Friday, January 24, 2020

ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသော နိုင်ငံများ

Image may contain: one or more people and screenImage may contain: 1 person, standing, child and outdoor
တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ရဲ့ ဈေးတစ်ဈေးကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့ကနေ စတင် ပျံ့နှံ့ကူးစက်လာ သော ကိုရိုနာဗိုင်းစ်ပိုးကြောင့် ဝူဟန်မြို့မှာ လူပေါင်း ၁၈ ဦးအထိ သေဆုံးကြောင်းသိရပါတယ်။ တရုတ်နိုင်ငံ တစ်နိုင်ငံလုံး အနေနဲ့ သေဆုံးသူ ၂၅ ဦး နဲ့ ကူးစက်ခံရသူ ၈၃၀ ရှိကြောင်း ဇန်နဝါရီ ၂၄ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ
တရုတ်နိုင်ငံမှာ သေဆုံးသူ ၂၅ ဦး နဲ့ ကူးစက်ခံထားရသူပေါင်း ၈၃၀ ရှိကြောင်း တရုတ်အစိုးရက သောကြာနေ့ မှာ အတည်ပြုထားပါတယ်။ ဗိုင်းရပ်စ်ပိုး စတင်ပျံ့နှံ့ရာ ဝူဟန်မြို့မှာ ရောဂါကူးစက်ခံထားရတယ်လို့ သံသယရှိသူ ပေါင်း ၁၀၇၂ ဦးရှိကြောင်း၊ လူပေါင်း ၁၇၇ ဦးဟာ အရေးပေါ်အခြေအနေမှာ ရှိနေပြီး ၃၄ ဦးကတော့ ကုသပြီး ဆေးရုံမှ ပြန်ဆင်းခွင့်ရရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။
ဗိုင်းရပ်စ်ပိုးစတင်ပျံ့နှံ့ရာ ဝူဟန်မြို့နဲ့ အနီးပတ်ဝန်းကျင်ရှိ မြို့ပေါင်း ရှစ်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးတွေကို ပိတ်ပင်ထား ပါတယ်။
ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦးရှိကြောင်း ၊ အဲဒီနှစ်ဦးလုံးက မကြာခင်က ဝူဟန်မြို့ကို သွားရောက်ခဲ့သူများဖြစ်ကြောင်း သိရပါတယ်။
မာကာအိုမှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ နှစ်ဦးရှိရာ အသက် ၅၂ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးဟာ ဝူဟန်ကနေ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်နှုန်းမြှင့် မီးရထားစီးပြီး ရောက်ရှိလာသူဖြစ်ပါတယ်။

ဂျပန်
ဝူဟန်မြို့ကို သွားရောက်လည်ပတ်ခဲ့တဲ့ ဂျပန်အမျိုသားတစ်ဦးဟာ ဂျပန်နိုင်ငံကို ပြန်လည်ရောက်ပြီး လေးရက် အကြာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဆေးရုံမှာ ဆေးကုသခံခဲ့ရပါတယ်။ ဇန်နဝါရီ ၁၆ ရက်နေ့မှာ ဂျပန်ကျန်းမာရေး ဝန်းကြီးက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာရှိကြောင်း အတည်ပြုပြောကြားပါတယ်။

စင်ကာပူ
အသက်၆၆ နှစ်အရွယ် ဝူဟန်မြို့ခံ အမျိုးသားတစ်ဦးဟာ မိသားစုနဲ့အတူ စင်ကာပူနိုင်ငံကို ရောက်ရှိရာ အဲဒီအမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိကြောင်း ကြာသပတေးနေ့ (ဇန်နဝါရီ၂၃ရက်) က အတည်ပြုပြောကြား ပါတယ်။

တောင်ကိုရီးယား
ဝူဟန်ကနေ လေယာဉ်နဲ့ ရောက်ရှိလာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးဆီမှာ ရောဂါပိုးတွေ့ကြောင်း ဇန်နဝါရီ ၂၀ ရက်နေ့က ကြေညာပါတယ်။

ထိုင်ဝမ်
ဝူဟန်မှာ နေထိုင်တဲ့ ထိုင်ဝမ်အမျိုးသားဟာ ထိုင်ဝမ်ကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပြန်လည်ရောက်ရှိစဉ်မှာ ကိုယ်အပူချိန်မြှင့်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတေ ြခံစားနေရတဲ့အတွက် ဆေးကုသခံယူနေရာ ထိုင်ဝမ်အာဏာပိုင်တွေက ဇန်နဝါရီ ၂၂ ရက်နေ့က ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူရှိကြောင်း အတည်ပြုပါတယ်။

ထိုင်း
ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကိုဇန်နဝါရီ ၁၃ ရက်နေ့ ရောက်ရှိလာတဲ့အသက် ၇၄ နှစ်အရွယ် အမျိုးသမီးမှာ ရောဂါပိုးတွေ့ရှိကြောင်း၊ ဇန်နဝါရီ ၈ ရက်နေ့ကလည်း တရုတ်ခရီးသွားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိ ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

အမေရိကန်
အမေရိကန်နိုင်ငံ ဆီယက်တဲမြို့မှာနေထိုင်တဲ့ အမေရိကန်နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ တရုတ်အမျိုးသားတစ်ဦးမှာ ကူးစက်ရောဂါပိုးတွေ့ရှိကြောင်း ဇန်နဝါရီ ၂၁ နေ့က အတည်ပြုထားပါတယ်။

ဗီယက်နမ်
ကိုရိုရာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်ဦးရှိကြောင်း၊ ဟိုချီမင်းမြို့မှာနေထိုင်တဲ့ တရုတ်အမျိုးသားဟာ ဇန်နဝါရီ ၁၃ ရက်နေ့ကဝူဟန်မြို့က လာရောက်ပတ်တဲ့ ဖခင်ထံမှ ကူးစက်ခံရကြောင်း အတည်ပြုထားပါတယ်။

MDN
ကိုးကား -AFP

No comments:

Post a Comment

My Blog List