Friday, March 13, 2015

သပိတ်ပြိုကွဲသွားသော်လည်း ကျောင်းသားများကို ထပ်မံဖမ်းဆီးနေ


လက်ပံတန်းကျောင်းသား သပိတ်ကိုဖြိုခွဲပြီး ကျောင်းသားများ လူစုကွဲနေ ချိန်တွင် အစိုးရက ကျောင်းသားများ ကို ရှောင်တခင် ဖမ်းဆီးလျှက်ရှိသည်ဟု တကသ (တက္ကသိုလ်ကျောင်းသားများသမဂ္ဂ) အဖွဲ့မှ ကိုဇေယျာ လွင် က ပြောသည်။

ဧည့်စာရင်းမှုဖြင့် ဖမ်းဆီးခဲ့သည့် ကျောင်းသားများကို ပဲခူးတိုင်း အစိုးရထံ လွှဲပြောင်း


ဧည့်စာရင်း မတိုင်သည့် ပြစ်ချက်ဖြင့် ယမန်နေ့ ညပိုင်းက ရန်ကုန်တိုင်း အလုံမြို့နယ် ရဲစခန်းတွင် ဖမ်း ဆီးခြင်း ခံထားရသူ သပိတ်ကျောင်းသား ၄ ဦးအနက် ၃ ဦးကို ပဲခူးတိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ယနေ့ နံနက်ပိုင်းတွင် အမှု လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်းလစာ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းတိုးထားသော်လည်း မည်မျှတိုးမည် မသိရသေး


နိုင်ငံဝန်ထမ်းများ၏ လစာငွေကို ယခင်နှစ်ကထက် ၃၀ ရာခိုင်နှုန်းတိုးထားသော်လည်း မည်သည့်အဆင့် အား မည်မျှတိုးထားသည်ကို ဖော်ပြ ထားခြင်းမရှိကြောင်း မင်းလှမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုးက ပြောကြားသည်။

ဗကသ ခေါင်းဆောင် ၄ ဦး ညဖက်မှာ ဖမ်းဆီးခံရ


လက်ပံတန်းကကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှုအပြီး၊ မဟန်နီဦး၊ ကိုမိုးထက်နေနဲ့ မန္တလေးခရိုင် က ကိုဇန်ဇန်တို့ ၄ ယောက်ကို ရန်ကုန်တိုင်း အလုံမြို့နယ်ကနေအိမ်တစ်အိမ်မှာ မတ်လ ၁၂ ရက်နေ့ ညသန်းခေါင်ကျော်အချိန်က ရဲတွေလာရောက်ဖမ်းဆီးသွားတယ်လို့ သတင်း ရရှိပါတယ်။

မြန်မာရဲတပ်ဖွဲ့ အစွမ်းပြချက် ရက်စက်သယ်…


“လက်ရှိအစိုးရမှာ နည်းနည်းလေးသာကျန်တော့တဲ့ ဂုဏ်သိက္ခာကို တပြားမှမကျန်တော့အောင် မြန်မာ ရဲတပ်ဖွဲ့က အစွမ်းပြလိုက်တာ ဖြစ်တယ်” နိုင်ငံတကာမှာ Riot police ဆိုတာ Crowds လူအုပ်၊ Protests ဆန္ဒ္ဒပြသူတွေနဲ့ Riots အဓိကရုဏ်းတွေကို နှိမ်နင်းဖို့ ရည်ရွယ်ချက်နဲ့ ရဲအဖွဲ့ဝင်တွေကို ခွဲထုတ်ပြီး ဖွဲ့ထား တာဖြစ်တယ်။ 

တစ်ကျော့ပြန် ဖုန်ကြားရှင်နဲ့ တရားခံ စိုင်းလင်း


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား တစ်ကျော့ပြန်တိုက်ခိုက်လာသော ဖုန်ကြားရှင် ကိစ္စနှင့် ပတ်သက်၍ နောက်ကွယ်ကနေ ကူညီထောက်ပံ့ပေးသူရှိနေသည်ဟု အားလုံးက ယူဆနေကြပါ သည်။ မှန်ပါသည်။

လက်ပံတန်းကျောင်းသားသပိတ်အကြမ်းဖက်ဖြိုခွင်းခံရမူကို ဆန့်ကျင်ကြောင်း လက်ပတ်ဖြူလှုပ်ရှားမှု ပြုလုပ်



ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အားသက်ဆိုင်ရာမိဘများ ထံသို့ ပြန်လည် အပ်နှံခဲ့



လူမည်းလူငယ် ပစ်သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရဲမှူးကြီး နုတ်ထွက်


ပြီးခဲ့တဲ့နှစ်က လက်နက်မဲ့ လူမည်းလူငယ်တဦး ပစ်သတ်ခံရပြီး လူမျိုးရေးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ အမေရိ ကန်နိုင်ငံ ဖာဂူဆန်မြို့က ရဲမှူးကြီးရာထူးက နုတ်ထွက်မယ်လို့ မတ် ၁၁ ရက်နေ့က ကြေညာပါတယ်။မြို့နယ် ရဲတပ်ဖွဲ့အတွင်း လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုတဲ့ ဗဟိုအစိုးရအစီရင်ခံစာ ထွက်ပေါ်လာအပြီး ရဲမှူး သောမတ် ဂျက်ဆင်(Thomas Jackson) က နုတ်ထွက် ဖို့ ကြေညာခဲ့တာပါ။

အမေရိကန်တွင် ရဟတ်ယာဉ်တစ်စီး ပျက်ကျ ၊ တာဝန်ကျစစ်သား ၁၁ ဦး သေဆုံး



ချေဂွေဗားရားကိုဖမ်းခဲ့သည့် ဗိုလ်ချုပ်သမီးကို ပထမဆုံး ဘိုလီးဗီးယား အမျိုးသမီးဗိုလ်ချုပ်အဖြစ် ခန့်အပ်


ဘိုလီးဘီးယားနိုင်ငံက ချေဂွေဗားရားသူပုန်များကို ထိုးစစ်ဆင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမီးကို ပထမဆုံးအမျိုးသမီး ဗိုလ်ချုပ်အဖြစ် ခန့်အပ်လိုက် ပါတယ်။ ၁၉၆၇ ခုနှစ် ချေဂွေးဗားရားတပ်ဖွဲ့ကို ထိုးစစ်ဆင်ခဲ့ တဲ့ ဗိုလ်ချုပ် လူးဝစ် ရဲကွေးတယ်ရန်ရဲ့ သမီး အသက် ၅၃ နှစ် ဂျီနာ ရဲကွေးတယ်ရန်ကို ခန့်အပ်လိုက်တာ လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

ထိုင်း အငှား မော်တော်ဆိုင်ကယ် လုယက်သူ မြန်မာ ၄ ဦးကို ဖမ်းဆီး


ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ အငှား မော်တော်ဆိုင်ကယ် ကို ဓားနဲ့တေ့ လုယက်တဲ့ မြန် မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ဝင်တဦးက  ပြောပါတယ်။ဖမ်းဆီးထားတဲ့သူတွေ ကတော့ အောင်ဝင်းထွန်း ( ၂၁ ) နှစ်၊ မောင်ကျော်  ( ၂၀ ) နှစ်၊ အောင်ထွန်း ( ၂၁ ) နှစ် နဲ့ ကိုချိုင်း ( ၂၁ ) နှစ် တို့ ဖြစ်ပြီး မတ် ၁၂ ရက်  မနက်ပိုင်းက  အငှားဆိုင်ကယ် မောင်းနှင်တဲ့ ထိုင်းအမျိုးသမီး ၂ ဦးဆီကနေ ဆိုင် ကယ် ၂ စီးလုယက်သွားတာလို့ ရဲဝန်ထမ်းက ပြောပါတယ်။

ကျောင်းသားသပိတ်ကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် မလုပ်ရန် ဦးဝီရသူဆို


ကျောင်းသားသပိတ်ကို အကြောင်းပြု၍ တိုင်းပြည် မငြိမ်မသက် ဖြစ်အောင် မလုပ်ရန်  အမျိုးဘာ သာ စောင့်ရှောက်ရေး ဆရာတော် ဦးဝီရသူက မတ် ၁၂ ရက်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပြီး အခြားအဖွဲ့အစည်းများကလည်း အကြမ်းဖက် သပိတ်ဖြိုခွဲခြင်းကို ကန့်ကွက်သည်ဟု ထုတ်ပြန်ချက် ထုတ်သည်။

အာဏာရှင် အကျင့်မပျောက်သည့် အစိုးရ မိဘပြည်သူများခင်ဗျားဟု ရင်ထဲက မပါဘဲ နှုတ်ခွန်းမဆက်သင့်တော့ဟု အရှင်ဆန္ဒာဓိက မိန့်


လက်ပံတန်း ကျောင်းသားပိတ်ကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရကို နိုင်ငံတကာ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် အများကြည် ညိုလေးစားပြီး ဓမ္မစာပေများ ရေးသားနေသည့် အရှင်ဆန္ဒာဓိက,ကလည်း ရင်ထဲက မပါသည့် မိဘပြည် သူများ ခင်ဗျား အသုံးအနှုန်း မသုံးနှုန်းသင့်တော့ကြောင်း မိန့်ကြားလိုက်သည်။

မြန်မာ့နိုင်ငံရေး နောက်ပြန်ဆွဲ အခြေအနေ UK အစိုးရထုတ်ပြန်


မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ စိုးရိမ်စရာ ကောင်းလောက်အောင် နော က်ပြန်ဆွဲတဲ့ အခြေအနေတွေ တွေ့ရတဲ့ အကြောင်း ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲ နိုင်ငံရေး အကျဉ်းသားတွေ ပိုများလာတာ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မီဒီယာအပေါ် ဖိနှိပ်မှုတွေဟာ စိုးရိမ်စရာကောင်းတဲ့ လုပ်ရပ်တွေ လို့လည်း ဖော်ပြထားတာပါ။

နိုင်ငံ့ဝန်ထမ်းများ တိုးမြှင့်ပေးမည့် လစာပမာဏ သေချာမှ လွှတ်တော်သို့ အသိပေးမည်


နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည့် ပမာဏကို နောက်ဆုံးဆုံးဖြတ်သည့် အချိန်တွင် သေချာမှသာ လွှတ်တော် အပါအ၀င် အားလုံးကို အသိပေးမည်ဖြစ် ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် က ပြောကြားလိုက်သည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံ့ဝန်ထမ်းများ၏ လစာ ကို အနိမ့်ဆုံးတစ်သိန်းနှစ်သောင်းကျပ်မှ နှစ်သိန်းကျပ်ထိ တိုးမြှင့်ပေးရန် အစိုးရအဖွဲ့အား တိုက်တွန်းပြော ကြားထားသော်လည်း ၀န်ကြီးဌာနများ တင်သွင်းသည့် ငွေစာရင်းများအရ အဆိုပါ ပမာဏထိ တိုးမြှင့်နို င်ခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ထားသည်။

al-Shaba အကြီးအကဲတဦး drone ထိမှန်သေဆုံး


အမေရိကန်လက်ချက်ဖြစ်ဖွယ်ရှိတဲ့ မောင်းသူမဲ့ Drone လေယာဉ် နဲ့တိုက်ခိုက်ခံရမှုကြောင့် al-Shaba စစ်သွေးကြွ ထိပ်တန်းခေါင်းဆောင် တဦး သေဆုံးသွားတယ်လို့ Somalia နိုင်ငံ  သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

ကျောင်းသားနှင့် သတင်းသမားတချို့ ကို ဆက်လက် ဖမ်းဆီး


ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေ ကို အာဏာပိုင်တွေက ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီး သွားခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတချို့ကို ကြာသပတေးနေ့က ခံဝန်ချက်နဲ့ ပြန် လွှတ်ပေးခဲ့ပေမယ့်လည်း ကျောင်းသားခေါင်းဆောင်တချို့နဲ့ သတင်းထောက် တချို့ကို ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။ 

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံး၌ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်နေသည့် ကျောင်းသား/သူများနှင့် ပြည်သူလူထုတို့ကို အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချပွဲကို လူတန်းစား အလွှာအသီးသီး တက်ရောက် ခဲ့ပြီး ဖမ်းဆီးထားသူများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်



ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆို နေသော ကျောင်းသား/သူ များနှင့် ပြည်သူ လူထုကို ရက်စက်စွာ အကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုတ်ချခြင်း အခမ်းအနားကို မတ် ၁၂ ရက် နံနက် ၁ဝ နာရီတွင် ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ပြု လုပ်ခဲ့သည်။

လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို ရှုတ်ချခဲ့ကြတဲ့ အနုပညာရှင်များ


လက်ပံတန်းမြို့တွင် အစိုးရက သပိတ်မှောက် ကျောင်းသားများကို အကြမ်းဖက် နှိမ်နင်းသည့်ကိစ္စအပေါ် ကန့်ကွက်ရှုတ်ချခြင်းနှင့် ဖမ်းဆီးထားသော ကျောင်းသားများကို အမြန်ဆုံးစေလွှတ်ရေး တောင်းဆိုခြင်းကို မတ်လ ၁၂ ရက်တွင် နာရေးကူညီမှုအသင်း ရန်ကုန်၌ပြုလုပ်ခဲ့ရာ အနုပညာရှင်များ ပါဝင်ခဲ့ကြသည်။ 

‘‘ယောက်ျားလေးတွေကို တန်းစီပြီးတော့ အသေချတာ။. ဒီကောင်မ အကြော တင်းတယ်ဆိုပြီးတော့ အချုပ်ကားပေါ်မှာ ပါးတွေရိုက်တာမျိုးရှိတယ်။’’ ပြန်လွှတ်ကျောင်းသူ မရည်မိုမိုအောင်နှင့် တွေ့ဆုံခြင်း


မရည်မိုမိုအောင်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ကုန်ထုတ်ဓာတုဗေဒ
(တတိယနှစ်) ကျောင်းသူ

အခုဘယ်လိုအခြေအနေနဲ့ ပြန်လွတ်လာတာလဲ။အခု ညီမတို့ကို မိဘတွေ ပြန် လာခေါ်လို့  လက်ရှိတက်နေ တဲ့ ကျောင်းသားတွေ လွှတ်မယ်ဆိုပြီး လွှတ်လိုက်တာပါ။

ကျောင်းသား ၁၇ ဦး ပြန်လွှတ်၊ ကျောင်းသားခေါင်းဆောင်အချို့ကို ၀ရမ်းထုတ်


သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် ပင်မ ကျောင်းသား သပိတ်စစ် ကြောင်းထဲမှ ကျောင်း သား ၁၇ ဦး အား မတ်လ ၁၂ ရက်တွင် ပြန် လွှတ်ပေးခဲ့ပြီး ဖမ်းဆီးမခံရဘဲ တိမ်းရှောင်နေသော ကျောင်း သားခေါင်းဆောင် များကို ၀ရမ်း ထုတ်လိုက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားမှတစ်ဆင့် လာရောက်ရန် ခွင့်ပြုချက်ရ


တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် ရန်ကုန်မြို့သို့ လာရောက် မည့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို မြစ်ကြီးနားမြို့မှတစ်ဆင့် လာရောက်ရန် အစိုးရက ခွင့်ပြု လိုက်ကြောင်း သတင်းရရှိ သည်။

ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် သပိတ်မှောက်ကျောင်းသား နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိဟု ပြော



အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးမှ အစပြုခဲ့သည့် ကျောင်းသားသပိတ်လှုပ်ရှားမှုတွင် အစိုး ရနှင့် ကျောင်းသားတို့ ဆွေးနွေးပွဲများ၌ နောက်ပိုင်းတွင် ပညာရေးဥပဒေအကြောင်း ဆွေးနွေးခြင်းထက် ချီတက်ပုံချီ တက်နည်းကိုသာ အဓိကထား ဆွေးနွေးနေခြင်းကို အစိုးရနှင့် ကျောင်းသားများ နှစ်ဖက် စလုံး အား မေးခွန်းထုတ်လိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။

Thursday, March 12, 2015

ပါတီတည်ထောင်လိုသူများ ဧပြီလကုန်နောက်ဆုံးထား လျှောက်ရမည်


နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့်  ဧပြီလ ၃၀ ရက် နောက်ဆုံးထား ပြီး လျှောက်ထားကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာလိုက်ပါတယ်။ ၂၀၁၅ရွေးကောက်ပွဲကို အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းမှာ ကျင်းပတော့မှာဖြစ်လို့ အချိန်ကာလ (၇) လကျော်သာ ကျန်ရှိတော့တယ်။ 

ကျောင်းသားသပိတ် ဖြိုခွင်းမှုအပေါ် အမြင်များ




၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်ရဲ့ ကျောင်းသား သပိတ်ဖြိုခွင်းမှုအပေါ် ပြောကြားချက်



သရုပ်ဆောင်ဦးဇင်ဝိုင်းရဲ့ ကျောင်းသားသပိတ်ဖြိုခွင်းမှုအပေါ် ပြောကြားချက်


ကျောင်းသားမဟုတ်ဘူးလို့ ဦးရဲထွဋ်ပြောဆိုထားတဲ့ မုတ်ဆိတ်နဲ့လူရဲ့ ရင်ဖွင့်သံ



သရုပ်ဆောင် ဗေလုဝရဲ့ ကျောင်းသားသပိတ်ဖြိုခွင်းမှုအပေါ် ပြောကြားချက်



၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ဘာလဲ၊ ဘယ်လဲ


မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲဟာ မကြာခင်  ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။ မတ်လ ၁၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစမီ မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီအထိ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဦးခင်အောင်မြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီခေါင်းဆောင် များကို ခေါ်ယူတွေ့ဆုံပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ဖြစ်လာနိုင်တဲ့အတွက် လိုအပ်တဲ့ အချက်အလက်များ စုဆောင်းထားဖို့၊ အဆင်သင့် ပြင်ဆင်ဖို့ ပြောကြောင်း ပုဂ္ဂလိက သတင်းစာ တစောင်မှာ ဖော်ပြပါတယ်။

ကျောင်းသားအဖွဲ့နှင့် NNER အဖွဲ့ အမျိုးသားလွှတ်တော် ကြားနာပွဲသို့ တက်ရောက်ခြင်း ရှိ/မရှိ မတ် ၁၃ ရက်အကြောင်းပြန်မည်


ဒီမိုကရေစီပညာရေးလူပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ ကျောင်းသားများနှင့် ပညာရေးစနစ်ပြုပြင်ပြောင်း လဲရေး လွှတ်တော်ကြားနာပွဲအတွက် ဒုတိယအကြိမ် ထပ်မံဖိတ်ကြားထားပြီး မတ် ၁၃ ရက်တွင် တွေ့ ဆုံခြင်း ရှိ/မရှိ သိရှိရမည်ဟု ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။

သမ္မတ၏ စုံစမ်းစစ်ဆေးရေးကော်မရှင်အပေါ် အမြင်များ



တရုတ်အမျိုးသမီး လေသူရဲများ မလေးရှားတွင် လေကြောင်းစွမ်းရည် ပြသမည်



မလေးရှားနိုင်ငံရဲ့ လန်ကာဝီ နိုင်ငံတကာအဏ္ဏဝါနဲ့ အာကာသပြပွဲအတွက် တရုတ်လေယာဉ် ၉ စင်း မတ် ၁၁ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး အုပ်စုက လေကြောင်း စွမ်းရည် ပြသမှာ ဖြစ်ပါတယ်။

ပညာရေးပြိုကွဲမှုက အမျိုးသားရေးပြိုကွဲမှုဆီကို ဦးတည်နေသလား


ပညာရေးပြိုကွဲတာနဲ့ အမျိုးသားရေး ပြိုကွဲတာ ဘာဆိုင်လို့တုန်းလို့ မေးမယ်ဆိုရင် ဖြေရတော့မှာပါ။ ပညာရေး မလွတ်လပ်တာကြောင့် အမှားအမှန်ကို ခွဲခြားသိနိုင်ဖို့ခက်ခဲသွားပါတယ်။ အမှားအမှန်ကို ခွဲခြားမသိတော့ တဲ့ ကျောင်းသားတွေ တနေ့ တိုင်းပြည်ကို ဦးဆောင်တဲ့အခါမှာ မှန်မှန်ကန်ကန် ဦးဆောင်ဖို့ဆိုတာ မလွယ် ကူတော့ပါ။ မလွတ်လပ်တဲ့ ပညာရေးက စက်ရုပ်ကလေးတွေကိုပဲ မွေးဖွားပေးနေတာကြောင့် ဖြစ်ပါတယ်။ 

သံလွင်မြစ်ရေအားလျှပ်စစ်စီမံကိန်းကန့်ကွက်စာ သြစတေးလျ SMEC ထံ ဒေသခံများပေးအပ်



နမ့်ခမ်းမြို့၌ သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲဖျက်ဆီးခံရ


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက်အတွင်း သတ္တုကျောက်တင်ကားတစ်စီး ဗုံးခွဲဖျက် ဆီးခံရကြောင်းသတင်းရရှိသည်။ မတ်ခ်ျလ ၁၀ ရက် ၁၉း၂၀ နာရီက ဗုံးခွဲခံရသောကားမှာ ဆီလီကွန် သတ္တုကျောက်တင်ဆောင်ထားသော ငွေကမ္ဘာကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီ၏ တရုတ်လုပ် ၆ ဘီး ကား ဖြစ် ကြောင်း နမ့်ခမ်းမြို့ဒေသခံ စိုင်းယီ ကဆိုသည်။

ကျောင်းသား ဆန္ဒပြမှုများကို အင်အားသုံး မဖြိုခွင်းသင့်ဟု NLD, KIO နှင့် MJN တို့ ကြေညာချက်ထုတ်


လက်ပံတန်းနှင့် ရန်ကုန်ရှိ ကျောင်းသားဆန္ဒပြမှုတွင်  အင်အားသုံးဖြိုခွင်း၍ ကျောင်းသားများနှင့် သတင်းထောက် များကို ရိုက်နှက်ဖမ်းဆီးခြင်းများသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးသို့ ဦးတည်နေ ချိန်တွင် မရှိသင့်တော့ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့်  မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) တို့က မတ်လ ၁၁ ရက်တွင် ကြေညာချက်များ ထုတ်ပြန်၍ တုံ့ပြန်လိုက်သည်။

ဆန္ဒပြကျောင်းသားတွေအပေါ် ဖြိုခွင်းမှု စစ်အုပ်ချုပ်ရေးခေတ် ပြန်ရောက် HRW ဝေဖန်


မြန်မာကျောင်းသားဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေး တပ်တွေအနေနဲ့ အင်အား အလွန်အကျွံ သုံးခဲ့တာ အတွက် စုံစမ်းစစ်ဆေး အရေးယူမှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တခုက မြန်မာအစိုးရ ကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အကူအညီပေးမှု ပြန်သုံးသပ်ဖို့ Burma UK Campaign တောင်းဆို


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွင်းပြီး ဖမ်းဆီး ထိန်းသိမ်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အပေါ် Burma Campaign UK - ဗြိတိန်အခြေစိုက် မြန်မာ့ အရေး ဆောင်ရွက်နေတဲ့အဖွဲ့က ပြစ်တင် ရှုတ်ချလိုက်ပြီး နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့လည်း မြန်မာ အစိုးရကို အကူအညီပေးနေတဲ့ အနောက်နိုင်ငံတွေအနေနဲ့ ပြန်လည် သုံးသပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ခြောက်ပွင့်ဆိုင်တွေ့ ဆုံမည်ဟု သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌများ ကိုပြောကြား ခဲ့ဟုဆို


ပြည်ထောင်စုလွှတ်တော်က တောင်းဆိုထားသည့်ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုအတွက် အသင့်ပြင်ထား ရန်ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်တွင်းရှိ ပါတီ ၁၉ ပါတီမှခေါင်းဆောင် များနှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးချယ်တော့မည်ဟု ကျောင်းသား သပိတ် ခေါင်းဆောင်အချို့ဆို


အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော် တို့နှင့် စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်း ကိုသာ ရွေးချယ်တော့မည်ဟု ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီအဖွဲ့ဝင် ကျောင်းသား များက မတ်လ ၁၁ ရက်က ပြောကြားသည်။

ကိုယ်ပိုင်အီးမေးလ် အလုပ်အတွက် အသုံးပြုမှု ၀န်ကြီးဟောင်း ကလင်တန်ဝေဖန်ခံရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က သူတာဝန်ထမ်းဆောင်နေစဉ်ကာလ သီးခြား အီးမေးလ်အကောင့် နှစ်ခုကိုခွဲပြီး အသုံးပြုခဲ့ရင် ပိုပြီးသင့်တော်မှာ ဖြစ်တဲ့အကြောင်း ပြောကြားပြီး သူ့အနေနဲ့ ဘာမှ အမှားအယွင်း မကျူးလွန်ခဲ့တဲ့အကြောင်း အင်္ဂါနေ့က ပြောပါတယ်။

My Blog List