Saturday, September 27, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး



ငါးရက်ကြာကျင်းပခဲ့ သော တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲ နှစ်ဖက်ညှိ နှိုင်းရန်ကျန်ရှိနေသော အချက် များနှင့်ပတ်သက်၍ သဘောတူညီ ချက်မရရှိခဲ့ဘဲ လာမည့်အောက် တိုဘာလအတွင်း နှစ်ဖက်ပြန်လည် တွေ့ဆုံ ဆွေးနွေးသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ် နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT) တို့၏ ခြောက်ကြိမ်မြောက် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၂ရက်မှ ၂၆ ရက်အထိ ၅ ရက်ကြာပြုလုပ်ခဲ့သည်။ 

၂ဝဝ၈ ဖွဲ့စည်းပုံကိုမပြင်လျှင် ပါတီရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များ မရရှိနိုင်ကြောင်း ညီလာခံတွင် ပါတီ ခေါင်းဆောင်များပြောကြား




စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင် နိုင်လျှင် ရခိုင်အမျိုးသား ပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်များက ပြောကြားသည်။

"ပျောက်ဆုံးတောင်တက်အဖွဲ့ဝင်နှစ်ဦးကို ကြိုးပမ်းရှာဖွေစဉ် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ်တစ်စီး အခြေစိုက်စခန်းသို့ ပျံသန်းစဉ် အဆက် အသွယ်ပြတ်တောက်သွား"



ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်းပျောက်ဆုံးနေသော သဘာဝ ခေါ်သံဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့ သွားသည့် ထိုင်းနိုင်ငံမှရဟတ်ယာဉ်တစ်စီး သည် လမ်းခရီးတွင် အဆက်အသွယ်ပြတ်တောက် နေကြောင်း သတင်းရရှိပါသည်။

ပျောက်ဆုံး ခါကာဘိုရာဇီ တောင်တက်သမား နှစ်ဦး၏ အပြာရောင်ကျောပိုး အိတ်တစ်လုံးသာ တွေ့ရှိ


ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦး အသုံးပြုခဲ့သော အပြာရောင် ကျောပိုးအိတ်တစ်လုံးကို ခါကာဘိုရာဇီတောင်၏ အမြင့်ပေ ၁၇၀၀၀ တွင် ထူးဖောင်ဒေးရှင်မှ ကယ်ဆယ်ရေးတောင်တက်အဖွဲ့က တွေ့ရှိခဲ့ပြီး ရာသီဥတုလည်း ဆိုးရွားနေသည်ဟု ထူးဖောင်ဒေးရှင်း၊ ပြန်ကြားရေးတာဝန်ခံ ဦးဖြိုးကိုကိုသက် က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမည်မဟုတ်ဟု NCCT ဆို


အပစ်အခတ်ရပ်စဲပြီးနောက် ပြည်နယ်နှင့် တိုင်းအသီးသီးရှိ တိုင်းရင်းသားများအရေးနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှု ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက  တိုင်းရင်းသားများ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းသွားမည်မဟုတ်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

အမျိုးသမီးများ အရွယ်ရောက်လာသည့်အချိန်တွင် အာဟာရဓာတ်မပြည့်ဝပါက သံဓာတ်လျော့နည်းလာကာ သွေးအားနည်းရောဂါမှ နှလုံးရောဂါအထိပါ ဖြစ်ပွားစေနိုင်


အမျိုးသမီးများ အရွယ်ရောက်လာသည့် အချိန်တွင် အာဟာရဓာတ်မပြည့်ဝပါက သံဓာတ်လျော့နည်းလာ ကာ သွေးအားနည်းရောဂါမှ နှလုံးရောဂါ အထိပါဖြစ်ပွားစေနိုင်ကြောင်း သိရသည်။''မိန်းကလေးတွေအနေနဲ့ ဒါကို အလေးထားသင့်တယ်။ အရွယ်ရောက် ပြီး မိန်းကလေးတွေက သံဓာတ်ပြည့်ဝ ဖို့လိုတယ်။ မဟုတ်ရင် တခြားရောဂါဘယတွေ အများအပြားဖြစ်ပွားနိုင်တယ်'' ဟု အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

ဒလရှိ မိဘမဲ့ဂေဟာတွင် အလှူငွေထည့်ရန် ရေခဲရေ ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်


ဒလမြို့ ကျန်စစ်သားရပ်ကွက်ရှိ ပါရမီ မြန်မာလူငယ်ပျိုးထောင်ရေး ဂေဟာ (မိဘမဲ့ ဂေဟာ)ရှိ ကလေးအများ အတွက် အလှူငွေထည့်ရန် အီတလီနိုင်ငံသူတစ်ဦးက ဂေဟာရှေ့တွင် ရေခဲရေကို ကိုယ်ပေါ်သို့လောင်းချ၍ စိန်ခေါ်ခဲ့သည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ခြောက်ဦး တောင်အာဖရိကနှစ်ပတ်လည်ညီလာခံကို သပိတ်မှောက်


နှစ်စဉ်ကျင်းပနေသော ကမ္ဘာ့ငြိမ်း ချမ်းရေးနိုဗယ်ဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ယခု နှစ်တွင် တောင်အာ ဖရိကနိုင်ငံ ကိပ်တောင်း၌ ကျင်းပရန် စီစဉ်ထားသော်လည်း နိုဗယ်ဆု ရှင်ငါးဦးနှင့်အတူ နိုဗယ်ငြိမ်းချမ်း ရေးဆုရရှိထားသော မြေမြှုပ် မိုင်း ဖျက်သိမ်းရေး နိုင်ငံတကာအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးတို့က ၎င်း တို့ တက်ရောက်မည်မဟုတ် ကြောင်း ကြေညာလိုက်ကြသည်။

ဘုရင်မ၊ နန်းတင်သူနှင့် နိုင်ငံရေးကျားကွက်



အခြေခံဥပဒေပါ သမ္မတ အရည်အချင်းအတွက် ကန့်သတ်ချက် အချို့ကို အချိန်မီ မပြင်နိုင်လျှင် NLD က သမ္မတလောင်း အဖြစ် ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး၊ အထူးသဖြင့် ဦးရွှေမန်းကို တင်ကောင်းတင်မည်ဟု NLD ထိပ်ပိုင်းခေါင်းဆောင် အချို့ကို ကိုးကားပြီး Reuters သတင်းဌာနက စက်တင်ဘာ ၂၃ တွင် ရေးသားဖော်ပြလိုက်သည်။ Reuters သည် အခြား သတင်းဌာနများသို့ သတင်းဖြန့်ဝေသည့် သတင်းဌာန ဖြစ်သောကြောင့် တစ်ကမ္ဘာလုံးသို့ ထိုသတင်းသည် တောမီးသဖွယ် ပျံ့နှံ့သွားသည်။ 

ဂျပန်နိုင်ငံ အလယ်ပိုင်းတွင် မီးတောင်တစ်လုံးပေါက်ကွဲ


စက်တင်ဘာ (၂၇)ရက်က ဂျပန်နိုင်ငံတွင် မီးတောင်တစ်လုံး ပေါက်ကွဲရာ လူ(၈)ဦးခန့် ဒဏ်ရာများ ရရှိခဲ့ပြီး လေယာဉ် လမ်းကြောင်းများ အရေးပေါ် ပြင်ဆင် သတ်မှတ်ခဲ့ရကြောင်း သတင်းရရှိသည်။နိုင်ငံအလယ် ပိုင်းရှိ အွန်တာကီ မီးတောင်ထိပ်တွင် မီးခိုးပြာများ မှုတ်ထုတ်နေပြီး တောင်စောင်းတလျှောက် ချော်ကျောက် များလည်း လိမ့်ဆင်းနေခဲ့ကြောင်း မျက်မြင်များက ဆိုသည်။ 

ပြည်သူနှင့် ပါတီ ရင်ခုန်သံချင်း ထပ်တူကျရန် ဦးမြင့်ဆွေ ညွှန်ကြား


ပြည်သူတို့ လိုအင်ဆန္ဒနှင့် ရင်ခုန်သံချင်း ထပ်တူကျသည့် ပါတီအဖြစ် ဖော်ဆောင်ကြရန် ရန်ကုန်တိုင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ဆွေ က ၎င်း၏ ပါတီဝင်များကို ညွှန်ကြားလိုက် သည်။

ကိုရီးယားအဖွဲ့ဆက်သွယ်လာပါက သရဖူပြန်ပေးမည်ဟု မေမြတ်နိုးမိခင်ဆို



သရဖူကိစ္စနှင့်ပတ်သက် ၍ ထပ်မံဖြေရှင်းရန် အစီအစဉ် မရှိဘဲ ကိုရီးယားအဖွဲ့အစည်းက ဆက်သွယ်ပါက သရဖူကို ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်းMiss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး၏ မိခင်က ပြောသည်။ ‘‘သူတို့ဘက်က မဟုတ်တာ တွေပြောထားတော့ လာမယူရဲ တာထင်တယ်။ အန်တီတို့ဘက်ကတော့ ဒီကိုလာယူတာနဲ့ ပြန် ပေးဖို့အဆင်သင့် ပါ’’ဟု မေမြတ်နိုး ၏ မိခင်က ပြောသည်။

မေးခွန်းနှင့်အဆို မတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် ၃ဝ ကျော် လွှတ်တော်နှစ်ရပ်၌ ရှိနေ


ပထမအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးမှ နဝမပုံမှန်အစည်းဝေးအထိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်၌ မေးခွန်းမေးမြန်းမှုနှင့် အဆိုတင်သွင်းမှု မပြုလုပ်သည့် လွှတ် တော်ကိုယ်စားလှယ်ပေါင်း ၃ဝဦးခန့် ရှိနေသည်ဟု လွှတ်တော်လေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ပွင့်လင်းမြန်မာ့ ရှေ့ဆောင်အဖွဲ့ (OMI) မှ သုတေသနဒါရိုက်တာကိုဧခိုင်က ပြောသည်။

ရွှေဝါရောင်နှစ်ပတ်လည်နေ့ အခမ်းအနား စစ်တွေတွင် ကျင်းပပြုလုပ်



ရဲရဲတောက် ခေါင်းဆောင်နိုင်မှုရှိဟု NLD ထုတ်ပြန်


ဒေါ်အောင်ဆန်းစုကြည်မှလွှဲ၍ မျိုးဆက်သစ် ခေါင်းဆောင်ရှားပါးနေသည်ဟု ဝေဖန်ခံနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD သည် လက်ရှိနိုင်ငံရေး အခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် မူဝါဒများချမှတ်ရန် အင်အားတောင့်တင်းပြီး ရဲရဲတောက်ခေါင်းဆောင်နိုင်မှု ရှိသည်ဟု စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် ပါတီ ၂၆ နှစ်မြောက်နေ့တွင် တုံ့ပြန် ကြေငြာလိုက်သည်။

မြဝတီမြို့မှာ အစိုးရ စစ်တပ်နဲ့ DKBA တိုက်ပွဲဖြစ်



ထိုင်း-မြန်မာနယ်စပ် မြဝတီမြိုအထွက် အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေပြီး၊ အနီးက ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရှိ ရပါတယ်။

အစိုးရ အဆောက်အဦးအတွင်းမှ ဟောင်ကောင်ဆန္ဒပြသူများက ရဲများကို ဆက်လက်ရှင်းလင်း



အစိုးရ အဆောက်အဦတစ်ခုအတွင်းသို့ ဝင်ရောက်စီးနင်းထားသည့် ဆန္ဒပြသူ များကို ရဲများက စက်တင်ဘာ ၂၆ ရက်ညက စတင်ရှင်းလင်းလျက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် အဆိုပါ အဆောက်အဦအတွင်း ကျန်ရှိနေသူများက ထွက်ခွာရန် ငြင်းဆိုလျက်ရှိကြောင်း သိရသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ရန် ဆရာတော်တစ်ပါး လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်



ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ၇ ခုကို ကိုဖြတ်သန်းကာ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်ဟု DKBA တပ်မတော် အဖွဲ့ဝင်ငြိမ်းချမ်းရေး အကျိုးပြုဆရာတော် အရှင်ဉာဏိဿရက စက်တင်ဘာလ ၂၆ ရက်က ပဲခူးတိုင်းရွှေကျင်မြို့ နယ်ရှိ ငြိမ်းချမ်းရေးကျောင်းတိုက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မိန့်ကြားခဲ့သည်။

UPWC နှင့် NCCT တို့၏ ဆဋ္ဌမ အကြိမ်မြောက် ဆွေးနွေးပွဲ ရလဒ်တိကျစွာ မထုတ်ပြန်



ဆဋ္ဌမအကြိမ်မြောက် အပစ်ရပ်မူကြမ်းရေးဆွဲနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးမှုတွင် ဆွေးနွေးမှုရလဒ် တိတိကျကျ ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိကြောင်း သတင်းရရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း ၂၆ နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားတွင် နာယကကြီးဦးတင်ဦးပြောကြားသောမိန့်ခွန်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း ၂၆ နှစ်မြောက်နှစ်ပတ်လည် ကြေညာချက်


အာဏာသိမ်း စစ်ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် မြန်မာပြည် လာမည်


ထိုင်းနိုင်ငံ လက်ရှိဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာသည် လာမည့်အောက်တိုဘာလတွင် မြန်မာနိုင် ငံသို့ တရားဝင် ခရီးစဉ်သွားရောက်ရန်ရှိပြီး ထိုင်း-မြန်မာ စီးပွားရေး အနီးကပ်ပူးပေါင်းဆောင်ရွက်မှု ပိုမို ခိုင်မာစေရေး လုပ်ဆောင်မည်ဟု သတင်း ရရှိသည်။

Friday, September 26, 2014

ရွှေစည်းခုံစေတီတော်ရှိ ၅၁ နှစ်ကြာ အပူဇော်ခံရခြင်း မရှိသည့် စွယ်တော်ပွား ယနေ့လှည့်လည် အပူဇော်ခံမည်




ပုဂံဒေသရှိ သမိုင်းဝင် ရွှေစည်းခုံ စွယ်တော်ရှင် စေတီတော်ကြီးတွင် တည်ထားပြီး (၅၁)နှစ်ကြာ အပူဇော်ခံရခြင်း မရှိသေး သည့် မြတ်စွယ်တော်၏ ပထမဆုံအကြိမ် မြို့တစ်ပတ် လှည့်လည်ပူဇော်ခြင်းကို စက်တင်ဘာ (၂၆)ရက်နေ့တွင် ကျင်းပ သွားမည်ဖြစ်ကြောင်း ရွှေစည်းခုံစွယ်တော်ရှင်စေတီတော် ကြီး ဂေါပကအဖွဲ့မှ သိရှိရသည်။

ကိုယ်ပိုင်ငွေ ကျပ်သိန်းတစ်ထောင်သုံး၍ ဓမ္မစေတီခေါင်းလောင်းရှာမည်


ဦးစံလင်းရှာဖွေသော်လည်း မတွေ့ရှိခဲ့သည့် ဓမ္မစေတီခေါင်းလောင်းကြီးကို ရွှေအုန်းပင်ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်က ဆက်လက်ရှာဖွေမည်ဟု သိရှိရသည်။ အဆိုပါခေါင်းလောင်းကြီးကို ဆက်လက်ရှာဖွေရန် အတွက် ဦးဝင်းမြင့်ပိုင် ဆိုင်သည့် ကျပ် သိန်း ၁၀၀၀ကို သုံး၍ သက်ဆိုင်ရာသို့ ရှာဖွေခွင့်တင်ပြီး ၀ိဇ္ဇာနည်း၊ သိပ္ပံနည်းများဖြင့် ပေါင်းစပ်ပြီးနိုင်ငံခြားအကူအညီဖြင့် ရှာဖွေဦး မည်ဟု ၄င်းပိုင်သည့် ထမင်းဆိုင်၌ ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြား လိုက်သည်။

အွန်လိုင်းအကျိုးကျေးဇူး ဝေလံခေါင်းပါးသည့် အင်ဒိုးနီးရှားရွာလေး ခံစားရပြီ


အင်ဒိုနီးရှားနိုင်ငံမှာ အင်တာနက်ကို လူတိုင်းသုံးခွင့်မရပါဘူး။ အထူးသဖြင့် တောင်တန်းတွေမှာ နေထိုင်သူ အများစုက အွန်လိုင်းတက်ခွင့်မရကြပါဘူး။ ဒါပေမယ့် ဂျားဗားကျွန်မှာရှိတဲ့ ဆလာမတ်တောင်စောင်းက ရွာလေး တရွာကတော့ အင်တာနက်သုံးခွင့်ရနေတာ နှစ်များစွာကြာခဲ့ပါပြီ။

ပြင်သစ်နှင့်အမေရိကန် ရထားလိုင်းများကို ဗုံးခွဲတိုက်ခိုက်ရန် အိုင်အက်စ်စီစဉ်ဟုဆို


အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်နဲ့ အမေရိကန်နိုင်ငံရှိ မြို့ကြီးတွေက မြေအောက် ရထားလိုင်းတွေကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ရထားတယ်လို့ အီရတ်ဝန်ကြီးချုပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ ပြောဆိုပါတယ်။

ကန်သတင်းသမား သတ်ပစ်သူကို FBI သိပြီ


အမေရိကန် ​နိုင်ငံသား ​သတင်းသမား ​နှစ်ဦးကို ​လည်လှီးသတ်ဖြတ်ခဲ့တဲ့ ​IS ​အစ္စလာမ်မစ်နိုင်ငံ ​တပ်ဖွဲ့ဝင်က ​ဘယ်သူ၊ ​ဘယ်ဝါ ​ဖြစ်သလဲဆိုတာ ​သိရပြီလို့ ​အမေရိကန် ​ထောက်လှမ်းရေးက ​ပြောပါတယ်။ အဆိုပါ ​IS ​တပ်ဖွဲ့ဝင်ဟာ ​မျက်နှာဖုံးစွပ်တန်းလန်းနဲ့ ​အမေရိကန် ​နှစ်ဦးကို ​သတ်ဖြတ်ခဲ့ပေမယ့် ​အဲဒီ ​မျက်နှာဖုံးရှင်က ​ဘယ်သူဖြစ်သလဲဆိုတာကို ​ထောက်လှမ်း ​ရေး ​တွေက ​ဖော်ထုတ် ​နိုင်ခဲ့တာပါ။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၂၃/ ၂၀၁၄)

၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက်

(၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်)

နယ်စပ်ရှိ အလုပ်သမားများ ခရီးသွားထောက်ခံစာအတွက် မဲဆောက်မြို့တွင် လုပ်နိုင်ပြီ



ထိုင်း-မြန်မာနယ်စပ်ရှိ အလုပ်သမားများအတွက် ခရီးသွားထောက်ခံစာ လက်မှတ်ကို တာ့ခ်ခရိုင် ၃မြို့နယ်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ကိုယ်တိုင်သွားလုပ်စရာမလိုတော့ဘဲ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စတင်လုပ်ပေးနေ ပြီဖြစ်သည်။

အနုပညာပျိုးခင်းမှ သရုပ်ဆောင်သစ် ရွေးချယ်မှု ဆန်ခါတင် ၁၃ယောက် အမည် စာရင်းထုတ်ပြန်


လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ဒါရိုက်တာဝိုင်း၊ ဒါရိုက်တာ ဇေပါ တို့ ပါဝင်တဲ့ အနုပညာ ပျိုးခင်း အဖွဲ့က ရုပ်ရှင်လောကအတွက် အမျိုးသမီး အဓိကသရုပ်ဆောင် ရှားပါးမှုကို ဖြေရှင်း နိုင်ဖို့ ရည်ရွယ် ပြီး အနုပညာပျိုးခင်းကနေ ရွှေမှုံရတီ၊ အိချောပို၊ ယုသန္တာတင် တို့ သုံးဦးကို စင်တင်ပွဲထွက်ပေးနိုင်ခဲ့ပါတယ်။ 

ပျောက်ဆုံးတောင်တက်သမားနှစ်ဦး ရှာဖွေရေးအဖွဲ့ စက်တင်ဘာ ၂၅ရက် ညနေပိုင်း၌ အမြင့်ပေ ၁၇ဝဝဝကျော်သို့ ရောက်ရှိ



ပျောက်ဆုံးတောင်တက်သမား နှစ်ဦး ရှာဖွေရန်အတွက် ရှာဖွေရေးအဖွဲ့သည် စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၆နာရီခန့် တွင် ခါကာဘို ရာဇီတောင် အမြင့်ပေပေါင်း ၁၇ဝဝဝ ကျော်သို့ရောက်ရှိခဲ့ကြောင်း ထူး ဖောင်ဒေးရှင်းမှ သိရသည်။ အဆိုပါ ရှာဖွေရေးအဖွဲ့တွင် ဧဝရက်တောင်တက်ရန် လေ့ကျင့် ထားသော ထူးဖောင်ဒေးရှင်းမှ ကိုရဲ မင်းသူ၊ ကိုစိုင်းကျော်ဝဏ္ဏစိုး၊ ကိုစိုင်း ကျော်သူထွေး၊ ခါကာဘိုရာဇီတောင်သို့ တက်ရောက်ဖူးသူ ဦးနမားဂျွန်ဆင် နှင့် ၄င်း၏ ညီဦးအန်းကောတို့ ပါဝင် ပြီး ရှာဖွေရေးလုပ်ငန်းများကို ပြုလုပ်လျက်ရှိသည်။


ရန်ကုန်တိုင်း အတွင်း အဂတိ လိုက်စားမှုဆိုင်ရာ အရေးယူသည့်အမှု တမှုသာရှိ


ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး အရေးယူထားသည့် အမှုတမှုသာ ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

“ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ ဖွဲ့စည်းထားတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မတီက တင်ပြ
လာတဲ့ တိုင်စာများ၊ တိုင်းဒေသကြီးရုံးကို တိုက်ရိုက်တင်ပြလာတဲ့ တိုင်ကြားစာများကို စိစစ်ရပါတယ်။ ဒါတွေ စိစစ်တာကို လာဘ်ပေးလာဘ်ယူ ကော်မတီကို ပြန်တင်ပြရပါတယ်။ 

ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် ပြင်ပဒေသမှ ဝင်ရောက်လာသူများ ရှိနေဟုဆို


ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် အခြားဒေသမှ ဝင်ရောက်နေထိုင်သူ ယခုနောက် ပိုင်း ပိုမိုများပြားလာခြင်းမှာ  ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှုအားနည်း၍ ဖြစ်သည်ဟု ရခိုင်ဒေသခံများက ဝေဖန်ပြောကြားသည်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး အီရတ်မြောက်ပိုင်းရှိ စစ်ပြေးဒုက္ခသည်စခန်းများသို့ သွားရောက်မည်


ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလာ ဗွန်ဒါ လဲ့ယန် (Ursula von der Leyen) ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က အီရတ်နိုင်ငံမြောက်ပိုင်း ကာဒ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမြို့တော် အာဘီရ်မြို့ကိုရောက်ရှိလာပါတယ်။

ခရီးစဉ်အတွင်း ဂျာမန်တပ်ဖွဲ့ဝင်တွေ၊ ကာဒ့်သမ္မတ မာဆော့ ဘာဇာနီ (Massoud Barzani) နဲ့ တွေ့ဆုံပြီး အီရတ်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်စခန်းတွေဆီ သွားရောက်မယ်လို့ သိရပါတယ်။

ကလေး စစ်သားတွေ အစိုးရ စစ်တပ် ပြန်လွှတ်


မြန်မာအစိုးရ စစ်တပ်က ကလေးစစ်သား ၁၀၉ ယောက်ကို ဒီကနေ့ ပြန်လွှတ် ပေးလိုက်ပါတယ်။ အစိုးရ စစ်တပ်မှာ ကလေးစစ်သား အသုံးပြုတာ ရပ်တန့်ပါမယ်လို့ လွန်ခဲ့တဲ့ ၂ နှစ်က ကတိပေးခဲ့ပြီးနောက် ဒါဟာ တစ်ကြိမ်တည်းနဲ့ ကလေးစစ်သား အရေအတွက် အများဆုံး ပြန်လွှတ်ပေးတာ ဖြစ်ပါတယ်။

အလုံးစုံ လွှမ်းခြုံသော မြေယာဥပဒေ ၂၀၁၅ တွင် အပြီးသတ် ရေးဆွဲမည်ဟု သမ္မတရုံးဝန်ကြီးပြော


မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မြေယာပိုင်ဆိုင်မှု၊ အငြင်းပွားမှုများအတွက် အလုံးစုံလွှမ်းခြုံသော မြေယာ ဥပဒေတစ်ခုကို လာမည့် ၂၀၁၅ ခုနှစ်တွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် ANNI ဝေဖန်



IS နှိမ်နင်းရေး လေကြောင်းစစ် အာရပ် တိုင်းပြည်များ ဦးဆောင်နေ


ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရေနံ သိုလှောင် ရေးဌာနတွေကို စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် အာရပ်နိုင်ငံ ၂ ခုက အမေရိကန်ပြည်ထောင်စုကို ဦးဆောင်ပြီး ကြာသပတေးနေ့ က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

အီဘိုလာ တိုက်ဖျက်ရေး အရှိန်တိုးဖို့ အိုဘားမား တိုက်တွန်း


အာဖရိကတိုက် အနောက်ပိုင်းမှာ လူတွေသေလောက်တဲ့အထိဖြစ်နေတဲ့ အီဘိုလာရောဂါဟာ ဒေသတွင်း နဲ့ ကမာ့္ဘလုံခြုံရေးကိုပါ ခြိမ်းခြောက်နေ တာကြောင့် အီဘိုလာရောဂါဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့အတွက် ၊ ကမ္ဘာကြီးအနေနဲ့ ဒီထက်မက လုပ်ဆောင်သွားဖို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကကမ္ဘာ့နိုင်ငံတွေ ကို တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်နိုင်ရခြေ FBI စိုးရိမ်


Khorasan လို့သိကြတဲ့ အယ်ကိုင်ဒါးအဖွဲ့ကို အခုသီတင်းပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နေပေမယ့်လည်း၊ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံတွေကို အကြမ်းဖက် တိုက်ခိုက်ဖို့ အစီ အမံတွေ ရှိနေကြတုန်းပဲလို့ FBI က ပြောပါတယ်။ 

ရှေ့နေချုပ် Eri Holder ရာထူးမှ နုတ်ထွက်မည်


အမေရိကန်ပြည်ထောင်စုရဲ့ တရားရေးဌာနအကြီးအကဲအဖြစ် ၆ နှစ်တာဝန် ထမ်းဆောင်ပြီးတဲ့နောက် ဗဟိုအစိုးရရှေ့နေချုပ် Eric Holder ဟာ ရာထူးက နှုတ်ထွက်သွားပြီ ဖြစ်ပါတယ်။ ၆ နှစ်တာ တာဝန်ထမ်း ဆောင်ပြီးတဲ့နောက် သူအခုလို ရာထူးက အနားယူမယ့် တောင်းဆိုလွှာကို လက်ခံလိုက်ရတာဟာ ကြည်နူး ဖွယ်၊ ၀မ်းနည်းဖွယ်ရာတွေနဲ့ ရောယှက်နေတဲ့ အခါသမယဖြစ်တယ်လို့ သမ္မတ Barack Obama က ပြောပါတယ်။

မန္တလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု များလာသော်လည်း အဓိကရောင်း ချသူများ မမိ၍ ရတနာပုံ (၂) စစ်ဆင်ရေးစီမံချက်ဖြင့်နေပြည်တော်မှ လာရောက် ပူးပေါင်းဖမ်းဆီးလျက်ရှိ



မန္တလေးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု များလာသော်လည်း အဓိကရောင်း ချသူများ ဖမ်းဆီးနိုင်ခြင်းမရှိ၍ ရတနာပုံ(၂) စစ်ဆင်ရေးစီမံချက်ဖြင့် နေပြည်တော်မှ လာရောက်ပူးပေါင်း ဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိသည်။ “ပထမတစ်ခါ ရတနာပုံစစ်ဆင်ရေးအနေနဲ့ ဖမ်းဆီးစဉ်က တစ်နေ့ကို မူးယစ်ဆေးဝါးမှု ငါးမှုအထက် မိတယ်။ အဲဒါရပ်နားပြီးတဲ့နောက် မန္တလေးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေ သတင်းရရှိနေပြီး လုပ်ကိုင်နေကြတုန်းပါပဲ။ 

Disney Live ကာတွန်းဇာတ်ကောင်များ မြန်မာနိုင်ငံ၌ ပြုလုပ်မည့်ဖျော်ဖြေပွဲ အကြိုအဖြစ် ရန်ကုန်မြို့ရှိ ထင်ရှားသည့်နေရာများတွင် မှတ်တမ်းဓာတ်ပုံ ရိုက်ကူး



Disney Live ကာတွန်းဇာတ်ကောင်များသည် မြန်မာနိုင်ငံတွင် အောက်တိုဘာ ၈ ရက်မှ ၁၂ ရက်အထိပြုလုပ်မည့်ဖျော်ဖြေပွဲ အကြိုအဖြစ် ရန်ကုန်မြို့ရှိထင်ရှား သည့်နေရာများ၌ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းကို စက်တင်ဘာ ၂၅ ရက်က ပြုလုပ် ခဲ့ကြောင်း သတင်းရရှိသည်။ 

ယူနတီသတင်းသမားများကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်အက်ဥပဒေအား ပြင်ဆင်ခြင်းမပြုရန် မဲခွဲဆုံးဖြတ်ခဲ့


ယူနတီသတင်းသမားများအား ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်အက်ဥပဒေ အား ပြင်ဆင်ခြင်းမပြုရန် လွှတ်တော်၌ မဲခွဲဆုံးဖြတ် ခဲ့သော်လည်း ပြင်ဆင်ရန် သင့်၊ မသင့် ထပ်မံလေ့လာ ရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ညွှန်ကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး အဏ္ဏဝါဘေးမဲ့ရပ်ဝန်းတစ်ခု တည်ထောင်ရန် အိုဘားမား စီစဉ်


အမေရိကန် သမ္မတ ဘာရတ် အိုဘားမားသည် ကမ္ဘာ့ အကြီးမားဆုံး အဏ္ဏဝါ ဘေးမဲ့ရပ်ဝန်း တစ်ခုကို ထူထောင် သတ်မှတ်ရန် စီစဉ်နေ ကြောင်း သတင်းရရှိသည်။ သမ္မတ အနေဖြင့် ရာသီဥတုနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် ရေနေသက်ရှိ အမြောက်အမြား သေကြေ ပျက်စီးနေမှုကို ကာကွယ်ရန်အတွက် ပစိဖိတ် သမုဒ္ဒရာအတွင်းတွင် ဘေးမဲ့ဇုန်ကြီးတစ်ခု ထူထောင်ရန် စီစဉ်နေခြင်းဟု အိမ်ဖြူတော်က ကြေညာသည်။

My Blog List