Wednesday, January 22, 2020

ရဲတပ်သားကိုင်သည့်သေနတ်မှ ကျည်ထွက်ကာ အရပ်သား တစ်ဦးထိမှန်

Image may contain: one or more people and people sittingImage may contain: one or more people and food
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အငှားအိမ်ယာတစ်ခုဖြစ်သည့် စံပါယ်အိမ်ယာတွင် ရဲတပ်သားကိုင်သည့် သေနတ်မှ ကျည်ထွက် ကာ အရပ်သား တစ်ဦးထိမှန်မှုတစ်ခု ဇန်နဝါရီလ ၂၁ ရက် ည ၇ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရှာဖွေရေးတာဝန်ကျသော စည်ပင်သာယာရဲတပ်ဖွဲ့ မှ ရဲအုပ်ရဲအောင် ၊ အကူတပ်ဖွဲ့ခွဲ မှ ရဲတပ်ကြပ် စိုင်းဝဏ္ဏ ၊ ရဲတပ်သား ဖြိုးမင်းဟန် နှင့် အမှတ်(၉) ရဲစခန်းမှ ရဲတပ်သား ကျော်ကျော်ငြိမ်းတို့ တာဝန်ဆောင်ရွက်နေစဉ် ကိုနိုင်ထွန်း (၃၇) နှစ်က ရဲတပ်သား ကျော်ကျော်ငြိမ်းကိုင်ဆောင်သော MA 13 အတွင်း သေနတ်ထဲတွင် ကျည်ရှိလားဟု မေးမြန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ထို့နောက် ရဲတပ်သား ကျော်ကျော်ငြိမ်း က ကျည်ရှိကြောင်း ထိုင်နေရာမှထ၍ ပြောဆိုစဉ် ၎င်းကိုင်ဆောင်ထားသည့် MA 13 အတွင်းမှ ကျည်တစ်တောင့် ပေါက်ထွက်ပြီး ကိုနိုင်ထွန်း၏ ခြေကျင်းဝတ်အား ထိမှန်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာရရှိခဲ့သည့် ကိုနိုင်ထွန်း အား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ခဲ့ပြီး ရဲတပ်သား ကျော်ကျော်ငြိမ်း အား တိုင်းအကူတပ်ဖွဲ့ခွဲအချုပ် သို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကမ်းနားလမ်းရှိ အငှားအိမ်ယာများအနီးတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် လုံခြုံရေးအတွက် စီမံချက်ရေးဆွဲ ဆောင်ရွက်လျှက်ရှိသည်။
(Zawgyi)

#TheFifthWaveNews

No comments:

Post a Comment

My Blog List