Friday, September 20, 2019

နိုင်ငံသားနံပါတ်များထပ်နေသည့် လူများရှိလျှင် မြို့နယ်ဦးစီးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက် မည်ဆိုပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန်ညွှန်ကြားထား


Image may contain: 2 people, hat and beard
နိုင်ငံသားနံပါတ်များကို လက်ရှိတွင် မြို့နယ်မှ စိစစ်လျက်ရှိပြီး နိုင်ငံသားနံပါတ်များထပ်နေသည့် လူများရှိလျှင် မြို့နယ် ဦးစီးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက် မည်ဆိုပါက အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများအတွက် အခွင့်အရေးများ မဆုံးရှုံးစေရန် သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက စက်တင်ဘာ ၁၉ ရက်တွင်ပြောသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကျင်းပ


Image may contain: one or more people 
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေးကျင်းပပြီးစီး


Image may contain: 1 person, sitting and indoor
၂၀၁၉ ခုနှစ် ဇူလိုင် ၁၅ ရက်က စတင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဟာ ဒီကနေ့ စက်တင်ဘာ(၂၀)ရက်မှာ ကျင်းပပြီးစီးခဲ့ပြီး အစည်းအဝေးကာလအတွင်း ဥပဒေ(၇)ခု အတည်ပြုထုတ်ပြန်နိုင်ခဲ့ပါတယ်။

ရေခဲတောင်မှာ ရိုက်ကူးခဲ့သည့် သင်ဇာဝင့်ကျော်ပါဝင်သည့် ရုပ်ရှင် ဆင်ဆာကင်းလွတ်ခွင့်ရ


70414536_661486764343345_4667770676336132096_n70434082_661486824343339_394287189002813440_o
ကချင်ပြည်နယ်၊ ဖုန်ကန်ရာဇီရေခဲတောင်မှာ ရိုက်ကူးခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီး သင်ဇာဝင့်ကျော်ပါဝင်တဲ့ ရုပ်ရှင်ကားဟာ ဆင်ဆာကင်းလွတ်ခွင့်ရရှိခဲ့ပြီ ဖြစ် တယ်လို့ အဲဒီရုပ်ရှင်ကားရဲ့ ဒါရိုက်တာ JZ ဒေါင်လွဏ်းက ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ပေါ်မှာ ရေးသားထားပါတယ်။

စစ်ကိုင်းနှင့် မန္တလေးတိုင်း၌ H1N1 ဖြင့် လူနာတစ်ဦးစီ ထပ်မံသေဆုံးပြီး စက်တင်ဘာ ၁၇ ရက်အထိ ပိုးတွေ့သူ ၇၃၆ ဦးတွင် သေဆုံးသူ ၁၁၄ ဦးအထိရှိလာ


 နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စေတနာ့ဝန်ထမ်းများက ရာသီတုပ်ကွေးဖြင့် သေဆုံးသူတစ်ဦးကို ရေဝေးသုသာန်တွင် သင်္ဂြိုဟ်ရန် ကူညီနေစဉ်
စက်တင်ဘာ ၁၇ ရက်အထိ H1N1သံသယလူနာ ၁၇၁၉ ဦးအနက် ရောဂါပိုးတွေ့ရှိသူ ၇၃၆ ဦးတွင် သေဆုံးသူ ၁၁၄ ဦးအထိရှိပြီး စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတွင် လူနာတစ်ဦးစီ ထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

အင်းစိန် ဆေးဝါးစက်ရုံမှူးကို တရားစွဲမတင်နိုင်သေး အမှုတည်ဆောက်ရန် လိုအပ်ချက်ရှိနေဟု စက်ရုံမှူး၏ ဥပဒေအကြံပေးပြော



 
အဂတိလိုက်စားမှုပုဒ်မ ဖြင့် အမှုဖွင့်ထိန်းသိမ်းထားသည့် အင်းစိန် (BPI)ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အမှုတည်ဆောက်ရာတွင် လိုအပ်ချက်များရှိနေသေးသည်ဆိုကာ အင်းစိန်မြို့နယ် တရားရုံး၌ ချုပ် ရမန်ထပ်မံယူခဲ့သည်။

ထိုင်းနိုင်ငံတွင် လူကူးမျဉ်းကြားဖြတ်ကူးသည့် မြန်မာ ၁ ဦး ဘတ်စ်ကားတိုက်မိပြီး သေဆုံး


ထိုင်းနိုင်ငံမှာ မြန်မာအမျိုးသားတဦးဟာ လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးနေချိန်မှာ ဘတ်စ်ကားတစီး တိုက်ခံခဲ့ ရပြီး သေဆုံးသွားတယ်လို့ ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်တဲ့မူကြမ်းနှစ်ရပ် လွှတ်တော်သို့ အပြိုင်တင်သွင်းထား


Image may contain: 1 person, sitting and indoor
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ဥပဒေမူကြမ်းနှစ်ခုလွှတ်တော်သို့ အပြိုင်တင်သွင်းထား တယ်လို့ သိရပါတယ်။

လွှတ်တော်များအား ဖျက်သိမ်းခွင့် အာဏာ ကာ/လုံ ကောင်စီသို့ ပေးအပ်ရန် ပြင်ဆင်သည့် အခြေခံဥပဒေကြမ်း လွှတ်တော်တင်သွင်း


တပ်မတော်သား အများစုပါဝင်သော "ကာ/လုံ" ကောင်စီသို့ လွှတ်တော်များအား ဖျက်သိမ်းခွင့်အာဏာပေးအပ်ရန် ဖွဲ့စည်းပုံဥပဒေကြမ်းတစ်ရပ်ကို ယနေ့လွှတ်တော်သို့ တင်သွင်းကြောင်းသိရှိရသည်။

အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား ဒုတိယအကြိမ်ရမန်ယူခဲ့ပြီး အဂတိလိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေပြောကြား


စက်တင်ဘာ ၁၉ ရက်က အင်းစိန် BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား ဒုတိယအကြိမ်  ရုံးထုတ်စဉ်
အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် အင်းစိန် BPI ဆေးဝါးစက်ရုံမှူးအား အင်းစိန်မြို့နယ်တရားရုံးတွင် စက်တင်ဘာ ၁၉ ရက်က ဒုတိယအကြိမ် ရုံးထုတ်ရမန်ယူခဲ့ပြီး အဂတိ လိုက်စားထားခြင်းမရှိဟု ၎င်း၏ရှေ့နေက ပြောကြားသည်။

Thursday, September 19, 2019

လွှတ်တော်အမတ်ကို ဖေ့စ်ဘွတ်ခ်ပေါ် သရော်စာရေးခဲ့သူ ဒါဏ်ငွေ ကျပ် ၅ သိန်းချမှတ်ခံရ



မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို လူမူကွန်ရက် စာမျက်နှာပေါ်မှာ သရော်စာရေးသားခဲ့တဲ့ ဦးခင်အောင်လင်းကို မြစ်သား မြို့နယ်တရားသူကြီးက ဒါဏ်ငွေ ကျပ် ငါး သိန်းချမှတ်ခဲ့ပါတယ်။

သာသနာ့နယ်မြေအတွင်း လူနေထိုင်ခြင်း၊ စီးပွားရှာခြင်းများကို ရှင်းလင်းဖယ်ရှားမည်ဟု မန်းတိုင်းဝန်ကြီးချုပ်ပြော


မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာသနာ့နယ်မြေများတွင် လူနေထိုင်ခြင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းတို့ကို စာရင်းများကောက်ယူပြီး ရှင်းလင်း ဖယ်ရှားသွားရန် ဆောင်ရွက် လျက်ရှိသည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မဇ္ဈိမသို့ ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည် ပွဲတော်ကြီးကို အင်းလေးဒေသ ၂၁ ဌာနသို့ ၁၈ ရက်တိုင်တိုင် ကြွချီလှည့်လည် အပူဇော်ခံမည်


အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီလှည့်လည် ပွဲတော်ကြီးကို ယမန်နှစ်က တွေ့ရစဉ်
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည် ပွဲတော်ကြီးကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက် နံနက် ၄ နာရီတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၁၆ ရက်အထိ ရက်ပေါင်း ၁၈ ရက်တိုင်တိုင် အင်းလေးဒေသရှိ ၂၁ ဌာနသို့ ကြွချီလှည့်လည် အပူဇော်ခံမည်ဖြစ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အင်းလေးဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ဂြိုဟ်တုဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံကျေးရွာသို့ ပြုတ်ကျ



ဂြိုဟ်တုဟု ယူဆရသည့် အစိတ်အပိုင်းတစ်ခု ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာသို့ ပြုတ်ကျခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ ငါးသန်းခန့်  ရှိမည် ဟုဆို



၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန့် ရှိမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

“လွှတ်တော်ကြီးက တဖြည်းဖြည်းနဲ့ပျင်းစရာကောင်းနေတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ပြော



လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးလိုသည်များကို ကန့်သတ်ထားကြသဖြင့် လွှတ်တော်သည် တဖြည်းဖြည်း ပျင်းစရာကောင်းလာကြောင်း ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ကပြောသည်။

ဧရာဝတီအစိုးရ လ၀က၀န်ကြီးအသစ်ကို အတည်ပြု ၊ မှတ်ပုံတင်နှင့်အလုပ်သမားကိစ္စများ ဦးစားပေးလုပ်မည်ဟုဆို


Image may contain: 1 person, standing and indoor
ဧရာဝတီတိုင်းဒေသကြီးအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းကို ယနေ့ စက်တင် ဘာလ ၁၉ ရက်တွင် ကျင်းပသော ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခဲ့ကြောင်း တိုင်းလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အဂတိမှုဖြင့်စွပ်စွဲခံထားရသည့် BPI စက်ရုံမှူးဒေါက်တာအောင်ဇော်ကို ရဲက တရားရုံး၌ ချုပ်နှောင်ခွင့် (ရမာန်) ယူ၊ စက်ရုံဝန်ထမ်း ၁၀၀ ခန့် လာရောက်ဝန်းရံ



မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပုဒ်မ ၅၆ ဖြင့် အမှုဖွင့်လှစ်ခြင်းခံထားရသည့် BPI ဆေးဝါး စက်ရုံ၏ စက်ရုံမှူးဒေါက်အောင်ဇော်ကို အင်းစိန်မြို့နယ်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ရုံးထုတ်ခဲ့ရာတွင် ရဲတပ်ဖွဲ့က တရားရုံး၌ ချုပ်နှောင်ခွင့်ယူခဲ့ကြောင်း သိရသည်။

အနောက်တောင်မုတ်သုံလေ ဆက်လက်ဆုတ်ခွာနေ၊ မိုးကြိုးနှင့် လေပြင်းအန္တရာယ် သတိပေးချက်ထုတ်ပြန်

 မြန်မာနိုင်ငံမြောက်ပိုင်းမှဆုတ်ခွာခဲ့သည့် အနောက်တောင်မုတ်သုံလေသည် အလယ်ပိုင်းဒေသသို့ ရောက် ရှိနေပြီး ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက် မိုးကြိုးနှင့် လေပြင်းအန္တရာယ်သတိပြုရန် မိုးလေ၀သ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးသည်။

သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်

No photo description available. 

နေပြည်တော်ကျောက်မျက်ပြပွဲသို့ နိုင်ငံသားကတ်အတု ကိုင်ဆောင်ပြီးလာရောက်သည့် တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးထား


Image may contain: one or more people
နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်နေသည့် ၂၀၁၉ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို တရုတ်နိုင်ငံသား ၃ ဦးမှ နိုင်ငံသားကတ်အတုများ ကိုင်ဆောင်၍ စက်တက်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်လာစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

TNLA အဖွဲ့ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား တပ်မတော်သိမ်းပိုက်

Image may contain: outdoor

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မီတာ ၄၀ဝ၀ ခန့် အကွာရှိ TNLA အကြမ်းဖက်သောင်း ကျန်းသူများ ယာယီအခြေပြုထားသည့် တောင်ရိုးဘုရားကုန်းအား စက်တင်ဘာလ ၁၇ ရက်တွင် တပ်မတော်မှ သိမ်းပိုက်ရရှိခဲ့ ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

"ဘင်္ဂါလီတွေရဲ့ဒုက္ခတွေကို နှလုံးသားကနေခံစားပေးဖို့" ဒေါ်အောင်ဆန်းစုကြည်ကို ယန်ဟီလီတိုက်တွန်း


Image may contain: 3 people, people smiling, people sitting and outdoor
ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့အတိဒုက္ခတွေကို မျက်စိဖွင့်ပြီး နှလုံးသားနဲ့ခံစားပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူတစ်ယောက်က မြန်မာ့အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သနားခံလိုက်ပါတယ်။

သံတုတ်၊ ကတ်ကြေးတို့ ကိုင်ဆောင် ရမ်းကားသည့် သရုပ်ဆောင်လင်းလက်ဟိန်းကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး


သံတုတ်၊ ကတ်ကြေး ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ရန်ပြုတိုက်ခိုက် ကာ လက်နက်ကိုင်ဆောင် ရမ်းကားသည့် သရုပ်ဆောင်လင်းလက်ဟိန်း(ခ) သန်းထိုက်ဦး ကို သင်္ဃန်းကျွန်းမြို့နယ်ရဲ တပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အိန္ဒိယမှာကျင်းပမယ့် ရောင်းသူဝယ်သူ ကုန်သွယ်ရေးဆွေးနွေးပွဲ မြန်မာလုပ်ငန်းရှင်တွေ တက်မည်


 
အိန္ဒိယနိုင်ငံ၊ ချင်နိုင်းမြို့မှာကျင်းပမယ့် ရောင်းသူ ၀ယ်သူ ကုန်သွယ်ရေးဆွေးနွေးပွဲကို CLMV လို့ခေါ်တဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

Wednesday, September 18, 2019

ဗစ်တိုရီးယားအမှု ရှင်းလင်းခဲ့သည့် ဒုရဲချုပ် အောင်နိုင်သူ အနားပေးခံရဆိုသောသတင်း ပြည်ထဲရေး ငြင်းဆို


Image may contain: 1 person, standing and text
ဗစ်တိုးရီးယားအမှုကိစ္စတွင် သံသယတရားခံ အောင်ကြီးဟု ရှင်းလင်းခဲ့သည့် ဒုတိယရဲချုပ် ရဲချုပ်အောင်နိုင်သူ အနားပေး ခံရဆိုသော သတင်းများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

မန္တလေးတိုင်းဝန်ကြီးချုပ်ကို လူမှုကွန်ရက်တွင် ပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားသူအချို့ကို အမှုဖွင့်


Image may contain: 2 people, people standing and text
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေရန်နှင့် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် လူမှုကွန်ရက်ပေါ်တွင် လွန်လွန် ကျူးကျူး ရေးသားသည်ဟုဆိုကာ အဆိုပါရေးသားသူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှတ် ၁၁ ရဲစခန်းတွင် ယနေ့ အမှုဖွင့်လှစ် လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထံမှ သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူ သုံးဦးကို အကြိမ် ၃၀ မြောက် ရုံးထုတ်


စက်တင်ဘာ ၁၇ ရက်က တနင်္သာတိုင်းဒေသကြီး တရားလွှတ်တော်၌ အကြိမ် ၃၀ မြောက်အဖြစ် ရုံးထုတ်စဉ်
အဂတိလိုက်စားမှု ဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူသုံးဦးကို စက်တင်ဘာ ၁၇ ရက်က တိုင်းဒေသကြီး တရားလွှတ်တော်၌ အကြိမ် ၃၀ မြောက်အဖြစ် ရုံးထုတ်ခဲ့ပြီး GGS ကုမ္ပဏီထံ ကျပ်သိန်း ၂၀၀၀ ဖြင့်ရောင်းချခဲ့သည့် သရက်ချောင်းမြို့ရှိ ဒေါက်တာလဲ့လဲ့မော် မိသားစုပိုင် နေအိမ်နှင့် ခြံဝင်းအရောင်းအဝယ်စာချုပ်တွင် အသိသက်သေနေရာ၌ လက်မှတ်ရေးထိုးခဲ့သူအား စစ်ဆေးချက်အရ ကွဲလွဲမှုများရှိနေကြောင်း သိရသည်။

အဝေးသင်ကာလ ခွင့်အလုံအလောက်ရရှိရေး မန္တလေးပညာရေးကောလိပ်ကျောင်းသားမျလှုပ်ရှားမှုပြုလုပ်


Image may contain: 3 people, people standing and outdoor
ပညာရေးဘွဲ့ဖြစ်သည့် B.A(Edu;) B.Sc(Edu;)နှင့်ပတ်သက်၍ တိကျသည့် မူဝါဒများကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်နှင့် အဝေးသင်ကာလတွင် ခွင့်အလုံအလောက်ရရှိရေးအတွက် စက်တင်ဘာ(၁၈)ရက် မွန်းလွဲပိုင်းက မန္တလေးပညာရေးကောလိပ်ကျောင်းရှေ့တွင် ကျောင်းသားသမဂ္ဂအဖွဲ့က ဖဲကြိုးစိမ်းလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

(ARSR) အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် သေးဆုံးခဲ့သည့် ဟိန္ဒူလူမျိုးအား ရည်စူး၍ ဆုတောင်းပွဲ အခမ်းအနားပြုလုပ်


Image may contain: one or more people and people standing
(ARSR) အကြမ်းဖက်သမားတွေ သတ်ဖြတ်တာကြောင့် သေးဆုံးခဲ့ရတဲ့ ဟိန္ဒူလူမျိုးတွေကို ရည်စူးပြီး (၂နှစ်ပြည် ဆုတောင်း မေတ္တာပို့သတဲ့ အခမ်းအနားကို ရန်ကုန်မြို့ Park Royal Hotel မှာ ဒီကနေ့ စက်တင်ဘာ(၁၈)ရက်က ပြုလုပ်ပါတယ်။

အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင် စာရင်းပြုစုနေပြီး အိမ်ထောင်စု လူဦးရေစာရင်း မရှိသူများအား တရားဝင်နှင့် ယာယီအိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးလျက်ရှိ


စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုနေပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများအား တရားဝင်နှင့် ယာယီ အိမ်ထောင်စု လူဦးရေစာရင်းများ ထုတ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၁၇ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

ပရိသတ်မသိတဲ့ ပါတီခင်ဇော်အဖြစ်ခံယူထားတဲ့ နီနီခင်ဇော်



တေးသံရှင် နီနီခင်ဇော် က မကြာခင်မှာထွက်ရှိတော့မယ့် သူမရဲ့ တေးအယ်လ်ဘမ်အသစ်ကို ပါတီခင်ဇော်လို့ အမည်ပေးထားပြီး ပရိသတ်အတွက် အသစ်တွေပေးမယ်လို့ သိရပါတယ်....။

ကျောက်မျက်ပွဲဝင်ခွင့်စစ်ဆေးရာမှ နိုင်ငံသားကတ်အတုကိုင်ဆောင်သည့်တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီး




နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် ကျင်းပနေသည့် နှစ်လယ်ကျောက်မျက်ပွဲသို့ တက်ရောက်လိုသူများအား ၀င်ခွင့် စိစစ်ရေးကတ်ပြား ကြိုတင်စစ်ဆေးစဉ် နိုင်ငံသားစိစစ်ရေးကတ်အတုကိုင်ဆောင်လာသူ တရုတ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သိရသည်။

မကွေးမြို့ နေရာ(၃)ခုတွင် အုပ်စုဖွဲ့ လုယက်၊တိုက်ခိုက်မှု ကျူးလွန်ခဲ့သူ တချို့ကို ဖမ်းဆီး


မကွေးမြို့က အများပြည်သူ အပန်းဖြေနေရာ (၃)ခုမှာ စက်တင်ဘာလ(၁၆)ရက် တစ်ရက်တည်း အုပ်စုဖွဲ့ လုယက်၊ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူ လေးဦးထဲက နှစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ မကွေးမြို့မ ရဲစခန်းက သိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ အပန်းဖြေနေရာတွေဖြစ်တဲ့ ဗိုလ်ချုပ်ပန်းခြံ၊ ကန်သာကန်၊ ကမ်းနားလမ်း ကျောက်သားဥယျာဉ်နေရာတွေမှာ ကျူးလွန်ခဲ့ကြတာဖြစ်ပြီး တစ်ဖွဲ့တည်း အတူတူဖြစ်တယ်ဆိုတာ သိရှိခဲ့ရပြီး အရက် သေစာသောက်စားထားကာ အပျော်အပါးလိုက်စားလိုတဲ့အတွက် အမှုတွေကျူးလွန်ခဲ့တာကို စစ်ဆေးတွေ့ရှိရတယ်လို့ မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်နိုင်က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ခန့်အပ်


ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရားစွဲခံရနိုင်တယ်လို့ အချက်အလက်ရှာဖွေရေးမစ်ရှင်ပြော



မြန်မာနိုင်ငံအရပ်သား ခေါင်းဆောင်၊ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘင်္ဂါလီတွေအပေါ် လူသားချင်းစာနာမှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုမှာ ငြိစွန်းပြီး တရားစွဲဆိုခံရနိုင်ဖွယ် ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ရပ်က အင်္ဂါနေ့(စက်တင်ဘာ ၁၇ ရက်)မှာ ပြောပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ တင်သွင်းသော ဖွဲ့စည်းပုံပြင်ဆင်သည့်မူကြမ်း၌ သမ္မတ အရည်အချင်းသတ်မှတ်ချက် ပုဒ်မ ၅၉ (စ) နှင့် သဏ္ဌာန်တူသည့်အချက်ကို ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်း သတ်မှတ်ချက်တွင် ဖြည့်စွက်ရန်တင်ပြထား


စက်တင်ဘာ ၁၇ ရက်က ပြည်ထောင်စုလွှတ်တော် ကျင်းပစဉ်
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က တင်သွင်းသော ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်သည့်မူကြမ်း၌ သမ္မတအရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)နှင့် သဏ္ဌာန်တူ သည့်အချက်ကို ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်း သတ်မှတ်ချက်တွင် ဖြည့်စွက်ရန် တင်ပြထားကြောင်း သတင်းရရှိသည်။

၁၉၉၀ ရွေးကောက်ပွဲနှင့်၂၀၀၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အကြိုကာလတွင် အချိန်တိုအတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့သဖြင့် မမှန်ကန်သူများပါ ကတ်ပြားများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဝန်ကြီး ပြောကြား


လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြန်လည်ဖြေကြားနေစဉ်
၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၀၈ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အကြိုကာလတွင် အချိန်တိုအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့သဖြင့် မမှန်ကန်သူများပါ ကတ်ပြားများ ရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေ သကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး ပထမနေ့တွင် ပြောကြားသည်။

အခြေခံစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ကျပ်ငါးသိန်းနှင့် ကျပ် ၅၂၀၀၀၀ စသည့်ပုံစံသုံးမျိုးကို တွက်ချက်တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အစိုးရက ကြေညာသည့်ဈေးအတိုင်း ဝယ်ယူမည်


ရသေ့တောင်မြို့နယ်အတွင်း စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေပုံကို ယခင်နှစ်က တွေ့ရစဉ်
အခြေခံစပါးဈေးနှုန်းကို တင်း ၁၀၀ လျှင် ကျပ် ၄၈၀၀၀၀၊ ကျပ်ငါးသိန်းနှင့် ကျပ် ၅၂၀၀၀၀ စသည်ဖြင့် ပုံစံသုံးမျိုးကို   တွက်ချက်တင်ပြမည်ဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) အနေဖြင့် အစိုးရကကြေညာသည့်ဈေးနှုန်းအတိုင်း ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတင်းထုတ်ပြန်ထားသည်။

ဘာသာကြီးလေးခုနှင့် ပိုမိုထိတွေ့လာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရက်ပေါင်း ၂၀ ကျော်အတွင်း ဘာသာရေးဆိုင်ရာ နေရာအနည်းဆုံး ၁၄ ခုသို့ သွားရောက်လှူဒါန်း


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရက်၂၀ကျော်အတွင်း ဘာသာကြီးလေးခုနှင့်သက်ဆိုင်သော အနည်းဆုံးနေရာ ၁၄ ခုသို့ ငွေကြေးနှင့် စား သောက်ဖွယ်ရာများကို သွား ရောက်လှူဒါန်းခဲ့သည်။

အပစ်ရပ်စောင့်ကြည့်ရေးတွင် တရုတ်နိုင်ငံ ပါဝင်ရန် မြောက်ပိုင်းလေးဖွဲ့ကလိုလားနေပြီး ပဋိပက္ခ ဖြေရှင်းရေးယန္တရား ဟူသောအမည်ဖြင့် ဆက်လက်ဆွေးနွေးရန် အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့ သဘောတူး


ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးတွင် တရုတ်နိုင်ငံက ပါဝင်ရန် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့က လိုလားနေပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ပဋိပက္ခဖြေရှင်းရေး ယန္တရားဟူသော အမည်ဖြင့် ဆက်လက်ဆွေး နွေးရန် အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့တို့ သဘောတူခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် ကျိုင်းတုံဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန်အထိ ပြင်ဆင်ထားခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က လက်မှတ်ရေးထိုးရန် Mandate ပါမလာခဲ့ဟု အစိုးရကိုယ်စားလှယ် ပြောကြား


အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
အစိုးရအနေဖြင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နှင့် စက်တင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော တွေ့ဆုံဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန်အထိ ပြင်ဆင်ခဲ့သော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့အနေဖြင့် လက်မှတ်ရေးထိုးရန် Mandate ပါမလာခဲ့ဟု အစိုးရကိုယ်စားလှယ်ဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်း မဟာမိတ်လေးဖွဲ့၏ ကျိုင်းတုံဆွေးနွေးပွဲ Bilateral ရေးထိုးရန် အတိအကျ အဖြေမရသေးဘဲ အောက်တိုဘာလအတွင်း ပြန်လည်တွေ့ဆုံဆွေးနွေးမည်


အစိုးရနှင့် မြောက်ပိုင်းလေးဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၇ ရက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန Bilateral နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့၏ ဆွေးနွေးပွဲကို စက်တင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် Bilateral လက်မှတ်ရေးထိုးရန် အတိအကျအဖြေမရသေးဘဲ လာမည့် အောက်တိုဘာလအတွင်း ပြန်လည်တွေ့ ဆုံဆွေးနွေးမည်ဖြစ်သည်။

Tuesday, September 17, 2019

ပန်းတောင်းမြို့နယ်မှ ရွာ(၅)ရွာ၏ အထွက်လမ်း ကမ်းပြိုသည့်ထဲပါသွား၍ ဒေသခံများအခက်တွေ့နေ


Image may contain: outdoor and nature
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ထဲက ကျေးရွာ(၅)ရွာရဲ့ ရွာအထွက်လမ်းဟာ ကမ်းပြိုတဲ့အထဲမှာ ပါသွား လို့ ဒေသခံတွေက ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရပါတယ်။ အဲဒီလမ်းဟာ ပန်းတောင်းမြို့နယ် သူရဲတန်း တိုက်နယ်နဲ့ ကျေးရွာ(၅)ရွာကို ဆက်သွယ်ထားတဲ့ လမ်းဖြစ်ပြီး သူရဲတန်းချောင်း ကမ်းပြိုတဲ့အထဲ ပါသွားခဲ့တာပါ။ 
 

တရုတ်နိုင်ငံ၊ရွှေလီမြို့တွင် ဥသြဆွဲသတိပေးသံများနှင့်လှုပ်ရှားမှုပြုလုပ်မည်


တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ၂၀၁၉ ခုနှစ်၊စက်တင်ဘာ ၁၈ ရက်နေ့၌ တရုတ်နိုင်ငံဘက်မှ ဥသြသံသတိပေး ချက် ၄ မျိုး လှုပ်ရှားမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပျော်ဘွယ်မြို့နယ်၌ လမ်း၊ တံတားတည်ဆောက်ရန်ဘက်ဂျက် ပြည်ထောင်စုဘဏ္ဍာငွေခွဲတမ်း၌ သိသာထင်ရှားစွာပါမလာခဲ့ဟု ဆို




မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ လမ်း၊ တံတားတည်ဆောက်ရန်ဘက်ဂျက် ပြည်ထောင်စု ဘဏ္ဍာငွေခွဲတမ်း၌ သိသာထင်ရှားစွာပါမလာခဲ့ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

ဒရုန်းဖျက်စနစ်တီထွင်ဖို့ တောင်ကိုရီးယား ဒေါ်လာ ၇၄ သန်း ရင်းနှီးမြုပ်နှံ


Image may contain: one or more people and outdoor

တောင်ကိုရီးယားနိုင်ငံဟာ ဒရုန်းတွေကို ထောက်လှမ်းတိုက်ခိုက်နိုင်တဲ့ စစ်လက်နက်စနစ်ကို ၂၀၂၃ ခုနှစ်မတိုင်ခင် တီထွင်နိုင်ဖို့ အမေရိကန်ဒေါ်လာ ၇၄ သန်းရင်းနှီးမြုပ်နှံဖို့ရှိနေပါတယ်။

ကျောက်ဆည်မြို့နယ်တွင် ဘိန်းဖြူ ၆.၉၁ ကီလိုနှင့် ဘိန်းစိမ်း ၅၉.၈ ကီလို ဖမ်းဆီးရမိ


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဘိန်းဖြူ ၆.၉၁ ကီလိုနှင့် ဘိန်းစိမ်း ၅၉.၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းအား ရီမုမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်၊ အရပ်ဝတ် ဝတ်ဆင်ထား သည့် AA အကြမ်းဖက်သောင်းကျန်းသူ အလောင်းလေးလောင်းတွေ့ရှိ


No photo description available.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်မတော်စစ်ကြောင်းသည် စက်တင်ဘာ ၁၅ ရက် နံနက် ၇ နာရီခန့်တွင် ဘူးသီး တောင်မြို့၏တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ကင်းချောင်းတံတားသို့အရောက်၌ (စိစစ်ဆဲ) အကြမ်းဖက်သောင်းကျန်း သူများက ရီမုမိုင်းသုံးလုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ သဖြင့် အဆိုပါနေရာ တစ်ဝိုက်အား ရှာဖွေ စစ်ဆေးခဲ့ရာ အရပ်ဝတ်ဝတ်ဆင်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးထွက်ပြေးသွားသဖြင့် ရပ်တန့်ရန် ပြောဆို သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် ထွက်ပြေးခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက လက်နက်ငယ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အသေဖမ်းဆီးရမိခဲ့ သည်။

My Blog List