Saturday, April 18, 2015

Saddam Hussein လက်ထောက်ဟောင်း သေဆုံး


အီရတ်နိုင်ငံက ဆွန်နီ လက်နက်ကိုင် ပုန်ကန်သူတွေရဲ့ ခေါင်းဆောင် တဦးဖြစ်ပြီး ကွယ်လွန်သူ အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ် ဟူစိန်ရဲ့ လက်ထောက်ဟောင်း တဦးဖြစ်သူ Izzat Ibrahim al-Douri ဟာ စစ်ဆင်ရေး တခု အတွင်း သေဆုံးသွားပြီလို့ အီရတ်တာဝန်ရှိသူတွေကပြောပါတယ်။

သင်္ကြန်မှာ အစိုးရ အဖွဲ့ကို ဂါရဝပြုဖို့ လျစ်လျူရှု့ခဲ့တဲ့ အဆိုတော် စောဖိုးခွား


မြန်မာ့ရိုးရာ အတာသင်္ကြန်ရက်အတွင်း နေပြည်တော်က ACE မဏ္ဍာပ်မှာ သီဆိုဖျော်ဖြေခဲ့တဲ့ ရက်ဂေး ဂီတ သမား အဆိုတော် စောဖိုးခွားက မဏ္ဍာပ်ကို လာရောက်လည်ပတ်တဲ့ အစိုးရ ခေါင်းဆောင်တွေကို ဂါရဝပြုဖို့ လျစ်လျူ ရှုခဲ့တယ်လို့ သိရပါတယ်။

မီဒီယာ တာဝန်သိဖို့  ထိုင်းဝန်ကြီးချုပ်ပြောကြား


သတင်းမီဒီယာတွေအနေနဲ့ ထိုင်းနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်ပြီး တာဝန်သိသိ ရေးသားတင်ပြကြဖို့ ထိုင်း စစ်အာဏာသိမ်း ခေါင်းဆောင် ၀န်ကြီးချုပ် ပရာယုသ်ချန်အိုချာက တိုက်တွန်းလိုက်ပါတယ်။ ခြောက် လကြာသက်တမ်းအတွင်း သူ့အစိုးရအဖွဲ့ရဲ့ အောင်မြင်မှုတွေ အကြောင်း သောကြာနေ့က သတင်းစာ ရှင်းလင်းပွဲလုပ် ပြောဆိုချိန်အတွင်း သူက အဲဒီလို တိုက်တွန်းသွားတာပါ။

ကန်နဲ့ဆက်ဆံရေးပြေလည်ဖို့ အကျိုးဆောင် အဖွဲ့ မြန်မာ ငှားရမ်း


အမေရိကန်ုပြည်ထောင်စုနဲ့ မြန်မာအကြား ဆက်ဆံရေး ပိုပြီးကောင်းမွန်လာဖို့ စီးပွားရေး ဆက်ဆံမှုတွေ ကျယ်ပြန့်လာဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၀ါရှင်တန် အခြေစိုက် Podesta အကျိုးဆောင်အဖွဲ့ကို မြန်မာ အစိုးရက ငှားရမ်းလိုက် ပါတယ်။ မြန်မာ အစိုးရရဲ့ ဆောင်ရွက်ချက်တွေအပေါ် အမေရိကန်အစိုးရ လွှတ်တော်နဲ့ အမေရိကန်ပြည်သူတွေအကြား နားလည် သဘောပေါက်မှုရှိအောင် Podestaအဖွဲ့က ဆောင် ရွက်သွားဖို့ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်း တဲ့အခါ သူက အခုလိုစပြောပါတယ်။

တပြည်လုံး အပစ်ရပ်ပြီးနောက် ပူးတွဲစောင့်ကြည့်မှုတွင် ဂျပန်က ပါဝင်မည်

 
မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေး ထိုးပြီးနောက် ဖွဲ့စည်းမယ့် ပူးတွဲစောင့် ကြည့်ရေးကော်မတီမှာ ဂျပန်နိုင်ငံက လေ့လာသူအဖြစ် ပါဝင်မယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် မှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းက ဂျပန်နိုင်ငံ ခရီးစဉ်မှာ ပြောပါတယ်။

ဘယ်သူ့အတွက် သပိတ်မှောက်မှာလဲ


ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်း ဌာနနှင့်တွေ့ဆုံရာတွင် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် နည်းလမ်းကို ပစ်ပယ်ထားခြင်းမရှိ လိုအပ်ပါက သုံးကောင်းသုံးနိုင်သည်ဟု ကမ္ဘာသိပြောကြားလိုက်သံကို ကြားရသောအခါ ကျွန်တော်သည် ခေါင်းနားပန်းကြီးသွား၏။

အစိုးရ စစ်စာမေးပွဲတွင် အချို့ကျောင်းများ ၌ ဖြေဆိုကျောင်းသား ထက်ဝက် နီးပါ ကျရှုံး



ဂူဂယ်ကုမ္ပဏီကို လိမ်လည်မှုဖြင့် အီးယူတရားစွဲ


အင်တာနက်ဈေးဝယ်သူတွေကို လိမ်လည်မှုနဲ့ ဥရောပသမဂ္ဂ (အီးယူ) က ဂူဂယ်နည်းပညာကုမ္ပဏီကို ဧပြီ ၁၆ ရက်နေ့က တရားစွဲလိုက်ပါတယ်။ ဂူဂယ်ကုမ္ပဏီဟာ အင်တာနက် ဈေးဝယ်သူတွေက online ပေါ်မှာ ပစ္စည်းတခုကိုဝယ်ဖို့ ရှာလိုက်ရင် သူရောင်းစေချင်တဲ့၊ သူနဲ့ချိတ်ဆက်ထား တဲ့ပစ္စည်းတွေကို ဦးစားပေး ရှာပေးပြီး ဈေးဝယ်သူတွေကို ၀ယ်စေခဲ့တယ်လို့ စွပ်စွဲခံရတာပါ။

ယူကရိန်း အတိုက်အခံတဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး


အရင်ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ကို ထောက်ခံသူ ယူကရိန်း အတိုက်အခံတဦး ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့က မြို့တော် ကီယက်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

လောက်ကိုင်ဒေသ တိုက်ပွဲပေါင်း ၂၅၀ ကျော်ဖြစ်ပွား၊ ကိုးကန့် ၇၀ ကျော်သေဆုံး


လောက်ကိုင်ဒေသတွင် တိုက်ပွဲတွေ စတင်ဖြစ်ပွားတဲ့ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီလ ၁၆ ရက်အထိ နှစ်ဖက် ထိတွေ့တိုက်ပွဲပေါင်း ၂၅၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ကိုးကန့် ၇၄ ဦး သေဆုံး တယ်လို့ အစိုးရက သတင်းထုတ်ပြန် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော နှစ်သစ် ဆုတောင်းစကား


မြန်မာအစိုးရအတွက် အမေရိကန်အစိုးရကို လော်ဘီပြုလုပ်ပေးမည့် အဖွဲ့ကို တစ်လလျှင် ကျပ်သိန်း ၇၃၀ ကျော်ဖြင့် တစ်နှစ်စာ ငှားရမ်း


မြန်မာအစိုးရအတွက် ၀ါရှင်တန်မှာ စည်းရုံးသိမ်းသွင်းပေးပေးရန်အတွက် ပိုဒက်စ်တာအုပ်စု (Podesta Group ) ကို ဒေါ်လာငွေ ၈၄၀၀၀၀ (၈သိန်း ၄သောင်းကျော်) ဖြင့် မြန်မာအစိုးရက စာချုပ်ချုပ်ဆို ငှားရမ်းလိုက်ကြောင်း ၀ါရှင်တန် အခြေစိုက် The Hill သတင်းစာမှ ဖော်ပြ လိုက်သည်။

အင်ဒိုနီးရှားတွင် ယမကာ ပိတ်ပင်ရန် အစ္စလာမ္မစ်ပါတီကြီး ၂ ခု အဆိုတင်


မွတ်စလင်အများဆုံး နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာအစ္စလာမ္မစ်ပါတီကြီး ၂ ခုက နိုင်ငံအတွင်း ယမ ကာသောက် သုံးမှုအားလုံးကို ပိတ်ပင်တဲ့အဆိုကို လွှတ်တော်ကို တင်သွင်းထားပါတယ်။ လွှတ်တော် မှာ ထောက်ခံမှု ဘယ်လောက်ရမလဲတော့ မသိပေမယ့် အရင်တခေါက် ကြိုးစားမှုကတော့ အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမဒန်ဥပုပ်လ မတိုင်ခင် လူထုထောက်ခံမှု ရအောင် အယောင်ပြ ကြိုးစားမှုအဆင့်ပဲ ရှိခဲ့ပါတယ်။

ပြည်သူအားလုံးကို ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူတွေရဲ့ အားပေးထောက်ခံမှုကြောင့်သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်တည်နိုင်တာဖြစ်တဲ့ အတွက် ပြည်သူပြည်သားအားလုံးကို ကျေးဇူး တင်ကြောင်း ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ကျရောက်တဲ့ ၁၃၇၇ ခုနှစ် မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ နှစ်သစ်ကူးဆုမွန်စကား ပြောကြား လိုက်ပါ တယ်။

အားလုံးလွတ်မြောက်စေ ဖို့ မြန်မာ့နှစ်သစ်ကူးမှာ ဆုတောင်း


အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး နဲ့ နိုင်ငံရေးပုဒ်မတွေနဲ့ အမှု ရင်ဆိုင်နေ ရသူတွေ အားလုံးလွတ်မြောက်ရေးတို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားမှာ ဒီနေ့ ငါးလွှတ်ပြီး ဆုတောင်းခဲ့ကြပါတယ်။

ဂျပန်အစိုးရကို မြန်မာ ကတိပေး


ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာအစိုးရ ကိုယ်စား လှယ်ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ အပစ် အခတ်ရပ်စဲနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဒါပေမဲ့ အရေးကြီး ဆုံး ကတော့ ဒီမိုကရေစီထူထောင်ရေးအတွက် နိုင် ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးဖြစ်ကြောင်း စသဖြင့် ဂျပန်အစိုးရ ခေါင်းဆောင်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာအစိုးရ ဒေါ်လာ ၈ သိန်းကျော်ပေးပြီး အမေရိကန်လော်ဘီငှားရမ်း


မြန်မာအစိုးရဟာ သူတို့ကို ထောက်ခံလာအောင် စည်းရုံးဆွဲဆောင်ပေးဖို့ အတွက်   ပိုဒက်စ်တာ လော်ဘီ အုပ်စုနဲ့  အမေရိကန်ဒေါ်လာ ၈၄၀၀၀၀ တန် သဘောတူစာချုပ် ချုပ်ဆိုလိုက်တယ်လို့   ၀ါရှင်တန်အခြေစိုက် The Hill သတင်းမှာ ဖော်ပြပါတယ်။

Wednesday, April 15, 2015

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြားစစ်သံမှူး မိသားစုများနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ ၊ လေ) မိသားစုရေကစားမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲသို့ တက်ရောက်အားပေး



ကိုးကန့်သောင်းကျန်းသူ အခိုင်အမာ အခြေပြု တာကထန်ကျေးရွာ ဝန်းကျင်ရှိ တောင်ကုန်းများနှင့် ကျေးရွာအား သိမ်းပိုက်ရရှိ


လောက်ကိုင်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာများ ပျက်ပြားစေရန် ရည်ရွယ်၍ ကိုးကန့်သောင်းကျန်းသူများအနေဖြင့် အင်အားအလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများက အသက်ကိုပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချမှေုန်းခဲ့ခြင်းကြောင့် ၎င်းင်းတို့၏ ရည်ရွယ်ချက်များ ပျက်ပြားခဲ့ကာ ဆုတ်ခွာထွက်ပြေးပြီး နှစ်နိုင်ငံနယ်နိမိတ်မျဉ်းအနီး ပါစင်ကျော်ကျေးရွာ အရှဘေ့က်ရှိ မြင့်မားမတ်စောက်သော တောင်ကုန်းများအား အခိုင်အမာခြေကုပ်ယူ လျက်ရှိသည်။

ဖမ်းဆီးခံကျောင်းသားတွေ အတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ကူညီလှူဒါန်းမည်


တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွေရဲ့ "ဒေါင်းတို့ မျိုးဆက်" သံချပ်အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း သံချပ်နဲ့ ဖျော်ဖြေရရှိလာတဲ့ အလှူငွေတွေကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရ တဲ့ ကျောင်း သား ကျောင်းသူတွေ အသုံးပြုနိုင်ဖို့ လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

ဖမ်းဆီးထားသူတွေ လွတ်မြောက်ရေး တောင်ကြီးမှာ စတုဒီသာကျွေးမွေး ဆုတောင်း


ရှမ်းပြည်နယ် တောင်ကြီးမြို့ အောင်မြေဘုံစံကျောင်းတိုက်မှာ နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့အစည်းတွေ စုပေါင်း ပြီး ဖမ်းဆီးခံထားရတဲ့ လယ်သမား၊ အလုပ်သမားနဲ့ ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အတွက် စတုဒီသာကျွေးမွေးပြီး ဆုတောင်းခဲ့ကြ ပါတယ်။

Houthi သူပုန် သိမ်းထားတဲ့မြေတွေ ပြန်အပ်ဖို့ ကုလပြော


ရီမန်နိုင်ငံက Houthi သူပုန်တွေ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်အပ်နှံဖို့ ကုလသမဂ္ဂက ပြော လိုက်သလို စစ်လက်နက်တွေ အသုံးမပြုတော့ဖို့လည်း တားမြစ်လိုက်ပြီ ဖြစ်ပါတယ်။ အီရန် က ကျောထောက် နောက်ခံ ပြုထားတဲ့ Houthi သူပုန်တွေဟာ သမ္မတဟောင်း Ali Abdullah Saleh ကို ထောက်ခံသူတွေဖြစ်ပြီး လက်ရှိသမ္မတ Abedrabbo Mansour Hadi ကို တိုက်ခိုက်နေတာ ဖြစ်ပါ တယ်။

လစ်ဗျားကနေ အီတလီသွားတဲ့ လှေမှောက်လို့ ၄၀၀ သေ


လစ်ဗျားနိုင်ငံကနေ အီတလီနိုင်ငံမှာ ခိုလှုံဖို့ ကြိုးစားတဲ့အနေနဲ့ လှေတွေနဲ့ သွားလာရင်း လှေတိမ်းမှောက်ရာ က လူအယောက်ပေါင်း ၄၀၀ လောက် သေဆုံးခဲ့ရတယ်လို့ အသက်ရှင် ကျန်ရစ်သူတွေက ပြောပါတယ်။ အဲဒီ လှေကြီးဟာ လူပေါင်း ၅၅၀ လောက် တင်ဆောင်လာတာဖြစ်ပြီး လစ်ဗျားနိုင်ငံကနေ ထွက်ခွာပြီး ၂၄ နာရီအကြာလောက်မှာ တိမ်းမှောက်ခဲ့ တာ ဖြစ်ပါတယ်။

ကိုးကန့် တိုက်ပွဲတွေ ရပ်ဖို့ UNFC ဥက္ကဌ တောင်းဆို


ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က ကိုးကန့် တိုက်ပွဲဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို အဟန့်အတား ဖြစ်စေ နိုင်တဲ့အတွက် လက်ရှိ ထိုးစစ် အားလုံး အမြန်ဆုံး ရပ်တန့်ပေးဖို့ သမ္မတ ဉီးသိန်းစိန်ထံ စာရေး တောင်းဆို လိုက်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ မြောက်ဥက္ကလာပမြို့နယ်တွင် သံချပ်ထိ



မြန်မာရေလုပ်သားများ ကျွန်ပြုခံရမှု အမေရိကန်စိုးရိမ်


အမေရိကန်ပြည်ထောင်စုကိုတင်သွင်းနေတဲ့ ပင်လယ်စာတွေဟာ မြန်မာငါးဖမ်းအလုပ်သမားတွေ ရဲ့ ကျေး ကျွန်လိုစေခိုင်းခံရတဲ့ လုပ်အားကို အသုံးပြုနေတဲ့အတွက် လွန်စွာစိုးရိမ်မကင်းဖြစ်ရတယ်လို့ အမေရိကန် အခြေစိုက် NFI လို့ခေါ်တဲ့ အမျိုးသားငါးဖမ်းလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းကြီးက ဗွီအိုအေကို ပြောပါတယ်။

အကြမ်းဖက်မှု အားပေးတဲ့ နိုင်ငံစာရင်း ကျူးဘားကိုပယ်ဖျက်ဖို့ Obama ကြိုးပမ်း


အမေရိကန်ပြည်ထောင်စုအနေနဲ့ ကျူးဘားနိုင်ငံကို အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့ နိုင်ငံစာရင်း ကနေ ဖယ်ရှားပေးဖို့ သူ့အနေနဲ့ ရည်ရွယ်ကြောင်း အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က အင်္ဂါနေ့ က ပြောလိုက်ပါတယ်။

အီရန်နျူကလီးယား သဘောတူညီမှုမူကြမ်း လွှတ်တော်ကော်မတီ အတည်ပြု


အီရန်နဲ့ ပြုလုပ်မယ့် နျူကလီးယားသဘောတူညီချက်ကို အမေရိကန် လွှတ်တော်အနေနဲ့ ပြန်လည် သုံးသပ် ပြီး ထောက်ခံတယ်၊ မထောက်ခံဘူး ဆိုတာကို မဲခွဲ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာ လွှတ်တော်မှာရှိကြောင်း - အဆိုပြုချက်မူကြမ်းကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက အင်္ဂါနေ့မှာ မဲခွဲ အတည်ပြု လိုက်ပါတယ်။

မြန်မာလက်နက်ကြီးကျည် တရုတ်ထဲကျရောက်ဟု ကိုးကန့်ပြော


တိုက်ပွဲကာလ ၂ လကျော် သုံးလအတွင်းကို ရောက်ရှိလာပြီဖြစ်တဲ့ မြန်မာ့တပ်မတော်နဲ့ ကိုးကန့် လက်နက် ကိုင်တို့ကြား ဒီကနေ့မှာလည်း တရုတ်-မြန်မာနယ်စပ် ရှင်ခုတ်ထန် ဒေသတ၀ိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ ပါတယ်။

ဝ ပြည်ဌာနချုပ်မှာ မေလ ၁ ရက် တိုင်းရင်းသားညီလာခံ ကျင်းပမည်


တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပါအ၀င် တိုင်းရင်းသားရေးရာကိစ္စရပ် တွေကို အဓိကထား ဆွေးနွေး ကြမယ့် တိုင်းရင်းသားညီလာခံတရပ်ကို UWSA ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ကနေ ကမကထလုပ် ပြီးတော့ UWSA ဌာနချုပ်ရှိရာ ပန်ဆမ်းမှာ မေလ ၁ ရက်နေ့ကနေစလို့ ၃ ရက်ကြာ ဆွေးနွေးဖို့ရှိပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း ၊ ရေ ၊ လေ) မိသားစု မဟာသင်္ကြန် ရေကစားမဏ္ဍပ်



တနိုင်ငံလုံး အပစ်ရပ်ရေး လက်တွေ့အကောင်အထည်ဖော်ပေးဖို့ သမ္မတ ဦးသိန်းစိန်ကို UNFC တောင်းဆို


အနုပညာရှင်များ၏ သင်္ကြန်ပုံရိပ်များ



မန္တလေးပရိသတ်ကို ဖျော်ဖြေပေးသည့် အနုပညာရှင်များ၏ ရင်တွင်းစကား



Tuesday, April 14, 2015

ဧပြီ ၁၃ ရက် ညနေပိုင်း မန္တလေးမြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားမြင်ကွင်း



ဧပြီလ (၁၃) ရက်နေ့၊ မဟာသင်္ကြန်အကြို့နေ့၊ ရန်ကုန်ရှိ G-Shock သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ နှင့် ဖျော်ဖြေပွဲ



ရန်ကုန် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ဖွင့်ပွဲကျင်းပ



မဟာသင်္ကြန်ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား




မဟာသင်္ကြန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သင်္ကြန် မဏ္ဍပ်



My Blog List