လက်ရှိအစိုးရသည် ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကိုဆက်ခံနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးမှအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
ဇန်နဝါရီလ ၁၉ ရက်၌ အကုန်သိသတင်းဌာနနှင့်သီးသန့်အင်တာဗျူးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အရင်ကပြောခဲ့တာရှိတယ်။ အရင်အစိုးရရဲ့ကောင်းမွေ၊ ဆိုးမွေကိုဆက်ခံမယ်လို့ တကယ်လည်း ဆက်ခံနေရတာပါပဲ။ အရင်အစိုးရလက်ထက်တုန်းက ချုပ်ထားတဲ့စာချုပ်တွေကို ကျွန်တော်တို့ အသိအမှတ်ပြုကြရတာပါပဲ။ သို့တော်အရင်အစိုးရနဲ့မတူတာကဘာလဲဆိုတော့ ကျွန်တော်တို့မှာ ဖျက်ပစ်တဲ့ အလုပ်တော့မလုပ်ဘူး။ သို့သော်လည်းပဲဒီအခြေခံပေါ်မှာ ပြင်ဆင်ပြီးတော့ သူမနာကိုယ်မနာလုပ်ရတာတွေ ရှိပါတယ်။ အဲဒါကျွန်တော်တို့အစိုးရပဲလုပ်နိုင်တယ်။ တခြားအစိုးရမလုပ်နိုင်ပါဘူး။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးမှအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် မဲအပြတ်အသတ်အနိုင်ရရှိကာ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂ ရက်တာခရီးစဉ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>
လက်ရှိအစိုးရက ယခင်အစိုးရ၏ကောင်းမွေဆိုးမွေများကိုဆက်ခံနေရကြောင်း NLD ပါတီမှ မုံရွာအောင်ရှင်ပြော
လက်ရှိအစိုးရသည် ယခင်အစိုးရ၏ ကောင်းမွေ၊ ဆိုးမွေများကိုဆက်ခံနေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးမှအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
ဇန်နဝါရီလ ၁၉ ရက်၌ အကုန်သိသတင်းဌာနနှင့်သီးသန့်အင်တာဗျူးတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အရင်ကပြောခဲ့တာရှိတယ်။ အရင်အစိုးရရဲ့ကောင်းမွေ၊ ဆိုးမွေကိုဆက်ခံမယ်လို့ တကယ်လည်း ဆက်ခံနေရတာပါပဲ။ အရင်အစိုးရလက်ထက်တုန်းက ချုပ်ထားတဲ့စာချုပ်တွေကို ကျွန်တော်တို့ အသိအမှတ်ပြုကြရတာပါပဲ။ သို့တော်အရင်အစိုးရနဲ့မတူတာကဘာလဲဆိုတော့ ကျွန်တော်တို့မှာ ဖျက်ပစ်တဲ့ အလုပ်တော့မလုပ်ဘူး။ သို့သော်လည်းပဲဒီအခြေခံပေါ်မှာ ပြင်ဆင်ပြီးတော့ သူမနာကိုယ်မနာလုပ်ရတာတွေ ရှိပါတယ်။ အဲဒါကျွန်တော်တို့အစိုးရပဲလုပ်နိုင်တယ်။ တခြားအစိုးရမလုပ်နိုင်ပါဘူး။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဗဟိုပြန်ကြားရေးမှအတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် မဲအပြတ်အသတ်အနိုင်ရရှိကာ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။
တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂ ရက်တာခရီးစဉ်အတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ် ၃၃ ခုလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )
No comments:
Post a Comment