မူလစာမျက်နှာ
သတင်း
ဆောင်းပါး
အိတ်ဖွင့်ပေးစာ
NLD
၈၈ မျိုးဆက်
ကာတွန်း
နိုင်ငံတကာရေးရာ
စီးပွားရေးသတင်း
နည်းပညာ
အထူးသတင်း
အနုပညာ
ဓာတ်ပုံ
အထွေထွေ
Friday, September 27, 2019
၂၀၂၀ ရွေးကောက်ပွဲ အပြတ်အသတ်နိုင်ရေး ဗျူဟာကျကျ ရေးဆွဲနေသည်ဟု NLD ဆို
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိရေးအတွက် ဗျူဟာကျကျ ရေးဆွဲ လျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ပါတီ တည်ထောင်မှု ၃၁ နှစ်ပြည့် အခမ်းအနား၌ သဘာပတိမိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောဆိုသည်။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်အောင်ဆန်းစုကြည် တစ်ဦးသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မည့် ခေါင်းဆောင်ဟု ဦးဥာဏ်ဝင်း ပြော
ဒေါ်အောင်ဆန်းစုကြည်တဦးသာလျှင် မြန်မာ့ဒီမိုကရေစီနိုင်ငံသစ်ကို မုချပြောင်းလဲနိုင်မည့် ခေါင်းဆောင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီချုပ်ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
အဝေးသင်စာမေးပွဲဖြေမည့်ပညာရေးဝန်ထမ်းများအတွက် တရားဝင်ခွင့်ရက်တိုးမြှင့်
အဝေးသင်စာမေးပွဲဖြေမည့် ပညာရေးဝန်ထမ်းများအတွက် တရားဝင်ခွင့်ရက်ကို ယခင်က ၁၇ ရက်သာ ပေးရာမှ ယခုနှစ်ကစတင်ကာ ၄၅ ရက်သို့ တိုးမြှင့်လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ရန်ကုန် Water Bus ပြေးဆွဲမှု ယာယီရပ်နား
ရန်ကုန် Water Bus ပြေးဆွဲမူကို စက်တင်ဘာ ၂၇ ရက် (ယနေ့)ကစ၍ ယာယီရပ်နားမည်ဟု အဆိုပါ ရေယာဉ်လိုင်းက သတင်းထုတ်ပြန်သည်။
ဆက်လက်ဖတ်ရှုရန် »
မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအနီး၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအနီး၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
ဆက်လက်ဖတ်ရှုရန် »
ငြိမ်းစုစီပုဒ်မဖြင့်တရားစွဲခံထားရသည့် နော်အုန်းလှနှင့် ကရင်လူငယ်နှစ်ဦးအတွက် ကရင်လူမျိုးများ လာရောက်ဝန်းရံ
ကရင်အာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့တာကြောင့်ဆိုပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲခံထားရတဲ့ ဒေါ်နော်အုန်းလှနဲ့ ကရင်လူငယ်နှစ်ယောက်ကို ကျောက်တံတားတရားရုံးမှာ စက်တင်ဘာ(၂၇)ရက်(ဒီကနေ့)မှာ ရုံးထုတ်မှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဒေါ်ဥမ္မာလှိုင်က ကလေးငယ် ဗစ်တိုးရီးယား၏ဖခင်၊ ဦးလေး ၊ အဒေါ်၊ နှစ်ဘက်ရှေ့နေများနှင့် သက္ကမိုးညို တို့ကို အမှုဖွင့်
နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က ကလေးငယ် ဗစ်တိုးရီးယားအမှုမှာ ပတ်သက်နေတဲ့ နှစ်ဘက်ရှေ့နေတွေနဲ့ မိသားစု၊ မိသားစု မိတ်ဆွေ ဆရာဝန် တို့ကို စက်တင်ဘာ(၂၆)ရက်က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေးနှင့် အဒေါ်အပါအဝင် ခြောက်ဦး အား ကလေးသူငယ်ဥပဒေဖြင့် အမှူဖွင့်
Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးက ဗစ်တိုးရီးယား၏ ဖခင်၊ ဦးလေး၊ အဒေါ် အပါအဝင် အောင်ကြီး ဘက်မှ ရှေ့နေ ၊ တရားလို ရှေ့နေနှင့် သက္ကမိုးညိုတို့အား ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်းမှ သိရသည်။
ဆက်လက်ဖတ်ရှုရန် »
"အတိုင်ပင်ခံတက်ရောက်လာသော ကမ္ဘာခရီးသွားနေ့အခမ်းအနား လုံခြုံရေးတင်းကြပ်"
ကမ္ဘာခရီးသွားနေ့အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်ဗဟိုဌာန၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
Thursday, September 26, 2019
“၂ဝ၂ဝ မှာလည်း ၂ဝ၁၅ တုန်းကလို နိုင်အောင်တော့ ကျွန်မတို့အားလုံး ကြိုးစားရမယ်။ ကျွန်မတို့ ပြင်ဖို့အချိန်တွေရှိနေသေးတယ် . . .” (ဒေါ်စန္ဒာမင်းနှင့် အင်တာဗျူး)
ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဘတ်ဂျက်ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ ဘတ်ဂျက်တွင် ပါဝင်ခြင်း မရှိဘဲ လုပ်ငန်းရှင်များက proposal တင်ဆောင်ရွက်မည့် စီမံကိန်းများသည် နိုင်ငံနှင့် နိုင်ငံသားများ အတွက် အကျိုး ရှိမည့် စီမံကိန်းဟုတ်၊ မဟုတ် စစ်ဆေးခြင်းများကို တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အဓိကထားဆောင်ရွက်နေသည်။
ဆက်လက်ဖတ်ရှုရန် »
ထိုင်းနိုင်ငံက တရားမ၀င်မြန်မာလုပ်သား ၁၀၉ ဦးကို မြန်မာပြန်ပို့
မြန်မာနိုင်ငံက တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၁၀၉ ဦးကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ မြန်မာ နိုင်ငံ လူဝင်မှုကြီးကြပ်ရေးအစိုးရအာဏာပိုင်တွေကို စက်တင်ဘာ ၂၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက တစ်စုံတစ်ရာ ညွှန်ကြားမှုမရှိသေးဟု ကချင်ဝန်ကြီးချုပ်ပြော စီမံကိန်းဆိုင်းဘုတ် ယိုင်နဲ့နေ၍ ဘေးကင်းစေရန် ဖြုတ်သိမ်းခြင်းဖြစ်ကြောင်း CPI ကုမ္ပဏီရှင်းလင်း
မြစ်
ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ပြည် ထောင်စုအစိုးရထံမှ တစ်စုံတစ်ရာ ညွှန်ကြားချက် မရှိသေးကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။
ဆက်လက်ဖတ်ရှုရန် »
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များအတွက် အမေရိကန်သံရုံးက လုံခြုံရေးသတိပေးချက် ထုတ်ပြန်
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် ဖောက်ခွဲတိုက်ခိုက်မှုများရှိလာနိုင်သဖြင့် အမေရိကန်နိုင်ငံသားများ အနေဖြင့် သတိဝီရိယဖြင့် နေထိုင်သွားလာကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ စက်တင်ဘာ ၂၅ ရက်က သတင်းထုတ်ပြန်ထားသည်။
ဆက်လက်ဖတ်ရှုရန် »
နေပြည်တော်တွင် လုံခြုံရေးတိုးမြှင့်ချထား
ဖောက်ခွဲ၊ တိုက်ခိုက်မှုများ ပြုလုပ်မည်ဟူသည့် သတင်းများအရ အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် လုံခြုံရေးတိုးမြှင့် ချထားသည်ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာ ၂၆ရက် နံနက်ပိုင်းက မြင်တွေ့ရစဉ်
ဆက်လက်ဖတ်ရှုရန် »
Wednesday, September 25, 2019
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဆိုပြုချက် ၃၇၆၅ ချက်အနက် ဥပဒေမူကြမ်းတွင်ထည့်သွင်းဆောင်ရွက်မည့်အချက်များကို မဲပေးရွေးချယ်၍ အတည်ပြုခြင်းများဆောင်ရွက်ရာတွင် အခန်း ၂ အထိ ဆောင်ရွက်ပြီးစီး
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုပြုချက် ၃၇၆၅ ချက်အနက်မှ ဥပဒေမူကြမ်းတွင် ထည့်သွင်းဆောင်ရွက်မည့် အချက်များကို မဲပေးရွေးချယ်၍ အတည်ပြုခြင်းများ ဆောင်ရွက်ရာတွင် အခန်း ၂ အထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီထံမှ သိရသည်။
ဆက်လက်ဖတ်ရှုရန် »
ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အမြန်ဆုံးစတင်ရန်နှင့် အချက်နှစ်ချက်ကို သုံးနိုင်ငံဝန်ကြီးအဆင့်ဆွေးနွေးပွဲ၌ သဘောတူ တရုတ်ပါဝင်လာသည့် သုံးနိုင်ငံပူးတွဲ လုပ်ငန်းအဖွဲ့ ယန္တရားတည်ထောင်မည်
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ကို အမြန်ဆုံးစတင်ရန်အပါအ၀င် အချက်သုံးချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်-တရုတ်သုံးနိုင်ငံဝန် ကြီးအဆင့်ဆွေးနွေးပွဲ၌ သဘော တူခဲ့ကြောင်း တရုတ်အစိုးရပိုင် People’s Daily သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။
ဆက်လက်ဖတ်ရှုရန် »
ဥရောပ ၆ နိုင်ငံကို ဗီဇာဖြေလျှော့ပေးသော်လည်း ခရီးသွားဧည့်သည်တိုးလာမည်မဟုတ်ဟု ဆို
ဥရောပ ၆ နိုင်ငံကို ဗီဇာဖြေလျှော့ပေးသော်လည်း တိုက်ရိုက်လေကြောင်းလိုင်းမရှိသဖြင့် ခရီးသွားဧည့်သည် တိုးလာ မည်မဟုတ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
NLD ပါတီ၏တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းခြင်းမှာ ရွေးကောက်ပွဲနီးမှ နိုင်ငံရေးမီးရှူးမီးပန်းလွှတ်ခြင်း ဖြစ်ဟု ဆို
NLD ပါတီ၏တိုင်းရင်းသားရေးရာကော်မတီဖွဲ့စည်းခြင်းမှာ ၂၀၂၀ ရွေးကောက်ပွဲနီးမှ နိုင်ငံရေးမီးရှူးမီးပန်း လွှတ်ခြင်းဖြစ် ကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှဒုတိယဥက္ကဋ္ဌ ဦးဟန်ရွှေကပြောသည်။
ဆက်လက်ဖတ်ရှုရန် »
Tuesday, September 24, 2019
ဗိုလ်ချုပ်ရုပ်ရှင်ကို တနှစ်အတွင်း အပြီးရိုက်မည့်ကိစ္စ ဟုတ်ရဲ့လား၊ ပြီးနိုင်ရဲ့လား” ဟု ဒေါ်အောင်ဆန်းစုကြည် မေးမြန်းခဲ့ဟုဆို
ဗိုလ်ချုပ်ရုပ်ရှင်ကို တနှစ်အတွင်း အပြီးရိုက်မည့်ကိစ္စ “ ဟုတ်ရဲ့လား၊ ပြီးနိုင်ရဲ့လား” ဟု ဒေါ်အောင်ဆန်းစုကြည်မေးမြန်း ခဲ့ပြီး သေချောကောင်းမွန်အောင် ရိုက်ကူးရန် မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
မန္တလေးနန်းမြို့ရိုး ကျုံးဘေးလက်ရန်းတွင် ထဘီနှင့်အဝတ်လှန်းသူများကို မန်းစည်ပင်က ခံဝန်ထိုးခိုင်းပြီး သတိပေး
မန္တလေး အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၅ လမ်းနှင့် ၇၆ လမ်းကြားရှိ မန္တလေးနန်းမြို့ရိုးကျုံးဘေးလက်ရန်းပေါ်တွင် ထဘီနှင့်အဝတ်များလှန်းသည့်ကိစ္စနှင့်ပတ်သက်၍ ပြုလုပ်သူများကို ခံဝန်ထိုးခိုင်း၍ သတိပေးထားပြီးဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ဆက်လက်ဖတ်ရှုရန် »
အနုပညာရှင်များအနေဖြင့် ပြည်သူအားဂျင်းထည့်သည့်လုပ်ရပ်မျိုးကို သတိထားဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သတိပေး
အနုပညာရှင်များအနေဖြင့် ကျော်ကြားမှုကိုအသုံးချပြီး ပြည်သူအားဂျင်းထည့်သည့်လုပ်ရပ်မျိုးကို သတိထားဆောင် ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက သတိပေးပြောကြား လိုက် သည်။
ဆက်လက်ဖတ်ရှုရန် »
ဘင်္ဂလားဒေ့ရှ်တွင် မိန်းကလေးများ ရာသီလာချိန် ရှက်ကြောက်ပြီး ကျောင်းပျက်ခြင်းများမဖြစ်စေဖို့  အမျိုးသမီးလစဉ်သုံးဂွမ်းထုပ်များ အခမဲ့ပေးဝေမည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျေးလက်ဒေသများရှိ မိန်းကလေးငယ်တွေဟာ ဓမ္မတာပေါ်ချိန်တွေမှာ လူ့အသိုင်းအ၀ိုင်းမှာ မသိအပ် မမြင်အပ်တဲ့ အကြောင်းအရာတစ်ခုအဖြစ်မှတ်ယူကာ ယင်းအချိန် ကာလတွေအတွင်း ကျောင်းမတက် တော့တာကို ပပျောက်စေဖို့ အတွက် အမျိုးသမီး လစဉ်သုံးဂွမ်းထုပ်တွေ
အခမဲ့ပေးဝေသွားမှာဖြစ်ကြောင်း ဘင်္ဂလား ဒေ့ရှ် ဝန်ကြီးတစ်ဦးက တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ရုပ်ရှင်အစည်းအရုံးသို့အလှူငွေလှူဒါန်းခြင်းမှာ မဲဆွယ်ခြင်းမဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ သွားရောက်ပြီး ငွေကျပ်သိန်း ၄၀၀ ကျော်လှူဒါန်းခြင်းမှာ မဲဆွယ်စည်းရုံးခြင်း မဟုတ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကပြောသည်။
ဆက်လက်ဖတ်ရှုရန် »
ဗြောက်အိုး၊ မီးရှူးများထုတ်လုပ်ဖြန့်ဖြူး ပစ်ဖောက်ခြင်းပြုလုပ်က အရေးယူမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း သီတင်းကျွတ်ကာလတွင် ဗြောက်အိုး၊ မီးရှူး နှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးနှိုးဆော်ချက်များ နှစ်စဉ်ထုတ်ပြန်လျက် ရှိပါသည်။
ဆက်လက်ဖတ်ရှုရန် »
သက်သေအသစ်များ ထပ်မံပေါ်ပေါက်မှသာ ဝင်းနှင့်ဇော်အမှုကို အစအဆုံးပြန်လည်စစ်ဆေးနိုင်မည်ဟု ထိုင်းရှေ့နေများ ကောင်စီပြော
မြန်မာရွေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့အပေါ် သေဒဏ်ချမှတ်ထားတဲ့ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်တဲ့ သက်သေအသစ်တွေ ထပ်မံ ပေါ်ပေါက်လာမှသာအမှုကို အစဆုံးပြန်လည် စစ်ဆေးတာမျိုး လုပ်ဆောင်နိုင်မယ်လို့ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင် မစ္စတာဆန်းယာက ပြောပါတယ်။
ဆက်လက်ဖတ်ရှုရန် »
မန္တလေးတိုင်းဝန်ကြီးချုပ်ပုံ အသုံးပြုပြီး လှောင်ပြောင်ခဲ့သူဟု ယူဆရသူတစ်ဦးကို ခေါ်ယူစစ်ဆေးနေ
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လူမှုကွန်ရက်စာမျက်နှာမှာ လှောင်ပြောင် သရော်စာ ရေးသားခဲ့တယ်ဆိုပြီး ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတဲ့ နှစ်ဦးထဲက တစ်ဦးလို့ ယူဆရသူကို ခေါ်ယူစစ်ဆေးနေတယ်လို့ ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) နယ်မြေရဲစခန်းက သိရပါတယ်။
ဆက်လက်ဖတ်ရှုရန် »
ဗိုလ်ချုပ်ရုပ်ရှင်အတွက် ဝတ်ဆင်မည့်အဝတ်အစားများမြင်ကွင်း
ဗိုလ်ချုပ်ရုပ်ရှင်စတင်ရိုက်ကူးခြင်းအခမ်းအနား ကို ဒီကနေ့ novotel ဟိုတယ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။
ဆက်လက်ဖတ်ရှုရန် »
သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့်လူ ၂ ဦးကို စစ်ဆေးမည့် ဗစ်တိုးရီးယားအမှု ၇ ကြိမ်မြောက် ရုံးချိန်း
ဗစ်တိုးရီးယားလေး၏ ၇ ကြိမ်မြောက်ရုံးချိန်းတွင် သက်သေခံပစ္စည်းများ သိမ်းဆည်းရာတွင် ပါခဲ့သည့် လူ ၂ ဦးကို ယနေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။
ဆက်လက်ဖတ်ရှုရန် »
၂၀၂၀ မှာ တိုင်းရင်းသားပါတီများ ညွန့်ပေါင်းအစိုးရ ဖန်တီးနိုင်မလား
အနောက်နိုင်ငံများကဲ့သို့ ရွေးကောက်ပွဲနိုင်ငံရေးကို မြန်မာပြည်တွင် ယဉ်ကျေးမှုတခုအဖြစ် မထွန်းကား သေးသော်လည်း ပါတီနိုင်ငံရေးကို အထိုက်အလျောက် လေ့ကျင့်လာသည့် အာရှနိုင်ငံ တခု ဖြစ်လာပါပြီဟုဆိုရမည်။ အထူးသဖြင့် မြေပြန့်သားများဖြစ်ကြသော ဗမာ၊ ရခိုင်၊ ကရင်နှင့် မွန်တို့သည် ဗြိတိသျှလက်ထက်ကတည်းက ရွေးကောက်ပွဲကို ၆ ကြိမ် (၁၉၂၂၊ ၁၉၂၅၊ ၁၉၂၈၊ ၁၉၃၂၊ ၁၉၃၆ နှင့် ၁၉၄၇ခုနှစ်) လေ့ကျင့်ခွင့်ရသည့်အတွက် အခြားတိုင်းရင်းသားများထက်စာလျှင် ရွေးကောက်ပွဲစနစ်နှင့် ပိုမိုရင်းနှီးမှုရှိသည်ဟု ဆိုရမည်။
ဆက်လက်ဖတ်ရှုရန် »
မူးယစ် ကင်းစင်ရေး လုပ်သည့် ဟုမ္မလင်း အမတ် နှင့် အုပ်ချုပ်ရေးမှူး ခြိမ်းခြောက်ခံရ
စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေ သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို စာကပ်၍ အသက်အန္တရာယ် ခြိမ်းခြောက် ကြောင်း ကာယကံရှင်များက ဧရာဝတီသို့ ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရန်ကုန်မြို့သို့ ရောက်ရှိ
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၄ရက်နေ့ နံနက်က မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး NOVOTAL HOTEL တွင် ဒီကနေ့ ကျင်းပမည့် '''အောင်ဆန်း''' ရုပ်ရှင် စတင်ရိုက်ကူး ခြင်းအခမ်းအနား သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ဖတ်ရှုရန် »
Monday, September 23, 2019
ကက်တမင်း မူးယစ်ဆေး တစ်တန်ကျော် တင်လာတဲ့လှေ အိန္ဒိယသမုဒ္ဒရာထဲ ဖမ်းမိ
ဒေါ်လာ ၄၂ သန်းဖိုး တန်ကြေးရှိတဲ့ မူးယစ်ဆေး သယ်ဆောင်လာတယ်ဆိုတဲ့ ရေယာဉ်ငယ်တစ်စီးနဲ့ မြန်မာ ၆ ဦးကို အိန္ဒိယသမုဒ္ဒရာ နီကိုဘာကျွန်းစုနားမှာ ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်က ပြောဆိုတယ်လို့ AFP သတင်းတစ်ပုဒ်မှာ ရေးသားထားပါတယ်။
ဆက်လက်ဖတ်ရှုရန် »
Best tiktok is Chinese 😘👇👇
ဆက်လက်ဖတ်ရှုရန် »
ရွေးကောက်ပွဲအောင်နိုင်ရေးကို ရှေ့လုပ်ငန်းစဉ်အဖြစ် NLD ဗဟိုကော်မတီ ချမှတ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဗဟိုကော်မတီ၊ တတိယအကြိမ်မြောက် အစည်းအဝေး အပြီးတွင် ဆုံးဖြတ်ချက် ၅ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကိုလည်း ရှေ့လုပ်ငန်းစဉ်အဖြစ် ထည့်သွင်းချမှတ်ခဲ့ကြောင်း NLD ပါတီမှ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
တပ်ထဲတွင် မဲရုံလုပ်ခြင်းကို သဘောမတူကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းပြော
ရွေးကောက်ပွဲတွင် တပ်ထဲ
၌
မဲရုံပြုလုပ်ခြင်းကို သဘောမတူကြောင်း NLDပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ယနေ့(စက်တင်ဘာ ၂၂ရက်)က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး စိုးရိမ်စိတ်မထားကြောင်း NLD ပါတီမှ ဦးအောင်ကြည်ညွန့် ပြော
လာမည့်၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အောင်နိုင်ရေးသို့သွားရာတွင် မဟာဗျူဟာအရ စိုးရိမ်စိတ် မထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။
ဆက်လက်ဖတ်ရှုရန် »
တပ်မတော်ကို အားပြိုင်စရာအကြောင်းမရှိဟု NLD ဆို
တပ်မတော်သည် နိုင်ငံရေးပါတီမဟုတ်သောကြောင့် ဥပဒေကြောင်းအရတပ်မတော်အား NLDက အားပြိုင် စရာ အကြောင်းမရှိဟု NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က ပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
သီလဝါ အထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် မြေရယူခဲ့သည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၈ ခုရှိပြီး စီးပွားဖြစ်လည်ပတ်နေသော စက်ရုံပေါင်း ၇၂ ရုံက ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထား
သီလဝါအထူးစီးပွားရေးဇုန်တွင် စက်ရုံတည်ဆောက်ရန် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ မြေများရယူခဲ့သည့် ကုမ္ပဏီ ပေါင်း ၁၀၈ ကုမ္ပဏီ ရှိပြီး စီးပွားဖြစ်လည်နေသည့်စက်ရုံ ပေါင်း ၇၂ ခုတို့က ဒေါ်လာ ၁ ဒသမ ၆၁ ဘီလျံကျော်အထိ လာရောက် ရင်းနှီးမြှုပ်နှံထားကြောင်း Myanmar Thilawa SEZ Holdings Public Co., Ltd (MTSH) ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။
ဆက်လက်ဖတ်ရှုရန် »
ဘုရင့်နောင်တံတား အမှတ်(၁)၊ သံဘောင်အထိုင် အသစ်လဲလှယ်မည် ဖြစ်၍ တစ်လတာ ပိတ်ထားမည်
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နှင့် လှိုင်သာယာမြို့နယ် တို့အား ဆက်သွယ်ထားသော လှိုင်မြစ်ကူး ဘုရင့်နောင်တံတား အမှတ်(၁)တွင် တံတားတိုင်များပေါ်ရှိ သံဘောင်အထိုင်(Bearing)များ အသစ်လဲလှယ်ခြင်းလုပ်ငန်းကို တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၁၀)က (၅-၁၀-၂၀၁၉)ရက်နေ့မှ (၄-၁၁-၂၀၁၉)ရက်နေ့အထိ တံတားပိတ်၍ ဆောင်ရွက်မည် ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန် »
ရုပ်ရှင်လောကသား အလွှာခုနှစ်ခုမှ အဖွဲ့အစည်းများအား ပြည်ခိုင်ဖြိုး ပါတီမှ ငွေကျပ်သိန်း ၄၀၀ကျော်လှူဒါန်း
ရုပ်ရှင်အနုပညာလောကသားတို့ ဖွဲ့စည်းထားသော အလွှာခုနှစ်ခုက အဖွဲ့အစည်းများထံသို့ ပြည်ခိုင်ဖြိုပါတီမှ အလှူငွေ ကျပ် သိန်း(၄၀၀) ကျော်ကို စက်တင်ဘာ ၂၂ ရက်က လှူဒါန်းခဲ့ကြောင်း ပြည်ခိုင်ဖြိုး ပါတီက သတင်းဖော်ပြခဲ့သည်။
ဆက်လက်ဖတ်ရှုရန် »
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့
ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်လမ်းဆုံ၌ မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုရန် »
ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟုပြောလျက်က တပ်မတော်၏ နယ်နိမိတ်ကို ချဲ့ထွင်သော အနေအထားသို့ ဦးတည်နေသလားဟု ဦးအောင်ကြည်ညွှန့် မေးခွန်းထုတ်
ဖက်ဒရယ်ဒီမိုကရေစီကိုသွားမည်ဟုပြောကြားနေလျက်က တပ်မတော်၏ အခြေခံနယ်နိမိတ်ကို ချဲ့ထွင်သော အနေအထားသို့ ဦးတည်နေသလားဟု NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က မေးခွန်းထုတ်ပြောကြား လိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ မိုင်းနှစ်လုံး တွေ့ရှိ
ရသေ့တောင်-ပုဏ္ဏားကျွန်းသွား ကားလမ်းပေါ်၌ မိုင်းနှစ်လုံး တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းဖော်ပြထားသည်။
ဆက်လက်ဖတ်ရှုရန် »
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၄ ဒသမ ၈၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသော်လည်း ၁၀ လဆက်တိုက် ခန့်မှန်းနှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်းအထိမြင့်တက်
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၀ လ ဆက်တိုက် ခြောက်ရာခိုင်နှုန်း ကျော်မှ ရှစ်ရာခိုင်နှုန်းကျော်အထိ ဖြစ်နေပြီး ခန့်မှန်းနှုန်းထား ၄ ဒသမ ၈၁ ရာခိုင်နှုန်းထက် ၁ ဒသမ ၅၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၄ ရာခိုင်နှုန်း မြင့်တက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန် သောစာရင်းများအရ သိရသည်။
ဆက်လက်ဖတ်ရှုရန် »
အခြားပါတီမှ နှုတ်ထွက်ပြီး ၀င်ရောက်လာပါက စိတ်စေတနာနှင့် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး သင့်လျော်သည့်နေ ရာ၊ သင့်လျော်သည့်တာဝန်ကို ပေးမည်ဟု သူရဦးရွှေမန်းပြော
ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီသည် အခြားပါတီများမှ ပါတီဝင်များကို သွားရောက်စည်းရုံး ဖိတ်ခေါ်ခြင်း မပြုကြောင်း သို့သော်လည်း အခြားပါတီမှ နုတ်ထွက်ပြီး သီးခြားရပ်တည်နေသူများက ဝင်ရောက်လာလျှင်လည်း ကြိုဆိုကြောင်း၊ခွဲခြားဆက်ဆံမှုမရှိဘဲ စိတ်စေတနာနှင့် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး သင့်လျော်သည့် နေရာ၊ သင့်လေ
ျာ်သည့်တာဝန်ကို ပေးမည်ဖြစ်ကြောင်း ပါတီ ခေါင်းဆောင် သူရဦးရွှေမန်းကပြောကြားလိုက်သည်။
ဆက်လက်ဖတ်ရှုရန် »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
My Blog List
VOA News: သတင်း
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့ အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊ မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
11 months ago
DVB
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ်
-
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...
1 year ago
သစ်ထူးလွင်
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...
2 years ago
ဒေါက်တာလွဏ်းဆွေ
နောက်ဆုံးရ မြန်မာသတင်းများ
-
နောက်ဆုံးရ မြန်မာသတင်းများအား ပုံပေါ် ကလစ်၍ ဖတ်ရှုပါ။
4 years ago
ဒေါင်းမာန်ဟုန်
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန်
-
[image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...
5 years ago
Narinjara News Burmese Online 24 X 7
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို
-
နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...
6 years ago
ဒီမိုဝေယံ
-
အမေ့သမီးတွေနဲ့ အတူ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD နဲ့ အတူရှိနေကြမယ် photo credit Eleven Media Group
6 years ago
မြန်မာ့သားကောင်း
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင်
-
၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...
9 years ago
The Irrawaddy's Blog
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ
-
ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...
9 years ago
ဆုံနေကြ
-
*A Father's Tear (အဖေ့မျက်ရည်) * လူတစ်ယောက်မိခင်များနေ့မှာနှင်းဆီပန်းလေးတွေကိုဖဲကြိုးလှလှလေးတွနဲ့ စည်းပြီးဈေးအ၀မှာသွာ...
11 years ago
မြန်မာပြည်သား
-
ဒေါက်တာမျိုးချစ်
-