Saturday, April 12, 2014

မြန်မာနိုင်ငံ ဒီမိုကရေစီမရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြုပြင်ပြောင်းလဲတာကို နိုင်ငံတကာက ကြိုဆိုကြပေမဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီမရသေးဘူးလို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က သတိပေးလိုက်ပါတယ်။

သန်းခေါင်စာရင်း ဆက်ကောက်မယ်


သန်းခေါင်စာရင်း ကောက်ယူတဲ့ သတ်မှတ်ရက်ပြည့် သွားပေမယ့်လည်း ကောက်ယူတာ မပြည့်စုံသေးတဲ့ ရခိုင်နဲ့ကချင်ပြည်နယ်က နေရာတချို့မှာ နောက်ထပ်၂လလောက်အထိ ဆက်လက်ကောက်ယူသွားမယ် လို့ လူဝင်မှု ကြည့်ကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန က ပြောပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားနှစ်စီးမီးလောင်ကာ လူ ၁၂ ဦးခန့်သေဆုံးကာ လေးဦးပျောက်ဆုံးနေ




ပူးတွဲအပစ်ရပ်စာချုပ်မူကြမ်း အများလေ့လာရန် အဆင်သင့်မဖြစ်သေးဟုဆို


လွန်ခဲ့သောအပတ် ဧပြီလ ၅−၈ ရက်အတွင်း အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားတော်လှန် ရေး အဖွဲ့အစည်းကိုယ်စားလှယ်များ ပူးတွဲရေးဆွဲခဲ့သည့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းမှာ အများဖတ်ရှုလေ့လာရန် အဆင်သင့်မဖြစ်သေးကြောင်း ရန်ကုန်အစည်းအဝေးမှ ချင်းမိုင်သို့ ပြန်ရောက်လာသည့် ချင်းအမျိုးသားတပ်ဦး CNF ခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆခုန်း က ယနေ့ပြောဆိုပါသည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် ဗြိတိန် ပေါင်စတာလင် ၁ သန်းခွဲ ထောက်ပံ့ခဲ့


ဗြိတိန်နိုင်ငံက မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ပံ့ပိုးကူညီနေတာတွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေကို ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးကထုတ်ပြန်ရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှုလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့အတွက် ပေါင်စတာလင် ၁ သန်းခွဲထောက် ပံ့ထားတယ်လို့ သိရပါတယ်။

အမေရိကန် ကျန်းမာရေးဝန်ကြီး ရာထူးက နှုတ်ထွက်


အမေရိကန်ပြည်ထောင်စုရဲ့ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာနဝန်ကြီး KathleenSebelius ရာထူး ကနေ နှုတ်ထွက် သွားပါတယ်၊ Obamacareလို့ပြောကြတဲ့ ဝင်ငွေနည်း မိသားစုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုအာမခံ ဝယ်ယူနိုင်ရေးကို ကြီးကြပ် တာဝန်ယူခဲ့ရသူဖြစ်ပါတယ်။

ယူကရိန်း အရှေ့ပိုင်းကို ကိုယ်ပိုင်အုပ်ချူပ်ခွင့် ပိုပေးဖို့ ဝန်ကြီးချုပ် ကမ်းလှမ်း


ယူကရိန်းနိုင်ငံမှာ ခွဲထွက်ရေး ၀ါဒီတွေ သိမ်းယူထားတဲ့ အစိုးရ အဆောက်အဦးတွေ ကနေ ဖယ်ရှားပေးရေး အစိုးရရဲ့ နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်သွားပြီးတဲ့နောက် ဒေသတွင်းခေါင်းဆောင်တွေနဲ့ ရုရှား လိုလားတဲ့ ဆန္ဒပြသူတွေကို ယူကရိန်း ယာယီဝန်ကြီးချုပ်က လိုက်လျော အလျှော့ပေးချက်တွေ ကမ်းလှမ်း ထားပါတယ်။

DVB သတင်းထောက်ကို ထောင်ချမှု သတင်းစာများ အနက်ရောင်ဖော်ပြ ကန့်ကွက်


DVB သတင်းထောက်ကို ထောင်ဒါဏ် တစ်နှစ် စီရင်ချက်ချလိုက်တာ နဲ့ပတ်သက်လို့ လွတ်လပ်စွာ သတင်းရယူခွင့်ကို ထိခိုက်တယ် ဆိုပြီး ပြည်တွင်းထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာ တချို့ ရဲ့ ရှေ့မျက်နှာဖုံး စာမျက်နှာမှာ အနက်ရောင် (black cover) များ ဖေါ်ပြပြီး ကန့်ကွက်လိုက် ကြပါတယ်။

ဝီလီဘရန့်ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ


ဥရောပတိုက်ဂျာမနီနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ
တကာ ၀ီလီဘရန့်ဆု Willy Brandt ကို ဒီကနေ့ လက်ခံရယူခဲ့ပါတယ်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဖြစ်သေးကြောင်း ဂျာမနီနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် နိုင်ငံတကာ၏ အားပေးထောက်ခံမှုများ ရရှိနေသော် လည်း မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ မဟုတ်သေးကြောင်း ဂျာမနီနိုင်ငံရောက် မြန်မာ့အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်း ဌာန၏ ဖော်ပြချက်အရ သိရသည်။

Friday, April 11, 2014

နောက်ဆုံးဖမ်းမိတဲ့ အချက်ပြမှုဟာ ပျောက်ဆုံးလေယာဉ်ကဟု ယုံကြည်ကြောင်း သြစတြေးလျ ၀န်ကြီးချုပ် ပြော


နောက်ဆုံး ဖမ်းမိထားတဲ့ အချက်ပြမှုတွေဟာ ၁ လကျော်ကြာ ပျောက်ဆုံးနေဆဲ မလေးရှား အဲလိုင်းဆီက လွှတ်လိုက်တာလို့ ယုံကြည်တယ်လို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီ အဘာ့ဘ်က ဧပြီ ၁၁ ရက် ဒီနေ့မှာ ပြောပါတယ်။

သင်္ကြန်မိုး ဘာကြောင့် နောက်ထပ် မရွာတော့သလဲ



ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးပြီး နေအောင်၊ ဇင်ဝိုင်း၊ ခင်သန်းနု၊ မေသန်းနုနဲ့ သီတာသိမ့်တို့ ဦးဆောင်ပါဝင် သရုပ်ဆောင်ခဲ့တဲ့ သင်္ကြန်မိုး ဇာတ်ကားဟာ အနုပညာအရ အောင်မြင်မှု အထွဋ်အထိပ် ရရှိခဲ့ပြီး သင်္ကြန်ချစ်သူ မြန်မာပရိသတ်ရဲ့ နှလုံးသားကို သိမ်းပိုက် နိုင်ခဲ့ပါတယ်။ အခုအခါမှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီဇာတ်ကားရဲ့အောင်မြင်မှုကို အမီ လိုက်နိုင်တဲ့ နောက်ထပ် သင်္ကြန်နောက်ခံ ဇာတ်ကားသစ်တကား ထပ်မံ ထွက်ပေါ်လာခြင်း မရှိခဲ့သေး သလို ဒီသင်္ကြန်မိုး ဇာတ်ကားကိုပဲ ဒီနေ့ထက်တိုင် မက်မက်မောမော စောင့်မျှော်ကြည့်ရှု နေကြ ရဆဲ ဖြစ်ပါတယ်။ 
 

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံတွေ့ဆုံပွဲကို ဧပြီလတွင် ထပ်မံ ပြုလုပ်မည်


ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကြိုဆိုထောက်ခံ တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၂၂ ရက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာတွင် ကျင်းပမည်ဖြစ်သည်ဟု ဖလုံဆဝေါ် ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

MH 370 ရဲ့ Black Box ကိုတွေ့မည်ဟု သြစီ ဝန်ကြီးချုပ် အခိုင်အမာပြော


မလေးရှား လေယာဉ်ပျောက် MH 370 ရဲ့ Black Box ဆီက အသံလှိုင်းထုတ်လွှင့်မှုတွေကို အိန္ဒိယ သမုဒ္ဒရာမှာ ရှာဖွေရေး အဖွဲ့တွေက ဖမ်းမိရခဲ့တာကြောင့် Black Box ကို တွေ့ဖို့ အခိုင်အမာ ယုံကြည်မှု ရှိတယ်လို့ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်က ပြောကြားလိုက်ပါတယ်။

ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ ရှင်းလင်းချက်



အခုရက်ပိုင်း အွန်လိုင်း လောကမှာ နာမည်ကြီးပြီး လူပြောများနေတဲ့ ကိစ္စကတော့ သရုပ်ဆောင် ဆုပန်ထွာ တို့ စုံတွဲ ဓာတ်ပုံနဲ့ ဝေဖန်မှုတွေပါဘဲ။ ဆုပန်ထွာနဲ့ ကိုဥက္ကာကျော် တို့ဟာ ဧပြီလ ၉ ရက်နေ့ က စေ့စပ်ကျောင်းလမ်းပွဲလေး တခုလုပ်ပြီး ကိုဥက္ကာကျော်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မှတ်တမ်း ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။ 

ဒီနှစ်သင်္ကြန် ရန်ကုန် Sky Net မဏ္ဍပ်မှာ သီချင်းဆိုရမှာမို့ ရင်တွေ ခုန်နေတယ်လို့ပြောတဲ့ ၀ါဆိုမိုးဦး

 
သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာပါ ခြေလှမ်းသစ်တွေ ပျိုးနေပြီဖြစ်တဲ့ ၀ါဆိုမိုးဦးက ၂၀၁၄ သင်္ကြန်မှာ သီချင်းဆိုမဲ့အကြောင်း ပြောပြလာတာကြောင့် သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှု များနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘၀ါဆို စင်ကာပူက ပြန်လာတယ်။

သတင်းထောက်များနှင့် မီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သတင်းစာ၊ ဂျာနယ်အချို့တွင် အနက်ရောင်မျက်နှာဖုံး (Black Cover) များ ပြုလုပ်ဖော်ပြ


သတင်းထောက်များနှင့် သတင်းမီဒီယာများအား ဖိနှိပ်ချုပ်ချယ်မှုအပေါ် ကန့်ကွက်သည့်အနေဖြင့် အနက်ရောင်မျက်နှာဖုံး (Black Cover) များဖြင့် သတင်းစာနှင့် ဂျာနယ်အချို့တွင် ကန့်ကွက်ဖော်ပြ မှုများ ပြုလုပ်ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လွှတ်တော်တွင်းနှင့် ပြင်ပ၌ ပြင်ဆင်ရန် မလွယ်ကူသောကြောင့် သွေးထွက်သံယိုမရှိဘဲ ပြုပြင်ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့် တပ်မတော်ခေါင်းဆောင်များ တာဝန်ရှိဟု UNA ခေါင်းဆောင် ပြောကြား


လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတို့၌ ပြင်ဆင်ရန် မလွယ် ကူသောကြောင့် သွေးထွက်သံယိုမရှိဘဲ ပြောင်းလဲနိုင်ရန် အုပ်ချုပ်ရေးနှင့်တပ်မတော် ခေါင်းဆောင်များတွင် တာဝန်အရှိဆုံးဟု ညီညွတ်သော တိုင်းရင်းသားလူမျိုး မဟာမိတ်အဖွဲ့ (UNA) ခေါင်းဆောင် ဦးအေးသာအောင်က ဧပြီ ၉ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ Café 47 ၌ ပြုလုပ်သော UNA နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလမှစ၍ ဆက်တိုက်ပြုလုပ်နိုင်ရန် စီစဉ်ထား


ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အစည်းအဝေးများကို မေလမှစ၍ ဆက်တိုက်ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ဧပြီ ၉ ရက်တွင် ပြောကြားသည်။

အိန္ဒိယရွေးကောက်ပွဲ အဓိက ပါတီကြီး ၂ ခု အားပြိုင်

အိန္ဒိယနိုင်ငံ ပါလီမန်ရွေးကောက်ပွဲအတွက် ပြည်သူတွေ ဒီကနေ့မဲပေးနေကြပါတယ်၊ New Delhi မြို့တော်၊ Ha ra ya na (Haryana) ပြည်နယ်၊UttarPradesh ပြည်နယ်တချို့နေရာတွေအပြင် နိုင်ငံရဲ့ အရှေ့ နဲ့တောင်ပိုင်းဒေသပြည်နယ်တော်တော် များများမှာလဲ မဲတွေ ပေးနေကြပါတယ်၊

နေစွမ်းအင် သုံးလေယာဉ် ကမ္ဘာပတ်မည်

နေစွမ်းအင်ကိုသုံးပြီး ကမ္ဘာကို လှည့်ပတ် ပျံသန်းနိုင်မယ့် လေယာဉ်တစ်စင်းကို တီထွင် ဖန်တီးလိုက်တဲ့ အကြောင်း ဆွစ်ဇာလန်က လေယာဉ်မှူးတစ်ဦးက ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။ သမိုင်း တင်လောက်တဲ့ တီထွင်မှုအဖြစ် Solar Impulse 2 လို့ အမည်ရတဲ့ လေယာဉ်ကိုတော့ရှေ့နှစ်ထဲ ကမ္ဘာကို လှည့်ပတ်မပျံသန်းခင် ကြိုတင်စမ်းသပ်မောင်းနှင်မှုတွေကို ရှေ့လထဲ စတင်မှာပါ။ နေစွမ်းအင် သုံးလေယာဉ်ရဲ့ တောင်ပံအရွယ်အစားကတော့ ခရီးသည်တင် ဂျမ်ဘို ဂျက်လေယာဉ် တစ်စင်းလောက်ရှိပေမဲ့ အလေးချိန်ကတော့ ကားကြီး တစင်းစာလောက်ပဲ ရှိပါတယ်။

ပျောက်ဆုံး မလေးရှားလေယာဉ် ရှာဖွေရေး အဖွဲ့ Signal သံ ထပ်ကြား

ပျောက်နေတဲ့ မလေးရှားလေယဉ်ရဲ့ ပျံသန်းမှုမှတ်တမ်းတင် Black Boxကိရိယာကနေ ထုတ်လွှတ် တာဖြစ်နိုင်တဲ့ Ping signal သံကို ရှာဖွေရေးလေယာဉ် တစင်းပေါ်ကနေ ထပ်ပြီးကြား ခဲ့ရပါတယ်၊ ဒီသတင်းပါတ် အစောပိုင်းက ရှာဖွေရေး ရေတပ်သင်္ဘောကနေ Signal သံ 2 ခုကြားခဲ့ရတဲ့ အိန္ဒိယသမုဒ္ဒရာထဲကနေရာမှာပဲ Australia ရဲ့ P-3 Orion လေယာဉ်ပေါ် ကနေ နောက်ထပ် Signal သံကို ဒီကနေ့ ကြားရတယ်လို့ နိုင်ငံစုံ လေယာဉ် ရှာဖွေရေးကို ဦးဆောင် ညှိနှိုင်းပေးနေတဲ့ Australia လေကြောင်း ဆိုင်ရာ အကြီးအကဲဟောင်း Angus Houston ကပြောပါတယ်။

နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်ဖို့ ဒေါ်စုဆုံးဖြတ်ချက် ဂျာမန်ဝန်ကြီးချုပ် ဝမ်းမြောက်

မြန်မာနိုင်ငံဟာ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်သလို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းကျ စုဝေးနေထိုင်လိုတဲ့ ဆန္ဒတွေရှိတာမို့ အချင်းချင်းကြား မတူကွဲပြားမှုတွေကို တနေ့မှာ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျာမနီနိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။ 
 
ဂျာမနီနိုင်ငံ ကို ၃ ရက်ကြာ ခရီးရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် Angela Merkel နဲ့ တွေ့ဆုံစဉ် အခုလိုပြောကြား လိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

နေရပ်ပြန် မြန်မာလုပ်သားများအား တင်ဆောင်လာသည့် ခရီးသည်ယာဉ် ဒေါနတောင်ပေါ်တွင် ချောက်ထဲကျ၊ လူငါးဦး သေဆုံးပြီး ၄၀ ဦး ဒဏ်ရာရ


နှစ်သစ်ကူးသင်္ကြန်ပွဲတော်အမီ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားများ လိုက်ပါစီးနင်းလာသော အိုအေစစ်မှန်လုံခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်သည် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကုန်သွယ်လမ်း၌ ဘရိတ်ပေါက်ပြီး ချောက်ထဲသို့ ထိုးဆင်းသွားသောကြောင့် ခရီးသည်ငါးဦး သေဆုံးကာ ၄၀ ဦး ဒဏ်ရာရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

တပါးသူလက် ဝကွက်အပ်လိုက်ရတော့မည်လော သံလွင်သမီးပျို


မြန်မာနိုင်ငံအတွက် ဧရာဝတီမှာ မိခင်မြစ်ကြီးဟု ဆိုလျှင် မြန်မာနိုင်ငံအတွင်းရှိ ကျန်မြစ်များမှာ ဧရာဝတီ၏ သားသမီးမြစ်များဟု ဆိုရမည်ဖြစ်သည်။

မြူးတဲ့သင်္ကြန်၊ ရူးတဲ့သင်္ကြန်၊ စိတ်ကြွဆေးများနဲ့ သင်္ကြန်



လူငယ် ၂ ဦး သာကေတမြို့နယ်ကို ဖြတ်ပြီးတော့ တောင်ဒဂုံမြို့နယ်ထဲက ရပ်ကွက်တခုကို အငှားယာဉ်နဲ့သွား၊ လမ်းဘေး ကွမ်းယာ ဆိုင်လေးထဲကို အရင်ဝင်မေးပြီးတော့ အဲဒီ ရပ်ကွက်ထဲက တဲလေးတလုံးထဲကို ဝင်သွားတာ တွေ့ရတယ်။

Thursday, April 10, 2014

ထောင်ဒါဏ်ချမှတ်ခံရသည့် ဒီဗွီဘီသတင်းထောက်အတွက် ဝတ်ပြုဆုတောင်း


ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈ တို့ဖြင့်  မကွေးမြို့နယ် တရားရုံးက ဧပြီ ၇ ရက်တွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့သည့် ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ အတွက် သတင်းထောက် (၃ဝ)ခန့်က ယနေ့နေ့လည်တွင် ဆူးလေစေတီ၌ ဝတ်ပြုဆုတောင်းခဲ့ကြသည်။

လွတ်လပ်မှုကို တလွဲသုံးလာကြတာပါ


လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ထက် ကျော်လွန်ပြီး လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး တိုက်ခိုက်စော်ကား တဲ့ စကားလုံး၊ စာသား (Hate Speech) တွေကို အင်တာနက်နဲ့ ချိတ်ဆက်သုံးစွဲနေတဲ့ လူမှုရေး ၀က်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသလို ပြင်ပ လူထုကြားမှာလည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေတာတွေ တွေ့ရပါတယ်။

သင်္ကြန်ကာလ ဘန်ကောက်မှာ ကားခိုးဇာတ်ကား သွားရိုက်မယ့် သဉ္ဇာနွယ်ဝင်း


သင်္ကြန်ကာလအတွင်း ဘန်ကောက်မှာ ‘ကားခိုး သည့်ဇာတ်ကား’သွားရောက် ရိုက်ကူးမှာဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်း က ပြောသည်။ အဆိုပါ ကားခိုးသည့် ဇာတ်ကားမှာ သဉ္ဇာနွယ်ဝင်း က ဘန်ကောက်မှာ နေထိုင်သည့် ကာရိုက်တာ ဖြစ်ပြီး သူမ ကားကို အောင်ရဲလင်းက ခိုးပြီး ၁ဝ နှစ်ကြာ မှ မြန်မာနိုင်ငံ တွင် ပြန်တွေ့ကြသည့် ကာရိုက်တာ ဖြစ် ကြောင်း ၄င်းထံမှ သိရသည်။

နောင်ချိုတောင်သူများ ထွန်တုံးတိုက်ပွဲပြုလုပ်


နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာအုပ်စု၊ နောင်ဖာကျေးရွာ တောင်သူများက ၎င်းတို့မူလလက်ငုတ် ပိုင်ဆိုင်ခဲ့သည်ဆိုသော လက်ရှိ ဦးစိုးသိန်း ကော်ဖီခြံ၊အစိုးရကော်ဖီခြံနှင့် ငွေရည်ပုလဲသကြားစက်က ဝယ်ယူထားသည့် ခြံများအတွင်း ဧပြီလ (၉) ရက်နေ့ နံနက် (၈) နာရီ အချိန်မှစတင်ကာထွန်တုံး တိုက်ပွဲပြုလုပ်လျက်ရှိနေကြောင်း သိရသည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ဟီလာရီပြောကြား

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်း ဟီလာရီကလင်တန်က ဧပြီ ၉ ရက်တွင် ပြောကြားခဲ့သည်။ ဆန်ဖရန်စစ္စကိုရှိ ဈေးကွက်မြှင့်တင်ရေး ကွန်ဖရင့်တွင် တက်ရောက်ဆွေးနွေးခဲ့သော ဟီလာရီက အမေရိကန်နိုင်ငံရေးကို မျက်ခြည်မပြတ် စောင့်ကြည့်သူတိုင်း သိလိုကြသည့် မေးခွန်းတစ်ခုကို ထပ်မံမေးမြန်ခဲ့မှုအား ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဒီနှစ်သင်္ကြန်မှာ သီချင်းဆိုမှာဖြစ်ပေမယ့် အဆိုတော်မလုပ်ပါဘူးလို့ ဖွင့်ဟသွားတဲ့ သရုပ်ဆောင် ဖူးပွင့်သခင်


အကယ်ဒမီဗန်းကိုင်ကနေတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်မှာ တစ်စတစ်စနဲ့ တစ်ဖြေးဖြေး ချင်း အောင်မြင်မှုလမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာတော့မှာဖြစ်တဲ့ သရုပ်ဆောင် ဖူးပွင့်သခင်ကို လတ်တလော အနုပညာလှုပ်ရှားမှုနဲ့ သင်္ကြန် ဘယ်လိုဖြတ်သန်းဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ အခုလတ်တလောမှာတော့ ညီမ ဗီဒီယိုဇာတ်ကားတွေပဲ ဆက်တိုက်ရိုက်ဖြစ်နေပါတယ်။ ဒီနှစ် သင်္ကြန်မှာ ပထမဆုံးအနေနဲ့ သီချင်းဆိုရမှာပါ။

အိန္ဒိယနိုင်ငံ ၏ ပထမဆုံးလေယာဉ်တင် သင်္ဘောကို အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ

အိန္ဒိယနိုင်ငံသည် INS Wikrant အမည်ရှိ ၄င်းတို့၏ ပထမဦးဆုံးသောလေယာဉ်တင် သင်္ဘောကို လေလံပွဲ တစ်ခုတွင် အမေရိကန် ဒေါ်လာ ၁၀ သန်းဖြင့် ရောင်းချ ခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားကမ်းခြေမှာ ဆေးခြောက် ယူရိုငွေတစ်သန်းဖိုး တင်လာတဲ့ ငါးဖမ်းလှေသောင်တင်

ပေ ၄၀ အရှည်ရှိတဲ့ ငါးဖမ်းလှေတစ်စီးဟာ ကယ်လီးဖိုးနီးယားပြည်နယ်၊မာလီဘူးကမ်းခြေမှာ ဆေးခြောက် ထုပ်တွေနဲ့ သောင်တင်နေတာကို မနေ့ ကတွေ့ ရှိခဲ့ရပါတယ်။

အမျိုးသမီးအခွင့်အရေး အပြည့်အ၀မရရှိပါက ဒီမိုကရေစီနိုင်ငံ မဖြစ်နိုင်

မြန်မာအမျိုးသမီးများ၏ အခွင့်အရေးအပြည့်အ၀ မရရှိပါက စစ်မှန်သောဒီမိုကရေစီမရရှိနိင်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများက ဆိုသည်။

သင်္ကြန်ရက်များအတွင်း အဝေးပြေးယာဉ်လက်မှတ်များ ဈေးပိုမရောင်းချရေး ပြင်းထန်စွာသတိပေး


မဟာသင်္ကြန်ပွဲတော်ရက်များ အတွင်း ရန်ကုန်မြို့မှ အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲနေ သည့် ခရီးသည်မော် တော်ယာဉ်လိုင်းများ အချင်းချင်း ခိုက်ရန်မဖြစ်ပွားရေး၊ သတ်မှတ် စည်းကမ်းအတိုင်း စနစ်တကျ အန္တရာယ်ကင်းရှင်းစွာပြေးဆွဲရေး၊ ယာဉ်စီးလက်မှတ်များ မသမာ သောနည်းလမ်းဖြင့် ကြိုတင်ဖြတ်ထားခြင်းနှင့် ခရီးသွားပြည်သူများ အပေါ် ဈေးနှုန်းပိုမိုတောင်းယူမှု မပြုလုပ်ရေး အတွက် အောင်မင်္ဂလာနှင့် ဒဂုံဧရာအဝေးပြေး ယာဉ်ရပ်နားစခန်းများမှခရီးသည် တင်ယာဉ်များ စတင် ထွက်ခွာရေး နှင့်ပြန်လည်ဝင်ရောက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးမော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ(အဝေးပြေး)မှသတိ ပေးကြေညာချက်ထုတ်ပြန်ထား ကြောင်း သိရသည်။

အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာရေး ကြိုးပမ်းနေ


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးနှင့်အားလုံး ပါဝင်သည့် နိုင်ငံရးဆွေးနွေးပွဲ တစ်ရပ်ဖြစ်ပေါ် လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် သဘော တူထားသည့် နိုင်ငံရေးပါတီ ၆ ဖွဲ့ ပူးပေါင်းထားသော UNA နှင့် ၈၈ ငြိမ်း/ပွင့်အဖွဲ့တို့ အနေဖြင့် ကိုယ်စားလှယ်နှစ်ဦးစီထားရှိ၍ ဆွေးနွေးမှု စတင်သွားမည်ဖြစ် ကြောင်း၊ ၈၈ ငြိမ်း/ပွင့်ဘက်မှ ဦးမြအေးနှင့် ဦးဂျင်မီတို့ကို ရွေး ချယ်ထားပြီး UNA ဘက်မှ ရွေး ချယ်ရသေးခြင်းမရှိကြောင်း သိရ သည်။

ယူကရိန်းအရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပမည်


ယူကရိန်းပဋိပက္ခတွင် သံတမန်ရေး တိုးတက်မှုရှာ ရန်မျှော်လင့်ချက်ဖြင့် အမေရိ ကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနှင့် ယူ ကရိန်းတို့ ရှေ့လာမည့် သီတင်း ပတ်တွင် လေးပွင့်ဆိုင်ဆွေးနွေး ကြမည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားသည်။

MH370 ကိုတွေ့ဖို့ နီးလာပြီလို့ ဆို


ပျောက်ဆုံးနေတဲ့ ​မလေးရှားလေယာဉ်ရဲ့ ​အစိပ်အပိုင်းတွေကို ​မကြာခင်တွေ့ရတော့မယ်လို့ ​မျှော် လင့်ကြောင်း ​လေယာဉ်ရှာဖွေရေး ​အာဏာပိုင်တွေက ​ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား လွှတ်တော်ရွေးကောက်ပွဲ ဆင်နွှဲ


အင်ဒိုနီးရှားနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲ ကနဦးရလဒ်တွေအရ အဓိက အတိုက်အခံ နိုင်ငံရေးပါတီက မဲအများစုကို ရရှိထားပါတယ်။
 

သမ္မတအိုဘားမား မြန်မာနိုင်ငံ သွားမယ်

အမေရိကန် သမ္မတအိုဘားမား ဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် အခုလာမယ့် နိုဝင်္ဘာလအတွင်း သွားရောက်ပါလိမ့်မယ်။

ကိုယ်စားလှယ်လောင်းတွေသာ ကိုယ်စားပြု မဲဆန္ဒနယ်မှာ စည်းရုံးခွင့် ရတော့မည်


လာမယ့်ရွေးကောက်ပွဲတွေမှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းဟာ သူရဲ့ မဲဆန္ဒနယ်မှာ သူကိုယ်တိုင်ပဲ မဲဆွယ်စည်းရုံးခွင့် ရှိမှာဖြစ်ပြီးတော့ တခြားပုဂ္ဂိုလ်တွေက သူ့အတွက် မဲဆွယ်ပေးတာမျိုး လုပ်ဆောင်ခွင့်မပေးတဲ့ ညွှန်ကြားချက် တစောင်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကလည်း သူ့ရဲ့ ပုသိမ်မြို့နယ် ခရီးစဉ်အတွင်းမှာ ပြောဆိုခဲ့ပါသေးတယ်။
 

ငြိမ်းချမ်းရေးခရီးလက်တွဲရန် UWSA ထံ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကမ်းလှမ်း

ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရေး နှင့် အနာဂတ်တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ လက်တွဲဖေါ်ဆောင်သင့်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါသည်။
၂၀၁၄ ဧပြီ ၂ ရက်မှ ၇ ရက်အထိ ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် သျှမ်းပြည် ပြန် လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲ အကြိမ်ကြိမ် ဖြစ်ပွားခဲ့မှုနှင့်ပတ်သက်၍ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။
“တိုက်ပွဲဖြစ်ခဲ့တာက အစီအစဉ်ရှိလို့ မဟုတ်ဘူး၊ ဝ အတွက် ပုံမှန်လှုပ်ရှားတဲ့ဒေသမဟုတ်တဲ့ သံလွင် အနောက်ခြမ်းကိုကူးလာတဲ့ကိစ္စ ကျနော်တို့နဲ့ တိုင်ပင်ညှိနှိုင်းခဲ့ရင် ပြဿနာဘယ်ဖြစ်မလဲ။ ဝ နဲ့ ကျနော်တို့က ပြိုင်ဘက်မဟုတ်ဘူး။ ငြိမ်းချမ်းရေးမှာလဲ လက်တွဲလုပ်ရမှာ။ ငြိမ်းချမ်းရေးပျက်သွားခဲ့ ရင်တောင်မှ အတူလက်တွဲပြီး တိုက်ပွဲဝင်ရမှာ၊ ဒီကိစ္စ ဝ ခေါင်းဆောင်တွေကိုလဲ အကြောင်းကြား ပြီးပါပြီ” - ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ရဲတပ်ရင်း တပ်ဖွဲ့အမည်ကို လုံခြုံရေးရဲတပ်ဖွဲ့ဟု ပြောင်းလဲသတ်မှတ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တပ်ဖွဲ့အတွင်း ပါဝင်သော ရဲတပ်ရင်းတပ်ဖွဲ့၏ အမည်ကို လုံခြုံရေး ရဲတပ်ဖွဲ့ဟု ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အဆင့်မြင့် အရာရှိကြီးများထံမှ သိရသည်။

Wednesday, April 09, 2014

ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမည်


တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုတဲ့ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်တွင်း တိုင်းရင်းသားပါတီတွေက ခေါင်းဆောင်တချို့ကို အသိ သက်သေအဖြစ် ဖိတ်ကြားဖို့ တိုင်းရင်းသား အဖွဲ့တွေအားလုံးက ဒီကနေ့ သဘောတူညီလိုက် ကြပါတယ်။

ငြိမ်းချမ်းရေးခရီးလက်တွဲရန် UWSA ထံ ဒုဗိုလ်ချုပ်ကြီးယွက်စစ်ကမ်းလှမ်း


ဖြစ်ပွားနေသော တိုက်ပွဲများရပ်တန့်ရေး နှင့် အနာဂတ်တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ လက်တွဲဖေါ်ဆောင်သင့်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားလိုက်ပါသည်။

My Blog List