အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်၂ ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာဌေးကြွယ်နှင့် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၄ တို့မှ ကိုယ်စားလှယ် ဦးကျော်ကျော်တို့နှစ်ဦး ကွယ်လွန်ခဲ့သည့်အတွက် အမျိုးသားလွှတ်တော်ရှိ ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့တွက် စရိတ်များကို ကျန်ရှိနေသည့် မိသားစုများထံသို့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဥက္ကဌ ဦးမန်း၀င်းခိုင်သန်းက ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ကြေညာခဲ့သည်။