Friday, September 27, 2013

ချင်းမိုင် အမျိုးသား လိင်ဖျော်ဖြေရေး လုပ်သားတွေမှာ မြန်မာပြည်သား များပြား


Friday, September 27, 2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမျိုးသား လိင်ဖျော်ဖြေရေး လုပ်ငန်းတွေက အမျိုးသားငယ် ထက်ဝက်ေ ကျာ် မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ထိုင်း နိုင်ငံ အခြေစိုက် သုတေသန အဖွဲ့အစည်းတချို့ရဲ့ စစ်တမ်းတခုက ဆိုပါ တယ်။ ချင်းမိုင် တက္ကသိုလ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က Urban Light နဲ့ Love 146 အဖွဲ့တို့ ပူးတွဲပြီး “ယောက်ျားလေးတွေဟာ ရောင်း စရာ မဟုတ်”(Boys are Not 4 Sales) ခေါင်းစဉ်နဲ့ ကျင်းပတဲ့ A Study on Sexually Exploited Young Males အမည် ရှိ စစ်တမ်း ရှင်းလင်းပွဲမှာ သုတေသန ပြု သူတွေ က ပြော ဆို ထုတ်ပြန်ခဲ့တာပါ။ သုတေသန ပြုသူ တဦးဖြစ်တဲ့ မစ္စတာ ဂျရက် ဒေးဗစ်က သူတို့ မေးမြန်းခန်း လုပ်ခဲ့သူ အများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်ပြီး တချို့ကတော့ ကရင်ပြည်နယ်၊ ချင်းပြည်နယ် တို့က ဖြစ် တယ်လို့ ဧရာဝတီ ကို ပြောပါတယ်။

တရုတ်စီမံကိန်း ဆန္ဒပြ၍ ထောင်ချခံရသူများကို ပြန်လွှတ်ပေးရန် ဒေသခံ ၄၀၀ ကျော် တောင်းဆို


Friday, September 27, 2013 

တရုတ် စီမံကိန်းကို အလိုမရှိဟုဆိုကာ တရားဝင် ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့သဖြင့် တရားစွဲခံရသည့် ရခို င် ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ ဒေသခံ ၁၀ ဦးကို ထောင်ဒဏ်သုံးလ ချမှတ်လိုက်သဖြင့် ၎င်း တို့ကို ပြန်လွှတ်ပေးရန် ဒေသခံ ၄၀၀ ကျော်က စက်တင်ဘာလ ၂၆ ရက်နေ့တွင် တောင်းဆို ဆန္ဒဖော် ထု တ်လျက် ရှိကြောင်း ကျောက်ဖြူမြို့ ဒေသခံများက ပြောကြားသည်။ အဆိုပါ ဒေသခံ ၁၀ ဦးကို စီရင်ချက် ချရန် သုံးကြိမ်မြောက် ရုံးချိန်းဖြစ်သည့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်ဖြူမြို့ တရားရုံးက ၎င်း တို့ကို ထောင်ဒဏ်သုံးလ ကျခံရန် စီရင်ချက်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံများထံမှ သိရှိရ သ ည်။

ကမ္ဘာ့အလိုအရှိဆုံး အမျိုးသမီး

 

Friday, September 27, 2013

 
ကမ္ဘာကျော် ဖြစ်ရပ်တခု မကြာသေးမီက ဖြစ်ပွားသွားခဲ့ပါတယ်။ ကင်ညာနိုင်ငံ၊ နိုင်ရူဘီမြို့က ကုန်တိုက် ကြီးမှာ အမည်မသိ သေနတ်သမားတွေက ၀င်ရောက်စီးနင်း တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိက သံသယ ဖြစ်ခံရသူ အမျိုးသမီးတဦးကို ကမ္ဘာ့ အလိုအရှိဆုံး အမျိုးသမီးရယ်လို့ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။

စစ်တပ်အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ထည့်သွင်းဖို့ The Elders တိုက်တွန်း

Friday, September 27, 2013

မြန်မာနိုင်ငံက လွှတ်တော်တွေမှာ စစ်တပ်ကိုယ်စားလှယ်တွေကို ခန့်အပ်ထားရာမှာ လာမယ့် ၂၀၁၅ေ ရွး   ကာက်ပွဲကျရင်တော့ အမျိုးသမီးတွေ ကို ရွေးချယ်ခန့်ထားဖို့ မြန်မာကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းပြောဆိုခဲ့ တယ်လို့ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ပြောပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင် စနစ်အောက်မှာ နှစ်ပေါင်း ၅၀ လောက် နေခဲ့ရတဲ့ ကာလတွေနဲ့ နှိုင်းယှဉ် လိုက်ရင်တော့ အ ခုအခါမှာ ပြုပြင်ပြောင်းလဲမှုတွေဟာ တိုးတက်မှုရှိတယ်လို့ ရန်ကုန်မြို့ Strand Hotel မှာ The Elders အ ဖွဲ့က ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတဟောင်း Jimmy Carter က ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ၂၅နှစ်ပြည့်အခမ်းအနားစတင်ကျင်းပ

Friday, September 27, 2013


Thursday, September 26, 2013

ဆယ်တန်းကျောင်းသား မောင်းနှင်သော ဆိုင်ကယ်တိုက်၍ လူသေမှုဖြစ်


Thursday, September 26, 2013
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အ.ထ.က(၂) မနက်ပိုင်း ကျောင်းဆင်းချိန်တွင် ဆယ်တန်းကျောင်းသား၏ ဆိုင်ကယ်မှ ဝင်တိုက်၍ လူသေဆုံး မှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက(၂)တွင်ကျောင်းတွင် တက်နေသော ဒဿမတန်း ကျောင်းသားတစ်ဦးသည်HENSIM – 125 အမျိုးအစား အစိမ်းပုတ်ရောင် ဆိုင်ကယ်၊ ၄ယ/၅၂၉၈၄ အမှတ်(၂) အောင်သပြေ စည်ပင်သာယာဈေး မြောက်ဘက်ရှိ လမ်းပေါ်တွင်မောင်းနှင်လာစဉ် လမ်းဖြတ်ကူးလာသော ဒေါ်လှမြိုင် အသက်(၅၅)နှစ်အား ၀င်ရောက်တိုက်မိခဲ့ရာ ဒေါ်လှမြိုင် ဦးခေါင်းဂျိုစောင်း နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ကြေမွဒဏ်ရာများ ရရှိ၍ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကမ္ဘာ့ လောင်းကစား ကွန်ယက်၏ နောက်ကွယ်မှ ကြိုးကိုင်နေသူ စင်ကာပူ နိုင်ငံသားအား ဖမ်းမိ

Thursday, September 26, 2013
ကမ္ဘာ့ဘောလုံးပွဲများကို အခြေခံသည့် ကမ္ဘာလွှမ်း ပတ်ဆက်နွယ်နေသည့် ကမ္ဘာ့ လောင်းကစား ကွန်ယက်တစ်ခု၏ နောက်ကွယ်မှကြိုးကိုင်နေသူအား ယနေ့တွင် စင်ကာပူ ထောက်လှမ်းရေး အဖွဲ့မှ ခြေရာခံပြီး စင်ကာပူ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်သည်။ ကမ္ဘာ့ဖလား ၊ ဥရောပဖလား စသည့် ဘောလုံးပွဲစဉ်ပေါင်း သုံးရာခန့်ကို အခြေခံပြီး အာရ ၊ှ အာဖရိကနှင့်လက်တင် အမေရိကဒေသ များမှ လောင်းကစားမှု လုပ်ငန်းများနှင့် ကွန်ယက်ချိတ်ဆက် နေသည့်အတွက် ဒေါ်လာသန်းပေါင်းများစွာ လည်ပတ် စီးဆင်းနေသည့် ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစား လုပ်ငန်းကြီးလည်း ဖြစ်ကြောင်း သိရသည်။ အဖမ်းခံရသူ ခေါင်းဆောင်မှာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပြီး အဖွဲ့ဝင်များဖြစ်သည့် အမျိုးသား ၁၂ဦးနှင့် အမျိုးသမီး ၂ဦးကိုလည်း ဖမ်းဆီးထားပြီး ဖြစ်သည်။
http://www.hindustantimes.com/sports-news/Football/Singapore-match-fixin...

မြေဈေးနှုန်းသတ်မှတ်သော်လည်း ရန်ကုန် အိမ်ခြံမြေဈေး ကျဆင်းခြင်းမရှိ

Thursday, September 26, 2013
ရန်ကုန် ၊ စက်တင်ဘာ ၂၅။ ။ ကာလ တန်ဖိုး သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ ရန်ကုန်မြို့ တွင်း မြို့နယ်အလိုက် မြေဈေးနှုန်း များ သတ်မှတ်ပေးသော်လည်း ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိဘဲ အရောင်း အဝယ် အေးစက်နေကြောင်း ရန် ကုန်အိမ်ခြံမြေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ယခုကဲ့သို့ မြို့နယ်အလိုက် မြေဈေးနှုန်းများ သတ်မှတ်လိုက် ခြင်းသည် အစိုးရမှ မြေဈေးအား ထိန်းချုပ်ခြင်းအတွက် မဟုတ်ဘဲ အိမ်ခြံမြေရောင်း ဝယ်ခြင်းများ မှ အခွန်အား တိကျစွာရရှိနိုင်ရန် အတွက် ယခုကဲ့သို့ သတ်မှတ်လိုက် ခြင်းဖြစ်ကြောင်း အိမ်ခြံမြေကျွမ်း ကျင်သူများက ဆိုသည်။ ဝါရင့်အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ဦးနေလင်းစိုးက ''အ ခုမြေဈေးတွေ သတ်မှတ်ပေးတယ် ဆိုပေမယ့် အခုချိန်အထိ ကျွန်တော် တို့ဆီမှာအပ်ထား တဲ့ အကွက်တွေ က ဈေးနှုန်းပြောင်းလဲပြီး ပြန်အပ် တယ်ဆိုတာမရှိဘူး။ အရင်အတိုင်း ပဲ။ အရောင်းအဝယ်ကတော့ အေး နေတယ်''ဟု ပြောသည်။

မန္တလေးရှိ ဟိုတယ်တစ်ခုတွင် နိုင်ငံခြားသားတစ်ဦး ဝတ်လစ်စားလစ်ဖြင့် သေဆုံး

Thursday, September 26, 2013
မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြိုနယ် ဟေမာဇလရပ်ကွက် ၂၈ လမ်း၊ ၇၆x၇၇ ကြားရှိ ဟိုတယ်တစ်ခုတွင် စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က နိုင်ခြားသားတစ်ဦး အိပ်ရာပေါ်တွင် ဝတ်လစ်စားလစ်ဖြင့် စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ သေဆုံးသူ သြစတြေးလျနိုင်ငံသား Mr.Wayne Gibson Mikchel (၆၈) နှစ်သည် အဆိုပါ ဟိုတယ်သို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် တစ်ဦးတည်း တည်းခိုခဲ့ပြီး စက်တင်ဘာလ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟိုတယ် သန့်ရှင်းရေးဝန်ထမ်းက သန့်ရှင်းရေး ပြုလုပ်ရန်အတွက် တံခါးခေါက်ရာ တုံ့ပြန်မှု မရှိသဖြင့် ဟိုတယ်ရှိ သော့အပိုဖြင့် ဖွင့်ခဲ့ရာ စောင်ခြုံလျက် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တက္ကစီကား လုယက်သူသုံးဦး ညတွင်းချင်း ဖမ်းမိ

Thursday, September 26, 2013
တက္ကစီယာဉ်မောင်းအား ဓါးထောက်ပြီး ဆွဲကြိုးနှင့် မော်တော်ယာဉ်တို့ကို လုယက်ခဲ့သူ သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက စက်တင်ဘာ ၂၅ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။စက်တင်ဘာ ၂၄ ရက် ည ၉နာရီခွဲ အချိန်က လှိုင်သာယာမြို့နယ်မှ အငှားယာဉ်မောင်းဖြစ်သူ ကိုချစ်စံဝင်း မောင်းနှင်သော ပရိုဘောက် အငှားယာဉ်အား လှိုင်သာယာ ဘီအိုစီအ၀ိုင်း၌ ရပ်ထားစဉ် အမည်မသိ အမျိုးသား သုံးဦးက မီးခွက်ဈေးအောက်ထိပ်သို့ ငွေကျပ် (၁၅၀၀) ဖြင့် ငှားရမ်းသဖြင့် လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးရန် မြှင့်တင်ရန် မြန်မာနိုင်ငံလိုလား

Thursday, September 26, 2013
နယ်စပ်ဒေသများတွင် ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်နေသည့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့် စီးပွားရေးအရ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများအား မြှင့်တင်သွားရန် သံဓိဌာန်ချထားသည်ဟု ပတ္တရားသတင်းဌာန၏ သတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းအား ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီုးမျေကညေါုညွှေညေါဏမအေ့နအက ညစာဖြင့် တည်ခင်း ဧည့်ခံအပြီးတွင် အစိုးရ အိမ်တော်သို့ သွားရောက်ကာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရင်လပ် ရှင်နာဝါတရာနှင့် တွေ့ဆုံခဲ့သည်။

အမျိုးသမီးများကို အကာအကွယ်ပေးမည့် ဥပဒေများ ရေးဆွဲပေးရန် မြန်မာ အမျိုးသမီးဖိုရမ် တောင်းဆို

Thursday, September 26, 2013
လက်ရှိဥပဒေများမှာ အမျိုးသမီးများကို အကာအကွယ် ပေးထားခြင်း မရှိသည့်အပြင် တရားစီရင်ရေး စနစ်မှာလည်း ပျက်ယွင်းနေသောကြောင့် အမျိုးသမီးများကို အကာအကွယ် ပေးနိုင်မည့် ဥပဒေများ အသစ်ရေးဆွဲရန်နှင့် လက်ရှိဥပဒေများကို ပြင်ဆင်ပေးရန် တောင်း ဆိုကြောင်း အမျိုးသမီး အခွင့်အရေး ကာကွယ်သည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်သော မြန်မာအမျိုးသမီး ဖိုရမ်က တောင်းဆိုလိုက်သည်။ အဆိုပါ မြန်မာအမျိုးသမီး ဖိုရမ်ကို စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ရန်ကုန်မြို့ရွှေဂုံတိုင်ရှိ Excel Treasure ဟိုတယ်တွင် ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဆိုပါဖိုရမ်မှ ဆွေးနွေး ချက်များကို ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆို လိုက်ခြင်း ဖြစ်သည်။

တစ်ပိုင်တစ်နိုင် ကျောက်မျက်ပစ္စည်းလုပ်သူများအား အတိုးသက်သာ ချေးငွေ ထုတ်ချေး

Thursday, September 26, 2013
တစ်ပိုင်တစ်နိုင် ကျောက်မျက်ပစ္စည်း လုပ်ငန်းလုပ်သူများအား စစ်ကိုင်းတိုင်း အစိုးရမှ သက်သာသည့် အတိုးနှုန်းဖြင့် မတည်ငွေအဖြစ် ငွေငါးသိန်းကျပ် ထုတ်ချေးလျက် ရှိကြောင်း စစ်ကိုင်းတိုင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
တိုင်းဒေသကြီးအစိုးရမှ တစ်ပိုင်တစ်နိုင် ကျောက်မျက်ပစ္စည်းလုပ်ငန်းလုပ်သူများအား တစ်ဦးလျှင် မတည်ငွေအဖြစ် ကျပ်ငါးသိန်းကို ထုတ်ချေးမည်ဖြစ်ပြီး ကျပ် ၁၀၀ အတွက် အတိုးနှုန်းပြား ၅၀ ဖြစ်သည်။ ချေးငွေများကို နှစ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ ထိုလုပ်ငန်းသည် အရင်းအနှီးများသောကြောင့် ကုန်ချောထုတ်နိုင်ရန် အခက်အခဲများရှိခဲ့ပြီး ယခုကဲ့သို့ ချေးငွေ ထုတ်ချေးသောကြောင့် ကျောက်မျက်ပစ္စည်း ရောင်းသူများ အနေဖြင့် ပိုမိုအဆင်ပြေပြီး လုပ်ငန်းလည်း ပိုမိုတွင်ကျယ် လာသည်ဟု သိရသည်။

တရုတ်နိုင်ငံထုတ် ခြင်ဆေးခွေစားမိ၍ အမျိုးသမီးတစ်ဦး သေဆုံး

Thursday, September 26, 2013
ရွှေဘိုမြို့နယ် ညောင်ပင်သာကျေးရွာတွင် အမျိုးသမီးတစ်ဦး တရုတ်ပြည်မှလာသော ကျင်းထုံ အမည်ရှိ ခြင်ဆေးခွေများ စားရာမှ စက်တင်ဘာ ၂၃ ရက်တွင် သေဆုံးခဲ့သည်။
အမှုတွင် ညောင်ပင်သားကျေးရွာအနီး လယ်တောထဲတွင် အမျိုးသမီးတစ်ဦး ခြင်ဆေးခွေများ စားသဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း နံနက် ၁၁ နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ သတင်းပေးချက်အရ ဆင်အင်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ကြသည်။

ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် ဆန္ဒလက်မှတ် စကောက်

Thursday, September 26, 2013
မြန်မာနိုင်ငံတွင်အသုံးပြုလျက်ရှိသော ငွေစက္ကူများတွင်ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်ရိုက်နှိပ်ပေးရန် တောင်းဆိုမှုအတွက် ဆန္ဒလက်မှတ်များ စတင်ကောက်ခံလျက် ရှိကြောင်း အဆိုပါ လက်မှတ် ကောက်ခံမှုအတွက် တက်ကြွ လှုပ်ရှားသူ Blood Group သွေးကူညီပေးရေး အဖွဲ့မှ ဦးညီညီက The Voice သို့ ပြောကြားသည်။
အဆိုပါ ဆန္ဒလက်မှတ် ကောက်ခံမှုကို စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ပြုလုပ်လျက်ရှိပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကောက်ခံသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယင်းကောက်ခံရရှိသည့် ဆန္ဒလက်မှတ်များကို နိုင်ငံတော်သမ္မတနှင့် လွှတ်တော် နှစ်ရပ်ထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“တိုးတက်တဲ့ နိုင်ငံတွေကို ကြည့်လိုက်မယ်ဆိုရင် ငွေစက္ကူတွေမှာ သူတို့လေးစားတဲ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံတွေကို ရိုက်နှိပ် အသုံးပြုတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ချိန်က မြန်မာမှာရော ကမ္ဘာမှာပါ အများလေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ပုံကို ငွေစက္ကူမှာ ရိုက်နှိပ် အသုံးပြုသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေး အကြောင်း ပြောပြတဲ့ ခိုင်နှင်းဝေ

Thursday, September 26, 2013
မိမိကုမ္ပဏီမှ ရိုက်ကူးသည့် ဇာတ်ကားတွင် ဇာတ်ပို့ ဇာတ်ရံ ကအစ နာမည်ရှိ သရုပ်ဆောင် များသာ သုံးချင် ကြောင်း ကိုယ်ပိုင် ရုပ်ရှင် ထုတ်လုပ်ရေးဖြင့် ဇာတ်ကား များ ရိုက်ကူးနေသည့် ခိုင်နှင်းဝေ က ပြောသည်။ ”ကိုယ်လုပ်တဲ့ အလုပ် ကိုယ်ရိုက်တဲ့ ဇာတ်ကားက ကွာလတီ ကောင်းရမယ်။ ခိုင်နှင်းဝေ ကုမ္ပဏီက ရိုက်တဲ့ ဇာတ်ကားက ဘာ ဇာတ်ကားကြီးမှန်း လည်း မသိဘူး၊ ဇာတ်ပို့ ၊ ဇာတ်ရံတွေ သုံးထားတာ တွေကလည်း မကောင်းဘူး။ ဇာတ်လမ်းတွေ ကလည်း မကောင်းဘူး ဆိုတာမျိုး မကြားချင်ပါဘူး။ ကျွန်မ တို့ ဖန်တီးတဲ့ အနုပညာ တွေက ဇာတ် အိမ် ကောင်းရမယ်။ ဇာတ်လမ်း ဇာတ်ကွက် ကောင်းရမယ်”ဟု ၄င်းက ဆိုသည်။

ဆင်းရဲနွမ်းပါးသော ကျောင်းသားလှုငယ်များအတွက် ပြုလုပ်ခဲ့သည့် ရန်ပုံငွေရှာဖွေပွဲမှ ငွေစာရင်းများလာမည့် လဆန်းတွင် ထုတ်ပြန်မည်

Thursday, September 26, 2013
မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံးမှ စီစဉ်ကျင်းပခဲ့သည့် “ဆင်းရဲနွမ်းပါးကျောင်းသား လူငယ်များ၏ ဘ၀မြှင့်တင်ရေး ရန်ပုံငွေအနုပညာဖျော်ဖြေပွဲမှ ရရှိလာသော ရန်ပုံငွေများနှင့်ပတ်သက်သည့် ငွေစာရင်းရှင်းတမ်းကို လာမည့်အောက်တိုဘာ လဆန်းတွင် ထုတ်ပြန်သွားမည်ဖြစ်သည်ဟု အစည်းအရုံးဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က စက်တင်ဘာ ၂၅ တွင် ပြောသည်။
ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ရာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ထုတ်ပြန်သွားမည်ဖြစ်ပြီး ယင်းသို့ ထုတ်ပြန်သည့်အပြင် မြန်မာနိုင်ငံလူငယ်များ အစည်းအရုံး၏ ရှေ့ဆက်လုပ်ငန်းစဉ်များကိုလည်း ပြောပြ သွားမည်ဟု ၎င်းက ဆိုသည်။

အိန်ဂျယ်လ်လက်တစ်ကမ်း”ဇာတ်ကားအတွက် သရုပ်ဆောင်များ ခေါ်ယူ

Thursday, September 26, 2013
ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးမည့် “အိန်ဂျယ်လ်လက်တစ်ကမ်း” ဇာတ်ကား၏ အဓိကသရုပ်ဆောင် ဖြစ်သည့် အိန်ဂျယ်လ်နေရာအတွက် သရုပ်ဆောင် သစ်များကို ဖိတ်ခေါ်ထားကြောင်းသည် ခေတ်နေက မဇ္ဈိမသို့ ပြောသည်။
ယင်း ဇာတ်ကားကို Storyboard Multimedia မှ ထုတ်လုပ်မည်ဖြစ်ပြီး ဒါရိုက်တာသည်ခေတ်နေမှ တာဝန်ယူ ရိုက်ကူးမည်ဖြစ်သည်။
အိန်ဂျယ်လ်နေရာတွင် သရုပ်ဆောင်ရန်အတွက် လာရောက်လျှောက်ထားသူများထဲမှ ဆန်ခါတင် ၁၅ ဦးကို ပဏာမရွေးချယ်မည်ဖြစ်ပြီး ထိုအထဲမှ လေးဦးအား ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။
အိန်ဂျယ်လ်ဇာတ်ဆောင်နေရာအတွက်လည်း ထိုရွေးချယ်ခံရသည့် လေးဦးထဲမှ ထပ်မံရွေးချယ်မည်ဖြစ်သည်။

Samsung Galaxy Note 2နဲ့ LG Optimus G Proကို နှိုင်းယှဉ် သုံးသပ်ခြင်း

Thursday, September 26, 2013
Appleက ထုတ်တဲ့ iPhoneအသစ်တွေ ပြီးရင် လက်ရှိမှာ စိတ်ဝင်စားဖို့ ကောင်းနေတာက တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီကြီး နှစ်ခုရဲ့ အားပြိုင်ပွဲပါ။ Samsungနဲ့ LGပါပဲ။ ဘာလို့လဲ ဆိုတော့ ဒီနေ့ခေတ် Gadgetတွေထဲမှာ ထိပ်တန်းဖြစ်နေတဲ့ စမတ်ဖုန်းလောကထဲကို Samsungက အရင်ဝင်ရောက်ခဲ့ပြီး LGကတော့ နောက်မှဝင်ရောက် လာတာဖြစ်ပေမယ့် LGမှ ထုတ်လုပ်တဲ့ နောက်ဆုံးပေါ် အဆင့်မြင့် ဖုန်းတွေရဲ့ Spec:တွေက Samsungနဲ့ ယှဉ်နိုင်လောက်အောင် ကောင်းမွန်နေပါတယ်။ ဒါဟာ ထူးခြားချက် တစ်ခုပါ။
ဒါကြောင့် မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်စေဖို့ လက်ရှိ ဈေးကွက်ထဲမှာ ဈေးနှုန်းသိပ်မကွာခြားတဲ့ Samsung Galaxy Note 2နဲ့ LG Optimus G Proကို အချက်တစ်ခုချင်းစီ နှိုင်းယှဉ်သုံးသပ်ကာ တင်ဆက်ပေးလိုက် ပါတယ်။

မော်တော်ယာဉ် တင်သွင်းရန် မာဇဒါနှင့် AA ပူးပေါင်း

Thursday, September 26, 2013
မာဇဒါ မော်တော်ယာဉ်သစ်များ မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနိုင်ရန် Mazda Motor Corporationနှင့် ပြည်တွင်း AA (Automobile Alliance) ကုမ္ပဏီတို့ ပူးပေါင်းသည့် သဘောတူစာချုပ် ကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ချုပ်ဆိုကြောင်း Mazda Motor Corporation အမှုဆောင်အရာရှိ Mr. Hiroshi Inoue က ပြောကြားသည်။ အဆိုပါ မာဇဒါကားများမှာ နှစ်ပေါင်းများစွာ ရင်းနှီးပြီး ဖြစ်၍ တင်သွင်းဖြန့် ဖြူးရောင်းချရခြင်း ဖြစ်ကြောင်း Automobile Alliance ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်မိုးကျော်က ပြောကြားပြီး မာဇဒါက နည်းပညာပိုင်း အဓိက လုပ်ဆောင်မည် ဖြစ်ကြောင်း Mr. Hiroshi Inoue က ဆိုသည်။

ရေလွှမ်းနိုင်သည့်နေရာ ၂၀ခန့်ရှိနေဟု ဒေါက်တာထွန်းလွင်ပြောကြား

Thursday, September 26, 2013
မြန်မာနိုင်ငံတွင် ရေဖုံးလွှမ်းနိုင်ခြေ မြင့်မားလျက်ရှိသည့် နေရာပေါင်း ၂၀ခန့် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်ဟု သိရသည်။ အဆိုပါ ရေဖုံးလွှမ်းခံရမှု အခြေအနေ မြင့်မားနေဆဲ ဒေသများမှာ ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ရန်ကုန်တိုင်း အရှေ့တောင်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်းစွန်းတို့ဖြစ်ပြီး ဧရာဝတီတိုင်းတွင် (ပုသိမ်ဒေသ၌ တစ်နေရာ မအူပင်ဒေသ၌ ခြောက်နေရာ) ပဲခူးတိုင်းတွင် ရှစ်နေရာနှင့် ရန်ကုန်တိုင်းတွင် ငါးနေရာခန့်တို့ ဖြစ်သည်ဟု ဆိုသည်။

မိဘမဲ့ကလေးများ အတွက် လူမှုဘဝမြှင့်တင်ရေး ဖောင်ဒေးရှင်း အစီအစဉ် ပြုလုပ်ပေးမည်

Thursday, September 26, 2013
မိဘမဲ့ ကလေးများ အတွက် လူမှုဘဝမြှင့်တင်ရေး အစီအစဉ် တစ်ခု အနေဖြင့် မိဘမဲ့ကလေးများအား အသက် မွေးဝမ်းကျောင်း ပညာရပ်များအား အခမဲ့ စရိတ်ငြိမ်း သင်ကြားပို့ချပေးမည့် ဖောင်ဒေးရှင်း အစီအစဉ်တစ်ခုအား Today's Technology နှင့် Today's Myanmar Co.,Ltd တို့မှပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် မိဘမဲ့ ကလေးများအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များအနေဖြင့် Mobile Phone Hardware ပြုပြင်ခြင်း ဆိုင်ရာ သင်တန်း၊ Mobile Phone Software ပြုပြင်ခြင်း ဆိုင်ရာ သင်တန်းများ နှင့်အတူ အခြား လုပ်ငန်းခွင်သုံး စာရင်းအင်း ပညာသင်တန်း၊ လုပ်ငန်းခွင် သုံး ရောင်းဝယ်ခြင်းဆိုင်ရာ သင် တန်းများအား သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် တရနာ ကျေးရွာတွင် ကျပ်သိန်း ၃၀၀ ကျော် ဖိုး ဓားပြတိုက်ခံရ

Thursday, September 26, 2013
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင် ဘာ ၂၃ရက် ညနေပိုင်းက ဓား ပြတိုက် လုယက်မှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။
ကျိုက်မရောမြို့နယ် တရနာ ကျေးရွာ အိမ်အမှတ်၅/၁ဝ၇ တွင်နေထိုင်သော မ---တစ်ဦး တည်း စက်တင်ဘာ ၂၃ရက်နေ့ ည ၆နာရီက ဘုရားရှိခိုးနေစဉ် မျက်နှာဖုံးစွပ်ထားသောလူလေး ဦးက နေအိမ်အတွင်းဝင်ရောက် ကာ ဓားပြတိုက်ခြင်းဖြစ်ကြောင်း သိရသည်။
''ဓားပြတိုက်ခံရတဲ့အိမ်က ရွာလယ် မှာရှိပြီး ကုန်စုံဆိုင်ဖွင့် ထားတဲ့အိမ်ဖြစ် တယ်။ ဘေးမှာ လဲဈေးဆိုင်နဲ့ အိမ်တွေအများ ကြီးပဲ။ ဘုရားရှိခိုးနေတဲ့သူကို ရင်ဘတ်နဲ့ ကျောကိုကန်ပြီး ရွှေနဲ့ ပိုက်ဆံတောင်းတယ်။ ပြီးတော့ အိမ်ကိုမီးပိတ်ပြီး ထွက်ပြေးသွား တယ်။ ဒါပေမဲ့ ထူးဆန်းတဲ့အချက် က ဓားပြတွေ ထွက်ပြေးသွားတာ ကို ဘယ်သူမှမတွေ့လိုက်ဘူး။ အ မှန်ဆို အိမ်ရှေ့ကပြေးပြေး၊ နောက် ဖေးကပြေးပြေး ပတ်ဝန်းကျင်က လူ တွေ အများကြီး ဆိုတော့ တွေ့တဲ့ သူတော့ရှိရမှာပေါ့''ဟု ကျေးရွာ မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

မြန်မာလုပ်သားအများဆုံး ခေါင်းပုံဖြတ်ခံရသည့် ထိုင်းလုပ်ငန်းများကို ILO ကိုင်တွယ်ရန် တောင်းဆို

Thursday, September 26, 2013
ကမ္ဘာတွင် ပုစွန်ပို့ကုန် အများဆုံး တင်ပို့သည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း လုပ်သားအများဆုံး လုပ်ခနည်းပါးစွာဖြင့် ခေါင်းပုံ ဖြတ်ခံနေရသည့် ပုစွန်စက်ရုံများနှင့် မွေးမြူရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် လုပ်သားများ အရေးကို ဖြေရှင်းပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကို နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဖိုရမ်က တောင်းဆိုလိုက်သည်။ ရေထွက်ကုန် ပစ္စည်းများ အကောင်းဆုံး ထုတ်လုပ်နိုင်သည့် (Best Aquaculture Practices) လက်မှတ်ရ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ပုစွန်လုပ်ငန်း စက်ရုံခုနစ်ရုံကို သုတေသန ပြုချက်အရ ကလေးငယ်များနှင့် ရွှေ့ပြောင်းလုပ်သား အခွင့်အရေး ချိုးဖောက်ခံရမှုများကို တွေ့ရှိခဲ့သဖြင့် ယင်းသို့ တောင်းဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမား အခွင့်အရေး ဖိုရမ် (International Labor Rights Forum-ILRF) စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ကမ္ဘာ့အဆိပ်ပြင်းဆုံးငါးက ဂျပန်တို့အတွက် အစားအစာ ဖြစ်နေ

Thursday, September 26, 2013
Fugu ငါးဟင်းဟာ ဂျပန်မှာ နာမည်ကျော်ဟင်းလျာတစ်မျိုးပဲ ဖြစ်ပါတယ်။ ယင်းဟာ ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါစာရင်းထဲမှာ ပါဝင်တယ် လို့ သိရပါတယ်။
ငါးပူတင်တစ်မျိုးဖြစ်ပြီး ဂျပန်ခေါ် Fugu ဟာ pufferfish တစ်မျိုး ဖြစ်ပါ တယ်။ ယင်းငါးဟာ ပင်လယ်ပျော်ငါးဖြစ်ပြီး သူ့အဆိပ်ကို ဘယ် သက်ရှိ သတ္တဝါမှ မခံနိုင်ပါဘူး။ ရေနေ သတ္တဝါချင်းဖြစ်တဲ့ ငါးမန်း တွေတောင် မစားရဲတဲ့ ငါး ဖြစ်ပါတယ်။ သို့ပေမယ့် ဂျပန်မှာကျတော့ စားသောက်ဆိုင် များရဲ့ ဟင်းလျာ ဖြစ်နေပါတယ်။

ဝိုင်မက်စ်အင်တာနက်အတွက် မိုဘိုင်းဖုန်းအရွယ်စက် နှစ်မကုန်မီ ရောင်းမည်

Thursday, September 26, 2013
ဝိုင်မက်စ်အင်တာနက် အသုံးပြုနိုင်မည့် မိုဘိုင်းဖုန်းအရွယ်အစားခန့်စက် ကို ယခုနှစ်မကုန်မီ စတင်ရောင်း ချပေးသွားမည်ဖြစ်ကြောင်း Redlink ကုမ္ပဏီမှ သိရသည်။ အဆိုပါစက်မှာ လက်တစ်ဝါးခန့် အရွယ်အစား သာရှိမည်ဖြစ်ပြီး ဘက်ထရီ ဖြင့် အားသွင်းအသုံးပြုရမည်လည်းဖြစ်ကြောင်း Redlink တာဝန်ရှိသူတစ်ဦး က ပြောသည်။ ”အဓိကရည်ရွယ်တာကတော့ သယ်ရလွယ်ကူတဲ့ စက်ဖြစ်ဖို့ပါ။ နိုင်ငံတကာမှာတော့ မမ်မိုရီစတစ်ဆိုဒ်လောက်ပဲရှိတဲ့စက်တောင်ရှိပါတယ်”ဟု ၎င်းက ဆက် ပြော သည်။ ယခင်ထုတ်လုပ်  ထား သည့်အိမ်သုံးဝိုင်မက်စ် အင်တာနက်စက်(CPE)ထက်၊ ထုတ်လွှင့်မည့်စွမ်းအင်စနစ်နည်းမည်ဖြစ်ပြီး ယင်းအတွက် တစ်ကိုယ်စာ အသုံးပြုမှု များနှင့် သယ်ယူရလွယ်ကူစေရန် အတွက်သာ ထုတ်လုပ်မည်ြ ဖစ်ကြောင်းသိရသည်။ လက်ရှိတွင် ၎င်းစက်ဖြင့် ဝိုင်မက်စ်အင်တာနက်အသုံးပြုနိုင်ရန် ကွန်ရက်လို အပ်မှု များရှိနေေ သးပြီး ယင်းအတွက် ရန်ကုန်မြို့၌ နက်ဝပ်ခ်ကွန်ရက်တိုးချဲ့မှု များလုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသော ထိုင်းမာလိန်မှူးအား မြန်မာအာဏာပိုင်များ ထိန်းသိမ်းထားသည်ဆိုခြင်း ဇနီးဖြစ်သူထံ အကြောင်းကြားမှု မရှိသေး

 Thursday, September 26, 2013
မြန်မာရေတပ်၏ တိုက်ခိုက်ခြင်း ခံရသော ထိုင်းငါးဖမ်းသင်္ဘောမှ မာလိန် မှူးအား မြန်မာအာဏာပိုင်များက ထိန်း သိမ်းထားသည်ဟု ဆိုသော်ငြား နှစ်နိုင်ငံ စလုံးက အကြောင်းကြားခြင်း မရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူက ပြောသည်။
ထိုင်းမီဒီယာများကမူ မာလိန်မှူး မစ္စတာ ကာယုအား မြန်မာအာဏာပိုင် များကထိန်းသိမ်းထားကြောင်းကို ထိုင်း ရေတပ်မှသိရသည် ဟု ရေး သားဖော်ပြ ကြသော်ငြား သူကိုယ်တိုင်အနေဖြင့်မူ မြန်မာဘက်မှရော ထိုင်းဘက်မှပါ မည်သည့်အကြောင်းကြားချက်မှ မရရှိသေး ကြောင်း မာလိန်မှူး၏ ဇနီးဖြစ်သူ မစ္စ ပီယမ်နန် ဂျန်အွန်က ပြောခြင်းဖြစ် သည်။

ပဲခူးတိုင်းမှ ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်နှစ်ဦးကို ရန်ပုံငွေထိမ်ချန်သည်ဟု စွပ်စွဲကာ တရားစွဲဆိုရန်ပြင်ဆင်

Thursday, September 26, 2013
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်တွင် တံတားတည်ဆောက်ရန်အတွက် အစိုးရမှ ချထားသည့် ရန်ပုံငွေများကို သနပ်ပင်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ထိမ်ချန်ထားသည်ဟုဆိုကာ တံတားတည်ဆောက်ရေး ကော်မတီက စက်တင်ဘာလ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ ရှေ့နေ ဦးအောင်စိုး၏ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောသည်။သနပ်ပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ပါတီမှ ထိမ်ချန်ထားသည်ဆိုသော ငွေကြေးမှာ ကျပ် ၁၂ သိန်းဖြစ်ပြီး အဆိုပါငွေအား တံတား တည်ဆောက်ရေး ကော်မတီသို့ စက်တင်ဘာ ၂၅ မှ တစ်ပတ်အတွင်း ပြန်လည် လွှဲပြောင်းပေးအပ်ခြင်းမရှိ ပါက တရားစွဲဆိုသွားမည်ဟု တံတားတည်ဆောက်ရေး ကော်မတီဝင်များကပြောသည်။

Tuesday, September 24, 2013

ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ဟုန်းရှင်းအလုပ်သမား သပိတ် ပြေလည်မှုရ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ဟုန်းရှင်းအအေးခန်းစက်ရုံက စက်ရုံပိတ်သိမ်းပြီဟုဆိုကာ အလုပ်သမားများကို အလုပ်ဖြုတ်ခဲ့ခြင်း အပေါ် မကျေနပ်၍ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယမန်နေ့ ညလုံးပေါက် ဆန္ဒပြခဲ့သော အလုပ်သမားသပိတ်သည် ယနေ့ ပြေလည်မှုရရှိပြီး သပိတ်စခန်းပိတ်သိမ်း သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
ဟုန်းရှင်း အအေးခန်းစက်ရုံက စက်ရုံဒေ၀ါလီခံတော့မည်ဟုဆိုကာ စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ အလုပ်သမား များကို လျှော်ကြေးပေး အလုပ်ဖြုတ်ခဲ့ကြောင်း၊ ယင်းသို့ အလုပ်ဖြုတ်မှုသည် စက်ရုံတွင်း ဖွဲ့စည်းတည်ထောင် ထားသော အလုပ်သမားသမဂ္ဂကို ဖြိုခွင်းလိုသော ရည်ရွယ်ချက်ကြောင့်ဖြစ်ပြီး မဟာလင်းထက် နာမည်ဖြင့် စက်ရုံပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ ထို့ကြောင့် ယင်းသို့ မတရား အလုပ်ဖြုတ်မှုကို အစိုးရက ၀င်ရောက်ဖြေရှင်းပေးရန် ဟုန်းရှင်း အအေးခန်း စက်ရုံ အလုပ်သမား ၁၄၀ က စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှစတင်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့တွင် သပိတ် စခန်း ဖွင့်လှစ်ပြီး ညလုံးပေါက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

ခင်လပြည့်ဇော် Miss Tourism International 2013 ပြိုင်ဖို့ တရုတ်နိုင်ငံ သွားပြီ

မြန်မာပြည်တွင်းက စာနယ်ဇင်းပွဲမှာ ရေကူးဝတ်စုံနဲ့ ပထမဆုံး ဓာတ်ပုံအရိုက်ခံခဲ့၊ လမ်းလျှောက်ပြခဲ့တဲ့ မော်ဒယ်လ် ခင်လပြည့်ဇော်ဟာ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism International 2013 ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင် နေပြီ ဖြစ်ပါတယ်။
ခင်လပြည့်ဇော်, မယ်, ဂျွန်လွင်, တရုတ်နိုင်ငံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဂျပန်အထက်လွှတ်တော် အမတ် Ms. Eriko Yamatain နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်အထက်လွှတ်တော်အမတ် Ms. Eriko Yamatain ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ယင်းသို့တွေ့ဆုံစဉ် ဂျပန်ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် ဂျပန်အထက်လွှတ်တော် ODA ဆိုင်ရာ လေ့လာရေးအဖွဲ့အဖြစ် လာရောက် ခြင်း ဖြစ်ပါကြောင်း၊ ယမန်နှစ် ကလည်း ဂျပန်အထက် လွှတ်တော် ODA လေ့လာရေး အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရန် ဂျပန်အထက်လွှတ်တော်က အထူးအာရုံစိုက် အလေးထား ဆောင်ရွက် လျက် ရှိပါကြောင်း၊ အနာဂတ်တွင် မြန်မာနိုင်ငံ၌ ဖြစ်လာနိုင်သည့် အခြေအနေများကို သုံးသပ်ရန်နှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် လာရောက်လေ့လာခြင်း ဖြစ်ပါကြောင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် တရားဝင် ဖွံ့ဖြိုးမှု အကူအညီ (ODA) ချေးငွေ ဒေါ်လာ ၅ ဘီလီယံအား အသစ်စတင် ပေးအပ်ခဲ့ပါကြောင်း ဆွေးနွေး ပြောကြားသည်။

အာရှ-ပစိဖိတ်မှာ ကလေးလုပ်သား ၇၇ သန်း အသုံးပြု

Tuesday, September 24, 2013
ကလေးငယ်တွေကို တရားမ၀င် ခိုင်းစေမှုနဲ့ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ ခိုင်းစေမှု စတဲ့ ပြဿနာတွေကို အစိုးရတွေက ထုတ်ဖော်ပြောဆိုလာတဲ့အတွက် ကလေးငယ်ခိုင်းစေမှု အရေအတွက် လျော့နည်းလာခဲ့တယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ILO က ကြေညာပါတယ်။ ကမ္ဘာတ၀ှမ်းမှာ ကလေးလုပ်သားပေါင်း ၁၆၈ သန်း ရှိတဲ့အထဲက တ၀က်ခန့်ဟာ အာရှနိုင်ငံတွေမှာ အများဆုံးဖြစ်တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Ron Corben သတင်းပေးပို့ထားတာကို မမေစန္ဒီက တင်ပြထားပါတယ်။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း ILO ရဲ့ အစီရင်ခံစာအရ ကမ္ဘာတ၀ှမ်းမှာ ကလေးလုပ်သားပေါင်း ၁၆၈ သန်းရှိတဲ့အနက် ၇၇ သန်းဟာ အာရှ-ပစိဖိတ် နိုင်ငံတွေမှာ အများဆုံး တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအထဲက ၃၄ သန်းဟာ အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးနဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှု အပိုင်းတွေကိုပါ တိုက်ရိုက် ထိခိုက်စေခဲ့ပါတယ်။

သင့်ကျန်းမာရေး (အသည်းရောင်စီကုသဆေးသစ်)


Tuesday, September 24, 2013
အမေရိကန်သုတေသီများက နာတာရှည်အသည်းရောင်စီလူနာများရဲ့ (၇၀)ရာခိုင်နှုန်းပျောက်ကင်းစေ မယ့်ဆေးပေါင်းကုသမှု အသစ်တစ်ခုကို စမ်းသပ်အောင်မြင်ဖို့ မျှော်လင့်နေကြတယ်လို့ ဩဂုတ် (၂၇) (အင်္ဂါနေ့)က ပြောကြားခဲ့တယ်။အမေရိကန်ဆေးကောင်စီအပတ်စဉ်ထုတ်ဂျာနယ် (JAMA) မှာ စမ်းသပ်မှု အကျဉ်းချုပ်ဆိုရာမှာသည်ဆေးဟာ လုံခြုံစိတ်ချရပြီး အကျိုးများစေမယ်လို့စမ်းသပ်တဲ့ဆေးဝါး 'ဆိုဖော့ဗျူပါ' (Sofosbuvir ) ဟာ ကုသမှုလိုင်စင်ရှိပြီးသား 'ရီဗာဗီရင်(Ribavirin)ထက်သာလွန်ကြောင်းဆိုပါတယ်'။သည်ဆေးဟာ ပါးစပ်က သောက်နိုင်ပြီးအပတ်စဉ်ထိုးပေး ရတဲ့ အင်တာဖရွန်(အယ်ဖာ)ကဲ့သို့ စိတ်ဓာတ်ကျ တာ တုပ်ကွေးဖျားတာ၊ သွေးအားနည်းတာစတဲ့ မကောင်း ချက်များလည်း မရှိဘူး။
လူနာ(၁၀)ဦးကို အင်တာ ဖရွန်ထိုးဆေးနဲ့သည်ဆေး 'ဆိုဖော့ ဗျူပါ' (၄၀ဝ)မီလီဂရမ်နေ့စဉ်တိုက် သွားတာ ခြောက်လအကြားမှာ လူနာ (၉)ယောက်၌ အသည်းရောင် စီပိုး လုံးဝပျောက်သွားပြီး 'စီကုသမှု' ဆုံးခန်း တိုင်တယ်။ လူနာ(၉)ဦးလုံး ဟာ ကုသချိန်(၁၂)ပတ်ကတည်းက အသည်းရောင်စီပိုး မတွေ့တော့ဘဲ (၂၄) ပတ်ကြာတဲ့အခါ ရောဂါကုသမှု ပြီးမြောက်ကြောင်း ဆိုတယ်။

ဆီးဂိမ်းပြိုင်ပွဲတွင်အိပ်ခန်းဆောင်ထိန်းသိမ်းရေးဝန်ဆောင်မှု၌အတွေ့အကြုံမရှိသူများကိုသင်တန်းပေးမည်

ရန်ကုန် ၊ ၂၄-၉-၂၀၁၃
လာမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား သမားများ အတွက် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ဆောင်မှု များပေးရာ၌ အတွေ့အကြုံ မရှိသူများ အားလည်း သင်တန်းများ ပေး၍ ခန့်အပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းသည် နေပြည်တော်ရှိ အားကစားရွာ တွင် နေထိုင်မည့် အားကစားသမားများ၏ အစားအသောက်နှင့် နေထိုင်ရေးအတွက်တင်ဒါအောင် မြင်ခဲ့ကြောင်း ယင်းအတွက်လိုအပ်သော အလုပ်သမားအင်အားအတွက် အတွေ့အကြုံရှိဝန်ထမ်းများအပြင် သင်တန်းသား များကိုပါ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ အိမ်ခြံမြေ ဈေးနှုန်းကို ထုတ်ပြန်ချက်များဖြင့် ထိန်းချုပ်ရန် မလွယ်ကူ

ရန်ကုန် ၊ ၂၄-၉-၂၀၁၃
ဈေးနှုန်း မြင့်တက် နေသည့် အိမ်ခြံမြေ ဈေးများကို မည်သည့် ထုတ်ပြန်ချက် ၊ မည်သည့် ကန့်သတ်ချက် များဖြင့် ထိန်းချုပ်ရန် မလွယ်ကူကြောင်း အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ ထံမှ သိရသည်။
ရန်ကုန် အိမ်ခြံမြေ ဈေးကွက် အတွင်း အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက် နေရခြင်းသည် ငွေကြေး ချမ်းသာသူ ၀ယ်လက်များမှ အလိုရှိသည့် ၀ယ်ယူ လိုသော နေရာများကို ကာလပေါက်ဈေး ထက် ဈေးမြင့်ပေး ၀ယ်ယူနေခြင်း ကြောင့် ဖြစ်သည်ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ များက ထောက်ပြ ခဲ့သည်။

Monday, September 23, 2013

ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ တောင်ကြီးမြို့မှာ ပြီးစီး

Monday, September 23, 2013
တောင်ကြီးမြို့မှာကျင်းပခဲ့တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ြ ခင်း ဆွေးနွေးပွဲဟာ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ ညီလာခံကြီးရဲ့ အကြိုညီလာခံ သဘောမျိုးဖြစ်တယ်လို့ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ ပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်(၂) ကယန်းပြည်သစ်ပါတီ တွဲဘက်အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး စောလွင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာကျင်းပနေတဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်း၊ ကယားနဲ့ မွန်ပြည်နယ်)ဆွေးနွေးပွဲအပြီးမှာ ဗိုလ်မှူးကြီး စောလွင်က အာအက်ဖ်အေကို ပြောပါတယ်။

ဘုရားကျောင်းဗုံးကွဲမှုကြောင့်လူ ၈၀ သေဆုံးခဲ့ရခြင်းအပေါ် ပါကစ္စတန်ခရစ်ယာန်များဆန္ဒပြ

Monday, September 23, 2013
ဘုရားကျောင်းတစ်ခုအတွင်း လူရှစ်ဆယ်ကျော်သေဆုံးခဲ့ရသည့် အသေခံဗုံးနှစ်လုံးခွဲမှုဖြစ်ပွားပြီးနောက် ခရစ်ယာန်ဘာသာဝင်များသည် ပိုမိုကောင်းမွန်သည့် ကာကွယ်မှုကိုတောင်းဆိုရန် ယနေ့တွင် ပါကစ္စတန်နို င်ငံ တဝှမ်း ဆန္ဒပြကြသည်။ ပါကစ္စတန်နိုင်ငံ၏ မြောက်ပိုင်းမြို့ပက်ရှဝါရှိ သူတော်စင်များ ဘုရားကျောင်း တွင် တနင်္ဂနွေနေ့က တိုက်ခိုက်ခံရခြင်းသည် ပါကစ္စတန်နိုင်ငံတွင်း လူနည်းစုခရစ်ယာန်တို့အပေါ် ပစ်မှတ် ထား တိုက်ခိုက်သည့် တိုက်ခိုက်မှုများထဲတွင် သေဆုံးမှုအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ခရစ်ယာန်ဘာသာဝင်များသည် အစ္စလာမ္မဘတ်၊ လာဟိုး၊ ကရာချီနှင့် ပက်ရှဝါအပါအဝင် မြို့ငယ်များနှင့် မြို့ကြီး များတွင် အကြမ်းဖက်ခြင်းကို ဆန့်ကျင်ရန်နှင့် အာဏာပိုင်များအနေနှင့် လူနည်းစုများကို ပိုမို ကာကွယ်ပေး ရန်တောင်းဆို ပြခဲ့ကြခြင်းဖြစ်သည်။

ယခု ဘဏ္ဍာနှစ် ငါးလ အတွင်း ကန်ဒေါ်လာ ၄၅၆ ဒဿမ ၄၃ သန်း ကုန်သွယ်မှု လိုငွေပြ

Monday, September 23, 2013
ယခု ဘဏ္ဍာနှစ် ဧပြီမှ ဩဂုတ် ငါးလ တာအတွင်း စုစုပေါင်းကုန်သွယ် မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၄၅၆ ဒသမ ၄၃ သန်း ဖြစ်ပေါ်ခဲ့ ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့ မှ လစဉ်တင်ပြသော ပို့ကုန်၊ သွင်း ကုန်အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၃-၂၀၁၄ ခုနှစ် ဧပြီလ မှ ဩဂုတ်လအတွင်း မြန်မာနိုင်ငံ ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၂၉၅၃ ဒသမ ဝ၂ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အ မေရိကန်ဒေါ်လာ ၁၀၂၁ ဒသမ ၉၄ သန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၃၉၇၄ ဒသမ ၉၆ သန်းဖြစ်ပြီး ပုံမှန်သွင်း ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ် လာ ၃၉၂၃ ဒသမ ၁ရ သန်း၊ နယ် စပ်သွင်းကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၅၀၈ ဒသမ ၂၂ သန်း၊ စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အ မေရိကန်ဒေါ်လာ ၄၄၃၁ ဒသမ ၃၉ သန်းဖြစ်သောကြောင့် ယခု ဘဏ္ဍာနှစ် ငါးလတာကာလအ တွင်း ကုန်သွယ်မှုလိုငွေမှာ ၄၅၆ ဒသမ ၄၃ သန်းဖြစ်ကြောင်း ဖော် ပြ ထားခြင်းဖြစ်သည်။

ကန့်ဘလူ တပ်သိမ်းမြေများ ပြန်ပေးရန် စိစစ်ပြီးဟုဆို

Monday, September 23, 2013
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း တပ်သိမ်းမြေဧက တစ်သောင်းကျော်ကို မူလလယ်ပိုင် ရှင်များကို ပြန်လည် ပေးအပ်နိုင်ရန် အတွက် လယ်မြေတိုင်းတာ စိစစ်မှုများပြီး စီးသွားပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မြေစာရင်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးမင်း က ပြောကြားသည်။“မြေတိုင်းတာတွေနဲ့ အမှုတွဲ တည်ဆောက်တာတွေ အကုန်ပြီးစီးလို့ အထက်ကို တင်ပြ ထားတယ်။ အထက်က ပြန်ကျလာရင် ပေးရုံပဲ ရှိတော့တယ်” ဟု၎င်းကဆိုသည်။ ကန့်ဘလူမြို့နယ် ငှက်ပျောတိုင်း ကျေးရွာရှိ ကြံစိုက်ပျိုးရေးတပ် (ကစရ) မှ သိမ်းယူထားသော လယ်မြေဧက ၅၀၀၀ ကျော်နှင့် ရေရှင်ကျေးရွာရှိ လယ်မြေဧက ၁၀,၇၀၀ ကို မြေတိုင်းတာမှုများ၊ မြေပုံ ထုတ်ခြင်းများနှင့် အမှန်တကယ် ဆုံးရှုံးနစ်နာခဲ့ကြသည့် တောင်သူများကို ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လယ်ယာမြေ များ ပြန်လည် လွှဲပြောင်းရန်အတွက် မြေလွှဲ အမှုတွဲ တည်ဆောက်မှုများ ပြီးသွား၍ အထက်သို့ တင်ပြ ထားေ ကြာင်း လက်ထောက် ညွန်ကြားရေးမှူးက ပြောကြားသည်။

မန္တလေး-မူဆယ် လမ်း ကြောင်းမှ တစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း ကျပ် ၂၁၇၅ သိန်းဖိုး ဖမ်းဆီးရမိ

Monday, September 23, 2013
မန္တ လေး-မူဆယ် ကုန်သွယ်ရေးလမ်း ကြောင်း မှ ယခုလတစ်ပတ်အတွင်း တရားမဝင် ကုန်ပစ္စည်း တင်သွင်း တင်ပို့မှုများအား ဖမ်းဆီးခဲ့ရာတွင် ကျပ် ၂၁၇၅ သိန်းဖိုး ဖမ်းဆီးရ မိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သိရသည်။ယင်းသို့ ဖမ်းဆီးရမိရာတွင် မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်း တွင် ပိတောက်သား သစ်ခွဲသားများ လေးတုံး၊ ခန့်မှန်း တန်ဖိုးကျပ် ၂၅ သိန်းခန့် ဖမ်းဆီး ရမိခဲ့ပြီး တီးတိန်မြို့နယ် ရိဒ်ထုတ် နုတ်အင်အားစခန်းတွင် သင်းခွေ ချပ်အခွံခြောက် ဆိုက်စုံ ၁၅ ကီ လို ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ နှင့် တမူးမြို့များတွင် နံ့သာနီ ၂၂၆ ချောင်း၊ ၃၅၃၀ ဒသမ ၆ ပိဿာ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အ ကောက်ခွန်ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အခွန်အပြည့်အဝ ရနိုင်ရန် မြေဈေးစံနှုန်း သတ်မှတ်ရခြင်းဟုဆို

Monday, September 23, 2013
ရန်ကုန်မြို့တော်တွင် နေရာဒေသအလိုက် တစ်ပေပတ်လည် မြေဈေးစံနှုန်း များ သတ်မှတ်ရခြင်းမှာ အဆမ တန် ကြီးမြင့်နေသည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကို ထိန်းချုပ်ရန် မဟုတ်ဘဲ နိုင်ငံတော်က ဆုံးရှုံးနေသည့် အခွန်များကို အပြည့်အဝ ကောက်ခံနိုင်ရန်အတွက်သာဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဒေါက်တာမောင်မာင်သိမ်းက ပြောကြားသည်။ မြေဈေးစံနှုန်းကိုသတ်မှတ်ထားခြင်းမရှိသဖြင့် နိုင်ငံေ တ်ာကရသင့်ရထိုက်သည့် အခွန်တစ်ဝက်ခန့်ဆုံးရှုံးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက သတ်မှတ် ထားပြီး ဖြစ်သည့် မြေဈေးစံနှုန်းကို စမ်းသပ်အသုံးပြုသွားမည်ဖြစ်ပြီး ယင်းအခြေအနေပေါ် မူတည်ကာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆို သည်။“One Square Feet ကို တစ်ရာနဲ့ အရောင်းအဝယ်ဖြစ်ရင် အခွန်ဆောင် တဲ့အခါ ၅၀ ပဲ ပြတယ်။ အဲဒါကြောင့်အခွန်ဆုံးရှုံးမှုကိုကာကွယ်တဲ့အနေနဲ့အခွန်ကောက်မယ့်နှုန်းထားကိုသတ်မှတ်တာ”ဟု ဒေါက်တာေ မာင်မောင်သိမ်း က ရှင်းပြသည်။

ကသစ်ပင် ကျေးရွာအုပ်ချုပ်ရေးမှူး အလွဲသုံးစားပြုသည်ဟုဆိုကာ တိုင်ကြားခံရ

Monday, September 23, 2013
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကဝမြို့နယ် ကသစ်ပင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် လူအချို့ကို လယ်ယာမြေ အမည်ပေါက် ပြုလုပ်ရာတွင် သတ်မှတ်နှုန်းထားထက် ငွေပိုမိုကောက်ခံခြင်းနှင့် လုပ်ပိုင်ခွင့် အလွဲ သုံးစား ပြုလုပ်ခြင်းတို့ ပြုလုပ်သည်ဟုဆိုကာ ကျေးရွာခံ ၂၀၀ ဦးကျော်က သက်ဆိုင်ရာဌာနခုနစ်ခုမှ တာဝန်ရှိ သူများထံ လက်မှတ်ထိုး တိုင်ကြားထားကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူ ဦးမြင့်နိုင် က ပြောကြားသည်။

ဒီဗီဒီခွေကူးစက်များဖမ်းဆီးရမိ

Monday, September 23, 2013
၂၂.၉.၂၀၁၃ ရက်နေ့ ၂၃၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဧရာဝဏ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များသည် ဆင်ဆာမဲ့ခွေများခိုးကူးနေကြောင်း သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၅) ရပ်ကွက်၊ ရွှေမဉ္ဇူလမ်းနေ မလှလှရီ၊ (ဘ)ဦးပေါ်ထွန်း၏နေအိမ်သို့ သက်သေများနှင့်အတူ ၀င်ရောက် ရှာဖွေရာ နေအိမ်နောက်ဖေးခန်းအတွင်းမှ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၁၀)ဘောက်ပါ (၂)လုံး၊ e.copy ဒီဗီဒီခွေကူးစက် ဘောက်(၈)ဘောက်ပါ (၁)လုံးနှင့်ဆက်စပ်ကြိုးများ

သေနတ်ကိုင်ဆောင်ရေး ဥပဒေ ပြုပြင်ပြောင်းလဲဖို့ ထပ်မံ ပန်ကြား

Monday, September 23, 2013
အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ရေး ဥပဒေ တခုလုံးကို ပြုပြင်ပြောင်းလဲပစ်ဖို့ သမ္မတ အိုဘားမားက ထပ်မံ ပန်ကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ဝါရှင်တန်မြို့က ရေတပ် အဆောက်အဦ ၀န်းထဲက ပစ်ခတ်မှုမှာ သေဆုံးရသူတွေ အတွက် အောက်မေ့ဖွယ် အခမ်းအနားမှာ သူက ခုလို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။အဲဒီ ပစ်ခတ်မှု အတွင်း သေနတ်သမား တယောက်ရဲ့ လက်ချက်နဲ့ လူ၁၂ယောက် သေဆုံးခဲ့ရပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကြောင့် လူ့အသိုင်းအဝိုင်းတွေ အစိတ်စိတ် အမွှာမွှာ ကွဲကုန်တယ် ၊ ခုနောက်ဆုံး ပစ်ခတ်မှုက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ တောင်းဆိုနေတယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

အိမ်ခြံမြေ၀န်ဆောင်မှုအသင်းမှ ၀န်ဆောင်နှုန်းထားသတ်မှတ်၍ ရင်းနှီးမြှုပ်နှံသူကို ဆွဲဆောင်လာ

Monday, September 23, 2013
ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များလည်းပိုမိုများပြားလာပြီးသည့်နောက်ဝန်ဆောင်ခများကိုလည်းအမျိုးမျိုးသတ်မှတ်ထားခဲ့သည်။ မြန်မာနို င်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းက လာမည့်လဆန်းမှစ၍ အိမ်ခြံမြေဝန်ဆောင်ခ နှုန်းထား များအား တစ်ပြေးညီသတ်မှတ်ခြင်းဖြင့်ရင်းနှီးမြှုပ်နှံသူများကိုတိကျသည့် နှုန်းထားသတ်မှတ် ပေးနိုင် တော့မည်ဖြစ်ကြောင်း သိရသည်။ “အိမ်ခြံမြေလုပ်ငန်းက အခုအချိန်မှာ အမြင့်တက်ဆုံးအချိန်ဖြစ်နေတဲ့အတွက် ဝန်ဆောင်ခတွေ သတ်မှတ်နှုန်းနဲ့အညီလက်ခံဆောင်ရွက်ပေးခြင်းအားဖြင့်ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင် နိုင် ပါလိမ့်မယ်။ကျွန်တော်တို့အသင်းအနေနဲ့ အသင်းဝင်အကျိုးဆောင်တွေကို ညှိနှိုင်းဆောင်ရွက်ခဲ့ပါ တယ်’’ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း

Monday, September 23, 2013
မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိစမ်းသပ်နည်း(မင်္ဂလာသတင်းစဉ်)ရေအသက်တမ နက်ဆိုတဲ့စကားကိုလူတိုင်းကြားဖူးကြပါလိမ့်မယ်။ရေသည်မရှိမဖြစ်အဓိကလိုအပ်ချက် ဖြစ်နေသောကြောင့် ရေ ကိုအမျိုးမျိုးရှာဖွေနေကြပါသည်။ တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။ ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိ ရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့ လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။ ထိုသို့ အဖြစ်အပျက်များကို စာရေးသူ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး ၏ ခြေတော်ရင်း တွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေး ရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။ မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့ အရေးအတွက် ပထမဦးစွာ--- ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာ ကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေ အစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။
အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။ နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက် ၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံး 
 
အရွက်တို့ မှာ ခြောက်သွေ့နေပါသည်။Photo: မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း
 Monday, September 23, 2013

မြန်မာ့ရိုးရာနည်းဖြင့် မြေကြီးအောက်တွင် ရေ -ရှိ-မရှိ စမ်းသပ်နည်း ( မင်္ဂလာသတင်းစဉ် ) ရေအသက်-တမနက်၊ ဆိုတဲ့စကားကို လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ရေသည် မရှိမဖြစ် အဓိကလိုအပ် ချက် ဖြစ်နေသောကြောင့် ရေကို အမျိုးမျိုး ရှာဖွေနေကြပါသည်။ တောတောင် မြေပြန့် နေရာမလပ်အောင်ပင် လူတို့သည် ရေကိုရရှိအောင် ကြိုးစားလျက်ရှိကြပါသည်။

ကျေးလက်ဒေသများ၊ မြို့ပြနေရာများတွင်လည်း ရိုးရာပညာ၊ ခေတ်မီစက်ကိ ရိယာများဖြင့် လက်ရိုက်တွင်းများ၊ အဝီစိတွင်းများ စသည်ဖြင့် စမ်းသပ်ရှာဖွေနေကြရာတွင် တချို့လည်း အောင်မြင်၍ တချို့လည်း မအောင်မြင်ဘဲ ရှိကြပါသည်။ ထိုသို့ အဖြစ်အပျက်များကို စာရေးသူကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် လက်တွေ့အောင်မြင်သော ရေရှိရာ နေရာ၊ ပေ အနက် စသည်ဖြင့် တိကျစွာ ရေရှိ-မရှိ စမ်းသပ်သည့် မြန်မာ့ရိုးရာ နည်းပညာကို ဘဒ္ဒန္တ စန္ဒောဘာသ၊ ဥက္ကဋ္ဌ၊ မြို့နယ်သံဃနာယကအဖွဲ့၊ မဟာသိမ်တော်ကျောင်း သာသနာပြု ဆရာတော်ကြီး၏ ခြေတော်ရင်းတွင် ပညာဆည်းပူးရင်း သရက်တောကျောင်း ရေတွင်း၊ ပြည်သူ့ဆေးရုံ ရေတွင်း၊ လက်ခုပ်ပင်ကျေးရွာ ရေတွင်း စသည်တို့ကို တူးစဉ်က ကြားနာ မှတ်သားခဲ့ရသည်များကို ပညာဝေငှလိုက်ပါသည်။ မိတ်ဆွေ၊ သင် ရေတွင်း တူးတော့မည်ဆိုလျှင် ရေ ရှိ-မရှိ၊ အတောင် ဘယ်လောက် တူးရမလဲ၊ တိကျစွာ တူးနိုင်ဖို့အရေးအတွက် ပထမဦးစွာ--- ကွမ်းရွက် ၃၆-ရွက်ကို အညှာမဖြတ်၊ အဖျားမဖြတ်၊ အပေါက်အပြဲ မပါတာကို ရေဆေးပြီး (၁)မိနစ်မျှ ရေစိမ်ထားပါ။ ဒုတိယဆင့်တွင် မိမိတူးလိုသည့်မြေနေရာကို ဝါးခြမ်းပြားဖြင့် ရေအစိုဓာတ် တွေ့သည့်တိုင်အောင် ခြစ်ပါ။ 

အစိုပြန်လာပါက ကွမ်းရွက် (၃၆)ရွက်ကို ညီအောင် ထပ်၍ တူးမယ့်မြေပေါ်တွင် အထပ်လိုက် မှောက်ချပြီး ၄င်းအပေါ်ကနေ သပိတ်ဖြစ်စေ၊ နှုတ်ခမ်းညီသော သံပုံးဖြစ်စေ၊ လေလုံသည့် သပိတ်၊ ရေပုံး ရရာကို ယူပြီး လေမဝင်အောင် မှောက်ထားပါ။ နံနက်မိုးလင်းသည်နှင့် ၄င်းကွမ်းရွက်ကို အထပ်လိုက် လှန်ပြီး တရွက်ချင်း ဖယ်ကြည့်လိုက်ပါ။ ရေကြော ရေရှိမယ့်နေရာသည် ဆယ်တောင်အနက်မှာဆိုလျှင် ဆယ်ရွက်မြောက် ကွမ်းရွက်၏ မျက်နှာပြင်မှာ ရေဥကလေးတွေ စိုနေပြီး (၉)ရွက်ကနေ အောက်ဆုံးအရွက်တို့မှာ ခြောက်သွေ့နေပါသည်။

ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည်ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။ ရေ ရှာ၍တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။ 

ဒီလှိုင်း(သပိတ်ကျင်း) 
အရိပ်ချစ်
ရေသည် (၁၅)တောင်မှာ ရှိမည်ဆိုလျှင် (၁၅)ရွက်မြောက် ကွမ်းရွက်တွင်၎င်း၊ အတောင် (၂၀)မှာရှိမည် ဆိုလျှင် အရွက် (၂၀)မြောက် ကွမ်းရွက်တွင်၎င်း ရေစိုစွတ်ပြီး တွဲခိုနေသည်ကို တွေ့ရပါမည်။ ရေ ရှာ၍ တိကျပြီး ခေတ်မီကိရိယာများ မလိုဘဲ အလွယ်တကူ ရမည်ဖြစ်ပါကြောင်း ရေးသားရင်း ဆရာတော်အား ဦးတိုက်လိုက်ပါသည်ခင်ဗျား။

ဒီလှိုင်း(သပိတ်ကျင်း)
အရိပ်ချစ်

ဒဗယ်လျူစီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းကျော် စရောင်းမည်

Monday, September 23, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်နဝါရီလမှ စတင်၍ ရောင်းချမှု ရပ်ဆိုင်းထားသည့် ဒဗယ်လျူ စီဒီအမ်အေ ဆင်းမ်ကတ် ငါးသောင်းနှစ်ထောင်ကို စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ ကျပ် ၁၅၀၀ နှုန်းဖြင့် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း MPT က ထုတ်ပြန် ကြေ ညာသည်။ စက်တင်ဘာလအတွက် ခွဲဝေရောင်းချမည့် ကျပ် ၁၅၀၀ တန်မိုဘိုင်းလ်ဖုန်းကတ် သုံးသိ န်းခြောက်သောင်းတွင် ဒဗယ်လျူစီဒီအမ်အေ အမျိုးအစားကို ထည့်သွင်း ရောင်းချပေးခြင်း ဖြစ်ပြီး ဂျီအက်စ် အမ် လိုင်းကတ် ၁၅၈,၀၀၀ နှင့် စီဒီအမ်အေ လိုင်းကတ် ၁၅၀,၀၀၀ ပါဝင်ကြောင်း ယင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ဂျာမဏီရွေးကောက်ပွဲ ၀န်ကြီးချုပ်မာကဲလ် မဲအသာစီးရ

ဂျာမဏီနိုင်ငံက ရွေးကောက်ပွဲမှာ အစောပိုင်းရလဒ်တွေအရ ၀န်ကြီးချုပ် Angela Merkel ဟာ တတိယ အကြိမ် သက်တမ်းကို ဆက်လက် တာဝန်ယူရဖွယ် ရှိနေပါတယ်။
မဲရလဒ်တွေအရ သူဦးဆောင်တဲ့ ရှေးရိုးစွဲ Conservatives တွေအနေနဲ့ လွှတ်တော်မှာ အများစုနေရာရမယ့် အလားအလာတွေလည်း ထွက်ပေါ်နေတာပါ။ ဂျာမဏီနိုင်ငံက ARD နဲ့ ZDF ရုပ်မြင်သံကြား စစ်တမ်းအရ ၀န်ကြီးချုပ်ရဲ့ Christians Democrats တွေက မဲအားလုံးရဲ့ ၄၂ % ကျော် ရရှိခဲ့တဲ့အတွက် အားလုံး ပေါင်း ရင်တောင်မှ လွှတ်တော်မှာ နေရာရရုံလောက်သာရှိတဲ့ အတိုက်အခံပါတီတွေထက် အပြတ်အသတ် အသာ ရခဲ့တာလည်း ဖြစ်ပါတယ်။
တတိယသက်တမ်းပြန်အနိုင်ရဖွယ်ရှိနေတဲ့ ဂျာမဏီဝန်ကြီးချုပ်  Angela Merkel (စက်တင်ဘာ ၂၂၊ ၂၀၁၃)
တတိယသက်တမ်းပြန်အနိုင်ရဖွယ်ရှိနေတဲ့ ဂျာမဏီဝန်ကြီးချုပ် Angela Merkel

ပါကစ္စတန် ခရစ်ယာန် ဘုရားကျောင်း အသေခံဗုံးခွဲမှု ၇၈ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံက နှစ် ၁၃၀ သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်မှာ အစားအသောက် ပေးလှူနေချိန် အသေခံဗုံးခွဲတိုက်ခိုက်ချိန် မြင်ကွင်း။(စက်တင်ဘာ ၂၂၊ ၂၀၁၃)
ပါကစ္စတန်နိုင်ငံက နှစ် ၁၃၀ သက်တမ်းရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းအပြင်ဘက်မှာ အစားအသောက် ပေးလှူနေချိန် အသေခံဗုံးခွဲတိုက်ခိုက်ချိန် မြင်ကွင်း။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ သမိုင်းဝင် Church ခရစ်ယာန် ဘုရားကျောင်းအပြင်မှာ အသေခံ ဗုံးခွဲ သမား ၂ ယောက်ရဲ့ ပြိုင်တူ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ၇၈ ယောက်ထက်မနည်းသေဆုံးခဲ့ပါတယ်။ ဒါဟာ နှစ် အတော်ကြာအတွင်း ပါကစ္စတန်ရဲ့ ခရစ်ယာန်လူနည်းစုတွေကို အသေအပျောက်အများဆုံးဖြစ်အောင် တိုက်ခိုက်လိုက်တာ ဖြစ်ပါတယ်။

My Blog List