Monday, January 20, 2020

ဖားကန့်ကျောက်စိမ်းမှော်တွင် ကမ်းပါးပြို ကျမှုကြောင့် ဘက်ဟိုးနှစ်စီးနစ်မြုပ်၍ ယာဉ်မောင်းပျောက်ဆုံးနေ

Image may contain: one or more people and outdoorImage may contain: mountain, nature and outdoor
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊ကောင်ဆန်ကျေးရွာဧရိယာအတွင်းရှိ ကျောက်စိမ်းတူဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းတွင် ဇန်နဝါရီ(၁၈)ရက်၊ည(၉)နာရီအချိန်ခန့်က ကမ်းပါးပြိုကျမှုကြောင့် ဘက်ဟိုးနှစ်စီးနှင့်အတူ ဘက်ဟိုးမောင်းနှင်သူတစ်ဦးပျောက်ဆုံးနေပြီး၊တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆိုင်းအင်ဝမ်းကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီလုပ်ကွက်အတွင်းသို့ အမြင့်ပေ(၅၀၀)ခန့်ရှိ ယခင်လုပ်ကွက်ဟောင်းမှ ကျောက်ကြောမြေစာအကျယ်ပေ(၆၀၀)ခန့် ကမ်းပါးမြေပြိုကျရာမှ ဘက်ဟိုး (၂)စီးနှင့်အတူ ဘက်ဟိုးမောင်းနှင်သူတစ်ဦးပျောက်ဆုံးနေပြီး၊တစ်ဦးဒဏ်ရာ ရရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါအခင်းဖြစ်ပွါးရာနေရာသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန် အုပ်ချုပ်ရေးအဖွဲ့များ၊လုံခြုံရေးရဲတပ်ရင်းများနှင့် နယ်မြေခံရဲကင်း၊ကြက်ခြေနီအဖွဲ့၊မီးသတ်တပ်ဖွဲ့များ၊လူမှုကူညီရေးအသင်းအဖွဲ့များမှ ယနေ့နံနက်ပိုင်းအချိန်မှ စတင်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း ​နောင်ရိုး
ဓါတ်ပုံ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံး

No comments:

Post a Comment

My Blog List