Thursday, January 23, 2020

သီရိလင်္ကာသို့ လှူဒါန်းထားသော မြန်မာဆင် Myan Prince အနှိပ်စက်ခံနေရ

Image may contain: outdoor and nature

မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓစွယ်တော် လှည့်လည်ပွဲနှင့် ဘာသာရေးအခမ်းအနားတွေမှာ အသုံးပြုရန်ချစ်ကြည်ရေးအနေဖြင့်ဆင်များလက်ဆောင်ပေးလေ့ရှိရာယခုအခါမြန်မာနိုင်ငံမှလက်ဆောင်ပေးထားသော Myan Prince အမည်ရဆင်လေးကို Bellanwila RajaMahaViharayaဘုန်းကြီးကျောင်းတွင်းမှာရက်ရက်စက်စက်ကို အနှိပ်စက်ခံကြောင်းသိရသည်။

ယခင်နှစ်အတွင်းက ဆင်၏နှာမောင်းဖြင့်မတော်တဆ ထိခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါးပျံလွန်ခဲ့သည်ဟုသောစွပ်စွဲချက်ဖြင့်လက်စားချေပြီးနေ့ရှည်လများနှိပ်စက်နေကြောင်း ဒေသခံအချို့ကဆိုသည်။

အဆိုပါဘုန်းကြီးကျောင်းမှာ ယခင်ကလည်း ဆင်များကိုနှိပ်စက်သဖြင့်ဆင်များသေဆုံးခဲ့သောဖြစ်စဉ်များရှိခဲ့ကြောင်းသိရသည်။

နှိပ်စက်ရာတွင်ချွန်းဖြင့် ထိုးနှက်ခြင်း၊ ခြေ ၄ ချောင်းကို ရပ်မရအောင်ကြိုးဖြင့်ချည်ပြီးတစ်နေကုန်ပစ်ထားခြင်းများပြုလုပ်နေပြီးသက်သေဗီဒီယိုဖိုင်တွေထွက်ပေါ်လာခဲ့သည်။

ယခင်နှစ်ကလည်း သီရိလင်္ကာတွင် Tikiri အမည်ရအသက် ၇၀ အရွယ် ဆင်မကြီးကို ဘာသာရေး အခမ်းအနားများတွင် နေ့မနား ညမနား ခိုင်းစေကြောင်း သတင်းများထွက်ပေါ်ခဲ့ရာ ဆင်စောင့်ရှောက်ရေး အဖွဲ့များ ကယ်တင်ခဲ့သော်လည်း သေဆုံးသွားခဲ့ရသည်။
"ဒီဆင်လေးကိုလှူဒါန်းတာကတော့မြန်မာ့သစ်လုပ်ငန်းကပါကျွန်တော်တို့ကတော့ဆင်လေးကိုဆိပ်ကမ်းမပို့မှီထိန်းသိမ်းပေးရတာပါ..တိရိစ္ဆာန်ရုံကဆင်မဟုတ်ပါဘူး လွဲပြောင်းမှုအရတော့ဆင်ကိုပြန်ခေါ်ဖို့မလွယ်ကူပါဘူး..နောက်ဆုံးသိရတာကတော့ သူတို့နိုင်ငံအစိုးရက ဒီသတင်းကိုသိရပြီးကောင်းကောင်းစောင့်ရှောက်နေတယ်လို့သိရပါတယ်"ဟုရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ စီမံမန်နေဂျာ ဦးမျိုးကျော်သူက Speakerသို့ပြောသည်။

မြန်မာနိုင်ငံအနေဖြင့်သီရိလင်္ကာနိုင်ငံကို"ပန်းရွှေမောင်"အမည်ရဆင်တစ်စီးကိုနောက်ဆုံးအနေဖြင့်လှူဒါန်းထား
ကြောင်းသိရသည်။
Image may contain: outdoor and nature

⚠️ နှိပ်စက်ခံနေရတဲ့ ဗီဒီယိုဖိုင် 👇

ထူးမြတ်

No comments:

Post a Comment

My Blog List