Tuesday, March 24, 2015

အပစ်ရပ်ရေး ဆွေးနွေးမှု ၄ ချက်သာကျန်၊ လက်မှတ်ရေးထိုးရေး ခက်ခဲနိုင်သေး


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းရေးဆွဲနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ် စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းတွင် ဆက်လက် ဆွေးနွေးညှိနှိုင်းရန် အချက် ၄ ချက်သာ ကျန် ရှိတော့သော်လည်း အမှန်တကယ် လက်မှတ်ထိုးနိုင်ရန်မှာမူ ထင်သလောက် မလွယ်ကူနိုင်သေးကြောင်း သိရသည်။

ဘီဘီစီအင်တာဗျူးမှာ သမ္မတဦးသိန်းစိန် သရုပ်အမှန် ပေါ်လွင်လာသလား


သမ္မတဦးသိန်းစိန်သည် အာဏာရယူပြီး ၄ နှစ်နီးပါးကြာမြင့်လာချိန် ၂၀၁၅ ခုနှစ် မတ်လအတွင်း ပြုလုပ် သည့် ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးတွင် လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍ တင်းမာသော သဘောထားအမြင်များ ထည့်သွင်းဖြေဆိုလိုက်ရာ ယင်းဖြေဆိုမှုများသည် သမ္မတဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး မလိုလားသည့် သဘောထားတင်းမာသော သရုပ်အမှန်ကို ပေါ် လွင်စေသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်ကြသည်။

လက်ပံတောင်း ဒဏ်ရာရ သံဃာ ၂ ပါးက ပြည်ထဲရေးဝန်ကြီးကို တရားစွဲမည်


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရန် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်း ဖြိုခွင်းခံရစဉ်က မီးလောင် ဒဏ်ရာရရှိခဲ့ သည့် သံဃာတော် ၂ ပါးက ပြည်ထဲရေး ၀န်ကြီးဌာ န ပြည်ထောင်စု ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီးကိုကိုအား တရား စွဲမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ကမ္ဘာကျာ် ကိုယ်ပျောက်ထီးနဲ့ စပ်လျဉ်းသမျှ


ခုတလော အမျိုးသမီး ဒုဝန်ကြီး တယောက်ကို သူ့လက်ထောက်တယောက်က ထီးမိုးပေးထားတဲ့ ဓာတ်ပုံ ကို ပြန်ကြားရေးဝန်ကြီးဌာနကနေပြီး ဓာတ်ပုံမှာ ထီးကို ကွန်ပြူတာအကူအညီနဲ့ ဖျောက်ပစ်လို့ အဲဒီ ကိုယ်ပျောက်ထီးသတင်းဟာ ဗမာတင်မက ကမ္ဘာမှာပါ ကျော်ကြားသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ် မန္တလေးမြို့သိမ်း နှစ် ၇၀ ပြည့်ပွဲ ကျင်းပ


ဂျပန်တပ်များလက်မှ မန္တလေးမြို့ကို ပြန်လည်တိုက်ယူနိုင်ခဲ့သည့် နှစ် ၇၀ ပြည့် အောက်မေ့ဖွယ် အထိမ်းအ မှတ်ပွဲကို မတ်လ ၂၀ ရက်နေ့က ကျင်းပရာ ဒုတိယ ကမ္ဘာစစ်ကာလ မဟာမိတ်တပ်မှ စစ်မှုထမ်းဟောင်း ၂ ဦးနှင့် မြန်မာ အရာရှိများ၊ နိုင်ငံခြား သံတမန်များ တက်ရောက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက် လှေဂိတ်များ BGF တပ်ဖွဲ့ ပိတ်၊ ကုန်စည်စီးဆင်းမှု ရပ်တန့်


ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ်ဖွဲ့ကနေပြီး သောင်ရင်းမြစ် လျှောက်က လှေဂိတ်တွေကို ဒီကနေ့မနက်ပိုင်းကစပြီး ပိတ်လိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာ နှစ်ဖက် ကုန်စည်စီးဆင်းမှု ရပ်တန့်နေပါ တယ်။

ချယ်ရီပန်းပွင့်ရာသီ၏ ပထမဆုံးနေ့အဖြစ် မတ် ၂၃ ရက်နေ့ကို ဂျပန်သတ်မှတ်



တပ်မတော်သားအမတ်များကို ပြည်သူလူထု လက်ခံနေဟု ကာချုပ်ပြောကြား


တပ်မတော်သား လွှတ်တော်အမတ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးနေပြီး လွှတ်တော်အတွင်းနဲ့  ပြည်သူလူထုကလည်းလက်ခံလျက်ရှိ တယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

စာစီစာကုံးပြိုင်ပွဲပထမဆုရ မြန်မာကလေးငယ်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဆုချီးမြှင့်



အမေရိကန်က ယီမင်ရှိ ဝန်ထမ်းများရုတ်သိမ်း



ပြည်တွင်းစစ်မီးလောင်ကျွမ်းနေသည့် အာရေဗျကျွန်းဆွယ်နိုင်ငံ ယီမင်တွင် တစ်စထက်တစ်စ ပိုမိုဆိုးရွား လာ နေသည့် အကြမ်းဖက်မှုနှင့် နိုင်ငံရေး ပဋိပက္ခများကြောင့် ယီမင်နိုင်ငံတွင်းမှ အမေရိကန် ဝန်ထမ်းများ အားလုံး ကိုနေရပ်သို့ပြန်လည်ခေါ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့ သည်။

ပါကစ္စတန်စစ်တပ်က ၇ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ဖွဲ့စည်းပုံနေ့ကျင်းပ



မန္တလေးပဋိပက္ခကို နောက်ကွယ်က ကြိုးကိုင်သူများက မီးထိုးပေးခဲ့ဟုဆို


“မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများနောက်ကွယ်က ကြိုးကိုင်လက်များ၊ မန္တလေးအဓိကရုဏ်း” အစီရင်ခံစာကို Justice Trust ဆိုသည့် အင်န်ဂျီအိုအဖွဲ့က ထုတ်ပြန်သည်။ မွတ်စလင်ဆန့်ကျင်သည့် အဓိ ကရုဏ်းကို အယောင်ဆောင်လူအုပ်စု အကြမ်းဖက်မှုအောက်တွင် လက်နက်များဖြင့် လူများက ကျုးလွနခဲ့ ကြသည်။

ကိုးကန့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိဟု မန်ဆူကျောင်း တာဝန်ခံပြော


ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင် သည့် လောက်ကိုင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၂၀ ရှိပြီဟု ဒုက္ခသည်များကို လက် ခံစောင့်ရှောက် ပေးနေသည့်   လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက မဇ္ဈိမကို မတ် ၂၃ ရက်တွင် ပြောသည်။

KIA နဲ့ မြန်မာတပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်


ကချင်ပြည်နယ် မန်စီဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တွေ တနင်္လာနေ့အ ထိ တိုက်ပွဲဆက်ပြီးဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် တပ်ဖွဲ့ဝင်ကျဆုံးတဲ့ဦးရေကို နှစ်ဘက်စလုံးက တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ အခုလို ထိုးစစ်တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆက် လက် ကြိုးပမ်းဖို့လိုကြောင်း ကချင်ခေါင်းဆောင်တွေကပြောပါတယ်။ 

Texas လွှတ်တော်အမတ် Ted Cruz ၂၀၁၆ သမ္မတရွေးပွဲ ဝင်ပြိုင်မည်


၂ဝ၁၆ ခုနှစ်မှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း Texas ပြည်နယ်က အထက်လွှတ်တော် အမတ် Ted Cruz က တနင်္လာနေ့မှာ တရားဝင် ကြေညာလိုက်ပါ တယ်။

စင်္ကာပူဝန်ကြီးချုပ်ဟောင်း ကွယ်လွန်မှု နိုင်ငံတကာတုံ့ပြန်


ခေတ်သစ်စင်္ကာပူနိုင်ငံကိုတည်ထောင်ခဲ့တဲ့ စင်္ကာပူ ခေါင်းဆောင်ဟောင်း Lee Kuan Yew ကွယ်လွန်သွား တဲ့အတွက် ကမ္ဘာအရပ်ရပ်က ဝမ်းနည်းကြေ ကွဲကြောင်း ပြောဆိုမှုတွေ တဖွဲဖွဲရောက်လာနေပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေက သူ့ကို ဘယ်လို အမှတ်ရအောက်မေ့ကြသလဲ ဆိုတာကိုတော့ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံကနေ တင်ပြပေးထားပါတယ်။

ဘာသာရေး အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်မှုတွေ့


မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေထဲမှာ နောက်ကွယ်ကနေ မြှောက်ပေးခဲ့တာတွေရှိတယ်လို့ နိုင်ငံတကာလေ့လာမှုတခုမှာ တွေ့ရှိလိုက်ပါတယ်။ Justice Trust လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အနေနဲ့ မန္တလေးမှာ မနှစ်ကဖြစ်ခဲ့တဲ့အကြမ်းဖက် မှု ရုန်းရင်းဆန်ခတ်မှုကို လေ့လာသုံးသပ်ပြီးတော့ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 

တိုင်းရင်းသားသတင်းသမားများအား လုံခြုံမှုပေးရန်နှင့် ခွဲခြားဆက်ဆံခြင်း မပြုရန် ဘီအဲန်အိုင် တောင်းဆို


မြန်မာနိုင်ငံ ပြည်နယ်များအတွင်း၌ သတင်းရယူနေသည့် တိုင်းရင်းသားသတင်းသမားများကို သက်ဆိုင် ရာ ပြည်နယ်အစိုးရများ အနေဖြင့် လုံခြုံမှုပေးရန်နှင့် ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန် နိုင်ငံတကာ မြန်မာ့သ တင်း (ဘီအဲန်အိုင်)က မတ်လ ၂၀ရက်နေ့က တောင်းဆိုလိုက်သည်။

ယမန်နှစ်က ခန့်ထားခဲ့သော နေ့စားလပေးမူလတန်းပြ ဆရာ၊ ဆရာမများထဲမှ M.Sc, M.A, Ph.d ဘွဲ့ရများကို ယခုနှစ်တွင် အထက်တန်းပြအထိ ရာထူးတိုးမြှင့်ပေးသွားမည်ဟုဆို


ယမန်နှစ်က ခန့် ထားခဲ့သော နေ့စားလပေးမူလတန်း ပြဆရာ၊ ဆရာမများထဲမှ M.Sc, M.A, Ph.d ဘွဲ့ရများ ကို ယခုနှစ်တွင် အထက်တန်းပြထိရာထူး တိုးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ် အတွက် ၂ဝ၁၄ခုနှစ်၊ မေလတွင်တစ် နိုင်ငံလုံးရှိတိုင်းဒေသကြီး ပြည်နယ် အသီးသီးတွင် နေ့စား လပေးမူလ တန်းပြဆရာများကိုခေါ်ယူခန့်ထားခဲ့ကြောင်း အဆိုပါနေ့စားလပေးများ ခေါ်ယူစဉ်က Ph.d, M.A/M.Sc, B.A/B.Sc ဘွဲ့ရရှိသူများပါ လျှောက်ထားနိုင်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပြီး ယင်းတို့အထဲမှ M.Sc, M.A, Ph.d ရရှိသူများကို ယခုနှစ် ဇွန်လတွင် အလယ်တန်းပြအဖြစ် ရာထူးတိုး မြှင့်ရန် အစီအစဉ် ရှိကြောင်း အမှတ် (၁)အခြေခံပညာဦးစီးဌာနမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် တိုးပေးမည့် လစာနှုန်းထား ၂၅ ရက် ကက်ဘိနက်အစည်းအဝေးအပြီးတွင် လွှတ်တော်သို့ ပေးပို့နိုင်မည်ဟုဆို


နိုင်ငံ့ဝန်ထမ်းများအား တိုးမြှင့်ပေးမည့် လစာနှုန်းထားသတ်မှတ်ချက်များကို မတ် လ ၂၅ ရက်တွင် ပြုလုပ် မည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး (ကက်ဘိနက်)၌ အတည်ပြု သတ်မှတ်မည်ဖြစ်ကာ ယင်း အစည်းအဝေးအပြီးတွင် လျာထားသတ်မှတ်နှုန်းထားများကို ပြည် ထောင်စုလွှတ်တော်သို့ ပေးပို့ မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အောင်တံခွန်သင်္ဘောများနေရာတွင် သင်္ဘောအသစ်သုံးစီးဖြင့် အစားထိုးရန်စီစဉ်နေဟုဆို


ရခိုင်ပြည်နယ် တောင်ပိုင်းလမ်းကြောင်းတွင် ပြေးဆွဲနေသော ကြံ့ခိုင်မှုမပြည့်ဝသည့်အောင်တံခွန် သင်္ဘော များ နေရာတွင် အစားထိုးပြေးဆွဲရန် ဂျပန်နိုင်ငံမှ သင်္ဘောသုံးစီးဝယ်ယူရန် စီစဉ်ထားကြောင်း သတင်းရရှိ သည်။

ဖမ်းဆီးခံမြန်မာလုပ်သားများကို ခေါ်ဆောင်လာမည့် ဖရီးဂိတ်သင်္ဘောမတ်လ ၂၅ ရက်တွင် ပြန်ရောက်မည်


မလေးရှားနိုင်ငံတွင် ပြု လုပ်သည့် လန်ကာဝီရေတပ်၊ လေတပ်ပြပွဲသို့ သွားရောက်ပြသပြီး အပြန်တွင် မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများ ၌ ရောက်ရှိနေသော မြန်မာလုပ်သား ၁၀၀ကျော်ကို ခေါ်ဆောင်လာ မည့် တပ်မတော်(ရေ)ပိုင် ဖရီးဂိတ်သင်္ဘောသည် မတ်လ၂၅ ရက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ် ကြောင်း သတင်းရရှိသည်။

IS အဖွဲ့ နှင့်ဆက်သွယ်သူ ငါးဦးကို အင်ဒိုနီးရှားဖမ်းဆီး


ဆီးရီးယားနှင့်အီရတ်ရှိ အစ္စလာမ္မစ်အုပ်စု IS တို့အတွက် လူသစ်စုဆောင်းခြင်းနှင့် မူဆလင်များအား ထိုနိုင်ငံများသို့ စေလွှတ်ခြင်းများကို လုပ်ဆောင်နေသည့်လူငါးဦးအား အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီး လိုက် ကြောင်း မီဒီယာများ၏ ဖော်ပြချက်ကို dpa သတင်းက ရေးသားသည်။

တပ်မတော်ဂုဏ်ပြု ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဖော်ပေးခဲ့ဖူးကြတဲ့ အနုပညာရှင်တို့ရဲ့ အမှတ်တရစကားသံများ



လွတ်လပ်ရေးသမိုင်းဝင် အတွင်းဝန်များရုံးတွင် ပြုလုပ်သည့် ဧည့်ခံပွဲ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စစ်ဆေးမည်


မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် အရေးပါသော အာဇာနည်များ လုပ်ကြံခံခဲ့ရသည့် အတွင်းဝန်များရုံးတွင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်၏သမီး ဧည့်ခံပွဲ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ လက်ရှိ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အနော်မာ အနုပညာအဖွဲ့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က စစ်ဆေးမည် ဖြစ်ကြောင်း အဆိုပါကော်မရှင်မှ စုံစမ်းသိရှိရသည်။

တပ်ချုပ်ပါဝင်လှူဒါန်းသော ပိဿာချိန် ၁၁၁၁၁ ရှိ ကြေးသွန်းခေါင်းလောင်း လပိုင်းအတွင်းပြီးစီးမည်


တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြေးပိဿာချိန် ၃,၀၀၀ ကျော် ပါဝင်လှူဒါန်း ထား သော ကြေးပိဿာချိန် ၁၁,၁၁၁ ခန့် (၁၇ တန်ကျော်)ရှိသည့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးဆုံးဖြစ် မည့် ကြေးသွန်းခေါင်း လောင်းသွန်းလောင်း ပြီးစီးပါက ထားဝယ်မြို့တွင် ထားရှိမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Monday, March 23, 2015

ထိုင်းနည်းထိုင်းဟန်ပါရှိမယ့် ဒီမိုကရေစီတည်ဆောက်သွားမယ်လို့ ထိုင်းဝန်ကြီးချုပ် ကတိပြု


ထိုင်းနိုင်ငံအတွက် ဒီမိုကရေစီစနစ်တည်ဆောက်ပေးသွားမှာဖြစ်ပေမယ့် အနောက်နိုင်ငံတွေက ဒီမိုကရေစီ လိုမျိုးတော့ ၁၀၀ ရာခိုင်နှုန်းဖြစ်မှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သောကြာနေ့က အက်ဆေးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

စင်ကာပူလို ဖြစ်ချင်ရင် လီကွမ်ယုကို အားကျပါ


ဆေးရုံပေါ်မှာ နောက်ဆုံးအခြေအနေရောက်နေတဲ့ စင်ကာပူ ခေါင်းဆောင်ကြီး လီကွမ်ယု သတင်းတွေ ကြားရတော့ သူ့အကြောင်း ခေါင်းထဲပေါ်လာတယ်။ ရှေးဟောင်း ဂရိအတွေး အခေါ်ပညာရှင် ပလေတိုရဲ့ နာမည်ကျော် သမ္မတ နိုင်ငံတော်ကျမ်းမှာ ဒဿနဆရာ ရှင်ဘုရင် (Philosopher King) ဆိုတာ လီကွမ်ယုလို လူမျိုးဖြစ်မယ်လို့ တွေးမိပါတယ်။

ခုနစ်ကြိမ်မြောက် အပစ်ရပ်ဆွေးနွေးပွဲ ပြန်လည်ဆွေးနွေး


ခုနစ်ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ သတ်မှတ်နောက်ဆုံးရက် ရောက်ပြီဖြစ်သော် လည်း ဆွေးနွေးရန် ကျန်ရှိနေသဖြင့် ရက်သတ္တပတ် တစ်ပတ်ကြာ ရပ်နားပြီးမှသာ ဆွေးနွေးပွဲ ပြန် လည်ပြုလုပ်မည် ဖြစ်သည်။

“သမ္မတကြီးစကား ပြည်သူတွေ နားခါးရော့မယ်”


အခုရက်ပိုင်း သတင်းစာ၊ ဂျာနယ်တွေနဲ့ ပြည်သူတွေအကြား အပြောအများဆုံး သတင်းကတော့ လက်ပံတန်းမှာ ဆန္ဒပြကျောင်းသားတွေ၊ ပြည်သူတွေနဲ့ သတင်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးလိုက်တာနဲ့ ပတ်သက်ပြီး ဘီဘီစီသတင်းဌာနနဲ့ တွေ့ဆုံစဉ် သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ မှတ်ချက်စကားပါ။

ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မြို့နယ်ရှစ်ခုက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်


အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပေးရေးအတွက်လွန်ခဲ့သော လေးလကျော် က ရန်ကုန်မြို့တော်အတွင်း စီတန်းလှည့်လည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများ ဖြစ်သည့် ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မတ်လ ၂၁ ရက် ညပိုင်းက မြို့နယ်ရှစ်ခုရှိ ရဲစခန်း များတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

၂၀၁၅ရွေးကောက်ပွဲ၌ လက်တွဲဆောင်ရွက်ရန် သဘောတူညီချက်ချင်း ၁၀ပါတီထုတ်ပြန်ကြေညာ


ချင်းနိုင်ငံရေးပါတီ ၁ဝပါတီအနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အချင်းချင်းလက်တွဲဆောင်ရွက်ကြ မည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းနိုင်ငံရေးပါတီများ လက်တွဲလုပ်ဆောင်ရန် တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂ဝနှင့် ၂၁ရက် တို့တွင် Summit Parkview ဟိုတယ်၌ပြုလုပ်ခဲ့ပြီး ယင်းသို့ သဘော တူထုတ်ပြန်လိုက်ကြခြင်း ဖြစ်သည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီများပူးပေါင်းဆောင်ရွက်ရေး NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ဆွေးနွေး


၂၀၁၅ခုနှစ်အ ထွေထွေရွေးကောက်ပွဲအတွက် ရွေး ကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် နိုင်ငံရေးပါတီ များ ပူးပေါင်းဆောင်ရွက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီ များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒီကေဘီအေ စစ်ဦးစီးချုပ်ရာထူး ယာယီလွှဲပြောင်းပေးအပ်


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ် ဟာ ကျန်း မာရေးအခြေအနေကြောင့် သူ့ရဲ့ရာထူးနေရာကို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်စောမိုရှေးထံ လွန်ခဲ့တဲ့ရက်ပိုင်းက ယာယီတာဝန်လွှဲ ပြောင်းပေးလိုက်ပါတယ်။

ဖမ်းဆီးချုပ်နှောင်ထားသည့် သပိတ်မှောက်ကျောင်းသား ကျောင်းသူများနှင့် ၀န်းရံပြည်သူများအား ဒုတိယအကြိမ် ရုံးထုတ်သည့်နေ့တွင် ရှေ့နေ ၂၅ ဦးက ရှေ့နေပါဝါလွှဲခွင့် ထပ်မံလျှောက်တင်မည်


လက်ပံတန်းမြို့၌ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရပြီး သာယာဝတီ အကျဉ်းထောင်၌ ထိန်းသိမ်းခံထားရ သည့် ဒီမိုကရေစီပညာရေး ပင်မသပိတ် စစ်ကြောင်းမှ ကျောင်းသူကျောင်းသားများနှင့် ၎င်းတို့ကိုဝန်းရံပေး သည့် ပြည်သူ များအား ဒုတိယအကြိမ်မြောက် ရုံးထုတ်သည့်နေ့တွင် ရှေ့နေ ၂၅ ဦးက ရှေ့နေပါဝါလွှဲခွင့် အား ထပ်မံလျှောက်တင် သွားမည်ဖြစ်ကြောင်း မတ် ၂၂ ရက်တွင် စုံစမ်းသိရှိရသည်။

တနိုင်ငံလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ်ကာလ စင်ကာပူကြေညာ



ကွယ်လွန်သူ နိုင်ငံခေါင်းဆောင် လီကွမ်ယုကို လေးစားဂုဏ်ပြုတဲ့အနေနဲ့ မတ် ၂၃ ရက်ကနေ ၂၉ ရက်အ ထိ သီတင်းတပတ်ကြာ စင်ကာပူနိုင်ငံရဲ့ တမျိုးသားလုံးဝမ်းနည်းခြင်း အထိမ်း အမှတ်ကာလအဖြစ် ၀န်ကြီး ချုပ်က ကြေညာလိုက်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် အချက်လေးချက် သာ ကျန်ရှိ


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပြုလုပ်နေသော (၇) ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန်အတွက် အချက်လေးချက်သာ ကျန်ရှိတော့ကြောင်း တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း အရေးကြီးကာလ ကြေညာ


စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အခုလ ၁၁ ရက်နေ့ ကနေ ဧပြီလ ၇ ရက်နေ့အထိ ရက်ပေါင်း ၂၈ ရက် ကို အရေးကြီးကာလအဖြစ် ကြေညာထားပြီး လုံခြုံရေးတိုးမြှင့်ထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ကြေ ညာ လိုက်ပါတယ်။

စေတနာပါသော ပြုပြင်ပြောင်းလဲရေး အမှန်မဟုတ်သေးပါ


ကျောင်းသား သပိတ်တိုက်ပွဲ အကြမ်းဖက်ဖြိုခွင်းခံရပြီး ဒီမိုကရေစီအခြေခံ အမျိုးသားပညာရေးဥပဒေ ပြ ဌာန်းရေး လွှတ်တော်မှာ ဆွေးနွေးတယ် ဆိုပေမယ့် ရှေ့မတိုးသာ၊ နောက်မဆုတ်သာနဲ့ အစိုးရကလည်း တင်းမာ၊ ကျောင်းသားထုကလည်း ဇွဲမလျှော့ အခြေအနေ အရပ်ရပ်ကနေ လိပ်ခဲတန်းလန်းဖြစ်နေခဲ့တာ အားလုံးအသိပါ။ ကျောင်းသားများက အမျိုးသားပညာရေး ဥပဒေမှာ ပြင်ဆင်ပေးဖို့အတွက် အချက် (၁၁) ချက်တောင်းဆိုခဲ့ပြီး အဲ့ဒီအချက်တွေ အားလုံးဟာ ဒီမိုကရေစီစနစ်အတွက် အထောက်အကူပြုနိုင်တဲ့ အချက်တွေဆိုတာ သတိထားမိပါတယ်။ 

လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွင်းမှု နိုင်ငံတကာလုပ်ထုံးလုပ်နည်းထက် ကျော်လွန် လုပ်ဆောင်ခြင်းတစ်ခုမျှမရှိဟု နိုင်ငံတော်သမ္မတဆို


လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းထက် ကျော်လွန်၍ လုပ်ဆောင်ခြင်း တစ်ခုမျှမရှိဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန် က ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှု တွင်ပြော ကြားသည်။

ပရိသတ်တောင်းဆိုရင် သီချင်းဆိုပြချင်တဲ့ ခင်ဝင့်ဝါ


အလှမယ်အဖြစ်မှ အနုပညာလမ်းကြောင်းသို့ ရောက်ရှိ လာသည့် သရုပ်ဆောင် ခင်ဝင့်ဝါ က ပရိသတ် များတောင်းဆိုလာပါက သီချင်းဆိုပြီး ဖျော်ဖြေချင်သည်ဟု ပြောသည်။ ‘‘ပရိသတ်ကြီးက ညီမအသံကို နားထောင်ချင်တယ်ဆိုရင် တော့ သီချင်းဆိုချင်ပါတယ်။ အဲဒါကလည်း ပရိသတ်တောင်းဆိုမှပါ’’ဟု သရုပ်ဆောင်ခင်ဝင့်ဝါက ပြောသည်။

သီချင်းပုဒ်ရေ ၃၀ ကျော်နဲ့ ပရိသတ်ကို အားရအောင်ဖျော်ဖြေတဲ့ ၀ိုင်းစု


ဂီတသက်တမ်း (၁၀) နှစ်ပြည့်အမှတ်တရအဖြစ် ပထမဆုံးအကြိမ် တစ်ကိုယ်တော်ဖျော် ဖြေပွဲပြုလုပ်သည့် ၀ိုင်စုခိုင်သိန်း က သီချင်းအများစုကို ပါဖောမန့်များနှင့် တင်ဆက်ပေးခဲ့ပြီး စုစု ပေါင်းသီချင်း (၃၀) ကျော်ဖျော်ဖြေပေး ခဲ့သည်။

စင်္ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုကွယ်လွန်


ခေတ်မီစင်္ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ ၀န်ကြီးချုပ်ဟောင်း Lee Kwan Yew လီကွမ်ယုဟာ ဒီကနေ့ တနင်္လာနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။ လီကွမ်ယုဟာ သာမန်ခြောက်ကပ် ကပ် ပင်လယ်ဆိပ်ကမ်းတည်ရှိရာ စင်္ကာပူကျွန်းနိုင်ငံလေးကို ကမ္ဘာပေါ်မှာ အချမ်းသာ ဆုံးနိုင်ငံတနိုင်ငံဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့သူ ဖြစ်ပါတယ်။

My Blog List