Thursday, January 23, 2020

ICJ ရဲ့ ဆုံးဖြတ်ချက်အပေါ် တပ်မတော် မစိုးရိမ်ဟုဆို

Image may contain: 1 person
သည်ကနေ့ ICJ တရားရုံးရဲ့ ကြားဖြတ်အမိန့်ချမှတ်လာမယ့်အပေါ် တပ်မတော်အနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ ဒုတိယစစ်ဥပဒေချုပ် ဗိုလ်ချုပ် သောင်းနိုင်က ပြောပါတယ်။

ဗိုလ်ချုပ်သောင်းနိုင်က"ကျွန်တော်တို့အနေနဲ့ကတော့ စိုးရိမ်စိတ်ကတော့မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့စွပ်စွဲထားသလို ကျွန်တော်တို့က လုပ်မှမလုပ်တာ။ ဟုတ်မှမဟုတ်တာ။ ကျွန်တော်တို့လဲ ကျွန်တော်တို့ဆီမှာရှိတဲ့ လုပ်သင့်လုပ်ထိုက်တာကို စစ်ဖက်တရားစီရင်ရေး မူဘောင်ထဲကဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ICCဖြစ်ဖြစ် ICJပဲဖြစ်ဖြစ် သူတို့လဲသူတို့လုပ်စရာရှိတာကိုလုပ်တယ်။ ကျွန်တော်တို့လဲ ကျွန်တော်တို့စစ်ဖက်တရားစီရင်ရေးမူဘောင်ထဲကနေ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမှာဖြစ်တယ်"လို့ ပြောပါတယ်။
သည်ကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောတာဖြစ်ပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က သည်ကနေ့ ညနေမှာ ကြားဖြတ်အမိန့်ချမှတ်တော့မှာ ဖြစ်ပါတယ်။
ICJ တရားကနေ ကြားဖြတ် အမိန့် ချမှတ်မယ့် အချိန်ကတော့ သည်ကနေ့ ညနေ ၃ နာရီခွဲမှာ ဖြစ်ပါတယ်။
သည်တစ်ခေါက်မှာတော့ ICJ သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါသွားခြင်းမရှိပဲ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဦးဆောင်ပြီး သွားရောက်တာဖြစ်ပါတယ်။
ဂမ်ဘီယာဘက်ကတောင်းဆိုတဲ့ ကြားဖြတ်အစီအစဥ်ကတော့ ၆ ချက်ရှိပြီး မြန်မာဘက်ကတော့ အမှုစာရင်းကနေ လုံးဝပယ်ဖျက်ဖို့၊မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာဘက်ကတောင်ဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ အမိန့်ကို မထုတ်ပြန်ဖို့ဆိုတဲ့ အချက်နှစ်ချက် ဖြစ်တယ်လို့ သိရပါတယ်။
Author-မာရီခိုင်

No comments:

Post a Comment

My Blog List