Tuesday, January 21, 2020

ကျောက်ဖြူစီမံကိန်းသည် မြစ်ဆုံစီမံကိန်းကဲ့သို့ မဟုတ်ဘဲ မြန်မာဘက်မှ နစ်နာမှုမရှိဘဲ ရသင့်ရထိုက်သည်များ အများကြီးရလိုက်ဟု NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးပြောဆို

Image may contain: 4 people, people smiling
မြန်မာနိုင်ငံသို့ ၂ ရက်တာ လာရောက်လည်ပတ်သည့် တရုတ်သမ္မတ ရှီကျင့်ပင် ခရီးစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့် တစ်စုံတစ်ရာနစ်နာမှုမရှိဘဲ ရသင့်ရထိုက်သည်များကို အများကြီးရလိုက်ကြောင်း NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောဆိုသည်။

တရုတ်သမ္မတခရီးစဉ်အတွင်း မြန်မာနိုင်ငံအနေဖြင့် ကျောက်ဖြူစီမံကိန်း ပေးလိုက်ရခြင်း၊ ရန်ကုန်မြို့သစ်စီမံကိန်း ပေးလိုက်ရခြင်းအပါအဝင် အန္တရာယ်ကြီးပြီး အကြွေးနွံ့နစ်နိုင်သော စီမံကိန်းများစွာ ပေးလိုက်ရသည်ဟု ဝေဖန်မှုများ မြင့်တက်လာချိန်တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"တရုတ်သမ္မတလာတဲ့ အဓိကရည်ရွယ်ချက်ကတော့ အချက်၃ချက်ရှိတယ်ပေါ့။ ပထမတစ်ချက်ကတော့ နှစ်ရဝပြည့် သံတမန်ဆက်ဆံရေးပေါ့။ နှစ်ပတ်လည် အခမ်းအနားကို စည်စည်ကားကား ဆောင်ရွက်နိုင်အောင် လာပြီးတော့ပြောတာပါပဲ။ နံပါတ် နှစ်အချက်ကတော့ စီးပွားရေးကိစ္စပေါ့လေ။ OBOR ပါမယ်။ နောက်တစ်ခါ OBOR အဆက်ဖြစ်တဲ့ တရုတ်မြန်မာ စီးပွားရေး စင်္ကြံကို ပိုပြီးတော့ ဖွံ့ဖြိုးအောင် တည်ဆောက်နိုင်ဖို့အတွက် အဲဒါလည်း လာပြီးတော့ညှိနှိုင်းတာပါပဲ။ နံပါတ် ၃အချက်ကတော့ ငြိမ်းချမ်းရေးကိစ္စပါပဲ။ စီးပွားရေးနဲ့ပတ်သက်လို့ အချက်ပေါင်း ၃၃ချက် စာလွှာတွေလက်မှတ်ထိုးခဲ့တယ်ပေါ့။ နောက်တစ်ခုကကျတော့ ငြိမ်းချမ်းရေးကိုလည်း သူတို့ကူညီပေးမယ်။ ဒါလည်းညှိနှိုင်းတာ သဘောတူကျပါတယ်။ နောက်ပြီးတော့တပ်မတော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ဆုံပြီးတော့ သဘောတူကျတယ်ပေါ့။ ကျွန်တော်တို့ဖက်ကတော့ အဲဒီဟာတွေရလိုက်တယ်" ဟု မုံရွာအောင်ရှင်က ပြောဆိုသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်၍ ပြန်လည်ညှိနှိုင်း၍ စာချုပ် ချုပ်ဆိုနိုင်ခြင်းသည် မြန်မာဘက်မှ ရသင့်ရထိုက်သည်များ ရလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
"စီးပွားရေးနဲ့ ပတ်သက်လို့ နှစ်ဖက်အကျိုးတူလုပ်ကြတာပါပဲ။ သူတို့လည်း သူတို့ရသင့်ရထိုက်တာကို ရအောင်ယူတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရသင့်ရထိုက်တာကို ရအောင်ယူတာပါပဲ။ အဲဒါလေးပဲ တရုတ်သမ္မတခရီးစဉ်မှာ အကျိုးအမြတ်ရှိခဲ့တယ်လို့ပဲပြောလို့ရပါတယ်။ မြစ်ဆုံကိစ္စမှာလည်း အယူအဆတချို့ အစိုးရနဲ့ သဘာဝပတ်ဝန်းကျင်သမားတွေ ပြည်သူလူထုတချို့နဲ့ပေါ့။ ပွတ်တိုက်မှု တွေရှိတယ်။ အဲဒီတော့ အခုဒီဟာကိုနှစ်ဖက်စလုံးက လက်ရှောင်ပြီးတော့ ဆွေးနွေးကျတာတွေ့ရတယ်။ ကျောက်ဖြူစီမံကိန်းကတော့ ဟိုတုန်းကတည်းက ဒီဟာတွေက သဘောတူထားတယ်။ သဘောတူထားပြီးတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ အစိုးရလက်ထက် မှာ ဆွေးနွေးပြီးတော့မှ ဒီကျောက်ဖြူစီမံကိန်းကို အခုလိုသဘောတူတာ လုပ်ကြတာ။ အရင်အစိုးရတွေ လက်ထက်တုန်းက သဘောတူထားတဲ့ စာချုပ်တွေကို ကျွန်တော်တို့က အများကြီး ပြုပြင်ရတယ်။ အများကြီးအတိုးအလျှော့ လုပ်ကြရတယ်ပေါ့။ အဲဒါပြီးတော့မှ ကျွန်တော်တို့အခုဟာ လုပ်တာပါ။ သူနာတယ် ကိုယ်နာတယ်ဆိုတာမျိုးမရှိပါဘူး။ သူလည်း ရသင့်ရထိုက်တာတွေရပြီး ကျွန်တော်တို့လည်း ရသင့်ရထိုက်တာတွေ အများကြီးရလိုက်တယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်" ဟု ၎င်းက ဆိုသည်။
တရုတ်သမ္မတခရီးစဉ်တွင် တရုတ်နှင့် မြန်မာအစိုးရတို့အကြား စီမံကိန်းများအပါအဝင်နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်ပေါင်း ၃၃ ခု စာချုပ်ချုပ်ဆိုခဲ့ကြသည်။
Photo Credit - MPO

No comments:

Post a Comment

My Blog List