Friday, April 22, 2016

တိုင်းမ်မဂ္ဂဇင်းပါ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အိုဘားမား ရေးသား


နာမည်ကြီး အမေရိကန် သတင်းမဂ္ဂဇင်း တိုင်းမ်တွင် ကမ္ဘာပေါ်ရှိ ဩဇာအရှိဆုံး လူ ၁၀၀ ကို နှစ်စဉ် ရွေးချယ်ဖော်ပြလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွက် ရွေးချယ်မှုတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လည်း ပါဝင်ကာ အမေရိကန်သမ္မတ အိုဘားမားက ရေးသားပေးထားသည်။

“ဖားကန့်မှာနေထိုင်တဲ့ အမျိုးသမီးတွေရဲ့ ဘဝကို ကာကွယ်ပေးစေချင် တယ်”

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခင်စစ်အစိုးရ လက်ထက်က လုပ်ပိုင် ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေက လုပ်ငန်းက ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေ ကို လက်ဝါးကြီး အုပ်ထားတာကြောင့် ဒေသခံတွေအတွက် အကျိုးအမြတ် တစုံတရာမှ မရရှိဘဲ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားနေရပါတယ်။

ပလောင် (တအာင်း) တပ် နှင့် နယ်မြေအငြင်းပွားမှုအကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံမေးမြန်း


မြန်မာ့ရိုးရာ အခါသင်္ကြန် အတာပြောင်းတဲ့နှစ်သစ်ကူးမှာ ပလောင်အမျိုး သားလွတ်မြောက်ရေးတပ်ဦး၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ထုတ်ပြန်ကြေငြာချက်တစောင် ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ကြေငြာချက်မှာ သျှမ်းပြည်တပ်မတော် RCSS/SSA အနေနဲ့ သျှမ်းပြည်မြောက်ပိုင်းအတွင်းမှ ၄င်းတို့ ဌာနချုပ်ရှိရာ ထိုင်းနယ်စပ် လွယ် တိုင်းလျဲန်းသို့ တပ်ဆုတ်ပြန်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးနီးပါး လာမည့် ၇၂ နာရီ အတွင်း မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်


မြန်မာတစ်နိုင်ငံလုံးနီးပါးတွင် နောက် ၇၂ နာရီအတွင်း မိုးတိမ်တောင်များ ဖြစ်ပေါ်ကာ မိုးသည်းထန်ခြင်း၊ မိုး ကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် အဆိုးရွား ဆုံးဖြစ်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဦးထွန်းလွင်က သတိပေးပြော ကြားလိုက်သည်။

ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေနှင့် ပန်းခြံတည်ဆောက်မည်ဟု သူရဦးတင်ဦးဆို


ကွယ်လွန်သွားပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ သဘာပတိဝင်တစ်ဦး ဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဂုဏ်ပြုသည့်အနေနှင့် ပန်းခြံတည်ဆောက်သွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက သူရဦးတင်ဦးက ပြောကြားသည်။

တရုတ် သမ္မတရှီကျင့်ဖျင်က စစ်သေနာပတိချုပ်အဖြစ် ရာထူးရယူ


လက်နက်ကိုင်စစ်တပ်အပေါ် ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်ရန် တရုတ်သမ္မတရှီကျင့်ဖျင်က စစ်ရာထူးသစ်ကို ရယူခဲ့သည်။ပူးတွဲ စစ်ရေးကွပ်ကဲမှုစင်တာ၏ အကြီးအကဲ စစ်သေနာပတိချုပ်အဖြစ် သမ္မတရှီကျင့်ဖျင်က ရယူလိုက်ခြင်းဖြစ်သည်။ နိုင်ငံပိုင်သတင်းမီဒီယာတွင် သမ္မတရှီကျင့်ဖျင်အား ပြောက်ကျားစစ်ဝတ်စုံ ဝတ်ဆင်လျက် စင်တာသို့ လာရောက်လည်ပတ်မှုများကို ပြသသွားခဲ့သည်။

တရုတ်မကြောက်ရတဲ့ ကမ္ဘာ့အဆင့်မီ နိုင်ငံခြားရေး မူဝါဒ



မြန်မာ့နိုင်ငံခြားရေး မူဝါဒကို ပြန်ပြောင်းကြည့်လိုက်လျှင် ရင်နာဖွယ်များကို တွေ့ခဲ့ရသည်။ အဆိုးဆုံးမှာ စစ်အာဏာရှင်များနှင့် ၎င်းတို့၏ အဆွယ်အပွား များက တိုင်းပြည်ကို အုပ်ချုပ်ခဲ့ချိန်တွင် ဖြစ်သည်။ ညံ့ဖျင်းသော၊ မသမာသော၊ ကိုယ်ကျိုးကြည့်သော၊ သားတူညီများ ကောင်းစားရေးကိုသာ ဆောင်ရွက်သော၊ လူထုကို မျက်နှာမမူခဲ့သောခေတ်တွင် တိုင်းပြည်၏ ဂုဏ်သိက္ခာသည်လည်း ကမ္ဘာ့ အလယ်တွင် လုံးလုံး ကျဆင်းသွားခဲ့သည်။ ထိုသူတို့သည်ကား မတရား ချမ်းသာသွားခဲ့သည်။ တိုင်းပြည်ကား ဆင်းရဲမွဲတေမှုတွင် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းသို့ ရောက်ရှိခဲ့ပြီး၊ အာရှဒေသ၏ ဒုတိယအဆင်းရဲဆုံး နိုင်ငံအဖြစ်သို့ သက်ဆင်းခဲ့သည်။

လီဆူးတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက မြစ်ဆုံဆည် စီမံကိန်းအား လုံးဝဆန့်ကျင်သည်ဟု ဆို


မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများ ၀င်ရောက်လာမှု မြင့်တက်လာသော်လည်း တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁၅.၄ ဘီလီယံခန့်ဖြင့် အများဆုံး ရင်းနှီးမြှုပ် နှံသူအဖြစ် ပြတ်သားစွာ ရပ်တည်လျက် ရှိနေဆဲဖြစ်သည်။

ပါကစ္စတန် ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ ရာထူးက ဖယ်ရှား


ပါကစ္စတန်နိုင်ငံမှာ အရှိန်အ၀ါကြီးတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Raheel Sharif ဟာ ထိပ်ပိုင်းအရာရှိ တစ်စုကို အကျင့်ပျက်ခြစားမှု စွဲချက်တွေနဲ့ ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အထဲမှာ ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦး၊ ဗိုလ်ချုပ် တစ်ဦး၊ ဗိုလ်မှုးချုပ် သုံးဦးနဲ့ ဗိုလ်မှုးကြီးတစ်ဦးတို့ ပါဝင်ပြီး၊ တစ်နှစ်ကြာ စစ်တပ်တွင်း စုံစမ်းစစ်ဆေးမှုတွေက လုပ်ပြီးတဲ့နောက် သူတို့ဟာ လဘ်ယူခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာလို့ စစ်တပ်ထဲက သတင်းရင်းမြစ်တွေက ဗွီအိုအေကို အတည်ပြု ပြောကြားခဲ့ပါတယ်။

ရာသီဥတု သဘောတူညီချက် ကမ္ဘာ့ ခေါင်းဆောင်တွေ လက်မှတ်ထိုးမည်


ကမ္ဘာ့ ခေါင်းဆောင်တွေဟာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို အရှိန်နှေးသွားအောင် လုပ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်မှု တွေကို ကုစားဖို့အတွက် သမိုင်းဝင် လုပ်ဆောင်ချက်ကို သောကြာနေ့ကျရင် ကုလသမဂ္ဂမှာ စတင်တော့မှာ ဖြစ်ပါတယ်။

IS ကို တိုက်ဖို့ ကန်နဲ့ ပင်လယ်ကွေ့ ခေါင်းဆောင်များ ညီညွတ်


IS အစွန်းရောက်အဖွဲ့ကို ခြေမှုန်းရေးနဲ့ ပဋိပက္ခပြည့်နေတဲ့ အရှေ့ အလယ်ပိုင်းဒေသ တည်ငြိမ်ရေး ကြိုးပမ်းမှုတွေမှာ အမေရိကန် ပြည်ထောင်စုနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား တညီတညွတ်ထဲ ဆက်ရှိနေပါတယ်လို့ သမ္မတ ဘရာ့ခ် အိုဘားမားက ပြောလိုက်ပါတယ်။

စစ်တပ်ကိုချုပ်ကိုင်ဖို့ တရုတ်သမ္မတ စစ်ရာထူးသစ် ရယူ


တရုတ်သမ္မတ ရှီ ကျင့်ပင်ဟာ ပူးတွဲ စစ်ဆင်ရေး ကွပ်ကဲမှုဌာနရဲ့ ဦးစီးချုပ် ဆိုတဲ့ ရာထူးအသစ်နဲ့အတူ တရုတ်စစ်တပ်ရဲ့ ဦးစီးချုပ် နေရာကို ပိုပြီးတော့ တိုက်ရိုက်ကျတဲ့ နည်းလမ်းနဲ့ ရယူလိုက်ပါတယ်။သမ္မတရှီရဲ့ ရာထူးအသစ်ကို ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေက ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ အဲဒီသတင်းတွေ ထဲမှာ သမ္မတရှီက စစ်ဆင်ရေးကွပ်ကဲမှုဌာနရဲ့ လက်မောင်းတံဆိပ်ပါတဲ့ တိုက်ပွဲဝင်စစ်ဝတ်စုံကို ၀တ်ဆင်ထားတာ ပထမဆုံး အကြိမ် တွေ့ကြရပါတယ်။

နိုင်ငံတော်အလံဖြုတ်ချမှုဖြင့် မြင်းခြံတွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား နှစ်ဦး လွတ်မြောက်



အမျိုးသားပညာရေးဥပဒေ ဆန့်ကျင်ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် ကျောင်းသားသပိတ်စစ်ကြောင်းသည် မြင်းခြံမြို့သို့ ရောက်ရှိစဉ် နိုင်ငံတော်အလံဖြုတ်ချပြီး ခွပ်ဒေါင်းအလံ ပြောင်းလဲလွှင့်တင်ခဲ့သည်ဟူသောစွပ်စွဲချက်ဖြင့် မြင်း ခြံထောင်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသား ၂ ဦးကို ဧပြီလ ၂၁ရက် နေ့ ညနေ ၅နာရီတွင် ပြန်လည်လွတ်မြောက်ခွင့်ပေးလိုက်ကြောင်း မြင်းခြံ မြို့နယ်တရားရုံးထံမှ သိရှိရသည်။

အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူတွင် ကျွန်စနစ် ဖျက်သိမ်းရေး လှုပ်ရှားသူ အမျိုးသမီး Harriet Tubman ၏ ပုံအား ထည့်သွင်းရန် အမေရိကန် စီစဉ်


အမေရိကန် သမိုင်းကြောင်းတွင် ကျွန်စနစ် ဖျက်သိမ်းရေး အမျိုးသမီး တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သည့် အမေရိကန်- အာဖရိကန် လူမျိုး Harriet Tubman ၏ ကိုယ်တစ်ပိုင်း ရုပ်ပုံအား အမေရိကန် ဒေါ်လာ ၂၀ တန် ငွေစက္ကူ၏ ရှေ့ဖက် မျက်နှာစာတွင် ထည့်သွင်း ဖော်ပြရန် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာနက စီစဉ်နေကြောင်း ဘဏ္ဍာရေး ဝန်ကြီး ဂျက်ကော့ဘ်လျူ (Jacob Lew) က ဧပြီလ ၂၀ ရက်က ကြေညာ လိုက်သည်။

ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲရေး အချိန်ဆောလျင်စွာ ပြီးစီးနိုင်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆို


ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင် ရေးဆွဲရေးသည် မှန်းထားသည့် အချိန်ထက် ဆောလျင်စွာ ပြီးစီးနိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နိုင်ငံတော်သမ္မတ အိမ်တော်တွင် ကျင်းပသော ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတကာသံတမန်များ ယနေ့တွေ့မည်


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာသံတမန်များနှင့် ဧပြီ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး လောကနတ်ခန်းမ၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

My Blog List