Wednesday, January 22, 2020

နေပြည်တော် သပြေကုန်းအဝိုင်းတွင် ထားရှိမည့်ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုတပ်ဆင်ခြင်းလုပ်ငန်းစတင်

Image may contain: sky and outdoor, text that says 'News Watch'Image may contain: 1 person, text that says 'News Watch'
ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုအားဇန်နဝါရီ၂၁ရက်နေ့နံနက်ပိုင်းမှစတင်၍ရန်ကုန်မြို့မှသယ်ယူလာပြီး ညနေပိုင်းသယ်ယူလာစဉ်ကရုပ်တု၏အစိတ်အပိုင်းကိုဖြုတ်ကာ ရန်ကုန်မြို့မှ သယ်ယူလာခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော် သပြေကုန်းအဝိုင်းသို့ရောက်ရှိခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်ဖြုတ်ယူလာသည့်ဗိုလ်ချူပ်ဦးခေါင်း၊မြင်း၏ခြေလက်တို့ကိုတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး အချိန် ၅ ရက်ခန့်ကြာမြင့်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ထုလုပ်သူ ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)မှ အငြိမ်းစားပါမောက္ခဦးမြတ်စံကပြောသည်။
ဗိုလ်ချူပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုမှာအမြင့် ၁၈ပေရှိပြီး မြန်မာနိုင်ငံတွင်အမြင့်ဆုံးရုပ်တုတစ်ခုဖြစ်ကြောင်းနှင့်ရုပ်တုတင်မည့်စင်၏အမြင့်မှာလည်း ၁၈ပေဖြစ်ကြောင်း ဗိုလ်ချုပ်မြင်းစီးကြေးရုပ်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
ဗိုလ်ချူပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုကို ၂၀၂၀ပြည့်နစ်ဖေဖော်ဝါရီလ ၁၃ရက်နေ့(ဗိုလ်ချူပ်မွေးနေ့)တွင်သပြေကုန်းအဝိုင်း၌ အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
No photo description available.
Image may contain: one or more people and people sitting, text that says 'News Watch'

ထွန်း(နေပြည်တော်)

No comments:

Post a Comment

My Blog List