Friday, June 08, 2012

အလုပ်သမားများပဋိပက္ခဆိုင်ရာပြဿနာများ ဖြေရှင်းရေးကော်မတီဖွဲ့စည်းမည်



၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်ကိုကိုကြီး(စမ်းချောင်း)ဦးဆောင်ပြီးတော့၂၀၁၂ခုနှစ်ဇွန်လနောက်ဆုံးပတ်မှာအလုပ်သမားများပဋိပက္ခဆိုင်ရာပြဿနာများဖြေရှင်းရေးကော်မတီကိုဖွဲ့စည်းသွားမယ်လို့သိရပါတယ်..

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်ကိုကိုကြီး(စမ်းချောင်း) ဆွမ်းကျွေးပွဲအခမ်းအနားပြုလုပ်မည်



၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ကိုကိုကြီးဟာ၂၀၁၂ခုနှစ်ဇွန်(၂၁)ရက်နေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်မှာရှိတဲ့ဘုန်းကြီးတစ်ကျောင်းမှာရှိတဲ့သံဃာတော်တွေကိုဆွမ်းကျွေးလှူဒါန်းပွဲပြုလုပ်မယ်လို့သိရပါတယ်…

အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်



တနေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီလို နာရီများစွာ ထိုင်တဲ့အခါ ထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ်ပုံသဏ္ဌာန် ပျက်ယွင်းတာကစပြီး အသက် ၄၅-နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တနေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြော ပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

၁၀၀၀၀ ကျပ်တန် ထုတ်မည်



ကျပ်ငွေ တသောင်းတန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင်ထုတ်ဝေမည့် အကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒိုင်မင်းရှင်းက ၁၅*၇ စင်တီမီ တာ ဖြစ်ပြီး အရောင်ကတော့ အပြာရောင်ဖြစ်ပါတယ်။

အဓမ္မပြုကျင့်ခြင်းသည် အမျိုးသမီးများ အကြမ်းဖက်ခံရမှု၏ ဇစ်မြစ်

ထူးဒီဇင်ဘာ

ရမ်းဗြဲမှာ မတရားပြုကျင့်ခံရပြီး အသက်ဆုံးရှုံးသွားတဲ့ အသက် ၂၆ နှစ်အရွယ် မသီတာထွေးအကြောင်း ကြားရတာ အတော့်ကို စိတ်မကောင်းဖြစ်မိပါ တယ်။ ဒါဟာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုးသမီးတွေ လုံ ခြုံမှုမရှိဘူးဆိုတာ နောက်ထပ်သက်သေတခုပါပဲ။

ကျမအနေနဲ့  မသီတာထွေးအပေါ် မိန်းကလေးချင်း ကိုယ်ချင်းစာမိတယ်။ တော်တော်လည်း ၀မ်းနည်းသလို မတရားပြုကျင့်တဲ့လူတွေကိုလည်း ဒေါသ ဖြစ်မိတယ်။ သတင်းတွေဖတ်ရတာ စိတ်ထဲ အသက်ရှု ကြပ် လှတယ်။ ဒါပေမဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယောင်္ကျားတချို့ တုန့်ပြန်ပြောဆိုနေတဲ့ မတော်တရော် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စကားလုံးတွေကို တွေ့ ရပြန်တော့ စိတ်မချမ်းသာလှဘူး။

“မေစုကို ကြိုဆို၊ ဘန်ကောက်သွားဖို့ ကြိုးစား၊ ထိုင်းစစ်တပ်က ဖမ်းထား"



သန်းထိုက်ဦး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာ နိုင်ငံသား ၆၄ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၄ ရက် တနင်္လာနေ့က စစ်တပ် အာဏာပိုင် တွေက ဖမ်းလိုက်တယ်လို့ မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်


မိုးမခ၏ ပင်တိုင်၊ သုတေသန စာရေးဆရာသန်းဝင်းလှိုင် စုစည်းရေးသားသည့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအတွေးအမြင်များ စာအုပ်ကို လာမည့် ဒေါ်အောင်ဆန်းစုကြည် ၆၇ မွေးနေ့အမီ မိုးမခက ထုတ်ဝေမည်ဖြစ်သည်။

Thursday, June 07, 2012

နှစ် ၃ဝ ထည့်ဝင်ကြေးဖြင့် အိမ်တစ်လုံးပိုင်ဆိုင်မည့် အစီအစဉ် မကြာမီ စတင်မည်

အိမ်နီးချင်း နိုင်ငံတစ်ခုရှိ တန်ဖိုးနည်း ကွန်ဒိုအိမ်ရာတစ်ခုကို တွေ့ရစဉ်
လူမှုဖူလုံရေးတွင် ဆက်တိုက်ထည့်ဝင်ကြေးပေးသွင်းရုံဖြင့် အိမ်ခန်းတစ်ခန်း ပိုင်ဆိုင်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပြောသည်။''၁၅ နှစ်ဆက်တိုက် ထည့် ဝင်ကြေးပေး သွင်းရင် အိမ်ခန်းတစ် ခန်းမှာ နေထိုင်နိုင်မယ်။ နောက်ထပ် ၁၅ နှစ် ထပ်သွင်းရင် ဒီအိမ်ခန်းကို ပိုင်ဆိုင်နိုင်မယ်'' ဟု ပြည်ထောင်စုဝန်ကြီး က ပြောသည်။၁၉၅၄ ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ရေးဆွဲပေးခဲ့သော လူမှုဖူလုံရေး အက်ဥပဒေအား ပြန်လည်ပြင် ဆင် ကာလွှတ်တော်တွင်း ဆွေးနွေးနေပြီး အတည် ပြုပါက အထက်ပါ စနစ်မှာ အသက်ဝင်မည်ဖြစ်ကြောင်းသိရသည်။

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ ဇွန် ၆

မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

သောကြာဂြိုဟ် နေနှင့် အနီးကပ်ဆုံး ဖြတ်သန်း


သောကြာဂြိုဟ်မှာ နေလုံးကြီးနှင့် အနီးကပ်ဆုံး အနေအထား အဖြစ် လွန်ခဲ့သည့် အင်္ဂါနေ့ ၅ ရက်နေ့က ဖြတ်သန်းသွားခဲ့သည်ကို ကမ္ဘာကြီးပေါ်မှ
တွေ့မြင်ခဲ့ရပြီး အလွန် ရှားပါးသည့် နက္ခတ္တဗေဒနှင့် ဆိုင်သော ဖြစ်စဉ်တစ်ခု အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်ပေါင်း ၁၀၅ နှစ်တွင်မှသာ တစ်ကြိမ် မြင်တွေ့ရနိုင်သည့် ဖြစ်ရပ် တစ်ခုလည်း ဖြစ်သည်။

“မွတ်ဆလင်ကုလား” ဟူသော စာသားပြင်ဖတ်ရန် ပြန်ကြားရေးဝန်ကြီးဌာန မေတ္တာရပ်ခံ


နိုင်ငံပိုင်ရုပ်သံ မီဒီယာနှင့် သတင်းစာများတွင် ဖော်ပြခဲ့သည့် “မွတ်စလင် ကုလား” ဟူသော အသုံးအနှုန်းအစား “ပြည်တွင်းနေ အစ္စလမ်ဘာသာ ကိုးကွယ်သူများ” ဟုပြင်ဆင်ဖတ်ရှုရန် မေတ္တာရပ်ခံချက်ကို ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် တွေ့ရသည်။
အလားတူ ပြင်ဆင်ချက်ကို ပြန်ကြားရေးဝန်ကြီးဌာနက ၎င်း၏ အင်တာနက် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ယမန်နေ့ ညနေကပင် တရားဝင် ဖော်ပြထားသည်။

လိုင်စင်မဲ့ ဆိုင်ကယ်များ ယာဉ်မှတ်ပုံတင်ခွင့် ပြန်ပေးပြီ

မန္တလေးတွင် ဆိုင်ကယ်စီးသူများကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Fu-min)
မန္တလေးမြို့ရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ယာဉ်မှတ်ပုံတင် ပေးရေးစီမံချက်အား ဇွန် ၅ ရက်နေ့မှ အောက်တိုဘာ ၄ ရက်နေ့ အထိ ၄ လကြာ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ပြုလုပ်ပေးရာတွင် One Stop Service ပုံစံဖြင့် ပြုလုပ်ပေးသွားမည် ဖြစ်ပြီး ဆိုင်ကယ်  ထုတ်လုပ်သည့် နိုင်ငံအလိုက် အင်ဂျင်ပါဝါနှင့် ဆိုင်ကယ်အမျိုးအစားပေါ် မူတည်၍ သတ်မှတ် ကာလတန်ဖိုး၏ ၅ ရာခိုင်နှုန်းအား အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်များအဖြစ် ပေးဆောင်ရမည် ဖြစ်ကာ အာမခံ ပရီမီယံကြေးအဖြစ် ကျပ် ၂၅၅၀၊ ယာဉ်မှတ်ပုံတင်ကြေး ကျပ် ၂၂၀၀၀ တို့ ပေးသွင်း၍ ယာဉ်မှတ်ပုံတင် ပြုလုပ်နိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်းခရီးစဉ် နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက်

မေလ ၃၀ ရက်နေ့ နံနက်က မဟာချိုင်ဒေသ စမွတ်စခွန်တွင် ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် မြန်မာ အလုပ်သမားများကို နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - Reuters)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ ခရီးစဉ်ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး စုရာဖုန် တိုဝီချတ်ချိုင်ကွန် က ထုတ်ဖော် ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံတွင် ရှိနေစဉ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းများကိုသာ ဆောင်ရွက်ရန် ထိုင်း အစိုးရက ဒေါ်အောင် ဆန်းစုကြည်အား ခွင့်ပေးခဲ့သည်ဟုလည်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး က ဆိုသည်။
ဘန်ကောက်မြို့တွင်ကျင်းပသော အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်(WEF)သို့ မတက်ရောက်ရန် သမ္မတ ဦးသိန်းစိန် က ဆုံးဖြတ်ခဲ့ခြင်းသည် ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အား လက်ခံခဲ့ခြင်းနှင့် မည်သို့မျှ သက်ဆိုင်မှုမရှိဟု နိုင်ငံခြားရေး ဝန်ကြီး စုရာဖုန်က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ယနေ့ ဖော်ပြထားသည်။

ရခိုင်၊ မွတ်စလင်၊ တိုင်းရင်းသားလူငယ်၊ ၈၈ တို့ ပဋိပက္ခများအတွက် ကြေညာချက်



လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
မေတ္တာရပ်ခံကြေညာချက်

ရက်စွဲ ။ ၂ဝ၁၂ခုနှစ်၊ ဇွန်လ ( ၆ )ရက်


၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင် စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။

အချိန်ပြည့် လျှပ်စစ်မီး ပေးတော့မည်ဟု ဆို

ဓာတ်ပုံ- Heal Burma

ယမန်နေ့က စတင်ကာ ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်ပြင်ပနဲ့ မန္တလေးတိုင်း မြို့နယ်တချို့ကလွဲရင် ကျန်ဒေသအားလုံးနီးပါးမှာ ၂၄ နာရီအပြည့် လျှပ်စစ်မီး ရရှိမှာဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနက ထုတ်ပြန်ချက်ကို MRTV-4 အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

မကြာသေးခင်က မန္တလေးမြို့မှ စတင်ခဲ့တဲ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဖယောင်းတိုင် ထွန်းက ငြိမ်းချမ်းစွာ ဆန္ဒပြမှုများက မြန်မာပြည် မြို့ကြီးတွေပါမက မြို့နယ်ပေါင်း ၂၀ ကျော်လောက်ထိ ပြန့်နှံ့လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူကေရောက် မြန်မာပြည်သားတို့ တွေ့ဆုံပွဲ



ဒီလ ၂၂ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ကို ရောက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပွဲ တက်ရောက်လိုသူများ လက်မှတ် ၀ယ်ယူကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။ လူဦးရေ ကန့်သတ်ထားပါတယ် တဲ့။

ဒီ Facebook http://www.facebook.com/pages/SandyThinMarOo/350219555103 မှာ တွေ့ရတဲ့အတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

ဥပဒေစိုးမိုးရေး အရေးကြီးကြောင်း ဒေါ်စု ထပ်လောင်း ပြော



(ဓာတ်ပုံများ - Day Life)

သတင်းစာရှင်းလင်းပွ္ပဲရောက် အစ္စလာမ်ဘာသာဝင်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို ရင်းရင်းနှီးနှီး တွေ့ရပါတယ်။

ယခု လတ်တလောဖြစ်ပွားနေသော ရခိုင်ပြည်နယ်က စတင်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တရားဥပဒေ စိုးမိုးမှု အရေးကြီး ကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

အာဖရိကဇစ်မြစ်ကို စိန်ခေါ်နေတဲ့ မြန်မာ့ အရိုးများ


ရှေးဦးလူတူပရိုင်းမိတ်များသည် အာရှတိုက်၌ စတင် ဆင့်ကဲဖြစ်ပေါ်၍ နောင်သော်မှ အာဖရိကတိုက်သို့ ရွှေ့ပြောင်း ဝင်ရောက်သည်ဟူသောအချက်ကို Afrasia djijidae ကျောက်ဖြစ်ရုပ်ကြွင်းအား အခြေခံ၍ သက်သေပြနိုင်ဖွယ်ရှိကြောင်း ပြင်သစ်နိုင်ငံ ပွန်တီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တစ်ဦးက ပြောကြားခဲ့သည် တဲ့။ ဒီကနေ့ ကြေးမုံသတင်းစာမှာ ရေးထားပါတယ်။

မတရားပြုခံရသူတွေရဲ့ရှေ့မှာနေပေးသူများ




ပြီးခဲ့တဲ့သောကြာနေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ရှေ့နေများကွန်ရက်ရဲ့ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံတွေပါ။

Wednesday, June 06, 2012

အစိုးရနှင့် KIA စစ်ရေး အခြေအနေ ဆွေးနွေး

ကချင် ဒေသ ငြိမ်းချမ်းရေး အတွက် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ရထား ၀န်ကြီး ဦးအောင်မင်းနှင့် မကြာခင်သေးခင်ရက်ပိုင်းက တွေ့ဆုံခဲ့ပြီး စစ်ရေးကိုအဓိကထား၍ ဆွေးနွေးခဲ့ကြောင်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
တရုတ်နိုင်ငံ ရွှေလီမြို့၌ နိုဝင်ဘာ ၂၉ ရက်နေ့က ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရကိုယ်စားလှယ် ဦးအောင်သောင်းနှင့် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားတို့ ဆွေးနွေးချက်များ အပြန်အလှန် ဖလှယ်နေစဉ် (ဓာတ်ပုံ - KIO)
ယင်း ဆွေးနွေးပွဲကို KIA တပ်မဟာ ၃ ထိန်းချုပ်ထားသော မိုင်ဂျာယန် ဒေသတွင် ဇွန်လ ၁ ရက်နေ့က ပြုလုပ်ခဲ့ရာ အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်၍ ကိုယ်စားလှယ် ၅ ဦးခန့် တက်ရောက်ခဲ့ပြီး KIA ဘက်က ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင် တက်ရောက် ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံပိုင်သတင်းစာ အရေးအသား လူအများ ဝေဖန်

လူအများဝေဖန်နေသည့် သတင်းစာ ဖြတ်ပိုင်းပုံ
ရခိုင်ဒေသ ပဋိပက္ခနှင့် ပတ်သက်၍ အစိုးရသတင်းစာများ၏ စကားလုံး အသုံးအနှုန်းအား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။
သတင်းစာ ဆရာကြီး ဦးဝင်းတင်က “ရခိုင်ဒေသ ကိစ္စ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ မလိုလားပါဘူး။ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း မီးလောင်ရာ လေပင့် ဖြစ်စေတဲ့ အသုံးအနှုန်းတွေ မသုံးသင့်ဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွက် တရားဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။

နိုင်ငံခြားငွေ လဲလှယ်သူများအတွက် အခက်အခဲများ ရှိနေသေး

ရန်ကုန် သိမ်ဖြူလမ်းရှိ နိုင်ငံခြားငွေလဲကောင်တာ တခု (ဓာတ်ပုံ - Reuters)
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေ လဲလှယ်ရေးကောင်တာ များစွာ ထပ်မံ ဖွင့်လှစ်ခဲ့သော်လည်း ငွေလဲလိုသူ နိုင်ငံသားများအတွက်
အဆင်ပြေခြင်း မရှိသေးသကဲ့သို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက်လည်း အခက်အခဲများ ရှိနေသေးသည်ဟု သိရသည်။
ငွေလဲလှယ်ရာတွင် အချိန်ကြာမြင့်သကဲ့သို့ အစွန်းအထင်းပါသည့် ဒေါ်လာ အဟောင်းများမယူသဖြင့် နိုင်ငံခြားသားနှင့် ဆက်ဆံရာတွင် မျက်နှာပျက်စရာ ဖြစ်ရကြောင်း ခရီးသွားလာရေးကုမ္ပဏီများက ဆိုသည်။
“ဒေါ်လာလဲတဲ့အခါ ကောင်တာက ဒေါ်လာအဟောင်းဖြစ်နေလို့၊ ဒေါ်လာက စွန်းနေပေနေလို့ ဆိုပြီးပြောတော့ နိုင်ငံခြားသားတွေက ဒေါ်လာ အတုမှမဟုတ်တာ ဆိုပြီး ပြောတာပေါ့။ အဲဒီလိုဖြစ်ရင် ကာလပေါက်ဈေးလည်း မရဘူး” ဟု  ရန်ကုန်အခြေစိုက် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

ဦးတင်အောင်မြင့်ဦးကို ဆေးခွင့် နှစ်လ ပေးထား


၂၀၁၁ ခု မေလအတွင်း က နေပြည်တော်၌ ကျင်းပသော ပြည်ထောင်စု မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(UMFCCI)နှစ်ပတ်လည် အစည်းအဝေးတွင် တွေ့ရသည့် ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - ဧရာဝတီ)
ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ၏ ကျန်းမာရေး အခြေအနေအရ အနားယူရန် တင်ပြထားသော နုတ်ထွက်လွှာကို သမ္မတ ဦးသိန်းစိန် က လက်မခံသေးဘဲ ဆေးခွင့် နှစ်လ ခွင့်ပြုထားကြောင်း သတင်း ရရှိသည်။
သမ္မတရုံး က ဦးတင်အောင်မြင့်ဦး ၏ နုတ်ထွက်လွှာကို လက်မခံသေးဘဲ မေလဆန်း ပိုင်းမှ ဇူလိုင်လဆန်းပိုင်း အထိ ဆေးခွင့်အဖြစ် သတ်မှတ်၍ ခွင့်ပေးထားကြောင်း နိုင်ငံတော် သမ္မတ ရုံးနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

VOA နဲ့ မြန်မာ့အသံ တို့ ပူးပေါင်းပြီ

ယနေ့ ထုတ် ကြေးမုံသတင်းစာပါ စာချုပ်လက်မှတ်ထိုးကြပုံ


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အသံ VOA က ညွှန်ကြားရေးမှူး Mr. David Ensor ဟာ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ့ တွေ့ဆုံပြီး ရေဒီယို၊ ရုပ်မြင်သံကြား ထုတ်လွှင့်မှုဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် ယမန် နေ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာ သဘောတူ လက်မှတ် ထိုးလိုက်ကြပါတယ်။

အစိုးရ အဖွဲ့အတွင်း ပြုပြင်ပြောင်းလဲရေး အစလား ???

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ရာထူးမှ နုတ်ထွက်ခွင့်ပြန်တမ်းများ

ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာမှာ သမ္မတ ဦးသိန်းစိန်က ဒု ၀န်ကြီး ၂ ယောက်နဲ့ ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ဝင် တဦးတို့ကို ရာထူးတွေက နုတ်ထွက်ခွင့် ပြုလိုက်ပါပြီတဲ့။

ဒု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာနက ဦးတင့်လွင်နဲ့ စွမ်းအင် ၀န်ကြီး ဌာနက ဦးစိုးအောင် တို့ကို ဇွန်လ ၅ ရက်နေ့ နေ့စွဲနဲ့ နုတ်ထွက်ခွင့် ပြုတယ်လို့ သမ္မတက လက်မှတ် ထိုး ကြေညာထားပါတယ်။

တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးနှောက် ခြောက်နေရတဲ့ ဦးပိုင်နဲ့ MEC

 
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဦးပိုင် Holding နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC တို့အပေါ် ဆက်လက်အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်သွားနိုင်ဖို့ အကြပ်ရိုက်နေကြောင်း စစ်ဖက်နီးစပ်သူများက ဆိုလာပါတယ်။       ဦးပိုင်ဟာ မြန်မာနိုင်ငံ တစ်နိုင်လုံးရဲ့ အရေးကြီးတဲ့ ကျွန်း၊ ကျောက်မျက်၊ စွမ်းအင်၊ လောင်စာဆီ၊ စားအုန်းဆီ၊ သယ်ယူပို့ဆောင်ရေး၊ ဘိလပ်မြေ၊ ယာဉ်ကြီးယာဉ်ငယ် ပြည်ပမှတင်သွင်းခွင့်၊  စတဲ့လုပ်ငန်းကြီးတွေကို ချုပ်ကိုင်ထားခဲ့တာမို့ ယခုအစိုးရ လက်ထက်မှာတော့ တော်တော်များများကို လက်လွှတ်ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

Tuesday, June 05, 2012

ဆန္ဒပြမှု ဖြစ်ပွားနေသောအစ္စလာမ်ဘာသာဝင်များကို ထောင်ချောက် အတွင်း မသက်ဆင်းမိရန် ကိုမြအေးက ပြောဆို

ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။
The Voice Weekly
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

ခြင်ဆေးခွေကြောင့် မန္တလေးမှ ကလေး တဦး သေဆုံး

မန်းသားလေး


ခြင်ဆေးခွေထွန်းပြီး တံခါးပိတ် အိပ်ရာမှ ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း မန္တလေးနေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၈လမ်းနှင့် ၄၂လမ်းထောင့်ရှိ ရဲဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ ဒုတိယရဲအုပ် ပင်လုံထွန်း နှင့် ၄ မိသားစုဝင်များသည် မေလ ၁၄ ရက် ညပိုင်းက တံခါးများပိတ်ပြီး ကျင်းထုံခြင်ဆေးခွေထွန်းကာ အိပ်ခဲ့ကြသည်။ လေအေးပေးစက်ဖွင့်ထားသည်ဟု ဆိုသည်။

ငြိမ်းချမ်းရေး သီချင်းသည် ဗိုလ်ကြီးဟောင်း နေမျိုးဇင်

ကိုမင်းကိုနိုင်၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ STA မောင်နှများနှင့် ကချင် စစ်ဘေးသင့် သားချင်းများ အတွက် ဂီတဖျော်ဖြေပွဲ- (ဓာတ်ပုံ -နေမျိုးဇင်)

ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က မျက်ရည်မဲ့ သီချင်းကို သီဆိုခဲ့ပါတယ်။

"ရန်ကင်းစင်တာရှေ့ ပန်းရဲ့လမ်း ကွန်ယက်နဲ့အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဒီသီချင်းလေးကို ကိုမင်းကိုနိုင်တို့ အရှေ့မှာ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်ကလည်း အားပါးတရ အားပေး လက်ခုပ်တီးကြလို့ ကျနော် စိတ်အလွန်ကြည်နူးမိပါတယ်ခင်ဗျား" လို့ ကိုနေမျိုးဇင်က ဆိုပါတယ်။

“ ကျွန်တော်တို့ လိုချင်နေတာ ဘယ်သူ့ အတွက် ဒီမိုကရေစီလဲ?”



ယနေ့ထုတ် ကြေးမုံသတင်းစာ

ကျွန်တော်အပါအ၀င် မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေ(အာဏာရှင် မဟုတ်တဲ့သူ)အားလုံး ဒီမိုကရေစီစနစ်ကို လိုလားခဲ့ကြပါတယ်။

ဒီမိုကရေစီအရေးအတွက် အနစ်နာခံ ထောင်ကျခံ နှိပ်စက်ခံ အသေခံပြီးလုပ်ခဲ့တဲ့ သူတော်ကောင်း သားသမီးများရဲ့ ကျေးဇူးနဲ့ ကျွန်တော်တို့တတွေ ဒီမိုကရေစီ လမ်းကို မှုန်ပျပျ လှမ်းမြင်နေရပါပြီ၊ ဒီမိုကရေစီရဲ့ အနစ်သာရတွေမှာ လူအချင်းချင်း ဗိုလ်ကျ စိုးမိုးမှုမရှိတဲ့ တန်းတူညီမျှရေး ဆိုတာလည်း
တစ်ချက် အပါအ၀င်ဖြစ်ပါတယ်။

ခြင်ဆေးခွေ ဈေးကွက်

ခင်မျိုးသွယ်


"---ထွန်းလိုက်ရင် ခြင်တွေ အကောင်လိုက် ပြုတ်ကျသေတယ်။ ယင်ကောင်တွေတောင် သေတယ်ဆိုပြီး တစ်ယောက်စကားနဲ့ တစ်ယောက် ဝိုင်းဝန်းသုံးစွဲ လိုက်ကြတာ ခြင်ဆေးခွေဈေးပါ တက်သွားသလို ဈေးကွက်ထဲမှာ အရောင်းရဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်---"

မကြာသေးခင်ကပဲ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပိုးသတ်ဆေး ဌာနကနေ ခြင်ဆေးခွေ အသုံးပြုနေကြတဲ့ ပြည်သူတွေ အတွက် နိုင်ငံပိုင် မီဒီယာတွေကနေ သတိပေး ထုတ်ပြန်ချက်တွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

ပဋိပက္ခကျယ်ပြန့်စေမယ့် ရေးသားမှု

ရဲထွဋ်/Facebook


ရခိုင်ပြည်နယ်မှ ကြေကွဲဖွယ်ရာ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့်ပတ်သက်ပြီး အွန်လိုင်းသတင်းတွေ အများကြီး တင်ထားပါတယ်။ အစိုးရဘက်ကလည်း သတင်း အပြည့်အစုံ ထုတ်ပြန်ဖို့ရှိပါတယ်။ ပြည်တွင်း ဂျာနယ်များကလည်း ရေးကြဦးမှာ ဖြစ်ပါတယ်။

My Blog List