Thursday, January 23, 2020

ပညာတတ်ဟုဆိုရာတွင် ဘွဲ့ရသူများကို မဆိုလိုကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

Image may contain: 1 person
ပညာတတ်ဟုဆိုရာတွင် ဘွ့ဲရသူများကို ဘွဲ့ရသူများကို ဆိုလိုခြင်းမဟုတ်ဘဲ ဘဝမှာ ကြုံတွေ့လာမည့် အခက်အခဲ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မယ့် အရည်အချင်းရှိသူများကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ပြုလုပ်သည့် လူထု တွေ့ဆုံပွဲ၌ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ထို့အပြင် ကျောင်းများဖွံ့ဖြိုးတိုးတက်ပြီး ကျောင်းသား၊ ကျောင်းသူများကိုလည်း အဆင့်မြှင့်ပညာများ ကို သင်ကြားပေနိုင်ရန်လိုအပ်ကြောင်း ယင်းနန်းယွန်းမြို့ လူထုတွေ့ဆုံပွဲတွင် ထည်တွင်းပြောကြားခဲ့ သည်။
“ကျောင်းတွေဖွံ့ဖြိုးတိုးတက်ဖိုိ့လိုတယ်။ ကျောင်းတွေ ရှိရုံနဲ့မကဘူး ကျောင်းတွေမှာ ကျောင်းသူ ကျောင်းသားတွေရှိနေဖို့လိုတယ်။ ကျောင်းသူ ကျောင်း သားတွေရှိနေရုံနဲ့မကဘူး။ ကျမတို့က အဆင့်မြှင့်တဲ့ပညာပေးနိုင်ဖို့လိုတယ်။ အဆင့်မြှင့်တဲ့ပညာဟာ ဘာလဲလို့မေးလိုက်လို့ရှိရင် အမြဲတမ်းရိုးရိုးသားသားပဲရှင်းပြပါတယ်။ ပညာဆိုတာတော့ ဘဝမှာ ကြုံတွေ့လာမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်မယ့် အရည်အချင်းရှိဖို့အတွက် သင်ပေးတာပဲဖြစ်ပါတယ်။ စာအုပ်ထဲမှာရှိတဲ့ အချက်အလက်ကိုပဲသိပြီးတော့မှ တကယ့် ဘဝမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုလို့ရှိရင် ပညာတတ် လို့ခေါ်ဖို့က အင်မတန်မှ ခက်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့နိုင်ငံမှာဆိုရင် ပညာတတ်တွေ ပေါများ စေချင်တယ်”ဟု အတိုင်ပင်ခံက ပြောပါတယ်။
Image may contain: 10 people, people standing
Image may contain: 1 person

No comments:

Post a Comment

My Blog List