Friday, October 26, 2012

ရခိုင်ပြဿနာ အခြေခံကိုဖြေရှင်းဖို့ ကင်တားနားတိုက်တွန်း

ရခိုင်ပြည်နယ်မှာ လူတွေ အတော်များများသေဆုံးပြီးတော့ အိမ်ခြေ တထောင်ကျော် မီးရှို့ခံခဲ့ ရတာကို ကြည့်မယ်ဆိုရင် အခြေခံအကြောင်းရင်း တွေကို ဖြေရှင်းဖို့ လိုအပ်နေတယ် ဆိုတာ ပြသ လိုက်တာပဲဖြစ် တယ်လို့ ဆိုပါတယ်။“ဗုဒ္ဓဘာသာနဲ့ မူဆလင်အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ တင်းမာ မှုတွေနဲ့ ပဋိပက္ခတွေအတွက် အရိုးစွဲနေတဲ့ ဘာသာရေး၊ လူမျိုးရေးခွဲခြားမှုတွေ မုန်းတီးမှုတွေ အပါအဝင် အခြေခံ အကြောင်းအရင်းတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းရမယ်လို့ ကျနော်ယုံကြည်ပါ တယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား

Photo: ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပြောကြား 	
Friday, 26 October 2012

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Group သို့ ပြောပါသည်။ဦးခွန်ထွန်းဦးသည် အောက်တို
ဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော SNLD တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် Eleven Media Group နှင့် တွေ့ဆုံရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဆွေးနွေးတာတွေ ရှိပေမယ့်လို့ မသဲကွဲဘူး ဖြစ်နေတယ်။ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးတာလား။ ယုံကြည်မှု တည်ဆောက်ဖို့ ဆွေးနွေး
တာလား။ နိုင်ငံရေးအရ ဆွေးနွေးတာလား။ မသဲကွဲဘူး ဖြစ်နေတယ်။ အခုဆို KIO က နိုင်ငံရေးအရ ဆွေးနွေးဖို့ ပြောနေတယ်”ဟု ဦးခွန်ထွန်းဦးက
 ပြောပါသည်။

လက်ရှိအချိန်တွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်
မှုသည် မြန်မာနိုင်ငံ၏ အဓိက လက်ငင်း လိုအပ်ချက်ဖြစ်နေပြီး အပစ်အခတ်
ရပ်စဲရေးမှ တစ်ဆင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ ထိုမှတစ်ဆင့် နိုင်ငံရေး အရ ဆွေးနွေးခြင်း စသည်တို့ကို ပြုလုပ်ရမည်ဟု ဦးခွန်ထွန်းဦးက
 ပြောသည်။

"အရေးကြီးဆုံးက ယုံကြည်မှု တည်ဆောက်ဖို့ပဲ။ အခုချိန်ထိ အဲတာကို မလုပ်နိုင်သေးဘူး ဖြစ်နေတယ်။ ယုံကြည်မှုရှိမှ ဆက်သွားလို့ ရမှာ" ဟု ဦးခွန်ထွန်းဦးက ပြောပါသည်။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် ပတ်သက်ပြီး သဘောထားတစ်ရပ်ကိုလည်း အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် SNLD ၂၄ နှစ်ပြည့် အထိမ်းအမှတ် သဘောထား ကြေညာချက်တွင်လည်း ဖော်ပြခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး
 ဖော်ဆောင်မှုသည် ယနေ့ မြန်မာနိုင်ငံ၏ အဓိက လက်ငင်းလိုအပ်ချက်
အဖြစ်ခံယူကြောင်း၊ အပစ်အခတ် ရပ်စဲရေးသည် ငြိမ်းချမ်းရေး တံခါးဝ
အဖြစ် ယူဆကြောင်း၊ ငြိမ်းချမ်းရေး အစစ်အမှန်ရရှိအောင် ဆက်လုပ်
 ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှုများ ကျင်းပပြီး သဘောတူညီမှုများရအောင် ဆက်လက် ကြိုးပမ်းရန် လိုအပ်
သည်ဟု ယုံကြည်ကြောင်း စသည့်အချက်ကို ထည့်သွင်းဖော်ပြခဲ့သည်။

ထို့အပြင် ဒေသအပေါ် အခြေခံသော အမည်သစ်များဖြင့် ဖွဲ့စည်းမည့်
 ပြည်ထောင်စု ပုံသဏ္ဍာန်ကို လက်မခံဘဲ တိကျပြတ်သားစွာ ဆန့်ကျင်မည်
 ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သော အမျိုးသားရေး လက္ခဏာ ဖြစ်သည့် အမည်နာမ အခေါ်အဝေါ်များအား ဖျက်သိမ်းပြီး ဒေသအပေါ် အခြေခံသော အမည်သစ်များဖြင့် ဖွဲ့စည်းမည့် ပြည်ထောင်စု ပုံသဏ္ဍာန်ကို ရှမ်းတိုင်း
ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်မခံ၊ တိကျပြတ်သားစွာ ဆန့်ကျင်ပါသည်”ဟု သဘောထား ကြေညာချက်တွင် ဖော်ပြခဲ့သည်။

လက်ရှိအချိန်တွင် ပြည်ထောင်စု ပုံသဏ္ဍာန်နှင့်ပတ်သက်ပြီး ပြောင်းလဲမည့် သတင်းများ အတိအကျထွက်ပေါ်လာခဲ့ခြင်း မရှိသေးသော်လည်း ခန့်မှန်း
 ပြောဆိုမှုများရှိနေသည့်အတွက် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အချက်တစ်ချက်အနေဖြင့် သဘောထားထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

SNLD အနေဖြင့်မူ မူလရည်မှန်းချက် ဖြစ်သော စစ်မှန်သည့် ဖက်ဒရယ်
 ပြည်ထောင်စုဖွဲ့စည်းရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးများကို ဒီမိုကရေစီ နိုင်ငံရေး စနစ်ဖော်ဆောင်ရေးနှင့်အတူ တစ်ပြိုင်
နက်တည်း ဆက်လက်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ စနစ်သို့ ပြုပြင်ပြောင်းလဲရေးလုပ်ရပ်များကို ထောက်ခံ အားပေး သွားမည်ဖြစ်ပြီး လူတစ်စု၊ လူတစ်သိုက်၏ လက်ဝါးကြီးအုပ် ဆောင်ရွက်နေ
မှုများကို ဆန့်ကျင်တိုက်ဖျက်သွားမည် ဖြစ်ကြောင်း သဘောထား ကြေညာ
ချက်တွင် ဖော်ပြခဲ့သည်။

SNLD ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလအတွင်းက တည်ထောင်ခဲ့ပြီး ဥက္ကဋ္ဌမှာ ဦးခွန်ထွန်းဦးဖြစ်ပြီး ဒုတိယဥက္ကဋ္ဌမှာ ဦးစိုင်းညွန့်လွင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အနှံ့ ၀င်ရောက်ယှဉ်ပြိုင်
ခဲ့ပြီး မဲဆန္ဒနယ်(၂၃) နေရာ အနိုင်ရရှိခဲ့ကာ NLD ပြီးနောက် မဲဆန္ဒနယ် ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော ပါတီ ဖြစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွှန့်လွင်တို့အား "ရှမ်းပြည်ပညာရှင်များ အတိုင်ပင်ခံ
ကောင်စီ" ဖွဲ့စည်းမှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ ၂၀၁၂ခုနှစ် ဇန်န၀ါရီလတွင် ဦးခွန်ထွန်းဦးနှင့်ဦးစိုင်းညွှန့်လွင်
တို့ပြန်လည် လွတ်မြောက်လာခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ
အဖွဲ့ချုပ်ကို နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ပါသည်။

eleven media group
 
ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ လုပ်ဆောင်မှု ပုံသဏ္ဍာန် သဲကွဲမှုမရှိကြောင်း SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက Eleven Media Groupသို့ ပြောပါသည်။ဦးခွန်ထွန်းဦး သည် အောက်တိုဘာလ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော SNLD တည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် မိတ်ဆုံစားပွဲတွင် Eleven Media Group နှင့် တွေ့ဆုံရာ၌ ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာသစ်တောထွက်ကုန် ဥရောပတင်ပို့နိုင်ရန် စတင်ဆောင်ရွက်

Photo: “မြန်မာသစ်တောထွက်ကုန် ဥရောပတင်ပို့နိုင်ရန် စတင်ဆောင်ရွက်”
Friday, 26 October 2012 

မြန်မာနိုင်ငံ၏ သစ်တောထုတ်ကုန် ပစ္စည်းများအား ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လာမည့်နှစ် မေမှစတင်ကာ ဥရောပနိုင်ငံများမှ သစ်တောထက်ကုန်ပစ္စည်း
များ ၀ယ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိကြောင်း တရားဝင်
ထုတ်လုပ်မှု သစ်တောဆိုင်ရာ ထောက်ခံချက်ရှိမှသာ ၀ယ်ယူမည်ဖြစ်
သည်။ မြန်မာသစ်တောထွက်ကုန်များ ၄င်းတို့နိုင်ငံများသို့ တင်ပို့မည်ဆိုပါက လိုအပ်သော စာရွက်စာတမ်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည့်
ပွဲကို ယနေ့တွင် IBC ခန်းမ၌ ကျင်းပရာ သစ် ထုတ်လုပ်သည့် လုပ်ငန်းရှင်
များ ဥရောပနိုင်ငံများမှ သစ်ကုန်သည်များ၊သစ်တောထောက်ခံချက်ပေးသော
 အဖွဲ့အစည်း၊ သစ်တောဥပဒေအုပ်ချုပ်မှု ကုန်သွယ်မှုနှင့် ပတ်သက်သော အဖွဲ့အစည်းများမှ တက်ရောက်ခဲ့ကြသည်။

သစ်လုပ်ငန်းရှင်တစ်ဦးက “အခုတင်ပို့နေတဲ့ အိန္ဒိယ၊ ထိုင်းနိုင်ငံတွေက ဘာထောက်ခံချက်မှ မလိုပါဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံမှ သစ်တောထွက်ကုန်ပစ္စည်းများမှာ ဥရောပနိုင်ငံများသို့ ဈေး ကွက်ချဲ့ထွင်ကာ ပြန်ည်တင်ပို့နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး သစ်အချော ထည်များကိုပါ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Popular Myanmar News Journal
 
မြန်မာနိုင်ငံ၏ သစ်တောထုတ်ကုန် ပစ္စည်းများအား ဥရောပနိုင်ငံများသို့ တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်

Photo: ရခိုင်ပဋိပက္ခနှင့် ပတ်သက်သည့် အရေးကြီးအဆို လွှတ်တော်က မှတ်တမ်းတင်
FRIDAY, OCTOBER 26, 2012

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်
အေးချမ်းရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး ပန်းတနော်မြို့နယ်က ဦးမောင်မောင်ဥာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အရေးကြီး
အဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော်
ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်
သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဥာဏ်က “အောက်တိုဘာ ၂၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် လူသေဆုံး ဒဏ်ရာရရှိမှုနဲ့ နေအိမ်တွေ မီးလောင်ဆုံးရှုံးပြီး မြောက်ဦးမြို့နယ် လုံခြုံရေးတာဝန်ရှိသူတွေ ကျဆုံးတာကို ကြားနေရကြောင်း။ မင်းပြား၊
 ကျောက်ဖြူတို့မှာလည်း တဖက်နဲ့တဖက် အပြန်အလှန် မီးရှို့မှုများ ဖြစ်ပွား
ခဲ့ပြီး ဒဏ်ရာရသူအချို့ ရှိတယ်လို့ ကြားရကြောင်း— သို့ဖြစ်သောကြောင့် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ပဋိပက္ခ
 ဖြစ်ပွားနေတဲ့၊ ဖြစ်နိုင်ခြေရှိတဲ့ မြို့နယ်တွေမှာ လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင်အင်အား တိုးချဲ့ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျင်အမြန် ဆောင်
ရွက်ဖို့နဲ့ ဥပဒေ ချိုးဖောက်ခြင်း၊ အခြေခံလူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့်
ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် ညီညွတ်စွာ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီရင်ဆုံးဖြတ်ဖို့” လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တာ ဖြစ်
ပါတယ်။

ဒီအဆိုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ကန်ပက်
လက်မြို့နယ်က သူရဦးအောင်ကို ရွှေပြည်သာက ဦးတင်မောင်ဦး၊ ဘားအံက ဒေါ်နန်းစေအွာ၊ဘူးသီးတောင်က ဦးရွှေမောင်၊ ကျောက်တော်က ဦးသာစိန်၊ ကျောက်ပန်းတောင်းက ဒေါက်တာဇော်မြင့်မောင်၊ ပုဏ္ဏားကျွန်း
က ဦးထွန်းအောင်ကျော်၊ အလုံက ဦးခိုင်မောင်ရည်၊ လဲချားက ဦးစိုင်းမောင်တင်တို့ က တခဲနက်ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။

အဆိုကို အမတ်တွေအားလုံး တခဲနက် ထောက်ခံပေမယ့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူတာမျိုး မလုပ်ဘဲ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက “အဆိုအား လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း” သာ အတည်ပြုကြေညာခဲ့ပါတယ်။

DVB 
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေး ကော်မတီက ဆွေးနွေးဆုံးဖြတ်ပြီး ပန်းတနော်မြို့နယ်က ဦးမောင်မောင်ဥာဏ် တင်သွင်းတဲ့ ရခိုင်အရေးနဲ့ ပတ်သက်တဲ့ အရေးကြီး
အဆိုကို အမတ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ပေမယ့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့် သွားမှာ ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်

ရခိုင်ပဋိပက္ခဖြစ်ပွားမှု

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း ဒီကနေ့ အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ်မှာ ကုလသမဂ္ဂ ကလည်း အထူး စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးထားပါတယ်။

Thursday, October 25, 2012

အပစ်ရပ်ဖို့ ဆီးရီးယားအစိုးရနဲ့ သူပုန်သဘောတူ

နိုင်ငံတကာသံတမန် Lakhdar Brahimi

သောကြာနေ့မှာစတင်မယ့် Eidal-Adah ပွဲတော်ကာလအတွင်း အပစ်အခတ်ရပ်စဲထားဖို့ ဆီးရီးယားအစိုးရ နဲ့ သူပုန်အဖွဲ့တချို့က သဘောတူလိုက်ကြပြီလို့ နိုင်ငံတကာသံတမန် Lakhdar Brahimi က ပြောပါတယ်။

၈၈၈၈ အထိမ်းအမှတ် ရုပ်ရှင်ကား ရိုက်ကူးမည်

၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံတွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမပေါ်၌ ပြည်သူလူထု ထောင်ပေါင်းများစွာ စုဝေးဆန္ဒပြနေကြစဉ်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ် ၊ ရှစ်လေးလုံး နိုင်ငံရေး အပြောင်းအလဲ အကြောင်း ကို အခြေခံပြီး ရိုက်ကူးမယ့် ''ချွန်စေ မြစေသော'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား အကောင်အထည်ဖော် ရိုက်ကူးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကန် ဒု-ဘဏ္ဍာရေး ဝန်ကြီး မြန်မာနိုင်ငံရောက်


အမေရိကန် ဒုတိယ ဘဏ္ဍာရေးဝန်ကြီး Neal Wolin

မြန်မာနိုင်ငံ၊ ဘဏ္ဍရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေမှာ အကူအညီပေးဖို့အတွက် အမေရိကန် ဒုတိယဘဏ္ဍာရေးဝန်ကြီး Neal Wolin ဟာ နှစ်ရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ဒီကနေ့ပဲ မြန်မာနိုင်ငံ ကို ရောက်လာပါတယ်။

သမ္မတရဲ့ စတုတ္ထအကြိမ်လွှတ်တော်သဝဏ်လွှာ ပြန်ရုပ်သိမ်း


ရခိုင်ပြည်နယ်မှာ ဂျွန်လကနေ သြဂုတ်လအထိ ဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးထံ ပေးပို့ခဲ့တဲ့ သဝဏ်လွှာကို ပြန် လည်ရုပ်သိမ်းဖို့ ပြန်လည်ကျင်းပနေတဲ့ ပဉ္စမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို သမ္မတရုံးကနေ အကြောင်းကြားလိုက်ပါတယ်။

ကွန်ယက်များစုပေါင်း၍ ပြည်သူ့ဝန်ထမ်းနှစ်ဦးအတွက် သတင်းထုတ်ပြန်

 
မန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများမိသားစုအကျိုးဆောင်ကွန်ယက်၊မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်
ကျောင်းသားများကွန်ယက်၊ စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်၊ မိတ္ထီလာမြို့ပြည်သူ့အကျိုး
ဆောင် ကွန်ယက်နှင့်  ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် လက် ပတောင်းတောင် ကြေးနီစီမံကိန်း နှင့် ပတ်သတ်သော ပြည်သူ့ရဲဝန်ထမ်းနှစ်ဦးအတွက် သတင်းထုတ်ပြန်ကြေငြာချက်

ပြည်သူလူထုတရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေသော ပြည်သူ့လုံခြုံရေးကို တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးနေ သော မြန်မာနိုင်ငံရဲဝန်ထမ်းများသည် ပြည်သူ့လုံခြုံရေးဝန်ထမ်းများသာ ဖြစ်သည်။ တိုင်းပြည်၏ကာကွယ်ရေးသည် တပ်မတော်ဖြစ်ပြီး နိုင်ငံသားများ၏ ဘဝလုံခြုံမှုကို ကာကွယ်နေသော အဖွဲ့မှာ ပြည်သူ့ရဲဝန်ထမ်းများ ဖြစ်သည်။ ပြည်သူ့ရဲဝန်ထမ်းများသည် တစ်ဦးတစ်ယောက်၊ လူမျိုးတစ်စု အတွက် ဘယ်သောအခါမှ မကြည့်သော ပြည်သူကို ကျောမခိုင်းသော ပြည်သူ့ဝန်ထမ်းများဖြစ်သည်။
 
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပန်တောင်းတောင်တောင်ခြေ တွင် မြေသိမ်း တိုက်ပွဲဆင်နွှဲနေမှုကို တားဆီးဖြိုခွဲရန်အတွက် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက် နှင့် မြန်မာဝမ်ဘိုမိုင်းနင်း
ကော်ပါးလီမီတက်တို့မှ ပြည်သူ့ရဲဝန်ထမ်းများကို ကုမ္ပဏီအတွက်လုံခြုံရေးချထားသည်။

အစိုးရ ငြိမ်းအဖွဲ့ နှင့် KIO တို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ပြန်တွေ့မည်


KIO1

ချင်းမိုင် ။      ။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ အောက်တိုဘာလ ၃ဝ ရက်နေ့တွင် တရုတ်နိုင်ငံ ၊ ရွှေလီမြို့ ၌ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။

ရွှေလီမှာဆွေးနွေးဖို့ KIO နဲ့အစိုးရသဘောတူ

မြန်မာအစိုးရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းနဲ့ KIO တို့ မတ်လ ၈ ရက်နေ့က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံခဲ့ကြစဉ်။

သေနတ်သံတွေမစဲသေးတဲ့ ကချင်ပြည်နယ်မှာ အစိုးရနဲ့ KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကြား တိုက်ပွဲတွေကတော့ ဆက်ပြီး ဖြစ်နေဆဲပါ။ ဒီတိုက်ပွဲတွေရပ်စဲသွားရေး နှစ်ဘက်ကြား ဆွေးနွေးမှုတွေ အချိန်အတန်ကြာ ရပ်ဆိုင်းနေပေမဲ့လို့ မကြာခင်မှာတော့ KIA နဲ့ မြန်မာအစိုးရတို့ကြားမှာ ဒီဆွေးနွေး ပွဲ
တွေ ပြန်စလာဖို့ရှိတဲ့အကြောင်း KIO ဌာနချုပ်ကိုသွားရောက်ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်
တွေက ပြောလိုက်ပါတယ်။

ကျောက်ဖြူမြို့မှာ မီးရှို့မှုတွေ ဖြစ် ၊ သေဆုံးမှုရှိ

၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ အောက်တိုဘာလ ၂၃ ရက်ည ၇ နာရီကျော်လောက်ကစပြီး အပြန် အလှန် မီးရှို့မှုတွေ ဖြစ်ပွားခဲ့ရာမှာ အောက်တိုဘာလ ၂၄ ရက် ဒီကနေ့ မနက် ၈ နာရီလောက်မှာလည်း ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ကျောင်းသား တစ်ထောင်ခန့် ဆန္ဒပြ

ရခိုင်ပြည်နယ် တက္ကသိုလ်ကျောင်းလေးကျောင်းက ကျောင်းသား/ကျောင်းသူ ၁၀၀၀ ခန့် စုပေါင်း ပြီး အောက်တိုဘာလ ၂၄ ရက် ဒီကနေ့မနက်ပိုင်းက လောကနန္ဒာဘုရားကနေ ဦးဥတ္တမ ပန်းခြံထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာ တောင်းဆိုခဲ့တဲ့ အချက်တွေကို ရခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး
ကော်မတီ (ယာယီ) မှ ကိုဝေယံကျော်က RFA ကို အခုလို ပြောပြပါတယ်။
“…ဗူးမင်ကျေးရွာရယ် ၊ ကတ္တီပါကျေးရွာတွေကို အမြန်ဆုံး ပြောင်းရွှေ့ပေးပါရန်၊ လိုအပ်တဲ့ သင်ကြားမှု ပစ္စည်းတွေကို ဖြည့်ဆီးပေးပါရန်၊ ….တရားမ၀င် နယ်မြေလုလာတဲ့ အကြမ်းဖက် ဘင်္ဂလာလီလူမျိုးတွေ နဲ့ အတူတကွ ပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန် ၊ ကျောင်းသားများ နေထိုင်နိုင်သည့် အဆောင် များ အမြန်ဆုံး ဆောက်လုပ်ပေးရန် နှင့် ကျောင်းဖယ်ရီကားများကို ပြည်နယ်အစိုးရ အနေနဲ့ ဈေးနှုန်း ချိုသာစွာ ဆောင်ရွက်ပေးရန်တို့ဖြစ်ပါတယ်…”
ဒီဆန္ဒပြပွဲကို ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ အဝေးသင်တက္ကသိုလ်နဲ့ ဝိဇ္ဇာ၊ သိပ္ပံ တက္က သိုလ် တွေက ကျောင်းသား/ကျောင်းသူတွေ ပူးပေါင်း ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ် ။ ကျောင်းသားတွေ ဟာ နိုင်ငံတော်သမ္မတဆီကိုပေးပို့ထားတဲ့ တောင်းဆိုချက်ငါးချက်ကို ဖော်ပြထားတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာပါ ဆန္ဒပြဖို့ တောင်းဆိုထားပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေက အဲဒီ
ရှေ့ မှာ ဆန္ဒပြခွင့်မပြုခဲ့တာကြောင့် ဦးဥတ္တမပန်းခြံကိုသာ သွားရောက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။

Sunday, October 21, 2012

• လကမ္ဘာလမ်းပေါ်က အလှူအတန်း မရက်ရောနိုင်ပါဗျာ



ကျွန်တော်တို့နေစဉ် သွားလာနေကြရတဲ့ မြ၀တီ-ကောကရိတ်လမ်း (ဒေါနတောင်လမ်း)ကြီးရဲ့ ကြီးမာတဲ့ သမိုင်းအစဉ်အလာတွေကတော့ ပြောမကုန်ပါဘူး။ ဒါပေမယ့် လမ်းပြင်မယ်ဆိုပြီး လမ်းကြေးကောက်တဲ့ ကုမ္ပဏီကကောင်းလေးတွေကတော့ အလျှော့မပေး လမ်းကြေး ကောက်ပြီး အကြွေပြန်မအမ်းတာက အကျင့်ပါနေပါပြီ။

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၄၂) – Mar Mar Aye

    

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

KWAG ဒါရိုက်တာ သြစတြေးလျား ခရီးစဉ် ပြီးဆုံး



အပြည်ပြည်ဆိုင်ရာလူမှုကူညီရေးအဖွဲ့အစည်းဖြစ်သည့် World Vision၏ ဖိတ်ကြားမှုဖြင့် သြစတြေးလျနိုင်ငံ သို့ အောက်တိုဘာ ၁၀ရက်နေ့ကရောက်ရှိခဲ့သောကရင်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့(KWAG)ဒါရိုက်တာ နော်စူ စဲန်နာလှလှစိုး၏ သြစတြေးလျားခရီးစဉ်မှာ ယနေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် ပြီးဆုံးသွားပြီဖြစ်သည်။

မနန်းခင်ဇေယျာသို့

 
မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
…. …..
….. …. …..
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ။
မြန်မာဆိုတာ
ကမ္ဘာကိုပတ်
အသပြာအတွက်
နေ့ကုန်ညစုံ အလုပ်လုပ်
အဲဒီလို အရိုးထုတ်ခဲ့ရပေမယ့်
ပီသ ကြည်မြ လူပီသတဲ့အလှ
တို့ဗီဇမှာရှိတယ်။
မျိုးအဆက်ဆက် အမှောင်ဖုံး
စစ်မြေပြင်ထက် အချိန်ဖြုန်း
အဲဒီလို ဆုံးရှုံးခဲ့ရပေမယ့်
လေပြေအသော့
ရွှေရင်မော့
အော်ဟစ်သီကြွေး
ဒါ မြန်မာ့သွေးဖြစ်မယ်။
မြန်မာတို့ရဲ့ဒေါင်း
ပြည်သူတွေရဲ့ လအကြောင်း
ကမ္ဘာကိုတင်ပြ
ဘဝင်ကျပါရစေ ညီမလေးရယ်။
မြန်မာ့အပြုံး
ကမ္ဘာတခုလုံး
အုံးအုံးကျွတ်ကျွတ်
နှလုံးလှပ်အောင်ပေါ့
…. …..
….. …. …..
ယှဉ်ပြ ဆင်ပြလိုက်ပါ ညီမလေးရေ ….။

မြို့နယ်အုပ်ချုပ်ရေးမှူးဒိုင်းဘော်လုံးပွဲကို လူထုထံ ငွေကောက်ပြီး ကျင်းပ

ယခုလ ၁၅ ရက်မှ စတင်ကျင်းပသည့် ချင်းပြည်နယ် မတူပီမြို့နယ် အုပ်ချုပ်ရေးမှူးဒိုင်း ဘော်လုံးပွဲ ကို ဒေသခံ ပြည်သူတွေ ထံမှ ငွေကောက်ပြီး ကျင်းပကြောင်းသိရသည်။

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

နေပြည်တော်မှ ၂၄ နာရီဖွင့်လှစ်သည့် မိုးစံပယ် ကွမ်းယာဆိုင်

“ကျနော်တို့ကွမ်းယာ လူကြိုက်များတဲ့ အဓိကအချက်က ထုံးပဲဗျ” လို့ ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၃၅ နှစ်ဝန်းကျင်ရှိ “မိုးစံပယ်” ကွမ်းယာဆိုင် ပိုင်ရှင် ကိုဇာနည်က ကွမ်းယာ အယာ ၂၀ ကျော်လောက်ကို ခုံပေါ်မှာဖြန့်ယာနေရင်း ရှင်းပြပါတယ်။

နိုင်ငံတော်သမ္မတအကြံပေးနှင့်ဒီမိုကရေစီမိတ်ဆွေပါတီများ တွေ့ဆုံပွဲ


၂၀၁၂ခုနှစ် အောက်တိုဘာ ၂၀ရက်နေ့ နံနက်၉နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ် ချင်းတွင်းလမ်း မှ နိုင်ငံတော်သမ္မတအကြံပေးရုံး၌ သမ္မတအကြံပေး ဦးကိုကိုလှိုင် နှင့် ဒေါက်တာနေဇင်လတ်တို့သည် ဒီမိုကရေစီမိတ်ဆွေပါတီ(၁၁)ခုတို့နှင့်တွေ့ဆုံကာ ပြည်သူများ၏အခက်အခဲများကို မေးမြန်းခဲ့သည်ဟု သိရှိရသည်။

တရုတ်ကုမ္ပဏီများ ဒေသခံများ၏ ယုံကြည်မှုရအောင် ကြိုးပမ်းလာ


ယခုနှစ် သြဂုတ်လအတွင်းက စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီ စီမံကိန်းအတွက် အသိမ်းခံထားရသည့်မြေများ ပြန်ရရှိရေး အတွက် မူရင်းယာပိုင်ရှင် တောင်သူများက “ယာသိမ်းတိုက်ပွဲ” ဆင်နွှဲနေစဉ် (ဓာတ်ပုံ – OpenSociety / Facebook)
မြန်မာပြည်တွင် ဝင်ရောက်လုပ်ကိုင်နေသော တရုတ်စီမံကိန်းများသည် ယခင် စစ်အုပ်ချုပ်ရေး လက်ထက် က ပြုလုပ်ခဲ့ဖူးခြင်း မရှိသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် ဆွေးနွေးမှု၊ စီမံကိန်း အထမြောက်စေရန် တွေ့ဆုံကြိုးပမ်းမှုများ လုပ်နေသည်ဟု သိရသည်။

OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်

မင်းပြားတွင် ဆန္ဒ ပြနေကြစဉ်။

ရခိုင်ပြည်နယ်မှ မြို့ကြီး တစ်မြို့ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို ကန့် ကွက် ဆန္ဒပြပွဲ ပြုလုပ်ရာ လူပေါင်း သိန်းချီပါဝင်ခဲ့သည်ဟု ဦးဆောင်လူပ်ရှားသူ ကိုရာကျော်က ပြောသည်။

တကိုယ်တော်ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ကူညီသူ ၂ ဦး တရားစွဲခံရ

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ

ဆန္ဒပြသူ ရှေ့နေ ဦးမြင့်အေးနှင့် ဗီနိုင်းပိုစတာ ကူကိုင်ပေးသူ ကိုရေခဲ

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင် အစိုးရရုံးများနှင့် ကြံ့ဖွံ့ရုံးတို့ ရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြ ခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် ဆန္ဒပြရာတွင် အကူအညီပေးခဲ့သူ နှစ်ဦးအား ပြည်မြို့ အမှတ် (၂) ရဲစခန်းက ယမန်နေ့တွင် ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုတွေကြောင့် လက်ဘနွမ်အစိုးရ အရေးပေါ်အစည်းအဝေး ခေါ်ယူ






လက်ဘနွမ် နိုင်ငံမှာ သောကြာနေ့က ရဲ ထောက်လှမ်းရေးမှူး သေဆုံးခဲ့ရတဲ့ ကားဗုံးဖောက်ခွဲမှုကို အကာ အကွယ် မပေးနိုင်ခဲ့တဲ့အတွက် ၀န်ကြီးချုပ် Najib Mikati က သူ နှုတ်ထွက်မယ်လို့ ကမ်းလှမ်းလိုက် ပါတယ်။ ဒါပေမဲ့ သမ္မတက သူ့ရဲ့ နှုတ်ထွက်လွှာကို ခွင့်မပြုဘူးလို့ ဆိုပါတယ်။

အလုပ်သမားဆန္ဒပြပွဲတွေ ခွင့်ပြုချက်ရ



၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြနေကြစဉ်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေပြည်သာ နဲ့ လှိုင်သာယာမြို့နယ် တွေက အလုပ်သမား သမဂ္ဂအဖွဲ့အစည်းတွေက သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက်ထားတာကို အာဏာပိုင်တွေကက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ငြိမ်းချမ်းရေး အမှတ်တံဆိပ်တွေကို ဖားကန့်ဒေသ တခုလုံးကပ်ထားမည်

အောက်တိုဘာလ ၂၄ ရက် ကမ္ဘာ့ကုလသမဂ္ဂနေ့ (ကုလသမဂ္ဂက မနှစ်ကထုတ်ပြန်တဲ့ ဓါတ်ပုံ)
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အောက်တိုဘာလ ၂၄ ရက်နေ့ ကျရောက်မယ့် ကမ္ဘာ့ကုလသမဂ္ဂနေ့ မှာ ငြိမ်းချမ်းရေးအထိမ်းအမှတ် စာသားတွေပါတဲ့ ကပ်ခွာတွေ နေရာအနှံ့ကပ်ကြမယ်လို့သိရပါတယ်။

My Blog List