Saturday, July 21, 2012

ရှမ်းပြည်နယ်မှ ထွန်းလင်းတောက်ပလာမည့် ကြယ်တစ်ပွင့်



ယနေ့အချိန်အခါမှာ           ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပါတီစုံဒီမိုကရေစီနိုင်ငံတော်ကြီး ဆီသို့ ရောက်ရှိရန် အတွက် အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းနေပါတယ်။ သဘာဝသယံဇာတတွေ ကြွယ်ဝပေါများလှတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဘာဖြစ်လို့အခုလိုနိမ့်ကျပြီး အဆင်းရဲဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေရတာလဲ၊ ဒီလိုဖြစ်နေတာဟာ စီးပွားရေးပိတ်ဆို့ခံရမှုကြောင့်လား၊ စီးပွားရေးဘာလို့ ပိတ်ဆို့ခံရတာလဲ၊ ဘယ်သူတွေကြောင့်လဲ၊ ဘာကြောင့်လဲ၊ အစိုးရကြောင့်လား၊ ပြည်သူတွေကြောင့်လား၊ ဒါမှမဟုတ် ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်း၊ ဘယ်သူတွေရဲ့လုပ်ရပ်၊ ခံယူချက်/ ရပ်တည်ချက်ကြောင့် အခုလိုဖြစ်နေတာလဲဆိုတာ အဖြေထုတ်ကြည့်ဖို့ မြန်မာနိုင်ငံအတွင်းမှာ မှီတင်း နေထိုင်ကြတဲ့ ပြည်သူလူထု အားလုံးမှာ တာဝန်ရှိပါတယ်။



 

လောင်စာအခက်ခဲဖြေရှင်းရန် ထင်းဥပဒေမူကြမ်းကို PSDP ဥပဒေအကြံပေးပြည်နယ်လွှတ်တော် ထံ တင်ပြထား

ကရင်ပြည်နယ်ရှိ ကျေးရွာနေလူထုများ လိုအပ်နေသည့် လောင်စာအခက်အခဲများကို ဖြေရှင်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း တတ်ရန်အတွက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDPမှ ဥပဒေအကြံပေး စောမင်းအောင်လင်းက ထင်းဥပဒေမူကြမ်းကို ပြည်နယ်လွှတ် တော်ထံသို့ တင်ပြထားသည်ဟု သိရသည်။

မန္တလေး အစိမ်းရောင် လုပ်ငန်းငယ်များ ဖယ်ရှားပြောင်းရွှေ့ခံရ

နယူးဒေလီ (မဇ္ဈိမ)။   ။ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ် သာယာလှပရေး အကောင်အထည်
ဖော်ဆောင်ရွှက်ခဲ့သည့် ပန်းပညာရှင်များ၏ ပျိုးပင်လုပ်ငန်း ဆိုင်ခန်းများအား ဇူလိုင် ၁၉ ရက်နေ့က စည်ပင်မှ စတင် ဖယ်ရှားနေကြောင်း သိရသည်။

ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် စောလွန်းသေးဟု အမေရိကန်သံအမတ်ပြော

ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းဖို့ဆိုတာ အချိန်စောလွန်းသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ်က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲလ် စကားပြောကြားနေစဉ်။
ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ကျင်းပတဲ့ သံအမတ်ကြီးရဲ့ ပထမအကြိမ် သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုတွေဟာ အပြုသဘော ဆောင်ပြီး ပြောင်းလဲမှုတွေကို

မော်လမြိုင်နှင့် ဘားအံဆေးရုံတွင် သွေးလွန်တုတ်ကွေးရောဂါ ကုတင်မဆံ့

သွေးလွန်တုတ်ကွေးရောဂါ ကူးစက်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင် ကလေးအထူးကု
ဆေးရုံနှင့် ကရင်ပြည်နယ် ဆေးရုံကြီးတွင် ကလေးငယ် ၅၀၀ ကျော် တက်ရောက်ကုသမှု ခံယူနေရကြောင်း မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ပြောသည်။

ကုတင် ၅၀၀ ဆံ့ မော်လမြိုင် ကလေးအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူသည့် ကလေးများမှာ ကုတင်မလောက်အောင် များပြားကြောင်း ဆေးရုံသို့ လူနာကြည့် သွားရောက်ခဲ့သည့် မုဒုံမြို့နယ်မှ အမျိုးသမီး တဦးက

စစ်ပြေးဒုက္ခသည်များကို အမေရိကန် ဆန်ကူညီမည်



 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက် မစ်ချယ်ကို ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ရှမ်းပြည် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၅၅၀၀၀ အတွက် အမေရိကန်အစိုးရက ဆန် ၆ လစာ ထောက်ပံ့သွားမည် ဖြစ်ကြောင်း အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ် (Mr. Derek J. Mitchell) က ယနေ့ ပြောသည်။

သမ္မတ ဦးသိန်းစိန်ကို ထိုင်းသတင်းစာက ပြင်းထန်စွာ ဝေဖန်

မြန်မာသမ္မတ ဦးသိန်းစိန် ဇူလိုင်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးဖိုရမ်တွင် မိန့်ခွန်း ပြောကြားနေစဉ်

 မြန်မာသမ္မတ ဦးသိန်းစိန်သည် ဇွန်လ အတွင်းက သူ၏ ထိုင်းနိုင်ငံ ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့် တနင်္ဂနွေနေ့တွင် သုံးရက်ကြာ ထိုင်းနိုင်ငံ ခရီးစဉ်ကို စတင်မည် ဖြစ်သည်။ ထိုစဉ်တွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများနှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်၏ မကြာသေးခင်က မှတ်ချက်များကိုသောကြာနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာ့ အာဘော်က ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းဖြင့် မြန်မာသမ္မတ ခရီးစဉ်အား ကြိုဆိုလိုက်သည်။

လွှတ်တော်အမတ်ပိုင် ကုမ္ပဏီရှေ့တွင် လယ်သမားများ ဆန္ဒထုတ်ဖော်

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွာ ၉ ရွာက လယ်ဧက သောင်းချီ အသိမ်းခံထားရတဲ့ လယ်သမား တထောင်ကျော် ထဲက လယ်သ မား ၃၀၀ နီးပါးဟာ သူတို့လယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်သမားအခွင့်အရေး ရရှိရေးတို့အတွက် လယ်မြေသိမ်းယူ ထားတဲ့ ကုမ္ပဏီ ၁၆ ခုထဲက တခုဖြစ်တဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီရုံးရှေ့မှာ ဒီနေ့ စုရုံး ဆန္ဒပြခဲ့ပါတယ်။

ဒဏ်ခတ်မှုရုပ်သိမ်းရေး ပြုပြင်ရေးအပေါ် မူတည်

ပထမဆုံးသံအမတ် ရန်ကုန် အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂။)

မြန်မာနိုင်ငံ အပေါ် ကုန်သွယ်ရေး ပိတ်ဆို့အရေး ယူမှုကို နောက်ထပ် သုံးနှစ်သက် တမ်းတိုးဖို့ အမေရိကန် အထက် လွှတ်တော် ဘဏ္ဍာရေးကော် မတီက ဗုဒ္ဓဟူးနေ့တုန်းက မဲခွဲဆုံးဖြတ် ခဲ့ပေမဲ့ လို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တိုးတက် မှုဖြစ်စဉ်တွေ ကိုကြည့်ပြီးတော့ အမေရိကန်က ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုတွေကို ချက်ခြင်းဖယ် ရှားပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်

အမေရိကန်ရုပ်ရှင်ပစ်ခတ်မှု ၁၂ဦးသေဆုံး

လွှတ်တော်အမတ်ပိုင် ကုမ္ပဏီရှေ့တွင် လယ်သမားများ ဆန္ဒထုတ်ဖော်

ငြိမ်းငြိမ်း

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရွာ ၉ ရွာက လယ်ဧက သောင်းချီ အသိမ်းခံထားရတဲ့ လယ်သမား တထောင်ကျော် ထဲက လယ်သ မား ၃၀၀ နီးပါးဟာ သူတို့လယ်ယာမြေ ပြန်လည်ရရှိရေး၊ လယ်သမားအခွင့်အရေး ရရှိရေးတို့အတွက် လယ်မြေသိမ်းယူ ထားတဲ့ ကုမ္ပဏီ ၁၆ ခုထဲက တခုဖြစ်တဲ့ ပင်လယ်ကိုးသွယ်ကုမ္ပဏီရုံးရှေ့မှာ ဒီနေ့ စုရုံး ဆန္ဒပြခဲ့ပါတယ်။

(၂၁-၇-၂၀၁၂ - နံနက်ပိုင်း) သတင်းများ


- ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းရန် စောလွန်းသေးဟု အမေရိကန်သံအမတ် ပြော click
- ဒဏ်ခတ်မှု ရုပ်သိမ်းရေး ပြုပြင်ရေးအပေါ် မူတည် click
- အမေရိကန်က မြန်မာဒုက္ခသည်တွေအတွက် ဒေါ်လာ ၃ သန်း လှူ click
- သမ္မတ ဦးသိန်းစိန် ၂၂ ရက်နေ့ ထိုင်းကို သွားမယ် click
- ၁ဝ ပါတီ ခေါင်းဆောင်များ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး (ရုပ်သံ) click
- ပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ထံ အိတ်ဖွင့်ပေးစာ click
- ကာကွယ်ရေးဦးစီးချုပ် အိန္ဒိယနိုင်ငံကို သွားမည် click
- ရွာသာကြီးမှာ လယ်သမား ၃၀၀ ကျော် ဆန္ဒပြ click
- နယ်စည်းမထား အဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံနေရဆဲ click
- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ရိုဟင်ဂျာအရေး ဝေဖန် click
- ဆရာတော် ၀ီရသူနှင့် ရခိုင်ကုသိုလ်ခရီးစဉ် click
- ၁၉၈၂ ခုနှစ်က ပြဌာန်းခဲ့တဲ့ နိုင်ငံသားဥပဒေကို ပြင်ဖို့ လိုအပ်သလား မလိုအပ်ဖူးလား (အသံ) click
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနား (ရုပ်သံ) click
- အာဇာနည်နေ့မှာ အများပြည်သူအတွက် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ပြန်လည်ဖွင့်လှစ် (ရုပ်သံ) click
- ရှပ်ပြေးယာဉ် နစ်မြုပ်၊ လူ ၅၀ ပျောက်ဆုံးနေ click
- ဗန်းမော် ရှပ်ပြေးယာဉ် တိမ်းမှောက်၊ ၃၀ ခန့် ပျောက်ဆုံး click
- စစ်တွေမှာ ART ဆေးဝါး ပြတ်လပ် click
- မော်လမြိုင်နှင့် ဘားအံဆေးရုံတွင် သွေးလွန်တုပ်ကွေးရောဂါ ကုတင်မဆံ့ click


Friday, July 20, 2012

ခွပ်ဒေါင်းခေါင်းစည်း၊ ဗိုလ်ချုပ်ဓာတ်ပုံနဲ့ မြန်မာ့ တပ်မတော်သား

ဓာတ်ပုံ- လူငယ်လေး တဦး
ယမန်နေ့က ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားဟာ ထူးခြားမှုတွေ များစွာရှိခဲ့ ပါတယ်။ နှစ်ပေါင်း ၂၀ ကျော်ကြာ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ အာဇာနည်နေ့အခမ်းအနား ကို နိုင်ငံတော် ရဲ့ ဒုတိယ အကြီးဆုံးဖြစ်တဲ့ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက်ကာ လွမ်းသူ့ ပန်းခွေချ အလေးပြုခဲ့ပါတယ်။

ကွန်ဂရက် ရွှေတံဆိပ် ဆု ကို အမေရိကန် ခရီးစဉ်မှာ ဒေါ်စု လက္ခံမည်


Aung San Suu Kyi
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ နှင့် ပြည်ထောင်စုလွှတ်တော် အမတ် ဒေါ်အောင်ဆန်းစု
ကြည်ဒေါ်အောင်ဆန်းစုကြည် ရဲ့ စက်တင်ဘာလ အမေရိကန် ခရီးစဉ် မှာ   အမေရိကန်လွှ
တ်တော်က ၂၀၀၈ ခုနှစ်မှာ ပေး အပ် ချီးမြှုင့် ခဲ့ တဲ့ ကွန်ဂရက် ရွှေတံဆိပ်ဆု ကို တက်ရောက်
လက္ခံ ရယူ မှာ ဖြစ်တယ် လို့  ၀ါရှင်တန် က လာတဲ့ AP သတင်း မှာ ဖော်ပြထား ပါတယ်။
ဒီဆု ကို ကွန်ဂရက် မှာ စက်တင် ဘာလ ၁၉ ရက်နေ့  ကျ ရင် အခမ်း အနား နဲ့  ပေး အပ် မှာဖြစ်
တယ်လို့  ဖော် ပြထား ပါတယ်။

ဗန်းမော်-ကသာသွား ရှပ်ပြေးရေယာဉ်တစ်စင်း တာပိန်မြစ်အတွင်း ယနေ့ နံနက်ပိုင်းတွင် တိမ်းမှောက်မှုဖြစ်ပွား


ပညာရေးဝန်ထမ်းတဦးမှ နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အကြံပြု အိတ်ဖွင့်ပေးစာ.



ကချင်ပြည်နယ်အရေး ကချင်အမတ်များ စပြောသင့်ဟု KIO ဆို

ကချင်စစ်ပြေး ဒုက္ခသည်များ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)
လွှတ်တော်အတွင်း ရောက်ရှိနေသော ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ကချင်ပြည်နယ်တွင်း တိုက်ပွဲများနှင့်ပတ်သက်၍ ခေါင်းစဉ်တခု တင်သွင်းကာ ဆွေးနွေးသင့်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။
ဆက်လက်၍ ၎င်းက ကချင်ပြည်နယ် မတည်ငြိမ်သည့် ကိစ္စနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှု နည်းပါးနေသည် ဆိုသည့် ဝေဖန်မှုများ ရှိနေကြောင်း၊ သို့သော်

မြန်မာပြည်ကို ချောင်းပေါက်အောင် ရောက်တဲ့ အမေရိကန်ပါမောက္ခ

Dr. Karl Jackson (ဓာတ်ပုံ - www.sais-jhu.edu)

ဗုဒ္ဓဟူးနေ့က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ခဲ့တဲ့ အမေရိကန်ပါမောက္ခ Dr. Karl Jackson ရဲ့ မြန်မာပြည် ခရီးဟာ ၂ နှစ်အတွင်း သူ့ရဲ့ ဆယ်ကြိမ်မြောက် ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

မြန်မာ့ဘောလုံး သွေးသစ်လောင်းပြီး ပြန်လာပြီ


၂၀၁၁ ဆီးဂိမ်း ပြိုင်ပွဲမှာ ဗီယက်နမ် ကို ၄-၁ ဂိုးနဲ့ အနိုင်ရလို့ ကြေးတံဆိပ်ဆု ရခဲ့တဲ့ အသက်၂၃ နှစ်အောက် မြန်မာ ဘော လုံး အသင်း (ဓာတ်ပုံ – Getty Images)
သယံဇာတ အများအပြား ထွက်တယ်လို့ လူသိများတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာမထင်ပေါ်နိုင်ပဲ ငုပ်လျှိုးနေခဲ့တာကြာပါပြီ။ “မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”လို့ ဆောင်ပုဒ်ရှိပေမယ့် ယခုအချိန်ထိ အာရှအဆင့်ပွဲတွေ ရောက်ဖို့တောင် အရှိန် ယူနေဆဲပါ။

မြန်မာနိုင်ငံအတွင်း အချို့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်ထက်နည်းပါး

မြန်မာနိုင်ငံအတွင်း အချို့ဒေသတွေမှာ မိုးရွာသွန်းမှု ပုံမှန်ထက်နည်းပါးပြီး တောင်သူလယ်သမားများ ဒုက္ခရောက်နေကြပါတယ်။ မိုးဦးကျမှာသီးနှံများစိုက်ပျိုးထားပြီး မိုးရွာသွန်းမှုနည်းနေတာကြောင့် သီးနှံပင်များညှိုးနွမ်းကာ ပျက်စီးမယ့်အနေအထားရှိတယ်လို့သိရပါတယ်။ ရှမ်းပြည်တောင်ပိုင်းဘက်မှာလည်း တစ်ချို့တောင်သူတွေဟာ စပါးပျိုးများချထားပြီး မိုးခေါင်မှုကြောင့် အခုထိ လယ်ယာစိုက်ပျိုးနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်။ ဒါ့ကြောင့် တောင်သူလယ်သမားတွေ အနေနဲ့ မိုးလေဝသအခြေအနေပေါ်မူတည်ပြီး ၀င်ငွေရမဲ့သီးနှံတွေကို အစားထိုးစိုက်ပျိုးဖို့ လယ်ယာစိုက်ပျိုးရေးနဲ့

ချင်းတွင်းမြစ်ရေဟာ နောက် ၄၈ နာရီအတွင်း ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာကို ရောက်မည်

ချင်းတွင်းမြစ်ရေဟာ နောက် ၄၈ နာရီအတွင်း ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၂၉၀၀ စင်တီမီတာကို ရောက်ရှိမဲ့ အကြောင်း မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားရေးမှုး ဦးစီးဌာနက သတိပေးထားပါတယ်။ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်တိုင်းထွာခ

UNHCR မှ သမ္မတ ဦးသိန်းစိန် တိုက်တွန်းချက်ကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန် ဂျပန်တွင် တောင်းဆို

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အနေဖြင့်  သမ္မတ ဦးသိန်းစိန်မှ တိုက်တွန်းချက်ကို လက်ခံပြီး လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း တောင်းဆိုသော ဆန္ဒပြပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ နိုင်ငံသားများက ယခုလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သည်။


ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊

 ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောကြားမကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆိုသော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည် ဖြစ်ကြောင်း အာဏာရ

“အရှင် ၀ိရသူရဲ့ ရခိုင်ကူညီရေး ခရီးစဉ်”





မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ ၊ မစိုးရိမ်) ဟာ ဇူလိုင်လ ၁၃ ရက်နေ့ စစ်တွေမှ တဆင့် မောင်းတောမြို့ကို ရောက်ခဲ့ပြီး ဒုက္ခသည် စခန်းတွေကို သွားရောက် ကူညီခဲ့တဲ့ မှတ်တမ်းပုံတချို့ပါ။

အဆိုပါ မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှာ တည်းခိုခဲ့ကြပြီး မေတ္တာရှင် ဖောင်ဒေးရှင်းအဖွဲ့လည်း လိုက်ပါခဲ့ရာ ဇူလှိုင် ၁၄-ရက်နေ့မှာ မောင်တောမြို့ အထက (၁) ဒုက္ခသည် စခန်းကို ရောက်ရှိခဲ့ပြီး ဒုက္ခသည် စခန်းရှိ အိမ်ထောင်စု ၆၁-စု ကို တစ်စုလျှင် တစ်သောင်း ကျပ်စီ ထောက်ပံ့ ခဲ့ကြသည့်အပြင် ထမင်းချက် ဒန်အိုးကြီး ရှစ်လုံးအတွက် လိုအပ်သည့်ငွေကြေးများ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးပါတီလည်း မဆလ ပါတီလိုဘဲ အထက်ကိုတိုင်တဲ့စာ ဖင်ခုထိုင်ဟုဆို

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကြံ့ခိုင်ရေး  ပါတီဝင် တစ်ဦးမှ မြို့နယ် ကော်မီတီ နေရာတွင် ၎င်းအားချန်လှပ်ပြီး တစ်ခြားသူ တစ်ဦးကို ငွေကြေး ရယူပြီး လူစားသွင်းထားသည်ကို ၂၀၁၂ ခုနှစ် မတ်လကပင် အထက်တာဝန်ရှိသူများအား တိုင်ကြားသော်လည်း စာကို အထက်ကို မတင်ပြဘဲ ဖင်ခုထိုင်ထားသည်ဟု ပြောဆိုသည်။

စာရေးတိုင်ကြားသူမှာ ပုဏ္ဍားကျွန်းမြို့မှ  ကြံ့ခိုင်ရေး ပါတီမှ အမာခံ ပါတီဝင် တစ်ဦးဖြစ်သူ ဦးစံလှအောင်သား မောင်ကျော်နိုင် ဆိုသူ ဖြစ်သည်။
ပုဏ္ဍားကျွန်းမြို့နယ် ကြံ့ခိုင်ရေး ပါတီ တာဝန်ရှိသူများ ဖြစ်ကြသည့် ဦးသာထွန်းအေးနှင့် ဦးမြင့်စိုးဝင်းတို့သည်
ဦးမောင်ကျော်နိုင် အမည်အား မြို့နယ် ကော်မီစာရင်းတွင် ထည့်သွင်ထားသော်လည်း တာဝန်ခန့်အပ်သော အခါ ပုဏ္ဍားကျွန်းမြို့နယ် အလယ်ချောင်းကျေးရွာမှ ဦးမောင်ကျော်နိုင်ဆိုသူအား သူ့အစား ခန့်အပ်တာ ၀န်ပေးထားသည်ဟု ဆိုသည်။

တရုတ်ဖိအားကြောင့် အာဆီယံစိတ်ဝမ်းကွဲ

 
ဒေသတွင်း တရုတ် အစိုးရ သြဇာ ကြီးထွား လာနေတာကြောင့် တောင်တရုတ် ပင်လယ် အငြင်းပွားမှုမှာ အာဆီယံကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာစေပါတယ်။
ဒေသတွင်းမှာ တရုတ်အစိုးရရဲ့  သြဇာပိုပြီးကြီး ထွားလာနေ တာကြောင့် တောင်တရုတ် ပင်လယ်အတွင်း နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှနိုင်ငံတွေက တစုတစည်း တည်းဖြေရှင်းဖို့ လုပ်ဆောင်နေ တာဟာ ပိုပြီးတော့ ရှုပ်ထွေးလာခဲ့တယ်လို့ အကဲခတ်တွေက ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ ၁၀ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဟာ ပြီးခဲ့တဲ့တပတ်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်း အဝေးမှာ ပူးတွဲကြေငြာချက်ထုတ်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဟာ နှစ်ပေါင်း ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် ပူးတွဲကြေငြာချက်ထုတ်ပြန်နိုင်ခဲ့ခြင်း မရှိခဲ့တာဖြစ်ပြီး နယ်မြေ အငြင်း ပွားမှုပြဿနာနဲ့ ပတ်သက်ပြီးတော့ သဘောထားတွေကွဲပြားနေတယ် ဆိုတာကို ပြသလိုက်ပါတယ်။

အသက်မပြည့်မီ စစ်တပ်သို့ ရောင်းစားခံရသူ လွတ်မြောက်


စစ်တပ်သို့ ရောင်းစားခံရသူ မောင်ရဲမင်းဦး (ဓာတ်ပုံ – ဧရာဝတီ)
အသက် ၁၆ နှစ်အရွယ်က မြန်မာစစ်တပ်တွင်းသို့ အဓမ္မ ရောင်းစားခံခဲ့ရသည့် လူငယ်တဦး ၎င်းတပ်တွင်းမှ  ပြန်လည် ထွက်ပြေး လွတ်မြောက်လာခဲ့ကြောင်း စုံစမ်း သိရှိရသည်။
မောင်ရဲမင်းဦး အမည်ရှိ အဆိုပါ လူငယ်သည် လွန်ခဲ့သည့် ၁ လခန့်မှ စတင်ပြီး ၎င်း တာဝန်ထမ်းဆောင်နေသည့် မိုင်းဖြတ်မြို့ ခမရ ၅၇၀ မှ ထွက်ပြေး လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတပ်တွင် အသက် ၁၆ နှစ်အရွယ်မှ စတင်၍ ၄ နှစ်ကြာ တာဝန် ထမ်းဆောင် ခဲ့သော်လည်း မိသားစုများနှင့် ဆက်သွယ်ခွင့် မပေးခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
‘‘ကျနော့်အသက် ၁၆ နှစ်မှာ ဗိုလ်ကျော်ဆိုတဲ့လူက အလုပ်ပေးမယ်၊ လစာလည်း ရမယ်ဆိုလို့ သူခေါ်တဲ့နေရာကို လိုက်လာ ခဲ့တာပါ။ ကျိုင်းတုံမြို့ကို ရောက်တော့ စစ်တပ်ဝန်းထဲမှာ နေရတယ်။ ပထမ ၂ လက ကျိုင်းတုံမြို့ ဘုန်းကြီးကျောင်းမှာ ပန်းရန် လုပ်ရတယ်။ နောက်တော့ ဗိုလ်ကျော်က ကျနော့်ကို မင်းစစ်သားဖြစ်ပြီ၊ စစ်သင်တန်း တက်ရမယ်လို့ ပြောတယ်။ ကျနော်က ငြင်းတော့ ဖမ်းမယ်ဆီးမယ်တွေ လုပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာအစိုးရစစ်တပ်မှ KIO အရာရှိ ၂ ဦးအား ဖမ်းဆီး


ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အနီး တောင်ဘက် ဟူးကပ်ကျေးရွာရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ အရပ်ဘက် အုပ်ချုပ်ရေးအရာရှိ ၁ ဦးနှင့် စစ်ဘက် ဗိုလ်ကြီး ၁ဦးကို မြန်မာအစိုးရစစ်တပ်မှ ဇူလိုင် ၁၆၊ တနင်္လာနေ့က ဖမ်းဆီးလိုက်ကြောင်းသိရှိရသည်။

ကချင်လွပ်မြောက်ရေးတပ်ဖွဲ့ KIA တပ်ရင်း (၅)နယ်မြေမှ  မိုးကောင်းတိုက်နယ်ခွဲ ဒု-အုပ်ချုပ်ရေးအရာရှိ ဂွမ်ဘားစင်ရောင်နှင့် ဗိုလ်ကြီး ဒဘန်ခွန်းဆိုင်း တို့နှစ်ဦးကို ဟူးကပ်ကျေးရွာတွင်း သွားလာနေချိန် မြန်မာအစိုးရတပ် ခလရ (၃၇) မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

“အဲဒီနေရာက သူ့ရဲ့ စစ်ဆင်ရေး နေရာဖြစ်တယ်။ စစ်ရေးစီမံခန့်ခွဲမှုအရ ဆန်နဲ့ပတ်သက်တဲ့ကိစ္စတွေ သွားလုပ် ပေးတဲ့ချိန်မှာဟုတ်တယ်။ သွားတာက သူတို့ ၃ ယောက်ဟုတ်တယ်တဲ့။ ၁ ယောက်က လွှတ်သွားတာတဲ့။ မိုးကောင်းတိုက်နယ်ခွဲ ဒု-အုပ်ချုပ်ရေးအရာရှိ ဂွမ်ဘားစင်ရောင်ရဲ့ ကိုယ်ရံတော် (PA) က လွှတ်မြောက်လာတယ်” ဟု KIA အရာရှိ ပြောသည်။

မျဉ်းပြိုင်ဖြစ်နေသော UNFC ၏ တပြေးညီ ဖြစ်ရေး ပေါ်လစီ

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပြေးညီ ပေါ်လစီ ဖြစ်လာရေးသည် ဆန့်ကျင်ဖက် သဘောထား နှစ်မျိုးကြောင့် မျဉ်းပိုင်ဖြစ်နေရပီး အစိုးရနှင့် ဆွေးနွေးရာမှာ တပြေးညီဖြစ်မှာ မဟုတ်ဟု UNFC အရာရှိ တဦးက ပြောပါသည်။ 
ကေအန်ယူကတော့ အစိုးရနဲ့ ရထားတဲ့ ပဏာမ အပစ်အခတ် ရပ်စဲရေး အခြေအနေကနေ ပိုပီး ခိုင်မာလာအောင် ကြိုးစား သွားဖို့ လိုအပ်တယ်လို့ သဘောထားပါတယ်။ ကေအိုင်အေ ဖက်ကတော့ အစိုးရဖက်က စစ်ဆင်ရေးရပ်မယ်၊ တပ်တွေကို ဆုတ်ပေးမယ်ဆိုရင်တော့  အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ဟာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုတော့ အပစ်ရပ်ဖို့တောင် မလွယ်တဲ့ အခြေအနေကို ဖြစ်နေတော့ UNFC ရဲ့ တပြေးညီ ပေါ်လစီဟာ မျဉ်းပြိုင်ဖြစ်လာနေပါတယ် ဟု ဆိုပါသည်။
UNFC အဖွဲ့ထဲ၌ အစိုးရနှင့် အပစ်ရပ်စဲထားသည့် အဖွဲ့ () ဖွဲ့ရှိပြီး အပစ်မရပ် ရသေးသည့် အဖွဲ့သည် () ဖွဲ့ ရှိသည်။ သို့သော် SSPP သည် အစိုးရနှင့်အ ပစ်အခတ်ရပ်စဲထားသော်လည်း မကြာခဏတိုက်ပွဲ ပြန်ဖြစ်ပွားသည်လည်း ရှိပါသည်။ ဤအခြေ အနေကြောင့် အားလုံး အပစ်ရပ်ဖို့ အခက်အခဲရှိနေသလို အားလုံးပြန်တိုက်ရန်လည်း ခက်ခဲနေပါသည်။ ဤသို့ကြောင့် UNFC တပြေးညီ ပေါ်လစီသည်၊ အပစ်အခတ် ရပ်စဲရေးမှတဆင့် အစိုးရနှင့် ငြိမ်းချမ်းရေးစကား ဆွေးနွေးရန် မဖြစ်နိုင်တော့ပေ။
ယမာန်နေ့က ပီးဆုံးသွားသော UNFC () လပတ် ထိပ်သီး အစည်းအဝေးတွင် ကချင်ပြည် လွတ်မြောက်ရေး ပါတီမှ KIO ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး အန်ဘန်လအောင်၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာနှင့် အဖွဲ့ဝင် () ဦး တက်ရောက်ခဲ့ ပါသည်။ ကေအန်ယူ ဖက်ကတော့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ ပဒိုဒေးဗစ်တာကပေါအပါဝင် ကိုယ်စားလှယ် () ဦး တက်ရောက်ခဲ့ပါသည်။
 ထိုအစည်းအဝေးသို့ UNFC အဖွဲ့ဝင် (၁၁) ဖွဲ့မှ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြပြီး တပြေးညီ ပေါ်လစီအပေါ် သဘောထား ကွဲလွဲမှုကြောင့် အစည်းအဝေးသည်၊ တဖွဲ့ချင်း၏ အခြေအနေကို ပြန်လည် စုပေါင်း သုံးသပ်သော အစည်းအ ဝေးဖြစ်သွားခဲ့ပါသည်။
ထို့အပြင် UNFC ထံသို့ သမ္မတ ဦးသိန်းစိန် အကြံပေး အဖွဲ့ဝင်တဦး၏ လက်နက်ကိုင် အဖွဲ့ဝင် အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးပွဲမျိုး တာဝန်ယူပေးရန် သွေးစည်းညီ ညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဥက္ကဌထံ ဆက် သွယ်ခဲ့ပါသည်။ ဤကမ်းလှမ်းမှုကိုလည်း UNFC က လက်ခံထားပြီး သမ္မတထံ အကြောင်းပြန်ကြား ခဲ့သည်ဟု UNFC အဖွဲ့ ပြန်ကြားရေး အရာရှိတဦးကဆိုပါသည်။
ဒီလိုပါ သမ္မတ အကြံပေးပြောတာက အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပေါင်းအဖွဲ့ (၂၀) လောက်နဲ့ တွေ့ ဆုံဆွေးနွေးဖို့ UNFC က တာဝန်ယူပေးနိုင်မလား ဆိုတာကို ကမ်းလှမ်းတာပါ။ UNFC ကလည်း လက်ခံတယ်လို့ ဒီရက်ပိုင်း မှာဘဲ အင်္ဂလန် ပဋ္ဋိပက္ခဖြေရှင်း အဖွဲ့တခုကနေတဆင့် အကြောင်းပြန်ကြားလိုက်တယ်လေ။ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာကိုတော့ သမ္မတဖက်က အကြောင်းပြန်မှ သိရတော့မယ်လေဟု ဆိုပါသည်။ 
UNFC_02_900
UNFC ဆွေးနွေးပွဲ တစ်ခုအား တွေ့ရစည် (ဓါတ်ပုံ - SHAN)

မြန်မာပြည်တလွှား အာဇာနည်နေ့ အခမ်းအနား



ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်၊ မန္တလေးမြို့ မနော်ရမံ္မဥယျာဉ်
သုံးခွ၊ သံလျင်
(ဓာတ်ပုံ - ဂျေပိုင်)

ရန်ကုန်တိုင်း သုံးခွ၊ သံလျင်မြို့နယ်များသို့ သွားရောက်သော ၈၈ မျိုးဆက် ခေါင်းဆောင်များ

၈၈ ရဲ့ ယနေ့ အာဇာနည်နေ့ လှုပ်ရှားမှုများ

အာဇာနည်ကုန်းမှ အပြန် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗကသ၊ တကသ ကျောင်းသားများနှင့် အတူ စုပေါင်း ဓာတ်ပုံရိုက်ကြစဉ်

ယခုနှစ် ကျရောက်တဲ့ ၆၅ နှစ်မြောက် အာဇာနည်နေ့ နံနက်ပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျာဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်တိုင်း သုံးခွမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။

ကိုမင်းကိုနိုင်နှင့် ကိုမင်းဇေယျာတို့ သုံးခွတွင် ဟောပြောနေကြပုံများ ၊ ဓာတ်ပုံများ - ၈၈

ကိုကိုကြီး နဲ့ ကိုဌေးကြွယ်တို့ ဦးဆောင်တဲ့ အဖွဲ့က ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း


ကာတွန်း - ဟတ်ကော့
www.facebook.com/cartoonhatt.kawt

မြန်မာသံရုံးကို ဖုန်းဆက်မယ် ဆိုရင်



နိုင်ငံခြားရေးဌာန စာမျက်နှာမှာ တွေ့ရတဲ့ ဘန်ကောက်သံရုံးဖုန်းနံပါတ်များ

ဘန်ကောက် မြန်မာသံရုံးကို ဖုန်းဆက်မယ် ဆိုရင် သက်ပြင်းချပြီးမှ ဆက်ရပါတယ်။
ဖုန်းကိုင်မှာ မဟုတ်ဘူး ဆိုပြီး ကြိုတင် ရင်မောရတဲ့အတွက် သက်ပြင်းချရတာပါ။
ဘယ်နံပါတ် ဆက်ဆက် ဖုန်းမြည်သံပဲ ကြားနေရတယ်၊ ပြန်ဖြေသံ ကြားရဖို့တော့ အင်မတန် ရာခိုင်နှုန်း နည်းပါလိမ့်မယ်။

မကြာသေးခင်က ဘန်ကောက်က ဖြစ်ရပ်တခုအကြောင်း ဧရာဝတီမှာ သတင်းတပုဒ် ရေးတော့ "သံရုံးက တာဝန်မယူပေးဘူး" ဆိုတဲ့ မြန်မာပြည်သား တယောက်ရဲ့ စကားကို ကိုးကားထားပါတယ်။

သတင်း ဖော်ပြပြီး မိနစ်ပိုင်းအတွင်းမှာပဲ သံအရာရှိကြီးတယောက်က ဧရာဝတီကို ဖုန်းဆက် ဆက်သွယ်ပါတော့တယ်။

Thursday, July 19, 2012

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ နိုင်ငံအဝန်းကျင်းပ


အစိုးရဝန်ကြီးဌာနများ ရုံးစိုက်ရာ နေပြည်တော်တွင် ၂၀၀၆ ခုနှစ် မြို့တည်ထောင် ပြီးသည့် အချိန်မှစ၍ ယခုနှစ်တွင် ပထမဆုံးအကြိမ် အဖြစ် အာဇာနည်နေ့ အခမ်းအနား ကျင်းပကြောင်း သတင်းရရှိသည်။
နိုင်ငံတော် သမ္မတ ကိုယ်စား နေပြည်တော် ကောင်စီ၏ စီမံမှုဖြင့် မြို့တော်ခန်းမနှင့် နေပြည်တော်ရှိ မြို့နယ် အုပ်ချုပ်ရေး ရုံးများတွင် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင် ကြီးများကို အလေးပြုခြင်းနှင့် ရည်စူး ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
နေပြည်တော် မြို့တော် ခန်းမတွင် ကျင်းပသော အခမ်းအနားကို မြို့ပေါ်ရှိ သက်ဆိုင်ရာ အစိုးရ ဝန်ကြီးဌာနများမှ အရာရှိ ကြီးများ အပါအဝင် ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များနှင့် ကြံ့ခိုင်ရေးပါတီ အမတ်များ တက်ရောက်ကြကြောင်း သိရသည်။

နောက်ကြည့်မှန်ကို ရုပ်ရှင်ရိုက်မည်


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၏ နောက်ကြည့်မှန် လုံးချင်းဝတ္တုကို ရုပ်ရှင်ရိုက်ကူးရန် ဝယ်ယူလိုက်ကြောင်း ဒါရိုက်တာ ဝင်းထွန်းထွန်းက ယမန်နေ့က အတည်ပြု ပြောကြားသည်။ နောက်ကြည့်မှန် ဝတ္တုကို ထိုင်းနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ဝေခဲ့ဖူးပြီး ထိုစဉ်ကတည်းက ဒါရိုက်တာ ချိုတူးဇော်က ရုပ်ရှင်ရိုက်ကူးရန် ကမ်းလှမ်းဖူးကြောင်း၊

ရိုဟင်ဂျာများ ပြန်ခေါ်ယူရန် မြန်မာကို ဘင်္ဂလားဒေ့ရှ် ပြော


သိန်းနှင့် ချီနေသော ရိုဟင်ဂျာ ဒုက္ခသည်များကို ပြန်လည်ခေါ်ယူရန် မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားဝန်ကြီး ဒီပူ မိုနီက ယမန်နေ့တွင် ခေါ်ယူပြောဆိုကြောင်း သိရသည်။ ရိုဟင်ဂျာများသည် မြန်မာပြည်မှ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြန်လည် ခေါ်ယူသင့်ကြောင်း ဒီပူ မိုနီက ပြောဆိုသည်ဟု ဒါကာမှလာသော သတင်းများက ဖော်ပြသည်။  

မြန်မာ့သွင်းကုန် တားမြစ်မှု ဆီးနိတ်ကော်မတီက သက်တမ်းတိုးလို


သွင်းကုန် တားမြစ်မှု ဥပဒေ အသက် မ၀င်ခင် ၂၀၀၂ ခုနှစ်အထိ အမေရိကန်သို့ မြန်မာနိုင်ငံက အမေရိကန် ဒေါ်လာ ၃၅၆.၄ သန်း တန်ဖိုး ရှိ အ၀တ်အထည်နှင့် ကုန်ပစ္စည်းများ တင်သွင်းခဲ့သည် (ဓာတ်ပုံ – Reuters)
အမေရိကန် အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီက မြန်မာနိုင်ငံမှ ကုန်ပစ္စည်း တင်သွင်းခြင်းကို တားမြစ်သည့် အရေးယူမှု နောက်ထပ် သက်တမ်း ၃ နှစ် ထပ်တိုးရန် ဆန္ဒမဲပေးလိုက်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်ရန်အတွက် ဆက်လက် ဖိအားပေးသည့်အနေဖြင့် ဥပဒေအရ ဆက်လက်ထားရှိသော သဘောဖြစ်ကြောင်း အထက်လွှတ်တော် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ Max Baucus က ပြောသည်။
မြန်မာ့သွင်းကုန်များ ကန့်သတ်မှုကို ၂၀၀၃ ခုနှစ်က ပထမဆုံးအကြိမ် ဥပဒေပြု ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယခုလကုန်တွင် အဆိုပါ ဥပဒေသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သဖြင့် ယခုကဲ့သို့ သက်တမ်းတိုးရန် လုပ်ဆောင်ခြင်းဖြစ်သည်။

ကချင် ငြိမ်းချမ်းရေး နှောင့်နှေးရခြင်း တရုတ်နှင့် မဆိုင်ဟုဆို

ကချင်ဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး အပစ်ရပ်ရန် ကိစ္စ နှောင့်နှေးခက်ခဲ နေရခြင်းမှာ အများထင်ကြေး ပေးသကဲ့သို့ တရုတ်သြဇာ သက်ရောက်မှုကြောင့် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
pp-sniviarp
ရခိုင်ပြည်နယ် ကျောက်ဖြူ ဒေသနှင့် တရုတ်နိုင်ငံ ကူမင်း မြို့သို့ သွယ်တန်းထားသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးအရ တရုတ် အကျိုးစီးပွား ကာကွယ်လိုသောကြောင့် မြန်မာ့တပ်မတော်က KIA ကို တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုနေကြခြင်းမှာ အခြေအနေ တခုတည်းကိုသာ ကြည့်ပြီး ဝေဖန်ကြခြင်း ဖြစ်ကြောင်း၊ ယင်းအချက်မှာ ယုတ္တိ မရှိကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံတနိုင်ငံက တနိုင်ငံအပေါ် သြဇာလွှမ်းဖို့ဆိုတာ အတော်ခက်ပါတယ်။ နိုင်ငံမပြောနဲ့ ကျနော်တို့လို အဖွဲ့အစည်း ကိုတောင် သြဇာသက်ရောက်ဖို့ ခက်ပါတယ်” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးက ပြန်လည်စစ်ဆေးရမည့် ညပိုင်းဖုန်းခေါ်ဆိုခ နှုန်းထားများ

 ဖုန်းဘီလ်စနစ်မှ ငွေဖြည့်ကဒ်စနစ်သို့ ပြောင်းလဲအသုံးပြုနေသော မိုဘိုင်းဖုန်းကဒ်အချို့၏ ညပိုင်းဖုန်းခေါ်ဆိုခမှာကျပ်ငွေ (၅၀)အပြည့် ပေးဆောင်နေရကြောင်း သုံးစွဲသူများထံက သိရှိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ညပိုင်းမိုဘိုင်းသုံးစွဲခများအား မတ်လ (၁၄) ရက်နေ့မှ စတင်၍ ည (၁၁)နာရီမှ နံနက် (၆) နာရီအတွင်း တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့် သုံးစွဲခွင့် လျှော့ချပေးခဲ့ကြောင်း သိရှိရသည်။

''ဘီလ်စနစ်ကနေ ကဒ်စနစ် ပြောင်းပြီး နှစ်ရက်သုံးရက်လောက် ညပိုင်း (၁၁)နာရီခွဲလောက် ဖုန်းအမြဲပြောဖြစ် တယ်။ ဖုန်းမပြောခင် ပိုက်ဆံ ဘယ်လောက်ရှိလဲဆိုတာ ကြည့်ပြီးမှ ပြောတာပါ။ ညဘက် (၁၁) နာရီ ကျော်ရင် (၂၅)ကျပ်ပဲ ကျရမှာ အခုတော့ (၅ဝ) အပြည့်ဖြတ်ထားတာ တွေ့ရပါတယ်။'' ဟု ကမာရွတ်မြို့နယ်မှ WCDMAမိုဘိုင်းဖုန်းသုံးစွဲသူ သက်ကိုကိုမြင့်က ပြောသည်။

သမိုင်းအမှန် သမိုင်းမှတ်တမ်း နှင့် သမိုင်း အမွေ....


မြန်မာနိုင်ငံတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ခေါင်းဆောင်ကြီးများ တိုင်းကျိုးပြည်ပြုကိစ္စရပ်များ စည်းဝေး တိုင်ပင်နေစဉ် ကျဆုံးခဲ့ကြရသည်။

တိုင်းပြည်နှင့် ချီပြီး နစ်နာစေခဲ့သည့် ထို နိုင်ငံတော် လုပ်ကြံမှုကြီးကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း စစ်အာဏာပိုင်များက နည်းမျိုးစုံဖြင့် ထိန်ချန်ခဲ့သဖြင့် မြန်မာပြည်သား မျိုးဆက်သစ်များ သမိုင်းအမှန်နှင့် ကင်းကွာခဲ့ရသည်။

နှစ်ပေါင်း ၆၀ ကျော်က မြန်မာနိုင်ငံတွင် ဤဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ သမိုင်း အမှန်ပင် ဖြစ်ပါသည်။
သမိုင်းအမှန်ကို လိမ်ညာ ထိန်ချန်၍ မရစကောင်းပါ။ ထိုသို့ ပြုလုပ်ရန်လည်း မသင့်ပါ။

ကျောင်းသင်ခန်းစာများနှင့် နိုင်ငံပိုင် သတင်းမီဒီယာများကို လိုသလို အသုံးချ၍သော်လည်းကောင်း၊ ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို
အမှတ်ရစေနိုင်သည့် အခမ်းအနားများ၊ အထိမ်းအမှတ်နေရာများ၊ အသုံးဆောင်များကို တားဆီးပိတ်ပင်မှုများ ပြုလုပ်၍ သော်လည်းကောင်း မေ့ပျောက် မှေးမှိန်စေရန်
ဆောင်ရွက်ချက်များကို စနစ်တကျ ပြုလုပ်ခဲ့ကြသည်။

နိုဘယ်လ်ဆုရှင် အမေစု၏ သမိုင်းကြောင်းကို သင်ကြားပို့ချရန် ထိုင်းပညာရေးမှပြဌာန်း

ထိုင်းနိုင်ငံ စာသင်ကျောင်း တွေမှာ မူလတန်း အဆင့် ၄ တန်း ကျောင်းသူ/သားတွေရဲ့ လူမှု့ရေး ဆိုင်ရာ ဘာသာရပ်မှာ အရှေ့တောင် အာရှဒေသ နိုင်ငံများ အတွင်းက လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်မှုနဲ့ ထင်ရှားကျော်ကြား တဲ့ခေါင်း ဆောင်တွေ အကြောင်းနေရာမှာ ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို သင်ကြားဖို့ ပြဌာန်းလိုက်ပြီလို့ သိရပါတယ်..
အလားတူ နိုင်ငံတကာက စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး အလွှာ အသီးသီးနဲ့ နိုင်ငံတကာ မီဒီယာ အားလုံး နီးပါးလောက်မှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲဝံ့စွာ အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းစေရေးနဲ့ မြန်မာပြည်ကို တိုးတက် မြင့်မားဖို့ လုပ်ဆောင်နေတဲ့ အကြောင်း ဂုဏ်ပြုပြောဆို ဖေါ်ပြနေကြပါတယ်...

၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖုံးကွယ် ဖျောက်ဖျက်ထားခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

 

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်းသတိရမိသည့်အားလျှော်စွာ သူ၏ ပြောင်မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။။

(ဗိုလ်ဥတ္တမကျော်)
…………………………………………………………………….

ရဲဘော်တို့

ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြရတော့မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိကြသေးဘူး။

ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင်နက် ရဲဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့်ဝတ္တရားနှင့် ဗမာနိုင်ငံတော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကို ထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့်မှာရာ အချက်တွေကို ငါတို့ မှာကြားလိုတယ်။

ပထမဆုံး ရဲဘော်တို့ကို မှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်း ကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ်မတော်ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ်ရမယ့် ဗမာ့တပ်မတော်ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည်ရမယ်။

ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာ မဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထားတာ မဟုတ်။တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။

၈၈ မျိုးဆက်ကျောင်းသားများနှင့် ရုပ်ရှင် ၊ ဂီတလောကမှ အနုပညာရှင်များ အာဇာနည်ဂူဗိမာန်သို့ သွားရောက်မည်

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ မှဦးမင်းကိုနိုင်ဦးဆောင်၍ ရုပ်ရှင်နှင့်ဂီတလောကမှ အနုပညာရှင်များသည် ယနေ့မွန်းလွဲ ၂ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ဂူဗိမာန်သို့

သွားရောက်ဂါရ၀ပြုကန်တော့ကြမည်ဖြစ်ကြောင်း ဦးမင်းကိုနိုင်က 7day News သို့ပြောသည်။ အဆိုပါဂါရ၀ပြုမည့်အစီအစဉ်တွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ဒါရိုက်တာကြည်ဖြူသျှင်က ''အရင်က သျှီနဲ့အစ်မတို့နှစ်ယောက်

ရိုဟင်ဂျာ ပြဿနာ အာဆီယံတွင် မီးပွားလွင့်



Written by The Voice

အရှေ့တောင်အာရှအာဆီယံဒေသတွင်း၌ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်ရေးသို့ အအောင်မြင်ဆုံးအသွင်ကူးပြောင်းနိုင်ခဲ့သော မြန်မာနိုင်ငံသည် အပယ်ခံဘဝမှ ပြောင်းလဲခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဒေသတွင်း၌ ဥက္ကဋ္ဌရာထူးကို ရယူနိုင်သည်အထိ အာဆီယံအလယ်တွင် ယခုနှစ်အတွင်းမှစတင်၍ တင့်တယ်လာခဲ့သည်။ သို့သော် လွန်ခဲ့သောရက်သတ္တလေးပတ်က မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာပဋိပက္ခသည် မြန်မာနိုင်ငံကိုထပ်မံ၍ အာဆီယံအလယ်တွင် စိုးရိမ်သောကဗျာပါရများပွေရန် အကြောင်းဖန်လာခဲ့ရပြန်သည်။ မြန်မာသမ္မတ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်ကိုပင်လျှင် မြန်မာနိုင်ငံ အနောက်ပိုင်းဒေသအချို့တွင် ၎င်းတို့နှင့်ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။

ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးကိစ္စများဆွေးနွေးကြမည့် အမေရိက၊ အီးယူ၊ ပြင်သစ်၊ ရုရှား၊ ကိုရီးယား၊ အိန္ဒိယ၊ တရုတ်စသည့် မဟာအင်အားကြီးများတက်ရောက်ကြသည့် (၁၉) ကြိမ်မြောက်အာဆီယံဒေသတွင်း အစည်းအဝေးမင်းပရိတ်သတ်ဗိုလ်ပုံအလယ်တွင် ယင်းပြဿနာကို အထုပ်ဖြေကာပြောရဆိုရ ရှင်းပြရမည့် ဆွေးနွေးစရာအထိပင် ဖြစ်လာရန်ရှိနေသည်။ ထိုပြဿနာမှာ မြန်မာနိုင်ငံရှိတိုင်းရင်းသားအားလုံးက ဘင်္ဂါလီဟုသတ်မှတ်ကြပြီး နိုင်ငံတကာတွင် ရိုဟင်ဂျာဟု အမည်ထွက်နေသည့် အနောက်ဘက်မှ ကူးလာသူတို့ကြောင့်ပင်ဖြစ်သည်။

အာဇာနည်နေ့ (သို့) နိုင်ငံတော် လုပ်ကြံမှူကြီးရဲ့ အသေးစိတ် ဖြစ်စဉ်ဖြစ်ပွါးပုံ



ကျဆုံးအာဇာနည်များ

ယနေ့ အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်




ယနေ့ကျင်းပသော ၆၅ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တိုက်ရိုက် ရုပ်မြင်သံကြားလွှင့် ထုတ်ပေးနေ ခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်း၏ အထ္ထုပ္ပတ္တိကိုလည်း ထုတ်လွှင့်သူက ပြောပေးနေပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ် တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်းအား လွှမ်းသူ့ပန်းခွေချ အလေးပြု ကန်တော့ခဲ့သည်။ ထို့နောက် သားကြီးဖြစ်သူ ဥိးအောင်ဆန်းဦးကိုယ်စား မိသားစုဝင် တဦးက လာရောက် လွမ်းသူ့ပန်းခွေချ
အလေးပြုကာ ကန်တော့ခဲ့သည်။

မသေခင်က ပျောက်နှင့်သည်


ကာတွန်း - လိုင်လုဏ်

ဆန္ဒပြ နည်းဥပဒေနဲ့ ပထမဆုံး ဆန္ဒပြပွဲ



(ဓာတ်ပုံများ - စည်သူ/ဧရာဝတီ)

ဆန္ဒပြခြင်းဆိုင်ရာ နည်းဥပဒေကို အကြိမ်ကြိမ် တည်းဖြတ်နေတာကြောင့် ထုတ်ပြန်ဖို့ ကြန့်ကြာခဲ့ရပါတယ် လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အမျိုးသားလွှတ်တော်မှာ ပြောပြကြောင်း ဒီကနေ့ အစိုးရသတင်းစာမှာ ရေးထားပါတယ်။

နည်းဥပဒေတွေကို "မကြာခဏပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ရခြင်းများ မဖြစ်စေရန် ဥပဒေပညာရှင်များဖြင့် အကြိမ်ကြိမ် တည်းဖြတ်ရေးဆွဲပြီး ဆောင်ရွက်ခဲ့ပါကြောင်း" လို့ ဒုဝန်ကြီးက ရှင်းပြသွားပါတယ်။

ကြန့်ကြာတယ်လို့ ဒုဝန်ကြီးက ပြောပေမယ့် လပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်တာ ဖြစ်တဲ့အတွက် အင်မတန် မြန်ဆန်တယ်လို့ ပြောနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး ဆွဲတာတောင် ၁၅ နှစ် ကြာခဲ့တယ် မဟုတ်လား။

လေ့လာရေး



ကာတွန်း - ငယ်လေး (မန်း)www.facebook.com/cartoon.ngelay

ဇင်းမယ်ရောက် သံအမတ် ဦးတင်ဝင်း


ချင်းမိုင် မြန်မာ ဘုန်းကြီးကျောင်းအရေး သမ္မတ ဦးသိန်းစိန်ထံ တင်ပြမည်
သန်းထိုက်ဦး

(ဓာတ်ပုံများ – Steve Tickner/ဧရာဝတီ)

ချင်းမိုင်မြို့ရှိ ၀ပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်း၌ မြန်မာ ကျောင်းထိုင် ဆရာတော် ဆက်လက်ထား ခွင့်ရရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားသည်။

ဦးသိန်းစိန်၏ ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ လာရောက်မည့် ခရီးစဉ် မတိုင်ခင် ယင်းကိစ္စကို နှစ်နိုင်ငံ တာဝန်ရှိသူများနှင့် ဆွေးနွေးနိုင်ရန် တင်ပြသွားမည် ဖြစ်ကြောင်း ယနေ့ ၀ပ်ဆိုင်းမွန်း ကျောင်းတွင် ဂေါပက အဖွဲ့ဝင်များ အပါအ၀င် မြန်မာ သံရုံး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားခြင်းဖြစ် သည်။

“၀ပ်ဆိုင်းမွန်း ကျောင်းထိုင် ပြဿနာလေးတွေမှာ လာပြီးတော့ သံဃာတော်တွေကိုလျှောက်ရင်း ဒကာ၊ ဒကာမတွေကို တွေ့ရင် ဖြစ် နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ လာခဲ့တာပါ၊ အဓိကတော့ ကျနော်တို့တွေက ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ဖို့ လာခဲ့တာ ပါ” ဟု သံအမတ်ကြီး ဦးတင်ဝင်းက သတင်းထောက်များကို ရှင်းပြသည်။

My Blog List