Friday, January 09, 2015

ကိုပါကြီးအသတ်ခံရမှု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် စုံစမ်းမေးမြန်း


မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သ တင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအမှုနဲ့ပတ်သက်ပြီး ဇနီးသည် မသန္တာနဲ့ သူ့ရှေ့နေ ဦးရောဘတ်ဆန်းအောင် ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီ မနေ့က တွေ့ ဆုံမေးမြန်း စုံစမ်းခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို စွပ်စွဲပြစ်တင်မည်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်အား စွပ်စွဲ ပြစ်တင်မှုကို ဥပဒေ ပြုလွှတ်တော်က ယခုရက်သတ္တ တစ်ပတ်တွင်း စတင် လုပ်ဆောင်မည်ဖြစ်ပြီး ငြိမ်သက်နေသော ထိုင်းနိုင်ငံရေးအတွက် စမ်းသပ်မှုတစ်ခု ဖြစ် လာမည်ဖြစ် ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

တွေ့ဆုံဆွေးနွေးပွဲ ပုံသဏ္ဌာန်မျိုးဖြစ်အောင် တောင်းဆိုမယ် – ဦးခင်မောင်ဆွေ


ဇန်န၀ါရီ ၁၂ ရက်နေ့ သမတအိမ်တော်၊ငုရွှေဝါခန်းမမှာ သမ္မတနဲ့တွေ့ဆုံဖို့ ဖိတ်ကြားခံရသူတယောက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စားလှယ် ဦးခင်မောင်ဆွေက ဒီတကြိမ်တွေ့ဆုံမှု ဟာ တွေ့ဆုံ ဆွေးနွေးပွဲ ပုံသဏ္ဌာန်မျိုးဖြစ်အောင် တိုက်တွန်းတောင်းဆိုမယ်လို့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

သမ္မတက နိုင်ငံရေးပါတီခေါင်းဆောင်အချို့ကို ဆွေးနွေးရန် သီးသန့်ဖိတ်ကြား


ပြည်တွင်းငြိမ်းချမ်းရေးနဲ့၂၀၁၅ ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီခေါင်းဆောင်တွေကို သီးသန့်ရွေးချယ် ဖိတ်ကြားပါတယ်။ ဒီဖိတ်ကြားမှုမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ နိုင်ငံရေး အင်အားစုက ပါတီခေါင်းဆောင် ၁၄ ဦးအပြင် ထပ်မံတိုးချဲ့ပြီး တိုင်းရင်း သားရေးရာဝန်ကြီးတွေနဲ့ တိုင်းရင်း သားကိုယ်စားလှယ်ခေါင်းဆောင်တွေပါ လိပ်မူဖိတ်ကြားခဲ့တာဖြစ်ပြီး နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်န၀ါရီ ၁၂ ရက် တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အောင်ဘာလေထီဆုကြီး ကျပ်သိန်း ၁၀၀ဝဆုတစ်ဆု ထပ်မံတိုးမြှင့်ပေး



ဖေဖော်ဝါရီ ၁ရက်တွင် ဖွင့်လှစ်မည့် အောင်ဘာလေ သိန်းဆုတွင် ကျပ်သိန်း ၁၀၀ဝဆုတစ်ဆုကို အသစ်ထပ် မံတိုးချဲ့ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း အောင် ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။ပြီးခဲ့သည့် အောင် ဘာလေသိန်း ဆုပေါက်မဲများအတွင်း ကျပ်သိန်း ၁၀၀ဝ ဆုတစ်ဆုသာ ပါဝင်ခဲ့ရာမှ ဖေဖော်ဝါရီ ၁ရက်တွင် ဖွင့်လှစ်မည့် (၃၁၃) ကြိမ်မြောက်အောင်ဘာလေသိန်းဆုတွင် ကျပ်သိန်း ၁၀၀၀ ဆုတစ်ဆုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေး မည့်အပြင် အထူးဆုကြီးအဖြစ်ကျပ် သိန်း ၁၅၀ဝဆု တစ်ဆု၊ ကျပ်သိန်း ၁၀၀ဝဆုနှစ်ဆု၊ ကျပ် သိန်း၅၀၀ ဆု ငါးဆုအပါအဝင် ဝေဝေ ဆာဆာပဒေသာ ဆုမဲများစွာကိုဖွင့်လှစ်ပေးသွား မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှသိရသည်။
 

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည့်သတင်း မဟုတ်ဟု NLD ငြင်းဆို

 
လာမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ပေါ်လာမည့် အစိုးရအဖွဲ့သစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်သာ ကြိုးစားမည်ဟူသော သတင်းမှာ မဟုတ်မှန်ကြောင်း NLD ဗဟိုကော်မတီဝင်များက ငြင်းဆိုလိုက်သည်။

မောင်းသူမဲ့လေယာဉ် သုံးပြီး လုံခြုံရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်မယ်


မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့လေယာဉ် ဌာနက ကိုယ်ပိုင် သုတေသန ပြုလုပ်ထားတဲ့ မောင်းသူမဲ့လေယာဉ်ကို လုံခြုံရေး နဲ့ ကာကွယ်စောင့်ကြည့် ထောက်လှမ်းရေး လုပ်ငန်းတွေမှာ အသုံးချနိုင်လိမ့်မယ်လို့ မောင်းသူမဲ့လေယာဉ် ဌာနမှူး ဒေါက်တာသဲမောင်မောင် က ပြော ပါတယ်။

ပအိုဝ်းဌာနေပြည်သူ့စစ် သိမ်းယူထားသော လယ်ဧကတစ်သောင်းကျော် ပြန်ရရေးဆန္ဒပြ


(PNA)က သိမ်းဆည်းထားသည့် မြေယာဧက တစ်သောင်းကျော်ပြန်လည်ရရှိရန် ပအိုဝ်းတိုင်းရင်း သား တောင်သူ ၄၀၀ ခန့်က ဇန်နဝါရီ ၈ ရက် နံနက်တွင် တောင်ကြီးမြို့သို့ လာရောက် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။

မင်းအုပ်စိုးဆေးစစ်ချက်အဖြေထွက်သော်လည်း ဆရာဝန်က တရားရုံး၌သာထွက်ဆိုမည်


သရုပ်ဆောင် မင်းအုပ်စိုး၏ ဆေးစစ်ချက်အဖြေထွက်ပေါ်လာသော်လည်း ယင်းအဖြေကို ဆရာဝန်က တရား ရုံး၌သာ ထွက်ဆိုမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မင်းအုပ်စိုးကို ဇန်န၀ါရီ ၈ရက်က လူသတ်မှုဖြင့် ဖမ်းဆီး ခဲ့ပြီး ဗဟန်းမြို့နယ် တရားရုံးတွင် ဒုတိယအကြိမ်ရမန်ယူရုံးထုတ်ခဲ့သော်လည်း ရဲစစ်ချက်မပြည့် စုံသေး သဖြင့် ဇန်န၀ါရီ ၂၂ ရက်သို့ ထပ်မံချိန်းဆိုထားသည်။ ထိုနေ့တွင် ရဲစစ်ချက်ပြည့်စုံ၍ စွဲချက်တင်တရားစွဲ ဆိုခဲ့ပါက အမှုကြီးတစ်ခုဖြစ်၍အနောက် ပိုင်းခရိုင်တရားရုံးသို့ လွှဲပြောင်းကာ တရားစွဲဆိုမည်ဟု ဗဟန်း မြို့နယ်တရား သူကြီးက ပြောသည်။

ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုနှင့် တွေ့ဆုံမေးမြန်းခြင်း


အမေး။ ။ ဆရာတော်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘာကြောင့် ရွေးကောက်ခဲ့တယ်လို့ထင်ပါသလဲ။

အဖြေ။ ။ ပုပ်ရမင်းကြီးက မသိတဲ့သူတွေ၊ မေ့နေတဲ့သူတွေ၊ ဆင်းရဲတဲ့သူတွေကို အဝေးမှာနေတဲ့သူတွေကို ပိုပြီး ဦးစားပေး တယ်။ အရင်က ကာဒီနယ်ပေးတယ် ဆိုတာ အီတလီ၊ အမေရိကန်နိုင်ငံ ထင်ရှားတဲ့နေရာတွေကနေပြီး ရွေး တယ်။ ကက်သလစ်အများကြီးရှိတဲ့ နေရာ ကနေပြီး ရွေးလေ့ရှိတယ်။

၂၀၁၅ ရွေးကောက်ပွဲ မဲမသမာမှုများဖြစ်မည် စိုးရိမ်ဟု ကုလကိုယ်စားလှယ်ထံ တင်ပြ


၂၀၁၅ ရွေးကောက်ပွဲတွင် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ၌ ဖြစ်ခဲ့သော မဲမသမာမှုမျိုး ဖြစ်ပေါ်လာမည်ကိုစိုးရိမ်ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီလီကို တင်ပြခဲ့သည်ဟု ကရင်အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့၏ ဒါရိုက်တာ နော်စူစန်နာလှလှစိုးက ပြောသည်။

လက်ပံတောင်း ပဋိပက္ခအတွက် ဒေါ်စု ပြောကြားချက် အစိုးရအဖွဲ့ ငြင်းဆို


လက်ပံတောင်း ပဋိပက္ခသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရေးကော်မတီက လိုက်နာဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ရသည် ဟူသော ဒေါ်အောင်ဆန်း စုကြည် ပြောကြားမှုနှင့် ပတ်သက်ပြီး ထိုသို့ မဟုတ်ကြောင်း အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်မြင့်က မီဒီယာကို ပြောသည်။

ကိုးလိုးကန့်လန့် ဖြစ်နေတဲ့ အခြေခံဥပဒေ


ဒီမိုကရေစီလမ်းကြောင်းမှာ ကိုးလိုးကန့်လန့်ဖြစ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်တဲ့ မူကြမ်းကို မကြာမီ ကျင်းပပြု လုပ်မယ့် လွှတ်တော်အစည်းအဝေး မှာ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဦးသိန်းစိန်အစိုးရက ပြုပြင်ရေး အစီ အစဉ်လုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်အောင် လမ်းခင်းပေးချိန်ကစပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ဆွေးနွေးကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲပြီးလို့ တနှစ်အကြာ ၂၀၁၃ မေလမှာ Sydney တက္ကသိုလ်ဥပဒေဌာနက ကြီးမှုးပြီး အခြေခံဥပဒေရေးရာ အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မှာ ကျင်းပပါတယ်။ 

တရုတ် ရထားလမ်းကုမ္ပဏီ ဗီယက်နမ်ဝန်ကြီး ပြစ်တင်


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်က အဓိကကျတဲ့ ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတခုမှာ မတော်တဆမှုတွေ ဖြစ်ပြီး တဲ့နောက် တရုတ် ရထား လမ်းဖောက်လုပ်ရေး ကုမ္ပဏီတခုကို စီမံခန့်ခွဲမှုအပေါ် ဗီယက်နမ် သယ်ယူပို့ဆောင်ရေးဝန်ကြီး က လူသိရှင်ကြား ဝေဖန်လိုက်ပါတယ်။

ရာသီဥတု ဆိုးရွားမှုကြောင့် အဲအေးရှား လေယာဉ်အမြီးပိုင်း ဆယ်ယူရေး အခက်ကြုံ



မဟာမိတ် လေတပ်က IS ပစ်မှတ်များကို ဗုံး(၅၀၀၀)နီးပါး ကြဲချပြီးဖြစ်ဟု အမေရိကန် ကြေညာ


အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များသည် အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ ပစ်မှတ်များကို ဗုံးပေါင်း (၅၀၀၀)နီးပါးထိ ကြဲချခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးကြဲတိုက် ခိုက်မှုများတွင် တင့်ကားများ၊ အဆောက်အအုံများ အပါအဝင် IS ပစ်မှတ် (၃၀၀၀)ကျော်ကို အပြီးအပိုင် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ဇန်နဝါရီ ၇ ရက် ကြေညာချက် တွင် ဖော်ပြထားသည်။

အစ္စလာမ္မစ်နှင့်အကြမ်းဖက်မှု စကားလုံးများကို လုံးဝခွဲထုတ်ရန် အီးယူ တိုက်တွန်း


ဥရောပသမဂ္ဂ(အီးယူ)က ညီညွတ်မှုကို ပြသကြဖို့ ဆော်သြရင်း အစ္စလာမ္မစ်ဆိုတဲ့ စကားလုံးနဲ့ အကြမ်းဖက်မှုဆိုတဲ့ စကား လုံးတို့ကို လုံးဝခွဲထုတ်ဖို့ လူတွေကို မနေ့က တိုက်တွန်းလိုက်ပါတယ်။ “ဥရောပအတွက် ကျမတို့တည်ရှိမှုရဲ့ အခြေခံတန်ဖိုး က စာနယ်ဇင်းလွတ်လပ် ခွင့်ပါ။ ဒါဟာ ကျမတို့ရဲ့ အတွေးအခေါ် လွတ်လပ်မှု၊ ဘဝရဲ့ ဘုံလမ်းကြောင်း အတွက် နှလုံးသား ထဲမှာ ရှိတဲ့အရာပါ။ 

ပညာရေးလောကတွင် ထင်ရှားသူများအား ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ချီးမြှင့်


ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က ပညာရေး လောကတွင် ထင်ရှားသည့် ဆရာကြီး ဦးသန်းဦး၊ ဦးစိုင်းအောင်ထွန်းနှင့် ဦးတင်ညိုတို့အပါအ၀င် ပုဂ္ဂိုလ်ခုနစ်ဦးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ဇန်န၀ါရီ ၈ ရက်တွင် ပေးအပ်ချီးမြှင့်ခဲ့သည်။

ပဲရစ်မြို့ဖြစ်ရပ် ဝမ်းနည်းခြင်း အီဖဲလ်မျှော်စင် အမှောင်ချ


ပဲရစ်မြို့က အပတ်စဉ်ထုတ် Charlie Hebdo မဂ္ဂဇင်းတိုက်ကို ဗုဒ္ဓဟူးနေ့က ၀င်ရောက် စီးနင်းပြီး လူအများ အပြားကို လုပ်ကြံသတ်ဖြတ် သွားခဲ့ရာမှာ အဓိက ပါဝင်သူတွေလို့ သံသယရှိသူ ၂ ယောက်ကို ပြင်သစ် ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ ရှာဖွေနေချိန်မှာ သေဆုံးသွားခဲ့ရသူ တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြာသပတေးည ပိုင်းမှာ ပဲရစ်မြို့က Eiffel မျှော်စဉ်ကြီးမှာ ထွန်းထားတဲ့ မီးတွေကို မှိန်ပစ်ခဲ့ပါတယ်။

နိုင်ငံသားမဟုတ်သူတွေ ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းရေး NLD ကို အချိန်တိုးမြှင့်ပေး

နိုင်ငံသားမဟုတ်သူတွေကို ပါတီဝင်အဖြစ်ကနေရပ်ဆိုင်းဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အချိန်နှစ်လ တိုးပေးလိုက်ပါတယ်။ပါတီဝင်အင်အားများတဲ့အတွက် အသေချာစိစစ်နိုင်ဖို့ အချိန်ထပ်တိုးတောင်း ဆိုတာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေး လိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်က ပြောပါ တယ်။

ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို သမ္မတဖိတ်ကြား


ဒီလ ၁၂ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေကို နေပြည်တော် သမ္မတ အိမ်တော်မှာ တွေ့ဆုံဆွေးနွေး ဖို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို သမ္မတရုံးက ဒီနေ့ ဖိတ်ကြားလိုက်ပါ တယ်။

ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်ကို စစ်တွေမှာ ထောင်နဲ့ချီဆန္ဒပြ

ဒီနေ့ ညနေပိုင်းက စစ်တွေလေဆိပ်ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကို စစ်တွေမြို့ခံ တစ်ထောင်ကျော်က လေဆိပ်မှာဆန္ဒပြ ကန့်ကွက် ကြပါတယ်။

အမေရိကန် ဘီလျံနာသူဌေးကြီး ဆိုးရော့စ် မွတ်စလင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

အမေရိကန်အခြေစိုက် Open Society ဖောင်ဒေးရှင်းတည်ထောင်သူ ကုဋေကြွယ်သူဌေးကြီး George Soros ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က အောင်မင်္ဂလာရပ်ကွက်မှာ မွတ်စလင်တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မွတ်စလင်လူငယ်တစ်ဦးက သူတို့ သွားလာခွင့်ကန့်သတ် ခံနေရကြောင်း Mr. George Soros ကို အခုလိုပြောပြခဲ့ပါတယ်။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက် ကော်မတီငြင်းဆို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားရတာဟာ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် အပြည့်အ၀ လိုက်နာအကောင်အထည်ဖော်မှုမရှိတာကြောင့်ဆိုတဲ့ ကော်မ ရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ မဟုတ်မှန်ကြောင်း အစီရင်ခံစာအကောင်အ ထည်ဖော်မှု ကော်မတီက ဒီနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ငြင်းဆိုလိုက်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ရေးဆွဲမှုတွင် ဒေါ်အောင်ဆန်းစုကြည် ပါစေလိုဟု အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါချုပ်ပြော

အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြင်ဆင်ရေးဆွဲရာတွင် နိုင်ငံတကာ အတွေ့အကြုံများစွာရှိသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်အကြံပြုစေလိုကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဒု-ပါမောက္ခချုပ်ဒေါ်မာလာအောင်က မဇ္ဈိမကို ပြောသည်။

Thursday, January 08, 2015

MPT ဆင်းမ်ကတ်ဖြင့် SpeedKyat စနစ်သုံးပြီး ကားခပေးချေနိုင်ပြီ


ကားခပေးချေမှုကို SpeedKyat ငွေပေးချေမှုစနစ် အသုံးပြုပြီး ပေးချေနိုင်ပြီဟု အဆိုပါဝန်ဆောင်မှုပေးသည့် Internet Wallet ကုမ္ပဏီမှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ကိုသော်ဇင်က မဇ္ဈိမကို ပြောကြားသည်။“SpeedKyat ဝန်ဆောင်မှုကို သုံးပြီး MPT ဖုန်းကတ်ကနေ ကားခပေးလို့ရအောင် လုပ်ထားပါတယ်။ ဝန်ဆောင်မှုကို သုံးဖို့က ရုံးမှာ မှတ်ပုံတင်ပြီး သုံးတာရယ်၊ မိုဘိုင်း App ကို ဖုန်းထဲမှာ ထည့်ပြီး သုံးတာရယ် နှစ်မျိုး လုပ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

တာလီဘန်အကြမ်းဖက်ခေါင်းဆောင်ကို ပါကစ္စတန်က ဆုငွေဒေါ်လာ ၁ဝဝဝဝဝ ထုတ်


ပါကစ္စတန်နိုင်ငံအစိုးရက မငြိမ် မသက်သော ခိုင်ဘာပတန်ခွာပြည်နယ်အတွင်းရှိ တာလီဘန်ခေါင်း ဆောင် အား အရှင်ဖြစ်စေ၊ အသေ ဖြစ်စေ ဖမ်းဆီးနိုင်အောင် သတင်း ပေးသူအား ရူပီးငွေ ၁ဝသန်း(အမေ ရိကန် ဒေါ်လာ ၁ဝဝဝဝဝ) ဆုချမည် ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း အရာရှိများ၏ ပြောကြားချက်အား AFP သတင်းက ဖော်ပြသည်။

ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသယရှိသူနှစ်ဦး အား ပြင်သစ်ရဲဌာန ထုတ်ဖော်ပြောကြား


ချာလီဟတ်ဘ်ဒို မဂ္ဂဇင်းဌာနကို တိုက်ခိုက်ခဲ့သည်ဟု သံသရှိသောညီအစ်ကို နှစ်ဦးတို့၏ အမည်များ အား ပြင်သစ်ရဲဌာနက ထုတ်ဖော်ပြောကြားလိုက်ပြီး ရှာဖွေမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။ ရှရစ်ဖ်နှင့် ဆတ်ကွာချီတို့၏ ဓာတ်ပုံများကို ထုတ်ပြန်၍ ၎င်းတို့သည် လက်နက် ကိုင်များဖြစ်ကာ အန္တရာယ် ရှိကြောင်းနှင့် ဖမ်းဝရမ်းထုတ်ထားပြီး ဖြစ်ကြောင်း ရဲအရာရှိများက ပြောကြားလိုက်ခြင်း ဖြစ်သည်။ သံသယရှိ ထားသူ သုံးဦးအနက် တဦးလာရောက် ဖမ်းဆီးခံထားကာ အဆိုပါ နှစ်ဦးမှာ လွတ်မြောက်နေခြင်း ဖြစ်သည်။

YCDC ရွေးကောက်ခံပုဂ္ဂိုလ်များ ပင်စင်ခံစားခွင့်မရှိဟု ဆို


တာဝန်စတင်ထမ်း ဆောင်နေပြီဖြစ်သည့်  ရန်ကုန်မြို့တော်   စည်ပင်သာယာ ရေး ကော်မတီဝင်များနှင့် ခရိုင်မြို့နယ်အဆင့် ရွေးကောက်ခံပုဂ္ဂိုလ်များ  သက်တမ်းကုန်ဆုံးပါက   ပင်စင်လစာငွေ    ခံစားရယူပိုင်ခွင့် မရှိကြောင်း သတင်းရရှိသည်။ကော်မတီအဆင့်တာဝန် ထမ်းဆောင်ခွင့်ရရှိထားသော ရွေးကောက်ခံများ ကို နိုင်ငံဝန်ထမ်းအ ဖြစ် သတ်မှတ်ထားခဲ့သော်လည်း ၎င်းတို့အတွက် ပင်စင်ခံစားခွင့် ပေးရန် သဲကွဲစွာ ထုတ်ဖော်ပြော ကြားထားခြင်းမရှိဟု YCDC ကော်မတီဝင် ဦးခင်လှိုင်က ပြောသည်။

မြောက်ကိုရီးယားက ဆိုက်ဘာစစ်တပ်အင်အားကို ၆၀၀ဝအထိတိုးမြှင့် လိုက် ကြောင်း တောင်ကိုရီးယားဆို


မြောက်ကိုရီးယားက ၎င်းတို့၏ ''ဆိုက်ဘာစစ်တပ်''မှတပ်ဖွဲ့ဝင် အင်အားကို ၆၀၀ဝအထိတိုးမြှင့် လိုက် ကြောင်း တောင်ကိုရီး ယားကာကွယ် ရေး ဌာန၏ ပြောကြားမှုကို ရိုက်တာ သတင်းတွင် ဖော်ပြ ထားသည်။ ယင်းကြောင့် ဆိုက်ဘာတပ်ဖွဲ့ ဝင်ဦးရေသည် တောင်ကိုရီးယား၏ ၂၀၁၃ ခုနှစ်ခန့်မှန်းချက် ထက် နှစ်ဆနီး ပါးမြင့်တက်လာသည်။

ကုလကိုယ်စားလှယ်နှင့် ဗကသ တွေ့ဆုံ


မြန်​မာ့လူ့အခွင့်​အ​ရေး အ​ခြေအ​နေ​တွေကို ​လေ့လာဆန်းစစ်​ဖို့ မြန်​မာနိုင်​ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်​အ​ရေးဆိုင်ရာ အထူး ကိုယ်​စားလှယ်​ မစ်​ယန်​ဟီးလီဟာ ဒီက​နေ့ မနက်​ ၁၀ နာရီက ဗမာနိုင်​ငံလုံး ဆိုင်​ရာ ​ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်​က တာဝန်​ရှိသူ​တွေနဲ့ ​တွေ့ဆုံခဲ့ပါတယ်​။

MECTEL ၏ ငွေဖြည့်ကတ် အပိုငွေရရှိမည့် အစီအစဉ် ယခုလကုန်အထိ သတ်မှတ်


MECTEL ၏ ငွေဖြည့်ကတ်ဖြည့်သွင်းပါက အပိုငွေရရှိမည့်အစီအစဉ် ယခုလကုန်အထိ သတ်မှတ်ထားကြောင်း မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။ MEC ၏ အဆိုပါ အစီအစဉ်မှာ ငွေဖြည့်ကတ်ဖြည့်သွင်းပါက ၇၀ ရာခိုင်နှုန်းအထိ အပိုငွေရရှိမည့်အစီအစဉ်ဖြစ်သည်။ 

လက်ပံတောင်းတောင်အရေး ဆွေးနွေးရန် သုံးပွင့်ဆိုင် ညွန့်ပေါင်း အစည်းအဝေးလုပ်မည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်နေသည့် အရေးကိစ္စ များ ဆွေးနွေးရန် အရပ်ဘက် အဖွဲ့အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း ဆောင်ရွက်နေသည့် ဝမ်ပေါင် ကုမ္ပဏီ၊ ဦးပိုင် ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင်ညွန့်ပေါင်း အစည်းအဝေးကို ဇန်န၀ါရီ လ ၁၅ ရက်နှင့် ၁၆ ရက် တွင် ပြုလုပ်ရန် မြန်မာနိုင်ငံတွင်းထွက်၊ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးနှင့် ပွင့်လင်းမြင် သာမှု ဖော်ဆောင်ရေးအဖွဲ့ MEITI ရုံးက ဖုန်းဖြင့် အကြောင်းပြန်ထားသည်ဟု စိမ်းလန်းပြင်ဦးလွင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို ပြောသည်။

အိန္ဒိယကွန်ဂရက်ပါတီဝင်ခေါင်းဆောင်၏ဇနီး အဆိတ်ခတ်ခံရမှုကြောင့် သေဆုံး ဟုဆို



အိန္ဒိယအတိုက်အခံပါတီ ဖြစ်တဲ့ ကွန်ဂရက်ပါတီက ခေါင်းဆောင်တဦးဖြစ် သူ နိုင်ငံရေးသမား ရှရှိသာရိုး (Shashi Tharoor) ရဲ့ ဇနီးဖြစ်သူ စုနန်ဒါ ပွတ်ရှ်ခါ (Sunanda Pushkar) ဟာ အဆိပ်ခတ်ခံရလို့ သေဆုံးခဲ့ တယ်လို့ အိန္ဒိယ ရဲမင်းကြီး ဘီအက်စ် ဘက်စီ(BS Bassi) က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်နေ့ က ပြောပါတယ်။

နယူးဇီလန်တွင် လေထီးခုန်ချသူများ၏လေယာဉ် ပျက်ကျ



နယူးဇီလန်နိုင်ငံ မြောက်ကျွန်းမှာ အတွဲလိုက် လေထီး ခုန်ချသူတွေရဲ့ လေယာဉ် ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က ပျက်ကျခဲ့မှု မှာ လေယာဉ်ပေါ်ပါသူ ၁၃ ဦးလုံး အသက်မသေအထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြပါတယ်။လေယာဉ်ပျံသန်းရင်းစက်ချွတ် ယွင်းမှု ဖြစ်ခဲ့ပြီး တူးယ်ပို (Taupo) ရေအိုင်ကြီး ထဲ ပျက်ကျသွားခဲ့ရတာပါ။

ချမ်းမြေ့ဧည့်ဂေဟာ ဗုံးခွဲမှုဖြင့် စောထွန်းထွန်းကို သေဒဏ်ချမှတ်



တောင်ငူက ချမ်းမြေ့ဧည်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုထင်ရှားတဲ့ အတွက် ခရိုင်တရားရုံးက သေဒဏ်ချမှတ် လိုက်ပါတယ်။ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေ ဟာမှာ ဗုံးပေါက်ကွဲမှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ဇန်န၀ါရီလ ၇ ရက်နေ့က ပုဒ်မ ၃၀၂ ၁/ခ အရ မသေမချင်း လည်ပင်းကြိုးစွပ်သတ်စေ ဖို့ တောင်ငူခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါ တယ်။

AAPP အဖွဲ့ဝင်များ သံတွဲတွင် နိုင်ကျဉ်းဟောင်းများနှင့် တွေ့ဆုံ


နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) မှ အဖွဲ့ဝင် များသည် ယခုလ ၇ ရက်နေ့က သံတွဲမြို့နယ်ရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအ၀င် ၎င်းတို့ မိသားစုများနှင့် တွေ့ဆုံခဲ့သည်ဟု သတင်း ရရှိသည်။

ငွေရော နည်းပညာပါ ယူလာခဲ့ ပေမယ့် မြန်မာပြည်အတွက် လျာထားတဲ့ အဲဒီငွေတွေ မသုံးဖြစ်ခဲ့ဘူး



မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာရေး အဖွဲ့ (မြန်မာ) အဖွဲ့မှ သုတေသီ Mr. Yeshua Moser-Paungsuwan နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သက်တမ်း အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ရင်ဆိုင်နေရသည့် နိုင်ငံ ဖြစ် သည်။ စစ်ပွဲများ၏ ထုံးစံအတိုင်း တဖက်နှင့် တဖက်တိုက်ခိုက်ရန် ဖြစ်စေ၊ ကာကွယ်ရန် ဖြစ်စေ လက်နက် များ၊ မြေမြှုပ်မိုင်း များကို နှစ်ကာလ ရှည်ကြာစွာ အသုံးပြုခဲ့သည့် နိုင်ငံတခု ဖြစ်သည်။ လက်ရှိ တွင်လည်း သုံးစွဲနေဆဲဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီတွင် ပါဝင်နေကြောင်း အဖွဲ့ဝင်တချို့ မသိရဟု ဆို


နိုင်ငံတော် သမ္မတက ဇန်န၀ါရီလ ၅ရက်တွင် ပြန်လည်ဖွဲ့စည်း ပေးလိုက်သည့် နိုင်ငံရေး အကျဉ်းသားများရေးရာ ကော်မတီတွင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းခြင်းခံရသူတချို့ကို ကြိုတင်အကြောင်းကြား ခေါ်ယူ ဆွေးနွေးခဲ့ခြင်း မရှိကြောင်းနှင့် တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်း မရှိခဲ့ကြောင်း သိရသည်။

လက်ပံတောင်းမှာ ၀မ်ပေါင်ကုမ္ပဏီ မြေတူးစက်တွေနဲ့ ၀င်ရောက်တူးဖော်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအတွက် ခြံစည်းရိုး ခတ်ရာမှာ ပါဝင်ခဲ့တဲ့ ဆည်တည်းရွာက လယ်ယာမြေတွေကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက မြေတူး စက်တွေနဲ့ ဒီနေ့ ၀င်ရောက်တူးဖော်ကြတယ်လို့ သိရပါတယ်။

အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ အများဆုံးနိုင်ငံတွေထဲ မြန်မာ ပါဝင်


အာရှဒေသမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုက္ခသည်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အများဆုံးနိုင်ငံ ဟာ မြန်မာဖြစ်တယ်လို့ UNHCR ရဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။တကမ္ဘာ လုံး အတိုင်းအတာအရ  အတင်းအဓမ္မ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ရသူတွေရဲ့ ပြဿနာဟာ အလွန်စိုးရိမ်စရာ အခြေအနေ ရောက်နေပြီလို့လည်း UNHCR ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ 

ဖက်ဒရယ်ကို တပ်ချုပ်ကြီး လက်ခံသလား


မကြာသေးခင်က တွေ့ဆုံမှုတွေဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးအတွက် ထိရောက်လေး နက်မှုရှိတယ်လို့ မပြောနိုင်ပေမဲ့  နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးကို များစွာအထောက် အကူ ဖြစ်စေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောဆိုပါတယ်။

လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာဆေး စတင်စမ်းသပ်အသုံးပြု


အီဘိုလာရောဂါကို ကုသနိုင်မည့် ဆေးဝါးများကို လိုက်ဘေးရီးယားနိုင်ငံရှိ နယ်စည်းမခြားဆရာဝန်များ အဖွဲ့(MSF)ဌာနတွင် စတင်၍ စမ်းသပ်အသုံးပြု နေပြီဖြစ်သည်။ Brincidofovir ခေါ် ဗိုင်းရပ်စ်ကာကွယ်ဆေး ကို အီဘိုလာရောဂါရှင်များ၏ ဆန္ဒအရ စမ်းသပ်အသုံးပြုနေသည်။ ယင်းဆေးဝါးဖြင့် ကုသမှုခံယူရန် သဘော မတူသူများကို ပုံမှန်အတိုင်း ဆက်၍ကုသ ပေးနေသည်။

ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ အင်းစိန်ထောင်မှ နိုင်ငံရေး အကျဉ်းသား ခြောက်ဦးနှင့် တွေ့ဆုံ


ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး အထူးကိုယ်စားလှယ် မစ္စယန် ဟီးလီ က အင်းစိန်ထောင် ရှိ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးနှင့် ဇန်န၀ါရီ ၇ ရက် နံနက် ၉ နာရီ ၄၅ မိနစ်မှ ၁၂ နာရီထိ တွေ့ဆုံခဲ့ သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသတင်းနှင့် ပြန်ကြားရေးမှ ဦးအေးဝင်းက မဇ္ဈိမကို ပြောသည်။

ဟောင်ကောင်အမတ်တွေ လွှတ်တော်က ထထွက်ခဲ့ကြ


ဟောင်ကောင်မှာ ဒီမိုကရေစီ လိုလားတဲ့ လွှတ်တော်အမတ်တွေက ပြီးခဲ့တဲ့နှစ်က မြို့လည်မှာ ဒီမိုကရေစီရေး ဆန္ဒပြလှုပ် ရှားမှုတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အ၀ါရောင် ထီးတွေကို ကိုင်မြှောက်ကာ ဗုဒ္ဓဟူးနေ့က လွှတ်တော်အစည်းအဝေးပွဲကနေ ထထွက်ခဲ့ကြပါတယ်။

ပဲရစ်မြို့ရှိ သတင်းစာတိုက် တိုက်ခိုက်ခံရပြီး လူ ၁၂ ဦး သေ၊ ခုနစ်ဦး ဒဏ်ရာရ


ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပတ်စဉ်ထုတ် သရော်စာ သတင်းစာတိုက်သို့ မျက်နှာဖုံးစွပ် နှစ်ဦးက ဝင်ရောက် တိုက်ခိုက်ရာ လူ ၁၂ ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကာ ပစ်ခတ်သူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေကြ သည်။

Wednesday, January 07, 2015

မြန်မာ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားလ်စ် မောင်ဘို ဗာတီကန် အမတ် ဖြစ်ပြီ


ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန် နန်းတော် ရဟန်း အမတ်(Cardinal) ၂၀ ကို ဇန်န၀ါရီလ ၄ ရက်နေ့တွင် ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံမှ  ကက်သလစ် ခရစ်ယာန် ဘာသာ ရန်ကုန်ဂိုဏ်းချုပ် သာသနာ ဆရာတော်ကြီး ချားလ်စ်မောင်ဘို လည်း ပါဝင်ခဲ့သည်။

My Blog List