Friday, January 24, 2020

မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်ကြောင်း ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဆောင်ရွက်ရမည့် အချက်များကို JCJ ဆုံးဖြတ်

Image may contain: 5 people, indoor
မြန်မာနိုင်ငံ အနေဖြင့် ဂျီနိုဆိုက်ကွန်ဗန်းရှင်းအရ လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်ပေါ်စေနိုင်သည့် သတ်ဖြတ်ခြင်းများ၊ ကိုယ်ခန္ဓာထိခိုက်စေမှုများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်းများကို တားဆီးခြင်း၊ မပြုလုပ်ခြင်းများ စသော ဆောင်ရွက်သွားရန် အချက်များပါသော ကြားဖြတ်အစီအမံကို JCJ က ယနေ့ ချမှတ်ခဲ့သည်။
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးသတ်ဖြတ်မှုများ ကျူးလွန်သည့်ဟုဆိုကာ နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုထားမှုတွင် ယနေ့ ကြားဖြတ်အစီအမံများ လုပ်ဆောင်ရန် တရားရုံးက ချမှတ်ခဲ့သည်။

တရားရုံး၏ ဆုံးဖြတ်မှုတွင် မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံး သတ်ဖြတ်မှုများ မဖြစ်ပေါ်စေရန် တပ်မတော် အပါအဝင် အခြားအဖွဲ့အစည်းများကပါ မကျူးလွန်ရန်၊ ပူးပေါင်းကြံစည်းခြင်း၊ ကြိုးစားခြင်း၊ အလိုတူ အလိုပါဖြစ်ခြင်းများ မပြုလုပ်ရန်၊ ထိရောက်သည့် အစီအမံများကို ဆောင်ရွက်ရန်၊ အထောက်အထားများကို ဖျက်ဆီးခြင်း မပြုဘဲ ထိန်းသိမ်းထားရန်၊ အစီအမံများ ဆောင်ရွက်နေမှုကို လေးလအတွင်း ပထမအကြိမ် တင်ပြပြီးနောက် နောက်ဆုံး ဆုံးဖြတ်ချက် မတိုင်ခင် အထိ ခြောက်လ တစ်ကြိမ် ဆောင်ရွက်နေမှုများကို တင်ပြရန် စသော အချက်များကို ဆောင်ရွက်ရန် ချမှတ်ခဲ့သည်။

ယခု ကြားဖြတ်အစီအမံများသည် မြန်မာနိုင်ငံ အနေဖြင့် လူမျိုးတုံးသတ်ဖြတ်ကြောင်း ဆုံးဖြတ်ခြင်း မဟုတ်သလို ဂမ်ဘီယာနှင့် မြန်မာတို့ အမှုတွင် အမှားအမှန် အကျိုးအပြစ် ဆုံးဖြတ်ခြင်း မဟုတ်ကြောင်း တရားရုံးက ဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလီကိစ္စကို စွမ်းနိုင်သမျှ ဆောင်ရွက်ရန် တရားရုံးက တိုက်တွန်းပြောကြားခဲ့ပြီး ဂမ်ဘီယာ အနေဖြင့်လည်း ယခုအမှုအား ပိုမိုကြီးထွားလာရန် မဆောင်ရွက်စေလိုကြောင်း တရားရုံးက ပြောကြားခဲ့သည်။
သည်။

AS
Isee Media
<Zawgyi>
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်ကြောင်း ဆုံးဖြတ်ခြင်း မဟုတ်ဘဲ ဆောင်ရွက်ရမည့် အချက်များကို JCJ
ဆုံးဖြတ်

No comments:

Post a Comment

My Blog List