Wednesday, January 22, 2020

စာရင်းစစ်ချုပ် အစီရင်ခံစာအရ အရင်းပြုတ်မည့် အနေအထားဖြစ်နေဟု ဝေဖန်


Image may contain: 4 people, people standing
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ အရင်းပြုတ်မည့် အနေအထားဖြစ်နေသောကြောင့် စနစ်တကျ ကြီးကြပ်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ပြောဆိုသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီ ရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီအစီရင်ခံစာမှာ အဓိကထားပြီး ဆွေး နွေးလိုတာကတော့ တိုင်းဘဏ္ဍာရန်ပုံငွေနဲ့ သုံးစွဲ နေတဲ့ ကျပ်ငွေ ၁၃၄ ဘီလီယံကိစ္စ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာ ကျွန်တော်တို့အနေနဲ့ ၁၃၄ ဘီလီယံမှာ ဘီလီယံ ၇၀ ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက်လည်းကောင်း၊ ၆၄ ဘီလီယံကို စည်ပင်ဘဏ်မှာ အပ်နှံပြီးတော့အိမ်ရာများဆောက်ဖို့ ဆိုပြီးတော့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာများအရ ၆၄ ဘီလီယံဟာမက်ထရိုပိုလီတန်မှာ ၅၄ ဘီလီယံ၊ NYDC မှာ ၁၀ဘီလီယံ သုံးစွဲနေတာကို တွေ့ရှိနေပါတယ်။ တကယ်တမ်းကျတော့ ၂၀၁၆-၂၀၁၇ အစီရင်ခံစာမှာ ရည်ရွယ်ချက်များ မက်ထရိုပိုလီတန် ဘာတွေလုပ်မယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်။ အဲဒီထဲမှာ အဓိကရည်ရွယ်ချက်ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော် မိသားစုပေါင်း ၂၇၀၀၀ ကို အိမ်ရာများ တည်ဆောက်ပေးဖို့ဖြစ်ပါတယ်။ ကျူးကျော်များနဲ့ ပတ်သက်လို့ လွှတ်တော်မှာကြယ်ပွင့်ပြ မေးခွန်းမေးခဲ့ပါတယ်။ အဲဒီအခါမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကျူးကျော်များအတွက် လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမှာ တိုက်ခန်းပေါင်း ၂၀၀၀ ဆောက်ပြီးပါပြီ။ ဆက်လက်ပြီးတော့ တိုက်ခန်းပေါင်း ၈၀၀၀ ဆောက်လုပ်ဆဲဖြစ်ပါတယ်လို့ လာရောက်ဖြေဆိုသွားပါတယ်၊ ဒါကြောင့်ရန်ကုန်တိုင်းဒေသြကီး အစိုးရအဖွဲ့အနေနဲ့ ၆၄ ဘီလီယံကိုသုံးစွဲတဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာကတိကဝတ်ပြုထားတဲ့မူတွေနဲ့ လွဲပြီးတော့ သုံးစွဲနေပါတယ်။ဒါလေးကိုလည်း ပြန်လည်ဖြေရှင်းစေလိုပါတယ်"ဟု ၎င်းကပြောဆိုသည်။
ဆက်လက်၍လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ]ပြည်ထောင်စုရန်ပုံငွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သုံးခွင့်ရခဲ့တဲ့ ငွေများအကြောင်းပဲ ဖြစ်ပါတယ်။ ဒီငွေများဟာကျပ်သန်းပေါင်း ၃၁၁၆၀ ဒသမ ၇သန်း ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း သုံးသောင်းကိုတော့ ၂၅ မဂ္ဂါဝပ်ထွက်တဲ့ မီးစက်ကြီးကိုLimited တင်ဒါနဲ့ ဝယ်ခဲ့တယ်။ Limited တင်ဒါဆိုတာလည်း၂၀၁၇ခုနှစ် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ တင်ဒါစည်းမျဉ်း၊စည်းကမ်းနဲ့လည်း မညီပါဘူး။ ဒါကြောင့် တာဝန်ရှိသူများကို မည်ကဲ့သို့ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း ဆက်လက်ပြီးတော့ ဖြေရှင်းစေလိုပါတယ်။ နောက် ကျပ်သန်းပေါင်း သုံးသောင်းအပြင် ကျန်တဲ့ ကျပ်သန်းပေါင်း ၁၁၆၀ ဒသမ ၇ သန်းကိုတော့ စာရင်းစစ်ချုပ်အစီရင်ခံစာအရ သုံးစွဲနေတာက လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းမှာ ကွန်ကရစ်ရေတံလျှောက် သုံးတယ်လို့ သိရပါတယ်။သို့သော်လည်းပဲ ၂၀၁၇- ၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာမှာ အဆိုပါကွန်ကရစ်ရေတံလျှောက်ဟာ ပြီးပြီလား၊ မပြီးဘူးလား ကျွန်တော်တို့ မသိရပါဘူး။ အဲဒါပြီးလား၊ မပြီးဘူးလား ကျွန်တော့်အနေနဲ့သိလိုပါတယ်။အဆိုပါငွေများဟာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေဖြစ်သည့်အတွက် အခု ကျွန်တော်တို့တွေ့နေရတာက YPBC နဲ့ YUPT မှာ ကျပ်သန်းပေါင်း ၃၈၀၀ ကျော် အရှုံးပေါ်နေတယ်။ နောက်ပြီးတော့ ရင်းနှီးမြှပ်နှံထားတဲ့မက်ထရိုပိုလီတန်နဲ့ NYDC ကုမ္ပဏီကလည်း ဘဏ်တိုးကိုပဲအဓိကထားပြီး မြတ်နေတယ်လို့ ပြောနေတယ်။သို့သော်လည်းပဲဝန်ကြီးချုပ်ကြီးအနေနဲ့၊ စီမံခန့်ခွဲတဲ့အနေနဲ့ ဒီငွေတွေကို ဆုံးရှုံးမှုမဖြစ်အောင် စီမံခန့်ခွဲမယ်ဆိုတဲ့ ကတိစကားပြောထားတာ ရှိပါတယ်။ ဒါကို ထောက်ခံပါတယ်။ သို့သော်လည်းပဲ ၂၀၁၇-၂၀၁၈အကျဉ်းချုပ် အစီရင်ခံစာအရတော့ အရင်းပြုတ်မယ့်အနေအထားဖြစ်ေနတဲ့အတွက် ဒါလေးတွေကို စနစ်တကျ ကြီးကြပ်ဖို့ လိုအပ်နေကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်"ဟုပြောဆိုသည်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်စာရင်းစစ်ချုပ် အစီရင်ခံစာကို ဆွေးနွေးခဲ့သည်မှာ သုံးကြိမ်မြောက်ရှိခဲ့ပြီး ယခုဆွေးနွေးမည့် ၂၀၁၈-၂၀၁၉ အစီရင်ခံစာအား ၂၀၁၉ခုနှစ်တွင် ဆွေးနွေးရမည်ဖြစ်သော်လည်း ၂၀၂၀ပြည့်နှစ်အတွင်းမှသာ ဆွေးနွေးခွင့်ရခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များကဲ့သို့ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းကိုမရရှိဘဲ အကျဉ်းချုပ်သာ ရရှိခဲ့တာဖြစ်ခြင်းကြောင့် ယခုနှစ်ဆွေးနွေးမယ့် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ စာရင်းစစ်အကျဉ်းချုပ် အစီရင်ခံစာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။
"ဒီ၂၀၁၇-၂၀၁၈ အစီရင်ခံစာဟာ စာရင်းစစ်ချုပ်ကြီးအနေနဲ့ စာရင်းစစ်ချုပ်နဲ့ လျော်ညီစွာ ၂၀၁၉ခုနှစ် ဇူလိုင် ၁ ရက်မှာသက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်ကို တစ်ပြိုင်နက်တည်း တင်ပြခဲ့တယ်လို့ ကြားသိရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲ့ကတော့ ၂၀၂၀ ဇန်နဝါရီ ၈ ရက်ရောက်မှသာ စာရင်းစစ်ချုပ် အစီရင်ခံစာကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ကာလဟာရန်ကုန်တိုင်းဒေသကြီးအနေနဲ့ နဝမပုံမှန်အစည်းအဝေး ကျင်းပနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ဒါကြောင့် ခြောက်လကျော် နောက်ကျခဲ့ခြင်းဟာ မည်သူ့မှာ တာဝန်ရှိတယ်ဆိုတာကတော့ ပြန်လည်ရှင်းလင်းပေးဖို့ တင်ပြအပ်တယ်"ဟု ၎င်းက ပြောဆိုသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့သည်။
သတင်း - နောင်လေး
(Unicode Version)
စာရင်းစစ်ချုပ် အစီရင်ခံစာအရ အရင်းပြုတ်မည့် အနေအထားဖြစ်နေဟု ဝေဖန်

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ အစီရင်ခံစာအရ အရင်းပြုတ်မည့် အနေအထားဖြစ်နေသောကြောင့် စနစ်တကျ ကြီးကြပ်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဝေဖန်ပြောဆိုသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီ ရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ၎င်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"ဒီအစီရင်ခံစာမှာ အဓိကထားပြီး ဆွေး နွေးလိုတာကတော့ တိုင်းဘဏ္ဍာရန်ပုံငွေနဲ့ သုံးစွဲ နေတဲ့ ကျပ်ငွေ ၁၃၄ ဘီလီယံကိစ္စ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှာ ကျွန်တော်တို့အနေနဲ့ ၁၃၄ ဘီလီယံမှာ ဘီလီယံ ၇၀ ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက်လည်းကောင်း၊ ၆၄ ဘီလီယံကို စည်ပင်ဘဏ်မှာ အပ်နှံပြီးတော့အိမ်ရာများဆောက်ဖို့ ဆိုပြီးတော့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သို့သော်လည်း စာရင်းစစ်ချုပ် အစီရင်ခံစာများအရ ၆၄ ဘီလီယံဟာမက်ထရိုပိုလီတန်မှာ ၅၄ ဘီလီယံ၊ NYDC မှာ ၁၀ဘီလီယံ သုံးစွဲနေတာကို တွေ့ရှိနေပါတယ်။ တကယ်တမ်းကျတော့ ၂၀၁၆-၂၀၁၇ အစီရင်ခံစာမှာ ရည်ရွယ်ချက်များ မက်ထရိုပိုလီတန် ဘာတွေလုပ်မယ်ဆိုတာ ပါပြီးသားဖြစ်ပါတယ်။ အဲဒီထဲမှာ အဓိကရည်ရွယ်ချက်ကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျူးကျော် မိသားစုပေါင်း ၂၇၀၀၀ ကို အိမ်ရာများ တည်ဆောက်ပေးဖို့ဖြစ်ပါတယ်။ ကျူးကျော်များနဲ့ ပတ်သက်လို့ လွှတ်တော်မှာကြယ်ပွင့်ပြ မေးခွန်းမေးခဲ့ပါတယ်။ အဲဒီအခါမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ကျူးကျော်များအတွက် လှိုင်သာယာနဲ့ ဒဂုံဆိပ်ကမ်းမှာ တိုက်ခန်းပေါင်း ၂၀၀၀ ဆောက်ပြီးပါပြီ။ ဆက်လက်ပြီးတော့ တိုက်ခန်းပေါင်း ၈၀၀၀ ဆောက်လုပ်ဆဲဖြစ်ပါတယ်လို့ လာရောက်ဖြေဆိုသွားပါတယ်၊ ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ၆၄ ဘီလီယံကိုသုံးစွဲတဲ့နေရာမှာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွင်းမှာကတိကဝတ်ပြုထားတဲ့မူတွေနဲ့ လွဲပြီးတော့ သုံးစွဲနေပါတယ်။ဒါလေးကိုလည်း ပြန်လည်ဖြေရှင်းစေလိုပါတယ်"ဟု ၎င်းကပြောဆိုသည်။
ဆက်လက်၍လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ]ပြည်ထောင်စုရန်ပုံငွေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သုံးခွင့်ရခဲ့တဲ့ ငွေများအကြောင်းပဲ ဖြစ်ပါတယ်။ ဒီငွေများဟာကျပ်သန်းပေါင်း ၃၁၁၆၀ ဒသမ ၇သန်း ဖြစ်ပါတယ်။ ကျပ်သန်းပေါင်း သုံးသောင်းကိုတော့ ၂၅ မဂ္ဂါဝပ်ထွက်တဲ့ မီးစက်ကြီးကိုLimited တင်ဒါနဲ့ ဝယ်ခဲ့တယ်။ Limited တင်ဒါဆိုတာလည်း၂၀၁၇ခုနှစ် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ခဲ့တဲ့ တင်ဒါစည်းမျဉ်း၊စည်းကမ်းနဲ့လည်း မညီပါဘူး။ ဒါကြောင့် တာဝန်ရှိသူများကို မည်ကဲ့သို့ ဆောင်ရွက်ခဲ့ကြောင်းကိုလည်း ဆက်လက်ပြီးတော့ ဖြေရှင်းစေလိုပါတယ်။ နောက် ကျပ်သန်းပေါင်း သုံးသောင်းအပြင် ကျန်တဲ့ ကျပ်သန်းပေါင်း ၁၁၆၀ ဒသမ ၇ သန်းကိုတော့ စာရင်းစစ်ချုပ်အစီရင်ခံစာအရ သုံးစွဲနေတာက လှည်းကူးမြို့နယ် ငမိုးရိပ်ချောင်းမှာ ကွန်ကရစ်ရေတံလျှောက် သုံးတယ်လို့ သိရပါတယ်။သို့သော်လည်းပဲ ၂၀၁၇- ၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာမှာ အဆိုပါကွန်ကရစ်ရေတံလျှောက်ဟာ ပြီးပြီလား၊ မပြီးဘူးလား ကျွန်တော်တို့ မသိရပါဘူး။ အဲဒါပြီးလား၊ မပြီးဘူးလား ကျွန်တော့်အနေနဲ့သိလိုပါတယ်။အဆိုပါငွေများဟာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပါတယ်။ ပြည်သူ့ ဘဏ္ဍာငွေဖြစ်သည့်အတွက် အခု ကျွန်တော်တို့တွေ့နေရတာက YPBC နဲ့ YUPT မှာ ကျပ်သန်းပေါင်း ၃၈၀၀ ကျော် အရှုံးပေါ်နေတယ်။ နောက်ပြီးတော့ ရင်းနှီးမြှပ်နှံထားတဲ့မက်ထရိုပိုလီတန်နဲ့ NYDC ကုမ္ပဏီကလည်း ဘဏ်တိုးကိုပဲအဓိကထားပြီး မြတ်နေတယ်လို့ ပြောနေတယ်။သို့သော်လည်းပဲဝန်ကြီးချုပ်ကြီးအနေနဲ့၊ စီမံခန့်ခွဲတဲ့အနေနဲ့ ဒီငွေတွေကို ဆုံးရှုံးမှုမဖြစ်အောင် စီမံခန့်ခွဲမယ်ဆိုတဲ့ ကတိစကားပြောထားတာ ရှိပါတယ်။ ဒါကို ထောက်ခံပါတယ်။ သို့သော်လည်းပဲ ၂၀၁၇-၂၀၁၈အကျဉ်းချုပ် အစီရင်ခံစာအရတော့ အရင်းပြုတ်မယ့်အနေအထားဖြစ်နေတဲ့အတွက် ဒါလေးတွေကို စနစ်တကျ ကြီးကြပ်ဖို့ လိုအပ်နေကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်"ဟုပြောဆိုသည်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင်စာရင်းစစ်ချုပ် အစီရင်ခံစာကို ဆွေးနွေးခဲ့သည်မှာ သုံးကြိမ်မြောက်ရှိခဲ့ပြီး ယခုဆွေးနွေးမည့် ၂၀၁၈-၂၀၁၉ အစီရင်ခံစာအား ၂၀၁၉ခုနှစ်တွင် ဆွေးနွေးရမည်ဖြစ်သော်လည်း ၂၀၂၀ပြည့်နှစ်အတွင်းမှသာ ဆွေးနွေးခွင့်ရခြင်းဖြစ်ကြောင်း၊ ယခင်နှစ်များကဲ့သို့ စာရင်းစစ်ချုပ် အစီရင်ခံစာမူရင်းကိုမရရှိဘဲ အကျဉ်းချုပ်သာ ရရှိခဲ့တာဖြစ်ခြင်းကြောင့် ယခုနှစ်ဆွေးနွေးမယ့် စာရင်းစစ်ချုပ် အစီရင်ခံစာမှာ စာရင်းစစ်အကျဉ်းချုပ် အစီရင်ခံစာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။
"ဒီ၂၀၁၇-၂၀၁၈ အစီရင်ခံစာဟာ စာရင်းစစ်ချုပ်ကြီးအနေနဲ့ စာရင်းစစ်ချုပ်နဲ့ လျော်ညီစွာ ၂၀၁၉ခုနှစ် ဇူလိုင် ၁ ရက်မှာသက်ဆိုင်ရာ အစိုးရနဲ့ လွှတ်တော်ကို တစ်ပြိုင်နက်တည်း တင်ပြခဲ့တယ်လို့ ကြားသိရပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့အနေနဲ့ကတော့ ၂၀၂၀ ဇန်နဝါရီ ၈ ရက်ရောက်မှသာ စာရင်းစစ်ချုပ် အစီရင်ခံစာကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ ကာလဟာရန်ကုန်တိုင်းဒေသကြီးအနေနဲ့ န၀မပုံမှန်အစည်းအဝေး ကျင်းပနေတဲ့ အချိန်ပဲဖြစ်ပါတယ်။ဒါကြောင့် ခြောက်လကျော် နောက်ကျခဲ့ခြင်းဟာ မည်သူ့မှာ တာဝန်ရှိတယ်ဆိုတာကတော့ ပြန်လည်ရှင်းလင်းပေးဖို့ တင်ပြအပ်တယ်"ဟု ၎င်းက ပြောဆိုသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့သည်။

သတင်း - နောင်လေး

No comments:

Post a Comment

My Blog List