Wednesday, October 17, 2012

သင်သိဖို့ လိုအပ်မည့် အင်္ဂလိပ် စကားပြော ဥပဒေ ၅ ချက်




၁။ အင်္ဂလိပ် grammar ကို အများကြီး မလေ့လာပါနှင့်။
ဒီအချက်ဟာ အင်္ဂလိပ်စာ လေ့လာသူတွေအတွက် ထူးဆန်းနေပါတယ်။ ဒါပေမယ့်  အင်္ဂလိပ် စကားပြော ရာမှာ အရေးအကြီးဆုံးအချက်ပါပဲ။ သင်စာမေးပွဲ အောင်ဖို့ဆိုရင်တော့ အင်္ဂလိပ် grammar ကို တတ်ဖို့ လိုပါလိမ့်မယ်။

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်

ကိုယ်စားများစွာဖြင့် ရုပ်ရှင်သူရဲကောင်းဆုရှင်
ကျော်သူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ အောက်တိုဘာ ၁၇၊ ၂၀၁၂

အောက်တိုဘာလ (၁၃) ရက်နေ့သည် မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်မှာ ၁၃.၁ဝ.၂ဝ၁၂ ရက်နေ့သည် (၉၂) နှစ်ပြည့်မြောက် ရှိခဲ့ပြီဖြစ်သော်လည်း ၂ဝ၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင် ထူးခြားသည့်ဆုများဖြင့် ဝေဝေဆာဆာ ဂုဏ်ပြုကျင်းပခဲ့သည်။

ဒီမိုကရေစီကို မုန်းတယ်

ဒီမိုကရေစီကို မုန်းတယ်

ကျွန်တော်ရဲ့ အမေစုအပေါ် ယုံကြည်အားကိုစိတ်တွေ များလွန်းနေ၍လားတော့ မသိပါ။ အမေစု လုပ်ပေး လျှင်ရနိုင်မည်။

သက်ဝင်းအောင်အတွက် စာ

 

သက်ဝင်းအောင်အတွက် စာ
ဒီကနေ့ ၂၀၁၂ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့ဟာ ကိုသက်ဝင်းအောင်ရဲ့ အကျဉ်းထောင်တွင်း ကွယ်လွန်ခဲ့တာ ၆ နှစ်ပြည့်ဖြစ်ပါတယ်။ ကိုသက်ဝင်းအောင် ကွယ်လွန်ပြီးနှစ်ရက်အကြာက ကျနော်ရေးခဲ့ တဲ့ အမှတ်တရ ဆောင်းပါးတပုဒ်ပါ။

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား

“ပြည်သူ့ဆန္ဒနဲ့မကိုက်ညီသဖြင့်” လို့ ဆိုနေပါလား
တူမောင်ညို၊ ၁၆ အောက်တိုဘာ၊ ၂၀၁၂

“ပြည်သူ့ဆန္ဒ” နဲ့ပတ်သက်လာရင် ဦးသိန်းစိန်တို့ကြံ့ဖွံ့အစိုးရသဘောထားပုံက အနည်းဆုံး ၃ မျိုး
လောက်ရှိပုံရတယ်။

ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင်ရန် စောင့်ဆိုင်းနေ

 

မြန်မာနိုင်ငံ၏ ရွှေဝါရောင်တော်လှန်ရေးအတွင်းက နိုင်ငံရေး လှုပ်ရှားသူများအတွက် အမှုလိုက်ပေးရင်း တရားရုံးတော်ကို မထီမဲ့မြင်ပြုမှုဖြင့် ပုဒ်မ ၂၂၈နှင့် ထောင်ဒဏ် ၆လ အင်းစိန်အကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသည့် ရှေ့နေ စောကျော်ကျော်မင်းအမှု အယူခံဝင် နိုင်ရန် စောင့်ဆိုင်းလျှက်ရှိသည်။

ဖျာပုံမြို့သူမြို့သားများနှင့်သံဃာတော်များ၏ OIC ကန့်ကွက်ဆန္ဒပြပွဲ




အမေရိကန် လက်ထောက် ဝန်ကြီး ၈၈ ခေါင်းဆောင်တွေနဲ့တွေ့

အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Michael Posner

မြန်မာ လူ့အခွင့်အရေးကိစ္စတွေအပါအ၀င် ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပြဿ နာတွေ ဖြေရှင်းနိုင်ဖို့ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးကြဖို့အတွက် မြန်မာနိုင်ငံကိုရောက်နေတဲ့ အမေရိကန် အစိုးရဒီမိုကရေစီ၊လူ့အခွင့်အရေးနဲ့အလုပ်သမားရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီးမိုက်ကယ် ပေါ့စ်နာ (Michael Posner) နဲ့

တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး

မည်သည့် နိုင်ငံခြားဘဏ်ကိုမျှ ပြည်တွင်းတွင် ဘဏ်လုပ်ငန်းလုပ်ခွင့် လိုင်စင်ပေးထားခြင်း မရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဒု ဝန်ကြီးက ပြောကြားထားသည် (ဓာတ်ပုံ – Reuters)

မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတချို့က ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank)လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီဟုဆိုကာ ငွေကြေးနှင့် အစုရှယ်ယာထည့်ဝင်ကြရန် ကြော်ငြာမှုများ ရှိနေ ပြီး ယင်းသို့လုပ်ရပ်များမှာ တရားမ၀င်ကြောင်းနှင့် ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သတိပေး ပြောဆိုလိုက်သည်။

ဗြိတိသျှ သံရုံးအရာရှိများ ဦးဂမ္ဘီရနဲ့အဖွဲ့ကို ဖိတ်ကြားဆွေးနွေး

ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ဦးဂမ္ဘီရ၊ အခုအခါ လူဝတ်လဲထားပြီး ဖြစ်တဲ့ ဦးညီညီလွင်နဲ့အဖွဲ့ကို ဗြိတိသျှသံရုံးက အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်

ထိုင်းနိုင်ငံ မဲဆောက်မြို့ ဈေးအတွင်း မေလကုန်ပိုင်းကတွေ့ရသည့် လန်ချားနှင့် ပစ္စည်း သယ်ပို့ အလုပ် လုပ်နေသော မြန်မာ အလုပ်သမား တချို့

ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည် လာမည့် ဒီဇင်ဘာလအတွင်း ၎င်းတို့၏နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု ထိုင်းအလုပ်သမား ၀န်ကြီးဌာန က ပြောကြားလိုက်သည်။
ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထား သည်။
ယင်း အလုပ်သမားများကို ထိုင်းအစိုးရအနေနှင့် Nationality Verification Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်အရ လူဦးရေ ၁၇ သိန်း ရှိသည့်အနက် ၁၃ သိန်း အတည်ပြုပေးထားပြီး ကျန်ရှိသည့် လူ (၄) သိန်းသည် နောက်ဆုံးသတ်မှတ် ပေးထား သော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန် ပျက်ကွက်ပါက ပြန်ပို့ခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အလုပ်သမားဝန်ကြီးဌာနအနေနဲ့မှတ်ပုံတင်ရေးလုပ်ငန်းစဉ်မှာပူးပေါင်းဆောင်ရွက်မှုတွေမလုပ်ရင် ရွှေ့ပြောင်း အလုပ်သမား တွေ ကို မိခင်နိုင်ငံကို ပြန်ပို့သွားမှာ ဖြစ်ပါတယ်”ဟု Padermchai က ဆက်ပြောသည်။
လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်း(HRDF)မှမစ္စတာအန်ဒီဟောလ်က ပြန်ပို့ခံရနိုင်ဖွယ်ရှိသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်း စာရင်း၌ မြန်မာနိုင်ငံသား ၂ သိန်းခန့် ပါဝင်နေသည်ဟု ကြားသိရကြောင်း ဧရာဝတီ သို့ ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများအတွက် နိုင်ငံသား စိစစ်ရေးအစီအစဉ်ကို ယခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ စတင်၍ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ ၆ လ သက်တမ်းတိုးရန် ထိုင်းအစိုးရအနေနှင့် ခွင့်ပြုပေးထား
ခြင်း ဖြစ်သည်။
အလုပ်သမား လက်မှတ် ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်အတွက် နိုင်ငံ သားစိစစ်ရေး အစီအစဉ်၌ ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။
ထို့ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်ကိုင်နေကြသည့် ဘန်ကောက်၊ မဟာချိုင်း၊ စမွတ် ပရာကန်၊ စူရက်ဌာနီ၊ ရနောင်း၊ မဲဆောက်နှင့် ချင်းမိုင်မြို့များတွင် နိုင်ငံသားစိစစ်ရေးအတွက် ရုံးများ ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံသားစိစစ်ရေးလုပ်ငန်း အစီအစဉ်ကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသားများအတွက် ၂၀၀၆ ခုနှစ်
နှင့် မြန်မာနိုင်ငံသားများ အတွက် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း၌ စတင်လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကို ပြန်ပို့မည်ဟုထိုင်းအစိုးရအနေနှင့် ပြောကြားသော်လည်းထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့နယ်အတွင်း လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တော်ပြန်မှုကြောင့် ထိုင်း စီးပွားရေးလုပ်ငန်းရှင် တချို့ အ လုပ်သမား ရှားပါးမှုနှင့် စတင်ကြုံတွေ့နေရသည်။
လတ်တလော ကာလအတွင်း၌ပင် မြန်မာအလုပ်သမားများ တဖြည်းဖြည်း ပြည်တော်ပြန်နေသည်ဟု ရနောင်းခရိုင် ခရီးသွားလုပ်ငန်း ကော်မတီအကြီးအကဲတဦးဖြစ်သည့် နိုင်နစ်အွန် တိန်ခစ်က ပြောကြား
ကြောင်း ထိုင်းသတင်းများတွင် ယမန်နေ့က ဖော်ပြ ထား သည်။
“အခုဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ သူတွေ ပြည်တော်ပြန်ဖို့ စီစဉ်နေကြတယ်၊ ကြားရသလောက် ဒီမတိုင်ခင် ပြန်ကြတဲ့ သူ တွေလည်း ရှိတယ်၊ လတ်တလော တချို့လုပ်ငန်းတွေမှာဆိုရင် အလုပ်သမား ရှားပါးတဲ့ ပြဿနာတွေ ကြုံနေရပြီ”ဟု ၎င်းက ဆို သည်။
ထိုင်းနိုင်ငံ အနှံ့ ဆောက်လုပ်ရေး၊ အိမ်ဖော်၊ ရေလုပ်သား၊ စားသောက်ဆိုင် စသည့် လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့်  မြန်မာ ပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့များက ခန့်မှန်းထားကြသည်။

မြန်မာစပါးကြီးမြွေ (သို့) အောင်လ ၏ မျိုးချစ်အလှူ

aunghla
ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင် စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ (Photo:: www.aunglansang.com)


ချင်းမိုင် ။       ။ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သည့် ဆုကြေး၏ အချို့ကို ကချင် စစ်ပြေးဒုက္ခသည်များအတွက် လှူဒါန်းမည်ဆိုသည့် ‘မြန်မာ စပါးကြီးမြွေကြီး’ The Burmese Python ခေါ် အင်ဆန်အောင်လ က နောက်ထပ်လည်း လှူဒါန်းနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

လူ့အခွင့်အရေး စိတ်ချရမှ စစ်ရေး ပူးပေါင်းမည်ဟု ပင်တဂွန်ပြော

တောင်ကိုရီးယားနဲ့ အမေရိကန် ပူးတွဲစစ်ရေး လေ့ကျင့်မှုတခု (ဓာတ်ပုံ – Reuters)

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှု ရှိနေ တာတွေအပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင် ရွက်မှုတွေ လုံးဝ ပြန်လည်စတင်မှာမဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက် ပါတယ်။

လစ်ဗျား အမေရိကန်သံရုံး လုံခြုံရေး ပျက်ကွက်ခဲ့


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်

လစ်ဗျားနိုင်ငံရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးကို ပြီးခဲ့တဲ့လက တိုက်ခိုက်ခံရမှုအတွက် သူ့မှာ တာဝန် ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ပြောဆို လိုက်ပါတယ်။

ဒုတိယအကျော့ သမ္မတလောင်း စကားစစ်ထိုးပွဲ


အမေရိကန်သမ္မတရဲ့အကြံပေးတွေက ဒီနေ့ အင်္ဂါနေ့ညလုပ်မယ့် သမ္မတရွေးကောက်ပွဲ မျက်နှာချင်း ဆိုင် စကားစစ်ထိုးပွဲမှာ Barack Obama အနေနဲ့ ပြိုင်ဘက် Mitt Romney ထက် ပိုအားကောင်းအောင် ပြောနိုင် လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

OIC ရုံးကိစ္စ ပြန်ရှင်းပါ


 OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးရုံး မြန်မာပြည်ထဲမှာ ဖွင့်ခွင့် မပြုဘူးလို့ မြန်မာအစိုးရကဆုံးဖြတ်ခဲ့ရာမှာ တရားဝင်အကြောင်းကြားစာမရသေးတဲ့အပြင် အခုလို ဆုံးဖြတ် ချက်အပေါ် ဖြေရှင်းချက်ပေးဖို့ တောင်းခံစာတစ်စောင်ကိုလည်း မြန်မာအစိုးရထံ ပို့ထားတယ်လို့ OIC အဖွဲ့ က ဆိုပါတယ်။

ABSDF ခေါင်းဆောင်ဟောင်းများ မြန်မာနိုင်ငံခရီး သတင်းစာရှင်းလင်း

မြန်မာနိုင်ငံ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုက်ရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်ဟောင်းများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသားသတင်းထောက်များ ကလပ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
မြန်မာနိုင်ငံကို တလကျော်ကြာ သွားရောက်လေ့လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ခေါင်းဆောင်ဟောင်းတွေက မြန်မာနိုင်ငံမှာအစိုးရအပေါ်ပိုင်း ပြောင်းလဲနေ
ပေမယ့် အောက်ခြေအဆင့် အာဏာပိုင်တွေ မပြောင်းလဲသေးဘူးလို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အ.က.သ ခေါင်းဆောင် ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက် အခမ်းအနားကျင်းပ

၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က မန္တလေးအိုးဘို အကျဉ်းထောင်မှာ ကွယ်လွန်သွားတဲ့ အ.က.သ ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသား ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခမ်းမမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်နေစဉ်။
၈ လေးလုံး အရေးတော်ပုံကာလအတွင်းက အခြေခံပညာကျောင်းသားများသမဂ္ဂ (အ.က.သ)ခါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်ဝင်းအောင် ကွယ်လွန်ခြင်း ၆ နှစ်မြောက်အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် က တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော အတွက် ရန်ကုန်မှာ ရက်လည်ဆွမ်းသွတ်

အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ကွယ်လွန်သွားသည့် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ရည်စူးပြီး ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြောင်းမြလမ်းရှိ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ နေအိမ်ဟောင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ရည်လည်ဆွမ်းသွတ် အမျှပေးဝေပွဲကို ပြုလုပ်နေစဉ်။

နိုင်ငံလုံးဆိုင်ရာ လယ်သမားသမဂ္ဂ ဖွဲ့နိုင်ရန် ကြိုးပမ်းမည်ဟု မစုစုနွေး ပြော

နယူးဒေလီ  ။       ။ လယ်သမားများ၏ အခွင့်အရေးများ ကာကွယ်ပေးနိုင်မည့် နိုင်ငံလုံးဆိုင်ရာ တောင်သူ လယ်သမား သမဂ္ဂကြီး ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း မစုစုနွေး က ပြောသည်။

Tuesday, October 16, 2012

မောင်မဲရဲ့ အရည်အချင်းများနဲ့ လွှတ်တော်များရဲ့ ခရီးလမ်း






သူငယ်ချင်း ဆိုးပေရေ -
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တာတွေ လွှတ်တော်နဲ့ပတ်သက်ပြီးတော့ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို သူငယ်ချင်းကိုငါ ပြောပြချင်တယ်ကွာ။ ဒီလို တို့နိုင်ငံနဲ့ပတ်သက်ပြီးတော့ သုံးသပ် တင်ပြချင် တာလေးတွေကိုမတင်ပြခင် လွှတ်တော်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။ ငါပြောချင်တာက တို့နိုင်ငံ ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို ရာခိုင်နှုန်းပြည့်နီးပါး တည်ဆောက် နိုင်ပြီဖြစ်တယ်လို့  ပြောမယ်ဆိုရင်ရော မင်း လက်ခံနိုင်မလား။

Interview with U Win Tin (ဒေါ်စု အမေရိကန်ခရီးစဉ်နဲ့ အဝေးရောက်တွေ)



အင်န်အယ်ဒီပါတီနဲ့ အတိုက်အခံခေါင်းဆောင် ဟံသာဝတီဦးဝင်းတင်နဲ့ မိုးမခမီဒီယာတို့ရဲ့ အင်တာဗျုးကဏ္ဍကို ရပ်နားခဲ့တာ ၁ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဧည့်သည်များတဲ့ ဆရာကို တွေ့ဆုံစကားပြောခွင့်ရဖို့ ခက်ခဲသလို ဆရာကိုယ်တိုင်ကလည်း အချိန်ယူပြီး စကားပြောချင်တာကြောင့်မို့ ရက်ချိန်းများ အကြိမ်ကြိမ် ပြောင်းခဲ့ရတာလည်း ရှိပါတယ်။ တွေ့ဆုံခွင့်ရချိန်မှာ ဆရာ့ ကျန်းမာရေးအခြေအနေကို မေးမြန်းရာမှာ ဆရာဝန်ကြီးများက ဆရာရဲ့ ကျန်းမာရေး ဆေးစစ်မှုတွေ လုပ်ဖို့ အကြိမ်ကြိမ် တောင်းဆို ထားတာကို ခုချိန်ထိ အချိန်ရွှေ့ဆိုင်းနေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဓိက ဆရာကိုယ်တိုင် စိတ်ဝင်စားတာကတော့ ပြည်ပ
ရောက် မြန်မာတွေ၊ အဝေးရောက်အင်န်အယ်ဒီတွေနဲ့ ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ဆရာနဲ့ အဲသည်ခေါင်းစဉ်ကိုပဲ မေးမြန်းခဲ့ပါတယ်။

နိုဘဲလ်စီးပွားရေးဆု အမေရိကန်နှစ်ဦး ချီးမြှင့်ခံရ

 
15.10.2012 
Two American economists have won this year's Nobel Memorial Prize
၂၀၁၂ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်အမှတ်တရဆုကို အမေရိကန် စီးပွားရေးပညာရှင်နှစ်ဦးကို ချီးမြှင့်လိုက်ပါတယ်။ ဈေးကွက်ထဲမှာ မတူကွဲပြားတဲ့ လုပ်ငန်းတွေနဲ့ ထိရောက်နိုင်သမျှ ထိရောက်မှုအရှိဆုံး လိုက်လျောညီထွေဖြစ်စေတဲ့ ဈေးကွက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပုံစံထုတ်ခဲ့ကြတဲ့အတွက် ဒီဆုကို ချီးမြှင့် လိုက်တာပါ။

အမေရိကန် သမ္မတလောင်းနှစ်ဦး အင်္ဂါနေ့ စကားစစ်ထိုးမည်

Republican သမ္မတလောင်း Mitt Romney နဲ့ သမ္မတ Barack Obamaတို့ နှစ်ဦးကို ပထမ အကြိမ် စကားစစ်ထိုးပွဲတွင် တွေ့ရစဉ်
 
၂၀၁၂ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ရဲ့ အင်္ဂါနေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် စကားစစ်ထိုးပွဲမှာ သမ္မတလောင်းနှစ်ဦးစလုံးဟာ ကောင်းကောင်းပြောဆိုနိုင်ကြလိမ့်မယ်လို့ သမ္မတ Barack Obama နဲ့ ရီပတ်ဘလီကန်ပြိုင်ဘက် Mitt Romney တို့ရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အဖွဲ့နှစ်ဖွဲ့စလုံးက ပြောနေပါ တယ်။

ကလေးမြို့တွင် နိုင်ငံသားမဟုတ်သူ ၁၆ ဦး ဖမ်းမိ

နယူးဒေလီ  ။       ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် တရားမဝင် ခိုးဝင်လာသူဟု ယူဆရသူ ၁၆ ဦးကို တနင်္ဂနွေနေ့က ဖမ်းဆီးရမိထားကြောင်း ကလေးခရိုင် အမှတ် ၁ ရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းများ ၏ ပြောပြချက်အရ သိရှိရသည်။

စစ်တွေတွင် စုံစမ်းစစ်ဆေးရေး အခြေစိုက်ရုံး ဖွင့်ရန် ပြင်ဆင်

rakhinmissiongroup

၂၀၁၂ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင် ပထမအကြိမ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင် မြန်မာ့
လေကြောင်းခရီးစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိစဉ် (ဓါတ်ပုံ သိန်းလှိုင်/မဇ္ဈိမ)

မီဒီယာများကို ၀မ်ပေါင် ကြေးနီကုမ္ပဏီ သတိပေး

2012-10-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိုလုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာဝမ်ပေါင် သတ္ထုတွင်း တူးဖော်
ရေးကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္မဏီတို့ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်စေမယ့်အရေးအသားတွေ မီဒီယာ
တွေမှာ ဆက်လက်ဖော်ပြနေရင် တရားစွဲဆိုတော့မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

အမေရိကန်စစ်ဘက် ထိပ်တန်းအရာရှိများ မြန်မာနိုင်ငံ ရောက်ရှိ

2012-10-15
အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ အမေရိကန်စစ်တပ် ထိပ်တန်းအရာရှိတွေနဲ့ အရပ်ဘက် ကိုယ်စားလှယ် အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြန်မာနိုင်ငံကိုရောက်ရှိတယ်လို့ Financial Times သတင်းစာ မှာ အောက်တိုဘာလ ၁၄ ရက်နေ့က ဖေါ်ပြပါတယ်။

Monday, October 15, 2012

အမေရိကန် ပစိဖိတ်ဒေသ စစ်ဦးစီးမှူးနှင့် အဖွဲ့ မြန်မာပြည် ရောက်


အမေရိကန် စစ်တပ်မှ ပစိဖိတ် ဒေသဆိုင်ရာ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်ပြီး အရပ်ဘက် အရာရှိများနှင့် ၀ါရင့် စစ်အရာရှိများ ပါဝင်သော လူဦး ရေ ၃၀ ခန့်ရှိ ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ယင်းအဖွဲ့သည် မြန်မာ စစ်တပ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုပြုလုပ်ရေး လမ်းကြောင်းရှာဖွေသည့် အမေရိကန်ပြည်ထောင်စု ၏ ဆောင်ရွက်နေဆဲ နောက်ဆက်တွဲ အစီအစဉ်များ ဖြစ်ကြောင်း Financial Times သတင်းတွင် ယမန်နေ့ ကဖ်ာပြထားသည်။ယင်းအဖွဲ့သည် မြန်မာကာကွယ်ရေးဦးစီးချုပ်ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ မည်ဖြစ်သည်။

မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ


Monday, October 15, 2012
 
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာကျပ်ငွေတွေအပြင် ငွေစက္ကူမျိုးစုံ အတုလုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း ၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့က ဖမ်းဆီးခဲ့သည်။ရဲအဖွဲ့မှ ၀င်ရောက်စီးနှင်းစဉ်အတွင်း တာကာငွေ အတု ၂၅၀၂၂၀၀၀ နှင့် အိန္ဒိယ ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော အမျိုးသားမှာ ဒင်္ဂါးအတုလုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်ရှိပြီဟု ဆိုသည်။

ဇာမန်မှ၎င်းသည်အိန္ဒိယရူပီများကိုသာမက မြန်မာကျပ်ငွေနှင့်ဘူတန်ငွေများကိုလည်းပြုလုပ်သည်ဟုထုတ်ဖေါ် ပြောဆိုကြောင်း ရဲက ပြောဆိုသည်။ သို့သော် ယခု ငွေအတု ဖမ်းဆီးမိရာတွင် မြန်ကျပ်ငွေ အတုများ မပါဝင်ကြောင်း ရဲက ပြောသည်။

ဖမ်းဆီးခံရသူ(၁၀)ဦးဖြစ်ပြီး ထိုအထဲတွင် လက်ရှိအစိုးရပါတီမှ ခေါင်းဆောင် တစ်ဦးပါဝင်သည်ဟု New Age သတင်း တွင် ဖေါ်ပြသည်။

၎င်းပြင် ငွေစက္ကူအတုပြုလုပ်ရာတွင်အသုံးပြုသော ကွန်ပျူတာ ၃ လုံး၊ ပုံနှိပ်စက္ကူထုတ် ၆ လုံး အပါအ၀င် မိတ္တူကူးစက်များ ၊ဘလောက်များ ကိုလည်း ရဲက သိမ်းဆည်းရမိခဲ့သည်။

ယခုအခါ ဘင်္ဂလာဒေခ်ျ့တွင်များမကြာမှီကျရောက်မည့် အိဒ်ပွဲတော်ကြောင့် လူပေါင်း ထောင်သောင်းချီကာ နေ့စဉ် ဈေးဝယ် ထွက်နေသဖြင့် ဈေးများတွင် ဈေးဝယ်သူများဖြင့်စည်ကားနေရာ အဆိုပါအချိန်ကာလအတွင်း ၎င်း ငွေတုများကို ဖြန့်ဝေ အသုံးပြုသည်ဟု သိရသည်။

ယမန်နှစ်ကလည်းအမေရိကန်ဒေါ်လာအတုလုပ်သူ နိုင်ငံခြားမှဂိုဏ်းတစ်ခုကို ဒက္ကားမြို့တော်တွင် ဖမ်းဆီးရမိခဲ့သည်။


iPad mini ဈေးနှုန်းတန်ဖိုးများကို online တွင် တရားဝင် ကြော်ငြာ လိုက်ပြီ

iPad mini ဈေးနှုန်းတန်ဖိုးများကို online တွင် တရားဝင် ကြော်ငြာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထွက်ရှိလာမည့် apple ၏ 7- inch tablet ၏ အမည်အား iPad mini ဟု ခေါ်တွင်ရန်မှာ သေချာမှုမရှိသေး သည့်အပြင် October 23 တွင် စတင်မိတ်ဆက်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။

ကြေးနီတောင်စီမံကိန်းဒေသက မူလတန်းကျောင်းသူ ကျောင်းသားတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတည်ဆောက်ဖို့ဆိုပြီး ကျေးရွာတချို့မှာ စာသင်ကျောင်းတွေအပိတ်ခံထားရတာကိုပြန်လည်ဖွင့်ပေးဖို့အတွက်မူလတန်းကျောင်းသား(၁၀၀)ကျော်က ၀က်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေး နည်းပညာတက္ကသိုလ်များ ဒီဇင်ဘာလ ၃ ရက်နေ့ ဖွင့်မည်၊ တက္ကသိုလ်ဝင်တန်း အမှတ် ၄၅၀ အထက် ရရှိသူများ တက်ရောက်သင်ကြားနိုင်

 
Photo: ရန်ကုန်၊ မန္တလေး နည်းပညာတက္ကသိုလ်များ ဒီဇင်ဘာလ ၃ ရက်နေ့
ဖွင့်မည်၊ တက္ကသိုလ်ဝင်တန်း အမှတ် ၄၅၀ အထက် ရရှိသူများ တက်ရောက်သင်ကြားနိုင်  
Sunday, 14 October 2012 

တက္ကသိုလ်ဝင်တန်းအမှတ် စာရင်း ၄၅၀ မှတ် အထက်ရရှိသူများ တက်ရောက် ပညာသင်ခွင့်ရမည့် ရန်ကုန်၊ မန္တလေးနည်းပညာ တက္ကသိုလ်များအား ယခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ်က ပြောကြားခဲ့သည်။

၂၀၁၂-၂၀၁၃ ခုနှစ် ပညာသင် နှစ်မှစ၍ ရန်ကုန်နှင့်မန္တလေးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များအား လက်တွေ့သင်ခန်းစာများ ပိုမိုသင်ကြားနိုင်ရန် အတွက် Center Of Excellence အဆင့်မြင့်တက္ကသိုလ်များအဖြစ် မြှင့်တင်မည်ဖြစ်ပြီး စာသင်နှစ်များကိုလည်း အင်ဂျင်နီယာဘွဲ့သင်တန်း ကာလအား ငါးနှစ်မှခြောက်နှစ်၊ ကွန်ပျူတာဘွဲ့သင်တန်းကာလအား လေးနှစ်မှငါးနှစ်သို့ လည်းကောင်း တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့် မန္တလေးရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာ တက္ကသိုလ်များအား လက်တွေ့သင်ခန်းစာများ ပိုမိုသင်ကြားနိုင်ရန် အတွက် Center Of Excellence အဆင့်မြင့် တက္ကသိုလ်များအဖြစ် မြှင့်တင်
မည်ဖြစ်ပြီး စာသင်နှစ်များကိုလည်း အင်ဂျင်နီယာဘွဲ့သင်တန်း ကာလအား ငါးနှစ်မှခြောက်နှစ် . . .

လက်ရှိပညာသင်နှစ်တွင်မူ တက္ကသိုလ်များ၊ ကောလိပ်များ၊ သိပ္ပံများတွင် AGTI မှ B Tech,BE သို့ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပါက အဆင့်ဆင့်ပေါင်းကူး တက်ရောက်စေသည့်စနစ်ကို ကျင့်သုံး ခဲ့ပြီး လာမည့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစတင်၍ စက်မှုပညာရေး စနစ်တွင် AGTI မှ BTECH ၊ အင်ဂျင်နီယာပညာရေးစနစ်တွင် AGTIမှ BE သို့ သီးခြားစီ အရည်အချင်းသတ်မှတ်၍ ပေါင်းကူးတက်ရောက် ခွင့်ပြုမည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

AGTI မှ BTECH သို့သာ တက်ရောက်ခွင့် ရသူများသည် MTECH အထိတက်ရောက်သင်ယူ နိုင်ပြီး AGTI မှ သတ်မှတ်အရည်အချင်း ကိုက်ညီပါက BE မှ တစ်ဆင့် ME ဘွဲ့အထိ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့်မန္တလေးရှိ အင်ဂျင်နီယာတက္ကသိုလ်များသို့ ၁၉၉၈ ခု နှစ် ၁၀ တန်းအောင်သူများသာ နောက်ဆုံးအသုတ်အဖြစ် တက် ရောက်ခဲ့ရပြီး ယင်းနောက်ပိုင်းတွင် AGTI မှတစ်ဆင့် ပေါင်းကူးအနေ ဖြင့်သာ တက်ရောက်ပညာသင်ယူ ခဲ့ရကြောင်း သိရသည်။
eleven media group


တက္ကသိုလ်ဝင်တန်းအမှတ် စာရင်း ၄၅၀ မှတ် အထက်ရရှိသူများ တက်ရောက် ပညာသင်ခွင့်ရမည့် ရန်ကုန်
၊မန္တလေးနည်းပညာ တက္ကသိုလ်များအား ယခုနှစ်ဒီဇင်ဘာလ ၃ ရက်နေ့တွင်စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း
 သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်မြတ် က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တွင် လေသံမဟိန်းဟောက်နိုင်တော့သည့် တရုတ်


 
တရုတ်နယ်စပ်မြို့ ဖြစ်သော ရွှေလီရှိ Everything is good ကျောက်စိမ်းကုမ္ပဏီ အရောင်းပြခန်းတွင် လာရောက်သော ဧည့်သည်များသည် ပြထား သော အရာများထဲမှ အမဲရောင် ကျောက်တုံး တစ်ခုကို အာရုံ ကျ နေကြသည်။ တစ်ဖက်တွင် အနည်းငယ် လှီးပြထားရာ အတွင်းမှ အစိမ်းရောင် နှင့် ခရမ်း ရောင် ကို မြင်နေရပြီး ၄င်းသည် အမှန်တကယ် တန်ဖိုးရှိကြောင်း ပြသနေပါသည်။

မွတ်ဆလင်များမှ ဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်


Photo

၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ် နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည်အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့်သွားရာ လုံခြုံရေးတာဝန်ကျ အရံမီးသတ်တပ်ဖွဲ့ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြ တားဆီးခဲ့ ကြောင်းသိရပါတယ်။

မြန်မာပြည်ရဲ့ ပထမဆုံး ထီလက်မှတ်




မြန်မာနိုင်ငံရဲ့ပထမဆုံးသောထီလက်မှတ်ပါ။ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာရမည်းသင်းသတင်းထောက် လှိုင်းသန်းတင့်က ပေးပို့တဲ့သတင်းတပုဒ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်၊ မြန်မာ သက္ကရာဇ် ၁၃၀၀ ခုနှစ် က ပထမအကြိမ်ထုတ် ထီလက်မှတ်အကြောင်း တင်ပြထားပါတယ်။ 

အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှု စံချိန်သစ်

အသံထက်မြန်တဲ့နှုန်းနဲ့ အမြင့်ဆုံး ကခုန်ချမှုနဲ့ စံချိန်သစ်ချိုးခဲ့တဲ့ Felix Baumgartner ။

သြစကြီးယန်းလူမျိုး ဖီးလစ်ဘွန်ဂါတနာ (Felix Baumgartner) ဟာ အသံထက်မြန်အောင် သက်စွန့် ဆံဖျားလေထဲမှာ ပထမဆုံး ဒိုင်ဗင်ထိုးသူအဖြစ် စံချိန်ချိုးသွားပါတယ်။ သူဟာ တနင်္ဂနွေနေ့က နယူး မက်ဆီကို သဲကန္တာရထဲမှာ ဒိုင်ဗင်ထိုးခဲ့တာဖြစ်ပြီး တနာရီ မိုင် ၈၄၀ လောက်နှုန်းနဲ့ မြန်အောင် ထိုးနိုင်ခဲ့ တာမို့ အမြန်ဆုံးစံချိန်ကျိုးခဲ့တယ်လို့နိုင်ငံတကာ လေကြောင်းဆိုင်ရာ အားကစားအဖွဲ့က ဘရိုင်ယန်ဥတလီ (Brian Utley) က ပြောပါတယ်။

ထိုင်းရုပ်သံပေါ်က မြန်မာ့ သနပ်ခါး အကြောင်း



မြန်မာ့သနပ်ခါးအကြောင်း ထိုင်းနိုင်ငံက ရုပ်မြင်သံကြားတခုမှာ အကျယ်တ၀ံ့ဖော်ပြထားတာပါ။ ထိုင်း သတင်းဌာနက မြန်မာ့သနပ်ခါး ဇာတ်လမ်းအစ၊ အဆုံးကို သေချာမှတ်တမ်းရိုက်ကူးထားတာ လည်းဖြစ် ပါ တယ်။

ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးလုပ်ငန်း အပါအဝင် ပို့ဆောင်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများ၌ နည်းပညာနှင့် ငွေကြေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီနိုင်ငံက ဆန္ဒရှိနေ

Photo: ဟံသာဝတီ လေဆိပ် တည်ဆောက်ရေးလုပ်ငန်း အပါအဝင် ပို့ဆောင်ရေး
ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများ၌ နည်းပညာနှင့် ငွေကြေး
ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဂျာမနီနိုင်ငံက ဆန္ဒရှိနေ  
Sunday, 14 October 2012 

ဂျာမနီနိုင်ငံသည် ဟံသာဝတီ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းအပါအ၀င် ပို့ဆောင်ရေးဝန်ကြီး ဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်နေသည့် စီမံကိန်းများအတွက် နည်းပညာနှင့် ငွေကြေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်
သွားရန် ဆန္ဒရှိနေကြောင်း ဂျာမနီနိုင်ငံ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Dr.Ka-rl Brauner က ပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ရက်နေ့က နေပြည်တော်ရှိ ပို့ဆောင်ရေး
ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်အား ဂျာမနီနိုင်ငံ
 နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးံ H.E.Dr.Ka-rl Brauner ဦးဆောင်သည့် အဖွဲ့လာရောက်တွေ့ ဆုံရာတွင် ဒုတိယ၀န်ကြီးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု
 ပြုလုပ်လိုသည့် လုပ်ငန်းများမှာ လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်း၊ ကွင်းတိုဆင်းသက်နိုင်သော လေယာဉ်ငယ်များ ဖြည့်တင်းရေး၊ ဆိပ်ကမ်းများ တည်ဆောက်ပြုပြင်ခြင်း စသည်တို့ဖြစ်သည်။

ဂျာမနီနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များက ယင်းသို့ဆွေးနွေးခဲ့ခြင်းကို
 ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှလည်း ရင်းနှီးမြှုပ်နှံမှု
 ပြုလုပ်နိုင်သည့် အခြေအနေများကို အသေးစိတ် ပြန်လည်ဆွေးနွေးခဲ့ ကြသည်ဟု သိရသည်။

အဆိုပါ ဂျာမနီနိုင်ငံမှစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်း
အာဏာပိုင် လက်အောက်ရှိ ဆိပ်ကမ်းများ၊ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း
များကို ဆက်လက် လေ့လာသွားရန် ရှိသည်ဟုလည်း သိရသည်။

“ဂျာမနီနိုင်ငံက OBERME-YAR PLANER BERATEN Gmb H  ကုမ္ပဏီနဲ့ Gmp International   ကုမ္ပဏီနှစ်ခုက ဟံသာဝတီ လေဆိပ် တည်ဆောက်ဖို့ အကြို အရည်အချင်းစစ် လျှောက်လွှာကို လာတင်ထားပါတယ်” ဟု
 လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
 ပြောကြားခဲ့သည်။

eleven media group

ဂျာမနီနိုင်ငံသည် ဟံသာဝတီ လေဆိပ်တည်ဆောက်ရေး
လုပ်ငန်းအပါအ၀င် ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းများ အတွက်နည်းပညာနှင့် ငွေကြေးကဏ္ဍပူးပေါင်းဆောင်ရွက်သွားရန်ဆန္ဒရှိနေကြောင်းဂျာမနီနိုင်ငံ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး H.E.Dr.Ka-rl Brauner က ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်သံအမတ်ကြီး နဲ့ အတိုက်အခံတွေ တွေ့ဆုံဆွေးနွေး

 
 
 
 
 
 
 
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးDerekMitchellဒဲရစ်မစ်ချယ်ဟာ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းက ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ  အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင်နဲ့ အဖွဲ့ ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

နိုင်ငံတစ်ဝန်းလုံးတွင် သြဂုတ်လနှင့် စက်တင်ဘာလ၌ မီးလောင်မှုကြောင့် အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊ အလုပ်ရုံသုံးရုံ ဆုံးရှုံးကာ လူခြောက်ဦးသေဆုံး

Photo: နိုင်ငံတစ်ဝန်းလုံးတွင် သြဂုတ်လနှင့် စက်တင်ဘာလ၌ မီးလောင်မှုကြောင့် အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊ အလုပ်ရုံသုံးရုံ ဆုံးရှုံးကာ လူခြောက်ဦးသေဆုံး  
Sunday, 14 October 2012 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ
အတွင်း မီးလောင်မှုစုစုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကျပ်သန်းပေါင်း ၁၇၇ ဒသမ ၇၄ သန်း ခန့်ဆုံးရှုံးခဲ့ကာ အိမ်ခြေ၊ အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊အလုပ်ရုံသုံးရုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။

အဆိုပါနှစ်လအတွင်း မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းလူခြောက်ဦး
 သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်၊၊ ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုသည် ၂၀၁၁ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလ မီးလောင်မှုထက် ၂၅ ကြိမ်ပိုမိုများပြားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သန်း ၁၂၀ ကျော် ခန့်ပိုမိုလာကြောင်း တွေ့ရှိရသည်။

အဆိုပါ နှစ်လတာအတွင်း မီးလောင်မှုစုစုပေါင်း ၁၀၃ ကြိမ်တွင် မီးဖိုမီးအပါ
အ၀င် ပေါ့ဆမှုကြောင့်လောင်သောမီး ၆၅ ကြိမ် ပါဝင်နေကြောင်း တွေ့ရှိ
ရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံး ကျေးရွာများမီးလောင်မှုသည် နှစ်လအတွင်း မီးလောင်မှုပေါင်း ၄၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ် ၂၄ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် အဆိုပါနှစ်လအတွင်း ဖြစ်ပွားခဲ့သော မီးလောင်မှုအကြိမ်
များကို ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ဆန်းစစ်ရာတွင် သြဂုတ်လ၌ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် အများဆုံးနှင့် မကွေးတိုင်းဒေသကြီးမှာ ဒုတိယအများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးတွင် တတိယအများဆုံးဖြစ်ပွားခဲ့ပြီး စက်တင်ဘာလတွင်မူ ရန်ကုန်တိုင်းဒေသကြီး
၌ အကြိမ်အများဆုံး၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း
ဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ ဒုတိယအကြိမ်
အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်
တို့၌ တတိယအများဆုံးဖြစ်ကြောင်း သိရှိရသည်။

မီးလောင်မှုများ၏ ဆုံးရှုံးမှုတန်ဖိုးများကို ပြည်နယ်နှင့် တိုင်းဒေသကြီး
အလိုက် ဆန်းစစ်ရာတွင်လည်း သြဂုတ်လ၌ မကွေးတိုင်းဒေသကြီးတွင် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလတွင်မူ ဧရာဝတီတိုင်းဒေသကြီး၌ ဆုံးရှုံးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှုအကြိမ် အများဆုံးဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မီးလောင်မှုအကြိမ် ၃၀ တွင် မီးဖိုမီးအပါ
အ၀င် ပေါ့ဆမှုကြောင့် လောင် သောမီးမှာ ၁၄ ကြိမ် ပါဝင်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ကိုးလတာအတွင်း နိုင်ငံ
တစ်ဝန်းလုံးမီးလောင်မှု ၆၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး ခန့်မှန်းခြေ ကျပ် ၆၅၆ ဒသမ ၈၁ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနမှ သတင်းရရှိပါသည်။
eleven media group
 
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း မီးလောင်မှု စုစုပေါင်း ၁၀၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကျပ်သန်းပေါင်း ၁၇၇ ဒသမ ၇၄ သန်း ခန့်ဆုံးရှုံးခဲ့ကာ အိမ်ခြေ၊ အဆောက်အအုံ ၆၁၅ လုံး၊ ဂိုဒေါင်တစ်လုံးနှင့် စက်ရုံ၊အလုပ်ရုံသုံးရုံ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်း ရရှိပါသည်။

ဟံသာဝတီ ကားဝိုင်းတွင် ညအိပ်ခွန် မဆောင်ပါက အရေးယူမည်

ဟံသာဝတီယာဉ်aရာင်းဝယ်ရေး စခန်းဝင်းအတွင်းရှိ ညအိပ်ခွန် ပေးဆောင်ခြင်းမရှိပဲ ညအိပ် ရပ်နားထား
သော ယာဉ်များအား သဘောင်္ဆေးသုတ် မှတ်သား၍ရုံးသို့တင်ပြပြီး အရေးယူမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်စခန်း၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မှ မိန်းကလေးများ အရွယ်မရောက်မီ လက်ထပ်ထိမ်းမြားခြင်းအား အကာအကွယ်ပေးရန် တောင်းဆို



ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ် များကို လက်ထပ်ထိန်းမြားပေးခြင်းအား အကာအကွယ်ပေးကြပါရန် နိုင်ငံတကာအမျိုးသမီးငယ်များနေ့ ဖွင့်ပွဲ အခမ်းအနားတွင် တိုက်တွန်းပြောကြားလိုက်သည်။

မျက်နှာလိုက်တဲ့ နိုဘယ်ဆု …



ကျောက်ဖြူထောင်မှူး ဘင်္ဂလီအကျဉ်းသားတစ်ဦးနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေ




                                                                                                          
bagaliprison 











ကျော်နီမော်ကျေးရွာရှိစရဖရုံးအားဖျက်ဆီးမှုနှင့် ထောင်ဒဏ်(၁၄)နှစ်ကျခံနေရသောအကျဉ်းသားထွန်းဝင်း(ခေါ်)   ဂျော်မာလာဒိန်အသက်-၃၉နှစ်အဘသန်းအောင်သည် ထောင်မှူးတင်စိုးနှင့်ပူးပေါင်းကာ ထောင်ပြင်ပတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း သတင်းရရှိသည်။

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး





ArakanStudentcongress 











ယနေ့ အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂြစ်ဖက်ဘုန်းကြီးကျောင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

OIC မည်သည့်ပုံစံဖြင့်လာလာဆန့်ကျင်မည်ဟုစစ်တွေခေါင်းဆောင်များကဦးထွေးလှအားပြောကြား



OICနှင့် နားလည်မှုစာချွန်လွှာရေးထိုးခဲ့သူ နယ်စပ်/စည်ပင်ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှနှင့် စစ်တွေမြို့မှ ဦးဆောင်ဦးရွက်ပြုသူအချို့တို့ ယမန်နေ့ညနေခုနစ်နာရီခန့်တွင် အလွတ်သဘောတွေ့ဆုံ ကြရာတွင်၊ OIC ကအသွင်တစ်မျိုးမျိုးဖြင့်ဝင်လာမှုကိုဆက်လက်ဆန့်ကျင်သွားကြမည် ဖြစ်ကြောင်းတွေ့ဆုံ ခဲ့သူများကပြောကြားခဲ့သည်ဟုယင်းအစည်းအဝေးပြုလုပ်ရာနေရာတွင်ရှိနေခဲ့သူတစ်ဦးက Coral Arakan အားပြောကြားသည်။

ပါရီမြို့ အီဖယ်လ်မျှော်စင်ရှေ့တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး မိန့်ခွန်းပြောကြား



ပြင်သစ်နိုင်ငံကို ဖိတ်ကြားချက်နဲ့ ရောက်ရှိနေသည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး သည် ကမ္ဘာကျော် အီဖယ်လ်မျှာ်စင်ရှေ့ ရင်ပြင်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးပွဲတွင် မိန့်ခွန်းပြောကြား ခဲ့သည်။ 

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ဗဟိုတရားရေးတာဝန်ခံပဒိုစောဒေးဗစ်ထောသည်ယနေ့ည မြန်မာ စံတော်ချိန် ၁၀နာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

Sunday, October 14, 2012

မနေ့ကရောက်ခဲ့တဲ့ မြို့ပြင်ကဈေး


ကျနော်က ဒီက လယ်သမားဈေးလေးတွေကို အပတ်စဉ်သွားတယ်၊ လိုတာလေးရှိရင်ဝယ်တယ်။ ဘာမှ ဝယ်စရာမရှိလည်း မွေးရပ်အလွမ်းကို သွားသွားဖြေတယ်။

ဆရာတော်အရှင်ဥာဏိဿရ မျက်စိဝေဒနာရှင်တွေကို ကူညီနေ


 
အရှင်ဥာဏိဿရ 

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက် တောင်တန်းသာသနာပြုဝင်း အတွင်းမှာရှိတဲ့ ဆရာတော်အရှင်ဥာဏိဿရရဲ့ သီတဂူ စက္ခုဒါနဆေးရုံမှာ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူတွေလာရောက်ကုသနေကြရာမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မျက်စိဝေဒနာရှင် ၂၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။

မြန်မာမူးယစ် ကျပ်သိန်း(၁၂၀)ကျာ်တန်ဖိုး ဘင်္ဂလာတွင် ဖမ်းဆီးခံ


 

Myanmar drugsမြန်မာ-ဘင်္ဂလာအကြားရှိ နတ်မြစ်အတွင်းတွင် မူးယစ် ပစ္စည်းများဖြင့် ဘင်္ဂလားသို့ လာသောလှေတစ်စင်းအား သက်ဆိုင်ရာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB)က စစ်ဆေး ကြည့်ပြီး ယမန်နေ့(သောကြာ)မနက်စောစောက ဖမ်းဆီး လိုက်ကြောင်း သတင်းရရှိသည်။

မြန်မာ ၃ ဦး ယာဘားဆးပြား ၄၀၀၈၈ နှင့်အတူ နယ်စပ်တွင် အဖမ်းခံရ



ယာဘားဆေးပြား ၄၀၀၈၈ နှင့် အတူ  မြန်မာနိုင်ငံ (၃) ဦးကို နယ်စပ်တွင် စနေနေ့နံနက်က ဖမ်းဆီးရမိ
ကြောင်း ဘင်္ဂလာ တာဝန်ရှိသူများပြောသည်။

My Blog List