Wednesday, January 22, 2020

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုအပ်ချက်များအတွက် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင် သိန်းတစ်ရာကျော်လှူဒါန်း

Image may contain: 1 person, standing, sunglasses and outdoorImage may contain: 2 people, people standing and outdoor
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ဒေသတွင်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်ဦးနေထက်သိန်းနိုင်က သိန်းတစ်ရာကျော် ထပ်မံလှူဒါန်းလိုက်ကြောင်း သိရသည်။ 
လှူဒါန်းမှုများအနေဖြင့် လေသာဆရာတော်ဘုရားကြီး၏ ဆန္ဒအရ ဆုတောင်းပြည့်စေတီတော်ကြီးကို ပြန်လည်ပြုပြင်မွမ်းမံနိုင်ရန်အတွက် စေတီတော်အတွက်သိန်းပေါင်း(၁၀၀) လှူဒါန်းပေးခဲ့ကြောင်းသိရသည်။ 
ထို့အပြင် အထက ( ၁) ကျိုက်ထို ကျောင်းသူကျောင်းသားဟောင်းများ၏ ၈ ကြိမ်မြောက် မြတ်ဆရာပူဇော်ဆရာကန်တော့ပွဲ အတွက် သိန်းပေါင်း ၂၀ လှူဒါန်း ပေးပါခဲ့ပြီး၊ တောင်ပိုင်း သူငယ်တန်းကလေးတွေ စုံညီပွဲတော်အတွက် ငွေကျပ် ၃ သိန်း၊ တောင်ပိုင်းရပ်ကွက် မဟာဒုတ်အလှူအောင်ပွဲအတွက် ကျပ် ၅ သိန်း ၊ တောင်ပိုင်းက လူငယ်လေးများ၏ မဟာဒုတ် အောင်ပွဲ လူငယ်ပျော်ပွဲရွှင်ပွဲကျင်းပရန်ကျပ် ၁၅ သိန်း လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

No comments:

Post a Comment

My Blog List