Tuesday, January 21, 2020

ICJ သို့ ဒုတိယရုံးချိန်း ဒေါ်အောင်ဆန်းစုကြည် သွားတော့မည်မဟုတ်

Image may contain: 8 peopleImage may contain: one or more people, people standing and indoor

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ကိစ္စကို ဖြေရှင်းဖို့ ဇန်နဝါရီ(၂၃)ရက်မှာ ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိသ်မြို့ သို့ ဒုတိယအကြိမ် သွားရောက်ရမယ့် ခရီးစဉ်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တဖြစ်လဲ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ထပ်မံပါဝင်လိုက်ပါတော့မှာ မဟုတ်တဲ့အကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

အဲဒီရုံးချိန်းကို ဦးကျော်တင့်ဆွေကသာ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်အနေနဲ့ ငှားရမ်းထားတဲ့ နိုင်ငံတကာ ရှေ့နေတွေ၊ ဥပဒေ ပညာရှင်တွေနဲ့အတူ သွားရောက်ဖြေရှင်းမှာဖြစ်ကြောင်း ဇန်နဝါရီ(၁၉)ရက် ညနေပိုင်းမှာ မြန်မာ့အသံကနေ ထုတ်လွှင်ခဲ့တဲ့ “ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း အစီအစဉ်” မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအတွင်းမှာ ရခိုင်ဒေသမှာ ဘင်္ဂလီတွေကို လူမျိုးတုန်းသတ်ဖြတ်မှု ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက အိုအိုင်စီ နိုင်ငံများရဲ့ အထောက်အပံ့ကိုယူပြီး မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုထားတာဖြစ်သလို “Provisional Measures” လို့ ခေါ်တဲ့ ကြားဖြတ် စီမံဆောင်ရွက်ချက် အချက်(၆)ချက်ကို အဆောတလျင် ချမှတ်ပေးဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
အဲဒီလိုတောင်းဆိုချက်တွေကို ချမှတ်ရန် သင့်၊ မသင့်ကို ICJ က ဇန်နဝါရီ(၂၃)ရက်မှာ ဆုံးဖြတ်မယ်လို့ ရုံးချိန်း ချိန်းထားတာဖြစ်ပါတယ်။
Source : Competitor 
>>Zawgyi<<
ICJ သို့ ဒုတိယရုံးချိန်း ဒေါ်အောင်ဆန်းစုကြည် သွားတော့မည်မဟုတ်
Tuesday , January 21 , 2020

No comments:

Post a Comment

My Blog List