ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လကာလအတွင်း သတ်ဖြတ်မှုများနှင့် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ တပ်မတော်က လုပ်ဆောင်ခဲ့သည်ဆိုသော လွတ်လပ်သော စုံစမ်းရေးကော်မရှင်ICOE ၏အစီရင်ခံစာနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းလုပ်ဆောင်သူများကို စုံစမ်းမည်ဖြစ်ကြောင်း တရားဝင် ကြေညာချက်ထုတ်ပြန်သည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးရဲကင်းများနှင့် တပ်ဌာနချုပ်တစ်ခုတို့ကို ဝင်ရောက်တိုက်ခိုက်မူများ ပေါ် ပေါက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး ဆောင်ရွက် ခဲ့ရကြောင်း၊ နယ်မြေတည်ငြိမ်မှု စစ်ဆင်ရေး၏ နောက်ဆက်တွဲ ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတော်သမ္မတရုံးက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry-ICOE) ကို ဖွဲ့စည်းခဲ့ကြောင်း၊ICOE ၏ အပြီးသတ် အစီရင်ခံစာအား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၁ ရက် နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ICOE က သက်သေခံ အချက်အလက်များ စုဆောင်းရာ တွင် တပ်မတော်သားများက လိုအပ်သော ထွက်ဆိုချက်များကို ပေးခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ICOE ၏ အစီရင်ခံစာ မထုတ်ပြန်မီ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ နှောင်းပိုင်း ကာလမှ စတင်၍ ဂူတာပြင်ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရာရုံးကို ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်ရှိ နယ်မြေခံတပ်၌ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ စစ်တရားရုံး စစ်ဆေးစီရင်ခြင်းအား စုံစမ်းစစ်ဆေးရေးခုံရုံး၏ အစီရင်ခံတင်ပြမှုအရ ဆောင်ရွက်ခဲ့ပြီးတပ်မတော်အနေဖြင့် ICOE ၏ အစီရင်ခံစာပါ တပ်မတော်နှင့် စပ်လျဉ်းသည့် အကြုံပြုချက်များကို လေ့လာသွားမည့်အပြင် စစ်ဥပဒေချုပ်ရုံးကလည်း အစီရင်ခံစာ တစ်ခုလုံးကို အသေးစိတ်လေ့လာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
တပ်မတော်အနေဖြင့် ကြိုတင်ကြံရွယ်ချက် မရှိဘဲ ARSA အဖွဲ့များနှင့် ဒေသရှိသူများ၏ အကြမ်းဖက် တိုက်ခိုက်မူများကြောင့် နိုင်ငံတော် အချုပ်အခြာအာဏာ နှင့် ဒေသခံတိုင်းရင်းသား များ၏ အသက်အိုးအိမ်စည်းစိမ် နှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန် အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သော်လည်း ကွပ်ကဲမှုအဆင့်ဆင့်တွင် မှားယွင်းစွာ လုပ်ဆောင်သူများကို စုံးစမ်းစစ်ဆေးရေးခုံရုံးက ဆက်လက် စုံစမ်းစစ်ဆေးသွားမည် ဖြစ်ပြီးစုံစမ်းစစ်ဆေးရေးခုံးရုံး၏ တွေ့ရှိချက်အရ ပြစ်မူတစ်စုံတစ်ရာ ကျူးလွန်ကြောင်း ခိုင်လုံသည့် သက်သေအထောက် အထားတွေ့ရှိခဲ့ပါက စစ်ဘက် တရားစီရင်ရေး၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
Photo Credit - AFP
No comments:
Post a Comment