Saturday, August 15, 2015

NLD တွင် တော်လှန်ရေးသမားများ လိုအပ်သည်


တော်လှန်ရေးသမားများ လိုအပ်သည်ဟုဆိုလိုက်၍ တချို့ကတော်လှန်ရေးသမားဆိုသည်နှင့်ဓား၊လက်နက် ၊ သေနတ်အမြောက်များကိုသာ ပြေး၍ မြင်ကြပါလိမ့်မည်။ ဒါကို ဆိုလိုခြင်းမဟုတ်ပါ။ တော်လှန်ရေးဆိုသည် မှာ နဂိုရှိရင်းစွဲ လူထုနှင့် အံမ၀င်ခွင်မကျတော့သော အဟောင်းများကို ပြောင်းပြန်လှန်ကာ လူထု၏လူမှု လက်တွေ့ဘ၀က တောင်းဆိုချက်များ လက်တွေ့ဘ၀နှင့်ကိုက်ညီသောအရာများကို ဖန်တီးတည် ဆောက်ခြင်း၊ တည်ထောင်ခြင်းကို ဆိုလိုပါသည်။ 

သူရဦးရွှေမန်း ဖြူးပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဆက်လက်ယှဉ်ပြိုင် သွားမည်ဟုဆို


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ရာထူးမှ ယခုလ ၁၃ ရက်နေ့တွင် ဖယ်ရှားခံခဲ့ ရသည့် ဗိုလ်ချုပ်ကြီးဟောင်းလည်း ဖြစ်သကဲ့သို့ ပြည်ထောင်စုလွှတ်တော် နာယကလည်း ဖြစ်သည့် သူရ ဦးရွှေမန်းသည် ၎င်းဝင်ရောက်အရွေးချယ်ခံရန် အမည်စာရင်း တင်သွင်းထားသည့် ဖြူးမြို့နယ် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နေရာတွင် ဆက်လက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး USDP ပါတီ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရသည်။

NCA တွင် တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်ရေး နေပြည်တော်၌ ဆွေးနွေးမည်


တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)အပြီးသတ် ချုပ်ဆိုနိုင်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့ကြီး ၅ ဖွဲ့မှ ထိပ်သီးခေါင်းဆောင် များက သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် သြဂုတ် ၂၅ ရက်၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ် ကြောင်း သိရသည်။

ကယားတွင် ကျွန်းသစ်နှင့် သစ်မာများ ထုတ်လုပ်ခွင့် KNPP တားမြစ်


ကယားပြည်နယ်အတွင်း၌ အစိုးရနှင့်နီးစပ်သည့် ခရိုနီများနှင့် အခြားစီးပွားရေး လုပ်ငန်းရှင်များကကျွန်းသစ် နှင့် သစ်မာများ ထုတ် လုပ်နေမှုကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)က သဘောထား ကြေညာချက် ထုတ်ပြန် လိုက်သည်။

ရေဘေးကြောင့် ခရီးသွားလုပ်ငန်း မထိခိုက်နိုင်ဟု ဆို


နိုင်ငံတ၀န်းမှာ ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရသော်လည်း လာမည့် ပွင့်လင်းရာသီ၏ ခရီးသွားလုပ်ငန်းကို မထိခိုက်နိုင်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ပြောသည်။

ဖဲကြိုးနက်များဖြင့် ‘အဘ’ ခေတ်ကို အဆုံးသတ်စို့


တက်ကြွလှုပ်ရှားသူ ဆရာဝန်တွေ၊ ဝိုင်းဝန်းသူပြည်သူတွေရဲ့ကန့်ကွက်သံများ၊ ဖဲကြိုးအနက်ရောင် ဝတ်ဆင် လှုပ်ရှားမှုများ အွန်လိုင်း လူမှုကွန်ရက် စာမျက်နှာများနဲ့ ပြင်ပမှာ စတင်အပြီးမှာ ဆေးပညာရှင် မဟုတ်တဲ့ တပ်မတော်အရာရှိ တချို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အုပ်ချုပ်ရေး ရာထူးတွေမှာ ထပ်မံပြောင်းရွှေ့ပေးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက် ကြောင်း သတင်း ထွက်ခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းပန် နှင့် ကျိုင်းတောင်းတွင် ရေကြီး


ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်နဲ့ ကျိုင်းတောင်း မြို့နယ်ထဲမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ခုရက်ပိုင်းအတွင်း မိုးတွေဆက်တိုက်ရွာသွန်းနေတာကြောင့် လင်းခေးမြို့နဲ့ မိုင်းပန်မြို့ နယ်ကြားက လွိုင်နွဲ့ရွာမှာ ရေကြီးနေတယ်လို့ မိုင်းပန်ဒေသခံ စိုင်းတက ပြောပါတယ်။

စီးပွားရေးသမား ၆၅၂၇ ဦးကို တောင်ကိုရီးယား လွတ်ငြိမ်းချမ်းသာခွင့်ပေး


တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက သြဂုတ် ၁၃ ရက်နေ့မှာ ကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအ တွင်း နိုင်ငံရဲ့ တတိယအကြီးဆုံး ကော်ပိုရေး ရှင်းကြီးဖြစ်တဲ့ SK အုပ်စုရဲ့ ဥက္ကဋ္ဌ အပါအဝင် စီးပွားရေးသ မား ၆၅၂၇ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

ထိုင်းဘုရင် စနစ်ကို စော်ကားမှုကြောင့် ပြစ်ဒဏ်ချခံရသူများ ပြန်လွှတ်ရေး ကုလတောင်းဆို


ကုလသမဂ္ဂက ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကို စော်ကားမှုအတွက် ကာလကြာ ရှည် ထောင်ဒဏ်ချမှတ်တဲ့ ပြင်းထန်တဲ့ ဥပဒေကို ပြင်ဆင်ဖို့နဲ့ ပြစ်ဒဏ်ချခံ ရသူတွေကို ပြန်လွှတ်ပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းလိုက် ပါတယ်။

အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်း ၁၁၃၈ ဦး ရွေးကောက်ပွဲဝင်ရန် စာရင်းတင်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ မဲဆန္ဒနယ်နေရာ အားလုံး ၀င်ပြိုင်မှာမဟုတ်ဘဲ ပါတီကိုယ်စားလှယ်လောင်းပေါင်း ၁၁၃၈ ဦးဝင်ပြိုင်ဖို့  ကော်မရှင် နောက်ဆုံး သတ်မှတ်ရက်ဖြစ်တဲ့ သြဂုတ် ၁၄ ရက်ထိ စာရင်းတင်သွင်းပါတယ်။

ဘဂ္ဂဒက် ဗုံးခွဲတိုက်ခိုက်မှု လူအယောက် ၁၀၀ ကျော် သေဆုံး


အီရတ်မြို့တော် ဘဂ္ဂဒက်ရဲ့ စာဒါမြို့နယ်က ဈေးကို သြဂုတ် ၁၃ ရက်နေ့က ဗုံးနဲ့ တိုက်ခိုက်တာ ခံခဲ့ရလို့ အနည်းဆုံး လူအယောက် ၁၀၀ ကျော်သေဆုံးပြီး ၂၀၀ လောက် ဒဏ်ရာရတယ်လို့ ရဲဘက် သတင်းရင်းမြစ် တွေက ပြောပါတယ်။

ရွေးကောက်ပွဲဝင်ရန် အမတ်လောင်း ၅၄ဝ၀ ကျော် စာရင်းသွင်း


၂၀၁၅ ရွေးကောက်ပွဲမယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေတင်သွင်းဖို့ သတ်မှတ်ရက်ဒီကနေ့ နောက် ဆုံးရက်ဖြစ်ပြီး တသီးပုဂ္ဂလ အပါအ၀င် နိုင်ငံရေး ပါတီ ၉၀ လောက်က ကိုယ်စားလှယ်လောင်းပေါင်း ၅၄ဝ၀ ဦး ကျော် စာရင်းသွင်းထားပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ကျုးဘားဆိုင်ရာ သံရုံး အလံတင် အခမ်းအနား ဝန်ကြီးကယ်ရီ တက်ရောက်


ဆယ်စုနှစ် အတော်ကြာကြာ သံတမန်အဆက်အသွယ်ဖြတ်တောက်ထားတဲ့ ကျူးဘားနိုင်ငံမှာ အမေရိကန် အလံကို ဒီကနေ့ လွှင့်ထူတဲ့အခမ်းအနားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ပါတယ်။  ၁၉၆၁ ခုနှစ် ကတည်းက ကျူးဘားနဲ့ အမေရိကန်ကြား သံတမန် ဆက်ဆံရေး ဖြတ်တောက် ထားတာဖြစ် ပြီး ဒီကနေ့မှာတော့ ကျူးဘားမြို့တော် ဟာဗားနားက အမေရိကန်သံရုံးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန် အလံကို လွှင့်ထူမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကုန်လှောင်ရုံ ပေါက်ကွဲမှု သေဆုံးသူ ၅၆ ဦး အထိရှိ


တရုတ်နိုင်ငံရဲ့ အဓိက ဆိပ်ကမ်းမြို့က သိုလှောင်ရုံတခုမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ၂ကြိမ် ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းကို တရုတ်အာဏာပိုင်တို့ ဆက်လက် စုံစမ်းစစ်ဆေးနေချိန်မှာ ဒေသခံတို့ကတော့ ပေါက်ကွဲ မှု ဖြစ်ခဲ့တဲ့ အနီးအနားမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေနိုင်တဲ့ အပေါ် စိုးရိမ်တဲ့ အကြောင်း ထုတ် ဖော်ပြောဆိုကြပါတယ်။

သူရဦးရွှေမန်း မိသားစု စောင့်ကြည့်ခံနေရ


သြဂုတ်လ ၁၂ ရက်နေ့ညက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ နေရာက ဖယ်ရှားခံလိုက်ရတဲ့ သူရဦးရွှေမန်းဟာ သြဂုတ်လ ၁၄ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ရုံးကို ရောက်လာပြီး သူ့ရုံးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။
တွေ့ဆုံခွင့်တောင်းတဲ့ မီဒီယာတွေကို လွှတ်တော် အစည်းအဝေးတွေ ပြန်စတဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာ တွေ့ဆုံမယ်လို့ သူ့ ကိုယ်ရေးအရာရှိက တစ်ဆင့် အကြောင်းပြန်ခဲ့ပါတယ်။

ဆန္ဒပြ လှည်းကူး NLD ပါတီဝင် ၂၄ ဦး ထုတ်ပယ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကနေ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုယှဉ်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းတွေကို လဲလှယ်ပေးဖို့ ဆန္ဒပြရာမှာပါဝင်တယ်ဆိုပြီး လှည်းကူးမြို့နယ်အဆင့် နာယက အပါအဝင် ပါတီဝင် ၂၄ ဦးကို ပါတီဗဟိုက ထုတ်ပယ်လိုက်ပါတယ်။

ဦးရွှေမန်း အပေါ် ဘာ ဆက်လုပ်နိုင်သလဲ


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပါတီ ဥက္ကဋ္ဌ ရာထူးကနေ သူရ ဦးရွှေမန်းကို ဖယ်ရှားလိုက်တဲ့ ကိစ္စဟာ မကြာခင်မှာ ဒီထက် ပိုမိုပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ဆက်လက် ဖြစ်လာနိုင်ခြေရှိတယ်လို့ မြန်မာ့ နိုင်ငံရေး အနီးကပ် လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။ လောလောဆယ် သူရ ဦးရွှေမန်း ရုံးတက်ပြီး လွှတ်တော်ဥက္ကဋ္ဌ တာဝန်တွေကို ပြန်လည် ထမ်းဆောင်တယ်ဆိုတာဟာလည်း သူ့သဘောနဲ့ လုပ်ဆောင်တာ မဖြစ်နိုင်ဘူးလို့ သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ကိုးကန့်ဒေသတည်ငြိမ်လာ၍ စစ်အုပ်ချုပ်ရေးသက်တမ်းမတိုးဘဲ ရွေးကောက်ပွဲကျင်းပနိုင်ဟုဆို


ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးကာလသည် သြဂုတ် ၁၇ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးဖွယ်မရှိတော့ဘဲ ရွေးကောက်ပွဲ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

ဦးရွှေမန်းကိုဖြုတ်ချပုံ ကန် ဆီးနိတ် ခေါင်းဆောင် စိုးရိမ်


သူရဦးရွှေမန်းကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖြုတ်ချလိုက်တာနဲ့ ဆိုင်တဲ့ အခြေအနေ တွေဟာ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးပေါ် ထောက်ခံသူတွေ အတွက် ပြန် စဉ်းစားစရာဖြစ်တယ်လို့ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်း ဆောင် Mitch McConnell က သြဂုတ်လ ၁၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် တခုထဲမှာ ပြောထားပါတယ်။

သူရဦးရွှေမန်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိ၊ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင်ရွက်သွားပါမည်ဟု သူရဦးရွှေမန်း Facebook စာမျက်နှာ မှတစ်ဆင့် ပြောကြား


ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပြည်သူများနှင့်အတူ နောက်ဆုံးအချိန်အထိ ဆက်လက်ဆောင် ရွက်သွားပါမည်ဟု ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်းက ၄င်း၏ facebook စာမျက်နှာမှတစ်ဆင့် ပြည်သူလူထုထံသို့ သြဂုတ် ၁၄ ရက်တွင် ပြောကြား သည်။

Friday, August 14, 2015

အန္တရာယ်များတဲ့ နှစ်ပါးသွား နိုင်ငံရေး


၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းတို့ကြားမှာ မမြင်နိုင်တဲ့ နိုင်ငံရေးအပေးအယူ တွေ ရှိနေသလား ဆိုပြီး မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းရဲ့ ဝေဖန်သုံးသပ်မေးခွန်း ထုတ်မှုတွေ ထွက်ပေါ်နေ ပါတယ်။

ကြံ့ခိုင်ရေး အကွဲအပြဲ ဂယက် ဘယ်လိုဆက်ဖြစ်မလဲ


သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားခံ လိုက်ခြင်းသည် သတင်းလောကမှာ လှုပ်ရမ်း သွားပြီး အာဏာရ ပါတီတွင်း အားပြိုင်ပွ္ဗဲတွင် လက်ရှိ သမ္မတ ဦးသိန်းစိန် ထောက်ခံသူ အုပ်စု အသာစီး ရခြင်းဖြစ်သည်။

လွတ်လပ်ပြီး တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့ မခက်ခဲဘူး


ဖရန်စစ် ဖူကူယားမား (Francis Fukuyama) သည် ပြီးခဲ့သော နှစ်ပေါင်း ၃၀ အတွင်း သြဇာလွှမ်းမိုးမှု အရှိဆုံး နိုင်ငံရေး အတွေးအခေါ် ပညာရှင်များထဲမှ တဦးဖြစ်သည်။ အမေရိကန် သမ္မတဟောင်း ရော်နယ် ရေဂင် (Ronald Reagan) ၏ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြံပေးတဦးအဖြစ် သူ့ကို စတင်လူသိများ ခဲ့ပြီး “သမိုင်း နိဂုံး” (The End of History) အမည်ရှိသည့် စာတမ်းကြောင့် အထင်ရှားဆုံး ဖြစ်လာခဲ့သည်။ အဆိုပါစာတမ်းတွင် သူက စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းကြောင့် နိုင်ငံရေး သဘောတရားရေးရာများ ပြိုလဲသွားခြင်းနှင့်အတူ ကမ္ဘာပေါ်တွင် လစ်ဘရယ် ဒီမိုကရေစီ လွှမ်းမိုးလာလိမ့်မည်ဟု အငြင်းပွားဖွယ်ရာ ဟောကိန်းထုတ်ခဲ့သည်။

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့်တွေ့ဆုံခြင်း



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကိုဖယ်ရှားပြီးနောက် ပါတီအတွင်းရေးမှူး အပါအဝင် ဗဟိုကော်မတီဝင်အချို့ကိုဖယ် ရှားလိုက်သည့် ဖြစ်စဉ်များ၊ လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးရှုပ်ထွေးမှုများနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်ဦးရဲထွဋ်အား 7 Day Daily သတင်းစာက ဆက်သွယ်မေးမြန်းခဲ့ပြီး  စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါ သည်။

“NLD ဆုံးဖြတ်ချက်ကို ဆွေးနွေးလို့ရတယ်။ ဝေဖန်လို့ရတယ်။ ဆန်္ဒပြခွင့်တော့မရှိဘူး”” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဥာဏ်ဝင်းနှင့်တွေ့ဆုံခြင်း


နိုဝင်ဘာရွေးကောက်ပွဲတွင် အာဏာရပါတီကိုယှဉ်ပြိုင်ပြီး အစိုးရဖွဲ့နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ၀င်မဟုတ်သည့် တတ်သိပညာရှင်များအပြင်၊ နိုင်ငံရေးအရ ထင်ရှားကျော်ကြားသောသူများကို ဖိတ်ခေါ်ခဲ့ သော်လည်း နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားသည့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်းမှ ကိုကိုကြီးအပါအ၀င် ရန်ကုန် တိုင်းလွှတ်တော်ကို ခြိမ်းခြောက်နိုင်ခဲ့သည့် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ညိုညိုသင်းတို့ကို ရွေးချယ်ခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အချို့ နုတ်ထွက်ရန်ပြင်ဆင်နေကြ သကဲသို့ အချို့နေရာတို့တွင် ပါတီကိုကန့်ကွက်ဆန်္ဒပြလာကြခြင်းတို့ကြောင့် ပါတီ တွင်းအခြေအနေ၊ နောင်လာမည့် အလားအလာနှင့်ပတ်သက်၍ ယင်းပါတီ၏ ဗဟိုကော်မတီဝင် ဦးညဏ်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ကောက် နုတ်ဖော်ပြခဲ့ပါသည်။

လွှတ်တော်အမတ်ကို တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ အမြန်ဆုံးပြဋ္ဌာန်းရန် သူရဦးရွှေမန်းထံ ဦးတင်အေး ထပ်မံစာပို့


လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံ စာပေးပို့ထားကြောင်းရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်သည်။

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုနိုင်ရေး သူရဦးရွှေမန်းထံ ရွေးကောက်ပွဲကော်မရှင် ထပ်မံတင်ပြ


လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီး ဥပဒေ ပြဋ္ဌာန်းခြင်းကို ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေး၍ အမြန်ဆုံး အတည်ပြုနိုင်ရေး ပြည်ထောင်စု လွှတ်တော်က ဆောင်ရွက် ပေးရန် သြဂုတ် ၁၃ရက်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းထံ ရွေးကောက်ပွဲ ကော်မရှင်က စတုတ္ထ အကြိမ်အဖြစ် ထပ်မံ တင်ပြထားသည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်လိုက်သည်။

အစိုးရအဖွဲ့ကို မကြာမီပြန်လည်ဖွဲ့စည်းမည်ဟု ထိုင်းဝန်ကြီးချုပ် ပရာရွတ် အတည်ပြု၊ အပြင်လူများကို ခန့်ထားမည်ဟု ပြောကြား


ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်းအိုချာက မကြာမီ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း သြဂုတ် လ ၁၃ရက်နေ့က အတည်ပြုခဲ့ပြီး အချို့ဝန်ကြီးများကို ပြောင်းလဲကာ စစ်တပ်မှမဟုတ်သည့် အပြင်လူများ ကိုခန့်အပ်မည်ဟု လည်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမဝင်ဘူးလို့ ဦးသိန်းစိန် မပြောဆိုသေးကြောင်း သမ္မတရုံး ညွှန်မှူး ပြော


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲ မဝင်ဘူးလို့ တရားဝင် ပြောဆိုမထားကြောင်း သမ္မတ ရုံးက ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ လာမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် ဦးသိမ်းဆွေ က ဗုဒ္ဓဟူးနေ့ က ပြော ကြားခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်း ရွေးကောက်ပွဲ ၀င်ဖို့ လွိုင်ကော်ခရိုင်မှာ စာရင်းပေး


နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၇ ကနေ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့အတွက် လွိုင်ကော်ခရိုင် ရွေးကောက် ပွဲကော်မရှင်ရုံးခွဲမှာ အမည်စာရင်းတင်လိုက်ပါတယ်။ ၀န်ကြီး ဦးအောင်မင်း ၀င်ရောက်ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်မှာ လူဦးရေ ၄ထောင်ကျော်ရှိတဲ့ ရှားတောမြို့နယ် တစ်ခုလုံး ပါဝင်တယ်လို့ လွိုင်ကော်ခရိုင် ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးညီညီမင်း က ပြောပါတယ်။

ရေဘေးကြောင့် သေဆုံးသူ ၁၀၃ ဦး၊ ဒုက္ခသည် တစ်သန်းနှစ်သိန်းကျော်ရှိ


တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ခုမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၃ ဦး ရှိပြီး၊ ရေဘေးဒုက္ခသည် တစ်သန်းနှစ်သိန်းကျော်ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့ကအထိ စုဆောင်းကောက်ခံထားတဲ့ သေဆုံးသူစာရင်းဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာပြန်လည်ချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ အာဘော် ပြည်ထောင်စု နေ့စဉ် သတင်းစာ ရပ်ဆိုင်း


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာ ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ပါတီတွင်းထိပ်ပိုင်း ခေါင်းဆောင် အပြောင်း အလဲတွေ ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် အခုလို ယာယီရပ်ဆိုင်းလိုက်တာလို့ ပြည်ထောင်စု နေ့စဉ် သတင်းစာရဲ့ အယ်ဒီတာ မယဉ်ယဉ်လှက ပြောပါတယ်။

မိတ္ထီလာ NLD ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ်ခံရ


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကအပါအ၀င် ခေါင်းဆောင် ၆ ဦးကို ပါတီဝင်အဖြစ်ကနေ ပါတီဗဟိုက ထုတ်ပယ်လိုက်ပါတယ်။ မိတ္ထီလာမြို့နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ အတွက် အန်အယ်လ်ဒီပါတီဗဟိုက ရွေးချယ်မပေးထားသူတစ်ယောက် ရဲ့ အောင်နိုင်ရေးကို လုပ်ဆောင် နေသူ တွေဖြစ်တာကြောင့် အရေးယူလိုက်တာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ဥက္ကဌ ဦးတင်ထွဋ်ဦးက ပြောပါတယ်။

သူရဦးရွှေမန်းအား ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီး ပါတီခေါင်း ဆောင်ပိုင်းများ ပြောင်းလဲ၊ သူရဦးရွှေမန်း အနေဖြင့် ပြည်ခိုင်ဖြိုးပါတီဝင် ပါတီလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရှိနေဟုဆို



သူရဦးရွှေမန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားပြီး ပါတီခေါင်းဆောင် ပိုင်းများအား ပြောင်းလဲမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

ဖားကန့်တွင် ကျောက်မိုင်းခွဲမှုကြောင့် ပေ ၄၀၀ ခန့်မြင့်သည့် ဘုရားတောင် မြေအက်ခဲ့ရာမှ ယခုအခါ မြေများ အဆက်မပြတ် ပြိုကျနေ


ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ နမ့်မှော်ကျေးရွာတွင် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီလုပ်ငန်း များမှ ကျောက်မိုင်းခွဲမှုကြောင့် ယင်းကျေးရွာရှိ ပေ ၄၀၀ ခန့်မြင့်သည့် ဘုရားတောင်မြေမှာ အက်ကြောင်း ဖြစ်ပေါ်ခဲ့ရာမှ ယခုအခါ မြေများအဆက်မပြတ် ပြိုကျနေပြီး တောင်ပေါ်ရှိ စေတီတော် အတွက် အထူးစိုးရိမ် နေရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ သွားလာနိုင်သော လမ်းများအနက် ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းမှလွဲ၍ ကျန်လမ်းပိုင်းများ ဆက်သွယ်ရေး ပြတ်တောက်



စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်သော လမ်းများ အနက် ကလေး-ဖလမ်း -ဟားခါး လမ်းပိုင်းတစ်ခုမှ လွဲ၍ ကျန်လမ်းပိုင်းများ အားလုံး လမ်းအူကြောင်းများ ပြန်လည်ရှာဖွေ ရမည်ဖြစ်ကြောင်း ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်း၏ ပြောကြားချက်အရ သိရသည်။

ဆရာနဲ့ တပည့်


လောကလူမှုဆက်ဆံရေး နယ်ပယ်မှာ မကင်းနိုင်တဲ့ ဆက်ဆံရေးတွေ အများကြီးရှိ ပါတယ်။ ပမာအားဖြင့် သားသမီးနဲ့မိဘ ဆက်ဆံရေး၊ လင်နဲ့မယား ဆက်ဆံရေး၊ ညီအစ်ကို မောင်နှမ ဆက်ဆံရေးရယ်လို့  ရှိကြတဲ့ အနက်က လူ့ဘောင်ဘ၀ ဖြစ်ထွန်းတိုးတက်မှုမှာ အဓိကကျတဲ့ ဆက်ဆံရေး တစ်ခုကတော့ ဆရာနဲ့ တပည့် ဆက်ဆံရေးပါပဲ။

သူရဦးရွှေမန်း လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာ ဆက်ရှိနိုင်ပါ့မလား


အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေးပါတီ) ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပါတီ၏ ဥက္ကဋ္ဌ ရာထူးမှ သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြုတ်ချ လိုက်ပြီးနောက် သူရဦးရွှေမန်းဟာ ပြည်ထောင်စုလွှတ် တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးမှာဆက်ပြီး ရှိနေနိုင်ပါတော့မလားဆိုတဲ့ မေးခွန်းတွေထွက် ပေါ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟဲဟိုး မဲဆွယ်ခရီးစဉ် ဖျက်သိမ်းမှု ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲနှင့်ဆိုင်ဟု ဆို


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရှမ်းပြည်နယ် တောင်ပိုင်း ဟဲဟိုးမြို့သို့ သွားရောက်မည့်ခရီးစဉ် ဖျက်သိမ်းလိုက်ခြင်းသည် လတ်တလော ဖြစ်ပေါ်နေသာ ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီတွင်း ပြဿနာများနှင့်လည်း သက်ဆိုင်နေကြောင်း သတင်းရ သည်။

ဦးရွှေမန်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်က ဖယ်ရှားခံရတဲ့အပေါ် အမြင်များ


မြန်မာနိုင်ငံ၏ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး)ပါတီတွင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူနေသော သူရ ဦးရွှေမန်းကို သြဂုတ်လ ၁၂ ရက် ညပိုင်းက ရာထူးမှဖြုတ်ချလိုက်ပြီး ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက ပါတီ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည် ခရီးစဉ် ရွှေ့ဆိုင်း


အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သူ သူရ ဦးရွှေမန်းကို ပါတီ ဦးဆောင်မှုကနေ အရေးပေါ် အစည်းအဝေးခေါ် ရာထူးကနေ ဖယ်ရှားလိုက်ပြီးတဲ့ နောက်မှာတော့ သူရ ဦးရွှေမန်းနဲ့ ပုဂ္ဂိုလ်ရေး နီးစပ်သူ လို့ အများက ထင်မြင်ယူဆထားတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း သူမရဲ့ ရှမ်ပြည် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ 

ပြည်ခိုင်ဖြိုး အပြောင်း အလဲအပေါ် နိုင်ငံရေးခေါင်းဆောင်တွေ အမြင်


မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအာဏာရပါတီတွင်း အပြောင်း အလဲတွေကြောင့် ရွေးကောက်ပွဲ အပေါ် သက်ရောက် မှုဖြစ်လာမှာကို နိုင်ငံရေး ပါတီခေါင်းဆောင်တွေက စိုးရိမ်နေပါတယ်။ အဓိက ကတော့ အစိုးရ၊ စစ်တပ်နဲ့ အာဏာရပါတီက တပေါင်းတည်း ဖြစ်နေတာကြောင့် ရွေးကောက်ပွဲကို တရားမျှတပြီး လွတ်လပ်မှုရှိပါမလား ဆိုပြီး စိုးရိမ်တာဖြစ် ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကြံ့ခိုင်ရေး ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ထဲ သူရဦးရွှေမန်း မပါဝင်


ကတည်းက တောက်လျှောက် ပါတီရဲ့ ဥက္ကဌ ဟာ ဦးသိန်းစိန် ဖြစ်ပြီး ဦးရွှေမန်းကို ပူးတွဲ တာဝန် ပေးထား တာသာ ဖြစ်တယ်လို့ ပါတီဗဟိုအတွင်းရေးမှူးသစ် ဖြစ်လာတဲ့ ဦးပိုက်ထွေးက ပြော။ အာဏာရ ပြည်ထောင် စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ သူရဦးရွှေမန်း ကို ပါတီတွင်း ရာထူးက ဖယ်ရှားပြီး တဲ့ နောက် နေပြည်တော်မှာ ပိုပြီးလုံခြုံရေး တင်းကြပ်တဲ့ နေရာမှာ ပြောင်းရွှေ့ထားတယ် ဆိုပြီး သတင်း ရင်းမြစ်တွေ က ဆိုပါတယ်။

ချေးငွေသစ် သဘောတူမှု လက်ခံမလား ဂရိပါလီမန်ထဲ ငြင်းခုံနေ


ဂရိနိုင်ငံ မှာ တတိယ အကြိမ်မြောက် နိုင်ငံတကာ ကြွေးမြီ သစ် တွေ ရရှိ နိုင်ဖို့ လိုက်နာ ဆောင်ရွက် ပေး ရမယ့် အချက် အလက် တွေ ကို အတည်ပြု ပေးရမလား ဆိုတဲ့ အပေါ် ဂရိ ပါလီမန်အတွင်း အပြင်းအထန် ငြင်းခုံ ဆွေးနွေး နေကြပါတယ်။

ဦးရွှေမန်း အဖယ်ရှားခံရတဲ့ အကြောင်းရင်းကို ပါတီတွင်း ရှင်းပြဖို့လို


အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ရဲ့ ခေါင်းဆောင် နေရာ ကနေ သူရ ဦးရွှေမန်း အဖယ်ရှား ခံလိုက် ရတာ ကြောင့် ပါတီ တွင်း စိတ်ဝမ်းကွဲ မှု အထိုက်အလျောက် ရှိ လာနိုင် တယ် ဆိုပြီး ကြံ့ခိုင်ရေးပါတီ ရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး က ပြောလိုက် ပါတယ်။

သျှမ်းရွှေ့ပြောင်းအလုပ်သမားများဦးစီးကျင်းပသည့် ထိုင်းနိုင်ငံအမေနေ့ပွဲ ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်တက်ရောက်



ထိုင်းနိုင်ငံအတွင်းရောက်ရှိသည့် သျှမ်းရွေ့ပြောင်းအလုပ်သမား အချို့ စုပေါင်းဖွဲ့စည်းထားသည့် သျှမ်းမျိုး နွယ်များအဖွဲ့ ကမကထပြုကျင်းပသည့် ထိုင်းနိုင်ငံ အမေများနေ့ပွဲ၌ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် ဇနီးက တက်ရောက် ချီးမြင့်သည်။

ဘာလင် တံတိုင်း တစိတ် တပိုင်း ကန်နိုင်ငံခြားရေးရုံး မှာ ထားရှိ


စစ်အေးကာလ အရှိန်မြင့်တက်ချိန်တုန်းက ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကို အရှေ့နဲ့အနောက် ပိုင်းခြား ထားတဲ့ ဘာလင်တံတိုင်း ရဲ့ အစိတ်အပိုင်းကြီး တခုကို အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့တော်၊ နိုင်ငံခြားရေးဌာန ရှိတဲ့နေရာမှာ ကြာသပတေးနေ့က ရွှေ့ပြောင်း ချထားလိုက်ပါတယ်။

My Blog List