Friday, January 24, 2020

မိမိတို့၏ အလိုဆန္ဒများသည် ကောင်းကျိုးဖြစ်မည်ဆိုပါက တစ်တိုင်းပြည်လုံး ထိုဆန္ဒများ ပြည့်ဝပါစေကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆုပေး

Image may contain: 1 person, standing and outdoor

မိမိတို့၏ အလိုဆန္ဒများသည် ကောင်းကျိုးဖြစ်မည်ဆိုပါက တစ်တိုင်းပြည်လုံးအနေဖြင့် ထိုကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝပါစေ ကြောင်း၊ တစ်နိုင်ငံလုံးရှိ ပြည်သူများသို့ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေရန် မိမိအနေဖြင့် ဆုပေးပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ စက်ရောင်ဘီလူး ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံဉ် ဆုပေးပြောကြားခဲ့သည်။

"ကျွန်မ ပေးတဲ့ဆုတွေထဲမှာ ကောင်းကျိုးလိုရာ ဆန္ဒအဝဝနဲ့ ပြည့်စုံ ပါစေဆိုပြီး ပေးလေ့ရှိပါတယ်။ ကောင်းကျိုးလိုရာ ဆန္ဒအဝဝဆိုတာ အင်မတန်မှ အရေးကြီး ပါတယ်။ ကိုယ်လိုချင်တဲ့ ဆန္ဒတွေ အားလုံးပြည့်ဝပါစေလို့ ပြောလိုက်ရင် ဆန္ဒပြည့်၀ခြင်းက အမြဲစိတ်ချမ်းသာတာ မဟုတ်ပါဘူး။ ဒါလည်း ခဏခဏ ဖြစ်တတ်ပါတယ်။ ကိုယ့်ဘဝကို ပြန်ပြီးစဉ်းစားကြည့်ရင် အထူးသဖြင့် နည်းနည်းအသက်ကြီးတဲ့အပိုင်းကနေ စဉ်းစားကြည့် ရင် ကိုယ့်ဘဝမှာ တောင်းခဲ့တဲ့ဆုတွေက ဒါလေး ဖြစ်စေချင်လိုက်တာ၊ ဒါလေး လိုချင်လိုက် တာ၊ ဒါလေး ရရပါလို၏၊ ဒါလေး ဖြစ်ရပါလို၏ ဆိုပြီး တောင်းခဲ့တဲ့ဆုတွေ အားလုံးကို ပြန်ပြီး စဉ်းစားကြည့်ရင် ဆုတောင်းတိုင်းပြည့်ပြီး စိတ်ချမ်းသာခဲ့ရဲ့လား ဆိုတာကို တွေးကြည့်စေ ချင်ပါတယ်။
အနောက်တိုင်းကလာတဲ့ အဆိုတစ်ခုရှိပါတယ်။
“မပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့ မျက်ရည်တွေက ပြည့်တဲ့ဆုတွေကြောင့် ကျရတဲ့မျက်ရည်ထက် ပိုများပါတယ်တဲ့” ဒါဘာကို ပြောလဲဆိုရင် လူတွေက ဆန္ဒအရ ဒါဖြစ်ချင်ရဲ့၊ ဒါလိုချင်ရဲ့ဆိုပြီး၊ တကယ်ဖြစ်လာတော့ အကျိုးဆက်တွေက မကောင်းပါဘူး။ အကျိုးဆက်တွေက မကောင်းတဲ့အခါ စိတ်မချမ်း မသာဖြစ်ရပါတယ်။ ဒါကြောင့် ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ ပြည့်ပါစေဆိုတာ ကိုယ့်ဆန္ဒ တွေ တကယ်ပဲကောင်းကျိုးဖြစ်မယ်ဆိုရင် ဒီဆန္ဒတွေပြည့်ဝပါစေဆိုတဲ့ဆုကို ကျွန်မ ပေး တာ ဖြစ်ပါတယ်။ ဒါ တစ်နိုင်ငံလုံးအတွက် ဆုပါ။ ကျွန်မတို့ နိုင်ငံရဲ့ ကောင်းကျိုးလိုရာ ဆန္ဒ အဝ၀ ပြည့်ကြပါစေ၊ နိုင်ငံသူနိုင်ငံသား အားလုံးရဲ့ ကောင်းကျိုးလိုရာ ဆန္ဒအဝ၀ ပြည့်ကြ ပါစေ" ဟု ဒေါ်အောင်ဆန်းစု ကြည်က ဆုပေးစကားပြောကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအနေဖြင့် အစိုးရထံမှ တောင်းဆိုရာတွင် အများနှင့်သက်ဆိုင်သည်များကို တောင်းဆိုမည်ဆိုပါက အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရမည်ဖြစ်သော်လည်း အချို့မှာ အများအတွက်မဟုတ်ပဲ ကိုယ့်အတွက်သာ တောင်းဆိုနေသည်ကို တွေ့ရသဖြင့် ပြည်သူပြည်သားများအနေဖြင့် ဆင်ခြင်စေချင်ကြောင်း ပြောကြားသည်။
"ကျွန်မတို့ ပြည်သူပြည်သားတွေ ဘာဆုတွေတောင်းကြသလဲ၊ တချို့ဆုတောင်းတွေ က ရိုးရိုးလေးပါ။ တချို့ဆန္ဒတွေက ရိုးရိုးလေးပါ။ ကျွန်မ တစ်ချိန်လုံး ကြားသိနေရတဲ့ ကိစ္စတွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားနေရတဲ့ကိစ္စတွေရှိပါတယ်။ ဥပမာ - လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ကောင်းတဲ့ပညာရေး စနစ်ရှိရေး ဒါတွေကို ထပ်တလဲလဲ တောင်းဆိုနေတာပါ။ ဒါဟာ ပြည်သူတွေရဲ့ တောင်း သင့်၊ တောင်းထိုက်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ဖြည့်ဆည်း ပေးရမယ့် အရာတွေဖြစ်ပါတယ်။ တစ်ခါတလေ ဒီလိုဆန္ဒတွေက အများအတွက် မဟုတ်ဘဲ ကိုယ့်အတွက် ဖြစ်သွားတာတွေကိုလည်း ကျွန်မ တွေ့ရပါတယ်။ ဒါကို ပြည်သူပြည်သား တွေက ဆင်ခြင်စေချင်ပါတယ်" ဟုလည်း သတိပေးစကားပြောကြားခဲ့သည်။
ပန်ပန်/Myanmar Harp
Photo; Myanmar State Counsellor Office

No comments:

Post a Comment

My Blog List