Thursday, January 23, 2020

မူဆယ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား(၄၂)ဦးကို ဖမ်းဆီးအမှုဖွင့်

Image may contain: 12 people, people sittingImage may contain: 7 people, people standing
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့တွင် တရားမဝင်ခိုးပေါက်မှ ဝင်ရောက်လာပြီး တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဥပဒေအရဖမ်းဆီးအမှုဖွင့်ထားကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းဘေးရှိ အိမ်အမှတ်(မရှိ)၊ ခြံဝန်းအတွင်း လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဇန်နဝါရီလ(၁၉)ရက်၊ ညနေ(၆)နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့တို့ပူးပေါင်း၍ဝင်ရောက်ရှာဖွေရာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် နေထိုင်သူ လောက်စော(ခ)အားရှင်း(၃၃)နှစ်၊ (ဘ)ဦးလောက်ဝမ်အား အသင့်တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် နေအိမ်အတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ယာဘက်မီးဖိုဆောင်ဘေးရှိ အခန်းတစ်ခုတွင် ပဲကြားလှော်ဖဲကစားခုံ(၃)ခုအားဖြုတ်၍သိမ်းဆည်းထားခြင်းကို တွေ့ရှိရပြီး ထမင်းစားခန်းထဲသို့ ထပ်မံရှာဖွေရာ တရုတ်နိုင်ငံ၊ ကျန်းချီးပြည်နယ်၊ ရီချွန်မြို့နေထိုင်သူ တရုတ်နိုင်ငံသား ဝူးကျင့်ကျိန်း(၄၂)နှစ်အပါအဝင်၊ စုစုပေါင်း ကျား(၃၈)ဦးနှင့်မ(၄)ဦးတို့ကို ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားများကို မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စိစစ်မေးမြန်းရာ တရားဝင်အထောက်အထားမပါဘဲ နယ်စပ်ခိုးပေါက်များမှ တရားမဝင်ဝင်ရောက်လာ၍ မူဆယ်မြို့တွင်နေထိုင်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် လောက်စော(ခ)အားရှင်း(၃၃)နှစ်အား လောင်းကစားဥပဒေပုဒ်မ-၂၆/ကျင့် (၁၁၀)အရ လည်းကောင်း၊ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား(၄၂)ဦးကို လဝကဥပဒေပုဒ်မ-၁၃(၁)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ဗီအာတီ ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
မူဆယ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား(၄၂)ဦးကို ဖမ်းဆီးအမှုဖွင့်
------- ဗီအာတီ ( အကုန်သိ သတင်းဌာန ) --------
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်ဒေသ၊ မူဆယ်မြို့တွင် တရားမဝင်ခိုးပေါက်မှ ဝင်ရောက်လာပြီး တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဥပဒေအရဖမ်းဆီးအမှုဖွင့်ထားကြောင်း မူဆယ်မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းဘေးရှိ အိမ်အမှတ်(မရှိ)၊ ခြံဝန်းအတွင်း လောင်းကစားပြုလုပ်နေကြောင်းသတင်းအရ ဇန်နဝါရီလ(၁၉)ရက်၊ ညနေ(၆)နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့တို့ပူးပေါင်း၍ဝင်ရောက်ရှာဖွေရာ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက် နေထိုင်သူ လောက်စော(ခ)အားရှင်း(၃၃)နှစ်၊ (ဘ)ဦးလောက်ဝမ်အား အသင့်တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် နေအိမ်အတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ယာဘက်မီးဖိုဆောင်ဘေးရှိ အခန်းတစ်ခုတွင် ပဲကြားလှော်ဖဲကစားခုံ(၃)ခုအားဖြုတ်၍သိမ်းဆည်းထားခြင်းကို တွေ့ရှိရပြီး ထမင်းစားခန်းထဲသို့ ထပ်မံရှာဖွေရာ တရုတ်နိုင်ငံ၊ ကျန်းချီးပြည်နယ်၊ ရီချွန်မြို့နေထိုင်သူ တရုတ်နိုင်ငံသား ဝူးကျင့်ကျိန်း(၄၂)နှစ်အပါအဝင်၊ စုစုပေါင်း ကျား(၃၈)ဦးနှင့်မ(၄)ဦးတို့ကို ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါ တရုတ်နိုင်ငံသားများကို မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စိစစ်မေးမြန်းရာ တရားဝင်အထောက်အထားမပါဘဲ နယ်စပ်ခိုးပေါက်များမှ တရားမဝင်ဝင်ရောက်လာ၍ မူဆယ်မြို့တွင်နေထိုင်ကြောင်း သိရှိခဲ့ရသည်။
ထို့ကြောင့် လောက်စော(ခ)အားရှင်း(၃၃)နှစ်အား လောင်းကစားဥပဒေပုဒ်မ-၂၆/ကျင့် (၁၁၀)အရ လည်းကောင်း၊ တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသား(၄၂)ဦးကို လဝကဥပဒေပုဒ်မ-၁၃(၁)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

No comments:

Post a Comment

My Blog List