Friday, May 30, 2014

ပုဒ်မ၄၃၆ ပြင်ဆင်ရေးအတွက် ကဗျာဆရာများ စုပေါင်းလက်မှတ်ရေးထိုး



လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေငြာချက်အား ကန့်ကွက်


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မေ ၂၃ရက် ကြေးမုံသတင်းစာတွင်ပါဝင်သော ကြေငြာချက်နှင့် ပတ်သက်၍လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဇေယျာ မှမေ၂၆ ရက်နေ့တွင်ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ကြောင်းသိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပယ်ချခံရ



ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးတို့၏အမှုအား ပြည်ထောင်စုတရား လွှတ်တော်ချုပ်၌ မေလ ၃၀ရက်နေ့က အပြီးသတ်စီရင်ချမှတ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တက်သည့်အယူခံကိုပယ်ချခံခဲ့ ရသည်ဟု သိရှိရသည်။

အဆိုပါ အမှုအား မေလ ၃၀ရက်နေ့တွင် တရားသူကြီးတစ်ဦး၏ရှေ့၌ စီရင်ချက်ချမှတ်မည်ဟု ပြည်ထောင်စု လွှတ်တော်ချုပ်အမှုစာရင်း အမှတ်စဉ်(၁၃)တွင် ဖော်ပြထားပြီး ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်ကဆိုသည်။

"Sewol သင်္ဘောပျက်မှ ရုပ်အလောင်းများ ရှာဖွေရင်း ရေငုပ်သမား တစ်ဦးသေဆုံး"



လူပေါင်း(၃၀၀)မျှ သေဆုံးခဲ့သည့် Sewol ရေယာဉ် နစ်မြုပ်မှုတွင် လက်ကျန် အလောင်းများကို ရေငုပ် ရှာဖွေနေရင်း အသက်(၄၆)နှစ်အရွယ် လူတစ်ဦး သေဆုံးကြောင်း ကမ်းခြေစောင့်တပ် တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ 

တရုတ်နိုင်ငံသား ၅၅ ဦးကို ရှင်ကျန်း အားကစားကွင်း၌ ပြစ်ဒဏ်များ ချမှတ်



တရုတ်နိုင်ငံသား ၅၅ ဦးကို အကြမ်းဖက်မှု၊ ခွဲထွက်ရန် လုပ်ဆောင်မှု၊ လူသတ်မှုများဖြင့် ရှင်ကျန်း အားကစားကွင်း တစ်ခုတွင်း တရားစီရင်ပြီး ပြစ်ဒဏ်များ ချမှတ်လိုက်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲအတွက် အဆင်သင့်မဖြစ်သေးကြောင်း ထိုင်းစစ်တပ်ပြော


ထိုင်းနိုင်ငံမှာ အရပ်ဘက်အုပ်ချုပ်ရေး ဘယ်တော့ပြန်ဖြစ်လာမယ်ဆိုတာမသိနိုင်သေးဘူးလို့  စစ်တပ်က အာဏာသိမ်းအပြီး တစ်ပါတ်အကြာမှာပဲပြောကြားလိုက်ပါတယ်။  စစ်တပ်က အာဏာဆက်သိမ်းမထား ချင်ပေမယ့် လက်ရှိအနေအထားတွေဟာ ရွေးကောက်ပွဲကျင်းပပေးဖို့ မသင့်တော်ဘူးလို့ထိုင်း ဒုတိယ ဗိုလ်ချုပ်ကြီး Chatchalerm Chalermsukh က ပြောပါတယ်။

သစ်တောများ အပြောင်ရှင်းခုတ်နေ ဆိုသော စွပ်စွဲမှု သစ်တောဒုဝန်ကြီး ပယ်ချ


မြန်မာနိုင်ငံတွင် သစ်တောများ အပြောင်ရှင်းစနစ်ဖြင့် ခုတ်ထွင်မှုများရှိနေသည်ဆိုသော စွပ်စွဲချက်များသည် မှန်ကန်မှုမရှိဘဲ အစိုးရအနေဖြင့် သစ်ထုတ်လုပ်မှုကို လျော့ချခြင်းဖြင့် သစ်တောများကို ကာကွယ်လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တော ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင် က ပြောဆိုလိုက်သည်။

အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ရန် ဦးသိန်းညွန့်၏ အဆို လွှတ်တော်ဆိုင်းငံ့


အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အားလုံး ပါဝင်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတသို့ တိုက်တွန်းသည့် သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ပြည်သူ့လွှတ်တော်က ဆိုင်းငံ့လိုက် ကြောင်း ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာသည်။

ရှမ်းပြည်နယ်မှာ သိမ်းဆည်းလယ်ဧက ၂၀၀၀ တောင်သူတွေထံ လွှဲပြောင်း



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးနဲ့ လင်းခေးခရိုင်အတွင်းမှာ သိမ်းဆည်းထားတဲ့ မြေယာတွေထဲက ဧက ၂၀၀၀လောက်ကို ဒီနေ့ တောင်သူတွေထံ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပခဲ့ပါတယ်။အဲဒီ လွှဲပြောင်းပေးအပ်ပွဲမှာ အမှန် တကယ် အသုံးပြုနေတဲ့မြေတွေကိုတော့ စွန့်လွှတ်ခြင်းမပြုဘဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရှမ်းပြည်နယ် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောပါတယ်။

မန္တလေးမှာ ရှေ့နေတစ်ဦး တစ်ကိုယ်တော်ဆန္ဒပြ



မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက မှန်ကန်တဲ့ တရားစီရင်ရေးရှိဖို့ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။တရားသူကြီးတချို့ရဲ့ အဂတိလိုက်စားမှုတွေကို ပြည်ထောင်စု တရားလွှတ်တော်ထံ တိုင်ကြားခဲ့ပေမဲ့ ဆောင်ရွက်ပေးတာမရှိလို့ ဆန္ဒပြတာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်း က ပြောပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၁၆၈ ချက် NLD အကြံပြု



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြည်ထောင်စုလွှတ်တော်မှာ "ရွေးကောက် တင်မြှောက်ခံရတဲ့" ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်က ပြင်ဆင်ဖို့သဘောတူရင် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူ ထက်ဝက်ကျော်ရဲ့ ဆန္ဒမဲနဲ့ ပြင်ဆင်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အကြံပြုထားပါတယ်။

လက်ပံတောင်းတောင်မှ ကြေးနီထုတ်ယူရာတွင် အသုံးပြုရန် ဆာလ်ဖျူရစ် အက်စစ် ထုတ်ပေးမည့် မြန်မာ့စီးပွားရေးဦးပိုင်၏ မိုးကြိုးဆာလ်ဖျူရစ် အက်စစ်စက်ရုံ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိ




လက်ပံတောင်းတောင်အား ဖြိုဖျက်၍ ကြေးနီထုတ်ယူရာတွင် ကြေးနီပါဝင်သော သတ္တုရိုင်းများအား အရည်ဖျော်ရန် အတွက် မရှိမဖြစ်လိုအပ်သည့် ဆာလ်ဖျူရစ်အက်ဆစ်အား အဓိကထုတ်လုပ်မည့် မြန်မာ့စီးပွားရေဦးပိုင်၏ မိုးကြိုးဆာလ် ဖျူရစ် အက်ဆစ်စက်ရုံမှာ နိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိခဲ့ကြောင်း မေ ၂၉ ရက် ရက်စွဲဖြင့် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြခဲ့မှုအရ သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းအကြမ်းဖက်ဖြိုခွင်းခံရမှု ၁၈ လပြည့်တွင် ဒီမိုကရေစီအင်အားစုအဖွဲ့က ဘုရားဝတ်ပြုဆုတောင်းခြင်းနှင့် ကြေးနီစီမံကိန်းအား ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်




ပညာရေးဝန်ကြီးဌာန ညွှန်ကြားချက်များ စာရွက်ပေါ်တွင်သာရှိဟု မန္တလေးတိုင်း ဝန်ကြီးချုပ် ပြောကြား


အခြေခံပညာ ကျောင်းအချို့ စည်းကမ်းလိုက်နာမှု အားနည်းနေသဖြင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် သည့်ညွှန်ကြားချက်များမှာ စာရွက်ပေါ်တွင်သာရှိနေရာ မြို့နယ်ပညာရေးမှူးများနှင့် အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမများ တွေ့ဆုံကာ ရှင်းပြသင့်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် က ပြောကြားသည်။

သမ္မတအိုဘားမား မြန်မာမူဝါဒနဲ့ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ သဘောထား



မြန်မာနိုင်ငံ နိုင်ငံရေးအပြောင်းအလဲဟာ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးကြိုးပမ်းမှု ရလာဒ်တစိတ်တပိုင်း ဖြစ်တယ်လို့ သမ္မတ ဘရက်ခ် အိုဘားမားက မနေ့တုန်းက WestPoint စစ်တက္ကသိုလ်မှာ ပြောသွားခဲ့တဲ့ အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းကြားမှာ အမြင်တွေ ကွဲပြားနေကြပါတယ်။ အမေရိကန်ရဲ့ သံတမန်ရေးအရ ထိတွေ့ ဆက်ဆံမှုတွေနဲ့ တချိန်တည်းမှာ အရေးယူဒဏ်ခတ်မှုတချို့ ဆက်လက် ချမှတ်ထားတဲ့အပေါ် ဘ၀င်မကျသူတွေ ရှိသလို၊ အမေရိကန်ရဲ့ တွန်းအားတခုတည်း သက်သက်မဟုတ်ဘူးလို့ မြင်သူတွေလည်း ရှိပါတယ်။ 

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ အရေအတွက်ကို ဇူလိုင်လကုန်ဝန်းကျင်တွင် ထုတ်ပြန်မည်



ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသူ အရေအတွက်ကို ယခုနှစ်ဇူလိုင်လကုန် ၀န်းကျင် တွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရသူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သိရသည်။

လူငယ်များ နိုင်ငံရေးအတွက် အနစ်နာခံမှု လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ဟု ဦးစိုးသိန်း ပြောကြား



ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသော အစိုးရသစ် လက်ထက်တွင် လူငယ်များ နိုင်ငံရေးအတွက် စွန့်လွှတ် အနစ်နာခံခြင်းသည် လမ်းကြောင်းမှန်ပေါ် ရောက်ရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မေလ ၂၉ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် Sky Star ဟိုတယ်တွင် ပြုလုပ်သော နိုင်ငံရေးပါတီများတွင် လူငယ်များ ပါဝင်လှုပ်ရှားမှု ဆွေးနွေးပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

Thursday, May 29, 2014

မြန်မာဘာသာဖြင့် ထုတ်ဝေသော အစိုးရ သတင်းစာများ ပုဂ္ဂလိကနှင့် ပူးပေါင်းမည် မဟုတ်ဟုဆို



အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသော The New Light Of Myanmar သတင်းစာကို ဂျပန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် ဖက်စပ်လုပ်ကိုင်နေသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော သတင်းစာများကိုမူ ပုဂ္ဂလိကကုမ္ပဏီများနှင့် ဖက်စပ်ပူးပေါင်းလုပ်ကိုင်မည်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါ်သီတာတင်က ပြောကြားသည်။

တိုတိုနှင့် ထိရောက်သည့် မေးခွန်းများမေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း



လွှတ်တော်အစည်းအဝေးများ၌ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ၌ ဆိုလိုရင်းကို တိုတိုရှင်းရှင်းနှင့် ထိရောက်စွာ မေးမြန်းကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။

စပိန်က ဆယ်လသား ကလေးငယ်အသက်ကို ကယ်ခဲ့တဲ့ ရော်နယ်ဒို



ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒို ဟာ ၂၀၁၄ နှစ်ဆန်းပိုင်း လောက်က စပိန်နိုင်ငံရှိ ဆေးရုံ တစ်ရုံက ဆယ်လသား ကလေးငယ် တစ်ဦးရဲ့ အသက်ကို ကယ်ဆယ်ခဲ့ပါတယ်။  ရှားပါး ဦးနှောက် ဆက်စပ် ရောဂါ တစ်ခု ဖြစ်နေပြီး ဈေးအကြီး ဆုံး အော်ပရေးရှင်းတစ်ခု ဝင်ရမှာမို့ ကလေးငယ်ရဲ့ မိဘ ဖြစ်သူတို့က ရော်နယ်ဒို ဝတ်ပြီးသား ဂျာစီအဟောင်း တစ်ထည် နဲ့ ဖိနပ်အဟောင်း တစ်စုံလောက် ပေးဖို့ တောင်းဆိုပါတယ်။ 

Google ရဲ့ စတီယာရင်နဲ့ ခြေနင်းတွေမပါတဲ့ ကွန်ပျူတာ ထိန်းချုပ်ကား


ပုံမှာ တွေ့မြင်နေရတဲ့ အတိုင်းပဲ ကားပုံစံက သိပ်ကို ချစ်စရာကောင်းပါတယ်။ လုံးလုံး မို့မို့လေးနဲ့ ကာတွန်း ကားထဲက ကားပုံစံလေးနဲ့ သွားဆင်နေပါတယ်။ Google ဟာသူရဲ့ကိုယ်တိုင်မောင်းနင်တဲ့ကားပရောဂျက် ကို နှစ်တော်တော်များများ ဆောင်ရွက်ထားခဲ့တာပါ။ 

“ပုဒ်မ ၄၃၆ ပြင်ရေးမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ပြောကြား”


ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဧ။် အဓိက သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ အား ပြင်ဆင်လိုခြင်းမှာ ရိုးသားမှုမရှိဟု တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် တင့်ဆန်းက The Street View သို့ ပြောသည်။

လွတ်လပ်မျှတသည့်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ထိုင်းစစ်တပ်ပြော


ထိုင်းနိုင်ငံမှာ ပြည်တွင်းစစ်မဖြစ်အောင် အာဏာသိမ်းခဲ့တာလို့ စစ်တပ်က အကြောင်းပြပြီး လွတ်လပ်မျှတ တဲ့ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အာမခံလိုက်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက နိုင်ငံခြား မိဒီယာတွေကို ဒီနေ့ ပြောကြားလိုက်တာပါ။

အပျိုကြီးတော့ ဘယ်သူမှ မဖြစ်ချင်ဘူးလို့ ဆိုလိုက်တဲ့ ခင်လေးနွယ်



လီဆူးတိုင်းရင်းသားသူလေး ခင်လေးနွယ်ကတော့ ခုနောက်ပိုင်း ဇာတ်ကားမရိုက်ဖြစ်တော့တာနဲ့ ပတ်သက်ပြီး သူမရဲ့အသက်အရွယ်အရကြောင့်ရော နောက်တစ်ခြားစီးပွားရေးလည်း လုပ်ချင်တဲ့အတွက် မရိုက်ဖြစ်တော့တာလို့ ဆိုပါတယ်။ သူမဟာ ခုလတ်တလော နယ်ရှိုးတွေမှာ သီချင်းတွေ ဆိုဖြစ်နေတယ်လို့ သိရတဲ့အပြင် တစ်ကိုယ်တော်အခွေ
အတွက်လည်း သီချင်းတွေသွင်းနေပါပြီတဲ့။

ဖွဲ့စည်းပုံ ပြင်ရေး စစ်တပ်နဲ့ အပေးအယူ လုပ်ဖို့ လိုသလား


ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီရဲ့ ဖွဲ့စည်းပုံ ပြင်ဆင် ရေး အထူးအစည်းအဝေးတွေမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးတွေကို မူအားဖြင့် သဘောတူညီမှု တွေ ရှိလာပေမယ့် တပ်မတော်ကို  အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍက ထုတ်ပစ်ဖို့ ဆိုတဲ့အချက်ကို ပြင်ဆင် ရေး ဆွေးနွေးမှုတွေမှာ  အငြင်းပွားမှု ရှိနေတာမို့ အခြေခံဥပဒေ ပြင်ဆင်ဖို့ တပ်မတော် နဲ့ အပေးအယူ မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ် ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမည့် ကျွန်းတုတည်ဆောက်ရေး တရုတ်စီစဉ်


တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ပင်လယ်ပြင်အထူးစီးပွားရေးဇုန် (EEZ)မိုင် ၂ဝဝ အကွာအဝေးအတွင်း ရှိ စပရတ်တလီ ကျွန်းစု၌အမေရိကန် ဒေါ်လာ ၅ ဘီလီယံကုန်ကျမည့် ကျွန်းတုတစ်ခုတည်ဆောက်ရေး စီစဉ်လျက်ရှိကြောင်းသိရသည်။

ထိန်းသိမ်းထားသူ ၂၅၀ ကျော် ထိုင်းစစ်တပ်ပြန်လွှတ်


ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ် စစ်အာဏာသိမ်းပြီးနောက်ထိန်းသိမ်းထားသူများနှင့်ပတ်သက်၍ ထိန်းသိမ်း ထားသူအများစုကိုပြန်လွှတ်ပေးလိုက်ပြီဟု ထိုင်းစစ်တပ်က ပြောဆိုလိုက်သည်။နိုင်ငံရေး သမားများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများနှင့်ပညာရှင်များအပါအ၀င် လူပေါင်း ၂၅၃ ယောက်ကို စစ်တပ်က ဆင့်ခေါ်ခဲ့ပြီးအခုထိုအထဲက ၁၂၄ ယောက်ကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။ 

သမ္မတ ဖြစ်ခွင့် ဆိုင်ရာ ပုဒ်မ ၅၉ (စ) ပြင်ဆင်နိုင်ဖွယ်ရှိ


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသော သမ္မတ ဖြစ်ခွင့်ဆိုင်ရာ ပုဒ်မ ၅၉(စ) ပြင်ဆင်နိုင်ရေး အတွက် လွှတ်တော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှု ကော်မတီက လာမည့် ဇွန်လအတွင်း စတင်ဆွေးနွေး၍ အချက်တချို့ကို ပြင်ဆင်ပေးနိုင်ဖွယ်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဧရာဝတီတိုင်းတွင် တည်ဆောက်နေသည့် ပြည်သူဟစ်တိုင် ဇွန်လတွင် ဖွင့်မည်


မြန်မာနိုင်ငံ၌ ၁၉၆၂နောက်ပိုင်း ပထမဆုံးဆောက်လုပ်သည့် ပြည်သူ့ဟစ်တိုင်ကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မုံရွာ-ရေဦးကားလမ်းမကြီးပေါ်ရှိမိခင်ကလေးစောင့်ရှောက်ရေး ရုံးအနီးတွင် ဆောက်လုပ်နေပြီး ဇွန်လ ပထမပတ်တွင် ဖွင့်လှစ်နိုင်မည်ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော် က မေလ ၂၈ရက်က အသိပေး ပြောဆိုလိုက်သည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုးဆန္ဒဖော် ထုတ်ပွဲနှင့် ဟောပြောပွဲ ဘားအံမြို့တွင် ပြုလုပ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရေး ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ပွဲနှင့် လူထုဟောပြောပွဲကို မေ ၂၈ ရက်က ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦးခန်းမတွင် ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာစက်ရုံအနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ခြင်းအား ရှင်းလင်း



စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာရှိ တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံ အနေဖြင့် အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ် မချုပ်ဘဲ အလုပ်သမားများကို Black Labour အဖြစ် ခိုင်းစေခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲကို မေ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ကျောက်မြောင်းမြို့နယ်ရှိ တိုက်အမှတ် ၁၁ ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေဧက သုံးသိန်း သိမ်းယူခဲ့မှုအပေါ် ဒေသခံများက ဆန္ဒပြခြင်း၊ တရားစွဲဆိုခြင်း ပြုလုပ်မည်



လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဌေးမြင့် ပိုင်ဆိုင်ထားသည့် ယုဇနကုမ္ပဏီက ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့် ဝှမ်းဒေသရှိ လယ်မြေဧက သုံးသိန်းကျော်အား သိမ်းယူခဲ့ပြီးနောက် ဒေသခံများက ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်ခြင်း ကြောင့် နေပြည်တော်အထိ ဒေသခံများအား ခေါ်ဆောင်၍ နစ်နာမှုများအတွက် လျော်ကြေးပေးမည် ဖြစ်ကြောင်း ညှိနှိုင်းခဲ့မှုနှင့် လယ်ယာမြေများ အစားပြန်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းမှုများအား အမှန်တကယ်လုပ်ဆောင်ပေးမှု မရှိသဖြင့် ဆန္ဒဖော်ထုတ်ရန်နှင့် တရားစွဲဆိုရန် ရည်ရွယ်သည့် သတင်းစာရှင်းလင်းပွဲအား မေ ၂၈ ရက်က ရန်ကုန်မြို့ရှိ Myanmar Media Library တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ ယာဉ်အဖြစ် အများဆုံး ဖမ်းမိ


ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှု အစီးရေ ၁၃၀ ကျော်တွင် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ဖမ်းဆီးရမိကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ 

စနိုးဒန်းကို ဂျွန်ကယ်ရီ ဝေဖန်



အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ဟာ သစ္စာဖောက် သူရဲဘောကြောင်သူ ဖြစ်ပြီး အမေရိကန် တရားစီရင်ရေးကို မရင်ဆိုင်ရဲတဲ့သူ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က ပြောကြား လိုက်ပါတယ်။ ကိုယ့်နိုင်ငံကို သစ္စာဖောက်ပြီး ရုရှလို အာဏာရှင် နိုင်ငံမှာ ခိုလှုံ နေတဲ့ စနိုးဒန်း အနေနဲ့ ယောက်ျား ပီပီ နဲ့ အမေရိက ပြန်လာသင့်တယ်လို့လဲ မစ္စတာ ကယ်ရီ က ဆိုပါတယ်။

အီဂျစ်သမ္မတရွေးကောက်ပွဲ စစ်ခေါင်းဆောင်ဟောင်း el-Sissi အပြတ်အသတ်နိုင်



အီဂျစ်နိုင်ငံမှာ ပြုလုပ်နေတဲ့ သမ္မတရွေးကောက်ပွဲရဲ့ အစောပိုင်းထွက်လာတဲ့ ရလဒ်တွေအရ အရင်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း Abdel-Fattah el-Sissi က မဲအပြတ်အသတ်နဲ့ ဦးဆောင်နေပါတယ်။ပထမအကြိမ်ထွက်လာတဲ့ ရလဒ်တွေအရ Sissi က မဲအရေအတွက် ၉၃ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး တဦးတည်းသော သူ့ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ လက်ဝဲ၀ါဒီ Hamdeen Sabahi ကတော့ ၃ ရာခိုင်နှုန်းလောက် ရရှိထားတယ်လို့ ဆိုပါတယ်။

အမေရိကန်သံတမန်ရေး အောင်မြင်မှုအဖြစ် မြန်မာကို သမ္မတ အိုဘားမား နမူနာပြ



အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွေဟာ မှန်ကန်တဲ့လမ်းကြောင်းမှာရှိနေတာကို မြန်မာနိုင်ငံ ကို နမူနာအဖြစ်နဲ့ ကြည့်နိုင်တဲ့အကြောင်း သမ္မတ ဘရက်ခ်အိုဘားမား က ပြောလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် မျက်ကွယ်ပြုနေပါက နိုင်ငံရေးအကျပ်အတည်းသို့ ဦးတည်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို သုံးသပ်



ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား အုပ်ချုပ်ရေးမဏ္ဍိုင် အနေဖြင့် မျက်ကွယ်ပြုနေပါက နိုင်ငံရေးအကျပ်အတည်း တစ်ရပ်ဆီသို့ ဦးတည်သွားနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သူရဦးအောင်ကိုက ပြောကြားသည်။မေ ၂၈ ရက်ကပြုလုပ်သော ပြည်သူ့ လွှတ်တော်အစည်းအဝေး မစတင်မီ မီဒီယာများနှင့် တွေ့ဆုံကာ သူရဦးအောင်ကိုက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်ပိုင်မြေပေါ်တွင် ဆောက်လုပ်နေသော Golden City ကွန်ဒိုသည် ၀ယ်ယူသူများကို မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အာမခံချက်ပေးထားနိုင်ခြင်းမရှိဟု စားသုံးသူကာကွယ်ရေးအသင်း ရှင်းလင်း



လက်ရှိအချိန်တွင် စင်ကာပူရင်းနှီးမြှုပ်နှံမှုအနေဖြင့် ဝင်ရောက်လာသော Golden City သည် မြန်မာနိုင်ငံတွင် ပထမ ဦးဆုံး BOT စနစ်ဖြင့် ဆောက်လုပ်နေသော ကွန်ဒိုတိုက်ခန်းများဖြစ်ပြီး တပ်ပိုင်မြေကို ငှားရမ်း သုံးစွဲထားခြင်းဖြစ် ကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသည့်အတွက် မြေကြီးအား ငှားရမ်းဆောက်လုပ်သော အဆောက်အအုံများနှင့်ပတ်သက်ပါက ကုမ္ပဏီအနေဖြင့် စားသုံးသူအပေါ်တွင် ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်ကြောင်း ရန်ကုန်မြို့ My Garden စားသောက်ဆိုင်တွင် မေ ၂၈ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး



ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင်ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့ သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ရှေ့နေများကွန်ရက် တရားစွဲမည်



ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဘဏ်လမ်းထောင့်ရှိ တရားရုံးချုပ်ဟောင်း နေရာကို Flying Tiger Engineering ကုမ္ပဏီအား လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးသောကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) နှင့် အဆိုပါ ကုမ္ပဏီကို ဇွန်လအတွင်း တရားစွဲရန် စီစဉ်ထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအေးမင်းက  ပြောကြားသည်။ 

ရေကြောင်းလုံခြုံရေး ဘေးအန္တရာယ် ကယ်ဆယ်ရေးများ ပိုမိုပူးပေါင်း လုပ်ဆောင်နိုင်ရန် ဂျပန်တပ်မတော် မျှော်လင့်


ဂျပန်တပ်မတော်က မြန် မာ့တပ်မတော်နှင့် ရေကြောင်းလုံ ခြုံရေး၊ ဘေးအန္တရာယ်ကယ် ဆယ်ရေးအပါ အ၀င် ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့် ကြောင်း ဂျပန် ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့၏ စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီး ရှီဂဲယုအီဝါဆာကီက ပြောကြားလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးပေါ်လစီ အိုဘားမား ကာကွယ်ပြောဆို



အမေရိကန်တွေအနေနဲ့ မိမိဖာသာ ထီးထီးကြီး ရပ်တည်တာမျိုးဟာ နည်းလမ်းမဟုတ်သလိုဘဲ၊ ပြဿနာတိုင်းကိုလည်း စစ်ရေးနည်းနဲ့ အဖြေရှာဖို့ မလိုဘူးလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။

အမေရိကန် West Point စစ်တက္ကသိုလ်မှာ သမ္မတအိုဘားမားဟာ သူ့ရဲ့သမ္မတတာဝန်ယူမှု နောက်ဆုံးနှစ်ဆိုင်ရာ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်လို့ မနေ့တုန်းက မိန့်ခွန်းပြောဆိုခဲ့တာပါ။ အကြမ်းဖက်မှုဟာ အမေရိကန်တွေရဲ့ လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက်နေဆဲရှိပြီး၊ အကြမ်းဖက်ကွန်ယက်တွေ ခြေချဖို့ ကြိုးပမ်းနေတဲ့ နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်သွားဖို့ လိုတယ်လို့ ပြောပါတယ်။

Wednesday, May 28, 2014

ဘယ်သွားသွား ဖုန်းပါရင်ပြည့်စုံနေတဲ့ အဆိုတော် မိစန္ဒီ


အဆိုတော် မိစန္ဒီ အပြင်သွားတိုင်း သူမနှင့်အတူ အမြဲတမ်းပါသွားတတ်သည့် IT ပစ္စည်းများကိုလည်း အနုပညာရှင်များ၏ IT ပစ္စည်း ကဏ္ဍ၌ ဖော်ပြ ပေးလိုက်ပါသည်။ မိစန္ဒီသည် အပြင်သွားတိုင်း ကြီးမားသည့် လွယ်အိတ်တစ်လုံးတွင် သူမ ကြိုက်နှစ်သက်သော သီချင်းစာအုပ်များနှင့် IT ပစ္စည်း များစွာကို သယ်ဆောင် သွားတတ်သူ တစ်ယောက် ဖြစ်ပါသည်။

လတ်တလော ထိုင်းနိုင်ငံရဲ့စီးပွားရေးဂယက်


ထိုင်းနိုင်ငံမှာ အားနည်းတဲ့ အိမ်စောင့်အစိုးရလက်ထက် ခြောက်လကြာ မရေရာမသေချာမှုတွေ ကြုံခဲ့ရ အပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ထိုင်းစီးပွားရေး ရှေ့အလားအလာအပေါ် စီးပွားရေး လေ့လာသုံးသပ်သူတွေသတိထားပြီး အကောင်းမြင်သဘော ပြောကြပါတယ်။ ရေတို ပြန်ပြီးနာလန်ထူလာ မယ်လို့ မျှော်လင့်ထားကြပေမယ့်လည်း  ခရီးသွားလုပ်ငန်းနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာ မရေမရာဖြစ်မှုက လွှမ်းမိုးနေပါတယ်။

အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း



အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြား ဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခတွေကိုငြိမ်းချမ်းစွာဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ဆက်လက် ရှာဖွေသွားကြဖို့အစ္စရေးနိုင်ငံကိုအလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတိုက်တွန်း ပြောကြားလိုက်ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ အမှန်တကယ်ငြိမ်းချမ်းလုံခြုံစွာနေထိုင်သလို ပါလက်စတိုင်း အနေနဲ့လည်း အလားတူဆန္ဒများရှိပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ 

ရွေးကောက်ပွဲ ကော်မရှင်၏ မြေကွက်နှင့် ကားပါမစ် NLD နှင့် SNLD လက်မခံ


ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၆၅ ခုအတွက် မြေနေရာနှင့်အခွန်းကင်းလွတ် ခွင့်ဖြင့်  ကား ၅ စီး တင်သွင်းခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးသို့ မေလ ၂၂ ရက်နေ့ နေ့စွဲဖြင့် စာတစောင် ပေးပို့ခဲ့ရာ ယင်းသို့ နိုင်ငံရေးပါတီများအတွက် မြေကွက်နှင့်ကားပါမစ်ပေးအပ်မည်ဆိုပါက အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(NLD) နှင့် ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့က လက်ခံမည် အခြေအနေ မရှိကြောင်း ပြောဆိုကြသည်။

My Blog List