Saturday, August 02, 2014

ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲများ နောက်ကွယ်



ပြည်ထောင်စုဝန်ကြီး နှစ်ဦး နုတ်ထွက်ကြပြန်သည်။ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်မာရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ ဖြစ်သည်။ ၎င်းတို့ကို သမ္မတက ဇူလိုင်လ ၂၉ ရက်နေ့တွင် နုတ်ထွက်ခွင့် ပြုလိုက်သည်။ ၎င်းတို့ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ကြခြင်း ဖြစ်သည်ဟုလည်း သမ္မတ၏ကြေညာချက်တွင် ဖော်ပြထားသည်။

‘‘ဒေါ်အောင်ဆန်းစုကြည်ပုံစံ ဓာတ်ပုံရိုက်ရတာ တာဝန်လည်းကြီးတယ်။ ရင်လည်းခုန်တယ်’’



ယုသန္တာတင်နှင့်တွေ့ဆုံခြင်း

ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဖြတ်သန်းမှုပုံသဏ္ဌာန်ကို သရုပ်ဖော်ရိုက်ကူး ခဲ့သော နီနီခင်ဇော်၏ မျှော်လင့်ချက်တစ်စုံတစ်ရာ ဂီတဗီဒီယိုထွက်ရှိလာ ခဲ့သည်။ မရှေးမနှောင်းတွင်ပင် မဂ္ဂဇင်းတစ်ခု၏မျက်နှာ ဖုံးတွင် ဒေါ်အောင်ဆန်း စုကြည်၏ ၀တ်စားဆင်ယင်မှုဟန်ပန်နှင့် ယုသန္တာတင်၏ ဓာတ်ပုံများ မြင်တွေ့ ခဲ့ရသည်။

တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် နောက်တစ်လှမ်း


ကာလရှည်ကြာစွာ ညှိနှိုင်းနေရသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် လိုင်ဇာ မြို့၌ ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များညီလာခံတွင် သိသာထင်ရှားသည့် ဆုံးဖြတ် ချက်များ ထွက်ပေါ်ရန် အရေးကြီးသည်။

၂၀၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြီးပြတ် သွားအောင် ဆောင်ရွက်နိုင်မည်ဟု သူရဦးရွှေမန်းပြောကြား


ဩဂုတ် ၁ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်အစည်းအဝေးအပြီး မွန်းလွဲ ၁နာရီတွင် ပြည်ထောင် စုလွှတ်တော် နာယကက လွှတ်တော်အတွင်း သတင်း ယူကြသောသတင်းထောက်များနှင့် တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။

အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီက လာမည့်လွှတ်တော်တွင် ဥပဒေကြမ်းတင်သွင်းမည်



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်ရေးကော်မတီသည် လာမည့်လွှတ်တော်အချိန်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ယနေ့ပြောသည်။

သုံးနှစ်ကျော် ကာလအတွင်း ရထားသည့် အခြေအနေများသည် အကောင်းဆုံး မရောက်သေးဟု သမ္မတပြော


သမ္မတ ဦးသိန်းစိန်က ၎င်းတို့ အစိုးရတက်လာပြီး သုံးနှစ်ကျော်ကာလအတွင်း လက်ရှိ ရရှိထားသည့် အခြေအနေများသည် ဒီမိုကရေစီစံနှုန်းများနှင့် တိုင်းတာပါက အကောင်းဆုံးအခြေအနေကို မရောက် ရှိသေးဟု ပြောကြားလိုက်သည်။

ယောက်င်္ကျားမရှိဘဲ ကလေးရလိုတဲ့ ကေတီပယ်ရီ


အဆိုတော် ကေတီပယ်ရီသည် ယောင်္ကျား တစ်ဦးမရှိဘဲ ကလေးရလိုသည်ဟု ထုတ်ဖော် ပြောကြားခဲ့ပြီး မိမိတို့သည် လက်ရှိ အနာဂတ်တွင် နေထိုင်နေသူများ ဖြစ်သည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားခဲ့ သည်။

လိုင်ဇာမှ ပြန်လာသည့် တိုင်းရင်းသား ခေါင်းဆောင်များ အစိုးရတပ်၏ တားဆီးခံရ


လိုင်ဇာ၌ကျင်းပခဲ့သည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံမှ ပြန်လာကြသည့် တိုင်းရင်း သားခေါင်းဆောင်များ၏ ယာဉ်တန်းများအား ယနေ့တွင် နမ့်ဆမ်ယန်၌ မြန်မာအစိုးရတပ်က တားမြစ်ခဲ့ကာ ရှေ့ဆက် ခရီးဆက်နိုင်ရန် အခြေအတငညှိနှိုင်းခဲ့ရကြောင်း ခရီးစဉ်၌ လိုက်ပါခဲ့သူ တစ်ဦးက ပြောသည်။

မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခြင်းမရှိဟု ကုလကိုယ်စားလှယ်ကို အစိုးရတုံ့ပြန်


မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ် ချယ်ထားခြင်းမရှိဟု ကုလသမဂ္ဂ၏ လူအခွင့်အရေး အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီးကို အစိုးရက ဇူလိုင်လ ၃၀ ရက်တွင် တုံ့ပြန်လိုက်သည်။

ပြည်ခိုင်ဖြိုးက ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ် စနစ် ကျင့်သုံးဖို့ ဘာကြောင့် အသည်းအသန် လုပ်နေရသလဲ



အတော်လေးကို ပြင်းပြင်းထန်ထန် ရှိသလို ရှုတ်ရှုတ်ထွေးထွေးလည်း နိုင်လှတဲ့ ပြည်သူ့လွှတ်တော်ထဲက အချိုးကျ ကိုယ်စားပြုစနစ် ခေါ် ပီအာရ်စနစ် ဆွေးနွေးပွဲကြီး ပြီးဆုံးခဲ့ပါပြီ။ ရှုတ်လိုက်သမှ ဆုံးဖြတ်ချက်ချပြီးတာတောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီက သူတို့ ထောက်ခံတာဟာ ဦးအောင်ဇင်ရဲ့ အဆိုကို မဟုတ်ပဲ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းရဲ့ ရှင်းလင်းချက်ကိုပဲ ဖြစ်တယ် ဆိုပြီး ကြေငြာချက်တစ်စောင်ထုတ်ရသည်အထိ ဖြစ်ခဲ့ပါတယ်။ 

ကြီး ၄ ကြီး ဆွေးနွေး အဖြေရှာဖို့ ဒေါ်စုလိုလား


မြန်မာ့နိုင်ငံရေးပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့သာ အဖြေရှာနိုင်မယ်လို့ မြန်မာ့အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြောဆို လိုက်ပါတယ်။ ဒါ့အပြင် လွှတ်တော်တွင်းက မဲအချိုးကျ ကိုယ်စားပြုစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်ခဲ့သလို အစိုးရဟာ ဗဟိုချုပ်ကိုင်မှု ကြီးထွားနေဆဲပဲလို့ ပြောဆိုလိုက် ပါတယ်။ ဒီကနေ့ လွှတ်တော်ဝင်း အဆောက်အအုံအတွင်း မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ သတင်းထောက်တွေ နဲ့ တွေ့ဆုံမှု အခြေအနေ အရပ်ရပ်ကို မသိင်္ဂီထိုက် စုစည်းတင်ပြပေး ပါမယ်။

ဖမ်းဆီးခံ အစ္စရေးလ် စစ်သား ပြန်လွှတ်ဖို့ အိုဘားမားတောင်းဆို


ဟာမားစ်အဖွဲ့အနေနဲ့ သောကြာနေ့ကတိုက်ခိုက်မှုတွေအတွင်း ဖမ်းဆီးလိုက်တဲ့ အစ္စရေးလ်စစ်သားကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရမယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောကြားလိုက် ပါတယ်။

လွှတ်တော်ကို ဝေဖန်နိုင်တယ်၊ လိုအပ်ပါက တရားစွဲလိုက်ပါဟု ဦးရွှေမန်းပြော


လွှတ်တော်နှင့် လွှတ်တော်အမတ်များ၏ အားနည်းချက်များကို လွှတ်တော်သို့ ထဲထဲဝင်ဝင် လေ့လာမှု မရှိဘဲ ဝေဖန်ရေးသားကြသည်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ အချိန်မရွေး လာရောက်လေ့လာနိုင်၊ ဝေဖန်အကြံပေးနိုင်ကြောင်း၊ လိုအပ်မည်ဆိုလျှင် တရား စွဲနိုင်ကြောင်း သြဂုတ်လ ၁ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဝန်ကြီးကယ်ရီကို ကန်လွှတ်တော်အမတ်တွေ မြန်မာ့အရေး ဖိအားပေး



မြန်မာနိုင်ငံအခြေအနေဟာ အဆိုးဖက်ကို ဦးလှည့်သွားတာကြောင့် ဒီအခြေအနေဟာ နှစ်နိုင်ငံ ဆက်ဆံ ရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတယ်ဆိုပြီး မြန်မာအစိုးရကို သတိပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို အမေရိကန်အောက်လွှတ်တော်အမတ် ၇၀ ကျော်က တိုက်တွန်းလိုက်ပါတယ်။

ထိုင်ဝမ်တွင် ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ၊ လူ ၂၄ ဦး သေဆုံး၊ ၂၇၀ ဒဏ်ရာရ


ထိုင်ဝမ်တောင်ပိုင်းမြို့ ဖြစ်သော ကောင်းရှုံ (Kaohsiung) မြို့တွင် ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူ ၂၄ ဦး သေဆုံးသွားပြီး ၂၇၀ ခန့် ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်ရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း ဓာတ်ငွေ့ပိုက်လိုင်း ကျိုးပေါက်မှုများကြောင့် ဖြစ်ရခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြကြသည်။

ဘုံသဘောတူညီချက် ရရှိရန် နိုင်ငံရေးမူဝါဒ အလျှော့အတင်း လုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံတွင် နိုင်ငံရေး ဘုံသဘောတူညီချက် ရရှိရန်အတွက် နိုင်ငံရေး အင်အားစုများ တွေ့ဆုံကာ မူဝါဒ များကို အလျှော့အတင်းလုပ်ယူမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

နိုင်ငံရေး အကျပ်အတည်းများ လူထုကို ရှေးရှုအဖြေရှာခဲ့သည်ဟု သမ္မတပြော အာဏာသုံးရပ် အပြန်အလှန် ထိန်းကျောင်းမှုများ အသက်ဝင်ရန်ကြိုးပမ်းရာတွင် ကြီးမားသော စိန်ခေါ်မှုများရှိနေဟုလည်းဆို



အစိုးရသစ်သက်တမ်း အတွင်း ပြစ်တင်ဝေဖန်မှုများနှင့် ကြုံခဲ့သော နိုင်ငံရေးအကျပ်အ တည်းများ ရှိခဲ့သည့်တိုင် အကျပ် အတည်းများအားလုံးကို လူထုလို လားချက် ရှေးရှုသည့် အဖြေရှာမှု မျိုးဖြင့်သာ ချဉ်းကပ်ဆောင်ရွက်ခဲ့ ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ပြောကြားလိုက်သည်။

ကလေးစစ်သား ၉၁ ဦးကို နုတ်ထွက်ခွင့်ပြု


ကလေးစစ်သား ပပျောက်ရေး စီမံချက်ဖြင့် အရွယ် မရောက်သေးသည့် စစ်မှုထမ်း များနုတ်ထွက်ခွင့်ပြုလျက် ရှိရာ သြဂုတ်လ ၁ ရက်က စုစုပေါင်း၉၁ ဦး နုတ်ထွက်ခွင့်ပြုသဖြင့် ဒုတိယမြောက် အရေအတွက် အများဆုံး နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

K Pop ထိပ်တန်းအဖွဲ့ 2NE1 မြန်မာပရိသတ်များ၊ မီဒီယာများနှင့်တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါက ထပ်မံလာရောက်လိုကြောင်း ပြောကြား


2NE1 အဖွဲ့ဝင်များ Facebook Fan ကံထူးသူများအား အမှတ်တရလက်မှတ် ရေးထိုးပေးနေစဉ်

K Pop ထိပ်တန်းအဖွဲ့ 2NE1 သည် မြန်မာပရိသတ်များ၊ မီဒီယာများနှင့် ဩဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ မြေနီကုန်းရှိ Myanmar Event Park ၌ ပြုလုပ်ခဲ့ကာ မြန်မာနိုင်ငံသို့ အခွင့်အရေးရရှိပါကနောက် တစ်ကြိမ် ထပ်မံလာရောက်လိုကြောင်း ပြောကြားသည်။ 

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးတွင် ကိုထင်ကျော်ကိုရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်


(သြဂုတ် ၁ ရက်က ကိုထင်ကျော်အားရုံးထုတ်စဉ် တရားရုံး၌လဲလျောင်း၍ သပိတ်မှောက် ဆန္ဒပြသောကြောင့် တာဝန်ရှိသူများ ခေါ်ဆောင်လာစဉ်)

၂၀၁၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအား အယုံအကြည် မရှိကြောင်း ဆန္ဒထုတ်ဖော်ကာ လက်ကမ်းစာစောင်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု(MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို သြဂုတ် ၁ ရက်တွင် ဒဂုံမြို့သစ် တောင် ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးမည်ဆိုသည့်ကတိ တည်မတည် စောင့်ကြည့်ပါဟု ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား


၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ပေးမည်ဆိုသည့်ကတိကို တည်မတည် စောင့်ကြည့်ပါဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။နေပြည်တော်တွင် သြဂုတ် ၁ ရက်ကပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်နာယက၏ သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့်နိုင်ငံ မရှိသေးကြောင်းနှင့် PR စနစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



PR စနစ်ကြောင့် အမျိုးသားရင်ကြားစေ့ရေး ရရှိခဲ့သည့်နိုင်ငံ မည်သည့်နေရာတွင်မှ မရှိသေးကြောင်းနှင့် PR စနစ်သည် ဖွဲ့စည်းပုံနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၁ ရက်က မီဒီယာများနှင့်တွေ့ ဆုံစဉ် ပြောကြားသည်။

လန်ဒန်ဆရာတော် ဦးဥတ္တရက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အား တရားပြန်စွဲရာတွင် ဗဟန်းမြို့နယ်အပြင် တာမွေမြို့နယ် တရားရုံးကပါ လက်မခံသောကြောင့် ခရိုင်ရုံး၌ ဆက်လက်တရားစွဲမည်



လန်ဒန်ဆရာတော် ဦးဥတ္တရက မတရားဖမ်းဆီး ချုပ်နှောင်မှုနှင့် မတရားတားဆီး ကန့်ကွက်မှုတို့ဖြင့် နိုင်ငံတော်သံဃ မဟာနာယကအား ရန်ကုန်တိုင်းဒေသကြီး တရားရုံး၌ ၂၀၁၄ ခုနှစ် သြဂုတ် ၁ ရက်တွင် တရားပြန်လည်စွဲဆိုခဲ့ရာ တာမွေတရားရုံးမှ လက်မခံသောကြောင့် ခရိုင်၊ တိုင်း အဆင့်ဆင့်တက်ကာ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။

Friday, August 01, 2014

ဘယ်သူ့အတွက် ထီထိုးမှာလဲ




"မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ၏ သတင်းထုတ်ပြန်ချက် (၁.၈.၂၀၁၄)"


၁။ လက်ရှိကြုံတွေ့နေသော မီဒီယာကဏ္ဍဆိုင်ရာ ပြဿနာများ၊ အခက်အခဲများ၊ အားလုံးနှင့် ပတ်သက်၍ အထူး သဖြင့် အမှုဖွင့်၊ အရေးယူ၊ ပြစ်ဒဏ်ချမှတ်ခံနေရမှုများကို တရားစီရင်ရေး ကဏ္ဍ၏ လွတ်လပ်စွာ ဆောင် ရွက်နိုင်မှု အားမထိခိုက်စေသော နိုင်ငံတော် သမ္မတ ၏ လုပ်ပိုင်ခွင့် အတွင်းမှ မီဒီယာသမားများ နစ်နာမှု မရှိစေရန် ဥပဒေ ကြောင်းအရ မျှတစွာ ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် သမ္မတ နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ကိုယ်စားလှယ်များ တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတ က အလေးအနက် ပြောကြားပါသည်။

တနိုင်လုံးအဆင့် ထိုင်းစာ လက်ရေးလှပြိုင်ပွဲတွင် မြန်မာကျောင်းသား ပထမရရှိ



စာနယ်ဇင်းကောင်စီကို အသိအမှတ်ပြုပြီး ကြားခံဖြေရှင်းပေးရန် သမ္မတနှင့်ကောင်စီ သဘောတူ


အစိုးရအဖွဲ့အနေနဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို အသိအမှတ်ပြုပြီး မီဒီယာနဲ့ ပတ်သက်လို့ ဘယ်ကိစ္စ ပဲဖြစ်ဖြစ် စာနယ်ဇင်းကောင်စီက ကြားခံအဖြစ် ဖြေရှင်းပေးဖို့ သမ္မတနဲ့ကောင်စီတို့ နှစ်ဘက်သဘောတူ ညီမှု ရခဲ့ကြတယ်လို့ ကောင်စီအတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

မြန်မာခရီးစဉ် ဘာသာရေး လွတ်လပ်ခွင့် ဆွေးနွေးဖို့ ဝန်ကြီးကယ်ရီကို တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံကို လာမယ့်လ သွားရောက်တဲ့ အခါမှာ မြန်မာ အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို ဦးစားပေး ဆွေးနွေးဖို့ဆိုပြီး အမေရိကန် အခြေ စိုက်တဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်း အသင်းအပင်းတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက စုပြီး နိုင်ငံခြားရေးဝန်ကြီး ကယ်ရီထံကို စာရေးသား တောင်းဆိုထားပါတယ်။

သတင်းသမားတွေ ဖမ်းဆီးခံနေရတာ သမ္မတက ဘယ်လိုကူညီမှာလဲ


ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့၊ တရားစွဲဆိုခံနေရတဲ့ သတင်းထောက်တွေ နစ်နာမှုမရှိအောင် သမ္မတက သူ့ရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ကူညီသွားမယ်လို့ သြဂုတ် ၁ရက်နေ့က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့ပါတယ်။ သတင်းထောက်တွေကို သမ္မတက အရေးယူတာတွေ ပယ်ဖျက်ပေးတော့ မှာလား။

တစ်နိုင်ငံလုံး ၂လအတွင်း အပစ်ရပ်စာချုပ် ချုပ်နိုင်တော့မယ်


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂ လအတွင်း ချုပ်ဆိုနိုင်မယ့် အနေအထား ရှိနေပြီလို့ လိုင်ဇာမှာကျင်းပတဲ့ တိုင်းရင်းသားထိပ်သီးညီလာခံရဲ့ နောက်ဆုံးနေ့ ဇူလိုင် ၃၁မှာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောလိုက်ပါတယ်။ 

ဖောက်သာဖောက် ဆောက်သာဆောက်သော်လည်း စနစ်မကျသည့် စည်ပင်သာယာဟု ဦးခင်အောင်မြင့် ဝေဖန်


အစိုးရသစ်လက်ထက် အဆောက်အအုံများ လမ်းတံတားတည်ဆောက်ခြင်းများကို ဆောက်လုပ်ရေးဝန်ကြီး ဌာနအပြင် တင်ဒါအောင် ပုဂ္ဂလိကကုမ္ပဏီများပါ ဆောင်ရွက်နေသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန သာလျှင် စနစ်တကျဆောင်ရွက်နိုင်သည်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောသည်။

သူရဦးရွှေမန်းရဲ့ ဆုံးဖြတ်ချက်ကိုသာ ထောက်ခံခဲ့တာလို့ NLD ထုတ်ပြန်


PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးမှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထောက်ခံတယ်ဆိုပြီး ပြည်သူတွေအကြား ထင်ယောင်ထင်မှား ဖြစ်လာတဲ့အတွက် PR စနစ်ကို မထောက်ခံကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ကပေးသည့် ကြိုတင်ငွေ ၄ သိန်း အန်အယ်လ်ဒီအမတ်များ မထုတ်


ပြည်သူ့လွှတ်တော်ရပ်နားချိန် နယ်မြေဆင်းအလုပ်လုပ်ရင်သုံးဖို့ အမတ်တဦးကို ကြိုတင်ငွေ ၄ သိန်း ထုတ်ပေးတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်ဒီပါတီ)အမတ်တွေအားလုံးက မထုတ်ဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။

ဥသြဆွဲရင် ဗုံးခိုကျင်းထဲ ၀င်ပုန်းဖို့ ညွှန်ကြားထားတယ် – မြန်မာသံမှူး ဦးမြင့်စိုး


ဂါဇာဒေသမှာ အစ္စရေးနဲ့ ဟားမတ်တွေအကြား သီတင်း ၃ ပတ်ကျော်ကြာ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ ထောင်ကျော် သေဆုံးသွားခဲ့ပါပြီ။ လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိနေပေမယ့် သတိရှိကြဖို့နဲ့ ဒုံးကျည်တွေလာလို့ ဥသြဆွဲရင် ချက်ချင်းဗုံးခိုကျင်းထဲဝင်ပုန်းကြဖို့ ညွှန်ကြား တယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြောပါတယ်။

2NE1 အဖွဲ့ ရန်ကုန်သို့ရောက်ရှိ



မလေးရှားလေယာဉ် ပျက်ကျတဲ့နေရာ နိုင်ငံတကာ စုံစမ်းရေးအဖွဲ့ ဝင်ရောက်


ယူကရိန်းနိုင်ငံ အရှေ့ခြမ်း မလေးရှားလေယာဉ်ပျက် ကျခဲ့တဲ့နေရာကို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့တဖွဲ့ ရောက်ရှိလာပါပြီ။ ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ အဲ့ဒီနေရာတ၀ိုက်မှာ တိုက်ပွဲတွေဖြစ်နေတာမို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ အဲဒီနေရာကို ရောက်ရှိဖို့ ရက်အတန်ကြာ ကြိုးပမ်းခဲ့ရပြီးနောက် အခု ပထမဆုံးအကြိမ် ရောက်ရှိလာတာဖြစ်ပါတယ်။

အစိုးရ နှင့် ဆွေးနွေးရာတွင် လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ရန် ညှိနှိုင်းရေး မူဝါဒဆိုင်ရာ အချက်(၄)ချက်ကို အကောင်အထည်ဖော်ရေး လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် သဘောတူ


ကေအိုင်အိုဌာနချုပ် လိုင်ဇာတွင်ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီး အစည်းဝေး ကို နောက်ဆုံးရက်အဖြစ် ဇူလိုင် ၃၁ ရက်နေ့က ကျင်းပခဲ့ပြီး  အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်း ချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနှင့် အင်န်စီစီတီတို့အကြား ဆွေးနွေးရာတွင် ညှိနှိုင်းဖြေရှင်းမှု ပိုမိုမြန် ဆန်ပြီး ဆွေးနွေးပွဲ အမြန်ပြီး မြောက် စေရန်အတွက် ညှိနှိုင်းရေးမူဝါဒဆိုင်ရာ အချက်(၄)ချက်ကို အကောင် ထည် ဖော်ရန် သဘောတူညီခဲ့ကြောင်းသိ ရသည်။

တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ခြင်းဖြင့် အရွယ်မတိုင်မီ သေဆုံးမှုအန္တရာယ်ကို လျှော့ချနိုင်


တစ်နေ့လျှင် ငါးမိနစ်မျှ အပြေးလေ့ကျင့်ရုံဖြင့် အရွယ်မတိုင်မီ သေဆုံးမှု အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။ လေ့ကျင့်ခန်း ခေတ္တမျှ လုပ်ခြင်းဖြင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများမှာ ကျန်းမာရေးကျွမ်းကျင်သူများ ယူဆထားသည်ထက် အကျိုး ပိုများကြောင်း ယင်းလေ့လာမှုရလဒ်များက ဖော်ပြသည်။

သမ္မတအိုဘားမားကို တရားစွဲရန် အမေရိကန် အောက်လွှတ်တော် သဘောတူ


ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် ပတ်သက်၍ အခြေခံဥပဒေကို ကျော်လွန် လုပ်ဆောင်သည်ဟု ဆိုကာ အမေရိကန်သမ္မတ အိုဘားမားကို အမေရိကန် အောက်လွှတ်တော်က တရားစွဲဆိုရန် သဘောတူ လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တရားမ၀င်ဟု ဆိုကာ ရွှေတွင်းကို ၀င်ရောက်ရှင်းလင်း သောကြောင့် မြေအောက်တွင် ရွှေတူးဖော်နေသော ဒေသခံ ရွှေလုပ်သားများ ပိတ်မိ



မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုးအုပ်စု ကံတောင် ကျေးရွာရှိ ရွှေလုပ်ကွက်တွင်တရားမဝင် ရွှေ တူးဖော် နေသည်ဟုဆိုကာ ရွှေတူး ဖော်သည့် နေရာကို ဇူလိုင် ၃၀ ရက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဝင်ရောက် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်ရာ ရွှေ တူးဖေါ် နေသော ဒေသခံ ရွှေလုပ်သား ရာဂဏန်းခန့် မြေအောက်တွင် ပိတ်မိ နေသည်ဟု ဒေသခံများက မဇ္ဈိမ ကိုပြောသည်။

ဖီဖာ ဒုဥက္ကဋ္ဌ ဂရွန်ဒိုနာ နှလုံးရောဂါဖြင့် ကွယ်လွန်


ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဂျူလီယို ဟမ်ဘာတို ဂရွန်ဒိုနာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့နံနက်က နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်သည့် ဂရွန်ဒိုနာသည် အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲမဲစာရင်းကို ပြင်ပအဖွဲ့အစည်းများပါ ကြည့်ခွင့်ပြုမည်


လာမည့် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲ မကျင်းပမီ မဲ ပေးပိုင်ခွင့် ရှိသူများစာရင်းကို ပြင်ပအဖွဲ့အစည်း များကိုပါ စစ်ဆေး ကြည့်ရှုခွင့်ပြုမည်ဟု ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်၏ မ ဟာဗျူဟာစီမံကိန်းတွင် ထည့် သွင်းရေးဆွဲထားကြောင်း သတင်းရရှိသည်။

၄၃၆ ပြင်ရေး ပြည်သူ့လက်မှတ် ငါးသန်း သမ္မတနှင့် လွှတ်တော် အလေးထားရန်လို


အင်န်အယ်လ်ဒီပါတီနှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူငါးသန်း၏ ဆန္ဒပြုချက်လက်မှတ်များကို သမ္မတနှင့် လွှတ်တော်ထံ တင်သွင်းပါက ပြည်သူများ၏ ဆန္ဒအားအလေးထားရန် လိုအပ်သည်ဟု နိုင်ငံရေးသမားများက ပြောကြား သည်။

ဝန်ကြီးနှစ်ဦး နှုတ်ထွက်သွားမှုကိစ္စ ဦးရဲထွဋ် ရှင်းလင်းပြောကြား



ရာထူးကအနားပေးခံရတဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်တို့ဟာ သမ္မတဦးသိန်းစိန်ရဲ့ တတိယအဆင့် ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် နှုတ်ထွက် သွားခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးအဖြစ် အဆိုပြု ခံထားရသူ သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။




ပညာရေးဝန်ထမ်းများအနေဖြင့် လုပ်သက် ၂ နှစ်ပြည့် ပါက ပြောင်းရွှေ့ခွင့်တင်နိုင်မည် ဖြစ်ပြီး ပြောင်းရွှေ့လိုသည့် ဒေသ များကို စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ ဇော်မင်း အောင်ကပြော သည်။

My Blog List