Wednesday, January 22, 2020

အမေရိကန် ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်မယ့် နိုင်ငံစာရင်း မြန်မာပါဝင်နေ

Image may contain: 3 people, people standing and suit
မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၇ ခုက လာရောက်လည်ပတ်မယ့်သူတွေကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ကန့်သတ်မှုတွေ ချမှတ်ဖို့ အမေရိကန်အစိုးရက စီစဉ်နေပါတယ်။ အဲဒီ နိုင်ငံတွေထဲမှာ မြန်မာနဲ့အတူ ဘယ်လာရုစ်၊ အီရစ်တယီးရား၊ ကာဂျီစတန်၊ နိုင်ဂျီးရီးယား၊ ဆူဒါန်နဲ့ တန်ဇန်နီးယား နိုင်ငံတွေပါဝင်ပါတယ်။ ဒါပေမဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားအားလုံးအတွက် ကန့်သတ်ချက် သို့မဟုတ် ပိတ်ပင်ချက် ထုတ်မှာမဟုတ်ဘဲ အလုပ်အကိုင် သို့မဟုတ် အလည်အပတ်ဗီဇာတွေပဲ အကျုံးဝင်မယ်လို့ မနေ့ကထုတ်ဝေတဲ့ World Street Journal သတင်းမှာ ဖေါ်ပြထားပါတယ်။
လာမယ့် တနင်္လာနေ့မှာ တရားဝင် ထုတ်ပြန်ဖွယ်ရှိတဲ့ ဒီနိုင်ငံတွေစာရင်းကို သမ္မတ ထရမ့်က အတည်ပြုဖို့တော့ လိုပါသေးတယ်။ သမ္မတအနေနဲ့ ဖြည့်စွက် ပြင်ဆင်မှုတွေလုပ်နိုင်တယ်လို့ အရာရှိ တဦးက ပြောပါတယ်။ ဒါ့အပြင် အခု ချမှတ်မယ့် ပိတ်ပင်ကန့်သတ်ချက်တွေဟာ နိုင်ငံတခုနဲ့ တခု ထပ်တူမဟုတ်ပဲ ကွဲပြားတယ်လို့ CNN သတင်းမှာ ဖေါ်ပြထားပါတယ်။

သမ္မတ ထရမ့် အာဏာရလာပြီး နောက်ပိုင်း အကြမ်းဖက်မှု ကာကွယ်တဲ့အနေနဲ့ မွတ်စလင်နိုင်ငံတွေက လာမယ့်သူတွေကို ဗီဇာ ပိတ်ပင်မှုတွေ ချမှတ်ခဲ့ပေမယ့် အခု ကန့်သတ်ပိတ်ပင်မယ့် နိုင်ငံတွေထဲမှာတော့ မွတ်စလင်အများစု မဟုတ်တဲ့ နိုင်ငံတွေ ပါဝင်နေပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေထဲမှာ အမေရိကန် ပြည်ထောင်စုကို လာရောက်ပြီး မူရင်းနိုင်ငံတွေကို မပြန်ဘဲ ရက်လွန်နေထိုင်သူများတဲ့ နိုင်ငံတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး တရားဝင်နေထိုင်သူတယောက်ကို ပြန်လည်နှင်ထုတ်ဖို့ အခက်အခဲများစွာရှိတဲ့အတွက် အခုလို တင်းကျပ်တဲ့ ပိတ်ပင်မှုတွေလုပ်ဖို့လိုတယ်လို့ အစိုးရ အရာရှိတဦးက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု ရောက်ရှိပြီးနောက် ပြစ်မှုကျူးလွန်သူ တွေရဲ့ နောက်ကြောင်း သတင်းအချက်အလက်တွေကို တောင်းယူရာမှာ တချို့နိုင်ငံတွေက ပူးပေါင်း ဆောင်ရွက်မှု မရှိတဲ့အတွက် နိုင်ငံလုံခြုံရေးအတွက် ချမှတ်ထားတဲ့ လိုအပ်ချက်တွေကို လိုက်နာဖို့ သက်ဆိုင်ရာ နိုင်ငံတွေကို ဖိအားပေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံက လာရောက်နေထိုင်သူ အများအပြားကို ပြစ်မှုကျူးလွန်တဲ့အတွက် အမေရိကန် အစိုးရ က မြန်မာပြည် ပြန်ပို့ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်မပို့ခင် မြန်မာအာဏာပိုင်တွေထံက အချက်အလက် တောင်းယူရာမှာ အကြောင်းမပြန်ပဲ နှစ်နဲ့ချီ နှောင့်နှေးကျန့်ကြာမှုတွေရှိတယ်လို့ အမေရိကန်အရာရှိတွေက ထုတ်ပြန်ပြောဆိုခဲ့ဖူးပါတယ်
RFA
Unicode

- Zawgyi
~~~~~~~~~~~~~~~

Photo: President Donald J. Trump's FB

No comments:

Post a Comment

My Blog List