Saturday, December 15, 2012

ကျွန်တော်တို့ နှလုံးသားတွေကြေကွဲရပါပြီ (သမ္မတအိုဘားမား)

Photo: ကျွန်တော်တို့ နှလုံးသားတွေကြေကွဲရပါပြီ (သမ္မတအိုဘားမား)
Saturday, December 15, 2012 

မနေ့ကဖြစ်ခဲ့တဲ့ ကောနက်တီကတ်ပြည်နယ်ကမူလတန်းကျောင်းက
၅နှစ်ခြောက်နှစ်အရွယ် ကလေးငယ်တွေ အများစု အပါအ၀င် လူ၂၆ ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွက် သတင်းစာ
ရှင်းလင်းပွဲမှာ စိတ်ထိခိုက်မျက်ရည်ကျနေတဲ့ သမ္မတအိုဘားမားပါ။

ဒီလိုကိစ္စတွေနဲ့ ကြုံရင် သမ္မတတဦးထက် သမီးနှစ်ဦးရဲ့ ဖခင်
မိဘတဦးအနေနဲ့ ပိုပြီးခံစားရပါတယ်လို့ မျက်ရည်သုတ်ရင်း အရေးပေါ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာသူကပြောကြား
ခဲ့ပါတယ်။

နောက်ဆုံးသတင်းတွေအရ ပစ်ခတ်မှုကြောင့် ကလေးအယောက် (၂၀) နဲ့ လူကြီးခြောက်ယောက် သေဆုံးခဲ့ပါတယ်။ ပစ်ခတ်သူသေနတ်သမား
ကတော့ ကျောင်းက ဆရာမတဦးရဲ့ သား ကျောင်းသားတဦးလို့ သိရပြီး သူ့ အမေဆရာမလည်း နေအိမ်မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

သူကိုယ်တိုင်လည်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ ရပါတယ်လို့ NBS ရု့ပ်သံသတင်းအရသိရပါတယ်။

ထားထားမြင့် (Burma-Newselite)
ဓာတ်ပုံ AP
Burma-Newselite
မနေ့ကဖြစ်ခဲ့တဲ့ကောနက်တီကတ်ပြည်နယ်ကမူလတန်းကျောင်းက၅နှစ်ခြောက်နှစ်အရွယ်ကလေးငယ်တွေ အများစု အပါအ၀င် လူ၂၆ ယောက် သေဆုံးခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွက် သတင်းစာရှင်းလင်း
ပွဲ မှာ စိတ်ထိခိုက်မျက်ရည်ကျနေတဲ့ သမ္မတအိုဘားမားပါ။
ဒီလိုကိစ္စတွေနဲ့ ကြုံရင် သမ္မတတဦးထက် သမီးနှစ်ဦးရဲ့ ဖခင်မိဘတဦး အနေနဲ့ ပိုပြီးခံစား ရပါတယ် လို့ မျက်ရည်သုတ်ရင်း အရေးပေါ်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာသူကပြောကြား ခဲ့ပါတယ်။

လက်ပံတောင်းအကြမ်းဖက်မှု မန္တလေးတွင် ပြည်ထောင်စုအဆင့်တောင်းပန်မည်

Photo: လက်ပံတောင်းအကြမ်းဖက်မှု မန္တလေးတွင်
ပြည်ထောင်စုအဆင့်တောင်းပန်မည်
Saturday, December 15, 2012 

လက်ပံတောင်းတောင် အရေးကြောင့် ဒဏ်ရာ ရရှိခဲ့သော သံဃာတော် များအား မန္တလေး မြို့တွင် ပြည်ထောင်စု အဆင့်မှ တောင်းပန်မည် ဖြစ်သည့် အတွက် မုံရွာမြို့မှ သံဃာတော် များ ယနေ့ နံနက်ပိုင်း ၁၀နာရီ ၄၀မိနစ် တွင် ထွက်ခွာသွားပြီ ဖြစ်သည်။ 

အဆိုပါ သံဃာတော်များ ထဲတွင် မဟာ ဇောတိကရာမ ကျောင်းမှ သံဃာများ၊ မြို့မရွှေဂူကျောင်း နှင့် မြို့မဂတ်ကျောင်းမှ သံဃာတော်များ ပါဝင်ကြောင်း မန္တလေးမြို့သို့ လိုက်ပါမည့် ဦးဇင်း တစ်ပါးက မိန့်ကြားသည်။

The Voice Weekly
လက်ပံတောင်းတောင် အရေးကြောင့် ဒဏ်ရာ ရရှိခဲ့သော သံဃာတော် များအား မန္တလေး မြို့တွင် ပြည်ထောင်စု အဆင့်မှ တောင်းပန်မည် ဖြစ်သည့် အတွက် မုံရွာမြို့မှ သံဃာတော် များ ယနေ့ နံနက်ပိုင်း ၁၀နာရီ ၄၀မိနစ် တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

သရုပ်ဆောင် မေဇွန်၏အမှု မှုခင်းဆရာဝန်ကြီး ထွက်ဆိုရန် လျှောက်လဲ

Photo: သရုပ်ဆောင် မေဇွန်၏အမှု မှုခင်းဆရာဝန်ကြီး ထွက်ဆိုရန် လျှောက်လဲ
Saturday, December 15, 2012 

အသက် ၁၈ နှစ်အရွယ် အိမ်ဖော်မလေး သေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ ကမာရွတ်တရားရုံး၌ အမှုရင်ဆိုင် နေရသော သရုပ်ဆောင် မေဇွန်၏အမှုတွင် မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးကို လာရောက် ထွက်ဆိုပေးရန် တရားလို ဘက်မှ တရားရုံး၌ လျှောက်လဲ ထားကြောင်း အဆိုပါ အမှု၌ လိုက်ပါဆောင်ရွက်နေသည့် ဥပဒေ အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုမှာ တရားလိုဖြစ်သူ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ်အောင်မော်နှင့် တရားလိုပြသက်သေ ၁၀ ဦးကျော်ကို စစ်ဆေးတော့မည် ဖြစ်သောကြောင့် ဆေးစာကို အသေးစိတ်သိရှိစေရန် မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကို လာရောက် ထွက်ဆိုပေးရန် လျှောက်လဲ ရခြင်း ဖြစ်ကြောင်း၊ တရားလိုပြ သက်သေတို့၏ ထွက်ဆိုချက်နှင့် မှုခင်း ဆရာဝန်၏ ဆေးစာ အသေးစိတ် ထွက်ဆိုချက် အပေါ်မူတည်ပြီး အမှု တည်ဆောက်ရမည်ဖြစ်ကြောင်း ၄င်းကထပ်မံပြော ကြားသည်။

ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် ဗဟိုလမ်းတွင် စင်တင်ဘာ ၁၀ ရက်နေ့ ညက ဖြစ်ပွားခဲ့သော အသက် ၁၈ နှစ်အရွယ် အိမ်အကူမလေး
သေဆုံးမှုတွင် အိမ်ရှင်ဖြစ်သူ မေဇွန် (ခ) မျိုးဇာနည်ဇွန်မှာ အတူနေထိုင်သော အိမ်အကူများကို စိတ်အလို မကျပါက တစ်ရက်ခြား တစ်ခါ ညှဉ်းပန်းနှိပ်စက်မှု များရှိပြီး တစ်ခါ တစ်ရံပါးရိုက်ခြင်း၊ ဆံပင်ဆောင့်ဆွဲ၍ ကြမ်းပြင်၊ နံရံများဖြင့် ရိုက်ခြင်း၊ နှစ်တစ်လက်မ တုတ်ဖြင့် ကျောကုန်းကို ရိုက်နှက်ခြင်း၊ ပက်လက်လှန်ခိုင်း၍ ဗိုက်ပေါ် တက်ခုန်မှုများ အပြင် ကိုယ်တိုင် မရိုက်ချင်ပါက အိမ်အကူနှစ်ဦးကို ကြက်မွေးတစ်ယောက်တစ်ချောင်း ပေး၍ ၄င်းစိတ်ကျေနပ်သည် အထိ အပြန်အလှန် ရိုက်ခိုင်းခဲ့ သည်ဟု ကာယကံရှင်က ဝန်ခံပြီး ၄င်းမှာ MRTV-4၏ Flower & Butterfly ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်
အဖြစ် ရွေးချယ် ခံထားရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

ကျော်ဦးနိုင်
The Voice Weekly
Photo - beautifulmodelworld.com
အသက် ၁၈ နှစ်အရွယ် အိမ်ဖော်မလေး သေဆုံးမှုနှင့် ပတ်သက်၍ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ ကမာရွတ်တရားရုံး၌ အမှုရင်ဆိုင် နေရသော သရုပ်ဆောင် မေဇွန်၏အမှုတွင် မှုခင်းဘက်ဆိုင်ရာ ဆရာဝန်ကြီးကို လာရောက် ထွက်ဆိုပေးရန် တရားလို ဘက်မှ တရားရုံး၌ လျှောက်လဲ ထားကြောင်း အဆိုပါ အမှု၌ လိုက်ပါဆောင်ရွက်နေသည့် ဥပဒေ အရာရှိတစ်ဦးက ပြောကြားသည်။

ပူတာအိုက တောင်ပေါ်သူလေးများရဲ့ မျှော်လင့်ချက်

 “ပူတာအိုဟု အသံကြားလိုက်ရင် မြန်မာနိုင်ငံမြောက်ပိုင်းအကျဆုံး၊ ရေခဲတောင်ရှိသည့် နေရာဒေသ တစ်ခုမှန်း အားလုံးအသိပင်။ ပြည်ပခရီးသွားဧည့်သည်များကို ဆွဲဆောင်မှု အပြည့်အဝပေးသည့် နယ်မြေ တစ်ခုအဖြစ်လည်း တည်ရှိနေသည်။
 
ဟိမဝန္တာတောင်တန်းကြီး သွယ်တန်းတည်ရှိပြီး ရှားပါးသည့် သတ္တဝါ၊ ပန်းမျိုးစုံ၊ သဘာဝ သီးနှံများဖြင့် အလှဆင်ထားသော ပန်းချီကားတစ်ချပ်လို မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှပေသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ စက်ရုံများအားလုံး မိမိစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထွက်ရှိသည်(သို့) မထွက်ရှိသည်ကို ရန်ကုန်မြို့တော်စည်ပင်သို့ ၂၀၁၃ ခုနှစ် မတ်လကုန်မတိုင်မီ အပြီးတင်ပြရမည်

thn-14-12-1
ရန်ကုန်မြို့ရှိ စက်မှုဇုန်များမှ စက်ရုံများအားလုံး မိမိစက်ရုံမှ စွန့်ပစ်ရေဆိုးများ ထွက်ရှိသည်(သို့မဟုတ်) မထွက်ရှိသည်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ ၂၀၁၃ ခုနှစ် မတ်လ ကုန်မတိုင်မီ အပြီးတင်ပြရမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများအား တရုတ်နိုင်ငံသို့ အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများဖြစ်

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုအားလုံး၏ ၇၀ရာခိုင်နှုန်းသည် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသို့အဓမ္မလက်ထပ်ရန် ပို့ဆောင်ရောင်းစားသည့် အမှုများပြီး ထိုင်းနိုင်ငံနှင့်ပြည်တွင်းတွင်လည်း  အဓမ္မခိုင်းစေမှုများနှင့် ပြည့်တန်ဆာအ ဖြစ် စေခိုင်းမှုများရှိနေကြောင်းကို ရန်ကုန်တိုင်းဒေသကြီး လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့တာဝန်ခံ ဒုရဲမှူး ဒေါ်အေးအေးမြင့်က ဒီဇင်ဘာလ ၁၁ရက်နေ့၌ Excel Tower တွင် ကျင်းပခဲ့သော 'ကလေးကူသန်းရောင်းဝယ်မှု ပပျောက်ရေး' အခမ်းအနား တွင် ပြောကြား ခဲ့ခြင်းသည်။

ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမတွင်ပြုလုပ်သော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ တင်ပြခြင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေး

 ha-14-12-2
ရန်ကုန်တက္ကသိုလ်အတွင်းရှိ ၀ိဇ္ဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တက္ကသိုလ်ဆိုင်ရာ အချက်အလက်များတင်ပြခြင်းအစည်းအဝေးသို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

ငွေလဲနှုန်းအား နှုန်းရှင်အဖြစ် ပြောင်းလဲခဲ့ပြီးနောက်ပိုင်း အောက်တိုဘာလမှစ၍ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်နေ


ငွေလဲနှုန်းကို နှုန်းရှင်အဖြစ် ပြောင်းလဲပြီးနောက်ပိုင်း အောက်တိုဘာလမှစတင်၍ နိုင်ငံခြားငွေလဲနှုန်း အတက်အကျအနည်းပါးလျက်ရှိကြောင်းဗဟိုဘဏ်၏ခွင့်ပြုချက်ရရှိထားသာ နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။
'' နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာ အခု ၈၄၄ ကျပ်ဝန်းကျင် ပုံမှန်သွားနေမှာပါ။ စိုးရိမ်စရာမရှိပါဘူး '' ဟု သမ၀ါယမလိမိတက်ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။

My Blog List