Friday, February 27, 2015

ပင်မကျောင်းသားသပိတ်စစ်ကြောင်း၌ ပါဝင်သူအများစု တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည်မဟုတ် ဟုဆို


ရန်ကုန်၊ မန္တလေး ကျောင်းသားပင်မသပိတ်စစ်ကြောင်းသည် မတ်လ ၁ ရက်နေ့မှစတင်၍ ရန်ကုန်သို့ ဆက်လက် ချီတက်မည်ဖြစ်ပြီး ပါဝင်သည့် ကျောင်းသားအများစုမှာ တက္ကသိုလ်ဝင်စာမေးပွဲကို သွားရောက်ဖြေဆိုမည် မဟုတ်ကြောင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ)မှ ပြောရေးဆိုခွင့်ရှိသူ ကိုသီဟ၀င်းတင်ထံမှ သိရသည်။

လေးပွင့်ဆိုင် ပညာရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း ၃၀၀ ကျော် ထောက်ခံ


အမျိုးသားလွှတ်တော်တွင် ကြားနာဆွေးနွေးမည့် လေးပွင့်ဆိုင် သဘောတူညီချက်အရ ရေးဆွဲထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော် က ထောက်ခံကြောင်း အဆိုပါအ ဖွဲ့များကိုယ်စား မြန်မာအစိမ်းရောင်ကွန်ရက်ခေါင်းဆောင်ဖြစ်သူ ဒေါ်ဒေဝီ သန့်စင် က ပြောကြားသည်။

လာမည့်နှစ်တွင် ဆွစ်ဇာလန်က မြန်မာကို သုံးဆတိုး ထောက်ပံ့မည်


ဆွစ်ဇာလန်က မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းရေး မဟာဗျူဟာ အရ ၂၀၁၆ ခုနှစ်နဲ့ နောက်ပိုင်းအ တွက် ထောက်ပံ့ငွေ သုံးဆအထိ တိုးမြှင့်သွား မှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၁၁.၆ သန်း ထောက်ပံ့ခဲ့ပြီး အခု အမေရိကန်ဒေါ်လာ ၃၄.၈ သန်းထောက်ပံ့သွားမယ်လို့ ဆွစ်ဇာလန်သံရုံးက ထုတ်ဝေတဲ့ မဟာဗျူဟာမှာ ဖော်ပြထားပါတယ်။

ပြည်ထောင်စုကို အသက်ပေးလို့ ကာကွယ်ပြီးနောက်



ခေါင်းဖြတ်မှုကျူးလွန်သည့် အိုင်အက်စ်မျက်နှာဖုံးဝတ် ဗြိတိန်နိုင်ငံသားဖြစ်ဟု ဆို


အနောက်နိုင်ငံသားတွေကို တဦးပြီးတဦး ခေါင်းဖြတ်သတ်နေတဲ့ မျက်နှာဖုံး ၀တ် အိုင်အက်စ်အစွန်းရောက် ဂျီဟတ်ဒီ ဂျွန် (Jihadi John) ဆိုသူဟာ ဗြိတိန်နိုင်ငံသား၊ မိုဟာမက် အမ်ဝါဇီ (Mohammed Emwazi) ဆိုသူ လို့ သိရှိထားကြောင်း ဗြိတိန် ထောက်လှမ်းရေးတွေက ပြောပါတယ်။

တရုတ် ကြေးစားစစ်သားများ ကိုးကန့်တိုက်ပွဲတွင် ပါဝင်မှုမရှိကြောင်း ဖုန်ကြားရှင် ငြင်းဆို


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ ကိုးကန့်တိုက်ပွဲများတွင် တရုတ်နိုင်ငံသားများ(သို့) ကြေးစား စစ်သားများ ပါဝင် တိုက်ခိုက်နေသည်ဟု မြန်မာ့တပ်မတော်၏ ပြောဆိုချက်ကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုလိုက်သည်။

“အစိုးရကို အပြည့်အဝ မယုံနိုင်သေးပါဘူး”


အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ သဘောတူညီချက်ရဖို့ ကြိုး ပမ်းနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုနိုင်ရေးဟာ လက်ရှိ အခြေအနေတွေအရ တိုင်းရင်းသား တပ်ဖွဲ့တွေတစု တစည်းတည်း လက်မှတ်ထိုးနိုင်ကြဖို့ အလားအလာက နည်းပါးနေပါပြီ။

ထိုင်း ငါးသေတ္တာ စက်ရုံရှိ မြန်မာအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှု ပြေလည်


ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှား နယ်စပ်အနီးရှိ ဆောင်ခလာခရိုင် အတွင်းက Siam International Food (SIF) ငါးသေတ္တာ စက်ရုံမှာ ဆန္ဒပြခဲ့ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ တောင်းဆိုမှုအားလုံး ညှိနှိုင်း ပြေလည်သွားပြီဖြစ်လို့ ဆန္ဒပြမှုကို ရပ် ဆိုင်းပြီး အလုပ်ခွင်ကို ပြန်လည် ဝင်ရောက်ကြပြီလို့ သိရပါ တယ်။

ဖေဖေ ချစ်ကောင်းနဲ့ မေလမှာ ဖျော်ဖြေပွဲလုပ်မယ်ဆိုတဲ့ အိမ့်ချစ်

မြန်မာ့ဂီတထူးချွန်ဆု ပေးပွဲ ၂၀၁၄ တွင် ပရိသတ် အကြိုက်ဆုံးဆုရရှိခဲ့သည့် အိမ့်ချစ် က ဖခင်ဖြစ်သူ ချစ်ကောင်းနှင့် တွဲ၍ မေလတွင် ဖျော်ဖြေပွဲပြု လုပ်ရန် စီစဉ်ထားကြောင်း ပြောသည်။ ‘‘လောလော ဆယ်တော့ မေလ ၉ ရက် အမျိုးသားဇာတ်ရုံမှာ လုပ်ဖို့ လျာထားတယ်။ နေရာ သေချာပြီဆိုရင်တော့ အဲဒီ ရက်မှာလုပ်ဖြစ်ဖို့သေချာပါတယ်’’ဟု အိမ့်ချစ်ကပြောသည်။

ဗြိတိန်တေးဂီတထူးချွန်ဆုပေးပွဲမှာ စင်ပေါ်က နောက်ပြန်ပြုတ်ကျတဲ့ မက်ဒေါနား


အမေရိကန်အဆိုတော် မက်ဒေါနားသည် ၂၀၁၅ ဗြိတိန် တေးဂီတထူးချွန် ဆုပေးပွဲ Brit Awards ပိတ်ပွဲ အခမ်းအနား၌ Living For Love သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေစဉ် စတိတ် စင်ပေါ်မှ နောက်ပြန်ပြုတ်ကျခဲ့ သည်။

လေးပွင့်ဆိုင် သဘောတူညီချက် လက်မခံဖို့ ပညာရေးဝန်ကြီးဌာန သဘောထား လျှို့ဝှက်ဖြန့်ဝေ


အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဟာ ဒီမိုကရေစီအုပ် ချုပ်ရေးစနစ်ကိုထိပါးပြီး ပညာရေး ဌာနမှာ ကွန်မြူနစ်ဝါဒ အခြေပြုခြင်းဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ သဘောထားကို တက္ကသိုလ် အသီး သီးက ပါမောက္ခချုပ်တွေနဲ့ ဒုတိယပါမောက္ခချုပ်တွေထံကို လွန်ခဲ့တဲ့တစ်ပတ်ကျော်က လျှို့ဝှက်ဖြန့် ခဲ့တယ်လို့ တက္ကသိုလ်ဆရာ ဆရာမများအဖွဲ့ချုပ် က ပြောဆိုပါ တယ်။

နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များ အကုန်အကျခံကာ အရှုံးခံ ထုတ်ဝေနေခြင်းမှာ မဖြစ် သင့်ကြောင်း လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီ တင်ပြ


နိုင်ငံပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများအတွက် နိုင်ငံတော်မှ ဘတ်ဂျက်များ အကုန်အကျခံကာ အရှုံးခံထုတ်ဝေနေခြင်းမှာ မဖြစ်သင့်ကြောင်း လွှတ်တော်ပြန်ကြားရေးဆိုင်ရာ ကော်မတီဝင် ဦးခိုင်မောင်ရည် က ဖေဖော်ဝါရီ ၂၆ ရက်တွင် လွှတ်တော်၌ ဆွေးနွေးခဲ့သည်။

အမျိုးသားစွမ်းအင်မူဝါဒ ပြည့်စုံမှုမရှိဟု အရပ်ဘက် အဖွဲ့အစည်းများ ပြောကြား


သမ္မတရုံးကအမိန့်ကြော် ငြာစာဖြင့် ထုတ်ပြန်လိုက်သည့် အမျိုးသားစွမ်းအင် မူဝါဒမှာ အများပြည်သူ၏ ဆန္ဒကို စစ်တမ်းအ ဖြစ် ကောက်ယူပြီး လုပ်ဆောင် ခြင်းမရှိသဖြင့် ပြည့်စုံသည့်မူဝါဒမဟုတ်ကြောင်း ဖေဖော် ၀ါရီ ၂၆ ရက်က အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည့် မြန်မာ့စွမ်း အင်အနာဂတ် ညီလာခံတွင် အ ရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၇/၀၂/၂၀၁၅


မိကျောင်းကန် သပိတ်စခန်း ဖျက်သိမ်းပြီး ၁၄ ဦးကို ဖမ်းဆီး

မိမိမြေပြန်လည်ရရှိရေး ၁၁ လကြာ သပိတ်စခန်းဖွင့် တိုက်ပွဲဝင်နေသည့် မိကျောင်းကန်ဒေသခံ ၁၈ ဦး ကို ဖေဖော်ဝါရီ ၂၆ ရက်က နံနက် ၃ နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး သပိတ်စခန်းကိုလည်း စည်ပင်ရဲတပ်ဖွဲ့က ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။

ရခိုင်၌ မတ်လ ၁ ရက်တွင် ဝှိုက်ကတ်များ အပ်နှံမှုလက်ခံမည်


မတ်လ ၁ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်တွင်းရှိ ယာယီသက်သေခံလက်မှတ် (ဝှိုက်ကတ်)များ ပြန်လည် လက်ခံရန် စီစဉ်ထားပြီးဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းရန် ကျန်ရှိနေဟုဆို


အာဆီယံအဖွဲ့ဝင် နိုင်ငံများတွင် မြန်မာတစ်နိုင်ငံတည်းသာ အမျိုးသမီးများကို အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေကို ပြဋ္ဌာန်းရန် ကျန်ရှိတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က ဖေဖော်ဝါရီ ၂၆ တွင် ပြောလိုက်သည်။

ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ မဝင်နိုင်ရန် လွှတ်တော်က လုပ်နေသကဲ့သို့ ဖြစ်နေဟု ဆို


အမျိုးသားပညာရေး ဥပဒေပြင်ဆင်ချက်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ကြားနာရန်စီစဉ်ဆောင်ရွက်ခြင်းသည် ကျောင်းသား သပိတ်စစ်ကြောင်းများ ရန်ကုန်သို့ မဝင်စေရန် လွှတ်တော်က အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု ဒီမိုကရေစီ ဦးဆောင်လှုပ် ရှားသူများအဖွဲ့ ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုနန္ဒာစစ်အောင်က ဝေဖန်ပြောကြားလိုက် သည်။

အရေးကြီးပြီ ပြည်တွင်းတည်ငြိမ်ရေး ဦးစားပေးပါ


ဖေဖော်ဝါရီ ၁၄ရက်ထုတ် အစိုးရပိုင်သတင်းစာ၏ လက်ယာဘက် အထက်ထောင့်စွန်းက ဗိုလ်ချုပ်အောင် ဆန်း ၏ မိန့်ခွန်းကောက်နုတ်ချက်ကို သူသတိထားမိသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက် မြို့တော်ခန်းမ တွင်ကျင်းပသော ပြည်သူ့အစည်း အဝေးမှာ ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ မိန့်ခွန်းပါ ကောက်နုတ် ချက် ဖြစ်သည်။

Font ပြဿနာနှင့် ဘာသာပြန်စနစ်အဆင့်မြှင့်ရန် လိုအပ်နေသေးသည့် ဂူးဂဲလ်ဘာသာပြန်ဝန်ဆောင်မှု


Google Translate ဝန် ဆောင်မှုတွင် မြန်မာဘာသာသို့ ပြန်ဆိုရာ၌ အဆင်မပြေမှုများ ရှိနေသည့်ကိစ္စများနှင့် ပတ်သက်၍ ဂူးဂဲလ်မှ ထုတ်ကုန်ဆိုင်ရာ တာဝန်ခံများနှင့် မြန်မာဘာသာ စကားဖောင်ဒေးရှင်းတို့မှ ပညာ ရှင်များက ဖေဖော်ဝါရီ ၂၅ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်းပွဲတစ် ခုပြုလုပ်ခဲ့သည်။

မိကျောင်းကန်သပိတ်စခန်းကိုအပြီးတိုင် ဖယ်ရှားရှင်းလင်း


တစ်နှစ်နီးပါးကြာ ဆန္ဒ ပြနေသော မိကျောင်းကန်သပိတ်စခန်းကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီက ဖယ်ရှားလိုက်ပြီး ဖယ်ရှားချိန်တွင် သပိတ်စခန်း၌ရှိနေသူ ၁၄ ဦးကို ပုဒ်မနှစ် ခုဖြင့် အမှုဖွင့်အရေး ယူခဲ့သည်။

အလုပ်သမားသပိတ်ကြောင့် တစ်ရက်လျှင် ကျပ်သိန်းလေးဆယ်ဖိုးခန့် ဆုံးရှုံးခဲ့ရဟု စက်ရုံထုတ်ပြန်


အလုပ်သမားများ သပိတ်မှောက်ခဲ့သည့် ၁၅ ရက် တာကာလအတွင်း စက်ရုံဘက်မှ တစ်ရက်လျှင် ကျပ်သိန်း ၄၀ ကျော်ဖိုး ဆုံးရှုံးနစ်နာခဲ့ကြောင်း ရွှေပြည်သာစက်မှုဇုန်ရှိ E-Land Myanmar အထည်ချုပ်စက်ရုံက ကြေ ညာသည်။

မြန်မာနိုင်ငံ လမ်းကြောင်းမှန်ပေါ် အမြန်ရောက်ရန် ကုလလူ့အခွင့်အရေး မဟာမင်းကြီး တိုက်တွန်း


မြန်မာနိုင်ငံသည် လမ်းမှားဆီသို့ ဦးတည်နေပုံပေါ်ပြီး နိုင်ငံ၏ဒီမိုကရက်တစ် အကူးအပြောင်းနှင့် ရေရှည် ရင်ကြားစေ့ရေးအတွက် အရေးပါသည့် ၂၀၁၅၌ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန် အရေးတကြီးလို အပ်နေ ကြောင်း ကမ္ဘာ့ကုလသမဂ္ဂ လူ့ အခွင့်အရေး မဟာမင်းကြီး (OHCHR) က သတိပေးကြေညာ သည်။

Thursday, February 26, 2015

မြန်မာပြည်မှာ ခရီးစဉ် တစ်ထောက်ရပ်နားမယ့် နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် Solar Impulse 2 ရဲ့ နည်းပညာများ



ကမ္ဘာတစ်ပတ် ပျံသန်းမယ့် နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်Solar Impulse 2 (Si2) က မြန်မာနိုင်ငံကို မတ်လ ၁ဝ ရက်မှာ ဆိုက်ရောက်ရပ်နားမှာ ဖြစ်ပါတယ်။ ခရီးစဉ် တစ်လျှောက်မှာ လေးခုမြောက် ရပ်နားမှု အဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့မှာ ရပ်နားမယ်လို့ သတ်မှတ်ထားပါတယ်။

မြန်မာဂျက်လေယာဉ်များ တပ်တော်ဝင်အခမ်းအနားတွင် စွမ်းရည်ပြ



အိုဘားမားသည် ISIS “လူ” ဖြစ်ကြောင်း နာမည်ကျော် အီဂျစ်အဆိုတော်က စွပ်စွဲ


နာမည်ကျော် အီဂျစ်အဆိုတော် ရှာဘန်အက်ဘ်ဒယ်ရာဟင်မ်က ၎င်း၏ တေးသီချင်းအသစ်တပုဒ်တွင် အမေရိကန် သမ္မတအိုဘားမားက အိုင်စစ်အကြမ်းဖက်အဖွဲ့နှင့် ပါလက်စတိုင်းအကြမ်းဖက်အဖွဲ့ ဟားမက်စ် တို့ကို ပံ့ပိုးပေးနေကြောင်း သီကုံးစွပ်စွဲလိုက်သည်။ အာရဘီဘာသာဖြင့် သီဆိုသည့် အဆိုပါတေးသီချင်းတွင် ရာဟင်မ်က အိုဘားမားသည် ဆွန်နီ အကြမ်းဖက်အဖွဲ့များဖြစ်သော ဟားမတ်စ် နှင့် အိုင်စစ်အဖွဲ့တို့၏ “လူ” ဖြစ်သည်ဟု ပြတ်ပြတ်သားသား စွပ်စွဲထားသည်။

ပုသိမ် တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်း



ကျောင်းသားသမဂ္ဂ ပုသိမ်တက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ (ပုသိမ်နည်းပညာတက္ကသိုလ်) တို့ကို ဖေဖော် ဝါရီလ ၂၅ ရက်တွင် တရားဝင် ကျောင်းသား သမဂ္ဂများအဖြစ် ဖွဲ့စည်းလိုက်သည်။

ရန်ကုန်တိုင်းအမတ် ဒေါက်တာ ညိုညိုသင်းကို အရေးယူပေးရန် တိုင်းလွှတ်တော် ဥက္ကဋ္ဌထံ တိုင်စာပို့


တိုင်းလွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကို အရေးယူပေးရန် ရန်ကုန်မြို့သစ်စီမံကိန်း ဖော်ဆောင်ရန် ဦးဆောင်ဆန္ဒပြသည့် အဖွဲ့ဝင် ၂၄ဦးဖြင့် ဖွဲ့စည်းထားသော ဒေသဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ရန်ကုန် တိုင်း လွှတ်တော် ဥက္ကဋ္ဌထံ တိုင်ကြားစာ ပေးပို့ထားကြောင်း ကာယကံရှင်များနှင့် လွှတ်တော်ဥက္ကဋ္ဌက မဇ္ဈိမကို အတည်ပြု ပြောသည်။

မြန်မာဘာသာဖြင့် ဂျီးမေလ်း အသုံးပြုနိုင်ပြီ


မြန်မာဘာသာနဲ့ ဂျီးမေလ်းကို အသုံးပြုနိုင်ပြီလို့ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေတဲ့ ဂူဂဲလ်က ဖေဖော် ၀ါရီ ၂၅ ရက်က ကြေညာပါတယ်။ ဒီအတွက် ဂျီမေလ်းကို ဘာသာ ၇၄ ခုနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ကိုးကန့်ခေါင်းဆောင်အဖြစ် ရွေးချယ်ထားသူရှိသောကြောင့် ဖုန်ကြားရှင် အဖွဲ့အား သောင်းကျန်းသူဟုသုံးနှုန်းခြင်းဟု ဦးရဲထွဋ် ပြော


လောက်ကိုင်ဒေသတွင် ဖြစ်ပွားနေသော ဖုန်ကြားရှင်အဖွဲ့နှင့် အ စိုးရ တပ်မတော်၏ တိုက်ပွဲတွင် ဖုန်ကြား ရှင်အဖွဲ့အား အစိုးရအနေဖြင့် သောင်း ကျန်းသူဟု ခေါ်ဝေါ်သုံးစွဲနေခြင်းမှာ လက်ရှိ ကိုးကန့်ခေါင်းဆောင် အဖြစ် ရွေးချယ်ထားသူရှိသောကြောင့် ယခုလို သုံးနှုန်းရခြင်းဖြစ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိ သူ ပြည်ထောင်စု ဝန်ကြီးဦးရဲထွဋ်က ပြောသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီ နှင့် ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်တို့၏ မေတ္တာ ရပ်ခံချက်


အမျိုးသားလွှတ်တော်နာယကကြီး၏ ကြေညာချက်အမှတ် (၁/၂၀၁၅) အရ အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့ အနေဖြင့် အောက်ဖော်ပြပါ မေတ္တာရပ်ခံကြေညာချက်ကို ထုတ်ပြန်လိုက်ပါ သည်။

ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး အချိန်ကြန့် ကြာ နေသည့်အပေါ် ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်ပြီး အခြားစစ်ကြောင်းများမှာလည်း အခြေအနေ စောင့်ကြည့်လှုပ်ရှားမည်ဟုဆို



အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အချိန်ကြာမြင့်နေသည့် အပေါ် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းသည် မူလရည်မှန်းထားသည့် မတ် ၁ ရက်တွင် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဟု သိရပြီး ကျန် ကျောင်းသားသပိတ် စစ်ကြောင်းသုံးခုမှာလည်း စောင့် ကြည့်မှု များ ပြုလုပ်မည်ဟု သပိတ်မှောက် ကျောင်းသားများထံမှ သိရသည်။

တရုတ်ချေးငွေ ဒေါ်လာ သန်း ၃၀၀ ကိစ္စနှင့် ပတ်သက်၍ သမ၀ါယမ၀န်ကြီးနှင့် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပြန်အလှန် ဆွေးနွေး ခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော် နာယက သတိပေး


တရုတ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃ဝဝ ကိစ္စနှင့် ပတ်သက်၍ သမဝါယမဝန်ကြီးနှင့် NLD လွှတ်တော် ကိုယ်စားလှယ်နှစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း က သတိပေးပြောကြားသည်။

ကျောင်းသားပင်မသပိတ် စစ်ကြောင်း မတ်လ ၁ ရက်နေ့ ရန်ကုန်သို့ ချီတက်မည်


လက်ပံတန်းမြို့ကို ရောက်ရှိနေတဲ့ ပင်မ သပိတ်မှောက် ကျောင်းသား ကျောင်း သူတွေက လာမယ့် မတ်လ ၁ ရက်နေ့မှာ မူလရည်ရွယ်ချက်အတိုင်း ရန်ကုန်ကို ဆက်လက် ချီတက်ကြမယ်လို့ ပြောပါတယ်။ အမျိုးသား လွှတ်တော်က အမျိုးသားပညာရေးဥပဒေ ကို ပြင်ဆင်နိုင်ဖို့ ကြားနာပွဲတွေကို လာမယ့် မတ်လ ၅ ရက်နေ့ ကနေ မတ်လ ၁၅ ရက်နေ့အထိ ကျင်းပမယ် လို့ ကြေညာထားပါတယ်။

မလေးရှားအတိုက်အခံ ခေါင်းဆောင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းခံ


မကြာသေးမီက လိင်တူကျုးလွန်မှု စွဲချက်ဖြင့် ထောင်ဒဏ်ကျခံခဲ့ရသည့် မလေးရှားအတိုက်အခံ ခေါင်းဆောင် အန် ဝါအီဘရာဟင်၏ မိသားစု သည် ၎င်းအားပြစ်ဒဏ်မှ လွတ် မြောက်နိုင်ရန် ဘုရင်ထံ တော်ဝင် လွတ်ငြိမ်း ချမ်းသာခွင့် တောင်း ခံခဲ့သည်။

ဆောင်းဦးလှိုင်ကို ဆုရတဲ့ ရွှေတစ်ကျပ်သား ဂုဏ်ပြုခဲ့တဲ့ နီနီခင်ဇော်


တေးသံရှင်နီနီခင်ဇော်က ‘မျှော်လင့်ချက်တစ်စုံတစ်ရာ’သီချင်းကိုရေးစပ်ပေးသည့်တေးသံရှင်ဆောင်းဦးလှိုင် အား ရရှိခဲ့သောဆုတံဆိပ်မှ ရွှေတစ်ကျပ်သားကို သွားရောက်ဂုဏ်ပြုခဲ့ကြောင်းသတင်းရရှိသည်။

ကမ္ဘာ့အလှဆုံးအလှမယ်စာရင်းတွင် မြန်မာမယ်နှစ်ဦး ပဉ္စမနှင့်ဆဋ္ဌမချိတ်


ကမ္ဘာ့အလှအပဆိုင်ရာ ဝက်ဘ်ဆိုက် Beauties Concept ကရွေးချယ်သည့် ၂၀၁၄ အတွက်ကမ္ဘာ့အလှမယ် ပြိုင်ပွဲများမှအလှဆုံးအလှမယ်စာရင်း နောက် ဆုံးအဆင့် ခုနစ်ဦးတွင် မြန်မာအလှမယ်နှစ်ဦး ဆက်လက်ရွေး ချယ်ခံရ သည်။

တပ်မတော်(လေ)အတွက် လေယာဉ်ကိုးစီး တပ်တော်ဝင်အခမ်းအနားကျင်းပ


 မြန်မာ့တပ်မတော် (လေ)အတွက် လေ့ကျင့်ရေးဂျက် တိုက်လေယာဉ် (K-8 W)၊ သယ်ယူ ပို့ဆောင်ရေးနှင့် လေကြောင်း ကင်းထောက်အတွက် အသုံးပြု သော ATR-42 နှင့် BEECH 1900 D လေယာဉ်များ တပ်တော်ဝင် (လွှဲပြောင်းပေးမှု) အခမ်းအနားပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အင်ဒိုနီးရှားလုပ်သား ပြည်ပလုပ်ကိုင်ခွင့် ၂၀၁၇ ရပ်ဆိုင်းမည်


ပြည်ပရောက် အင်ဒိုနီးရှား အလုပ်သမားတွေအပေါ် အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံမှုတို့ လျော့နည်းစေဖို့ အားထုတ်မှုတရပ်အနေနဲ့ ၂၀၁၇ ကစပြီး အိမ်ဖော်တွေ၊ အလုပ်သမားတွေ ပြည်ပစေလွှတ်မှုတွေ ရပ်ဆိုင်းတော့ မယ်လို့ အင်ဒိုနီးရှား အစိုးရက ပြောကြားလိုက်ပါတယ်။

လောက်ကိုင်တိုက်ပွဲများနှင့်ပတ်သက်၍ တရုတ်ဗဟိုအစိုးရ၏ မူဝါဒအရ ပါဝင်ပတ်သက်မှုမရှိကြောင်း ဖုန်ကြားရှင်နှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်ဗဟိုအစိုးရ၏မူဝါဒအရ ပါဝင်ပတ်သက်မှုမရှိကြောင်း ယုံကြည်သည်ဟု ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ခန်းမ၌ပြုလုပ်သော ဖုန်ကြားရှင်နှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ပြောကြားသွားခဲ့သည်။

ဒီချုပ်အမတ်အချို့၏ ဝေဖန်ချက် မိမိကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်သလိုဖြစ်နေဟု ဦးကျော်ဆန်း လွှတ်တော်တွင်ပြော


အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်အချို့ ၏ ဝေဖန်ပြောကြားချက်များ သည် မိမိကိုအောက်လမ်းနည်းဖြင့် တိုက်ခိုက် သကဲ့သို့ ဖြစ်နေကြောင်း သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင် စု ၀န်ကြီး ဦးကျော်ဆန်းက လွှတ်တော်တွင်ပြောကြားလိုက်သည်။

ရုရှားဟက်ကာတစ်ဦးကို အမေရိကန် ဆုငွေ ဒေါ်လာသုံးသန်း ထုတ်ပြန်


ရုရှားနိုင်ငံသား ဟက်ကာတစ်ဦးကို အမေရိကန် အစိုးရက ဆုငွေ ဒေါ်လာ သုံးသန်း ထုတ်ပြန်ခဲ့ပြီး ယင်း သည် အမေရိကန် သမိုင်းတွင် ဆိုက်ဘာ ရာဇဝတ်မှုများအတွက် အမြင့်ဆုံး ဆုငွေ ဖြစ်လာကြောင်း သိရသည်။

ဂျပန်ရင်းနှီးမြှုပ်နှံမှု ၂၀၁၅ ရွေးကောက်ပွဲပြီးမှ တိုးမြှင့်မည်ဟု ရှင်ဇိုအာဘေးပြောကြား

မြန်မာနိုင်ငံတွင် ဂျပန် ရင်းနှီးမြှုပ်နှံမှုကို ၂၀၁၅ ရွေး ကောက်ပွဲပြီးမှသာ တိုးမြှင့်ဆောင် ရွက်သွား မည်ဖြစ်ကြောင်း ဂျပန် နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပ ပြုလုပ်သည့် ဂျပန်-မြန်မာ စီးပွား ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ကော်မတီ အစည်းအဝေးသို့ပေးပို့ သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရှေးဟောင်းကားတွေရဲ့ Road to Mandalay ခရီးစဉ် ရန်ကုန်ရောက် မြင်ကွင်း


စကာင်္ပူကနေ ပုဂံအထိ ကားမောင်းပြိုင်နေကြတဲ့ ရှေးဟောင်းကား ၆၀ ကျော် ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာကြပါတယ်။

စင်္ကာပူကနေ ပုဂံအထိ မိုင်ရှည်မောင်းနှင်ခဲ့ကြတဲ့ ရှေးဟောင်းကားများရဲ့ Road to Mandalay အပြန်ခရီးစဉ် ဖေဖော်ဝါရီ ၂၅ရက်နေ့က ကျောက်ပန်းတောင်း မြို့ဖြတ်သန်းမှု မြင်ကွင်း




My Blog List