Saturday, March 07, 2015

ရှမ်း-ကယား ကျောင်းသားများ ပင်မသပိတ်နှင့် ပူးပေါင်းမည်



မန္တလေး မဟာလောကရန်နှိမ်အောင်တော်မူ မြတ်စွာဘုရား ညာဘက် မျက်လုံးတော်ပွင့် ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကား



မန္တလေးချမ်း အေးသာစံမြို့နယ် ပြည်ကြီးမျက်မှန် ရပ် ၂၈လမ်းနှင့် ၂၉ လမ်းကြား၊ ၆၁ လမ်းရှိ မဟာလောက ရန်နှိမ်အောင်တော် မူမြတ်စွာဘုရား ညာဘက်မျက် လုံးတော် မတ် ၆ ရက်မွန်းလွဲ ၁ နာရီ ခွဲခန့်က ပွင့်တော်မူ ခဲ့သဖြင့်ဘုရားဖူး လာပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း ဘုရားဂေါပကအဖွဲ့မှ ဦး ခင်အောင်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။

လက်ပံတန်းမှာ အဖမ်ခံရတဲ့ ကျောင်းသားတွေ အိမ်ပြန်ပို့မယ့် အစီအစဉ်ကို ငြင်း


လက်ပံတန်းမှာ အဖမ်းခံထားရတဲ့ ကျောင်းသားတွေကို အိမ်ပြန်မယ်ဆိုရင် အမှုဖွင့်တာတွေ မလုပ်ဘဲ အိမ်တိုင်ရာရောက် လိုက်ပို့ပေးမယ်ဆိုပြီး ရဲတပ်ဖွဲ့က ပြောဆိုပြီး ကျာင်းသားတွေက အဲဒီအစီအစဉ်ကို လက်မခံဘူးလို့ ဒီမိုကရေစီ ပညာရေး ကျောင်းသားသပိတ် ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါ တယ်။

ကိုးကန့် မြွေခြောက်ကိုက်ခံလိုက်ရခြင်း၊ မုံးကိုး စစ်ရာဇ၀တ်မှုနှင့် ဥပဒေစိုးမိုးရေး



လောက်ကိုင် တိုက်ပွဲကြားက စစ်ဘေးရှောင် ပညာရေးဝန်ထမ်းများ


တရုတ်-မြန်မာ နယ်နိမိတ်ကို ပိုင်းခြားထားသည့် နယ်ခြားချောင်းရှိ သစ်လုံးတံတားတခုပေါ်တွင် ကျောထက် ၌ ရင်သွေးငယ်များကို ချီပိုးထားသည့် အမျိုးသမီးငယ်တချို့ အပါအဝင် အထုပ်အပိုးကိုယ်စီဖြင့် လူတစု ကသုတ် ကရက် ကူးဖြတ်နေကြသည်။

ပေါင်းစည်းရေး မလုပ်နိုင်သေးသည့် ရှမ်း နှစ်ပါတီ ပြိုင်ဆိုင်မှု ပြင်းထန်လာမလား


၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အင်အားကြီး ရှမ်းပါတီကြီးနှစ်ခု ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့၏ ထိပ်တိုက်တွေ့ ဆုံ အားပြိုင်မှု၊ ယှဉ်ပြိုင်မှုများသည် ပြင်းထန်နိုင်သောအခြေအနေရှိသည်ဟု နိုင်ငံရေး လေ့လာသူများက ပြော ဆိုသည်။

လောက်ကိုင် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရန် တရုတ် အာဏာပိုင်များ ဖိအားပေး


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ဒေသ၌ အစိုးရ တပ်မတော်နှင့် ဖုန်းကြားရှင် ဦးဆောင်သည့် ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် နေအိမ်စွန့်စွာပြီး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားကြသည့် ဒုက္ခသည်များကို တရုတ် အာဏာပိုင်များက နေထိုင်ခွင့် မပြုတော့ကြောင်း သိရသည်။

အကြမ်းဖက်တာ မဟုတ်ကြောင်း ၀န်ကြီး ဦးရဲထွဋ် ပြောကြား


ဆန္ဒပြကျောင်းသားတွေကို လိုအပ်ချက်အရ အင်အားသုံးဖြေရှင်းတာဖြစ်ပြီး အကြမ်းဖက်တာမဟုတ်ကြောင်း နဲ့ အရပ်သားတွေကို အသုံးပြုတာဟာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနဲ့အညီ ကျင့်သုံးတာဖြစ်ကြောင်း သမ္မတ ရဲ့ ပြော ခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

လွှတ်တော်ကြားနာပွဲ ဒုတိယမြောက်နေ့ ၁၇ ပါတီတက်ရောက်


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့အတွက် အမျိုးသားလွှတ်တော်မှာ ဒီနေ့ နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ကြားနာပွဲကျင်းပခဲ့ပါတယ်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) က ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တင်ထားတဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော် မှာ ဒုတိယနေ့အဖြစ် ကြားနာပွဲကျင်းပနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်ရိုက်နှက်မှု ရန်ကုန်တိုင်း အစိုးရမှာ တာဝန်ရှိကြောင်း ၈၈ အဖွဲ့ပြော


ရန်ကုန်မြို့တော်ခန်းမရှေ့ဆန္ဒပြပွဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဝတ်တွေရဲ့ ရိုက်နှက်ဖမ်းဆီးမှုကိုခံခဲ့ရ တဲ့ ကျောင်းသူ ကျောင်းသားတွေနဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့ အစည်း အဖွဲ့ဝင်တွေကအကြမ်းဖက် ရိုက်နှက်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရမှာ တာဝန် ရှိကြောင်း ပြော ပါတယ်။

သပိတ်စစ်ကြောင်းအား ဆက်လက်ပိတ်ဆို့ထားလျှင် ဆန္ဒပြမှု အရှိန်မြှင့်မည်ဟု ဆန္ဒပြကျောင်းသားများ သတိပေး

လက်ပံတန်းမြို့တွင် သပိတ်မှောက်ကျောင်းသားများ အား ပိတ်ဆို့တားဆီးထားမှုအ ပေါ် ကန့်ကွက်သည့် ဆန္ဒပြမှုကို ရန်ကုန်မြို့၌ လေးရက်မြောက်နေ့ အဖြစ်ပြုလုပ်ခဲ့ပြီး ပိတ်ဆို့တား ဆီးမှုဆက်လက်ပြုလုပ်နေပါက ဆန္ဒပြမှုကို ရန်ကုန်မြို့တွင် အရှိန် မြှင့်ပြုလုပ်သွားမည်ဟု ဆန္ဒပြ ကျောင်းသားများက သတိပေး လိုက်သည်။

လက်ရှိနိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကျင်းပမည်

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဗဟိုအလုပ် အမှုဆောင် အစည်းအဝေးကို ယနေ့(မတ်လ ၇) တွင် နေပြည် တော်၌ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်နန်း ခင် ထွေးမြင့်ကပြောသည်။

မြန်မာ့တပ်မတော်က မိုင်းလားအဖွဲ့စခန်းအနီးတွင် သံချပ်ကာကားများဖြင့် စစ်ရေးလေ့ကျင့်


ဖုန်ကြားရှင်၏သမက် စိုင်းလင်း၏ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု (NDAA)အဖွဲ့ရှိရာ ရှမ်းပြည်နယ်အရှေ့ ပိုင်း မိုင်းလားနယ်စပ် ရှေ့တန်းနေရာတွင် မြန်မာ့တပ်မတော်က သံချပ်ကာ ကား ၁၅ စီးဖြင့် လက်နက်အပြည့်အစုံ တပ်ဆင်၍ စစ်ရေးလေ့ကျင့်မှု လာရောက်ပြုလုပ် နေကြောင်း မိုင်းလားအဖွဲ့ ထံမှ သတင်းရရှိသည်။

အီးယူကရဲတပ်ဖွဲ့မှအပ မည်သည့်အင်အားစုကိုမျှ သင်တန်းမပေးကြောင်း ထုတ်ပြန်


ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုသာ သင်တန်းပေးခြင်းဖြစ်ပြီး အခြားအပြိုင်အင်အားစုများကို သင်တန်းမပေး ကြောင်း ဥရောပသမဂ္ဂက မတ်လ ၆ ရက်ညနေတွင်သတင်းထုတ် ပြန်သည်။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နောက်ထပ်သင်တန်းများပိုမိုပေး ရန်လိုကြောင်း လတ်တလောဖြစ် ရပ်များက မီးမောင်းထိုးပြ လိုက် ခြင်းဖြစ်ပြီး သင်တန်းပေးမှုလျှော့ ချရန်မဟုတ်ဟု EU ကဆိုသည်။

NNER နှင့် ကျောင်းသားများ မတက်ရောက်နိုင်သေးသော်လည်း ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဟု လွှတ်တော်ကော်မတီပြော


ပြီးခဲ့သည့် မတ်လ ၅ ရက်က ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကျောင်းသားများနှင့် မနက်ဖြန်တွင် NNER (အမျိုးသား ပညာရေး ပြုပြင်ပြောင်းလဲမှု ကော်မတီ) တို့က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် တွေ့ဆုံမှု မပြုသေးသော်လည်း ဒုတိယအကြိမ် အခွင့်အရေးပေးမည်ဟု ဆိုသည်။

Friday, March 06, 2015

လစာတိုးမြှင့်ခြင်းကြောင့် အခြေခံစားကုန် အမြတ်များစွာတင်ရောင်းက အရေးယူရန် ဒု-ဝန်ကြီး တိုက်တွန်း


လာမည့် ဘဏ္ဍာနှစ်သစ်တွင် နိုင်ငံဝန်ထမ်းများ လစာတိုးမြှင့်ခံစားခွင့်ပေးရန် လွှတ်တော်၌ ဆွေးနွေးဆောင် ရွက်လျက် ရှိသော်လည်း အခြေခံစားသောက် ကုန်နှင့် ပြည်တွင်းထွက်ကုန်များ ဈေးနှုန်းမြင့်တက်လာပါက စည်ပင်သာယာနှင့် သက်ဆိုင်ရာ အစိုးရဌာနများက အရေးယူမှုများ ဆောင် ရွက်သင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက တိုက်တွန်းပြောကြားလိုက် သည်။

ISIS တို့က အရှေ့တောင်အာရှကို မျက်စိကျနေသည်ဟု ကျွမ်းကျင်သူများဆို


အစ္စလာမ္မစ်နိုင်ငံ ဆီးရီးယား နှင့် အီရတ် ISIS အုပ်စုတို့၏ ပြည် ပစစ်ဆင်ရေး ဌာနခွဲက အရှေ့တောင် အာရှနိုင်ငံများအား စည်းရုံးရေးကို တိုးမြှင့် လုပ်ဆောင်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှိမ်နင်းရေး အစည်း အဝေးတွင် ကျွမ်းကျင်သူများက ပြော ကြားလိုက်သည်။

ကျောင်းသား ဆန္ဒပြပွဲ ထောက်ခံသည့် လက်ပံတန်းဒေသခံ ၁၁ ဦးကို အရေးယူရန် ပြင်ဆင်နေ


ပဲခူးတိုင်း လက်ပံတန်းမြို့ရောက်သပိတ်မှောက် ကျောင်းသားများအား ထောက်ခံ ဆန္ဒပြသည့် ဒေသခံ ၁၁ ဦးကို ပုဒ်မ ၁၈ ဖြင့် အရေးယူရန် ပြင် ဆင်လျက်ရှိပြီး လတ်တလောတွင် ၄ ဦးကို ဖမ်းဆီးထားကြောင်း လက်ပံတန်း ရဲစခန်းမှ သတင်းရသည်။

သတင်းထောက်များကို ဆန္ဒပြပွဲများတွင် ဖမ်းဆီးမှု စိုးရိမ်စရာဖြစ်လာနေ


ကျောင်းသား၊ အလုပ်သမားအရေး ဆန္ဒပြမှုတွေမှာ ဝင်ရောက်သတင်းယူတဲ့ သတင်းသမားတွေကို ဖမ်းဆီး ချုပ်နှောင်မှုတွေ ပြုလုပ်လာတာဟာ သတင်း သမားတွေရဲ့ လွတ်လပ် လုံခြုံစွာ သတင်းရယူပိုင်ခွင့်ကို ခြိမ်းခြောက်လာတာ လားဆိုပြီး သတင်းမီဒီယာအသိုင်းအဝိုင်းက ဝေဖန်မေးခွန်းထုတ်နေကြ ပါတယ်။

အမေရိကန်ပြန်လျှင် တရား မျှတစွာ အမှု ရင်ဆိုင်ခွင့်ရမည် မထင်ဟု စနိုးဒန် ပြော


အမေရိကန် ပြန်လျှင် တရား မျှတစွာ အမှု ရင်ဆိုင်ခွင့်ရမည် မထင်ဟု အက်ဒ်ဝပ် စနိုးဒန်က ပြောကြား လိုက် သည်။ အမေရိကန် အမျိုးသား လုံခြုံရေး ဌာန (NSA) ၏ နိုင်ငံတကာ ဖုန်းနှင့် အင်တာနက် လျှို့ဝှက် စောင့် ကြည့် လုပ်ငန်းများကို ဖွင့်ချခဲ့ မှုဖြင့် စနိုးဒန်ကို အမေရိကန် အစိုးရက အလိုရှိ နေပြီး လက်ရှိတွင် ရုရှား၌ ခိုလှုံနေသည်။

အင်ဒိုနီးရှားတွင် သေဒဏ်ပေးခံထား ရသော သြစတြေးလျသား (၂) ဦးကို အကျဉ်းသားချင်း လဲလှယ်မည်ဟု သြစတြေးလျ ကမ်းလှမ်း


မူးယစ်ဆေး မှောင်ခိုမှုဖြင့် အင်ဒိုနီးရှားတွင် သေဒဏ်ချမှတ်ခံထား ရသော သြစတြေးလျ နိုင်ငံသား နှစ်ဦးကို အကျဉ်းသား ချင်း လဲလှယ်ကာ နိုင်ငံသို့ ပြန်ခေါ်ခွင့်ပေးဖို့ သြစတြေးလျ အစိုးရက အင်ဒိုနီးရှားထံ ကမ်းလှမ်း ထားကြောင်း သိရသည်။ ဘာလီနိုင်း မူးယစ်မှောင်ခိုဂိုဏ်း ခေါင်းဆောင်များဖြစ်သည့် သြစတြေးလျ နိုင်ငံသား အင်ဒရူးချန်နှင့် မြူရန် ဆူကူမာရန်တို့ ကို သေနတ်ပစ် အဖွဲ့ဖြင့် သေဒဏ်ပေးမည့် ကျွန်းသို့ ဗုဒ္ဓဟူးနေ့က ရွှေ့ပြောင်း ထားရှိ လိုက်ပြီ ဖြစ်သည်။ 

လက်ရှိ ဆန္ဒပြပွဲများအား အင်အားသုံးဖြိုခွဲမှု နဲ့ ကင်းရှင်းကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်


ကျောင်းသားသပိတ်ကို အင်အားသုံးမဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကေအင်န်ယူတိုက်တွန်း


ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းကို အကြမ်း ဖက်ဖြိုခွဲခြင်းများမပြု လုပ်ဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင် ရွက်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က သက်ဆိုင်ရာအာဏာ ပိုင်အဖွဲ့အစည်းများအား တိုက် တွန်းလိုက်သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကိစ္စ နိုင်ငံမနာစေရန် ကြည့်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ကိစ္စဆောင်ရွက်နေသည့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံ မနာစေရန် ကြည့်ရမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက် သည်။

ဆူပူမှုမဖြစ်အောင် လက်ပံတန်းဒေသခံများ အေးချမ်းစွာနေကြရန် မြို့နယ်သံဃနာယက လှည့်လည်ကြေညာ


စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ မထိခိုက်စေရေးနှင့် ပိတ်ဆို့ခံထားရသည့် သပိတ်မှောက်ကျောင်းသား ၊ ကျောင်းသူများအား အန္တရာယ်မကျရောက်စေရေးအတွက် ဒေသခံပြည်သူများက အေးချမ်းစွာနေ ထိုင် ကြရန် လက်ပံတန်းမြို့နယ်မှ ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့က မတ်လ ၅ရက်၊ ညနေ(၆)နာရီတွင် အသံချဲ့စက်ဖွင့်ကာ မြို့အတွင်း လှည့်လည်ကြေညာခဲ့ သည်။

မြို့တော်ခန်းမရှေ့မှာ အဖမ်းခံရသူတွေ သတင်းစာရှင်းလင်း.



ဝန်ထမ်းလစာ တိုးမည့်နှုန်းကို ပြဿနာအချို့ ဖြစ်လာနိုင်ခြင်းကြောင့် တရားဝင် မကြေညာဟု ဘဏ္ဍာရေးဝန်ကြီး ပြောကြား


ဝန်ထမ်းများ လစာတိုးမည့် နှုန်းထားကျပ်ငွေကို တရားဝင် ကြေညာလိုက်ပါက မလိုလားအပ်သည့် နောက် ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်သောကြောင့် လက်ရှိအချိန်အထိ တိတိကျကျ ထုတ်ပြန်ကြေညာခြင်း မပြုသေးကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်နေ့က ပြု လုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်နေထိုင်ခွင့် လက်ရှိပန်းရောင် ကတ်ကို ထိုင်းအစိုးရက တစ်နှစ်သက်တမ်းတိုးပေး


ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ထားသည် ပန်းရောင်ကဒ်ကို နောက်ထပ် တစ်နှစ်သက်တမ်း တိုးပေးရန် ထိုင်းအစိုးရက ကြေငြာလိုက်သည်။မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည့် ပန်းရောင်ကဒ်ကို လာမည့် ဧပြီလ ၁ ရက်မှ ဇွန်လအတွင်း တစ်နှစ် သက်တမ်းရှိ ပန်းရောင်ကဒ်ကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း မတ်လ ၃ ရက်က ကြေငြာ ခဲ့ခြင်း ဖြစ်သည်။

မိုင်းလား အဖွဲ့အနီး တပ်မတော်က စစ်ရေးလေ့ကျင့်


ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလား အဖွဲ့ရဲ့ ရှေ့ တန်းနယ်မြေအနီး တပ်မတော်က တင့်ကားများနဲ့ စစ်ရေးလေ့ကျင့်မှု လာရောက်ပြုလုပ်နေကြောင်း မိုင်းလား အဖွဲ့က ပြောပါတယ်။

၂၀၁၅ ရွေးကောက်ပွဲသည် အလွန်အရေးကြီး၍ အနီးကပ်စောင့်ကြည့် လေ့လာနေပြီး လွတ်လပ်မျှတမှု ရှိ မရှိ ပြည်သူများ၏ အမြင်အပေါ် မူတည်ဆုံးဖြတ်မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ပြောကြား


မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည် အလွန်အရေးကြီး၍ အမေရိကန် ပြည်ထောင် စုအနေဖြင့် အနီးကပ်စောင့်ကြည့် လေ့လာနေပြီး ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု ရှိ၊ မရှိ ဆိုသည် ကို ပြည်သူများ၏ အမြင်အပေါ် မူတည်ဆုံးဖြတ် သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ် မစ်ချယ်လ်က The Daily Eleven သတင်းစာသို့ မတ် ၅ ရက်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ်က မြောက်ဥက္ကလာပ မြို့နယ်အတွင်း အုပ်စုဖွဲ့လူသတ်မှု၌ ပါဝင်ကျူးလွန်သူ ၁၅ ဦးစလုံးကို သေဒဏ်ချမှတ်


၂ဝ၁၁ ခုနှစ်က မြောက်ဥက္ကလာပမြို့ နယ်အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်၌ ဖြစ်ပွားခဲ့သည့် မင်းမဲ့စရိုက် ဆန်ဆန် အုပ်စုဖွဲ့လူသတ်မှုတွင် ပါဝင်ကျူးလွန်သူ ၁၅ ဦး စလုံးကို မတ် ၅ ရက်က မြောက်ပိုင်းခရိုင် တရားရုံး က သေဒဏ်ချမှတ်လိုက်ပြီး ရက်ပေါင်း ၃ဝ အတွင်း အယူခံဝင်နိုင်သည်ဟု စီရင်ချက်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ရိုက်နှက်ဖမ်းဆီးသည့် လက်မောင်းအနီပတ်အရပ်သားများ တိုင်းအစိုးရစီစဉ်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် ဆို



ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြသည့် ရန်ကုန်မှ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အ စည်း) နှင့် ကျောင်းသားများအား ၀င်ရောက်ရိုက်နှက်ဖမ်းဆီးသည့် လက်မောင်း အနီပတ်အရပ်သားများသည် တိုင်းဒေသကြီး အစိုးရ၏ အစီအမံနှင့် စီမံခန့်ခွဲမှုသာဖြစ်သည်ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။

မြို့တော်ခန်းမရှေ့ အကြမ်းဖက်ဖမ်းဆီးခံရသူ ၈ ဦး ပြန်လည်လွတ်မြောက်



ရန်ကုန်မြို့တော်ခန်းမရှေ့တွင် စွမ်းအားရှင်နှင့် ရဲတပ်ဖွဲ့ များ၏ အကြမ်းဖ က်ဖြိုခွင်း ရိုက်နှက်ဖမ်းဆီးထိန်း သိမ်းခံရသူ ၈ ဦး ဒီကနေ့မနက်က ပြန်လည် လွတ်မြောက်လာပါတယ်။ပြန်လွတ်လာသူတွေထဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့ အစည်းက ဒေါ်နီလာသိန်း၊ ဒေါ်နုနုအောင်နဲ့ ဦးမျိုးသန့်တို့ ၃ ဦး နဲ့ ကျောင်းသား ၅ ဦး ပါဝင်ပါတယ်။

ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်နှင့်ပတ်သက်၍ အဓိကရုဏ်းကိုင်တွယ်ဖြေရှင်းရေး သင်တန်းပေးထားသည့် အီးယူသို့သပိတ်မှောက်ကျောင်းသားများ မေးခွန်း ထုတ်မည်


 ကျောင်းသားသပိတ်ကို စွမ်းအားရှင်များအသုံးပြု ဖြိုခွဲ ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ၀င်များအားအဓိကရုဏ်းကိုင်တွယ် ဖြေရှင်း ရေးသင်တန်းအကြိမ်ကြိမ် ပေး ထားသည့် ဥရောပသမဂ္ဂ (EU) သို့ မေးခွန်းထုတ်သွားမည် ဖြစ် ကြောင်း သတင်း ရရှိသည်။

ဆန္ဒပြသူများကို ရဲနှင့်လက်ပတ်နီအရပ်ဝတ်များ အကြမ်းဖက်ဖြိုခွဲ ရှစ်ဦး ဖမ်းဆီးသွား


ရန်ကုန်မြို့လယ်ကောင်တွင် သပိတ်မှောက်ကျောင်းသားများအား ထောက်ခံဆန္ဒပြသော ကျောင်းသားများ ကို ရဲတပ်ဖွဲ့နှင့်လက်မောင်းတွင် တာဝန်လက်ပတ်အနီပတ်ထားသော အရပ်ဝတ်များက ရိုက်နှက်ဖြိုခွင်းခဲ့ပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ မနီလာသိန်းအပါအ၀င် သုံးဦးနှင့် ဆန္ဒပြကျောင်းသား ငါးဦး စုစုပေါင်းရှစ်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

အမေ့ဆန်တစ်စိတ် တစ်အိတ်နှင့်မလဲတာ အဖြေမဟုတ်


မြင်နေကြားနေရသည့် သတင်းတွေက မလှမပရှိလွန်းလှသည်။ ရောဂါသည်းလေ ဆရာကြိုက် လေဆိုသည့် စကားက အလိုလို ခေါင်းထဲပြေးဝင် လာ၏။ တကယ် တော့  သိမ်ရာက  ဖြတ်ကြဖို့ ကောင်းလှပါပြီ။ ဖြတ်ကြ ပါတော့ ဟုလည်း  တောင်းပန်အကြံပြု တိုက်တွန်းချင်သည်။  အပ်ဖြင့် ထွင်းရမည့်ကိစ္စကို  ပုဆိန်ဖြင့် ထွင်း ရအောင်များ  ဘာကြောင့် အနာဝကိုဖြဲချင်ကြသည်မသိ။ 

အကယ်ဒမီဆုကြေးတွေအားလုံး ဒါရိုက်တာဝိုင်းကို ကန့်တော့ခဲ့တဲ့ ၀တ်မှုံရွှေရည်


အကယ်ဒမီဆုချီးမြှင့်ငွေ အားလုံးကို ဒါရိုက်တာ ၀ိုင်းအား သွားရောက် ကန်တော့ခဲ့ကြောင်း ၀တ်မှုံရွှေရည် ကပြောသည်။ ‘‘ဘုန်းဘုန်းကျောင်းမှာ ကြယ်လှူတဲ့နေ့ကတည်းက ကန်တော့မလို့ပါ။ ဒါပေမဲ့အဲဒီနေ့က ကိုဝိုင်းမအားတာနဲ့ မကန်တော့ဖြစ်လို့ ဒီနေ့ (မတ် ၅) မှ သွား ကန်တော့ဖြစ်တာ’’ဟု ၎င်းကပြောသည်။ 

ပျဉ်းမနားတွင် တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒဖော်ထုတ်သူအား ထောင် ဒဏ် လေးလချ


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးအတွက် တစ်ကိုယ်တော် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့သော ကိုဇော်မြင့်(ခ) ကိုဇော်ကြီးအား ပျဉ်းမနားမြို့နယ် တရားရုံးက မတ်လ ၅ ရက်တွင် ထောင် ဒဏ်လေးလ အမိန့်ချမှတ်ခဲ့သည်။

ယနေ့ဖမ်းဆီးသွားသောကျောင်းသားများအားပြန်မလွှတ်ပေးပါက ကျောင်းသားများဖက်မှ တုန့်ပြန်မှုတစ်ခုပြုလုပ်မည်ဟုဆို၊ ကျောင်းသားသပိတ်ကို ၈၈ မျိုးဆက်အဖွဲ့မှ အပြည့်အ၀ထောက်ခံဟု မင်းကိုနိုင်ပြောကြား

 

ယနေ့ဖမ်းဆီးသွားသောကျောင်းသားများအားပြန်လည်လွှတ်ပေး၊မလွှတ်ပေးမည်ကိုရက်အနည်းငယ်မျှစောင့် ကြည့်၍မထူးပါကတုန့်ပြန်မှုတစ်ခုပြုလုပ်သွားမည်ဖြစ်ကြောင်းကျောင်းသားများထံမှသိရသည်။"ကျွန်တော်တို့ အနေနဲ့ စောင့်ကြည့်မယ့်အချိန်ကိုတော့ပြောလို့မရပါဘူး"ဟုကျောင်းသားတစ်ဦးကပြောသည်။

လက်ပတ်အနီဝတ် အရပ်သားများကို တာဝန်ပေးသူ ဖော်ထုတ်ရန် ၈၈ မျိုးဆက် တိုက်တွန်း



ဆန္ဒပြကျောင်းသားများကို ထောက်ခံဆန္ဒပြသည့် လက်ပံတန်းဒေသခံများကို ရဲတပ်ဖွဲ့လိုက်လံဖမ်းဆီး


လက်ပံတန်းရောက် ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့ကြသည့် လက်ပံတန်း ဒေသခံများအား ခွင့်ပြု ချက်မဲ့ ဆန္ဒထုတ်ဖော်မှုဖြင့် လိုက်လံဖမ်း ဆီးလျက်ရှိသည်။အနည်းဆုံး လူ ၁၁ ဦးကို အဆိုပါဆန္ဒပြမှုဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး လက်ရှိအချိန်တွင် သုံးဦးအား ထိန်းသိမ်းထားကာ ကျန်ရှစ်ဦးကို ဆက်လက် ရှာ ဖွေနေကြောင်း လက်ပံတန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ဆန်းမြင့်က ပြောသည်။

ရန်ကုန်ဝင်မည့် အစီအစဉ်စွန့်လွှတ်ပြီး မိဘရင်ခွင်ပြန်ရန်နှင့် သံဃာတော်များ သီတင်းသုံးရာကျောင်းသို့ ပြန်ကြွချီရန် သံဃနာယကအဖွဲ့ မေတ္တာရပ်ခံ


သပိတ်မှောက် ကျောင်းသားများ ရန်ကုန်ဝင်မည့် အစီအစဉ်ကို စွန့်လွှတ်ကာ လွှတ်တော်ဆွေးနွေးမှုများစောင့် ကြည့်ရန်နှင့် ကျောင်းသား သပိတ်တွင် ရှိနေသည့် သံဃာများသပိတ်နှင့် ဆက်လက်မပူးပေါင်းဘဲ သီတင်း သုံးရာ ကျောင်းတိုက်များသို့ ပြန်လည်ကြွရောက်ရန် လက်ပံတန်းမြို့နယ် ဂိုဏ်းပေါင်းစုံ သံဃနာယကအဖွဲ့ က မေတ္တာရပ်ခံလိုက် သည်။

သတင်းထောက်များကို မှားယွင်းဖမ်းဆီးမှု တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတောင်းပန်


အလုပ်သမားသပိတ်စစ် ကြောင်းရှင်းလင်းရာတွင် သတင်းထောက်များကို ဖမ်းဆီးခဲ့သည့်အတွက် တောင်း ပန်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ်လ ၅ ရက်တွင် ရန်ကုန်တိုင်း အစိုးရရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

My Blog List