Friday, August 08, 2014

ဖွဲ့စည်းပုံပါ အရည်အချင်းသတ်မှတ်ချက်ဖြင့် တပ်ကိုယ်စားလှယ် အစားထိုးရွေးချယ်


လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားချိန် ခုရက်ပိုင်းအတွင်း လွှတ်တော်အသီးသီးက တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေ အများအပြားကို အသုတ်လိုက် အစားထိုး ပြောင်းလဲခန့်အပ်မှုတွေ ရှိနေပါတယ်။

မလေးရှား ၀တ်လစ်စလစ်ကစားပွဲတွင် ပါဝင်ခဲ့သူများကို နိုင်ငံတကာရဲတပ်ဖွဲ့ဖြင့် ဖမ်းဆီးမည်



ပီနန်အမျိုးသားဥယျာဉ်အတွင်းမှ တီလတ်ကမ်ပီကမ်းခြေတွင် ၀တ်လစ်စလစ်ကစားပွဲတစ်ခု ဆင်နွှဲခဲ့ကြသူ ၁၅ ဦးအနက်မှ နိုင်ငံခြားသား ရှစ်ဦးကို ဖမ်းဆီးနိုင်ရန် ပီနန်ရဲတပ်ဖွဲ့က နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) ထံ အကူအညီတောင်းခဲ့သွားမည်ဟု သိရသည်။

ရှပ်ဝါခေါင်းဆောင် ထိုင်း မီဒီယာလုပ်ငန်းရှင်အား အာမခံရုပ်သိမ်းပြီး ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံရန် တရားရုံး အမိန့်ချမှတ်



ထိုင်းရှပ်ဝါ ဆန္ဒပြအဖွဲ့အား ထူထောင်သူ မီဒီယာလုပ်ငန်းရှင်တစ်ဦးအား အယူခံတရားရုံးက အာမခံ ပေးထားမှု ရုပ်သိမ်းလိုက်ပြီး သြဂုတ် ၇ က် တွင် ထောင်ဒဏ် နှစ် ၂၀ စတင် ကျခံစေလိုက်ကြောင်း သိရသည်။ စီးပွားရေးလုပ်ငန်းတွင် မသမာမှုများ လုပ်ဆောင်ခဲ့ပုဒ်မများဖြင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်းဖြစ် ကြောင်း ၎င်း၏ရှေ့နေက ပြောကြားသည်။

မလေးရှားခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရသည့်နေရာအနီးတွင် ယူကရိန်း တိုက်လေယာဉ်တစ်စင်း ထပ်မံပစ်ချခံရ



ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားသည့် နယ်မြေဝေဟင်ပေါ်တွင် ပျံသန်းသွားသည့် အစိုးရ တိုက်လေယာဉ်တစ်စင်းသည် သြဂုတ် ၇ ရက်က ပစ်ချခံခဲ့ရကြောင်း သိရသည်။ ယခုလေယာဉ်ပစ်ချခံခဲ့ရသည့် နေရာသည် မလေးရှားလေကြောင်းလိုင်းမှ လူ ၂၉၈ ဦး သေဆုံးခဲ့သော MH17 လေယာဉ် ဇူလိုင် ၁၇ ရက်တွင် ပစ်ချခံခဲ့ရသည့် နေရာ အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်တွင် ဖြစ်သည်။

သတ္တုမိုင်းတွင်းတူးဖော်ရေးသူဌေးတစ်ဦး သေဒဏ်ချမှတ်ခံရမှုကို တရုတ်တရားရုံးက ထောက်ခံ



သတ္တုမိုင်းတူးဖော်ရေး သူဌေး တစ်ဦးကို သေဒဏ်ချမှတ်ခဲ့မှုနှင့် ပတ်သက်ပြီး သြဂုတ် ၇ရက်တွင် တရုတ်နိုင်ငံ တရားရုံးတစ်ရုံးက ထောက်ခံခဲ့ကြောင်းနှင့် ၄င်းသည် အဂတိလိုက်စားမှု ကျူးလွန်နေ ကြောင်း စစ်ဆေးခံနေရသူ လုံခြုံ ရေးအကြီးအကဲ ရှုနှင့်ဆက် စပ်နေ ကြောင်း သိရသည်။ လူဟန်၊ လူဝေ နှင့် အပေါင်းအပါသုံးဦးတို့သည် မာဖီးယားစတိုင်လ်အဖွဲ့ဖွဲ့ကာ လူသတ်မှုနှင့် တခြားသော ရာဇဝတ်မှု ကျူးလွန်မှုတို့ကြောင့် မေလက သေ ဒဏ်ချမှတ်ခဲ့ပြီးနောက် ၄င်းတို့က ဟူဘင်ပြည်နယ် တရားရုံးချုပ်တွင် အယူခံဝင်ခဲ့သည်။

ဆင်းမ်ကတ် ၁ဝ သန်းနှင့် တာဝါတိုင်တစ်ထောင် အသင့်ဖြစ်ပြီဟု တယ်လီနောဆို



မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေး အော်ပရေ တာတစ်ခုဖြစ်သည့် တယ်လီနောမှ လာမည့် စက်တင်ဘာလတွင် ရောင်း ချရန် ဆင်းမ်ကတ် ၁ဝသန်းနှင့်တာဝါ တိုင်အင်အား ၁ဝဝဝအထိ အသင့်ဖြစ် နေပြီး ငါးနှစ်အတွင်း တာဝါတိုင် ၈ဝဝဝအထိ အသုံးပြုသွားမည် ဖြစ် ကြောင်း Mr. Petter Furberg က ပြောသည်။

စတင်ဝန်ဆောင်မှု ပေးချိန်တွင် 2G နှင့် 3G ကွန်ရက်များတွင် အသုံးပြု နိုင်ရန် ဆောင်ရွက်ထားမည်ဖြစ်ပြီး အသုံးပြုသူများ အတွက်ဈေးနှုန်းသက်သာသည့် ဟန်းဆက်များဖြင့် အသုံး ပြုနိုင်ရန် 2G ကွန်ရက်ကို ဝန်ဆောင်မှု ပေးထားခြင်းဖြစ်သည်ဟု သိရသည်။

''2G ဟန်းဆက်တွေက ဈေးသက်သာတဲ့အတွက် အလွယ်တကူ ဝယ်ပြီးသုံးနိုင်အောင်နဲ့လက်ရှိအသုံး ပြုနေတဲ့ ဟန်းဆက်တွေ နဲ့ပဲသုံးနိုင် အောင် 2G ကို ဝန်ဆောင်မှု ပေးတာ ဖြစ်ပါတယ်။ ဆင်းမ်ကတ်တွေကို ကျပ်၁၅ဝဝနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေမှာ ဦးစားပေးရောင်း ချပေးသွားမှာဖြစ်ပါတယ်'' ဟုတယ်လီ နောမြန်မာ အမှုဆောင်အရာရှိချုပ် Mr. Petter Fuberg ကပြောသည်။

ဖုန်းခေါ်ဆိုမှုအတွက် တယ်လီ နောမှ မည်သည့်အော်ပရေတာကို ခေါ်ဆိုသည်ဖြစ်စေ တစ်မိနစ် ၂၅ ကျပ်ထက် မပိုသည့် ပမာဏကို ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း တယ်လီနောမှ သိရသည်။

အင်တာနက်အသုံးပြုရာတွင် 2G ဆိုပါက 150 KB မှ 250 KB အတွင်းမြန်နှုန်းဖြစ်ပြီး 3G ဆိုပါက 7.2 MB မြန်နှုန်းဖြင့် အသုံးပြုနိုင် မည်ဖြစ်ပြီး အင်တာနက်အသုံးပြုခနှင့် ပတ်သက်၍ ဆင်းမ်ကတ် စတင်ချ ထားပေးသည့် စက်တင်ဘာလတွင် ကြော်ငြာမည်ဖြစ်ကြောင်း သိရသည်။

တယ်လီနောအနေဖြင့် မြန်မာ နိုင်ငံတွင် 4G ကွန်ရက်အသုံးပြုနိုင် ရန်အတွက်မူ မြန်မာပြည်သူများ 4G လိုအပ်ချက်ရှိလာမှသာ စတင်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

AKH (Myitmakha)
Democracytoday
Yangon Media Group

ပြည်သူများ လွတ်လပ်စွာစုဝေးဟောပြော ဆန္ဒထုတ်ဖော် နိုင်မည့်နေရာများ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဖန်တီးတည်ဆောက်ပေးရန် လိုဟု ဦးကိုကိုကြီးဆို


အစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူများ လွတ်လပ်စွာစုဝေး ဟောပြောဆန္ဒ ထုတ် ဖော် နိုင်သည့် ပြည်သူ့ရင်ပြင်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းတွင် ဖန်တီး တည်ဆောက်ပေးဖို့ လိုအပ်နေ ကြောင်း ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးက ပြောသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နိုင်ရေး နိုင်ငံရေးပါတီများနှင့် ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံမည်


တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးတွင် နိုင်ငံရေးပါတီများ၏ အကြံဥာဏ်များပါ ရယူနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဌ ဦးအောင်မင်းနှင့် နိုင်ငံရေး ပါတီတို့ သြဂုတ်လ (၁၁)ရက်နေ့တွင် မြန်မာငြိမ်းချမ်းရေးစင်တာ၌ တွေ့ဆုံမည်ဟု သိရှိရသည်။

အစ္စလာမ်သင်္ချိုင်း မီးရှို့ဖျက်ဆီးခဲ့သူများဟု ယူဆရသူ ၁၅ ဦးကို ရုံးတင်စစ်ဆေးနေ


မန္တလေးပဋိပက္ခတွင် သေဆုံးခဲ့သူ ကိုထွန်းထွန်း ဈာပနသို့ လိုက်ပါပို့ဆောင်ရင်း အစ္စလာမ်သင်္ချိုင်းကို ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟု ယူဆရသူ ၁၅ဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးမှဒု-ရဲအုပ် ထွန်းထွန်းက တရားလိုပြုလုပ်၍ သြဂုတ်လ၂ရက်တွင် ပုသိမ်ကြီးမြို့နယ် တရားရုံး၌ ရုံးတင်စစ်ဆေးခဲ့ပြီး ပထမရုံးချိန်းကို သြဂုတ် ၅ရက်နှင့် ဒုတိယရုံးချိန်းကို သြဂုတ် ၇ရက်တို့တွင် တရားလိုပြ သက်သေများ စစ်ဆေးလျက်ရှိ သည်ဟု ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှဒု-ရဲမှူး ထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

၄၃၆ ပြင်ရမယ်ဆိုတာ ဦးခင်အောင်မြင့် သဘောတူ


တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ လိုအပ်တဲ့အတွက် လုပ်ရမှာ ဖြစ်တယ်၊ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေး သင့်ပေမယ့် မြန်မာ့ နိုင်ငံရေး ပြဿနာတွေကို ဒီခေါင်းဆောင်တွေချည်းပဲ ဆုံးဖြတ်မရဘူးလို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောဆို လိုက်ပါတယ်။

အီရတ် လူနည်းစုတွေကို ကန် လေကြောင်း အကူအညီပေး


အီရတ်နိုင်ငံမြောက်ပိုင်းမှာ အစ္စလာမ် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့်ထွက်ပြေးတိမ်းရှောင်နေ ရပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် သေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ခရစ္စယာန်ဘာသာဝင်တွေနဲ့ ရှေးဟောင်းအယူဝါဒ ကိုးကွယ်သူ Yazidi မျိုးနွယ်စုတွေအတွက် အမေရိကန် ပြန်ထောင်စုက အရေးပေါ် လူသား ချင်း စာနာတဲ့ အကူအညီတွေ လေကြောင်းကနေ စတင် ချပေးနေပြီလို့ ပင်တဂွန် အရာရှိတွေက ပြောပါတယ်။

၈၈ မျိုးဆက် ပါတီ နိုင်ငံရေး ဝင်သင့်လား


မြန်မာနိုင်ငံမှာ ၈၈ လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တာ ဒီနေ့ဆိုရင် ၂၆ နှစ် တင်းတင်းပြည့်သွားပါပြီ။ ၈၈ လူထု လှုပ်ရှားမှုကြီးမှာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အနေနဲ့ မြန်မာ့နိုင်ငံရေးထဲ ပါတီနိုင်ငံရေးပုံစံနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ဖို့လိုမယ်လို့ ပြည်ပရောက် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်အချို့က သုံးသပ်ပြောဆိုပါတယ်။ 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေး


ဒေသတွင်း အငြင်းပွားဖွယ် တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာကိစ္စရပ်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စ ရပ်တွေကို အလေးပေးဆွေးနွေးဖွယ်ရှိတဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးအဆင့် အစည်းအဝေးတွေ ကို နေပြည်တော်မှာ ဒီနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံး၂၆နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွမ်းသူပန်းခွေများ၊ ပန်းများအား စနစ်တကျ ပြန်လည်သိမ်းဆည်း




ရှစ်လေးလုံး  ၂၆နှစ်ပြည့်  အထိမ်းအမှတ်အဖြစ် လွမ်းသူပန်းခွေချဂုဏ်ပြု   အခမ်းအနားကို   ယနေ့ နံနက် ၈း၀၈ မိနစ် အချိန်တွင် မြို့တော် ခန်းမရှေ့ တွင်ကျင်းပခဲ့သည်။

ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ်ပြည့်သို့ ၈၈ မျိုးဆက်ရဲ့ သဝဏ်လွှာ



ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့် အခမ်းအနားကို ၈၈ မျိုးဆက်   ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က သဝဏ်လွှာ ပေးပို့ပါတယ်။ (၂၆) နှစ်မြောက် ရှစ်လေး လုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ ၈၈မျိုးဆက် ( ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ပေးပို့သော သဝဏ်လွှာ

ဒလမြို့နေ ပြည်သူလူထု၏ ဘဝအခြေအနေကို ဗြိတိန်သံအမတ်ကြီး သွားရောက်လေ့လာ


ရန်ကုန်မြို့တော် တစ်ဖက်ကမ်းရှိ ဒလမြို့မှ ပြည်သူလူထုများ ရန်ကုန်မြို့သို့ မည်သို့ ကူးသန်းသွားလာ အလုပ်လုပ်ကိုင်ကြပုံနှင့် ဒလမြို့နေ ပြည်သူလူထု၏ ဘဝအခြေအနေကို သြဂုတ်လ ၆ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ အန်ဒရူး ပက်ထရစ်က သွားရောက် လေ့လာ ခဲ့ကြောင်း ဗြိတိန်သံရုံးထံမှ သိရသည်။

အီဘိုလာရောဂါကြောင့် လိုက်ဘေးရီးယားနိုင်ငံတွင် အရေးပေါ် အခြေအနေ ကြေညာ


အီဘိုလာ ရောဂါကပ်ဘေး ပြင်းထန်စွာ ကူးစက်လျက်ရှိသော အနောက်အာဖရိက နိုင်ငံတစ်နိုင်ငံ ဖြစ်သော လိုက်ဘေးရီးယားတွင် နိုင်ငံတော်သမ္မတက တိုင်းပြည်ကို အရေးပေါ် အခြေအနေ ကြေညာ လိုက်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

(၄၇)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အမေရိကန်၊ ရုရှား၊ တရုတ် အပါအ၀င် အင်အားကြီးနိုင်ငံများမှ ကိုယ်စားလှယ် များတက်ရောက်မည့် အာဆီယံဒေသတွင်းဖိုရမ် နေပြည်တော်၌ ယနေ့ စတင်မည်


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာရှ၏ အကြီးဆုံး လုံခြုံရေးဆွေးနွေးပွဲအဖြစ် လူသိ များသော အာဆီယံဒေသတွင်းဖိုရမ် (Asean Regional Forum) ကို နေပြည်တော်၌ ယနေ့ (ဩဂုတ် ၈ ရက်)တွင် စတင် ကျင်းပမည် ဖြစ်သည်။ 

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် မြေပေါ်၌ KNU/KNLA မှ ခြံစည်းရိုးဝင်ခတ်သဖြင့် မြေပိုင်ဆိုင်မှုကို စစ်ဆေးကာ မြို့နယ်စည်ပင်က တရားစွဲမည်


ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ်(၄၈)ရပ်ကွက်ရှိ ပိုင်ဆိုင်မှု အငြင်းပွား ဖွယ်ဖြစ်နေသည့် မြေပေါ်၌ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဗဟိုဌာနချုပ် (စီးပွားရေးတပ်ဖွဲ့)ကခြံစည်း ရိုး ဝင်ရောက်ခတ်သဖြင့် မြေပိုင်ဆိုင်မှုကိုစစ်ဆေးပြီး မြို့နယ်စည်ပင်က တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၄၃၆ ပြင်ဆင်ရေးလက်မှတ်များ လာမည့် ပြည်ထောင်စုလွှတ်တော်တွင် တင်မည်


တစ်နိုင်ငံလုံးနီးပါး ကောက်ခံခဲ့သည့် အခြေခံဥပဒေပါပုဒ်မ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်များကို လာမည့် ၁၂ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် မှုဆောင် ဒေါ်နန်းခင်ထွေးမြင့်က မဇ္ဈိမကို ပြောသည်။

သြဂုတ် ၁၁ ရက် နိုင်ငံရေးပါတီအားလုံးကို ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းမည်


အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပြီးတဲ့အခါ ရက်ပေါင်းခြောက်ဆယ်အတွင်း framework meeting ဆောင်ရွက်ဖို့နဲ့ လက်မှတ်ရေး ထိုးပြီး ရက်ပေါင်း(၉၀)အတွင်း ပါဝင်သင့်ပါဝင်ထိုက်သူများပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (political dialogue) ဆောက်ရွက်ဖို့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) တို့ နှစ်ဖက်အကြားရရှိထား တဲ့သဘောတူညီချက်တွေထဲမှာ အရေးအကြီးဆုံး သဘောတူညီချက်တွေဖြစ် တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာကဦးလှမောင်ရွှေက ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်များ၏ ၈၈၈၈ အမှတ်တရစကား


လာမယ့် သြဂုတ် ၈ ရက်နေ့ဟာဆိုရင် ၈ လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ခဲ့တဲ့ ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။၈ လေးလုံးအရေးတော်ပုံ ပေါ်ပေါက်ခဲ့တဲ့ ၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အပေါ် လိုင်ဇာတိုင်းရင်းသား လက်နက်ကိုင်ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ တိုင်းရင်းသား အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ အမှတ်တရစကားတွေကို စုစည်းပေးထားပါတယ်။

လွှတ်တော်အမတ်များ၏ ၈၈၈၈ အမှတ်တရစကား


၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံလှုပ်ရှားမှုဟာ အခုဆို ၂၆ နှစ်ပြည့် ငွေရတုတိုင် ခဲ့ပြီ ဖြစ်ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံအတွင်း တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ ရရှိရေး တောင်းဆိုခဲ့ကြတဲ့ ရဟန်းရှင်၊ လူ၊ ကျောင်းသားနဲ့ ပြည်သူတွေကို စစ်အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ် ပြည့်သော်လည်း ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ မရောက်သေးဟု နိုင်ငံရေးအင်အားစုအချို့ ဝေဖန်


ရှစ်လေးလုံး အရေးတော်ပုံ ၂၆ နှစ် ပြည့်သော်လည်း မြန်မာ့နိုင်ငံရေးသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း နိုင်ငံရေး အင်အားစုများက ပြောကြားသည်။

ကမ္ဘာ့အင်အားကြီး ခြောက်ပွင့်ဆိုင် အစည်းအဝေး မြန်မာတွင် ပြုလုပ်ဖွယ်ရှိ



အာဆီယံအစည်း အဝေးများအတွင်း ပြုလုပ်ခြင်း နည်းပါးသည့် နာမည်ကျော် အင်အားကြီး ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မြန်မာနိုင်ငံတွင် ကျင်းပနိုင်ခြေများနေကြောင်း သတင်းရရှိသည်။ ရုရှား၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီး ယားနှင့် တရုတ်စသည့် ခြောက်နိုင်ငံတို့သည် ၁၉၉၄ နောက်ပိုင်းမှစ၍အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် သီးသန့်တွေ့ ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။ 

ဗီဇာစည်းကမ်းချိုးဖောက်သည်ဆိုကာ ဦးမောင်မောင်ဝမ်းအားပြည်နှင်ဒဏ်ပေး



ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံဖွား အမေရိကန်သားခံယူထားသူ အင်္ဂလိပ်စာ ဆရာ ဦးမောင်မောင်ဝမ်းကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုဖြင့် ပြည်နှင်ဒဏ်ပေးလိုက်ကြောင်းရေနံချောင်းမြို့နယ် လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

Snowden ကို ရုရှားမှာ ၃ နှစ် ဆက်နေခွင့်ပြု



အမေရိကန် ထောက်လှမ်းရေး NSA က ဝန်ထမ်းဟောင်း Edward Snowden ကို ရုရှားနိုင်ငံမှာ နေထိုင်ခွင့် နောက်ထပ် ၃ နှစ် ထပ်ပေး လိုက်ပါပြီ။ စနိုဒန်ဟာ သတင်းနဲ့ နည်းပညာလုပ်ငန်းဆိုင်ရာ အလုပ်ကို လုပ်နေပြီး ဒီအလုပ်ကြောင့် ရုရှားမှာ ဆက်နေရ မှာဖြစ်ကြောင်း စနိုဒန်ရဲ့ ရှေ့နေ အနာတိုလီ ကူချာရီနာ (Anatoly Kucharena) ကပြောပါတယ်။ အခုလို ရုရှားမှာ ဆက်လက် နေထိုင်ခွင့်ပြုတာအတွက် နိုင်ငံရေးခိုလှုံခွင့်နဲ့ နေသူအဖြစ် သတ်မှတ်မထားဘူးလို့လည်း ပြောပါတယ်။

ရှမ်းမြောက်တွင် ထိုးစစ်ရပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီးက အစိုးရအား တိုက်တွန်းရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို



ရှမ်းပြည်နယ်အတွင်း အစိုးရတပ် ထိုးစစ်ဆင်ခြင်းများကို မကြာမီ မြန်မာနိုင်ငံသို့ ရောက်ရှိလာမည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ အနေဖြင့် ရပ်တန့်ခိုင်းရန် ရှမ်းလူမှု အခြေပြု အဖွဲ့အစည်းများက သြဂုတ်လ ၇ရက် နေ့စွဲဖြင့် အိတ်ဖွင့် ပေးစာပို့ကာ တောင်းဆိုလိုက်သည်။

အနည်းဆုံးလုပ်ခ ၆၅၀၀ နှင့် ပြည်နယ် တိုင်းအလိုက် လုပ်အားခ ၁၅ မျိုး သတ်မှတ်ရန် ယနေ့ ဆွေးနွေးပြီ



လှိုင်သာယာမြို့နယ်၊ျြေအနမှစသမအျဖိနပ်စက်ရုံမှ အလုပ်သမများ လုပ်ခလစာ ပုံမှန်မရခြင်းကြောင့် ကိုရီးယားသံရုံးရှေ့တွင် ဆန်္ဒပြတောင်းဆိုနေသည်ကို ဇူလိုင်လ ၁၄ ရက်က တွေ့ရစဉ်။ လုပ်ခလစာနည်းလွန်းခြင်း၊ လစာပုံမှန်မရခြင်း၊ အချိန်ပိုကြေးများ ပုံမှန်မရှိခြင်းတို့ကြောင့် စက်မှုဇုန်များရှိရာ လှိုင်သာယာမြို့ နယ်မှ အလုပ်သမားများ အပါအ၀င်၊ အခြားဒေသများမှ အလုပ်သမား တို့က လည်း မကြာခဏ ဆန္ဒပြတောင်းဆိုလေ့ရှိသည်။ 

မန်းပဋိပက္ခ တရားစွဲဆိုခံထားရသူများ လူ့အခွင့်အရေးဆုံးရှုံးသည်မှာ မဟုတ်မှန်ဟု ပြည်ထဲရေးက ကာကွယ်ပြောကြား



မန္တလေးမြို့ပဋိပက္ခတွင် ဖြစ်စဉ်အရင်းအမြစ် တရားခံဟု ယူဆရသူလေးဦးအား ပျဉ်းမနားမြို့နယ်တရားရုံး၌ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ယင်းတရားခံများ လူ့အခွင့်အရေး ဆုံးရှုံးလျက်ရှိကြောင်း ထွက်ပေါ်နေသည့် သတင်းများ မှားယွင်းသည်ဟု အမည်မဖော်လိုသူ ရဲ အရာရှိကြီးတစ်ဦးက ကာကွယ်ပြောဆို လိုက်သည်။

မွန်ပြည်နယ်ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး မြေပြိုမှုနှင့် တောင်ကျရေများကြောင့် နှစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံး




မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်မှ စတင်ကာ ဒေသအချို့တွင် ရေကြီးနစ်မြုပ်မှု များဖြစ်ပေါ်နေပြီး မြေပြိုမှုနှင့် တောင်ကျရေများကြောင့် လူနှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Thursday, August 07, 2014

မာရှယ်လော ရုတ်သိမ်းရန် ထိုင်း NCPO စီစဉ်


ထိုင်းငြိမ်းချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေး အမျိုးသား ကောင်စီ (NCPO) အကြီးအကဲတွင် စစ်အုပ် ချုပ်ရေးအမိန့် (မာရှယ်လော)ကို မကြာခင်တွင် ရုတ်သိမ်းမည့် အစီအစဉ် တစ်ရပ် ရှိနေကြောင်း ပြန်လည် စည်းလုံးရေး နှင့် ပြုပြင် ပြောင်းလဲရေးစင်တာမှ ညွှန်ကြား ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ကမ်ပနာ့ ရက်ဒစ် (Kampanart Ruddit) က ဗုဒ္ဓဟူးနေ့က ဆိုခဲ့သည်။

ထပ်မံအားမစမ်းကြရန် ကိုကိုကြီး မေတ္တာရပ်ခံ


၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အင်န်အယ်လ်ဒီတို့က ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လုပ်ဆောင်နေချိန်နှင့် တစ်ပြိုင်နက်တည်း ရွေးကောက်ပွဲစနစ်တစ်ခုဖြစ်သည့် ရွေး ကောက်ပွဲအချိုးကျ ကိုယ်စားပြုစနစ် ပီအာရ်ကို တင်သွင်းလာခြင်းသည် တစ်ဦးကိုတစ်ဦး အားစမ်းသည့်ပုံ သဏ္ဍာန်ဖြစ်သောကြောင့် နိုင်ငံရေးကစားကွက်များကို လက်နက်အဖြစ်အသုံးမချရန် မတ္တာရပ်ခံသည်ဟု ဦးကိုကိုကြီးက အင်န်အယ်လ်ဒီပါတီရုံးချုပ်တွင်ပြုလုပ်သည့် ၄၃၆ ပြင်ဆင်ရေးပူးတွဲကော်မတီ၏ သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပြည်နှင်ဒဏ်ခံရသူ ဦးမောင်မောင်ဝမ်း ဘာပြောထားလဲ



မြန်မာနိုင်ငံ မကွေးတိုင်း ရေနံချောင်းမြို့မှာ အင်္ဂလိပ်စာသင်ကြားနေစဉ် လ၀က နဲ့ ရဲတို့က ခေါ်လာပြီး မနေ့တုန်းက ပြည်နှင် ဒဏ်ပေးခံလိုက်တဲ့ အွန်လိုင်းက အင်္ဂလိပ်စာသင်ကြားသူ ဦးမောင်မောင်ဝမ်းက သူ ဘာကြောင့် ပြည်နှင်ဒဏ်ပေးခံရတယ်ဆို တာနဲ့ပတ်သက်ပြီး အခုလို ရေးသား ဖော်ပြထားပါတယ်။ 

တစ်ခေတ်ဆန်း အလှမယ်နဲ့ သရဖူအရှုပ်တော်ပုံ



၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းချိန်မှစကာ ကင်းကွာခဲ့သော နိုင်ငံတကာ မယ်ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံက ပြန်လည် ထိတွေ့ခွင့်ရခဲ့ သည်က မကြာလှသေး။ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနှင့် မိုးစက်ဝိုင်စသော အမည် နာမများသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဆုတံဆိပ်နှင့်အတူ မြန်မာပြည်သူ တို့ကြားတွင် ပြောစရာအကြောင်း တရားတစ်ခု ဖြစ်လာခဲ့သည်။ သို့သော် သိပ်မကြာလိုက်သော အချိန်တွင်ပြောစရာအကြောင်းအရာက ပြောင်းသွား သည်။

ရုပ်ရှင်ရိုက်ရန် လိုချင်သည့်ဇာတ်လမ်း ရှာမတွေ့သေးဟု မိုးစက်ဝိုင် ဆို


မိုးစက်ဝိုင်သည် ၎င်း၏ပရိသတ်များအတွက် အမှတ်တရတစ်ခုကျန်ရစ်စေမည့် ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးရန် ဇာတ်လမ်းတစ်ပုဒ်ရှာနေသော်လည်း ယင်းဇာတ်လမ်းကို မတွေ့သေးဟု ပြောသည်။ “ဒီလောကထဲမှာ မလုပ်တော့တဲ့အခါ ပဲဖြစ်ဖြစ် မိုးစက်ကို အားပေးတဲ့ ပရိသတ်ကြီးကို အမှတ်တရ ကျန် ရစ်အောင် ရုပ်ရှင်တစ်ကားရိုက်ကူးဖို့ နဂိုကတည်းက ဆုံးဖြတ်ထားပါတယ်။ 

ဗြိတိသျှ သံအမတ်ကြီးရဲ့ ဒလဘက်က ပြည်သူ့ဘ၀ လေ့လာရေးခရီး



ပြည်တော်ပြန်ဖို့ ဖိတ်ခေါ်ချက်ကို ဦးသိန်းစိန်အစိုးရ မေ့ပစ်လိုက်ပြီလား


အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ ခေတ္တလာရောက်လည်ပတ်တဲ့ ၈၈ ကျောင်းသားဟောင်း ကိုမောင်မောင်ဝမ်းကို မြန်မာအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တယ်ဆိုတဲ့သတင်းကို ဖတ်ရတော့ အတော် အံ့သြတုန်လှုပ်သွားပါတယ်။ 

ဓမ္မစေတီခေါင်းလောင်းကြီးဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်ငြိစွန်းဟုဆို


ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူပြီးပါက လက်ဝယ်ထားရှိသူမှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေနှင့် ငြိစွန်းနိုင်သည့်အတွက် ခေါင်းလောင်း ဆယ်ယူရေးတွင် ယဉ်ကျေး မှုဝန်ကြီးဌာနအနေနှင့် ပူးပေါင်းပါဝင်သင့်ကြောင်း သမိုင်းပညာရှင်တချို့က သုံးသပ်ပြော ကြားလိုက် သည်။

e-Government စီမံကိန်းအတွက် ဘတ်ဂျက်သတ်မှတ်မည်


မြန်မာနိုင်ငံတွင် ဆက်လက်အကောင်အထည်ဖော်မည့် e-Government စီမံကိန်း၌ သုံးစွဲမည့် ဘတ်ဂျက် ပမာဏကို သြဂုတ်လတွင် သတ်မှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ e-Government လုပ်ငန်းကို နိုင်ငံတော်အစိုးရအနေဖြင့် လုပ်ကိုင်ခဲ့သည်မှာ ၁၀ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး မအောင်မြင်သေးသဖြင့် လက်ရှိတွင် e-Government နှင့် ပတ်သက်သည့် လပေါင်း ၂၀ စီမံကိန်းကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦး ကပြောသည်။

ကြွက်အန္တရာယ်ကြောင့် အိန္ဒိယ လေယာဉ်တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရ


အိန္ဒိယ လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးသည် ကြွက်များ လေယာဉ်ပေါ်တွင် ပါလာ သဖြင့် လိုရာခရီးသို့ ရောက်အောင် မပျံသန်းနိုင်ဘဲ နီးစပ်ရာ လေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရ သည်ဟု CNA သတင်းဌာနတွင် ဖော်ပြသည်။

ဖိုရမ်ဖြင့် ပြည်သူ့ယုံကြည်မှုရယူမည်ဟု ပြည်ခိုင်ဖြိုး ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးပြော



တိုင်းနှင့်ပြည်နယ်များတွင် ဖိုရမ်များကျင်းပရခြင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်သူ များ သက်ဝင်ယုံကြည်လာအောင် အားဖြည့်သည့် လုပ်ငန်းစဉ်ဟု ပါတီ၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဦးဌေးဦးက သြဂုတ် ၆ ရက်၌ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပသော ပြည်ခိုင်ဖြိုး ပါတီ၏ “တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄)”တွင် ပြောခဲ့သည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ တိုင်းလွှတ်တော် အတည်ပြုရန်ကျန်


ရန်ကုန်မြို့တော်ရှိ သမိုင်းဝင်အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို ထိန်း သိမ်းစောင့်ရှောက်ရန် လိုအပ်သောဥပဒေဖြစ်သည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေး ဥပဒေကို ရေးဆွဲတင်ပြထားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြု ပြဋ္ဌာန်း ရန်သာလိုတော့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(YHT)မှ တည်ထောင် သူ ဥက္ကဋ္ဌ ဒေါက်တာဦးသန့်မြင့်ဦးက ပြောကြားသည်။

ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှုမှ တစ်ဆင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန် အမေရိက တိုက်တွန်း


လတ်တလော ထွက်ပေါ်ခဲ့သော ဂါဇာဒေသ အပစ်အခတ်ရပ်စဲမှုကို ကောင်းစွာ အသုံးချကာ ကျယ်ပြန့် သည့် စေ့စပ်ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားကြရန် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက အစ္စရေးနှင့် ပါလက်စတိုင်းတို့ကို တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

My Blog List