Wednesday, January 22, 2020

ပင်လောင်းမှာ မယ်တော်ရုပ်တု ဖျက်ဆီးခံရ

Image may contain: 1 person, standing
ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု တကန်ကူးကျေးရွာမှာ ကယန်းလူမျိုးတွေ ကိုးကွယ်နေတဲ့ မယ်တော်ရုပ်ဖျက်စီးခံရတာကြောင့် သက်ဆိုင်ရာက အမြန်ဆုံးစိစစ်အရေးယူပေးဖို့ ကယန်းအမျိုးသား ညီညွတ်ရေး ဦးဆောင်ကော်မတီက တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ နဲ့ ၁၉ ရက်နေ့တွေမှာ တကန်ကူးကျေးရွာပိုင် ဟားရေတံခွန်အနီးက လူနည်းစုဖြစ်တဲ့ ကယန်းလူမျိုး ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေ တည်ထားကိုးကွယ်နေတဲ့ မယ်တော်ရုပ်တုကို သေနတ်ကိုင်အဖွဲ့တစ်ဖွဲ့က ကျောက်တုံးတွေနဲ့ပစ်ပေါက်တာ၊ သေနတ်နဲ့ ပစ်ခတ်တာကြောင့် မယ်တော်ရုပ်တုမျက်နှာနဲ့ လက်တဖက်ပျက်စီးသွားတယ်လို့ ကယန်းအမျိုးသားညီညွှတ်ရေးဦး ဆောင်ကော်မတီအတွင်းရေးမှူး ခွန်းတင်နု က ပြောပါတယ်။
ဒီလိုဖျက်စီးတာဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးချိုးဖောက်တာဖြစ်တာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေမဖြစ်အောင် အစိုးရအနေနဲ့ အမြန်ဆုံးစစ်ဆေးအရေးယူပေးဖို့ တောင်းဆိုထားပါ တယ်။
ဒီလက်နက်ကိုင်အဖွဲ့ဟာ ပအိုဝ်းဌာနေပြည်သူ့စစ် PNA လက်အောက်ခံတပ်တွေဖြစ်တယ်လို့ ဒေသခံတွေကတော့ စွပ်စွဲပြောကြပါတယ်။
ဘန့်ဘာကျေးရွာအုပ်ချုပ်ရေးမှူးကတော့ ပြီးခဲ့တဲ့ ၁၇ ရက်နေ့တုန်းက ဒီကျေးရွာကိုသွားရောက်ခဲ့ပြီး ပြဿနာမဖြစ်အောင် ညှိနှိုးပေးခဲ့ပြီးဖြစ်ကာ လက်ရှိအခြေအနေကိုတော့ သူမသိဘူးလို့ ပြောပါတယ်။
အဲဒီဒေသသမှာ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပအိုဝ်တိုင်းရင်းသားတွေအများစုနေထိုင်ပြီး ခရစ္စယာန်ကိုးကွယ်တဲ့ ကယန်းလူမျိုး ၅၀၀ နီးပါးရှိတယ်လို့သိရပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေကို၊ ပအိုဝ်းဌာနေပြည်သူ့စစ် PNA အဖွဲ့တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
RFA

Unicode

Zawgyi
Credit: ခွန်းတင်နု

No comments:

Post a Comment

My Blog List