Wednesday, January 22, 2020

လိမ္မော်သီးရောင်းတာ ဘိန်းဖြူရောင်းနေတာ မဟုတ်ဟု အဘဦးသိန်းထွန်း တုံ့ပြန်

Image may contain: 3 people, people sittingImage may contain: one or more people and people sitting
ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးနားတစ်ဝိုက် လိမ္မော်သီးများကို လှည့်လည်ရောင်းချနေသည့် ပျံကျဈေးသည်တစ်ဦးကို စည်ပင်ဝန်ထမ်းများက ငုတ်တုပ်ထိုင်ခိုင်းကာ လိမ္မော်သီးများကိုထုချေဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး စံတော်ချိန်သတင်းဌာနက အဆိုပါဈေးသည်ကို ယနေ့(ဇန်နဝါရီ ၂၁ ရက်) ကသွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။

ယင်းဈေးသည်မှာ အသက် ၇၁ နှစ်အရွယ်ရှိ ဦးသိန်းထွန်းဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရပ်ကွက်ကြီး ၂ တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။ လူမှုကွန်ရက်မီဒီယာတွင် အဆိုပါဗီဒီယိုဖိုင် ပျံ့နှံ့နေသည်ကို မသိရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း အလှူငွေများလာရောက်လှူဒါန်းသူများရှိသော်လည်း လက်မခံကြောင်းပြောပြသည်။
“ကျွန်တော့်ကိုလာလှူကြပါတယ်။ နှစ်ဖွဲ့သုံးဖွဲ့လောက်လာလှူကြတယ်။ ကျွန်တော်လက်သင့်မခံဘူး။ အရိုးလိုလို့ အသားတောင်းတဲ့အဖြစ် ကျွန်တော်မဖြစ်ချင်ဘူး။ ပြီးရင် ကျွန်တော့်ကြောင့် ဒီဈေးထဲကဈေးသည်တွေကို ဒုက္ခမရောက်စေချင်ဘူး။ အခုဆို ကျွန်တော် မွန်းလွဲ ၁ နာရီမှဈေးထွက်ရတယ်။ ဘယ်သူ့အကူအညီမှမယူဘူး” ဟုပြောပြသည်။
ဦးသိန်းထွန်းက စည်ပင်လူကြီးများ လိမ္မော်သီးများကိုထုချေဖျက်ဆီးပြီး ဈေးဗန်းသိမ်းသည့် ဇန်နဝါရီ ၁၈ ရက်က အတွေ့အကြုံကိုလည်း အခုလိုဆက်ပြောပြသည်။
“ခင်ဗျားထိုင်ကြည့်နေတဲ့။ ပြီးတော့ ရဲတင်းနဲ့ခုတ်တယ်။ လိမ္မော်သီးတွေကို ထုချေပြီး ဖော့ဗန်းကိုပါထုချေတယ်။ တာဝန်နဲ့ဝတ္တရားအရလုပ်တာဆိုတော့ ကျွန်တော်ဘာမှမပြောလိုပါဘူး။ ဈေးရောင်းတဲ့လူရဲ့ဈေးဗန်းကို မျက်စိရှေ့တင်ဖျက်စီးခံရတာကို ထိုင်ကြည့်နေလို့ပြောတယ်။ အဲဒါတကယ်ဆိုးရွားတယ်။ စိတ်ထဲလည်းမကောင်းဘူး။ နောက်ကိုဒီလိုမလုပ်ဖို့ သိမ်းထားလိုက်တာဆို လက်သင့်ခံတယ်။ ခုထိုင်ကြည့်ခိုင်းတယ်ဆိုတော့ ဒါသွေးတိုး စမ်းတာနဲ့အတူတူပဲ။ ကျွန်တော်နိုင်ငံတော်ကိုပုန်ကန်နေတာမဟုတ်ဘူး။ ဘိန်းဖြူရောင်းတာ မဟုတ်ဘူး။ ကိုယ့်မိသားစုအတွက် ရိုးရိုးသားသား ကျွန်တော်ရှာစားနေတာ” ဟု စံတော်ချိန်သတင်းဌာနကိုပြောပြသည်။
“အဲဒီနေ့က ကျွန်တော်ရောင်းလိုက်တဲ့သူက ယိုးဒယားသူ။ ကျွန်တော်နဲ့ရင်းနှီးနေတာကြာပြီ။ မြန်မာငွေမပါလို့ ယိုးဒယားငွေဘတ် ၁၀၀ နဲ့ သုံးလုံးရောင်းလိုက်ပါဆိုလို့ ကျွန်တော်ရောင်းပေးလိုက်တယ်။ သူက ဘတ်ငွေ ၁၀၀ ကိုဆွဲထုတ်တဲ့အခါ ပိုက်ဆံက လက်တစ်ဆစ်ကျော်လောက်ပြဲသွားတယ်။ ကျွန်တော်ပြန်လဲတဲ့အခါ ဒုက္ခ ရောက်မှာစိုးလို့ ဈေးထိပ်မှာ ဒီပိုက်ဆံကိုသွားလဲတာ။ အဲဒါ ကျွန်တော့်ကို ဈေးဝမှာလာရောင်းတယ်ဆိုပြီး အခုလိုလုပ်ခံရတာ” ဟုပြောသည်။
ဦးသိန်းထွန်းသည် လိမ္မော်သီးများဖျက်ဆီးခံရပြီး နောက်တစ်နေ့တွင် အိမ်ကသမီးငယ်သိလျှင်စိတ်မကောင်း ဖြစ်မည်ဆိုး၍ မိသားစုများကိုမပြောပြခဲ့ဘဲ နောက်တစ်နေ့အရင်းအနှီးအတွက် တခြားသူထံမှ ငွေချေးခဲ့ရသည်ဟု ဆိုသည်။ ဦးသိန်းထွန်းသည် အမှတ် ၉၅၄ GE တပ်တွင် ဆောက်လုပ်ရေးတာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးချိန်တွင် ဆောက်လုပ်ရေးလုပ်နေစဉ် အပေါ်မှပြုတ်ကျ၍ ဒူးခေါင်းတွင်ဒဏ်ရာရရှိခဲ့ကာ အလုပ်ထွက်ခဲ့ရကြောင်း ပြောပြသည်။
အစာအိမ်ပေါက်ဖူးသည့်အတွက် ဗိုက်ခွဲထားရပြီး လိမ္မော်သီးများကို ကုန်အောင်ရောင်းပြီးမှသာ ထမင်းစားကြောင်း၊ လိမ္မော်သီးများမကုန်ဘဲ ဈေးဗန်းကိုမမည်ဆိုလျှင် ဗိုက်နာပြီး နောက်တစ်နေ့ဈေးမထွက်နိုင်မည်ကို စိုးရိမ်ကြောင်းပြောပြသည်။ ဦးသိန်းထွန်းသည် ဗိုလ်ချုပ်ဈေးတွင် ဈေးရောင်းနေသည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်ပြီး ဓမ္မာရုံဆွမ်းလောင်းအလှူရှိလျှင် ထမင်း၊ ဟင်းလိုက်ချက်ပေးကြောင်း၊ ထိုအတွက် အခကြေးငွေမယူကြောင်း ဆက်ပြောပြသည်။
“ကျွန်တော် ဒီဈေးမှာရောင်းတာကြာပါပြီ။ စည်ပင်နဲ့လမ်းဘေးဈေးသည်ဆိုတာက ကင်းတော့မကင်းဘူး။ ဈေးရောင်းတာ ကျွန်တော်က ထိုင်ရောင်းတဲ့သူမဟုတ်ဘူးလေ။ လည်ရောင်းတာ တနေကုန်။ အဲဒီဈေးဗန်းကို ဖျက်စီးတဲ့နေ့က ၄၅၀၀၀ ကျပ်ဖိုးဆုံးရှုံးသွားတယ်။ ကျွန်တော်ရင်းထားတာ ၆၅၀၀၀ ကျပ်ဖိုးရင်းထားတာ” ဟု ပြောပြသည်။
ဦးသိန်းထွန်းတွင် ဇနီးနှင့်သားသမီး လေးဦးရှိပြီး သမီးအငယ်ဆုံးမှာ ၁၉ နှစ်ရှိပြီး ငယ်စဉ်က မွေးပြီး ၈ ရက်မြောက်သည့်နေ့တွင် တက်သည်ဆိုသည့်အတွက် ခါးချဉ်ဆီဖောက်ခံလိုက်ရရာမှ လမ်းမလျှောက်နိုင်သလို စကားလည်း မပြောနိုင်သည့် ပိုလီယိုဝေဒနာသည်တစ်ဦးဖြစ်ကြောင်း၊ သားအလတ်သည်လည်း ငယ်စဉ်က အိမ်ပေါ်မှ လိမ့်ကျခဲ့ဖူးသည့်အတွက် ကျောကုန်းတွင်ဘုကြီးနှင့် မသန်စွမ်းတစ်ဦးဖြစ်ကြောင်း၊ သို့သော် သားလတ်က ညီမ အငယ်လေးအတွက် ဝင်ငွေရရန် တစ်ဖက်တစ်လမ်းမှ အလုပ်ကြမ်းကို ရသလောက်လုပ်ကြောင်း၊ လက်ရှိတွင် သမီးကြီးနှင့်အတူ ဗိုလ်ချုပ်ဈေးတွင် ဈေးလှည့်လည်ရောင်းရင်း မိသားစုအတွက် ရိုးရိုးသားသားရှာစားနေသည်ဟု ဦးသိန်းထွန်းကပြောပြသည်။
စည်ပင်ဈေးလူကြီးများက လိမ္မော်သီးများကို ရဲတင်းနှင့် ထုခွဲချေဖျက်ပြီး ဈေးဗန်းကိုပါ နင်းချေဖျက်ဆီးခဲ့သည့် ရုပ်သံဖိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိပြီး ယင်းရုပ်သံဖိုင်နှင့်ပတ်သက်၍ ထိုနေ့က ရုပ်သံရိုက်နေသည်ကို မသိသလို လူမှုကွန်ရက်ပေါ်တင်လိုက်သည်မှာလည်း သူ၏ခွင့်ပြုချက်မပါကြောင်း၊ အကယ်၍ရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်မည်ဆိုလျှင်လည်း သူ့အနေနှင့် ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ထို့ကြောင့် စံတော်ချိန်သတင်းဌာန၏ ရုပ်သံအင်တာဗျူးကိုပင် ရိုက်ခွင့်မပြုကြောင်း ပြောပြသည်။
လူတစ်ဦးတစ်ယောက်၏ခွင့်ပြုချက်မရဘဲ အလွယ်တကူဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းရိုက်ကူးပြီး လူမှုကွန်ရက် ပေါ်တင်ခဲ့သည့် ယင်းရုပ်သံဖိုင်နှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေဦးအောင်စိုးဦးက စံတော်ချိန်သတင်းဌာနကို အခုလိုပဲ သုံးသပ်ပြောပြသည်။
“လူ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင်တော့ နိုင်လွတ်လုံဥပဒေနဲ့ ငြိစွန်းတယ်။ သေချာတာကတော့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာကိုမြင်ရတယ်။ ကျွန်တော်စဉ်းစားကြည့်တယ်။ လိမ္မော်သီးကို ဗန်းနဲ့မရောင်းဘဲ မာစီဒီးကားနဲ့ ရောင်းမယ်ဆိုရင် ခွင့်ပြုချက်မရှိဘဲရောင်းမယ်ဆိုရင်ကော ဒီလိုပဲရိုက်ထုမှာလားဆိုတာ စည်ပင်ဝန်ထမ်းတွေကို မေးချင်တယ်။ အဲဒီလိုလုပ်ခွင့်ကို ဘယ်သူပေးလိုက်တာလဲ။ အဲဒီလိုလုပ်ဖို့ ဘယ်ဥပဒေက ပြဌာန်းထားလဲ။ မေးစရာမေးခွန်းတွေပေါ်လာတယ်။ အာဏာရှိတယ်ဆိုရင် အာဏာပြတယ်ဆိုတာဟာ တရားဥပဒေစိုးမိုးရေးအရကော စိတ်ထိခိုက်စရာပါပဲ” ဟုပြောသည်။
အထက်ပါကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာစည်ပင်ဈေးဌာနကို စံတော်ချိန်ကသွားရောက် ဆက်သွယ်မေးမြန်းရာမှာ စည်ပင်တာဝန်ခံလူကြီးမရှိသည့်အတွက် မဖြေဆိုနိုင်ကြောင်း၊ ဆက်သွယ်ရန်ဖုန်းနံပါတ်မှာလည်း တာဝန်ခံလူကြီး၏ ခွင့်ပြုချက်ရမှသာ ပေး၍ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
Image may contain: 1 person, sitting
သတင်း - သီတာလွင်၊ မိုးသိမ့်နိုင်/စံတော်ချိန်
(Unicode Version)
လိမေ္မာ်သီးရောင်းတာ ဘိန်းဖြူရောင်းနေတာ မဟုတ်ဟု အဘဦးသိန်းထွန်း တုံ့ပြန်
ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေးနားတစ်ဝိုက် လိမေ္မာ်သီးများကို လှည့်လည်ရောင်းချနေသည့် ပျံကျဈေးသည်တစ်ဦးကို စည်ပင်ဝန်ထမ်းများက ငုတ်တုပ်ထိုင်ခိုင်းကာ လိမေ္မာ်သီးများကိုထုချေဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့တာနဲ့ပတ်သက်ပြီး စံတော်ချိန်သတင်းဌာနက အဆိုပါဈေးသည်ကို ယနေ့(ဇန်နဝါရီ ၂၁ ရက်) ကသွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
ယင်းဈေးသည်မှာ အသက် ၇၁ နှစ်အရွယ်ရှိ ဦးသိန်းထွန်းဖြစ်ပြီး လှိုင်သာယာမြို့နယ်၊ ရပ်ကွက်ကြီး ၂ တွင်နေထိုင်သူဖြစ်ကြောင်းသိရသည်။ လူမှုကွန်ရက်မီဒီယာတွင် အဆိုပါဗီဒီယိုဖိုင် ပျံ့နှံ့နေသည်ကို မသိရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း အလှူငွေများလာရောက်လှူဒါန်းသူများရှိသော်လည်း လက်မခံကြောင်းပြောပြသည်။
“ကျွန်တော့်ကိုလာလှူကြပါတယ်။ နှစ်ဖွဲ့သုံးဖွဲ့လောက်လာလှူကြတယ်။ ကျွန်တော်လက်သင့်မခံဘူး။ အရိုးလိုလို့ အသားတောင်းတဲ့အဖြစ် ကျွန်တော်မဖြစ်ချင်ဘူး။ ပြီးရင် ကျွန်တော့်ကြောင့် ဒီဈေးထဲကဈေးသည်တွေကို ဒုက္ခမရောက်စေချင်ဘူး။ အခုဆို ကျွန်တော် မွန်းလွဲ ၁ နာရီမှဈေးထွက်ရတယ်။ ဘယ်သူ့အကူအညီမှမယူဘူး” ဟုပြောပြသည်။
ဦးသိန်းထွန်းက စည်ပင်လူကြီးများ လိမေ္မာ်သီးများကိုထုချေဖျက်ဆီးပြီး ဈေးဗန်းသိမ်းသည့် ဇန်နဝါရီ ၁၈ ရက်က အတွေ့အကြုံကိုလည်း အခုလိုဆက်ပြောပြသည်။
“ခင်ဗျားထိုင်ကြည့်နေတဲ့။ ပြီးတော့ ရဲတင်းနဲ့ခုတ်တယ်။ လိမေ္မာ်သီးတွေကို ထုချေပြီး ဖော့ဗန်းကိုပါထုချေတယ်။ တာဝန်နဲ့ဝတ္တရားအရလုပ်တာဆိုတော့ ကျွန်တော်ဘာမှမပြောလိုပါဘူး။ ဈေးရောင်းတဲ့လူရဲ့ဈေးဗန်းကို မျက်စိရှေ့တင်ဖျက်စီးခံရတာကို ထိုင်ကြည့်နေလို့ပြောတယ်။ အဲဒါတကယ်ဆိုးရွားတယ်။ စိတ်ထဲလည်းမကောင်းဘူး။ နောက်ကိုဒီလိုမလုပ်ဖို့ သိမ်းထားလိုက်တာဆို လက်သင့်ခံတယ်။ ခုထိုင်ကြည့်ခိုင်းတယ်ဆိုတော့ ဒါသွေးတိုး စမ်းတာနဲ့အတူတူပဲ။ ကျွန်တော်နိုင်ငံတော်ကိုပုန်ကန်နေတာမဟုတ်ဘူး။ ဘိန်းဖြူရောင်းတာ မဟုတ်ဘူး။ ကိုယ့်မိသားစုအတွက် ရိုးရိုးသားသား ကျွန်တော်ရှာစားနေတာ” ဟု စံတော်ချိန်သတင်းဌာနကိုပြောပြသည်။
“အဲဒီနေ့က ကျွန်တော်ရောင်းလိုက်တဲ့သူက ယိုးဒယားသူ။ ကျွန်တော်နဲ့ရင်းနှီးနေတာကြာပြီ။ မြန်မာငွေမပါလို့ ယိုးဒယားငွေဘတ် ၁၀၀ နဲ့ သုံးလုံးရောင်းလိုက်ပါဆိုလို့ ကျွန်တော်ရောင်းပေးလိုက်တယ်။ သူက ဘတ်ငွေ ၁၀၀ ကိုဆွဲထုတ်တဲ့အခါ ပိုက်ဆံက လက်တစ်ဆစ်ကျော်လောက်ပြဲသွားတယ်။ ကျွန်တော်ပြန်လဲတဲ့အခါ ဒုက္ခ ရောက်မှာစိုးလို့ ဈေးထိပ်မှာ ဒီပိုက်ဆံကိုသွားလဲတာ။ အဲဒါ ကျွန်တော့်ကို ဈေးဝမှာလာရောင်းတယ်ဆိုပြီး အခုလိုလုပ်ခံရတာ” ဟုပြောသည်။
ဦးသိန်းထွန်းသည် လိမေ္မာ်သီးများဖျက်ဆီးခံရပြီး နောက်တစ်နေ့တွင် အိမ်ကသမီးငယ်သိလျှင်စိတ်မကောင်း ဖြစ်မည်ဆိုး၍ မိသားစုများကိုမပြောပြခဲ့ဘဲ နောက်တစ်နေ့အရင်းအနှီးအတွက် တခြားသူထံမှ ငွေချေးခဲ့ရသည်ဟု ဆိုသည်။ ဦးသိန်းထွန်းသည် အမှတ် ၉၅၄ GE တပ်တွင် ဆောက်လုပ်ရေးတာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၁၀ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီးချိန်တွင် ဆောက်လုပ်ရေးလုပ်နေစဉ် အပေါ်မှပြုတ်ကျ၍ ဒူးခေါင်းတွင်ဒဏ်ရာရရှိခဲ့ကာ အလုပ်ထွက်ခဲ့ရကြောင်း ပြောပြသည်။
အစာအိမ်ပေါက်ဖူးသည့်အတွက် ဗိုက်ခွဲထားရပြီး လိမေ္မာ်သီးများကို ကုန်အောင်ရောင်းပြီးမှသာ ထမင်းစားကြောင်း၊ လိမေ္မာ်သီးများမကုန်ဘဲ ဈေးဗန်းကိုမမည်ဆိုလျှင် ဗိုက်နာပြီး နောက်တစ်နေ့ဈေးမထွက်နိုင်မည်ကို စိုးရိမ်ကြောင်းပြောပြသည်။ ဦးသိန်းထွန်းသည် ဗိုလ်ချုပ်ဈေးတွင် ဈေးရောင်းနေသည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်ပြီး ဓမ္မာရုံဆွမ်းလောင်းအလှူရှိလျှင် ထမင်း၊ ဟင်းလိုက်ချက်ပေးကြောင်း၊ ထိုအတွက် အခကြေးငွေမယူကြောင်း ဆက်ပြောပြသည်။
“ကျွန်တော် ဒီဈေးမှာရောင်းတာကြာပါပြီ။ စည်ပင်နဲ့လမ်းဘေးဈေးသည်ဆိုတာက ကင်းတော့မကင်းဘူး။ ဈေးရောင်းတာ ကျွန်တော်က ထိုင်ရောင်းတဲ့သူမဟုတ်ဘူးလေ။ လည်ရောင်းတာ တနေကုန်။ အဲဒီဈေးဗန်းကို ဖျက်စီးတဲ့နေ့က ၄၅၀၀၀ ကျပ်ဖိုးဆုံးရှုံးသွားတယ်။ ကျွန်တော်ရင်းထားတာ ၆၅၀၀၀ ကျပ်ဖိုးရင်းထားတာ” ဟု ပြောပြသည်။
ဦးသိန်းထွန်းတွင် ဇနီးနှင့်သားသမီး လေးဦးရှိပြီး သမီးအငယ်ဆုံးမှာ ၁၉ နှစ်ရှိပြီး ငယ်စဉ်က မွေးပြီး ၈ ရက်မြောက်သည့်နေ့တွင် တက်သည်ဆိုသည့်အတွက် ခါးချဉ်ဆီဖောက်ခံလိုက်ရရာမှ လမ်းမလျှောက်နိုင်သလို စကားလည်း မပြောနိုင်သည့် ပိုလီယိုဝေဒနာသည်တစ်ဦးဖြစ်ကြောင်း၊ သားအလတ်သည်လည်း ငယ်စဉ်က အိမ်ပေါ်မှ လိမ့်ကျခဲ့ဖူးသည့်အတွက် ကျောကုန်းတွင်ဘုကြီးနှင့် မသန်စွမ်းတစ်ဦးဖြစ်ကြောင်း၊ သို့သော် သားလတ်က ညီမ အငယ်လေးအတွက် ဝင်ငွေရရန် တစ်ဖက်တစ်လမ်းမှ အလုပ်ကြမ်းကို ရသလောက်လုပ်ကြောင်း၊ လက်ရှိတွင် သမီးကြီးနှင့်အတူ ဗိုလ်ချုပ်ဈေးတွင် ဈေးလှည့်လည်ရောင်းရင်း မိသားစုအတွက် ရိုးရိုးသားသားရှာစားနေသည်ဟု ဦးသိန်းထွန်းကပြောပြသည်။
စည်ပင်ဈေးလူကြီးများက လိမေ္မာ်သီးများကို ရဲတင်းနှင့် ထုခွဲချေဖျက်ပြီး ဈေးဗန်းကိုပါ နင်းချေဖျက်ဆီးခဲ့သည့် ရုပ်သံဖိုင်က လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိပြီး ယင်းရုပ်သံဖိုင်နှင့်ပတ်သက်၍ ထိုနေ့က ရုပ်သံရိုက်နေသည်ကို မသိသလို လူမှုကွန်ရက်ပေါ်တင်လိုက်သည်မှာလည်း သူ၏ခွင့်ပြုချက်မပါကြောင်း၊ အကယ်၍ရိုက်ပြီး လူမှုကွန်ရက်ပေါ်တင်မည်ဆိုလျှင်လည်း သူ့အနေနှင့် ခွင့်ပြုမှာ မဟုတ်ကြောင်း၊ ထို့ကြောင့် စံတော်ချိန်သတင်းဌာန၏ ရုပ်သံအင်တာဗျူးကိုပင် ရိုက်ခွင့်မပြုကြောင်း ပြောပြသည်။
လူတစ်ဦးတစ်ယောက်၏ခွင့်ပြုချက်မရဘဲ အလွယ်တကူဖုန်းဖြင့် ဗီဒီယိုမှတ်တမ်းရိုက်ကူးပြီး လူမှုကွန်ရက် ပေါ်တင်ခဲ့သည့် ယင်းရုပ်သံဖိုင်နှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေဦးအောင်စိုးဦးက စံတော်ချိန်သတင်းဌာနကို အခုလိုပဲ သုံးသပ်ပြောပြသည်။
“လူ့ဂုဏ်သိက္ခာကိုထိခိုက်တယ်ဆိုရင်တော့ နိုင်လွတ်လုံဥပဒေနဲ့ ငြိစွန်းတယ်။ သေချာတာကတော့ လူ့အခွင့်အရေး ဆုံးရှုံးတယ်ဆိုတာကိုမြင်ရတယ်။ ကျွန်တော်စဉ်းစားကြည့်တယ်။ လိမေ္မာ်သီးကို ဗန်းနဲ့မရောင်းဘဲ မာစီဒီးကားနဲ့ ရောင်းမယ်ဆိုရင် ခွင့်ပြုချက်မရှိဘဲရောင်းမယ်ဆိုရင်ကော ဒီလိုပဲရိုက်ထုမှာလားဆိုတာ စည်ပင်ဝန်ထမ်းတွေကို မေးချင်တယ်။ အဲဒီလိုလုပ်ခွင့်ကို ဘယ်သူပေးလိုက်တာလဲ။ အဲဒီလိုလုပ်ဖို့ ဘယ်ဥပဒေက ပြဌာန်းထားလဲ။ မေးစရာမေးခွန်းတွေပေါ်လာတယ်။ အာဏာရှိတယ်ဆိုရင် အာဏာပြတယ်ဆိုတာဟာ တရားဥပဒေစိုးမိုးရေးအရကော စိတ်ထိခိုက်စရာပါပဲ” ဟုပြောသည်။
အထက်ပါကိစ္စရပ်များနှင့်ပတ်သက်ပြီး သက်ဆိုင်ရာစည်ပင်ဈေးဌာနကို စံတော်ချိန်ကသွားရောက် ဆက်သွယ်မေးမြန်းရာမှာ စည်ပင်တာဝန်ခံလူကြီးမရှိသည့်အတွက် မဖြေဆိုနိုင်ကြောင်း၊ ဆက်သွယ်ရန်ဖုန်းနံပါတ်မှာလည်း တာဝန်ခံလူကြီး၏ ခွင့်ပြုချက်ရမှသာ ပေး၍ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။
သတင်း - သီတာလွင်၊ မိုးသိမ့်နိုင်/စံတော်ချိန်

No comments:

Post a Comment

My Blog List