဘူး ပါတီဖြစ်တဲ့အတွက် အားလုံးမှာတာဝန်ရှိတယ် ဒီထက်ပိုပြီး လူငယ်တွေကလုပ်နိုင်ကိုင်နိုင် အင်အားရှိဖို့လိုတယ်”ဟု ဦးသန်းဌေးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဇန်နဝါရီ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီဝင်လူငယ်ရေးရာ တွေ့ဆုံပွဲ ပါတီဥက္ကဌ ဦးသန်းဌေးက လူငယ်များကို သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
“လူငယ်တွေနဲ့တွေ့ရင်အမြဲတမ်းပြောတဲ့စကားက မင်းတို့မှာ တို့ထက်ပိုပြီး တိုင်းပြည်အတွက် ပါတီအတွက် အလုပ်လုပ်ချိန်နာရိပေါင်း သောင်းနဲ့ချီ ပြီးတော့ မင်းတို့ ပိုင်ဆိုင်တယ် အဲ့ဒါ တို့ထက်သာတဲ့အရည်အချင်းပဲ”ဟုလည်း ဦးသန်းဌေးက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ပါတီဝင်လူငယ်များက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်ပါတီအောင် နိုင်ရေးနှင့် ပတ်သက်ပြီး လူငယ်ကဏ္ဍမှ လုပ်ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီစဉ်များကို ပြုစုထားသည့် စာတမ်းများ တင်သွင်းခဲ့ကြောင်းသိရသည်။
The Ladies News
လာမည့်ရွေးကောက်ပွဲတွင် မနိုင်ပါက နောင်ဘယ်တော့မှ ပြန်တက်လာရန် စိတ်မကူးနှင့် ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဌ က ပါတီဝင်လူငယ်များကိုသတိပေး
လာမည့်ရွေးကောက်ပွဲသည် ရေကုန်ရေခမ်း လုပ်ရမည့်ပွဲဖြစ်ပြီး ဒီတစ်ကြိမ်မနိုင်ပါက နောင်ဘယ်တော့မှ ပြန်တက်လာရန် စိတ်မကူးနှင့် ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက ၎င်း၏ ပါတီဝင်လူငယ်များကို သတိပေးပြောကြားလိုက်သည်။
“လာမယ့်ရွေးကောက်ပွဲဟာ အားလုံးသိကြတဲ့အတိုင်းပါပဲ ရေကုန်ရေခမ်း လုပ်ရမယ့်ပွဲပါပဲ ဒီတစ်ကြိမ်ဟာ အဆုံးအဖြတ်ပဲ ဒီတစ်ကြိမ်မှ မင်းတို့မနိုင်ရင်လည်း နောင်ဘယ်တော့မှ ပြန်တက်လာဖို့စိတ်မကူးနဲ့တော့
အဲ့ဒီတော့ နိုင်အောင်လုပ်ဖို့သည်လည်းပဲ ကိုယ်ဥက္ကဌ တစ်ယောက်တည်းတော့ တာဝန်ရှိတာမဟုတ်ဘူး ပါတီဖြစ်တဲ့အတွက် အားလုံးမှာတာဝန်ရှိတယ် ဒီထက်ပိုပြီး လူငယ်တွေကလုပ်နိုင်ကိုင်နို်င် အင်အားရှိဖို့လိုတယ်”ဟု ဦးသန်းဌေးက ပြောသည်။
ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ဇန်နဝါရီ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပါတီဝင်လူငယ်ရေးရာ တွေ့ဆုံပွဲ ပါတီဥက္ကဌ ဦးသန်းဌေးက လူငယ်များကို သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
“လူငယ်တွေနဲ့တွေ့ရင်အမြဲတမ်းပြောတဲ့စကားက မင်းတို့မှာ တို့ထက်ပိုပြီး တိုင်းပြည်အတွက် ပါတီအတွက် အလုပ်လုပ်ချိန်နာရိပေါင်း သောင်းနဲ့ချီ ပြီးတော့ မင်းတို့ ပိုင်ဆိုင်တယ် အဲ့ဒါ တို့ထက်သာတဲ့အရည်အချင်းပဲ”ဟုလည်း ဦးသန်းဌေးက ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ပါတီဝင်လူငယ်များက ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်ပါတီအောင် နိုင်ရေးနှင့် ပတ်သက်ပြီး လူငယ်ကဏ္ဍမှ လုပ်ဆောင်ပေးနိုင်မည့် လုပ်ငန်းအစီစဉ်များကို ပြုစုထားသည့် စာတမ်းများ တင်သွင်းခဲ့ကြောင်းသိရသည်။
The Ladies News

No comments:

Post a Comment

My Blog List