Friday, January 30, 2015

လွှတ်တော်တွင်း အခြေခံဥပဒေမပြင်ခင် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုမျိုး အရင်လုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့


လွှတ်တော်တွင်း အခြေခံဥပဒေမပြင်ခင် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုမျိုး အရင်လုပ်သင့်ကြောင်း ယနေ့ ကျင်းပမည့် ပြည်သူ့လွှတ်တော် (၁၂)ကြိမ် မြောက် နဝမနေ့အစည်းအဝေးမတိုင်ခင် သတင်းထောက် များ မေးမြန်းမှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ခြင်းဖြစ် သည်။

အာဆီယံ ၁၀ နိုင်ငံမှာ စံတော်ချိန်တစ်ခုထဲ ထားဖို့ စဉ်းစားနေ


အရှေ့တောင်အာရှ အာဆီယံ အသင်းဝင်နိုင်ငံခြားရေး ဝန်ကြီးတွေက အာဆီယံအဖွဲ့ဝင် နိုင်ငံမှာ စံတော်ချိန် တစ်ခုထဲ ထားသင့် မသင့်ဆိုတာကို စဉ်းစားနေကြပါတယ်။အခုလောလောဆယ် အာဆီယံ နိုင်ငံ ၁၀ နိုင်ငံအကြား စံတော်ချိန် ၄ မျိုး ကျင့်သုံးနေတာ ဖြစ်ပါတယ်။

သြစီတွေအတွက် ထပ်အယူခံဝင် ခွင့်မရပေမယ့် လျှောက်လွှာတင်ဦးမယ်


တရားမဝင် မူးယစ်ဆေးဝါး ကုန်ကူးမှုနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သေဒဏ်ပေးခံရတဲ့ သြစတြေးလျ နိုင်ငံသား နှစ်ဦးကို အင်ဒိုနီးရှားနိုင်ငံက နောက်တစ်ကြိမ် အယူခံဝင်ခွင့်အပေးပေမယ့် ရှေ့နေတွေကတော့ ဆက်လက်အယူခံဝင်ခွင့် လျှောက် လွှာ တင်မယ်လို့ ပြောနေပါတယ်။

MH370 လေယာဉ် မတော်တဆမှုကြောင့်ဖြစ်လို့ တရားဝင်ကြေညာ


ပြီးခဲ့တဲ့ နှစ်တုန်းက ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 ဟာ မတော်တဆမှုကြောင့် ဖြစ်ပြီး လေယာဉ်ပေါ် လိုက်ပါသွားသူ လူပေါင်း ၂၃၉ ဦးစလုံး သေဆုံးသွားပြီလို့ ယူဆရကြောင်း မလေးရှား အာဏာပိုင်တွေက တရားဝင် ကြေ ညာခဲ့ပါတယ်။

သြစီရဲ့ အမျိုးသမီးဆိုင်ရာ သံအမတ် မြန်မာကို လာမယ်


သြစတြေးလျနိုင်ငံက အမျိုးသမီးနဲ့ မိန်းကလေးဆိုင်ရာ သံအမတ်က ဖေဖော်ဝါရီလ ၂ ရက်ကနေ ၄ ရက်နေ့အထိ မြန်မာနိုင် ငံကို သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ ဒါဟာ သံအမတ် Natasha Stott Despoja အတွက် ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပါတယ်။

ထိုင်းနှင့်မလေးရှား နှစ်နိုင်ငံ နယ်စပ်ပြဿ နာ ဆွေးနွေး


ထိုင်း ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ရာဝစ် ဝေါင်ဆုဝန်ဟာ မလေးရှား ဒုဝန်ကြီးချုပ်တို့ တွေ့ ဆုံပြီး နှစ်နိုင်ငံ နယ်စပ်ပြဿ      နာအရေး ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၉ ရက်နေ့က ပြုလုပ်တဲ့ ၅၂ ကြိမ်မြောက် ထိုင်း-မလေးရှား နယ်စပ်ကော်မတီ အစည်းအဝေးမှာ အခုလို တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီသပိတ်စစ်ကြောင်း ပုသိမ်မြို့တွင်းလှည့်လည်စည်းရုံး



အမေရိကန်သမ္မတစီးသည့် Air Force One လေယာဉ်ကို Boeing 747-8 ဖြင့် အစားထိုးသွားမည်


အမေရိကန်သမ္မတ စီးနင်းသည့် Air Force One လေယာဉ်အား အဲယားဘတ်စ် ကုမ္ပဏီထုတ် လေယာဉ် ကိုအသုံးမပြုတော့ဘဲ ဘိုးရိန်း 747-8 လေယာဉ် အသစ်ဖြင့် အစား ထိုးသွားမည်ဖြစ်ကြောင်း အမေရိကန် စစ်ဘက်က ပြောကြား လိုက်ကြောင်း AFP သတင်းက ဖော်ပြခဲ့သည်။

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသားနှစ်ဦးဘက်မှ ခုခံထွက်ဆိုပေးမည့် သက်သေများကို ဘန်ကောက်တရားရုံး၌ စစ်ဆေးပေးရန်လျှောက်ထားမှုကို ကော့စမွေခရိုင် တရားသူကြီး ငြင်းပယ်


လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနိုင်ငံသား နှစ်ဦးဘက်မှ ခုခံထွက်ဆိုပေးမည့် သက်သေများကို ဘန်ကောက် ရှိတရား ရုံး၌ စစ်ဆေးပေးရန် ကော့စမွေခရိုင် တရားရုံးသို့ လျှောက်ထားမှုကို တရား သူကြီးမှငြင်းပယ် ခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက်ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) မှ သိရသည်။

နတ်မောက်ဗိုလ်ချုပ်ပြတိုက်တွင် ပြသရန် ဗိုလ်ချုပ်ပုံတူ ဆီလီကွန်ရုပ်တု ထုလုပ်


ဗိုလ်ချုပ်အောင်ဆန်းနှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း သတင်းစာ ဖတ်နေသည့်ပုံတူ ဆီလီကွန်ရုပ် တု ထုလုပ်နေပြီး ဗိုလ်ချုပ်အောင် ဆန်းပြတိုက်တွင် အမှတ်တရ ထားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

နွားကွဲလျှင် ကျားဆွဲမည်


ပူးတွဲ ကြေညာချက် ထွက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဆွေးနွေးတာတွေ အသေးစိတ် မသိရပေမယ့် အမှတ်စဉ်(ဃ)ကိုတော့ စိုးရိမ်မိပါတယ်။ကျောင်းသားများအနေဖြင့်ညှိနှိုင်းဆွေးနွေးမှုများ စတင်သည့် နေ့တွင် သပိတ်ရပ်နားသွားမည် ဆိုတဲ့အချက်ပေါ်မှာ ကြောင့်ကြ မိပါတယ်။ 

ပြည်ထောင်စုနေ့အခမ်းအနားသို့ သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ ခေါင်းဆောင်များအား ဖိတ်ကြားမည်


ဖေဖော်ဝါရီတွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် သမ္မတက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၁၆ ဖွဲ့မှ တိုင်းရင်းသား ခေါင်းဆောင်များအား ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

လာမည့်ဘဏ္ဍာနှစ်တွင် လူတစ်ဦးလျှင် ကျန်းမာရေးအသုံးစရိတ် ကျပ်တစ်သောင်းကျော်သုံးစွဲရန် လျာထား


လာမည့်ဘဏ္ဍာနှစ်တွင် ပြည်သူတစ်ဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ် ကျပ်တစ်သောင်းကျော် အစိုးရကကျခံ သုံးစွဲသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင် က ပြောသည်။

လက်ဝါးကပ်တိုင်ရွှေ့ဆိုင်းရန် အမိန့် ရန်ကုန်တွင် ကန့်ကွက်ဆန္ဒပြ၊ ဟားခါးတွင်လည်းဆန္ဒဖော်ထုတ်မည်


ဟားခါးမြို့အထွက် ကြာရ်ကြန်တောင်ထိပ်ပေါ်ရှိ လက်ဝါးကပ်တိုင်ရွှေ့ခိုင်းမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ဇန်န၀ါရီ ၂၉ ရက် ညနေက မြို့ တော်ခန်းမရှေ့၌ ဆုတောင်းပွဲပြု လုပ်ခဲ့ပြီး ဟားခါးမြို့၌လည်း ဖေ ဖော်ဝါရီ လဆန်းတွင် ၂ ရက် ကြာ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

အကြမ်းဖက်သမားနဲ့ ဓားစာခံ လဲလှယ်ရေး သတ်မှတ်ချိန်ကျော်လွန်


IS အစ္စလာမ်မစ် စစ်သွေးကြွတွေက ဖမ်းဆီးထားတဲ့ ဓားစာခံအရေးကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ဟာ ကျော်လွန်သွားပြီ ဖြစ် ပါတယ်။ ဂျော်ဒန်နိုင်ငံကတော့ စစ်သွေးကြွတွေ ဖမ်းဆီးထားတာ ခံနေရတဲ့ လေတပ် တိုက်လေယာဉ်မှူး အသက်ရှင်လျက် ရှိနေတယ် ဆိုတဲ့ အထောက် အထား သက်သေပြဖို့ တောင်းဆိုနေပါတယ်။

ချီတက် ကျောင်းသားသပိတ်အဖွဲ့ ကျောက်ပန်းတောင်းမှာ နားထားမည်



လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း မဆွေးနွေးမီ ခြောက်ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲကိုအရင်ဆုံးလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


လွှတ်တော်၌ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်း မဆွေးနွေးမီ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အရင် ဆုံး လုပ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဠ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲ၌ ဆွေးနွေးစေလိုသည့်အချက်များကို လွှတ်တော် ကိုယ်စားလှယ်များကတင်ပြထားပြီးတပ်မတော်သားကိုယ်စားလှယ်များက ခြောက်ပွင့်ထက်ပိုသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များပါဝင်သင့်ကြောင်းအကြံပြု


ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးစေလိုသည့်အချက်များကို လွှတ်တော်ကိုယ်စားလှယ်များက တင်ပြထားရာတွင် ပုဒ်မ ၄၃၆ ပါ ၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံပြင်ဆင်ရေးဆွေးနွေးစေလိုသည့် အချက်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက အကြံပြုထားပြီး တပ်မတော်သား ကိုယ်စား လှယ်များကမူ ခြောက်ပွင့်ဆိုင်ဆွေးနွေးမှုထက်ပိုမိုသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ပိုမိုပါဝင်သင့်ကြောင်း ဆွေးနွေးသင့်ကြောင်း အကြံပြုချက်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ထံပေးပို့ထားကြောင်း သတင်းရရှိသည်။

ကမ္ဘာ့အလှဆုံး အလှမယ်စာရင်းဝင် ဟန်သီ


ကမ္ဘာ့အလှအပဆိုင်ရာ ၀က်ဘ်ဆိုက်The Ideal Beauty မှ ရွေးချယ်လိုက်သည့် ၂၀၁၄ အတွက် ကမ္ဘာ့အလှ မယ်ပြိုင်ပွဲများမှ အလှဆုံး ၂၅ ဦးစာရင်းတွင် Miss Supranational Myanmarဟန်သီပါဝင်နေသည်။အလှမယ် ၂၅ ဦးမှ ဆန်ခါ တင် ၁၃ ဦးစာရင်းတွင် ပါနိုင်ရန် ယနေ့မှစ၍ ဖေ့စ်ဘွတ်ခ်၌ မဲ ပေးနိုင်ပြီး နောက်ဆုံးတွင် အ လှဆုံးတစ်ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ မပြေလည်လျှင် သပိတ်ကို အရှိန်မြှင့်သွားမည်ဟု သပိတ်မှောက်ကျောင်းသားများပြော

လေးပွင့် ဆိုင်ဆွေးနွေးပွဲ ပြုလုပ်မည့်နေ့တွင် လမ်းလျှောက်သပိတ်လမ်း ကြောင်းကို ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ပြီး ထိုနေ့တွင် တောင်းဆိုချက်များ ပြေလည်မှုမရရှိပါက သပိတ်ကိုအရှိန်မြှင့်တင်သွား မည် ဖြစ်ကြောင်း သပိတ်မှောက် ကျောင်းသားခေါင်းဆောင်များက ပြောသည်။

သပိတ်မှောက်စစ်ကြောင်း ရပ်ဆိုင်းရေး ကျောင်းသားများ သဘောထားကွဲလွဲ


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး အစိုးရကိုယ်စားလှယ်များနှင့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် များ နေပြည်တော်တွင် ဇန်န၀ါရီလ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်သို့ ချီတက်နေသော ကျောင်းသား သပိတ်မှောက်စစ်ကြောင်း ခေတ္တရပ်ဆိုင်းရေး ကျောင်းသားများအကြား သဘောထားကွဲလွဲနေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်အောင်ဆန်းကို လမ်းလျှောက် ဂုဏ်ပြုသူ ပြည်မြို့ရောက်ပြီ



ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာပြည်အောက်ပိုင်း တနင်္သာရီတိုင်း မြိတ်မြို့ ကနေ မြန်မာပြည်အလယ်ပိုင်း (အညာဒေသ)မကွေးတိုင်း နတ်မောက်မြို့အထိ မိုင်တထောင်ကျော်ကို တကိုယ်တော် လမ်းလျှောက်နေတဲ့ ဦးအောင်သူဟာ ဒီကနေ့မနက်ပိုင်းမှာ ပြည်မြို့ကို ရောက်ရှိလာပါပြီ။

သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုတာကို အစိုးရအဖွဲ့ အမှန်တကယ် လိုက်လျောနိုင်ပါ့မလား


မကြာသေးမီက အတည်ပြု ပြဌာန်းလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေကို ကျောင်းသားထုက ရန်ကုန်မြို့အပါအ၀င် မြို့ကြီး တချို့မှာ ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် အခုအချိန်မှာတော့ မန္တလေးကနေ ရန်ကုန်အထိ လမ်းလျှောက် ဆန္ဒပြမှုတွေ ဖြစ်တဲ့အထိ အရှိန်မြင့်တက် လာခဲ့ပါတယ်။

အမျိုးသားလွှတ်တော်၌ ကိုးကွယ်မှုဘာသာဆိုင်ရာ ဥပဒေကြမ်း အတည်မပြုရန် ကန့်ကွက်မှုများရှိ


မျိုးစောင့်ဥပဒေပါ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း သည် နိုင်ငံရေးအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလ အတွင်း ဘာသာရေးကို ခုတုံးလုပ် လှည့်ကွက်ပြုရန် ဖော်ဆောင်နေခြင်း ဖြစ်သည်ဟု ယူဆသဖြင့် လွှတ်တော်မှ အတည်ပြု မပေးရန် တားမြစ်ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး UNFC က သမ္မတ ထံသို့ စာပေးပို့


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံရေး မူဝါဒများ ပါဝင်သည့် သဘောတူစာချုပ်တခုကို လာမည့်ပြည်ထောင်စုနေ့၌ လက်မှတ်ရေးထိုးလိုသည်ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က သမ္မတထံ စာပေးပို့ထားကြောင်း သိရသည်။

ရွှေကျင်ဂိုဏ်း၏ တွဲဖက်သာသနာပိုင်အဖြစ် သီတဂူဆရာတော်ကြီးအား ခန့်အပ်


သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရအား ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေကျင်နိကာယသံဃာ့ ဂိုဏ်း၏ တွဲ ဖက်သာသနာပိုင်အဖြစ် ခန့်အပ် လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် ဒုတိယအင် အားအကြီးဆုံးသံဃာ့ဂိုဏ်းဖြစ် သည့် ရွှေကျင်ဂိုဏ်း အနေဖြင့် လစ်လပ်နေသော တွဲဖက်သာသနာပိုင်သုံးနေ ရာကို အစားထိုးရွေးချယ် တင်မြှောက်ခဲ့ရာ သီတဂူဆရာတော်ကြီးအား ရွေးချယ်တင်မြှောက်ခဲ့ ခြင်းဖြစ် သည်။

Thursday, January 29, 2015

လိပ်ကျွန်းတွင် ဗြိတိန် အမျိုးသမီးတဦး ထပ်မံပျောက်ဆုံး


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ နောက်ဆုံး တွေ့မြင်ခဲ့ရပြီးနောက် ပျောက်ဆုံး သွားတဲ့ ဗြိတိန် ခရီးသွား အမျိုးသမီးတဦးကို အသည်း အသန်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ပျောက်ဆုံးနေသူဟာ အသက် ၂၇ နှစ် အရွယ် လော်ရန် ဟက်ဒန် ဖြစ်ပြီး နိုင်ငံ ရပ်ခြားမှာ ပျောက်ဆုံးသူများ ရှာဖွေရေး အဖွဲ့က ရှာဖွေနေတယ်လို့ ဗြိတိန် အခြေစိုက် The Mirror သတင်းမှာ ရေးပါတယ်။

သပိတ်စစ်ကြောင်းအချို့ ခေတ္တရပ်နား


တနင်္သာရီတိုင်း ထားဝယ်မြို့က အမျိုးသားပညာရေးဥပဒေ ဆန္ဒပြနေတဲ့ ကျောင်း သားသပိတ်ကို ဒီကနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့ကစပြီး ခေတ္တရပ်နားကြောင်း ဆန္ဒပြခေါင်း ဆောင်တဦးဖြစ်တဲ့ ကိုမင်းလွင်ဦးက ပြောပါ တယ်။

ဂျပန် Yangon Press Successful Woman ဂျာနယ်က သရုပ်ဆောင် နန်းဆုရတီစိုးကို လာရောက်မေးမြန်း


ဂျပန်နိုင်ငံတွင် ထုတ်ဝေလျက်ရှိသည့်Yangon Press Successful Woman ဂျာနယ်၏ အယ်ဒီတာချုပ်ဖြစ်သည့် Mr. Tomio Kurihara သည် နန်းဆုရတီစိုး၏ အတ္ထုပ္ပတ္တိကို ဂျပန်ဘာသာဖြင့်ဖော်ပြရန် ဇန်နဝါရီ ဒုတိယပတ်တွင်၎င်းကို လာရောက်တွေ့ ဆုံမေးမြန်းခဲ့သည်ဟု နန်းဆုရတီစိုး ကပြောသည်။

အိမ်ဖြူတော်ခြံဝင်းအတွင်း ပျက်ကျခဲ့သော လူမဲ့လေယာဉ်ကို ထောက်လှမ်ရေး ဝန်ထမ်းတစ်ဦးက လွှတ်တင်ခဲ့ကြောင်း ဝန်ခံ


အိမ်ဖြူတော်ဝင်းအတွင်း ပျက်ကျခဲ့သောသေးငယ်သည့် လူမဲ့လေယာဉ် ကို မောင်းနှင်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးအေဂျင်စီမှ ဝန်ထမ်း တစ်ဦးက ဝန်ခံခဲ့ကြောင်း အေဂျင်စီ၏ အင်္ဂါနေ့ပြောကြား မှုကို ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးခေါင်းဆောင်များပါဝင်သော ဆွေးနွေး ပွဲမျိုးသည်သာ အနာဂတ် ပြည်ထောင်စုပြသနာများကို ဖြေရှင်းပေး နိုင်မည်ဖြစ်ကြောင်း FDA ထုတ်ပြန်


ခြောက်ပွင့်ဆိုင်၊ ၁၄ပွင့်ဆိုင်နှင့် ၄၈ပွင့်ဆိုင် ဆွေးနွေးမှုများသည် တွေ့ ဆုံဆွေး နွေးအဖြေရှာရေးကိုဦးတည် သည် ဖြစ်၍ အသိအမှတ်ပြုသော်လည်း တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးခေါင်းဆောင် များပါ ဝင်သော ဆွေး နွေးပွဲမျိုးသည်သာ အနာဂတ်ပြည်ထောင်စုပြသနာများ ကိုဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA) က အထူးကြေညာချက်ထုတ်ပြန်လိုက်သည်။

ခရီးသွားစဉ် ပျို့-အန်ခြင်း (Motion sickness )


၁။ ကျွန်တော် အသက် ၃၁ နှစ်ဖြစ်နေပြီ။ အခုချိန်ထိ ခရီးဝေးသွားရင် ကားစီးတ့အခါ ခေါင်းချွေးတွေထွက်ပြီး မူးပြီးအန်တယ်။ အဲကွန်းပါပေမယ့် အလုံးပိတ်ဆိုရင် ကားစီးပြီး ၃ နာရီကြာလောက်ဆိုကားမူးပြီး ဆေး ကြိုသောက်ပေမယ့်လည်း မရဘူး။ ခရီးသွားရင် အစာမစားရဲဘူး။ စားရင်အန်တယ်။ ရေသောက်ရင် ရေပြန် အန်တယ်ဆရာ။ ကိုယ်ရဲ့ immune system အားနည်းလို့လား။ အဓိကတော့ ချွေးစေးထွက်ပြီးမူးတာ။ လေ ရရင် သက်သာတယ်။ ခရီးသွားရင် ကားမမူးအောင် ဘယ်လိုပြင်ဆင်ရမလဲ။

သွေးတိုးရောဂါ ချက်ချင်းသက်သာစေမည့်နည်းများ


သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာ သွားအောင် ပြုလုပ်နိုင်ကြပါတယ်။

(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်း ခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

မိုဘိုင်းလ်ဖုန်း ဓာတ်ရောင်ခြင်ဖြာထွက်မှုကို ကာကွယ်နိုင်ဖို့ သိထားရမယ့် အချက်များ

မိုဘိုင်းလ်ဖုန်းတွေမှာ ဓာတ်ရောင်ခြည် ဖြာထွက်တဲ့ အဖြစ်ကို အားလုံးသိပြီး ဖြစ်မှာပါ။ ဒါဟာ ဦးနှောက်ဆဲ လ်ကြီးထွားမှုလည်း ဖြစ်စေနိုင်တယ်။ ဒီတော့ မိုဘိုင်းလ်ဖုန်းကို ဘယ်လိုကိုင်တွယ်အသုံးပြု ရမယ်ဆိုတာ သိရှိနားလည်ရင် ဦးနှောက်ပျက်ဆီးခြင်း မဖြစ်တော့ပဲ မိမိကျန်းမာရေးကို ထိန်းသိမ်းပေးသွားနိုင်မှာပါ။

တစ်ယောက်တည်း နေရာတာကိုကြိုက်လို့ တစ်ယောက်တည်းပဲ နေဖြစ်နေပါတယ် ဆိုလာတဲ့ သင်ဇာဝင့်ကျော်

အချစ်ရေးကတော့ စိတ်ရှုပ်မခံချင်လို့ single ပဲ နေတယ်လို့ ပြောပြလာတဲ့ သင်ဇာဝင့်ကျော်က အဆုတ် အအေးပတ် ရောဂါကြောင့် အနုပညာ အလုပ်တွေကို ဖြေးဖြေးနဲ့ မှန်မှန်ပဲ လုပ်ကိုင်နေသူပါ။ သူခံစားခဲ့ရ တဲ့ ဝေဒနာနဲ့ ပတ်သက်ပြီး သူမက “အဆုတ်အအေးပတ်တုန်းကဆို တော်တော်လေး ခံလိုက်ရတယ် မဖျားပဲနဲ့ ချောင်းတွေပဲ လှိမ့်ဆိုးတယ်။ အသက်ရှုတွေကြပ်ပြီးတော့ပေါ့။ ကားရိုက်တွေလဲ ဖျက်လိုက်ရတယ်။ ရက်ခဏ နားလိုက်ရတယ်။ 

ရွှေကျင်ဂိုဏ်းလုံးကျွတ်အစည်းအဝေး သမ္မတမိသားစုဝင်များ တက်ရောက်လှူဒါန်း

မြန်မာနိုင်ငံတွင် ဒုတိယ အင်အားအကြီးဆုံး သံဃာ့ဂိုဏ်း အဖွဲ့အစည်းကြီးဖြစ်သည့် ရွှေကျင်နိကာယဂိုဏ်း ၏ (၁၉)ကြိမ် မြောက် ဂိုဏ်းလုံးကျွတ် သံဃာ့ အစည်းအဝေး ဒုတိယနေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သမီးများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီပလိုမေစီမဂ္ဂဇင်း ဥက္ကဋ္ဌ DR.THOK-KYU LIM တို့ သီးသန့်တွေ့ဆုံမေးမြန်းခြင်း



ရှေ့သို့ဆက်လျှောက်မယ် နိုင်ငံတိုးတက်ဖို့ဆက်လုပ်မယ်၊ ဒါမှသာ ဒီမိုကရေစီ ရင့်သန်ခိုင်မာနိုင်မယ်

ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ကျွန်တော့်အနေနဲ့နိုင်ငံတော် ရဲ့ ပန်းတိုင်တွေက ဘာတွေလဲ၊ ဘယ်ဟာတွေ ဦးစားပေးဆောင်ရွက် ရမလဲ စဉ်းစား ခဲ့ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို လေ့လာပါ တယ်။ ပြည်သူ အများစုရဲ့သဘောထားတွေကို သုံးသပ်ပါတယ်။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ အမျိုးသားမူဝါဒတွေချမှတ်ဖော်ဆောင်ခြင်းက အမှန်ဆုံး နည်းလမ်းပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံတော်သမ္မတကြီးသည် ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလအတွင်းက တောင်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုခရီး စဉ်တွင် (၂၅)ကြိမ်မြောက် တောင်ကိုရီးယား-အာဆီ ယံဆက်ဆံရေး ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ အလားတူ ဒီဇင်ဘာ ၁၁ ရက်တွင် ဘူဆန်မြို့ရှိ ပါရာဒိုက်စ် ဟိုတယ်တွင် ဒီပလိုမေစီမဂ္ဂဇင်း ထူထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ Dr. Thok- Kyu Lim အား တွေ့ဆုံ ခြဲ့ပီး အမေး-အဖြေ အင်တာဗျူးတစ်ခု ပြုလုပ် ခဲ့သည်။ ယခုအခါ အဆိုပါ ဒီပလိုမေစီ မဂ္ဂ ဇင်း ထွက်ရှိလာခဲ့ပြီဖြစ်ရာ အင်တာဗျူးဖော် ပြချက်များအား ဘာသာပြန်ဆို တင်ပြ လိုက် ရပေသည်။

''ကျွန်တော့်လက်ထက် နိုင်ငံရေးအောင် မြင်မှုတစ်ရပ်ကတော့ တပ်မတော်အစိုးရလက် ထက်ကနေ ဒီမိုကရေစီစနစ် ကို သွေးမြေကျ တာမရှိဘဲ ညင်ညင် သာသာ ချောချော မွေ့မွေ့ ကူးပြောင်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်''ဟု နိုင်ငံ တော် သမ္မတဦးသိန်းစိန်က ပြောသည်။ ကိုရီး ယားသမ္မတနိုင်ငံ ဘူဆန်မြို့တွင် ဒီပလိုမေစီ မဂ္ဂဇင်းဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ Thok-kyu Lim နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''အဆုံးမှာ တော့ မြန်မာပြည် သူတွေဟာ ငြိမ်းငြိမ်းချမ်း ချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ တရားဥပဒေစိုးမိုး မှုကို လိုလားတယ်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက် တာတွေကို လိုချင်တယ် ဆိုတာကို ကျွန်တော် တွေ့ရှိလိုက်ရပါတယ်''ဟု ဆိုသည်။

မေး။ ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတကြီး ခင်ဗျား။ သမ္မတကြီးနဲ့ ခုလိုတွေ့ဆုံခွင့်ရရှိတာ အရမ်းပဲ ဝမ်းသာဂုဏ်ယူ မိပါတယ်။ တောင်ကိုရီးယားနိုင်ငံကို ဘယ်လို ရည်ရွယ် ချက်နဲ့ လာရောက်ခဲ့တာလဲခင်ဗျား။
ဖြေ။ ။ ပထမဆုံးအချက်ကတော့ အာဆီ ယံ-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု (၂၅)နှစ်ပြည့် ထိပ်သီးအစည်းအဝေး ကို တက် ရောက်ဖို့ တောင်ကိုရီးယား နိုင်ငံ သမ္မတကြီးရဲ့ ဖိတ်ကြား ချက်အရ အခုဒီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ တောင် ကိုရီးယားနိုင်ငံကို ရောက်ရှိနေစဉ် မှာ တောင် ကိုရီးယားသမ္မတကြီး ပတ်ဂွမ်ဟီးနဲ့ တွေ့ဆုံ ကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ မြန်မာ- တောင်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက် မှု မြှင့်တင်ရေးကိစ္စရပ် တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒီပလိုမေစီမဂ္ဂဇင်း ဥက္ကဋ္ဌ DR.THOK-KYU LIM တို့ သီးသန့်တွေ့ဆုံမေးမြန်းခြင်း
 
မေး။ ။ သမ္မတကြီးပတ်ဂွမ်ဟီးကို ဘယ်လို ရှုမြင်ပါသလဲ ခင်ဗျား။
ဖြေ။ ။ တောင်ကိုရီးယားသမ္မတကြီးဟာ ဒေ သတွင်းမှာသာမက နိုင်ငံတကာအသိုင်းအဝိုင်း မှာလည်း တက်ကြွ တဲ့ခေါင်းဆောင် တစ်ယောက် အဖြစ် ကျွန်တော့်အနေနဲ့ ရှုမြင်ထားပါတယ်။ အာဆီယံ ဒေသတွင်းမှာရော၊ အာရှ- ပစိဖိတ် ဒေသအတွင်းမှာပါ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကို တက်တက်ကြွကြွဆောင်ရွက်နေတာ တွေ့ရ ပါတယ်။ ကျွန်တော် ဟာ အာဆီယံဥက္ကဋ္ဌ တာ ဝန်ရယူ ထား သူတစ်ယောက်အနေနဲ့ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၊ အေဆမ်ထိပ်သီးအစည်း အဝေး(အာရှ-ဥရောပ ထိပ်သီးအစည်းအ ဝေး)တွေလို ထိပ်သီးအစည်းအဝေးတွေ တက် ရောက်ခဲ့ပါတယ်။ ဒီအစည်း အဝေးတွေမှာ တောင်ကိုရီးယားသမ္မတကြီး ပတ်ဂွမ်ဟီးအနေ နဲ့ ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံတကာရေးရာကိစ္စ တွေမှာ တက်တက်ကြွကြွဆောင်ရွက်ခဲ့တာကို တွေ့ရှိခဲ့ရ ပါတယ်။
မေး။ ။ နိုင်ငံရေးလောကထဲ ဘာကြောင့် ဝင်ခဲ့ရသလဲ ရှင်းပြပေးပါခင်ဗျား။
ဖြေ။ ။ ကျွန်တော့်အနေနဲ့ တပ်မတော်မှာ နှစ်ပေါင်း ၄ဝကျော် တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။ ခင်ဗျားတို့သိတဲ့အတိုင်းပဲ၊ ကျွန်တော် တို့နိုင်ငံဟာ ၁၉၄၈ခုနှစ်မှာ လွတ်လပ်ရေးရရှိ ခဲ့ပါတယ်။ လွတ်လပ်ရေး ရရှိပြီးတဲ့နောက်မှာ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျွန်တော်တို့ ကျင့် သုံးခဲ့ပါတယ်။ သို့သော်လည်းပဲ ဒီကာလဟာ ၁၄ နှစ်လောက်ပဲ ကြာခဲ့ပါတယ်။ အဓိက အား ဖြင့်တော့ လက်နက် ကိုင်ပဋိပက္ခတွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ မရှင်သန် နိုင်ခဲ့ပါဘူး။ ၁၉၆၂ ခုနှစ် ကစပြီး တော့ နှစ်ပေါင်း ၆၀ နီးပါး ပြည်တွင်းသောင်းကျန်းမှုတွေကြောင့် တပ်မတော်ဟာ နိုင်ငံတော်တာဝန်ကို ရယူ ဆောင်ရွက်ခဲ့ရပါတယ်။ အားလုံးသိတဲ့အတိုင်း ပါပဲ၊ နိုင်ငံရေး အရ အစိုးရဆိုတာ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရပါတယ်။ ဒီပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွားကို ထမ်း ရွက်ရပါတယ်။ လုံခြုံမှုရှိဖို့၊ တရားဥပဒေစိုးမိုး ဖို့၊ ပြည်သူလူထုရဲ့ လူမှု စီးပွား အခြေအနေ တွေ တိုးတက်လာဖို့ ဆောင်ရွက်ရပါတယ်။ 

ကျွန်တော့် အနေနဲ့ တပ်မတော် မှာ တာ ဝန်ထမ်းဆောင်စဉ်ကာလအတွင်းမှာ နိုင်ငံရေး တာဝန်ရယူထမ်းဆောင်ရတဲ့ အတွက် ပြည်သူ တွေရဲ့ နေ့စဉ်လူနေမှုဘဝတွေနဲ့ထိတွေ့ခွင့် ရရှိခဲ့ပါတယ်။ ဒီအခြေအ နေတွေ ကို ဖြေရှင်း ဆောင်ရွက် ခဲ့ရပါတယ်။ တပ်မတော်မှာ တာ ဝန်ထမ်းဆောင်စဉ်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရဲ့ အတွင်း ရေးမှူး (၁)၊ အတွင်းရေး မှူး(၂)နဲ့ ဝန်ကြီးချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ ခုနကပြောခဲ့ တဲ့ အတိုင်းပါပဲ။ အစိုးရ အနေနဲ့အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရပါတယ်။ ဒီပြည်ထောင်စုကြီး ရဲ့ အကျိုးစီးပွားကို ထမ်းရွက် ရပါတယ်။ လုံ ခြုံမှုရှိဖို့၊ တရား ဥပဒေစိုး မိုးဖို့၊ ပြည်သူလူထုရဲ့ လူမှုစီးပွားအခြေအနေတွေ တိုးတက်လာဖို့ ဆောင်ရွက်ရ ပါတယ်။ ကျွန်တော့်အနေနဲ့ပြည် သူလူထုနဲ့ထိ တွေ့ဆက်ဆံရပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ရပါတယ်။ ဒီလို လုပ်ကိုင် ခဲ့ရတဲ့ အကျိုးဆက်အနေနဲ့ပြည်သူလူထုရဲ့ လို အင်ဆန္ဒတွေ သိမြင်ခွင့်ရရှိခဲ့ ပါတယ်။ ဒါဟာ ကျွန်တော်နိုင်ငံရေးကို ဘာကြောင့်ဝင်ရောက် လာရတယ်ဆိုတဲ့အကြောင်းရင်းပါပဲ။ ခုဆိုရင် ကျွန်တော် တို့နိုင်ငံရဲ့ နိုင်ငံရေးမှာ တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်လျက်ရှိ ပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲတွေ ကျင်းပ ပေးခဲ့ပြီးတဲ့နောက် တပ်မတော်အစိုးရ ကနေ ဒီမိုကရေစီအစိုးရအဖြစ်ကို အသွင်ကူးပြောင်း ခဲ့ပါတယ်။ နိုင်ငံရေး ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထူထောင်ခဲ့ပါတယ်။ ဒီပါတီမှာ ကျွန်တော်က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။ ဒီနောက်မှာတော့ ကျွန်တော် တို့ဟာ ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အများစုအနိုင် ရရှိခဲ့ ပါတယ်။ ဒီလို အနိုင်ရရှိခဲ့တာကြောင့် ကျွန်တော်တို့ပါတီ ဟာ အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ ကျွန်တော်ဟာ လည်း မြန်မာနိုင်ငံရဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။

မေး။ ။သမ္မတကြီးခင်ဗျား။ သမ္မတကြီးဟာ စစ်ဘက်ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ပြီး တော့ အရမ်းကိုအောင်မြင်တဲ့ နိုင်ငံရေးခေါင်း ဆောင် တစ်ယောက်ဖြစ် တယ်လို့ သိရပါတယ်။ ပွင့်ပွင့် လင်းလင်းပဲ မေးချင်ပါတယ်။ သမ္မတ ကြီးအနေနဲ့ ဘယ်ဘက်မှာ တာဝန်ထမ်းဆောင် ရတာကို ပိုပြီးနှစ်သက်ပါသလဲ။
ဖြေ။ ။ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ၊ တပ် မတော်မှာ နှစ်ပေါင်း ၄ဝကျော်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ သမ္မတတာဝန် ယူခဲ့တာက လေးနှစ်လောက်ပဲ ရှိပါသေးတယ်။ ကျွန်တော့် ဘဝတစ် လျှောက် တပ်မတော်မှာပဲ ထမ်းဆောင် ခဲ့တာဖြစ်တဲ့ အတွက် အဲဒီတုန်းက တပ်မ တော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလကို ကျွန်တော်တန်ဖိုးထားပါတယ်။
မေး။ ။ သမ္မတကြီးရရှိခဲ့တဲ့ အောင်မြင်မှုတွေ အကြောင်း ရှင်းပြပေးပါ။
ဖြေ။ ။ကျွန်တော်ရဲ့သိသာထင်ရှား တဲ့ အောင် မြင်မှုတစ်ခုကတော့ ကျွန်တော်တို့ဟာ တပ်မ တော်အစိုးရကနေ ဒီမိုကရေစီ စနစ်ကို သွေး ထွက်သံယိုမရှိ၊ ချောချောမွေ့မွေ့ အသွင်ကူး ပြောင်း နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ကို စတင်ဖော်ဆောင်ခဲ့ချိန်ကစပြီး ကျွန် တော့်အနေနဲ့ နိုင်ငံတော်ရဲ့ပန်းတိုင် တွေက ဘာတွေလဲ၊ ဘယ်ဟာတွေ ဦးစားပေးဆောင် ရွက်ရမလဲ စဉ်းစားခဲ့ပါ တယ်။ ဒါ့ကြောင့် ပြည် သူတွေရဲ့လိုအင်ဆန္ဒတွေကို လေ့လာပါတယ်။ ပြည်သူ အများစုရဲ့ သဘောထားတွေကို သုံး သပ်ပါတယ်။ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒ တွေ၊ လိုအပ်ချက်တွေကို ဖြည့် ဆည်း ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်တို့ရဲ့ အမျိုးသား မူဝါဒတွေ ချမှတ်ဖော်ဆောင်ခြင်းက အမှန် ဆုံးနည်းလမ်းပါပဲ။
ဒီမှာပဲ ကျွန်တော်တွေ့ရတာက မြန်မာ ပြည်သူတွေဟာ အေးအေးချမ်းချမ်း၊ တည်တည် ငြိမ်ငြိမ်နေချင်တယ်။ 

တရားဥပဒေစိုးမိုးမှုကို လိုချင်တယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ လူမှု စီးပွား ဘဝ အခြေအနေတွေ တိုးတက်လာ စေ ချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီရည် မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ စတင်ကြိုးပမ်းခဲ့ပါတယ်။ ကျွန်တော်တို့ ဟာ နိုင်ငံ ဘက်စုံ တိုးတက် ဖွံ့ဖြိုးလာ အောင် ဆောင်ရွက် နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ တော်တော်ကို အောင်မြင်ခဲ့ ပါတယ်။ ဒါပေမဲ့ ဒီမိုကရက်တစ် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်ကတော့ မပြီးသေးပါဘူး။ အခု အချိန်မှာ ဒီမိုကရေစီ လမ်း ကြောင်းမှန်ပေါ်ကို ရောက်ရှိနေပါပြီ။ ကျွန်တော် တို့နိုင်ငံ တိုးတက်လာအောင် ရှေ့သို့ဆက်ပြီး လျှောက်လှမ်း သွားမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဒီမိုကရေစီ ရှင်သန် ခိုင်မာနိုင်မှာ ဖြစ်ပါတယ်။

မှူးဇော်
(ဆက်လက်ဖော်ပြပါမည်)
Democracy today

ခိုတောင်လူသတ်မှုတွင် စွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးအတွက် ရန်ပုံငွေကောက်ခံ


၂၀၁၄ခုနှစ်၊ စက်တင်ဘာလ၌ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိသျှခရီး သည်နှစ်ဦးအသတ်ခံရမှုနှင့်ပတ် သက်၍ မြန်မာရွှေ့ ပြောင်း အလုပ်သမားနှစ်ဦး တရားစွဲ ဆိုခံထားရရာ သူတို့နှစ်ယောက်အ တွက် ခန့်ထားသည့် ရှေ့နေများက ထိရောက်စွာ ခုခံချေပလျှောက်လဲ ချက်ပေးနိုင်ရေးအလို့ငှာ ကူညီပံ့ပိုး ပေးကြ ပါရန် ရွှေ့ပြောင်းအလုပ်သ မားအခွင့်အရေးကွန်ရက်(MWRN) က ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သ မားများကို ကိုယ်စားပြုလျက် ဇန်န ဝါရီ ၂ရရက် ၌ မေတ္တာရပ်ခံလိုက်သည်။

မအေးပွင့် မြင့်မြင့်စန်းက ဂျက်မထက်ကောင်းမယ်ဆိုတဲ့ အေးမြတ်သူ


မအေးပွင့်မြင့်မြင့်စန်း လမ်းသုံးဆယ်ရုပ်ရှင်သည် ပရိသတ်အားပေးမှုရရှိခဲ့သည့် ဂျက်မဇာတ်ကားထက် ပိုကောင်းမည့် ဇာတ်ကားဟု အာမခံနိုင်ကြောင်း အေးမြတ်သူကပြောသည်။‘‘ဒီကားရိုက်ရတာက ဂျက်မ ထက် လည်းပိုပြီးပင်ပန်းတယ်။ ပရိသတ်တွေလည်း ဂျက်မထက် ပိုပြီးကြိုက်လိမ့်မယ်လို့ ယုံကြည်တယ်။

ဗိုလ်ချုပ် ၀,နေတယ်


ဝန်ကြီးများရုံးတွင် ရိုက်ကူးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့် ဇာတ်ဝင်ခန်းပုံများကိုကြည့်၍ ဗိုလ်ချုပ်နေရာ၌ သရုပ်ဆောင်သည့်သူ ၀,နေသည်ဟု ပရိသတ်များက ဝေဖန်မှုများထွက်ပေါ်လာသည်။ ‘‘အကြံပေးလို့ရမယ်ဆိုရင် ဗိုလ်ချုပ်နေရာသရုပ်ဆောင်သူကို ၀ိတ်ချစေချင်ပါတယ်။ 
 

ထိုင်းရှပ်နီခေါင်းဆောင်ကို ထောင်ဒဏ် ၂ နှစ်ချ


ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ဝေ့ချာချီဝကို သရေဖျက်တဲ့အတွက် အတိုက်အခံ ရှပ်နီ ခေါင်းဆောင် ကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ ၂၀၀၉ အောက်တိုဘာလက ရှပ်နီ ဥက္ကဋ္ဌ ဂျတူပေါင် ပရောင်ပန်ကို ပြောဆိုခဲ့တဲ့ မိန့်ခွန်းပါ ပြောကြားချက်နဲ့ စွဲဆိုပြီး ဇန်န၀ါရီ ၂၈ ရက်က ထောင်ဒဏ် ချမှတ် လိုက်တာလို့ အေအက်ဖ်ပီသတင်းမှာ ရေးပါတယ်။ ဒီအမှုအတွက် အယူခံဝင် သွားမယ်လို့ ဂျတူပေါင် ရှေ့နေ က ပြောပါတယ်။

ချေးငွေများကို နိုင်ငံစီးပွားဖွံ့ဖြိုးရေး အရင်းအနှီးဟု ရှုမြင်ကြရန် သမ္မတ ဦးသိန်းစိန် ပြောကြား


အစိုးရသစ်လက်ထက် နိုင်ငံတကာမှ ချေးငွေနှင့် အကူအညီများရယူနေခြင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်ပြီး ချေးငွေကို ချေးငွေဟုမမြင်ဘဲ အရင်းအနှီးအဖြစ် ရှုမြင်ကြရန် နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် က တောင်သူများအား ပြောကြားသည်။

တပ်အဝင်/ အထွက်ဂိတ်အား သံတံခါး တပ်ဆင်ရာတွင် နှောင့်ယှက်မှုဖြစ်ပွား.



ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ ရဲတပ်ဖွဲ့ ဖြစ်စေချင်


ပြုပြင်ပြောင်းလဲလာပြီလို့ ကြွေးကြော်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လက်ပံတောင်းအရေးမှာ အကြမ်း ဖက်နှိမ်နင်းမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ပြည်သူကို ကာကွယ်စောင့်ရှောက် ရမယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ဗဟိုပြု လုပ်ငန်းတွေ ပြောင်းလဲလာပြီလို့ ပြောဆိုနေချိန်မှာပဲ လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်သူတွေကို အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ရဲတပ်ဖွဲ့ ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက် တွေဟာ အမှန်တကယ် အလုပ်ဖြစ်ပါ့မလားဆိုပြီးတော့လည်း ပြည် သူတွေက သံသယ ရှိနေကြပါတယ်။

တောင်သာသမိုင်းမရိုင်းစေရ


သပြေပန်း၊ နှင်းဆီပန်းများ ကိုင် ဆောင်ထား သော   တောင်သာ မြို့ခံများက မြို့နှင့် တစ်မိုင်ခန့်ဝေးရာသို့ တဖွဲဖွဲရောက်လာကြသည်။ အမျိုးသားပညာရေး ဥပဒေကိုဆန့်ကျင်သပိတ်မှောက်ပြီးချီတက် လာသော ကျောင်းသားများ အား ကြိုဆိုရန်ရောက်ရှိလာကြခြင်းဖြစ်သည်။

My Blog List