Saturday, December 05, 2015

ပြည်တွင်းစစ်များရပ်တန့်ရေး ကလေးများစွမ်းအားဖြင့် ကြိုးစားမည်ဟု ဦးမင်းကိုနိုင်ပြော



လောက်ကိုင်မြို့၌ အနော်ရထာမင်းရုပ်တု စိုက်ထူ


ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့ရှိ ရန်လုံကျိုင်း မြန်မာ-တရုတ် နယ်စပ်ဂိတ်အနီးတွင် ပထမမြန်မာနိုင်ငံတော် တည်ထောင်သူ အနော်ရထာမင်းကြီး၏ ရုပ်တုကို စစ်အုပ်ချုပ်ရေးအဖွဲ့က စစ်အုပ် ချုပ်ရေးကာလအတွင်း စိုက်ထူ ခဲ့သည်။အရိန္ဒမာလှံကို ကိုင်စွဲ၍ တရုတ်နိုင်ငံဘက်သို့ လက်ညှိုး ညွှန်နေသည့် အနော်ရထာမင်း ကြီး၏ ရွှေရောင်ရုပ်တု အောက် ခြေတွင် မင်းတရားကြီး၏ အတ္ထု ပ္ပတ္တိအကျဉ်းကို မြန်မာ-ကိုးကန့် နှစ်ဘာသာဖြင့် ရေးထိုးထားသည်။

နိုင်ငံ့အကျိုးကြည့်သူများကို ပြည်သူများ ပါဝင်ကူညီကြရန် သူရဦးရွှေမန်း သတင်းထုတ်ပြန်


ယနေ့အချိန်တွင် လူတစ်စုအကျိုးနှင့်ပါတီအကျိုးကိုမကြည့်ဘဲ နိုင်ငံ့အကျိုးကိုသာ ကြည့်ပြီး နိုင်ငံတော်နှင့်နိုင်ငံသား များကို သစ္စာရှိစွာဆောင်ရွက်နေ သူများရှိနေပြီး ပြည်သူများ ပါဝင်ကူညီပေးကြရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒီဇင်ဘာ ၄ ရက်ညနေပိုင်းက သတင်းထုတ်ပြန်သည်။

NLD အနိုင်ရခဲ့ခြင်းကို အောင်ပွဲဟုမဆိုနိုင်သေးဘဲ တိုင်းရင်းသားပြည်သူများအနေဖြင့် အမှန်တကယ် အကျိုးခံစားရမှသာ အောင်ပွဲဟုဆိုနိုင်ဟု NLD နာယက သူရဦးတင်ဦးက ပြောကြား



ဒေါ်စုနဲ့ ဦးသန်းရွှေ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ ဒီကနေ့ သောကြာနေ့ နေ့လယ် ၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော် စစ်ဦးစီးဌာနချုပ်ရုံးမှာ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် ရက်ပိုင်းအတွင်းက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့ တွေ့ဆုံခဲ့တယ်လို့လည်း သတင်း ထွက်ပေါ်ပါတယ်။

အစိုးရအပြောင်းအလဲကြောင့် ရက်ရွှေ့ရဖွယ် ရှိနေတဲ့ အကယ်ဒမီပေးပွဲ


၂၀၁၄ နှင့် ၂၀၁၅ (၂) နှစ်ပေါင်း၍ ပေးအပ်ချီးမြှင့်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပရန် ရည်ရွယ်ထားသည့်အ ချိန်သည် အစိုးရအပြောင်းအလဲ ကာလနှင့် တိုက်ဆိုင်နေသော ကြောင့် ရွှေ့ဆိုင်းပေးရန် ပြန်ကြားရေးဝန်ကြီးဌာနက စာပို့ထား ကြောင်း ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောသည်။

သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးလှထွန်းအား တရားစွဲဆိုရန်လျှောက်ထားမှု ပလပ်ခံရ


ကမာရွတ်တရားရုံးတွင် ပုဒ်မ(၅)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားနှင့် ၀န်းရံသူငါးဦးအမှုတွင် နောက်တိုးတရားခံအဖြစ်သမ္မတရုံးပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းအား တရားစွဲဆိုနိုင်ရန် လျှောက် ထားမှုအား ကမာရွတ် မြို့နယ် တရားသူကြီးက ပလပ်လိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောသည်။

အိုင်အက်စ်၊ အယ်လ်ခိုင်ဒါတို့နှင့် ပတ်သက်မှုဖြင့် သံသယရှိသူငါးဦးကို မလေးရှားဖမ်းဆီး


အိုင်အက်စ်၊ အယ်လ်ခိုင်ဒါကဲ့သို့ စစ်သွေးကြွအုပ်စုများနှင့် ပတ်သက်သည်ဟု သံသယဖြင့် ဆရာတစ်ဦးအဖြစ် အလုပ်လုပ်နေသည့် ဥရောပသားတစ်ဦး အပါအ၀င် လူငါးဦးကို ဖမ်းဆီးလိုက်ကြောင်း မလေးရှားရဲတပ်ဖွဲ့က ဒီဇင်ဘာ ၅ တွင် ပြောကြားသည်။

သဘောတူညီချက်အချို့ ချမှတ်နိုင်၍ တိုင်ရီဆန္ဒပြအလုပ်သမား ၉၀၀ကျော် အလုပ်ပြန်ဆင်းမည်


တိုင်ရီစက်ရုံအလုပ်ရှင်၊ အလုပ်သမား ၊ဝန်ကြီးဌာနတို့ ဒုတိယအကြိမ်အဖြစ် သုံးပွင့်ဆိုင်ဆွေးနွေးအပြီး အပြုသဘောဆောင်သည့် သဘောတူညီချက် အချို့ကိုချမှတ်နိုင်ခဲ့ သောကြောင့် ဆန္ဒပြအလုပ်သမား ၉၀၀ကျော် အလုပ်ပြန်ဆင်းကြမည် ဟု အလုပ်သမားရေးရာ ဝန်ကြီးဌာန မှ ဒုဝန်ကြီး ဦးထင်အောင်က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက် မူကြမ်းတင်သွင်းဆွေးနွေး


နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲရေး ကော်မတီ၏ နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ဒုတိယအကြိမ် မူကြမ်းတင်သွင်းဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီက Myanmar Peace Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုင်းရှိ ရုရှားအကျိုးစီးပွားများကို တိုက်ခိုက်ရန် IS စီစဉ်


ထိုင်းနိုင်ငံတွင်းရှိ ရုရှားအကျိုးစီးပွားများကို တိုက်ခိုက်ရန် အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) နှင့် ဆက်နွှယ်မှုရှိသည့် ဆီးရီးယားနိုင်ငံသား ၁၀ ဦး အောက်တိုဘာလ ကတည်းက စတင်ပြီး ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောကြားချက်ကို ကိုးကားပြီး Reuters သတင်းတွင် ဖော်ပြထားသည်။

ဆိုဗီယက်စတိုင် ဝါဒဖြန့်ချိမှု လက်မခံဟု တူရကီ ဝန်ကြီးချုပ် ပြောကြား


အစ္စလာမ္မစ်နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ထံမှ ရေနံများ ဝယ်ယူသည်ဟု ရုရှား၏ စွပ်စွဲပြောကြားမှုသည် ဆိုဗီယက်စတိုင် ဝါဒဖြန့်ချိမှုမျိုး ဖြစ်သည်ဟု တူရကီ ဝန်ကြီးချုပ် အာမက်ဒတ်ဗူတိုဂလူးက တုံ့ပြန်သွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား AIDS မရှိဟု ကမ္ဘာ့ AIDS နေ့ ကင်ဂျုံအန်း ၀ါဒဖြန့်



မြောက်ကိုရီးယားနိုင်ငံသည် AIDS ကင်းလွတ်သောနယ်မြေဖြစ်သည်ဟု ကမ္ဘာ့ AIDS နေ့တွင် မြောက်ကိုရီးယားကကြေညာလိုက်သည်။ ရောဂါဘယ ကာကွယ်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်၏ ထူးခြားကောင်းမွန်ကြောင်းကိုလည်း ပြုံယမ်းက ကြေညာလိုက်သည်။

နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်က နိုင်ငံတစ်ဝန်းရှိ ပြည်သူများထံ ပေးပို့သည့်သဝဏ်လွှာ


ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူ ညီအစ်ကိုမောင်နှမများ အားလုံး မင်္ဂလာပါ ခင်ဗျား။

မိဘပြည်သူများထံ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ ပထမပတ် အတွင်း မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ သဝဏ်လွှာ ပေးပို့အပ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် အဓိကကျသည့် အဆင့်တစ်ခုဖြစ်သော ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့ပါသည်။

Friday, December 04, 2015

ပြန်ကြားရေးရဲ့ နောက်တိုးဘတ်ဂျက် တောင်းခံမှုကို ခွင့်ပြုသင့်သလား


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ နောက်ထပ် ဘဏ္ဍာငွေ တောင်းခံမှုတွေကို လွှတ်တော်မှာ ဆွေးနွေးနေကြပါပြီ။ဝန်ကြီးဌာနတွေရဲ့ တောင်းခံမှုအပေါ် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာလည်း လွှတ်တော်ကို တင်ပြထားပါတယ်။ ဒီအပေါ်မှာ အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးနေကြတာပါ။

ဦးသိန်းစိန်အစိုးရ ပြည်ပအကူငွေ ဒေါ်လာသန်း ၃၆၁၄ ကျော်ရရှိ


သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် မြန်မာနိုင်ငံကိုပေးတဲ့ ပြည်ပအကူ အညီ တန်ဖိုး စုစုပေါင်း ဒေါ်လာသန်း ၃၆၁၄ ကျော်ရှိရာမှာ လက်ခံရရှိပြီးပမာဏ ပစ္စည်းနဲ့ နည်းပညာအပါအ၀င်တန်ဖိုး ဒေါ်လာသန်း ၂၃၃၄ ကျော်ရှိတယ်လို့ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

သွေးနဲ့ရေးထားတဲ့ အာဏာလွှဲပြောင်းရေး


မြန်မာပြည်မှာ တာဝန်အကြီးဆုံး ခေါင်းဆောင်သုံးဦးတို့ ၂-၁၂-၂ဝ၁၅ နေ့က တွေ့ဆုံကြအပြီးမှာ အေးချမ်းတည်ငြိမ် ချောမွေ့စွာ တာဝန်လွှဲပြောင်းနိုင် ရေးနှင့် နိုငံတော်အကြီးအကဲတာဝန်များ စနစ်တကျ တာဝန်လွှဲပြောင်းပေး သည့် အစဉ်အလာကောင်းတခု ထူထောင်နိုင်ရေးလို့ မြန်မာ့အလင်း သတင်းစာက ခေါင်းစီးပေးထားပါတယ်။

ဘန်ကောက် ဗုံးပေါက်ကွဲမှု သံသယရှိသူ တူရကီတွင် ဖမ်းဆီး

ထိုင်းနိုင်ငံ ဘန်ကောက် ဧရာဝဏ်နတ်ကွန်း ဗုံးပေါက်ကွဲမှုအတွက် သံသယရှိသူ ထိုင်းလင်မယားကို တူရကီမှာ ဖမ်းဆီးထားတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။ ဗုံးခွဲတယ်လို့ သံသယရှိသူတွေကို အခန်းငှားထားတဲ့ ထိုင်းအမျိုးသမီး ၀မ်နာဆူဆန်နဲ့ ခင်ပွန်းကို တူရကီမှာ ဖမ်းဆီးထားတာ ဖြစ်ပေမယ့် တခြား အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ပါရီ ရာသီဥတုဆိုင်ရာညီလာခံ တိုးတက်မှု အားတက်စရာကောင်းဟု ဘန်ကီမွန်း ပြော


ပါရီ ရာသီဥတုဆိုင်ရာ ညီလာခံမှာ ဖြစ်ထွန်းတိုးတက်မှုတွေဟာ အားတက်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆိုပါတယ်။ ကုလသမဂ္ဂက ကြီးမှူးကျင်းပနေတဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးက တက်ရောက်နေကြတာပါ။

လူ့အခွင့်အရေးကော်မရှင်က ပြည်သူ့ရဲ့အသံနားထောင်ပါ – ဦးအောင်မျိုးမင်း


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို လေးစားဂုဏ်ပြုတဲ့ ၁၉၄၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးနေ့ဟာ လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ နှစ်ပေါင်း ၆၇ နှစ်တိုင်ခဲ့ပါပြီ။ ၂၀၁၅ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ “Our rights, Our Freedoms, Always” (အခွင့်အရေးနဲ့ လွတ်လပ်မှုဆိုတာ ထာဝရအတွက်ပါ) ဖြစ်ပါတယ်။

ကုန်ဈေးနှုန်းတွေ ခဏခဏတက်နေတာလည်ြးေ ပာင်းလဲချိန်တန်ပြီ


အသက် ၄ဝအရွယ် မမိုးတစ်ယောက်သွားနေသည့် ကမာရွတ်မြို့နယ်၏ လှည်းတန်းပေ (၅ဝ) လမ်းဈေးတန်းတွင် ဈေးဝယ်သူများ၊ ဈေးသည်များ၊ ကုန်ထမ်းသူများဖြင့် တိုးတိုးကြိတ်ကြိတ်။ ဒါက သူ့လိုအိမ် ရှင်မများအဖို့ နေ့စဉ်ကြုံတွေ့နေကျ နိစ္စဓူဝ သရုပ်သဏ္ဍာန်များသာ။

ဂျပန်က ၄င်းတို့၏ လုံခြုံရေးကဏ္ဍအတွက် ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့် သုံးစွဲတော့မည်ဟု ဆို


ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှာ ၄င်းတို့ ၏ လုံခြုံရေးကဏ္ဍကို တိုးချဲ့နိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်အတွင်း ကာကွယ်အသုံးစရိတ်ကို ပထမဆုံးအကြိမ်အဖြစ် ဂျပန်ယမ်းငွေ ၅ ဒသမ ၀၉ ထရီလီယံ (အမေရိ ကန်ဒေါ်လာ ၄၀ ဘီလီယံ) အထိ တိုးမြှင့်သုံးစွဲ တော့မည် ဖြစ်ကြောင်း အစိုးရ နှင့်နီးစပ်သူများက ပြောဆိုကြ သည်။

လာမည့် အစိုးရအပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်နိုင်ခြေရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ခန့်မှန်း


လာမည့် အစိုးရအပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်နိုင် ခြေရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့၏ တွေ့ဆုံမှုအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ၎င်း၏ မှန်းဆချက်ကို ဒီဇင်ဘာ ၃ ရက်က The Ladies သို့ ပြောဆို လိုက်သည်။

အစိုးရသစ် လက်ထက်၌ မသန်စွမ်းသူများအရေး ထည့်သွင်းစဉ်းစားရန် တောင်းဆို


လာမည့်အစိုးရသစ် လက်ထက်၌ ဆောင်ရွက်မည့် လုပ်ငန်းစဉ်တိုင်းတွင် မသန်စွမ်းသူများအရေးကို ထည့်သွင်း စဉ်းစားပေးရန် မသန်စွမ်းသူများ အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။မြန်မာနိုင်ငံတွင် လက် ရှိပြဌာန်းထားဆဲ တည်ဆဲဥပဒေနှင့် မူဝါဒများသည် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဟန့်တားနေပြီး မသန်စွမ်းသူများ အလုပ်အကိုင် အခွင့်အရေးရရှိရန်အတွက် ကြီးမားသည့် အခက်အခဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MINI) ဥက္ကဋ္ဌ ဦးနေလင်းစိုးက ဧရာဝတီကို ပြောသည်။

မူးယစ်ရာဇာ ဝေရှောက်ခမ်းက အမည်ခံကုမ္ဗဏီများဖွင့်လှစ်၍ မြန်မာ့ ကျောက်စိမ်းလောကကို ချုပ်ကိုင်ထားကြာင်း Global Witness အစီရင်ခံစာသစ် ဖော်ပြ


မူယစ်ရာဇာ ဝေရှောက်ခမ်းက အမည်ခံကုမ္ဗဏီများဖွင့်လှစ်၍ မြန်မာ့ ကျောက်စိမ်း တရားမ၀င်ကုန်သွယ်မှုကို လွှမ်းမိုးချုပ်ကိုင်ထားကြောင်း Global Witness (GW) က ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြသည်။ အရှေ့တောင်အာရှ၏ ကြောက်မက်ဖွယ်ရာ အကောင်းဆုံ မူယစ်ရာဇာသည် အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုများဖြင့် ရောပြွမ်းနေသော မြန်မာ့ကျောက်စိမ်းလောကတွင် သြဇာအရှိဆုံးသူ တဦးဖြစ်ကြောင်းလည်း အဆိုပါအစီရင်ခံစာက ဖော်ပြသည်

IS ရေနံအပေါ် အကျိုးအမြတ် ဘယ်သူတွေရသလဲ သိထားတယ်လို့ သမ္မတပူတင်ပြော


ရုရှားသမ္မတ ပူတင်က IS တို့ သိမ်းပိုက်ထားသည့် နယ်မြေများမှ ထွက်ရှိ သည့် ရေနံများနှင့် ပတ်သက်၍ မည်သည်သူမည်ဝါများ အကျိုးအမြတ်ရနေ သည်ကို ရုရှားတို့ အနေနဲ့ သိထားကြောင်း ထုတ်ဖော်ပြောဆိုလိုက် ပါတယ်။IS ထံမှ ရေနံမှောင်ခိုပြုလုပ်ကာ တူရကီမှာ မည်သူတွေ အကျိုးအမြတ်ရနေ တယ်ဆိုတာကို ရုရှားက သိထားတယ် 

၈၈ မျိုးဆက်နှင့် ပါတီနိုင်ငံရေး


ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို အမေရိကန်သံအမတ်ကြီး ဧည့်ခံ



တစ်ကိုယ်တော်ဆန္ဒပြ၍ တရားစွဲခံရသည့်ရှေ့နေ တရားလွှတ်တော်ရှေ့နေ အဖြစ်မှ ထုတ်ပယ်ခံရ


ပုဒ်မ ၁၈ ဖြင့် တရားရုံးပြစ်ဒဏ်များချမှတ်ခံထားရသည့် ပြည်မြို့မှရှေ့နေတစ်ဦးသည် ရှေ့နေလိုင်စင်ရုပ်သိမ်းခံရပြီး တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်ခံရကြောင်း သတင်းရရှိသည်။ပြည်ထောင်စုတရားစီရင် ရေး ကြီးကြပ်မှုရုံး၏ နိုဝင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်သောအမိန့်စာ အရ တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး(ခ) ဦးပဏ္ဍိတ သည် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)အရ ပြစ်ဒဏ်နှစ်ကြိမ် ချမှတ်ခံရခြင်းသည် ရှေ့နေ ရှေ့ရပ်လုပ်ငန်းနှင့် စပ်လျဉ်း သည့် ကျင့်ဝတ်သိက္ခာကို ဖောက် ဖျက်ရာရောက်ကြောင်း စိစစ် တွေ့ရှိသဖြင့် ရှေ့နေလိုင်စင်ပြန်လည်ရုပ်သိမ်းပြီး တရားလွှတ်တော်ရှေ့နေအဖြစ်မှ ထုတ်ပယ်လိုက်သည်ဟု ဖော်ပြပါရှိသည်။

လောက်ကိုင်တွင် ညမထွက်ရအမိန့် ဆက်လက်ထားရှိ


ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်တွင် စစ်အုပ်ချုပ်ရေးအမိန့်ရုပ် သိမ်းခဲ့သော်လည်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။ စစ်အုပ်ချုပ်ရေးကာလ၌ ညနေ ၆ နာရီမှ နံနက် ၅ နာရီမ ထွက်ရသည့်အမိန့်မှ ည ၈ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရ အမိန့်ကို နယ်မြေတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေအရ ဆက်လက်ထား ရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။

ရှမ်းပြည် လူ့အခွင့်အရေး ကန်စိုးရိမ်


မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား တိုက်ပွဲတွေ ပိုမို ပြင်းထန် လာနေတဲ့ ရှမ်းပြည်နယ်တွင်းမှာ ဒေသခံ အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောဆိုလိုက်ပါတယ်။ လတ်တလော ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ များပြားလာနေပြီး၊ တိုက်ပွဲ အတွင်း မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေးမှု တွေကို လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ကိုလည်း တောင်းဆိုခဲ့တာပါ။ အပြည့်အစုံ ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က ဆက် ပြောပြပေးပါ။

California သေနတ်သမား အိမ် ဗုံးကျည်ဆံ အများအပြား တွေ့ရှိ


ကယ်လီဖိုးနီးယားပြည်နယ်က အားလပ်ရက် ပါတီပွဲတခုမှာ လူ ၁၄ ယောက် အထိ သေဆုံးခဲ့တဲ့အထိ သေနတ်နဲ့ပစ်ခဲ့တဲ့ လင်မယား ၂ ယောက်ရဲ့ နေအိမ်ခန်းမှာ ပိုက်လုံးနဲ့ လုပ်ထားတဲ့ ဗုံး ၁၂ ခု၊ ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ ကျည်ဆံထောင်နဲ့ချီ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ မှုဘောင်များ ရေးဆွဲနေ


၂၀၁၆ ခုနှစ် ဇန္န၀ါရီလလယ်မှာ ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲ အတွက် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (မူကြမ်း) ကို ရေးဆွဲနေပြီဖြစ် တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြော ပါတယ်။ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့ တတိယမြောက်နေ့ အဖြစ် နဲ့ မူကြမ်းရေးဆွဲနေတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေး ဇုံ စီမံကိန်း ၂၀၁၆ စတင်မည်


ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ စတင် လုပ်ဆောင်ဖို့ စီစဉ် ထားတယ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ဆပ်ကော်မတီ က ဒီကနေ့ပြောဆိုထုတ်ပြန်လိုက်ပါတယ်။ ဒီစီမံကိန်းကို မြေဧက ၄၀၀၀ကျော်မှာ တည်ဆောက်သွားမှာပါ။ ဒီထဲမှာ ရေနက်စီမံကိန်း၊ စက်မှုဇုံနဲ့ အဆင့်မြင့်အိမ်ယာစီမံကိန်း တွေပါဝင်မယ်လို့ ပြောပါတယ်။

သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် ပြည်ပတုံ့ပြန်


နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်လို့ အစိုးရသစ် ဖွဲ့ရတော့မယ့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ သီးခြားဆီ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို တွေ့ဆုံရာမှာ အစိုးရသစ် တာဝန်လွှဲပြောင်းရေး ချောမွေ့စေဖို့ နိုင်ငံ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘေးမှာ ဘယ်သူထိုင်မှာလဲ


ကျွန်တော်တို့ တိုင်းပြည်မှာ လက်ဖက်ရည်ဆိုင်ထိုင်ရင်း မိတ် ဆွေတွေနဲ့ နိုင်ငံရေးကိစ္စပြောဆို ငြင်းခုံရတာတွေဟာ ရွေးကောက် ပွဲနဲ့အတူ ပြီးဆုံးသွား ခဲ့ပြီထင်ပေ မယ့် မပြီးသေးပါဘူး။ တည်ဆဲ အစိုးရက အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးမယ်ဆိုထားပေမယ့် လက်ထဲမရောက်သေးရင် မယုံ တတ်တဲ့ မြန်မာတွေရဲ့ အကျင့် ကြောင့် ပြောရဆိုရ ဆွေးနွေးရ တုန်းပါ။

အရှေ့တောင်အာရှနှင့် ဂျပန်လူငယ်များ သင်္ဘောခရီးစဉ်လိုက်ပါခဲ့သူ မနုနုလင်းနှင့် တွေ့ဆုံခြင်း


ခေါင်းဆောင်မှုအရည်အသွေးရှိသည့်လူငယ်များကို ပြုစုပျိုးထောင် လေ့ကျင့်ပေးပြီး ပါဝင်လှုပ်ရှားခွင့်ရသည့် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်တစ်ခု ဖြစ်သော အရှေ့တောင်အာရှနှင့်ဂျပန်လူငယ်များသင်္ဘောခရီးစဉ်(SSEAYP)သည်မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၆ ရက်တွင် ရောက်ရှိလာခဲ့သည်။

အာဏာနှင့်နီးကပ်လာပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်


ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုအနိုင်ရပြီး တစ်လအကြာ စစ်တပ်အကြီးအကဲနဲ့ ပထမဆုံးတွေ့ ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာနဲ့ တဖြည်းဖြည်းနီးကပ်လာပါပြီ။ ဒီတွေ့ဆုံပွဲဟာ တပ်မတော်အနေနဲ့ သူတို့ရဲ့ ဒီမိုကရေစီဆေးခါးကြီး ကို မျိုချပြီး နှစ်ပေါင်း ၇၀အကြာ ရွေးကောက်ပွဲရလဒ်အတိုင်း ငြိမ်းငြိမ်း ချမ်းချမ်းအာဏာလွှဲပြောင်းပေးဖို့ ပထမဆုံးအကြိမ် ဆုံးဖြတ်လိုက်ပြီ ဆိုတာကို ညွှန်ပြပါတယ်။

ရွေးကောက်ပွဲအနိုင်ရ အစိုးရများ အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းသည့် အစဉ်အလာ ထူထောင်သွားရန် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူ


ရွေးကောက်ပွဲ အနိုင်ရ အစိုးရတစ်ရပ်က နောက် ရွေးကောက်ပွဲတွင် အနိုင်ရလာသည့် အစိုးရတစ်ရပ်သို့ အေးအေး ချမ်းချမ်း အာဏာလွှဲပြောင်းပေး သည့် အစဉ်အလာမျိုးကို မြန်မာနိုင်ငံ၌ ထူထောင်ရန် သမ္မတဦးသိန်း စိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူညီခဲ့ကြကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြည် ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

Thursday, December 03, 2015

အာဆီယံပြည်သူ့ဂုဏ်ပြုဆုကို မြန်မာမှ ပါရမီ စားပွဲဝိုင်းအဖွဲ့ရရှိ


ယခုနှစ်အတွက် အာဆီယံပြည်သူ့ဂုဏ်ပြုဆု(ASEAN People’s Award)ကို မြန်မာနိုင်ငံမှ ပါရမီစားပွဲဝိုင်းအဖွဲ့က ရရှိခဲ့ကြောင်း သတင်းရရှိသည်။ အာဆီယံ ပြည်သူ့ဂုဏ်ပြုဆုသည် အာဆီယံအသိုက်အဝန်း တည်ထောင်ရေး တွင် မိမိတို့နိုင်ငံ အတွက် အမျိုးသားရေးစိတ်ဓာတ်များဖြင့် တက်ကြွစွာ ကြိုးပမ်းပါ ဝင်ခဲ့ကြသည့်အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီမှ အဖွဲ့အ စည်းများအား ချီးမြှင့်သောဆုဖြစ်သည်။ ယခုနှစ်အတွက် ယင်းဆုကို မြန်မာနိုင်ငံမှ ပါရမီစားပွဲဝိုင်းအဖွဲ့က ရရှိခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုအလွန် မင်းပြောင်းမင်းလွဲ အလုပ်ဖြစ်ပါ့မလား


တိုင်းရင်းသား ပြည်သူလူ ထု တစ်ရပ်လုံးသည် ၁၉၆၂ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာ့ နိုင်ငံရေးသမိုင်းတွင် ပထမဆုံး အကြိမ် အရပ်သားအစိုးရနှင့် အရပ်သားအစိုးရထံ အာဏာလွှဲ ပြောင်းရေးတို့ အလုပ်ဖြစ်ပါ့မ လားဟု စိုးရိမ်ပူပန်လျက်ရှိနေဆဲ ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အ ကြား ဒီဇင်ဘာ ၂ ရက်တွေ့ဆုံ ဆွေးနွေးမှုသည်လည်း စိုးရိမ်ပူပန် မှုများကို ထိထိရောက် ရောက် ဖြေလျှော့နိုင်ခဲ့ခြင်း မရှိသည်မှာ လယ်ပြင်မှာ ဆင်သွားသလို ထင် ရှားလျက်ရှိနေသည်။

နာကျင်အချိန်ပိုမှာ ကစားကွက်ပြောင်းပေးခဲ့ပါ


သမိုင်းတွင်မယ့် ရွေးကောက်ပွဲကတော့ အောင်မြင်စွာ ပြီးစီးခဲ့ပြီ။ ပြည်သူအများကလည်း မိမိတို့ဆန္ဒကို အပြည့်အဝ ပြတ်ပြတ် သားသားပြခဲ့ကြပြီ။ လက်ရှိအစိုး ရအနေနဲ့ နောက်တက်လာမယ့် ပြည်သူ့အစိုးရကို တာဝန်လွှဲ ပေးဖို့ ပဲ ကျန်တော့တယ်။ လာမယ့် ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှာ အစိုး ရသစ်က စတင်တာဝန်ယူရတော့ မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲအ နိုင်ရထားတဲ့ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌကတော့ လူထုဆန္ဒကို တည်ငြိမ်အေးချမ်း မှန်ကန် စွာ အကောင်အထည်ဖော်နိုင်ဖို့ စတင်ကြိုး စားနေပါပြီ။ သမ္မတ ကြီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယကတို့နဲ့ အသီးသီး သီးသန့်စီ တွေ့ဆုံပြီးပါပြီ။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး သဘောထားကိုအခြေခံပြီး တွေ့ဆုံဆွေး နွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ပြည်သူတွေလိုလားတောင့်တနေတဲ့ အခြေအနေတစ်ခုဖြစ်လာဖို့ အားလုံးကရင်ခုန်နေကြပါပြီ။

နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ဆွေးနွေးမှုထက် ကာကွယ်ရေးဦးစီး ချုပ်နှင့် ဆွေးနွေးမှုအား ပိုမိုစိတ်ဝင်စားဟု ဦးအေးသာအောင်ဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး တွေ့ဆုံဆွေးနွေးမှုထက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှု အား ပိုမိုစိတ်ဝင်စားကြောင်း ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ဆိုသည်။

အမှားများအဆုံးသတ်ပြီး မေတ္တာဖြင့်လမ်းခွဲရန် လက်ရှိအစိုးရကို ရေပူဆရာတော်မိန့်ကြား


လက်ရှိအစိုးရ၏နောက် ဆုံးလက်ကျန်အချိန်အတွင်း မိမိတို့ပြုလုပ်ထားသည့် အမှားများကို အဆုံးသတ်၍ ပြည်သူ့မေတ္တာခံယူပြီး မေတ္တာတရားဖြင့် လမ်းခွဲ ကြပါရန် ရေပူဆရာတော်က မိန့် ကြားသည်။သစ်တောဥပဒေဖြင့် ဖမ်း ဆီးခံထားရသည့် ဆရာတော်ကို ဒီဇင်ဘာ ၂ ရက်က(၂၉)ကြိမ် မြောက် ရုံးထုတ်ရာတွင် ဆရာ တော်က အထက်ပါအတိုင်း မိန့် ကြားခဲ့ခြင်းဖြစ်သည်။

ထပ်တိုးဘတ်ဂျက် တောင်းခံမှုနှင့်ပတ်သက်၍ ၀န်ကြီးဌာနများ ရှင်းလင်း


ဘတ်ဂျက်တွေ ဘာကြောင့် ထပ်ပြီးတောင်းခံရသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၀န်ကြီးဌာနတွေက ဒီဇင်ဘာ ၂ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ လာရောက် ရှင်းလင်းခဲ့ပါတယ်။ဝန်ကြီးဌာန ၂၆ ခုဟာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေတွေ တောင်းခံခဲ့တာပါ။

ရေခဲတောင်ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့၏ ဓာတ်ပုံများဖြင့် ဂုဏ်ပြုဓာတ်ပုံရိုက်ကူးခဲ့ဟုဆို


My Blog List