Monday, December 31, 2012

KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ



KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါသည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင်များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား တရုတ်နယ်စပ်ဖြတ် သန်းခွင့်ကို KIA မှပိတ်ထားသဖြင့် လိုင်ဇာတွင်ကျန်ရစ် သူ ဒေသခံ များမှာ စိတ်သောက ရောက်နေကြသည်။ အခုဆိုရင် KIA ဌာနချုပ်ကိုလည်း လိုင်စင်စခန်း ကို ရွှေ့နေ ပါတယ်။ KIA ခေါင်းဆောင်တွေရော၊ မိသားစု ၀င်တွေရော၊ သူဌေးတွေရော တစ်ယောက်မှ လိုင်ဇာမှာ မရှိတော့ပါဘူး။ အကုန်လုံးတရုတ်ဖက်ကိုကူးကုန်ပါပြီ။ “ကျွန်မတို့ကတော့ ဒီမှာကျန်ခဲ့ပြီး တရုတ်ဘက်ကို လည်း KIA က ကူးခွင့်မပေးတော့ အချုပ်ကျသလို ဖြစ်နေပါ တယ်” ဟု ကချင်အမျိုးသမီး ဒုက္ခသည် တစ်ဦးကဆိုသည်။

သဲထဲရေသွန်သလို

Photo: သဲထဲရေသွန်သလို
 December 31, 2012 

ကီလိုမီတာ ၃၀၀ နီးပါး ရှည်လျား ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကို ၂၀၀၈ ခုနှစ် မတ်လမှာ မြန်မာ နအဖ အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ကူးသန်း သွားလာမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ပိတ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် အာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မြန်မာနယ်ခြားစောင့်တပ် အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။

မြန်မာဘက်က ကာထားတဲ့ ခြံစည်းရိုးဟာ မောင်တောမြို့တောင်ပိုင်း ပင်လယ်ကမ်းခြေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာနားကနေ မောင်တောမြို့ တောင်ပိုင်း ဗန္ဓုလ (ဘောသလာ) ကျေးရွာအနီး နယ်စပ်မှတ်တိုင် အမှတ် ၅၅ နားအထိ မိုင် ၂၀၀ အရှည်လောက် ကာရံမှုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ဗန္ဓုလ ကျေးရွာ အခြေစိုက် နစက နယ်မြေ ၁ အခြေစိုက် တပ်ကြပ်ကြီး တယောက်ရဲ့ အဆိုအရ သိရပါတယ်။

ခြံစည်းရိုး တည်ဆောက်ပုံ နှစ်မျိုးရှိပြီး ပထမ တမျိုးဖြစ်တဲ့ ကွန်ကရစ်တိုင်တွေစိုက်၊ သံဆူးကြိုးတွေနဲ့ ကာရံထားတဲ့ ခြံစည်းရိုးကို ပင်လယ်နဲ့ နတ်မြစ်ကမ်းခြေ ဒေသတွေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာကနေ တောင်ပြိုမြို့နယ်ခွဲနားအထိ တွေ့နိုင်သလို၊ ကုန်းမြေချင်း ထိစပ်နေတဲ့ တောင်ပြိုမြို့နယ်ခွဲကနေ မောင်တောမြို့ မြောက်ပိုင်း တလျှောက်မှာတော့ အုတ်ဖိနပ် ခံတဲ့ သံတိုင်တွေပေါ်မှာ သံဆူးကြိုးကာထားပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘက်ခြမ်းထဲမှာလည်း သံဆူးကြိုးတွေကို အခွေလိုက်ချလို့ ကာဆီး ထားပါတယ်။

ဒီခြံစည်းရိုး စကာတော့ ကာမယ့် လမ်းတလျှောက်မှာပါတဲ့ လယ်မြေတွေအပါအဝင် ပုဇွန်မွေးမြူရေးကန် ဧက ၅၀၀ လောက်ကို အထက်အမိန့်အရဆိုပြီး အခမဲ့ အဓမ္မ သိမ်းယူခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ကျတော်ပိုင်တဲ့ ပုဇွန် ၃ ဧကကို ခြံစည်းရိုးက အလယ်ကနေ ဖြတ်သွားတော့ ပုဇွန်ကန် ကန်ပေါင်တွေကို အလည်ကနေ ဖောက်ချတယ်။ မွေးထားတဲ့ ပုဇွန်တွေ အကုန်လွတ်ကုန်တော့ အရင်း ပျောက်သွားတယ်။ ကျန်တဲ့ကန် တဧက စာလောက်ကျတော့ ရေသွင်းပေါက်မရှိလို့ ပုဇွန်ထပ်မွေးလို့ မရတော့ဘူးလေ။ အာဏာပိုင်တွေ ပြောတာက အထက်အမိန့်၊ ခင်ဗျားကိုယ်တိုင် ဖျက်ရင်ဖျက်၊ မဖျက်ရင် ကျနော်တို့ဖျက်မယ် ဆိုပြီးပြောလာတယ်” လို့ အောင်ဗလ ရွာသားတဦးက ဆိုပါတယ်။

ကုန်းတွင်းပိုင်းကို ရောက်လာပြန်တော့လည်း မြန်မာဘက်က ခြံစည်းရိုးဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပိုင်နက်ထဲကို ဝင်ရောက် ကာရံတာတွေ၊ နိုင်ငံတကာ စံနှုံးဖြစ်တဲ့ နယ်စပ် ၀ မျဉ်းကနေ ကိုက် ၅၀ အကွာအဝေးက မကာဘဲ ကိုက် ၂၀ လောက် အကွာကနေ ကာသွားတာတွေကြောင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ မြန်မာနယ်စပ်ခြားစောင့်တပ် အာဏာပိုင်တွေ မကြာခဏ အငြင်းပွားမှုတွေ ဖြစ်ခဲ့ရပါတယ်။

“ဆပ်ဒါလာ ကျေးရွာ နယ်စပ်မှာ မြန်မာခြံစည်းရိုးက ၀ . ၅ ကီလိုမီတာ အရှည်နဲ့ ပေ ၃၀ ဆယ်လောက် ကျနော်တို့ နိုင်ငံပိုင်နက်ထဲကို ဝင်ကာထားတာတွေ့ရတယ်။ နောက်ပြီးတော့ လေမူစရီ ကျေးရွာနယ်စပ်မှာဆိုရင် နယ်စပ်မျဉ်း ကိုက် ၂၀ လောက် အကွာကနေ ခြံစည်းရိုး ကာထားတယ်။ တခြားနယ်စပ်တွေမှာလည်း အဲဒီလို ပြဿနာမျိုးတွေဖြစ်ခဲ့တယ်။ ၂၀၀၉ – ၂၀၁၀ ပြည့်နှစ်တွေကဆိုရင် ခြံစည်းရိုးကြောင့် နယ်စပ်ပြသနာတွေကို နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေ ဆွေးနွေးပြီး ဖြေရှင်းရတယ်” လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဘန်တရိုဘန်ခရိုင် နတ်ကျောက်စရီမြို့ အခြေစိုက် အမှတ် ၁၅ နယ်ခြားစောင့်တပ်ရင်းက တပ်ကြပ်ကြီးတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် GE လို့ခေါ်တဲ့ စစ်မြေပြင် ဆောက်လုပ်ရေး အင်ဂျင်နီယာ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အဖွဲ့ ၁၃ ဖွဲ့ခွဲပြီး တဖွဲ့ကို နှစ်မိုင်ခွဲစီ တာဝန်ယူလို့ ဒေသခံ အရပ်သားတွေကို နေ့စား အလုပ်ကြမ်း သမားအဖြစ် ငှားရမ်းကာ အပိုင်းလိုက် ကာရံလာခဲ့တာ ဖြစ်တယ်လို့ GE တပ်ဖွဲ့ဝင်တဦးက ရှင်းပြပါတယ်။

“GE တပ်ဖွဲ့တွေက အဖွဲ့တဖွဲ့မှာ ဒုအရာခံဗိုလ် တယောက်၊ လမ်းဗိုလ်တယောက် ၂ နှစ်ယောက်စီ ရှိပါတယ်။ တချို့ ဆိုက်တွေမှာ ကျရင် နောက် တယောက်ရှိပါသေးတယ်။ အရာခံဗိုလ် ဖြစ်ဖြစ်၊ ဒုအရာခံ ဗိုလ်ဖြစ်ဖြစ် သုံးယောက်စီ ရှိပါတယ်။ ကျန်တဲ့သူတွေက အရပ်သား အလုပ်သမားတွေပါ။ ကျနော်တို့ ဘူးသီးတောင်နယ် စိုင်းတင်အထိ ရောက်ဖို့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီကပြီးရင်တော့ နားမယ်လို့ လူကြီးတွေအပြောအရ သိရပါတယ်” ဆိုပြီး အဲဒီ GE တပ်ဖွဲ့ဝင်က ဆိုပါတယ်။

ခြံစည်းရိုးကာတဲ့ လမ်းမှာရှိနေတဲ့ ချောင်းပေါက်တွေ၊ လမ်းပေါက်တွေ တိုင်းမှာ ကင်းစခန်းတခုစီ ဆောက်လုပ်ထားပြီး နစက တပ်တွေ စောင့်တယ်၊ အဝင်အထွက်ကို စစ်ဆေးတယ်၊ အထက်က ပိတ်ခိုင်းရင် ပိတ်တယ်၊ အထက်က ဖွင့်ခိုင်းရင်းဖွင့်ရတယ်၊ ငါးဖမ်းလှေတွေ လောက်ကိုတော့ လွှတ်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။

နယ်စပ် ခြံစည်းရိုးကတော့ လူသူအသွားအလာ နည်းတဲ့ အပိုင်းလောက်သာ ကျန်ပြီး အဓိက ကူသန်းသွားလာနိုင်တဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ကာရံတာ ပြီးသွားခဲ့ပါပြီ။ ဒါပေမယ့် မြန်မာအစိုးရ ရည်မှန်းထားတဲ့ အခြေအနေတွေကို မရောက်ဘဲ အားနည်းနေတာကတော့ နယ်ခြားစောင့်တပ်တွေရဲ့ အဂတိ လိုက်စားမှုတွေရှိလို့ ဆိုပြီး လေ့လာသူတွေက သုံးသပ်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ဖြတ်သန်းသွားလာနိုင်တဲ့ တရားမဝင် လမ်းကြောင်းပေါင်း ၅၀ ကျော်လောက်မှာ အများသောအားဖြင့် နယ်စပ် နတ်မြစ်ကို ဖြတ်သွားရတဲ့ လမ်းတွေကများပြီး ကုန်တွင်းပိုင်းလမ်းက ၅ လမ်း လောက်ပဲ ရှိပါတယ်။

အဲဒီလမ်းတွေကနေ ကဏန်း၊ ပုဇွန်၊ ဗုဒ္ဓဘာသာဝင် အသုံးအဆောင် ပစ္စည်းတွေ၊ အဝတ်အထည် မျိုးစုံတွေဟာ မြန်မာဘက် ကနေ တရားမဝင် ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို ဝင်ရောက်လာပြီး နှစ်နိုင်ငံ နယ်စပ်နေ ပြည်သူတွေဟာလည်း တရားမဝင် ကူးသန်း သွားလာ နေဆဲဖြစ်ပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကနေ တရားဝင် ကူးသန်းသွားလာနိုင်တဲ့ အခွင့်အလမ်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အစစ်အဆေး အမေးအမြန်တွေနဲ့ ကန့်သတ်ချက်တွေ များတာရယ်၊ ကုန်ကျစရိတ် ကွာဟတာရယ်ကြောင့် တရားမဝင် လမ်းကြောင်းကိုပဲ အသုံးပြုနေရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလာဒေ့ရှ်နိုင်ငံကို ကုန်ပစ္စည်း တင်ပို့နေတဲ့ ကုန်သည် ကိုကျော်သိန်းဇံက ပြောပါတယ်။

“မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို တရားဝင် လာမယ်ဆိုရင် တပတ်နဲ့ တရက် နိုင်ငံကူးလက်မှတ်တွေ လုပ်လို့ရတယ်။ ဒါပေမယ့် တရက်သမားတွေက နယ်စပ်မှာတင် လက်မှတ်လုပ်လို့ရပြီး တပတ် သမားတွေကျတော့ ကုန်သည်ကြီးများ အသင်း ထောက်ခံချက်တွေ လိုတယ်။ ပြီးတော့၊ နစက ဌာနချုပ်အထဲကို သွားလုပ်ရတယ်။ သူတို့က ပေးချင်မှပေးတာ။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရင်လည်း ဆိပ်ကမ်းမှာ ကန့်သတ်ချက်တွေရှိတယ်။ ဘယ်လောက် တန်ဖိုးအထိပဲ သယ်ဆောင်ခွင့် ရှိတယ်။ ကျနော်တို့က ရန်ကုန်-မန္တလေးကနေပြီး ဘင်္ဂလားဒေ့ရှ်ကို ကုန်ပို့ရတာဆိုတော့ အချိန်လည်းလိုက် မမီဘူး” လို့ ကိုဇော်သိန်းဇံက ရှင်းပြပါတယ်။

မြန်မာပြည်က ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ်က ကုန်သယ်ခွင့် မဟုတ်ဘဲ၊ ခရီးသွားခွင့်သာ ဖြစ်နေတာကြောင့်ပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ဆိပ်ကမ်းအာဏာပိုင်တွေရဲ့ ကန့်သတ်ချက်တွေ ခံရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီလို တရားမဝင် လမ်းကြောင်းတွေက ဝင်ထွက် သွားလာကြမယ့် လူတွေကို မြန်မာနယ်ခြားစောင့်တပ် (နစက) တွေက ဂိတ်ကြေး ကောက်ခံသလို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ကလည်း ဂိတ်ကြေးကောက်ပါတယ်။

“မြန်မာဘက် နစက က လူတယောက်ကို ၁၀၀၀ ကျပ်၊ ဘင်္ဂလာဒေ့ရှ်မှာလည်း လူတယောက်ကို ၃၀၀ တာကာ၊ အဖမ်းအဆီးကတော့ ဆိပ်ကမ်းကို ရောက်ရုံလောက်နဲ့ အဖမ်းမခံရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဘက်စလုံးမှာ ပွဲစားတွေက အဆင့်သင့် ရှိနေကြတယ်” လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် တက္ကနာမြို့ခံ တဦးကပြောပါတယ်။

နောက်တခုကတော့ တရားမဝင် မူးယစ်ဆေးဝါး ကူးသန်းရောင်ဝယ်မှု တိုက်ဖျက်ရေးကိစ္စပါပဲ။ အဲဒီကိစ္စက နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေ ဆွေးနွေးတိုင်းလိုလိုမှာ ထည့်သွင်း ဆွေးနွေးကြ၊ နှစ်ဘက်စလုံးက တိုက်ဖျက်ဖို့ သဘောတူကြတဲ့ ကိစ္စပါပဲ။ ဒီမူးယစ်ဆေးဝါးတွေထဲကမှ စိတ်ကြွဆေးပြား အများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေ ကနေတဆင့် ရောက်လာပြီး ဖမ်းမိနေတာတွေ များလာတော့ ရခိုင်ပြည်နယ် မောင်တောမြို့မှာ ရှိနေတဲ့ စိတ်ကြွဆေးပြား ထုတ်လုပ်တဲ့ စက်ရုံကို ဖျက်ဆီးပေးဖို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနယ်ခြားစောင့်တပ်ကို ဒီနှစ် ဧပြီလထဲမှာ ကျင်းပတဲ့ နှစ်နိုင်ငံ နယ်စပ်အာဏာပိုင်တွေ ဆွေးနွေးပွဲမှာ တင်ပြ တောင်းဆိုခဲ့ဖူးပါတယ်။

“မြန်မာဘက်ကနေလာတဲ့ စိတ်ကြွဆေးပြားတို့၊ အရက်တို့၊ ဘီယာတို့ဖမ်းတဲ့ သတင်းတွေက ကျနော်တို့ မီဒီယာတွေအတွက် သိပ် မဆန်းတော့ဘူး။ နယ်ခြားစောင့်တပ်တွေ၊ ရဲတွေ အတွက်ကလည်း သမရိုးကျ အလုပ်တခုလို ဖြစ်နေပြီထင်တယ်။ နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်တွေ အမြဲတမ်း ဆွေးနွေးနေကြ၊ တိုက်ဖျက်မယ်လို့ သဘောတူနေကြပေမယ့် စာရွက်ပေါ်မှာပဲ ရှိတယ်။ နယ်မြေခံ နယ်ခြားစောင့်တပ်တွေက သူရ သူစား၊ ငါရငါးစား လုပ်နေကြလို့ တိုက်ဖျက်မှုတွေက မထိရောက်ဘူး” လို့ ကော့စ်ဘာဇာ မြို့ထုတ် Deshbedesh သတင်းစာက ဝါရင့်သတင်းထောက် ဘောသရော အာလန်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်က ခြံစည်းရိုး ကာတာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက် နေထိုင်တာကို ကာကွယ်ချင်တာရယ်၊ ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် အနီးမှာရှိနေတဲ့ မွတ်စလင် လက်နက် အဖွဲ့တချို့ကို ကာကွယ် ချင်တာရယ်ကြောင့် တည်ဆောက်တာ ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် အကြောင်းကြားထားတာနဲ့ ကွာခြားနေတာကတော့ စစ်အစိုးရရဲ့ လုပ်နေကျ ပုံစ့တခုသာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမယ့် ၂၀၁၂ နိုဝင်ဘာ ၅ ရက်နေ့က ခြံစည်းရိုးလုပ်ငန်းတွေကို တာဝန်ယူနေတဲ့ GE တပ်ဖွဲ့ဝင် ၃ ဦးကို RSO ပါတီဝင်တွေက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေရဲ့ အခြေအနေကို ဒီကနေ့အထိ မသိရသေးပါဘူး။

မြန်မာအစိုးရက ခြံစည်းရိုးကိုတော့ ကာပါရဲ့၊ ပြုပြင်ထိမ်းသိမ်းမယ့်သူ မရှိဘူး။ နယ်စပ်လုံခြုံရေး တွေတော့ ချထားပါရဲ့၊ အဂတိ လိုက်စားမှုတွေ ရှိနေတော့ အစိုးရရဲ့ ရည်မှန်းချက်ဟာ သဲထဲရေသွန်သလိုသာ ဖြစ်နေတယ်လို့ မြန်မာ – ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ် လေ့လာသူတွေက ဆိုကြပါတယ်။

Irrwaddy
ကီလိုမီတာ ၃၀၀ နီးပါး ရှည်လျား ထိစပ်နေတဲ့ မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ကို ၂၀၀၈ ခုနှစ် မတ်လမှာ မြန်မာ နအဖ အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသတွေမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ် မှုတွေနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော် ကူးသန်း သွားလာမှုတွေကို တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး ပိတ်လိုက်တာ ဖြစ်တယ်လို့ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် အာဏာပိုင်တွေ နဲ့ တွေ့ဆုံ ဆွေးနွေး ရာမှာ မြန်မာနယ်ခြားစောင့်တပ် အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။

မြန်မာဘက်က ကာထားတဲ့ ခြံစည်းရိုးဟာ မောင်တောမြို့တောင်ပိုင်း ပင်လယ်ကမ်းခြေဖြစ်တဲ့ ကြိမ်ချောင်းကျေးရွာနားကနေ မောင်တောမြို့ တောင်ပိုင်း ဗန္ဓုလ (ဘောသလာ) ကျေးရွာအနီး နယ်စပ် မှတ်တိုင် အမှတ် ၅၅ နားအထိ မိုင် ၂၀၀ အရှည်လောက် ကာရံမှုတွေ ပြီးစီးသွားပြီဖြစ်တယ်လို့ ဗန္ဓုလ ကျေးရွာ အခြေစိုက် နစက နယ်မြေ ၁ အခြေစိုက် တပ်ကြပ်ကြီး တယောက်ရဲ့ အဆိုအရ သိရပါ တယ်။

ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ

Photo: ချောက်ကမ်းပါး နှစ်ဖက်ကို သွယ်တန်း ထားသော ကြိုးတန်းပေါ် လမ်းလျှောက်သူ
Monday, 31 December 2012

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ် 
အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်းလျှောက်
ပြခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီးလှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထိုအားကစား နည်းသည် ထူးခြားသော အားကစားနည်း တစ်မျိုးဖြစ်ပြီး အနည်းငယ် လွဲချော်ရုံ မျှဖြင့် သူမ၏ အသက် အန္တရာယ် ကိုပါ အန္တရာယ်ဖြစ်စေ နိုင်ဖွယ်ရှိသည်။ ကြိုးတန်းလမ်း လျှောက်သူ များသည် ၎င်းတို့၏ ဟန်ချက် ညီစေရန် ထိန်းပေးသည့် အကူပစ္စည်း အဖြစ် တိုင်ရှည်လေး တစ်ချောင်းကို အများအားဖြင့် အသုံးပြု၍ တင်းနေအောင် ချည်ထားသော သံမဏိ ကြိုးများ တွင်သာ လုပ်ဆောင်ခဲ့ကြ သော်လည်း သူမက ထိုကဲ့သို့ မဟုတ်ဘဲ မည်သည့် အကူပစ္စည်းမှ မပါဘဲ အလွတ်လျှောက် ပြခဲ့သည်ဟု သိရသည်။

ထိုအချိန်တွင် ပင်လယ် ဒီရေသည် မြင့်တက်လျက် ရှိသောကြောင့်
အောက်သို့ပြုတ်ကျ သွားပါက ဒဏ်ရာ အနာတရ မရရှိ နိုင်သော်လည်း ဒီရေ ကျနေချိန်တွင် ပြုတ်ကျ ခဲ့ပါက အသက် အန္တရာယ် အလွန်စိုးရိမ် ရကြောင်း Stay Sure ခရီးသွား ကုမ္ပဏီမှ ပြောရေး ဆိုခွင့် ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထိုကဲ့သို့ ကြိုးတန်း လမ်းလျှောက်ခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရ
သောကြောင့် အန္တရာယ် တစ်ခုခု ကြုံတွေ့ခဲ့ပါက ခရီးသွား ကုမ္ပဏီ အနေဖြင့် ကာကွယ် ပေးနိုင်မည် မဟုတ် ကြောင်း ၎င်းကုမ္ပဏီမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦး က ပြောကြား ခဲ့သည်။

မြ၀တီ

အမေရိကန် ပြည်ထောင်စု ဆန်ဖရန် စစ္စကိုမြို့မှ အသက် ၂၄နှစ်အရွယ်ရှိ မစ္စအက်ရှ်ဘန်း ဆိုသူ အမျိုးသမီး တစ်ဦးသည် ပေ ၈ဝအမြင့် ရှိသော ကျောက်ဆောင် ချောက်ကမ်းပါး အစွန်း နှစ်ဖက်ကို သံမဏိကြိုးဖြင့် ကန့်လန့်ဖြတ် သွယ်တန်းလျက် ၎င်းကြိုးပေါ်မှ အလွတ်လမ်းလျှောက်ပြခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ခရီးသွား အဖွဲ့နှင့် အတူ ထိုင်းနိုင်ငံ ကမ်းရိုးတန်း တစ်လျှောက်၌ လှေဖြင့် ခရီး လှည့်လည် သွားလာနေစဉ် အတွင်း ထူးခြား အံ့မခန်းသော နေရာ တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အပြစ်မဲ့ပြည်သူ(၄)ဦး မိုင်းနင်းမိ၍ (၁)ဦးဒဏ်ရာရရှိ

Photo: အပြစ်မဲ့ပြည်သူ(၄)ဦး မိုင်းနင်းမိ၍ (၁)ဦးဒဏ်ရာရရှိ
Monday, 31 December 2012

၃၀-၁၂-၂၀၁၂ ရက်နေ့ ၀၇၃၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)နေ ဘရန်ဒီး(၁၄)နှစ်၊ ယော်ထန်(၁၃)နှစ်၊ လာယော်(၁၅)နှစ်နှင့် ထန်းလောင်း(၁၀)နှစ်တို့ (၄)ဦးသည် သစ်ခွပင်များ
ရှာဖွေရန် တောတွင်းသို့သွားရောက်စဉ် ဆဒုံးမြို့နယ်ခွဲအနောက်
တောင်ဘက် ၂ မိုင်ခန့်အကွာ နမ္မလိချောင်းအနီးအရောက်တွင်
ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး အား နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဘရန်ဒီးတွင် ယာဒူးအောက်ပိုင်းပြတ်၊ ၀ဲခြေသလုံး မိုင်းစထိမှန်၊ ၀ဲလက်ဖ၀ါး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မြစ်ကြီးနား
ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်းနှင့် ကျန်(၃)ဦး မှာ ဒဏ်ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

၃၀-၁၂-၂၀၁၂ ရက်နေ့ ၀၇၃၀ အချိန် ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ရပ်ကွက်(၁)နေ ဘရန်ဒီး(၁၄)နှစ်၊ ယော်ထန်(၁၃)နှစ်၊ လာယော်(၁၅)နှစ်နှင့် ထန်းလောင်း(၁၀)နှစ်တို့ (၄)ဦးသည် သစ်ခွပင် များရှာဖွေရန် တောတွင်းသို့သွားရောက်စဉ် ဆဒုံးမြို့နယ်ခွဲအနောက်တောင်ဘက် ၂ မိုင်ခန့်အကွာ နမ္မလိချောင်းအနီးအရောက်တွင်ကေအိုင်အေသောင်းကျန်းသူများ ထောင်ထားသည့် မိုင်း(၁)လုံး အား နင်းမိပေါက်ကွဲခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဘရန်ဒီးတွင် ယာဒူးအောက်ပိုင်းပြတ်၊ ၀ဲခြေသလုံး မိုင်းစထိမှန်၊ ၀ဲလက်ဖ၀ါး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မြစ်ကြီးနားဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်းနှင့် ကျန်(၃)ဦး မှာ ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိသည်။

အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့် ပြည်တွင်းကားဈေးကွက်

Photo: အွန်လိုင်းဝန်ဆောင်မှုများကြောင့် ဈေးကွက်ဝေစု လျော့ကျလာသည့်
ပြည်တွင်းကားဈေးကွက်
Monday, 31 December 2012

အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်း
သက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်းက ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။

ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။


၂၀၁၁ ခုနှစ်တွင် မော်တော်ယာဉ်တင်သွင်းသော လုပ်ငန်းရှင်များအား အနိမ့်ဆုံး ၁၉၉၅ မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၅ မော်ဒယ်များ အထိ တင်သွင်းခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆မော်ဒယ် မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၁၉၉၇မော်ဒယ်မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်အထိ တင်သွင်းခွင့်ပြုရန်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားကြောင်းကိုလည်း သိရသည်။

`` ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီး လျှော့ချပေးခဲ့ပြီးတဲ့နောက်ပိုင်း Car Show Room တွေ ပေါ်လာတယ်၊ အခု နောက်ပိုင်း ပိုဆိုးလာတာက အွန်လိုင်း ကားဝန်ဆောင်မှုတွေပေါ့၊ ကားပွဲစားတန်းထဲလာပြီး နေပူခံစရာ မလိုဘူး၊ အပင်ပန်းခံစရာမလိုဘူး၊ အခန်းထဲ ထိုင်ပြီး ကိုယ့်တတ်နိုင်တဲ့
ငွေအားနဲ့ ကိုက်ညီတဲ့ကား အလွယ်တကူ ရှာလို့ရတယ်လေ၊ အဲလိုတွေ ပေါ်လာတာ ၀ယ်သူတွေအတွက် အဆင်ပြေလာပေမဲ့
နှစ်ရှည်လများ ဒီအလုပ်နဲ့ လုပ်ကိုင်စားလာတဲ့ အကိုတို့ ကိုတော့ အများကြီး ထိခိုက်စေပါတယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ၀ါရင့်ကားပွဲစား ကိုကျားကြီးမှ ပြေသည်။

အဆိုပါတင်သွင်းခွင့်များ ပြုလာသည်နှင့် တစ်ပြိုင်နက် ကားသစ်များအား အလွယ်တကူ ရှာဖွေ မှာယူနိုင်သောနေရာမှာ ယာဉ်ရောင်းဝယ်ရေး
စခန်းလည်း မဟုတ်၊  Car Show Room များလည်း မဟုတ်ဘဲ အွန်လိုင်းကားဝန်ဆောင်မှုလုပ်ငန်း များပင်ဖြစ်ကြောင်း အွန်လိုင်းမှ ကားဝယ်ယူခဲ့သူ မမို့မို့သင်းမှ ပြောသည်။

အွန်လိုင်းမှတဆင့်ကားဝယ်ခြင်းကြောင့် အကျိုးကျေးဇူးများရရှိနိုင်သလို လိမ်လည်မှုများလည်း ရှိနေသည့်အတွက် နားလည်ကျွမ်းကျင်မှုမရှိပါက ၀ယ်ယူသူများမှာ ခံရနိုင်ကြောင်းကိုလည်း သိရသည်။

`` အွန်လိုင်းကနေပြီးတော့ ၀ယ်မယ်ဆိုရင် ကားအကြောင်း နားလည်
ကျွမ်းကျင်မယ်ဆိုရင်တော့ ကိုယ့်အတွက် ကောင်းကျိုးတွေ ကြီးပါပဲ၊ ဒါပေမဲ့ နားမလည်ဘဲနဲ့ ၀ယ်မယ်ဆိုရင်တော့ ကိုယ်ခံ ရနိုင်တယ်၊ ဒါပေမဲ့ သတိတော့
ထားသင့်တယ်၊ ကိုယ်နဲ့ ဆက်သွယ်တဲ့ အွန်လိုင်းဝန်ဆောင်မှုက စိတ်ချရရဲ့လား သေချာစစ်ဆေးကြည့်ဖို့လိုတယ်၊ နိုင်ငံတကာမှာတောင် Website အတုတွေ ထောင်ပြီး လိမ်နေတဲ့သူတွေ ရှိတယ်လေ ´´ ဟု သင်္ကန်းကျွန်းမြို့နယ်၊ Car Show Room တစ်ခုမှ ကိုမင်းထက်ကိုမှ
ပြောသည်။

ယခုနောက်ပိုင်းမြန်မာဘာသာဖြင့် လွှင့်တင်ထားသော www.colayonline.com.mm/automobile သည် လူကြိုက်များပြီး အသုံးပြုမှုများပြားလာသည်။

အကြောင်းမှာ website၏ ၈၀% ကို မြန်မာဘာသာဖြင့် အသုံးပြုထားခြင်း၊ ကားမ၀ယ်မီ အခြားကုမ္မဏီ များကဲ့သို့ စရံ ၅% ပေးသွင်းစရာ မလိုသည့်အပြင် ကားလေလံဆွဲခြင်းအတွက် ၀န်ဆောင်မှု မတောင်းခံခြင်းတို့ကြောင့် လူကြိုက်များရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

လက်ရှိ အွန်လိုင်းဝက်ဆိုဒ်တစ်ခုဖြစ်သည့် www.tradecarview.com မှာလည်း အသုံးများလာသည့် website ဖြစ်လာကြောင်း သိရှိရသည်။

မြတ်မိုးကျော်(မြစ်မခ)
Myit Makha Mediagroup

အွန်လိုင်း ၀က်ဆိုဒ်(Website)များမှတဆင့် ကားများကို ဈေးနှုန်း သက်သာစွာဖြင့် တိုက်ရိုက်မှာ ယူနိုင်ခြင်းက ပြည်တွင်းကား အရောင်းအ၀ယ်ဈေးကွက်အားများစွာထိခိုက်စေကြောင်း ယာဉ်ရောင်း ၀ယ်ရေးစခန်းရှိ ကားအကျိုးတော်ဆောင်များထံမှ သိရှိရသည်။

ကားဝယ်ယူသူများသည် ယခင်ကမူ ကားဝယ်လိုပါက ယာဉ်ရောင်းဝယ်ရေးစခန်း(သို့) Car Show Roomများသို့ တိုက်ရိုက် လာရောက်ကြသော်လည်း ယခုနောက်ပိုင်းတွင် အွန်လိုင်းအသုံးပြုတတ် သူများများပြားလာခြင်းကြောင့် ကားဈေးကွက်မှာ သိသိသာသာ ယိုင်နဲ့လာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ဆိုသည်။

မော်ဒယ်အသစ်တင်သွင်းခွင့်ကြောင့် တစ်စီးလျှင် ကျပ်သိန်း(၄၀) အထိ ကားဈေးကျဆင်းနေ

Photo: မော်ဒယ်အသစ်တင်သွင်းခွင့်ကြောင့် တစ်စီးလျှင် ကျပ်သိန်း(၄၀)
အထိ ကားဈေးကျဆင်းနေ
Monday, December 31, 2012

ရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း ကားဈေးများမှာ
ကျပ် သိန်း၂၀ သိန်းမှ ၃၀ အတွင်း ဈေးကျဆင်းနေကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကျဆင်းလာရခြင်းမှာ ၂၀၁၃ ခုနှစ်တွင်ထပ်မံရောက်ရှိလာတော့မည့်
၉၇ ခုနှစ်မှ ၂၀၀၇ အထိ မော်ဒယ်မြင့်ကားများ ရောက်ရှိလာတော့မည်
ဖြစ်သည့်အပြင်ယခင်ကတည်းက တရိပ်ရိပ်ကျဆင်းလာသောကားဈေးကွက်
အခြေအနေ များကြောင့်ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ တာဝန်ရှိသူ
များက ဆိုသည်။

ယခင်က 97/ 98/ 99 ခုနှစ်ထုတ် Surf ကားများသည်မူ ယခင်က ၄၀၀ သိန်း စွန်းစွန်းပင် ရှိသော် လည်း ယခုနောက်ပိုင်း ကားဈေးများကျလာ
သည်နှင့်အလျောက် ဈေးများမှာ ၂၅၀ သိန်း ၀န်းကျင်သာရှိတော့ကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ကားဈေးတွေ ကျတာ တစ်စီးကို အနိမ့်ဆုံး သိန်း ၁၀ သိန်းလောက်ကနေပြီးတော့ ၄၀ လောက်အထိကို ကျလာတာပါ၊ 1300 CC အောက်တွေရော 1300 CC အထက်တွေရော ကျတာပါ၊ အရင်တုန်းက သိန်း ၂၆၀ ကနေပြီးတော့ ၃၀၀ အတွင်းရှိတဲ့ HILUX SURF (4 WD)
တွေဆိုရင်အခု သိန်း ၁၅၀ ၀န်းကျင်ပဲရှိတော့တယ်၊ Harrier(4 WD) 2000 CC ထုတ်ကားတွေဆိုရင် အရင်တုန်းက သိန်း ၂၅၀ ၀န်းကျင်ကနေ အခုနောက်ပိုင်း သိန်း ၁၄၀ အတွင်းလောက်ပဲ ရှိတော့တယ်၊ ဈေးကျရတဲ့ အကြောင်းတွေထဲမှာ မော်ဒယ်အသစ်တွေ တင်သွင်းခွင့်ရတော့မှာနဲ့လည်း သက်ဆိုင်တယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ
ပြောသည်။

ထို့အပြင် Car Show Room များတွင်လည်း အရောင်းအေးလျက်ရှိပြီး
လျှော့ဈေးများဖြင့် ရောင်းချလာကြသည့် Show Room များလည်း ရှိလာကြောင်း တွေ့ရသည်။

မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တဖြည်းဖြည်း
လျှော့ချပေးလာခြင်းသည် ကားဝယ်စီးနိုင်သည့် အခွင့်အရေးများ ရရှိ
လာသော်လည်း ကားရောင်းဝယ်လုပ်ကိုင်သူများ အခက်အခဲရှိလာကြောင်း သိရှိရသည်။

``ကျနော်တို့ဆီမှာ အခုနောက်ပိုင်း ကားဝယ်တဲ့သူ နေနေသာသာ တစ်နေကုန်လို့ ကားလာ ကြည့်တဲ့သူတောင် မရှိသလောက်ပဲ၊ ကားတွေက
ရောင်းရရင်လည်း 1300 CC အောက်ကားတွေနဲ့ အရစ်ကျ TAXI ကားတွေလောက်ပဲ ရောင်းရတော့တာ၊ ပြီးတော့ မော်ဒယ်သစ်တွေ တင်သွင်းဖို့ နီးလာပြန်တဲ့ အချိန်ကပ်လာပြီဆိုတော့ ဒါတွေက Date Out လာတော့မဲ့ သဘောဖြစ်လာပြီလေ၊ ဒီတော့ ဈေးတွေ ချရောင်းရတော့
တာပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။

မော်တော်ယာဉ် တင်သွင်းသော လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အနိမ့်ဆုံး ၉၅ မှ အမြင့်ဆုံး ၂၀၀၅ အထိ မော်ဒယ်များအား တင်သွင်းခဲ့ပြု
ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆ မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၉၇ မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်များ တင်သွင်းခွင့်ပြုရန် သတ်မှတ်
ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ကားဈေးကွက်အတွင်း ယခုနောက်ပိုင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများ Car Show Room များတွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ မော်ဒယ်မြင့် ကားများ အနည်းငယ်
အရောင်းအ၀ယ်ဖြစ်လျက် ရှိသည်။

1300 CC ကားများတွင် လူငယ်ကြိုက်ဖြစ်သော Mazda(1300 CC) အမျိုးအစား ပြိုင်ကားသည် အခြားကားများထက် စိတ်ဝင်စားမှု များပြားကြောင်း သင်္ကန်းကျွန်း မြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။ အဆိုပါကားတန်ဖိုးမှာ ၂၁၀ သိန်း ၀န်းကျင် ရှိသည်။

အဆိုပါ ကားသည် ဂျပန်နိုင်ငံထုတ် အမျိုးအစား ဖြစ်သည်။ ကား၏ စိတ်ဝင်စားကြသည့်အချက်မှာ ပြိုင်ကားဟုဆိုသည်နှင့် တံခါးနှစ်ပေါက်
အမျိုးအစားသာ သိသော်လည်း Mazda သည် တံခါးလေးပေါက်ပါ
ရှိခြင်းဖြစ်ပြီး နောက်တံခါးနှစ်ပေါက်ကို အတွင်းမှ ဖွင့်နိုင်ခြင်း၊ ထို့အပြင်
1.3 L(Rotary) အင်ဂျင်(လေယာဉ်)များတွင်သာ အသုံးပြုသော အင်ဂျင်အမျိုးအစား အသုံးပြုထားခြင်း ကြောင့် ဖြစ်သည်။

`` အခုနောက်ပိုင်း ဂျပန်က ကားတွေကို ၀ယ်သူတွေ တော်တော်များများ စိတ်ဝင်စားလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပိုပစ္စည်း စုံလင်တာရယ်၊ လိုအပ်တဲ့ ပစ္စည်းဆိုရင်တောင်မှ ဈေးသက်သက်သာသာနဲ့ အချိန်သိပ်ပေးစရာ မလိုတာ ရယ်ကြောင့်ပါ၊ ရောင်းအားကတော့ ထုံးစံအတိုင်းမကောင်းပါဘူး၊ ဒါပေမဲ့ ရောင်းအားက အခုရက်ပိုင်းတော့ အရင်ကထက် စာရင် ရောင်းအားနည်းနည်း ပြန်တက်လာတယ်၊ ဆိုင်လည်ပတ်လို့ ရရုံလောက်ပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ်မှ ကိုမင်းထက်ကိုမှ ပြောသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ Surf ကားများနှင့် Prado ကဲ့သို့သော ကားများ ရောင်းရပြီး Land Rover ကဲ့သို့သော ကားများ ရောင်းရကြောင်း သိရှိရသည်။

Hilux Surf (3000CC) ကားများသည် သိန်း ၂၄၀ မှ ၂၆၀ အတွင်း ရှိကြောင်း သိရှိရသည်။ Prado (96) ထုတ်၊ အင်ဂျင်(2.7 L) အနေဖြင့် သိန်း ၃၂၀ မှ ၃၅၀ အတွင်း ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ၀င်းထဲမှာ ကားအမြင့်တွေတော့ နည်းနည်းအရောင်း
အ၀ယ်ဖြစ်တယ်တော့ ကြားတယ်၊ အကိုတို့ ဘက်မှာတော့ ငြိမ်နေတယ်၊ Prado တွေကတော့ ဈေးနည်းနည်းတက်လာတယ်၊ ဘာလို့လဲဆိုတော့ ဒီကားတွေဘက် စိတ်ဝင်စားတာ နည်းနည်းများလာတော့ ဈေးတင်
လာတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အ၀ယ်က အဲလောက်လည်း မများပါဘူး၊ အရောင်းကတော့ အစကထက်တောင် ပိုများလာသေးတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။

ကားဈေးကွက်အတွင်း ကားဈေးများသည် အတက်အကျ တည်ငြိမ်မှု မရှိသော်လည်း အရောင်းအ၀ယ် အနည်းငယ် ရှိကြောင်း၊ ထို့အပြင် လူငယ်ကြိုက် ပြိုင်ကားများသည် သာမန်ကားများထက် စိတ်ဝင်စားမှု
များပြားပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်။

Myit Makha Mediagroup

ရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း ကားဈေးများမှာကျပ် သိန်း၂၀ သိန်းမှ ၃၀ အတွင်း ဈေးကျဆင်းနေကြောင်း သိရှိရသည်။ ထိုကဲ့သို့ ကျဆင်းလာရခြင်းမှာ ၂၀၁၃ ခုနှစ်တွင်ထပ်မံရောက်ရှိလာတော့မည့်၉၇ ခုနှစ်မှ ၂၀၀၇ အထိ မော်ဒယ်မြင့် ကားများ ရောက်ရှိလာတော့မည်ဖြစ်သည့်အပြင်ယခင်ကတည်းက တရိပ်ရိပ်ကျဆင်း လာသောကားဈေး ကွက်အခြေအနေ များကြောင့်ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ တာဝန်ရှိသူများက ဆိုသည်။

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်

Photo: ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်
Monday, 31 December 2012

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။

သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက် မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်း ကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှော ဝတ်ဝတ် သွေးနဲ့၊ အာရုံကြော များကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ် နေပြီး ခါးအောက်ပိုင်း အာရုံကြော စနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီး လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရ မလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှ တစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ် နှင့် ဆက်စပ်ရောဂါများ ဖြစ်ပွားခြင်းတို့အထိ ဆိုးကျိုး ရှိပါတယ်။

ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီး တစ်ဦး ဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေ အထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။

အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင် တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီ ဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေး ဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။

ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန်လိုအပ်တယ်လို့
ဆေးပညာရှင်များကတိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref- medic-facts
International news for myanmar

ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များ အကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့ အညီသူရဲ့ဆိုးကျိုးများလည်းသိထားရန်လိုအပ်ပါတယ်။သေချာတာကတော့ခပ်ကြပ်ကြပ် ဘောင်းဘီ ဖြစ်တဲ့အတွက် ခါးအောက် ပိုင်း အာရုံကြော စနစ်၊ သွေးလည်ပတ်ကိုကို ကြိမ်းသေ သက်ရောက်မှု ရှိပါ တယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်း မှာတင် မကပဲ ပြင်ပ အသားအရည် မှာလည်း ဆိုးကျိုး ရှိလာ နိုင်ပါတယ်။

လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက် PDF Print

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။ 
 
အဆိုပါ လက်နက်ကြီးကျည်ဆံသည် ဒေါ့ဖုန်းယန်ဘက်မှ လဂျားယန်ဘက်သို့ ပစ်ခတ်ခဲ့သည့် ကျည်ဆံများဖြစ်ပြီး လိုင်ဇာမြို့အနီး တရုတ်နယ်စပ်အတွင်းရှိ ကျေးရွာသို့ ကျရောက်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား ဆေးရုံတင်ထား

Monday, 31 December 2012

ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား ဆေးရုံတင်ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

မစ္စစ်ဟီလာရီကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ် က ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသ သွားမည်ဟု ၄င်းကဆက်လက်ပြောကြားသည်။

''ဆရာဝန်တွေက သူ့အခြေအနေကို ဆက်ပြီးစောင့်ကြပ်ကြည့်ရှုနေပါတယ်။ အဲဒီလို ကြည့်ရှုတဲ့အထဲမှာ ဦးခေါင်းထိခိုက်မှုကြောင့် တခြားပြဿနာ တွေရှိသေးလား ဆိုတာတွေလည်း ပါဝင်ပါတယ်။ အခြားကုသမှုပုံစံ လိုအပ် သေးလားဆိုတာကို ဆရာဝန်တွေက ဆုံးဖြတ်သွားပါမယ်" ဟု မစ္စတာ ဖိလစ်ကပြောသည်။

ယခုလ အစောပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဦးခေါင်းထိခိုက်မှုကို နောက်ဆက်တွဲ ကြည့်ရှုစစ်ဆေးရာမှ သွေးခဲမှုဖြစ်ပေါ်နေသည်ကို ဆရာဝန်များက တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက စီအင်န်အင်န်အား ပြောကြား သည်။

ယခုနှစ်အတွင်း နိုင်ငံခြားရေးဝန်ကြီးရာထူးမှ ဆင်းပေးမည့် မစ္စစ်ဟီလာရီ ကလင်တန် ၆၅ နှစ်သည် ၀မ်းဗိုက်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ရေဓာတ် ခမ်းခြောက်မှု ဖြစ်ပေါ်ပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

7Day News Journal
ဦးခေါင်းကို ထိခိုက်မိရာမှတစ်ဆင့် သွေးခဲမှုဖြစ်နေ၍ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးအား ဆေးရုံတင် ထားရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ မစ္စစ် ဟီလာရီ ကလင်တန်အား နယူးယောက်မြို့ Resbyterian Hospital သွေးခဲမှုကို သက်သာစေမည့် ဆေးဝါးများဖြင့် ကုသနေသည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအကြံပေး မစ္စတာဖိလစ်ရိုင်းနက်စ် က ပြောကြားသည်။ သူမအား ဆေးရုံတွင် ၄၈ နာရီကြာ စောင့်ကြည့်ကုသသွားမည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ

Photo: နိုင်ငံတော်အလံကို ကချင်ဝတ်စုံဝတ်ထားသည့်လူငယ် ၁၀ ဦးမှ ခြေဖြင့်နင်းခဲ့သည့်ဖြစ်ရပ်အပေါ်မြန်မာနိုင်ငံသားများ မှ ကျေနပ်မှုမရှိ
Monday, 31 December 2012

နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏မုန်းတီးစိတ်ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ြ ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သုံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် ကချင်လူမျိုး တွေအပေါ် ကျန်တဲ့ နိုင်ငံသားတွေက အထင်အမြင်လွဲမှားသွားနိုင်ပါတယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ရှူးကိုယ်ပတ်လာနိုင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုထိ ခိုက်နိုင်ပါတယ်ဟု ပြောဆိုသွားသည်။ ထိုသို့ဆောင်ရွက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းမှ လူငယ်များကလည်း  လုံးဝကျေနပ်မှုမရှိကြောင်းသိရသည်။ ဒီအလံဟာ နိုင်ငံကိုယ်စားပြုအလံပါ၊ နိုင်ငံတကာ အားကစားပွဲတွေမှာ ကျွန်တော်တို့ ကိုယ်တိုင်အမြတ်တနိုးထားကိုင်တွယ်ခဲ့တဲ့ နိုင်ငံတော်အလံပါ။ ဒီလိုလုပ်တာကို လုံးဝမကျေနပ်ပါဘူးဟု ပြောဆိုသွား သည်။ ထို့ပြင် online အသုံးပြုသူ အမျိုးသမီးငယ်တစ်ဦးကလည်း ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့သူတွေကဘဲ ကိုယ့်နိုင်ငံရဲ့အလံကို တက်နင်း နေတာ မီးရှို့နေတာတွေ မြင်ရတော့ ငယ်ငယ်တုန်းက ဘာသင်တန်း ညာသင်တန်းတွေ တက်ခဲ့တဲ့အခါ အလံတွေ ဘာတွေ ကိုင်ရတော့ ခေါင်းဆောင် လုပ်တဲ့သူတွေ၊ သင်တန်းပို့ချတဲ့ ဆရာတွေ ပြောခဲ့ဖူးတာ သတိရမိတယ်။ ကိုယ့်နိုင်ငံရဲ့ အလံဆိုတာ အထွတ်အမြတ်ထားရတယ်။ မြေကြီးပေါ် ဘယ်တော့မှ မကျစေနဲ့ .. လူက လဲကျသွားဦးတော့ အလံကို မြေပေါ်မကျစေနဲ့လို့ တင်းတင်းကျပ်ကျပ်မှာခဲ့တာ၊ သင်ခဲ့တာ သတိရမိသေးတော့တယ်။ ဘာသင်တန်း ညာသင်တန်းဆိုလို့စစ်တပ်နဲ့ သက်ဆိုင်တဲ့ သင်တန်းလို့ မမှတ်လိုက်ကြပါဦးနဲ့... လူငယ်တွေ တက်ကြတဲ့ သာမန် ရိုးရိုး သင်တန်းတွေပါ။ ကျွန်မတို့ ငယ်ငယ်ကတော့ သင်တန်းပေါင်းစုံ ရှိသေးတဲ့ ခေတ်ဆိုတော့ အဲဒါတွေ မှီလိုက်လို့ပါ။ ကြက်ခြေနီသင်တန်းက အစပေါ့. ... နိုင်ငံအလံကို မြေကြီးနဲ့ထိမိရင်တောင် အပြစ်ပေးခံရတဲ့အထိ အလံကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံအလံကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကိုယ့်တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ကိုယ့်နိုင်ငံအလံ ဒီတိုင်းပြည်မှာ နေထိုင်ခဲ့တဲ့ ကြီးပြင်းခဲ့တဲ့ ကိုယ် ကိုယ်တိုင်ကမှ တန်ဖိုးမထားရင် ဘယ်သူက တန်ဖိုးထားမှာလဲနော်.. အလံဆိုတာ လူမျိုးတစ်ခုထဲကို ကိုယ်စားပြုထားတာ မဟုတ်ဘဲ မြန်မာပြည်တွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံးကိုပါ ကိုယ်စားပြုထားတာဖြစ်လို့ လူမျိုးတစ်မျိုးကို မုန်းရုံနဲ့၊ အစိုးရကို မုန်းရုံနဲ့လည်း ကိုယ့်နိုင်ငံအလံကို တက်နင်းတာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ကိုယ့်တိုင်းပြည်ကအလံကို ကိုယ့်လူမျိုးတွေက နင်းချေနေတာ တစ်ခြား နိုင်ငံသားတွေက မြင်ရင် သူတို့ ဘယ်လိုများ ပြောကြမလဲ..ဟု ပြောဆိုသွားသည်။
နိုင်ငံတော်အလံကိုခြေနဲ့နင်းပြီး မီးရှို့ခဲ့ခြင်းသည် KIA အပေါ်မြန်မာနိုင်ငံသားများ၏ မုန်းတီးစိတ် ကိုပိုဖြစ်ပေါ်နိုင်ဟု အမေရိကန်ရောက် အငြိမ်းစားဆရာဝန်ကြီးတစ်ဦးမှဆိုသည်။ ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊  ကချင်စစ်ပွဲနှင့် ပတ်သက်၍ ဆန္ဒပြခဲ့ကြပါ သည်။ ထိုသို့ ဆန္ဒပြရာတွင် ဆိုင်းဘုတ်များ၊ ကြွေးကြော်သံများဖြင့်အော်ဟစ်ဆန္ဒပြခဲ့ကြပြီး ကချင်ဝတ်စုံဝတ်ထား သည့် လူငယ် ၁၀ ဦးမှ နိုင်ငံတော်အလံအား ခြေဖြင့်နင်းပြီး ဓာတ်ပုံအရိုက်ခံကာမီးရှို့ခဲ့ကြောင်း သတင်းဓာတ်ပုံများ အရတွေ့ ရှိရပါသည်။ ၎င်းသတင်းနှင့် ပတ်သက်၍ အမေရိကန်တွင်နေထိုင်လျက်ရှိသော အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာမြင့်စိုးမှ ဒီကိစ္စလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ထားတဲ့ နိုင်ငံရဲ့အလံတစ်ခုကို အခုလို လုပ်တာတွေကို နိုင်ငံသားတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါ ဘူးဒါတစ်နိုင်ငံလုံးနဲ့ဆိုင်ပါတယ်။

ရုရှားနိုင်ငံ ဗီနူကိုဗိုလေဆိပ်မှ ခရီးသည်တင်လေယာဉ် ပျက်ကျမှု (6 photos)

Photo: ရုရှားနိုင်ငံတွင် မော်စကိုမြို့တော်ရှိ ဗီနူကိုဗို (Vnukovo) လေဆိပ်သို့ ဆင်းသက်သည့် ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးကြောင်း RT News က ဖော်ပြသည်။

လူ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့သော အခြား လူ ၃ ဦးကို ဆေးရုံသို့ တင်ပို့စဉ် တစ်ဦးမှာ လမ်းတွင် သေဆုံးသွားကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။ 

Planet Myanmar Network
ရုရှားနိုင်ငံတွင် မော်စကိုမြို့တော်ရှိ ဗီနူကိုဗို (Vnukovo) လေဆိပ်သို့ ဆင်းသက်သည့် ခရီးသည် တင်လေယာဉ်တစ်စင်း ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦးသေဆုံးကြောင်း RT News က ဖော်ပြသည်။ လူ ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာပြင်း ထန်စွာ ရရှိခဲ့သော အခြား လူ ၃ ဦးကို ဆေးရုံသို့ တင်ပို့စဉ် တစ်ဦးမှာ လမ်းတွင် သေဆုံးသွားကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာန က ပြောကြားသည်။ Planet Myanmar Network

Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun


Photo: Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun
===========================


မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd. (FMI) အများပိုင် ကုမ္ပဏီတို့၏ အကြီးအကဲနှင့် ဥက္ကဋ္ဌဖြစ်သည်။

FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

ဦးသိမ်းဝေသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းက ပြည်တွင်းစီးပွားရေး ကျဆင်းမှုနှင့် FMI ကုမ္ပဏီပိုင် လုပ်ငန်းအများစု အပေါ် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရချိန် က ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရဲဝံ့စွာရင်ဆိုင် ဖြတ်သန်းနိုင်ခဲ့သူ အဖြစ် နာမည် ကျော်ကြားခဲ့ပြီး ယခု ၂၀၁၂ ခုနှစ် အတွင်းတွင်လည်း လုပ်ငန်း စီမံကိန်းသစ်များကို တိုးချဲ့ရင်းနှီး
မြှုပ်နှံခဲ့သဖြင့် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ၌ ထင်ရှားသူ တစ်ဦးအဖြစ် The Voice Weekly က ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော ထင်ရှားသည့် လုပ်ငန်း မှာ သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်း၊ နာမည်ကျော် Parkson Department Store လာ ရောက်ဖွင့်လှစ်မည့် FMI Centre၊ ဘုရင့်နောင်ရှိ နှစ်ထပ် ခုံးကျော်တံတားနှင့် သြဂုတ်လက ပြန် လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိသည့် ရိုးမဘဏ်တို့ ဖြစ်ကြပြီး လာမည့် ၂၀၁၂-၂၁၃ ဘဏ္ဍာရေးနှစ် အတွင်း ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများမှာ ရန်ကုန်မြို့လယ်ရှိ FMI စင်တာ၊ Grand Meeyahta Executive Residences၊ မီးရထားရုံးချုပ် အဆောက်အအုံဟောင်း
နေရာတို့တွင် ဟိုတယ်များ၊ Shopping Mall များ၊ Service Apartment များ၊ ရုံးခန်းများနှင့် အိမ်ခန်းများ ပါဝင်သော ၁၀ ဧကခန့် ကျယ်ဝန်းမည့် အထပ်မြင့် မြို့ပြ စီမံကိန်းသစ်၊ လေယာဉ်စင်းလုံး ငှားရမ်းမှုနှင့် ပြည်တွင်း ၌ ပျံသန်းပြေးဆွဲမည့် လေကြောင်းလိုင်းသစ်၊ ဂျပန်နိုင်ငံမှ ဟီးနိုးအမှတ် တံဆိပ် မော်တော်ယာဉ် များ တင်သွင်း ရောင်းချခြင်းနှင့် Service Centre ဖွင့်လှစ်မည့် Hino Service Station တို့ဖြစ်သည်။

ယခုအခါ ကုမ္ပဏီ၌ အစုရှယ်ယာရှင် စုစုပေါင်း ၄၇၀၀ ဦးရှိပြီး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံခဲ့ ရသော်လည်း ရှယ်ယာရှင် များကို
 နှစ်စဉ်မပျက် မကွက် အမြတ်ငွေများ ခွဲဝေ ပေးနိုင်ခဲ့သည်။

SPA (Myanmar)Ltd. ကို ၁၉၉၁ ခုနှစ် တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့
ပြောင်းရွှေ့ တည်ထောင်ခဲ့ပြီး ယခုအခါ FMI ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Yoma Strategic Holding Ltd. တို့နှင့် လုပ်ငန်းများ ပူးပေါင်းရင်းနှီး
မြှုပ်နှံ ဆောင် ရွက်လျက် ရှိသည်။


The Voice Weekly
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံ ရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd. (FMI) အများပိုင် ကုမ္ပဏီတို့၏ အကြီးအကဲနှင့် ဥက္ကဋ္ဌဖြစ်သည်။

FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

Who's who 2012-မှူးဇော် (ခ) ဦးဇော်ဌေး

Photo: Who's who 2012-မှူးဇော် (ခ) ဦးဇော်ဌေး
=======================================

အင်တာနက်နှင့် ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက်များကို
ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

ဦးဇော်ဌေးသည် သမ္မတသို့မဟုတ် အစိုးရ အဖွဲ့၏ တရားဝင် ပြောရေးဆိုခွင့် ရှိသူ (Official Spokesperson) မဟုတ်သော်လည်း ၄င်း၏ Facebook စာမျက်နှာကို သတင်းမီဒီယာ များက အမြဲတစေ လေ့လာ စောင့်ကြည့်ပြီး သတင်းရယူ ခဲ့ ခြင်းဖြင့် တရားဝင် မဟုတ်သော “တရားဝင်ပြောရေး ဆိုခွင့်ရှိသူ” (Unofficial Official Spokesperson) ဖြစ်လာခဲ့သည်။

အစိုးရအတွက် ပြည်သူကို ဖြေရှင်းရန် လိုအပ်သော်လည်း တရားဝင် ဖြေရှင်းသည်အထိ မလိုသော ကိစ္စရပ်များကို ပြည်သူများ အကြား ရောက်ရှိစေရန်နှင့် ပြည်တွင်းပြည်ပ မီဒီယာ များ၏ ရေးသား ဖော်ပြမှုများအပေါ် ထိန်းညှိရန် အတွက်လည်း များစွာ အသုံးဝင်သည့် တစ်ဦးတည်း မီဒီယာရင်းမြစ် တစ်ခုဖြစ်လာသည်။ ဦးဇော်ဌေး (ဗိုလ်မှူးဟောင်း)၏ Facebook အမည် မှူးဇော်မှာ ၄င်း၏ ကလောင်အမည်လည်း ဖြစ်သည်။

Facebook ၏ သဘောသဘာဝ အရ ၄င်း၏ မှတ်ချက်များနှင့် အစိုးရ၏
ကြေညာချက်များ ရောထွေးစဉ်းစား ခံရနိုင်သော်လည်း ယခုနှစ်အတွင်း Facebook စာမျက်နှာတွင် မီဒီယာများနှင့် စာဖတ်ပရိသတ်များ ဂရုပြု စောင့်ကြည့်လာရ သည်အထိ လူသိများ ထင်ရှားလာသောကြောင့် ၂၀၁၂ခုနှစ် ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ထည့် သွင်း ရွေးချယ်
ရခြင်းဖြစ်ပါသည်။

The Voice Weekly

အင်တာနက်နှင့် ယဉ်ပါးသော မြန်မာလူမျိုး တို့၏ အသည်းစွဲ လူမှုကွန်ရက် Website စာမျက်နှာ ဖြစ်သည့် Facebook မှ တစ်ဆင့် နိုင်ငံတော်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များ၊ သတင်းအချက် အလက်များကို
ဖြန့်ဖြူး ဝေငှခြင်းဖြင့် ထိပ်တန်း သတင်း အရင်းအမြစ်အဖြစ် လည်းကောင်း၊ တစ်ဦး တည်း မီဒီယာ (one-person-media) အဖြစ်လည်း ကောင်း၊ သတင်းနှင့် ပြန်ကြားရေး လောက (News and Information) ကို သြဇာ သက်ရောက်ခဲ့သူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ၂၀၁၂ ခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

Who's who 2012-ထွန်းအိန္ဒြာဗို

Photo: Who's who 2012-ထွန်းအိန္ဒြာဗို
==================================


ရုပ်ရှင်နယ်ပယ် အတွင်း အသက်ဝင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ်သာမက တေးဂီတ ဘက်တွင်လည်း ပရိသတ် အခိုင်အမာရရှိ ထားသူ၊ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း အားကောင်းစွာ ပူးပေါင်းပါဝင်သူ တစ်ဦး အဖြစ် အများက လက်ခံထားသည့် ထွန်းအိန္ဒြာဗိုကို အနုပညာ နယ်ပယ်အတွင်း ထူးခြားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်သည်။

ထွန်းအိန္ဒြာဗိုသည် လတ်တလော ဗိုလ်ချုပ် ရုပ်ရှင်ဇာတ်ကား 
 ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ တွင်လည်း ဘဏ္ဍာရေး ကော်မတီနှင့် သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့တို့တွင် အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်လှုပ်ရှား နေပြီး ရုပ်ရှင်အစည်းအရုံးမှ ထုတ် လုပ်သည့် ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခြင်း၊ အနုပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင် သည့် မေတ္တာသင်္ဂဟ အဖွဲ့၏ လှုပ်ရှားမှုများတွင် ပူးပေါင်း ပါဝင်ခြင်း တို့ကဲ့သို့သော ဆောင်ရွက်မှု မျိုးကိုလည်း ခပ်စိပ်စိပ် တွေ့မြင်လာရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က Charity Live ဟု အမည် ပေးထားသည့် အလှူ ဖျော်ဖြေပွဲ တစ်ရပ် ပြုလုပ်၍ လူမှု အဖွဲ့အစည်း အသီးသီးသို့ လှူဒါန်းမှု ပြုနိုင်ခဲ့သည် ကို တွေ့ရသည်။ ယင်း Charity Live တစ်ကိုယ်တော် ဖျော်ဖြေပွဲက စုစုပေါင်းကျပ်သိန်း ၇၀၀ ကျော် ရရှိခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ NLD ၏ ပညာရေး ကွန်ရက်၊ ကချင်ပြည်နယ် ရှိ စစ် ဘေးရှောင် ဒုက္ခသည်များ၊ ရခိုင် ပြည်နယ်မှ ဒုက္ခသည်များ၊ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ ဒေါ်ဖြူဖြူသင်း ၏ HIV/AIDS ဝေဒနာ ရှင်များ စောင့်ရှောက်ရေး လုပ်ငန်း တို့ကို ကျပ်သိန်း ၁၀၀ စီ လှူဒါန်းခဲ့ပြီး ပုဂ္ဂလိက စာနယ်ဇင်းများ နာမကျန်း ရန်ပုံငွေသို့ ကျပ် ၁၅ သိန်း ပေးအပ် လှူဒါန်း နိုင်ခဲ့သည်။

အချို့ အနုပညာရှင် များ၏ ပရိသတ်များကို အခမဲ့ ဖျော်ဖြေ ပေးခြင်း၊ စုပေါင်း ဂီတပွဲ ပြုလုပ်၍ ရန်ပုံငွေ ရှာခြင်းများ ရှိသော်လည်း တစ်ကိုယ်တော် ဖျော်ဖြေပွဲ တိုင်းကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့လေ့ ရှိသည့် ထွန်းအိန္ဒြာဗိုသည် ၄င်း၏ စတုတ္ထ အကြိမ်မြောက် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကို ယင်းကဲ့သို့ Charity Live ပြုလုပ်၍ ပရိသတ်ကို အလှူဒါန ပါဝင်စေခဲ့ပြီး လတ်တလော လိုအပ်နေသည့် ကိစ္စရပ်များ အတွက် ဤသို့ဤပုံ လှူဒါန်းငွေ ရှာဖွေ ပေးအပ် နိုင်ခဲ့သူ အနုပညာရှင် ဖြစ်သောကြောင့် ယင်းသို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။

The Voice Weekly
ရုပ်ရှင်နယ်ပယ် အတွင်း အသက်ဝင်အောင် သရုပ်ဆောင်နိုင်သူ တစ်ဦးအဖြစ်သာမက တေးဂီတ ဘက်တွင်လည်း ပရိသတ် အခိုင်အမာရရှိ ထားသူ၊ လူမှုရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လည်း အားကောင်းစွာ ပူးပေါင်းပါဝင်သူ တစ်ဦး အဖြစ် အများက လက်ခံထားသည့် ထွန်းအိန္ဒြာဗိုကို အနုပညာ နယ်ပယ်အတွင်း ထူးခြားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်သည်။

Who's who 2012-နန်းခင်ဇေယျာ

Photo: Who's who 2012-နန်းခင်ဇေယျာ
================================


ကမ္ဘာတွင် မြန်မာပုံရိပ်ကို ပိုမို ထင်ရှားလာအောင် တွန်းပို့နိုင်ခဲ့သူ များအနက် တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် နန်းခင်ဇေယျာ ကို အားကစား နယ်ပယ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

နှစ်ပေါင်း ၅၀ ဝန်းကျင် ဝေးကွာခဲ့သည့် Miss International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင်ပြုလုပ်သည့် Miss International 2012 တွင် အဓိကပင်မဆု မဟုတ်သော်လည်း မြန်မာနိုင်ငံသား အများစု စည်းလုံး စွာဖြင့် တစ်ခဲနက် မဲပေးမှုကြောင့် Miss Internet Award ဆု ရရှိခဲ့သည့် အပြင် People Choice Award ကိုပါ ရရှိခဲ့သည်။
နန်းခင်ဇေယျာ ဆုယူအပြီး မြန်မာနိုင်ငံ အပြန်ခရီးတွင် ပအိုဝ့် တိုင်းရင်းသူ တစ်ဦးဖြစ်သည့် ပုံရိပ်ကို ပြသနိုင် ခဲ့ပြီး ပအိုဝ့် တိုင်းရင်းသားများတွင် ပညာတတ် နည်းပါးသည့် အတွက် ပညာရေးနှင့် ပတ်သက်သည့် ပရဟိတလုပ်ငန်း များကို ယင်း တိုင်းရင်းသားများ အတွက် ရည်ရွယ်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပြိုင်ပွဲအတွက် လိုအပ်သည့် ရေကူးဝတ်စုံ ဝတ်ဆင်ခဲ့ရာတွင် ဝေဖန်မှု အချို့ ထွက်ပေါ် ခဲ့သေးသော်လည်း နန်းခင်ဇေယျာသည် သူ၏ လုပ်ဆောင်မှုဖြင့် နိုင်ငံတကာပြိုင်ပွဲ လမ်းကြောင်း အပါအဝင် သူရှေ့ဆက်ရမည့် လမ်းကြောင်းကိုပါ အောင်အောင်မြင်မြင် ဖောက်လုပ် ပြသနိုင်ခဲ့ပြီး ဖြစ်သည်။

ဘာသာစကား ကျွမ်းကျင်မှုကိုလည်း အားသာချက် အဖြစ် ထုတ်သုံးနိုင်ခဲ့သည့် နန်းခင်ဇေယျာသည် ယခုအချိန်တွင် Red Link ၊Blue Mountain ၊ iMax Brand Ambassador လည်း ဖြစ်နေပြီး ကြော်ငြာရိုက်ကူး မှုများလည်း ပြုလုပ်နေပြီ ဖြစ်သည်။ နာရေးကူညီမှု အသင်းတွင် ကူညီလုပ်အား ပေးမှုများ၊ မရမ်းချောင်ရှိ ပရဟိတဂေဟာသို့ လူမှုအကျိုးပြု လှူဒါန်းမှု များကိုလည်း အဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။ ယခု The Voice Weekly က နယ်ပယ်အလိုက် ရွေးချယ်သည့် ထင်ရှားသူများ အနက် ၂၄ နှစ် အရွယ်ရှိ နန်းခင်ဇေယျာသည် အသက် အငယ်ဆုံးလည်း ဖြစ်သည်။
ကမ္ဘာတွင် မြန်မာပုံရိပ်ကို ပိုမို ထင်ရှားလာအောင် တွန်းပို့နိုင်ခဲ့သူ များအနက် တစ်ထောင့် တစ်နေရာမှ ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် နန်းခင်ဇေယျာ ကို အားကစား နယ်ပယ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။ နှစ်ပေါင်း ၅၀ ဝန်းကျင် ဝေးကွာခဲ့သည့် Miss International ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် နန်းခင်ဇေယျာသည် ဂျပန်နိုင်ငံ အိုကီနာဝါ ကျွန်းတွင်ပြုလုပ်သည့် Miss International 2012 တွင် အဓိကပင်မဆု မဟုတ်သော် လည်း မြန်မာနိုင်ငံသား အများစု စည်းလုံး စွာဖြင့် တစ်ခဲနက် မဲပေးမှုကြောင့် Miss Internet Award ဆု ရရှိခဲ့သည့် အပြင် People Choice Award ကိုပါ ရရှိခဲ့သည်။

Who's who 2012-စာရေးဆရာ ကျော်ဝင်း

Photo: Who's who 2012-စာရေးဆရာ ကျော်ဝင်း
====================================


မျက်မှောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ နိုင်ငံ တည်ဆောက်ရေးတို့တွင် အရေးကြီးသည့် နိုင်ငံရေး ဘောဂဗေဒအပါအဝင်၊ နိုင်ငံရေးသိပ္ပံ ပညာရပ်များသာမက ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနှင့် လားရာအမြင်များ၊ မြန်မာ့နိုင်ငံ ရေးသမိုင်းကြောင်း

လေ့လာဆန်းစစ်ချက် များကို မြန်မာ စာဖတ်ပရိသတ် လေ့လာနိုင်စေရန် အစဉ် တစ်စိုက် ရေးသားနေသည့် ဘာသာပြန်ဆရာ၊ စာရေးဆရာ ကျော်ဝင်းသည် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ၊ အခက် အခဲနှင့် ပဋိပက္ခများကို အများကြိုက် မပြောဘဲ ရပ်တည်ချက် သဘောထားမှန်မှန်၊ ယထာဘူတ ကျကျ၊ ကျိုးကြောင်း ဆက်စပ်မှုရှိရှိ၊ မျှမျှတတ၊ ပညာရှင်ဆန်ဆန် ဆန်းစစ်သုံးသပ် ရေးသားအကြံ ပြုထောက်ပြ ခဲ့သောကြောင့် ယခုနှစ်အတွင်း ထူးခြားထင်ရှားသူများ စာရင်းတွင် ရွေးချယ်ဖော်ပြ လိုက်ပါသည်။
အထူးသဖြင့် မည်သူမျှ မထိ၊ မတို့၊ မဝေဖန် ရဲသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုပင် ယခုနှစ် အစောပိုင်းက ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီးနောက် လွှတ်တော်တက်သင့် မတက် သင့် ချီတုံချတုံ ဖြစ်နေချိန်တွင် ဘေးမှ ရပ်ကြည့်သူ တစ်ဦး၏ သောက အမြင်ဖြင့် “တစ်ဖက်ပိတ်လမ်း အန္တရာယ်” ဟု ခေါင်းစဉ်တပ်ကာ ဆောင်းပါးတစ်ပုဒ် ရေးသား၍ ထောက်ပြ အကြံပြုခဲ့ခြင်းမှာ ကျော်ဝင်း ၏ နိုင်ငံချစ်စိတ်နှင့် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး အကျိုးစီးပွား ကိုသာ စေတနာအပြည့် ထားကြောင်း ပေါ်လွင်ပါသည်။

ယင်းဆောင်းပါးတွင် ဒုတိယအကြိမ် ပြန်လည် စဉ်းစားပေးရန် NLD ပါတီခေါင်းဆောင်များကို တောင်းပန် ထားသကဲ့သို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင် များကို လည်း နောက်ထပ် နိုင်ငံရေး အကျပ်အတည်း တစ်ခု မကြုံရလေအောင် ညှိနှိုင်း ဆောင်ရွက်ပေးရန် တောင်းပန်ကြောင်း ဆောင်းပါး အဆုံးတွင် မေတ္တာရပ်ခံချက်ကို ဖော်ပြခဲ့ပါသည်။

ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခတွင် “ဒီမိုကရေစီက နုနု မုန်တိုင်းက ထန်ထန်” အမည်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားကာ ရခိုင်အရေးအပေါ် ၄င်း၏အမြင်ကို ရဲရဲချပြခဲ့သည်။ ထိုဆောင်းပါးတွင် လွှတ်တော် ကိုယ်စားလှယ်များ ကိုလည်း အခါလည်သား မြန်မာ့ဒီမိုကရေစီ ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်စေရန် ပြဿနာ၏ အရင်းခံကို နိုင်ငံတကာ ဖြစ်ရပ်များ နှင့် ယှဉ်၍ သုံးသပ်ပြခဲ့ပါသည်။

လတ်တလော ဖြစ်ပွားနေသည့် လက်ပံ တောင်းတောင် အရေးနှင့် ပတ်သက်၍ “လက်ပံ တောင်း ခယောင်းလမ်း ပြန်မလည်မိစေဖို့” အမည်ဖြင့် ပြဿနာကြီး တစ်ခုလုံး၏ အကြောင်း အရင်း၊ တစ်နည်းအားဖြင့် ဇာစ်မြစ်ကို ရှုထောင့် ပေါင်းစုံမှ ဓမ္မဓိဋ္ဌာန်ကျစွာ သုံးသပ်ထားသည့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ရာ ယင်းပြဿနာ ပြေလည်အောင် ကြိုးစားနေကြသူများသာမက စာ ဖတ်ပရိသတ် များကိုပါ စဉ်းစားစရာ များစွာပေးနိုင် ခဲ့ပါသည်။

အချုပ်ဆိုရလျှင် မိမိကိုယ်ကိုယ် နှိမ့်ချပြီး တစ်ဖက်သား နားဝင် လက်ခံစေရန် သုံးသပ်ဝေဖန် ချက်၊ အကြံပြု သတိပေးချက်များ ရေးသားတတ် သူ စာရေးဆရာ ကျော်ဝင်း ယခုနှစ်အတွင်း ရေး သားခဲ့သည့် ဆောင်းပါးများမှာ မြန်မာ့နိုင်ငံရေး အကူးအပြောင်း ကာလအတွက် အထောက်အပံ့ များစွာ ဖြစ်စေပြီး ရေတိုကာလ အများကြိုက် လက်ခုပ်သံများများ ရရှိရေးထက် ရေရှည်ကို ရည် မှန်း၍ ပြည်သူလူထု ဘက်မှ နားလည်ပေးရန်၊ ခက်ခဲသော ဆုံးဖြတ်ချက်များ ချနိုင်စေရန်၊ တစ် နည်းအားဖြင့် ရေရှည်တည်တံ့ ခိုင်မြဲသော သဘောဆောင်မည့် အဖြေထွက်ရန် တစ်စုံတစ်ရာ အထောက်အပံ့ ပေးနိုင်သဖြင့် The Voice Weekly က ၂၀၁၂ ခုနှစ်၏ ထူးခြားထင်ရှားသူ အဖြစ် ရွေး ချယ်လိုက်ခြင်း ဖြစ်ပါသည်။

The Voice Weekly

မျက်မှောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ပြောင်းရေး၊ နိုင်ငံ တည်ဆောက်ရေးတို့တွင် အရေးကြီး သည့် နိုင်ငံရေး ဘောဂဗေဒအပါအဝင်၊ နိုင်ငံရေးသိပ္ပံ ပညာရပ်များသာမက ကမ္ဘာ့နိုင်ငံရေး အပြောင်း အလဲနှင့် လားရာအမြင်များ၊ မြန်မာ့နိုင်ငံ ရေးသမိုင်းကြောင်း လေ့လာဆန်းစစ်ချက် များကို မြန်မာ စာဖတ် ပရိသတ် လေ့လာနိုင်စေရန် အစဉ် တစ်စိုက် ရေးသားနေသည့် ဘာသာပြန်ဆရာ၊ စာရေး ဆရာ ကျော်ဝင်း သည် ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ပြဿနာ၊ အခက် အခဲနှင့် ပဋိပက္ခများကို အများကြိုက် မပြောဘဲ ရပ်တည်ချက် သဘောထားမှန်မှန်၊ ယထာဘူတ ကျကျ၊ ကျိုးကြောင်း ဆက်စပ်မှုရှိရှိ၊ မျှမျှတတ၊ ပညာရှင်ဆန်ဆန် ဆန်းစစ်သုံးသပ် ရေးသားအကြံ ပြုထောက်ပြ ခဲ့သောကြောင့် ယခုနှစ်အတွင်း ထူးခြားထင်ရှားသူများ စာရင်းတွင် ရွေးချယ်ဖော်ပြ လိုက်ပါသည်။

Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Photo: Who's who 2012- ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
=======================================


၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ခဲ့သည့် တပ်မ တော် သည်လည်း မြန်မာ့တပ်မတော် အနေနှင့် သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေး ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြည်ပ ရန်စွယ်များကို

တွန်းလှန်တိုက်ခိုက် ခြင်းဟူသည့် တပ်မတော်၏ မူလတာဝန် နှစ်ရပ် ကိုသာ တစ်စိုက်မတ်မတ် ထမ်းဆောင်လာစေရန် ဦးဆောင်ဦးရွက် ပြုနေသူ တစ်နည်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလကို အေးချမ်း တည်ငြိမ်မှု ရှိရန် အကူအထောက်ပြုသူ၊ စစ်တက္က သိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဆင်း၊ သထုံ အခြေစိုက် တပ်မ (၄၄) တပ်မမှူး ၊ တြိဂံတိုင်းဒေသ စစ်တိုင်းမှူး၊ တပ်မတော်အမှတ် (၂) အထူး စစ်ဆင်ရေး အဖွဲ့မှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး စသည့် ရာထူး အဆင့်ဆင့်တို့ ထမ်းဆောင်ခဲ့ပြီး လက်ရှိ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ယခုနှစ် အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
ယခုနှစ်ဆန်းပိုင်း သမိုင်း တွင်မည့် ထိုင်း နိုင်ငံအလည်အပတ် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် တွေ့ဆုံစဉ် မြန်မာ့ တပ်မတော်အနေနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုက ရေစီ အပြောင်းအလဲတွင် တပ်မတော်သည် နောက် ပြန်လှည့်ရန် အခြေအနေ မရှိကြောင်း ပြောဆိုခဲ့ခြင်း မှာ တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ယခုနှစ် အတွင်း ထူးခြားစွာ မှတ်တမ်းတင်ရမည့် ကတိ စကားများ ဖြစ်သည်။

အခြားတစ်ဖက် တွင်လည်း မည်သို့သော ပကတိ အခြေအနေများ၊ အကြောင်းပြချက်များ ရှိ နေစေကာမူ ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်း များ ရပ်တန့် ထားရန်နှင့် ခုခံသည့် အနေနှင့်သာ ပြန်လည် တိုက်ခိုက်ရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် တပ်မတော်ကို အမိန့် ပေးထားသည့်ကြားက မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ အကြား ယနေ့ အချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက် လက် ဖြစ်ပွားနေခြင်း၊ လွှတ်တော် အတွင်းရှိ အခြားအရပ်သားနှင့် တိုင်းရင်းသားပါတီ ကိုယ်စားပြု လွှတ်တော် အမတ်များနှင့် ခင်မင် ရင်းနှီးစပြုနေပြီ ဖြစ်သော တပ်မတော်သား ကိုယ်စားလှယ် အချို့ ကို မကြာခဏ အစားထိုး လဲလှယ်ခြင်း တို့အပေါ် ဝေဖန်သုံးသပ်မှုများ ရှိနေပါသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်၍ မရနိုင်ရန်နှင့် အတိုက်အခံပါတီ ကိုယ်စားပြု လွှတ်တော်အမတ် များ၏ အဆိုမှန်သမျှ ကန့်ကွက်မဲ ပေးရန် လွှတ်တော် အတွင်း တမင်သက်သက် နေရာယူ ထားသည်ဟု မူလက ယူဆနေကြသည့် ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ သည် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အဆိုကို ထောက်ခံမဲ ပေးခဲ့ကြခြင်း၊ ပညာရေး နှင့် ကျန်းမာရေးဆိုင်ရာ အဆိုပြုချက်၊ ဥပဒေကြမ်း များကိုလည်း ထောက်ခံမဲပေး ခဲ့ကြခြင်းတို့မှာ ယင်းထင်မြင်ချက်များ လွဲမှားကြောင်း တပ်မတော်၏ လက်ရှိ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် က ပြသလိုက်ခြင်း ပင်ဖြစ်သည်။ ထို့အပြင် အိမ်နီးချင်းနှင့် ပြည်ပ နိုင်ငံအချို့သို့ သွားရောက်၍ ယင်းနိုင်ငံ တပ်မတော်များကို လေ့လာခဲ့ခြင်း၊ ပြည်ပနိုင်ငံ များမှာ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ခြင်း၊ ကာလကြာရှည် ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ ကြည်း၊ ရေ၊ လေတပ် များနှင့် ပြန်လည် ဆက်ဆံရေး စတင်ခဲ့ပြီး ၂၁ ရာစုနှင့် အညီ အရည်အချင်းရော အရည် အသွေးပါ မြင့်မားသည့် တပ်မတော် အဖြစ် မြှင့်တင် တည်ဆောက်ရန် ပြင်ဆင်လာခြင်း အပြင် အမေရိကနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ပထမဦးဆုံး အကြိမ် မြန်မာ့ တပ်မတော်မှ ကိုယ်စားလှယ် သုံးဦးကို လေ့လာသူ အဖြစ် ဖိတ်ကြား ခံရခြင်းတို့မှာလည်း ၄င်း၏ ထူးခြားသော အောင်မြင်မှုများဟု ဆိုနိုင် ပါသည်။

မည်သို့ပင်ဖြစ်စေ နှစ် ၅၀ ခန့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို တပ်မတော်က တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိန်းချုပ် ကွပ်ကဲလာခဲ့ရာမှ ဒီမိုကရေစီ စနစ်နှင့်အညီ အာဏာသုံးရပ်နှင့် သီးခြား ဖြစ်သော တပ်မတော်တစ်ရပ် အဖြစ် ပြည်သူလူထု နှင့် နိုင်ငံတကာကို ပြသနိုင်ခဲ့ခြင်း၊ အမှန်တကယ် အရည်အချင်း၊ အရည်အသွေး ရှိသော အင်အားရှိ တပ်မတော်အဖြစ် ထူထောင်ရန် ပြင်ဆင်လာခြင်းတို့ ကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦး အဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါသည်။

The Voice Weekly
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ခဲ့သည့် တပ်မ တော် သည်လည်း မြန်မာ့တပ်မတော် အနေနှင့် သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေး ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြည်ပ ရန်စွယ်များကို

Who's who 2012-ကျော်သူ

Photo: Who's who 2012-ကျော်သူ
===============================

နာမည်ကျော် သရုပ်ဆောင်ဘဝကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သေဆုံးသူ ပျမ်းမျှ ၄၅ ဦးမှ ၅၀ ဦးခန့် အထိကို အခမဲ့ သင်္ဂြိုဟ်ပေးသည့် နာရေး ကူညီမှု လုပ်ငန်းကို ၂၀၀၁ ခုနှစ်မှ စတင်ကာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ရုံ သာမက သုခကုသိုလ်ဖြစ် ဆေးခန်းဖွင့် လှစ်၍ ငွေကြေး မတတ်နိုင်သည့် ဝေဒနာရှင်များကို အခမဲ့

ကုသပေးနေခြင်း၊ မြန်မာနိုင်ငံ အနှံ့ရှိ ရေရှားပါးသော ဒေသများသို့ သောက်သုံးရေသန့်များ လိုက်လံဝေငှခြင်း၊ အဝီစိတွင်း တူးပေးခြင်း၊ ရေတွင်း ရေကန်များ တူးဖော်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားသော ဒေသများတွင် ကူညီ ထောက်ပံ့ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး အမင်္ဂလာ အလုပ်တစ်ခုအဖြစ် ရှောင်ကြဉ် ခဲ့ကြသော ရုပ်ရှင်၊ ဂီတလောကသား အများစုကို လူမှုရေး လုပ်ငန်းများတွင် ပါဝင် လာစေရန် စံနမူနာပြ စည်းရုံးနိုင်ခဲ့သူ တစ်ဦးဖြစ်ခြင်း တို့ကြောင့် ယခုနှစ်အတွင်း လူမှုရေး ကဏ္ဍတွင် ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်ပါသည်။
ယခု ၂၀၁၂ ခုနှစ်အတွင်းတွင် အရေးပေါ် လူနာတင်ယာဉ် ထူထောင် ကူညီခြင်း၊ မျက်စိဝေဒနာရှင် များကို ခွဲစိတ်ကုသ ပေးခြင်း၊ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲ ခံရမှုကြောင့် မီးလောင် ဒဏ်ရာရရှိသော သံဃာတော်များကို ဆေးကုသစရိတ် လှူဒါန်းခြင်းစသည့် အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး စသည့် လူမှုရေးလုပ်ငန်း များအပြင် ကလေးငယ်များ အတွက် ယဉ်ကျေး လိမ္မာသင်တန်းများ၊ အင်္ဂလိပ်စာ အခြေခံ သင်တန်းများ၊ လူငယ်များ အတွက် ကွန်ပျူတာ သင်တန်း၊ အင်္ဂလိပ်စာ (ရေး၊ ဖတ်၊ ပြော) သင်တန်းများ၊ စီမံခန့်ခွဲခြင်းနှင့် ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်း၊ အလုပ်အကိုင် ရှာဖွေရေး အတွက် စာရင်းကိုင် သင် တန်း၊ ဟိုတယ် ဝန်ဆောင်မှု သင်တန်း၊ ဒီဇိုင်နာသင်တန်း များကိုပါ ဖွင့်လှစ် ပေးလျက်ရှိရာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အလို့ငှာ အဓိက အရေးပါသည့် ပညာရေးကဏ္ဍနှင့် နိုင်ငံ၏ အနာဂတ် ကလေးသူငယ်နှင့် လူငယ်များ၏ ဘဝအာမခံချက် ရရှိရေး အသက်မွေးဝမ်း ကျောင်း အတတ်ပညာ တို့ကိုလည်း အခမဲ့သင်ကြား ပေးနိုင်ရန် ပံ့ပိုးကူညီ နေသူဖြစ်ခြင်း ကြောင့် ယခုကဲ့သို့ ရွေးချယ်ရခြင်း ဖြစ်ပါသည်။

The Voice Weekly
နာမည်ကျော် သရုပ်ဆောင်ဘဝကို စွန့်လွှတ်ကာ နေ့စဉ်နေ့တိုင်း သေဆုံးသူ ပျမ်းမျှ ၄၅ ဦးမှ ၅၀ ဦးခန့် အထိကို အခမဲ့ သင်္ဂြိုဟ်ပေးသည့် နာရေး ကူညီမှု လုပ်ငန်းကို ၂၀၀၁ ခုနှစ်မှ စတင်ကာ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ရုံ သာမက သုခကုသိုလ်ဖြစ် ဆေးခန်းဖွင့် လှစ်၍ ငွေကြေး မတတ်နိုင်သည့် ဝေဒနာရှင်များကို အခမဲ့ ကုသပေးနေခြင်း၊ မြန်မာနိုင်ငံ အနှံ့ရှိ ရေရှား ပါးသော ဒေသ များသို့ သောက်သုံးရေသန့်များ လိုက်လံဝေငှခြင်း၊ အဝီစိတွင်း တူးပေးခြင်း၊ ရေတွင်း ရေကန်များ တူးဖော်ပေးခြင်း၊ သဘာဝဘေး အန္တရာယ်ဖြစ်ပွားသော ဒေသများတွင် ကူညီ ထောက်ပံ့ရေး လုပ်ငန်း များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး အမင်္ဂလာ အလုပ်တစ်ခုအဖြစ် ရှောင်ကြဉ် ခဲ့ကြသော ရုပ်ရှင်၊ ဂီတလောကသား အများစုကို လူမှုရေး လုပ်ငန်းများတွင် ပါဝင် လာစေရန် စံနမူနာပြ စည်းရုံးနိုင်ခဲ့သူ တစ်ဦးဖြစ်ခြင်း တို့ကြောင့် ယခုနှစ်အတွင်း လူမှုရေး ကဏ္ဍတွင် ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်လိုက်ပါသည်။

Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်

Photo: Who's who 2012 -ဒေါ်အောင်ဆန်းစုကြည်
========================================

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူသောကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ၄င်း၏ ဆန္ဒသဘောထား ပြောကြား ခဲ့သော်လည်း NLD ပါတီကိုမူ အများဆန္ဒဖြင့် ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သူ၊ ၂၀၁၁ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့် သီးသန့် တွေ့ဆုံပြီးနောက် ယခု ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်

ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် NLD ပါတီနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ၊ အစိုးရ သစ် လက်ထက်တွင် အစိုးရသစ်က ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ အနေနှင့် လည်းကောင်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အနေနှင့်လည်း ကောင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယခုနှစ်အတွက် ထူးခြား၊ ထင်ရှားသူအဖြစ် ရွေးချယ် လိုက်ပါသည်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည် မြန်မာ့ နိုင်ငံရေး အတွက် အချိုးအကွေ့ တစ်ခုဖြစ်ခဲ့ခြင်း၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းမဟာ အင်အားကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ အကြား ဆက်ဆံရေးတွင် အခရာကျလာသော စိန်ခေါ်မှုဖြစ်သည့် လက်ပံတောင်း တောင် အရေးတွင် "ဒီမိုကရေစီရဲ့အခြေခံ လိုအပ်ချက်က ဘာလဲဆိုတော့ အခက်အခဲတွေ ရှိရင်၊ မပြေလည်တာတွေ ရှိရင် ညှိညှိနှိုင်းနှိုင်း၊ တိုင်တိုင်ပင်ပင်နဲ့ ပြေလည်မှုရအောင် ကြိုးပမ်းကြရမယ့် တာဝန်ပဲ" ဟု ပြောကြားခဲ့ရာ အများကြိုက်မလုပ်ခဲ့ဘဲ မျှမျှတတ ပြောကြားခဲ့ခြင်း၊ ထိုပြောကြား ချက်နှင့် ၄င်း၏ ရပ်တည်ချက်မှာ အများကြိုက် မဟုတ်ဘဲ ပြဿနာ၏ အဖြေဟုပင် နိုင်ငံရေး လေ့လာ စောင့်ကြည့်နေသူများက ပြောကြား ခဲ့ရသည်အထိ သက်ရောက်မှုများစွာ ရှိခဲ့ခြင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ အနေနှင့် သံဃာတော်များ မီးဒဏ် သင့်ခဲ့သည့် သပိတ်စခန်းဖြိုခွဲမှု၊ ယင်းစီမံကိန်းနှင့် ပတ်သက်ကာ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်းသာ တွေ့ရှိမှုတို့ကို ရဲရဲဝံ့ဝံ့ အမှန်အတိုင်း တင်ပြသွားမည်ဟု ပြောကြားထားခြင်း တို့မှာ ယခုနှစ်အတွင်း အထူးမှတ်တမ်း တင်ရမည့် ဆောင်ရွက်ချက်များ ဖြစ်သည်။

ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ လွှတ်တော်အတွင်း ရောက်ရှိပြီးနောက်ပိုင်း လွှတ်တော် နိုင်ငံရေးမှာ များစွာ သိသာထင်ရှားစွာ အသက်ဝင်ခဲ့ပြီး ၄င်းတင်သွင်းခဲ့သော ရန်ကုန် တက္ကသိုလ် မြှင့်တင်ရေးနှင့် ပတ်သက်သည့်အဆို၊ ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်ရေး အဆိုတို့မှာလည်း မဲအပြတ်အသတ်ဖြင့် ထောက်ခံမှု ရရှိခဲ့ရာ ၄င်း ရွေးကောက်ပွဲဝင်စဉ်က ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော်အမတ် ၂၅ ရာခိုင်နှုန်း ရှိနေ၍ မည်သည့် အဆိုတင်တင် မဖြစ်နိုင်ဟူသော ယူဆ ချက်များ၊ ဝေဖန်ထောက်ပြမှုများ မှားယွင်းကြောင်း သက်သေ ပြသကဲ့သို့ ဖြစ်နေပါသည်။

နိုင်ငံတိုးတက်ရေး အတွက် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အတူတွဲ လုပ်ဆောင် နေစဉ်အတွင်း ၄င်းတို့နှစ်ဦးစလုံး အမေရိကန် ပြည်ထောင်စုသို့ သွားရောက် ခဲ့သည့်အပြင် အမေ ရိကန်သမ္မတ ဘားရက်ခ် အိုဘားမား သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ခဲ့ရာ မြန်မာ-အမေရိကန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းပင် ဖြစ်သည်။

အခြား တစ်ဖက်တွင်လည်း အစိုးရအတွက် အကျပ်အတည်း တွေ့နေသော ရခိုင်ပြည်နယ် ပဋိပက္ခ၊ တိုင်းရင်းသား လက်နက်ကိုင် အရေးတို့တွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် ရခိုင်အရေးတွင် တရားဥပဒေ စိုးမိုးရေး ရှိရန်လိုအပ်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာ ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား အရေးတွင် လည်း ကမ်းလှမ်းလာပါက ဝင်ရောက်ပါဝင် ဆောင်ရွက်လိုကြောင်း၊ စစ်မှန်သော ဖက်ဒရယ် စနစ် ဖော်ဆောင်မှသာ ငြိမ်းချမ်းရေး အစစ်အမှန်ကို ရရှိမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း ထင်သာမြင်သာသည့် လက်တွေ့ လုပ်ဆောင်မှုများ မြင်တွေ့လိုကြောင်း ပြည်ပမီဒီယာများနှင့် နိုင်ငံ ရေး လေ့လာစောင့်ကြည့်သူ များက ထောက်ပြပြော ဆိုခဲ့ကြသည်။

ထူးခြားချက် အနေနှင့် ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်သော ဆန္ဒရှိ သည့်အတွက် လာမည့် ၂၀၁၅ ရွေးကောက်ပွဲပြီး လျှင် သမ္မတ ဖြစ်လိုကြောင်း ဒီဇင်ဘာလ ၂၃ ရက်နေ့က တနင်္သာရီတိုင်း၊ ကျွန်းစုမြို့ အမှတ် (၄) ရပ်ကွက် မြို့သစ် အားကစားကွင်းတွင် ကျင်းပခဲ့သည့် လူထုတွေ့ဆုံပွဲ မိန့်ခွန်း၌ ထည့်သွင်းပြောကြားလိုက်ရာ မြန်မာ့နိုင်ငံရေး အလားအလာ မည်သို့ ဖြစ်လာမည် ဆိုသည်နှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ဖြစ်လာခဲ့သည်။

ကိုယ်တိုင် ရွေးကောက်ပွဲ လမ်းကြောင်းကို ရွေးချယ် ထားသော်လည်း ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီများကို ယနေ့ အချိန်အထိ တရားဝင် မျက်နှာချင်းဆိုင် စကားပြောဆိုခြင်းမရှိ သေးခြင်း၊ များစွာ ထိလွယ်ခိုက်လွယ်၊ ခံစားလွယ် သည့် ရခိုင်အရေးကိစ္စ အစောပိုင်း ကာလတွင် သတင်းအချက်အလက် စုံစုံ မရရှိသေးခင် မှတ်ချက် စကား ထုတ်ဖော်ပြောကြား ခဲ့ခြင်းတို့ အပေါ် ဝေဖန်ပြောဆိုမှုများ ရှိနေသော်လည်း ၂၀၁၂ ခုနှစ် အတွင်းတွင် ကုန်ခဲ့သည့် နှစ်များနှင့် မတူခြား နားစွာ ၄င်း၏ ရပ်တည်ချက်၊ အများကြိုက် မဟုတ် သော ပြောကြားချက်၊ လုပ်ဆောင်ချက်များကို သိသိသာသာ အရွေ့တစ်ခု အဖြစ် တွေ့မြင် လာရ ပြီး ထွန်းသစ်စ မြန်မာနိုင်ငံအတွက် ကောင်းမွန် သော အပြောင်းအလဲ လုပ်ဆောင်မှုများ ဖြစ်နေ သည့် အပြင် သမ္မတဦးသိန်းစိန်နှင့်အတူ ညင်သာ သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ၊ နိုင်ငံ အနာဂတ်၊ ဂုဏ်သိက္ခာနှင့် ယုံကြည်မှု တည်ဆောက် ရေးလုပ်ငန်းစဉ်များ လုပ်ဆောင် နေသည်များကို အသိအမှတ် ပြုသောအားဖြင့် ၂ဝ၁၂ ထူးခြား ထင်ရှားသူအဖြစ် ရွေးချယ်လိုက်ခြင်း ဖြစ်ပါသည်။


The Voice Weekly
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို သဘော မတူသောကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလိုဟု ၄င်း၏ ဆန္ဒသဘောထား ပြောကြား ခဲ့သော်လည်း NLD ပါတီကိုမူ အများဆန္ဒဖြင့်ဆုံးဖြတ်ရန် ခွင့်ပြုခဲ့သူ၊ ၂၀၁၁ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန်နှင့် သီးသန့် တွေ့ဆုံပြီးနောက် ယခု ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကိုယ်တိုင် NLD ပါတီနှင့်အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ၊ အစိုးရ သစ် လက်ထက်တွင် အစိုးရသစ်က ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ အနေနှင့် လည်းကောင်း၊ လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အနေနှင့်လည်း ကောင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ယခုနှစ်အတွက် ထူးခြား၊ ထင်ရှားသူ အဖြစ် ရွေး ချယ် လိုက်ပါသည်။

Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်

Photo: Who's who 2012 - နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
==========================================

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို နှစ် ၅၀ နီးပါးခန့် တပ်မတော်က ကိုင်တွယ် စီမံခဲ့ပြီး နောက် ဒီမိုကရေစီ နိုင်ငံသစ် တစ်ခုတည်ဆောက် ရန်အလို့ငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အရပ်သား အစိုးရအသွင် ပြောင်းပြီး အစိုးရ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း အံ့အားသင့်ဖွယ် အပြောင်းအလဲ များ အကောင်အထည် ဖော်ခဲ့သူဖြစ်သည့် အပြင် ရိုးသား ဖြောင့်မတ်သူ၊

ဟိတ်ဟန်မများ မာန်မာန နည်းသူ၊ သြဇာအာဏာ အလွဲ မသုံးခဲ့သူ၊ ကိုယ်တိုင်ရော မိသားစု၊ ဆွေမျိုးသားချင်း များပါ မည်သည့် အခွင့်ထူးကိုမျှ မရယူခဲ့သူ၊ မည် သည့် စီးပွားရေးလုပ်ငန်းရှင် နှင့်မျှ ကိုယ်ကျိုးစီးပွား မရောယှက်ခဲ့သူ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းတို့၏ စဉ်ဆက်မပြတ် စောင့်ကြည့် ခံနေရပြီး ယခု နှစ်အတွင်း တိုင်းပြည် ၏ မျှော်လင့်ထားသော ပြဿနာများ၊ မျှော်လင့် မထားသော ပြဿနာ များ၊ တစ်နည်းအားဖြင့် စိန်ခေါ်မှု၊ ပြဿနာ အခက်အခဲ များကိုပါ စနစ်တကျ တုံ့ပြန်ဖြေရှင်း နိုင်ခဲ့သူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်၏ ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
သမ္မတဦးသိန်းစိန်၏ နိုင်ငံ တည်ဆောက် ရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ရပ်များစွာ ရှိသည့်အနက် ၂၀၁၂ ခုနှစ် အတွက် မြန်မာ့ နိုင်ငံရေး ကန့်လန့်ကာ ဖွင့်လှစ်မှုဟု ဆိုအပ်သော ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲတွင် မြန်မာပြည်သူ အများစု၏ အချစ်တော် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ လွှတ်တော် နိုင်ငံရေး ကစားကွင်းထဲသို့ တရားဝင် ဝင်ရောက်ခွင့် ရရှိရေး အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိအောင် ဖန်တီး ပေးခဲ့ခြင်း၊ ပြီးခဲ့သည့် ဇွန်လက ရခိုင်ပြည် နယ်တွင်း ဆူပူအကြမ်းဖက်မှု များနှင့် လူစုဖွဲ့ အုံကြွမှု များကို ပြည်တွင်းမှ သက်ဆိုင်သူ များသာမက နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဘာသာရေးနှင့် လူမှု ရေးအဖွဲ့ အစည်းများ လက်သင့်ခံလာ သည်အထိ သတိကြီးကြီး ထားကာ စိတ် ရှည်လက်ရှည် ကြိုးပမ်းဖြေရှင်းခဲ့ ခြင်း၊ ယခင်အစိုးရ လက် ထက်က ရန်သူသဖွယ် သဘောထားခဲ့သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်၊ ငြိမ်း ချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာ သည့် အချိန်မှစ၍ တိုင်းပြည်ဖွံ့ဖြိုးရေးနှင့် သက် ဆိုင်သောလုပ်ငန်းများကို တစ်လှေတည်းစီး၊ တစ်ခရီး တည်းသွား ဒီမိုကရေစီ မောင်နှမများ သဖွယ် ပူးပေါင်းလက်တွဲ လုပ်ကိုင်နိုင်ခဲ့ခြင်း အစရှိသည် တို့မှာ ယခုနှစ်အတွင်း ထူးခြားသော လုပ်ရပ်များ ဖြစ်ပါသည်။

သမ္မတကြီးအတွက် ယခုနှစ်အတွင်း အပြောင် မြောက်ဆုံး လုပ်ရပ်များမှာ ကက်ဘိနက် အဖွဲ့တွင် ပြုပြင်ပြောင်းလဲမှုများ မပြုလုပ်လိုသူ၊ သို့မဟုတ် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို နားလည်သဘော မပေါက်သူ ဝန်ကြီးများအား ရာထူးနေရာ ပြောင်းရွှေ့ခန့်ထားခြင်း၊ အငြိမ်းစား ယူခွင့်ပြုခြင်းနှင့် မြန်မာနိုင်ငံ အပေါ် နှစ်ပေါင်း အတန်ကြာ စီးပွား ရေးပိတ်ဆို့ထားခဲ့ပြီး သံအဆင့် အတန်းလျှော့ချ ထားခဲ့သည့် အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက်ခ်အိုဘားမား၏ သမိုင်းဝင် ခရီးစဉ်တွင် မိမိ၏ မာန်မာနကို နှိမ့်ချကာ မိမိတိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အမေရိကန်-မြန်မာ ဆက် ဆံရေးကို ဦးစားပေးခဲ့မှု ပင်ဖြစ်သည်။ မာန်မာန နှိမ့်ချသည်ဟု ဆိုရသည်မှာ သမ္မတကြီးဦးသိန်းစိန် အနေဖြင့် အိုဘားမားကို မြန်မာအစိုးရ အဖွဲ့ တရားဝင်ရုံးစိုက်ရာ နေပြည်တော် ၌သာ လက်ခံ တွေ့ဆုံရမည် ဖြစ်သော်လည်း ခြောက်နာရီမျှ ကြာသော အိုဘားမား၏ မြန်မာခရီးစဉ် အစစ အရာရာ အဆင်ပြေချောမွေ့ စေရေးအတွက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေသည့် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့တော်မှ ရန်ကုန်မြို့တော်သို့ ပြန်လာကာ လက်ခံတွေ့ဆုံ ပေးခဲ့ခြင်း ဖြစ်ပါ သည်။ (နိုင်ငံ့ခေါင်းဆောင် ဟူသမျှသည် မိမိနိုင်ငံ သို့ လာရောက်လည်ပတ်သော နိုင်ငံတကာ သံခင်းတမန်ခင်း စည်းကမ်းများအရ အခြား နိုင်ငံ ခေါင်းဆောင်များကို မိမိအစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တွင်သာ လက်ခံတွေ့ဆုံလေ့ ရှိစမြဲပင် ဖြစ်ပါသည်။)

ယင်းမှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြမှုတွင် လူအုပ်စု ထိန်းချုပ်ရေး အဆင့် မြင့် နည်းဗျူဟာ (Advanced Crowd-Control Tactics) အကြောင်း တစ်လုံးတစ်ပါဒမျှ နား မလည်သည့် အပြင် ဒီမိုကရေစီ သဘောသဘာဝ များနှင့် ကောင်းစွာယဉ်ပါးမှု မရှိသေးသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၏ နှိမ်နင်းမှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သော ဗုဒ္ဓဘာသာ ရဟန်းတော်များကို အချိန်ကာလ အားဖြင့် နှောင့်နှေး သော်လည်း တရားဝင်ဝန်ချ တောင်းပန် ခဲ့ခြင်းပင် ဖြစ်ပါသည်။

ယခင်ခေတ် အဆက်ဆက် ပြည်သူလူထု၏ ဆန္ဒကို အလေးထားခြင်း နှင့် ပြည်သူလူထုကို တန်ဖိုး ထားရကောင်းမှန်း မသိခဲ့သည့် ယခင် အကျင့်စရိုက် ဟောင်းများကို တစ်ဖက်တွင် ပြောင်း လဲပစ်ရန် ကြိုးပမ်းနေသည့် အပြင် အခြားတစ်ဖက် တွင်လည်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင် အရေး စသည်ဖြင့် ပြဿနာ ပေါ်တိုင်း အဆိုပါ ၂၁ ရာစု စံနှုန်းများနှင့် ဖိအား ပေးပြောဆိုသူ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ မိမိအစိုးရ အဖွဲ့ကို လက်သင့် ခံလာအောင် ကြိုးပမ်း နေရသည့် အကျပ်အတည်း အခြေအနေ နှင့်လည်း ရင်ဆိုင်နေရသူ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး၊ အထူးသဖြင့် လက်ရှိ ကချင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့နှင့် တပ်မတော် အကြား စစ်မက်ပဋိပက္ခ ချုပ်ငြိမ်းရေး အစရှိသည်တို့မှာ သမ္မတကြီးဦးသိန်းစိန် အတွက် ၁၈ ရာစု သို့မဟုတ် ၁၉ ရာစုခေတ်မှ ပြဿနာ ဟောင်းမျိုးကို ၂၁ ရာစု စံချိန်စံနှုန်း များဖြင့် ဖြေရှင်းနေရခြင်း ဖြစ်ပါသည်။

သမ္မတ အနီးအနားတွင် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီး များမှ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ လူထု ဆက်ဆံရေး၊ လူထုရေးရာ မူဝါဒ အစရှိသည့် ပညာရပ်များကို နိုင်ငံတကာ အဆင့်မီ လေ့လာသင်ကြား တတ်မြောက်ထားသည့် အရပ် သား ပညာရှင် အားနည်းနေခြင်းကြောင့် လူထု ဆက်ဆံရေး နည်းနာများ အရ ချက်ချင်း တုံ့ပြန်ရ မည့် အရေးကိစ္စများ နှောင့်နှေးခြင်း၊ အောက်ခြေ အဆင့်တွင် ယခင်အုပ်ချုပ်သည့် စနစ်ဟောင်း အတိုင်း ပြဿနာများကို တုံ့ပြန်ဆဲ ရှိနေခြင်းတို့ အရေးတကြီး ပြုပြင်ရန် လိုအပ်နေသည်ဟု ဝေဖန် အကြံပြု ခံနေရလင့်ကစား နှလုံးခုန်နှုန်း တစ်မိနစ် လျှင် အကြိမ် ၄၀ အောက် ရောက်နေသောကြောင့် Pacemaker (နှလုံးခုန်စက်) အကူအညီဖြင့် နေထိုင် လုပ်ကိုင်နေရသည့် သမ္မတ ဦးသိန်းစိန်သည် ယခုနှစ်အတွင်း ပေါ်ထွက် လာသော အရေးကိစ္စကြီး များနှင့် ပြဿနာကြီးများကို ပြည်တွင်း၌ သာမက နိုင်ငံတကာ အသိုင်းအဝိုင်း ကပါ အများစု လက်သင့်ခံအောင် အတိုင်းအတာ တစ်ခုအထိ လုပ်ဆောင် ပေးနိုင်ခဲ့ခြင်း တို့ကြောင့် ၂၀၁၂ ခုနှစ်၏ ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါသည်။

The Voice Weekly
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို နှစ် ၅၀ နီးပါးခန့် တပ်မတော်က ကိုင်တွယ် စီမံခဲ့ပြီး နောက် ဒီမိုကရေစီ နိုင်ငံသစ် တစ်ခုတည်ဆောက် ရန်အလို့ငှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အရပ်သား အစိုးရအသွင် ပြောင်းပြီး အစိုးရ အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည့် ၂ နှစ်နီးပါး ကာလအတွင်း အံ့အားသင့်ဖွယ် အပြောင်းအလဲ များ အကောင်အထည် ဖော်ခဲ့သူဖြစ်သည့် အပြင် ရိုးသား ဖြောင့်မတ်သူ၊ ဟိတ်ဟန်မများ မာန်မာန နည်းသူ၊ သြဇာအာဏာ အလွဲ မသုံးခဲ့သူ၊ ကိုယ်တိုင်ရော မိသားစု၊ ဆွေမျိုးသားချင်း များပါ မည်သည့် အခွင့်ထူးကိုမျှ မရယူခဲ့သူ၊ မည် သည့် စီးပွားရေးလုပ်ငန်းရှင် နှင့်မျှ ကိုယ်ကျိုးစီးပွား မရောယှက်ခဲ့သူ၊ ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်း အဝိုင်းတို့၏ စဉ်ဆက်မပြတ် စောင့်ကြည့် ခံနေရပြီး ယခု နှစ်အတွင်း တိုင်းပြည် ၏ မျှော်လင့် ထားသော ပြဿနာများ၊ မျှော်လင့် မထားသော ပြဿနာ များ၊ တစ်နည်းအားဖြင့် စိန်ခေါ်မှု၊ ပြဿနာ အခက်အခဲ များကိုပါ စနစ်တကျ တုံ့ပြန်ဖြေရှင်း နိုင်ခဲ့သူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ်၏ ထူးခြား ထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။

Who's who 2012 - သီတဂူဆရာတော်

Photo: Who's who 2012 - သီတဂူဆရာတော်
=======================

လင်းပွင့်စ မြန်မာနိုင်ငံတွင် အကောင်းအဆိုး ရောပြွမ်း ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ဘာသာ ရေးနှင့် လူမှုရေး လှူဒါန်းကူညီမှု များအပြင် နိုင်ငံ ခြား တိုင်းပြည်အချို့၏ အဓိက အရေးကိစ္စရပ် အချို့တွင်ပါ သြဇာ သက်ရောက်မှုရှိရှိ လှုပ်ရှားခဲ့ သူ၊ ဘွဲ့တော်ရင်း ဒေါက်တာအရှင် ဉာဏိဿရ ဟု ခေါ်တွင်ကာ မွန်ပြည်နယ် သထုံမြို့ သပိတ်အိုင် တောရ စခန်းတွင် လေးနှစ်ကြာ တရားအားထုတ် ခဲ့ခြင်းကို အစွဲပြု၍ သပိတ်အိုင် ဆရာတော်ဟု လည်း လူသိများသူ သီတဂူ ဆရာတော်ကို ယခု နှစ်အတွက် ထူးခြား ထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် လက်ပံတောင်းတောင် အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ မြန်မာဘုန်း တော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏ ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။

"ဒီပြဿနာက ရေနဲ့ ဖျန်းတာပဲ၊ ဒါပေမဲ့ ငရဲပြည်က ရေဖြစ်နေတယ်" ၊ "သမိုင်းတွင်မည့် မီးသင့်သင်္ကန်း" စသည့် ဆရာတော်၏ မှတ်ချက် စကားတို့က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ် ဆောင်နေသော သက်တမ်းနုနု အစိုးရ အတွက် ယခု နှစ်အတွင်း အမည်းစက် ဖြစ်စေသော လက်ပံတောင်း တောင် သပိတ်ဖြိုခွင်းမှုနှင့် ပတ်သက်၍ များစွာ ထင်ရှား ခဲ့သည်။ အစိုးရက တရားဝင် ဝန်ချ တောင်းပန်အပြီး သံဃာတော်များ တစ်နိုင်ငံလုံး ဆန္ဒပြ အရှိန်တက်လာမည့် အရေးကို အစိုးရနှင့် ဦးဆောင်သံဃာ တို့အကြား ညှိနှိုင်း စေ့စပ်သူအဖြစ် ကြားဝင်ကာ ဆန္ဒပြမှုများ ရပ်တန့်ရန် မိန့်ကြား အပြီးတွင် ဆန္ဒပြမှုများ အရှိန် လျော့ကျခဲ့သည်။

ပဲခူးတိုင်း ဒေသကြီး သဲကုန်းမြို့နယ် ဇာတိ၊ သက်တော် ၃၀ ကျော်အရွယ်မှ စတင်၍ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သူ၊ ၁၉၇၈ ခုနှစ်တွင် သီတဂူ သာသနာပြု အဖွဲ့ကို တည်ထောင်ကာ ရေအလှူ တော်၊ အာယုဒါန ဆေးရုံတော်၊ ဗုဒ္ဓတက္ကသိုလ်၊ ဓမ္မဝိဟာရ စသည့် သာသနာပြု လုပ်ငန်းများ လုပ် ကိုင်လျက်ရှိသူ၊ ဗုဒ္ဓ တရားတော်ကို နေ့စဉ် အနည်း ဆုံး တစ်ကြိမ် တရားရေအေး တိုက်ကျွေးလျက် ရှိသူ ဆရာတော်သည် နိုင်ငံ အတွင်းရှိ အရေးကိစ္စ များတွင် မိန့်ကြားလေ့ရှိသော မှတ်ချက်စကားမှာ လည်းများစွာ ထိရောက်လှပြီး နိုင်ငံပြုပြင်ပြောင်း လဲရေးတွင် အစိုးရ၊ အတိုက်အခံ တို့အပြင် နိုင်ငံ တကာ ဆက်ဆံရေး စာမျက်နှာ တွင်လည်း များစွာ အရေးပါလှသောကြောင့် ယခုကဲ့သို့ရွေးချယ်ရ ခြင်း ဖြစ်ပါသည်။

The Voice Weekly
လင်းပွင့်စ မြန်မာနိုင်ငံတွင် အကောင်းအဆိုး ရောပြွမ်း ဖြစ်ပွားခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင် ဘာသာ ရေးနှင့် လူမှုရေး လှူဒါန်းကူညီမှု များအပြင် နိုင်ငံ ခြား တိုင်းပြည်အချို့၏ အဓိက အရေးကိစ္စရပ် အချို့တွင်ပါ သြဇာ သက်ရောက်မှုရှိရှိ လှုပ်ရှားခဲ့ သူ၊ ဘွဲ့တော်ရင်း ဒေါက်တာအရှင် ဉာဏိဿရ ဟု ခေါ်တွင်ကာ မွန်ပြည်နယ် သထုံမြို့ သပိတ်အိုင် တောရ စခန်းတွင် လေးနှစ်ကြာ တရားအားထုတ် ခဲ့ခြင်းကို အစွဲပြု၍ သပိတ်အိုင် ဆရာတော်ဟု လည်း လူသိများသူ သီတဂူ ဆရာတော်ကို ယခု နှစ်အတွက် ထူးခြား ထင်ရှားသည့် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်လိုက်ပါသည်။

၂၀၁၂ ခုနှစ်အတွင်း လူထု အာရုံစိုက်မှု အမြင့်ဆုံးဖြစ်ခဲ့သည့် လက်ပံတောင်းတောင် အရေး အပါအဝင် ထိုင်းနိုင်ငံ ချင်းမိုင် (ဇင်းမယ်) မှ မြန်မာဘုန်း တော်ကြီးကျောင်း အရေးတို့တွင်လည်း သက်တော် ၇၆ နှစ်ရှိ ဆရာတော်၏ ပါဝင်ဆောင် ရွက်မှုတို့မှာ များစွာ အရေးပါ ခဲ့သည်။

ကေအိုင်အေ ခေါင်းဆောင်များတရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေသခံများကို လိုင်ဇာမှ ထွက်ခွါခွင့်မပြု

Photo: ကေအိုင်အေ ခေါင်းဆောင်များတရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေသခံများကို လိုင်ဇာမှ ထွက်ခွါခွင့်မပြု
Saturday, 29 December 2012

၂၈.၁၂.၁၂ရက်နေ့က ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေခေါင်းဆောင်များက တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်တိမ်းရှောင်ပြီး ၄င်းတို့ပိုင် ဟိုတယ်များမှနေပြီး စစ်ဆင်ရေးအားကွပ်ကဲလျက်ရှိ ကြောင်း သိရှိရသည်။ ကေအိုင်အေ ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်သွားခဲ့သော်လည်း လိုင်ဇာတွင်ရှိနေသည့် တရုတ်နိုင်ငံသားများမှအပ ကျန်တိုင်းရင်းသားများကို တရုတ်နိုင်ငံသို့ သွားလာခွင့်ပိတ် ထားကြောင်းသိရှိရသည်။

ကေအိုင်အေဗဟိုဌာနချုပ်ရှိရာ လိုင်ဇာတွင်လေကြောင်းမှတဆင့် တိုက်ခိုက်လာပါက ဗုံးခိုကျင်းတူးခြင်း ရေထွက်ပေါက်များအတွင်း ၀င်ရောက် ခိုလှုံခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိသည်။ ဒီဇင်ဘာ၂၈ရက်နေ့မနက်ပိုင်းက ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရတပ်၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရတပ်၏ လေယာဉ်တစ်စီးပျံသန်းသွားခဲ့သည်။ ဒီနေ့တွင် လိုင်ဇာဌာနချုပ်နဲ့ ၈မိုင် အကွာတွင်ရှိသော လဂျားယန်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ လက်နက်ကြီးပစ်ခတ်သံများ လိုင်ဇာမြို့ပေါ်မှ ကြားနေရသည်။
အစိုးရတပ်၏ လက်နက်ကြီးများနှင့် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုများစွာ ရှိပြီး လိုင်ဇာဆေးရုံတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ ကေအိုင်အေ တွေ ပြည့်နှက်နေကြကြောင်း လိုင်ဇာမြို့သို့ရောက်ရှိနေသော သတင်းထောက်တစ်ဦးက ဆိုပါသည်။ ယခုတိုက်ပွဲဖြစ်နေသော လဂျားယန်စခန်းသည် လိုင်ဇာဌာနချုပ်အား အပေါ်စီးမှစိုးမိုးနေပြီး ၄င်းတပ်စခန်း အစိုးရစစ်တပ် လက်အောက်သို့ ရောက်ရှိသွားပါက လိုင်ဇာမြို့သည် အလွယ်တကူကျဆုံး သွားနိုင်ကြောင်း ကေအိုင်အေ အရာရှိတစ်ဦးမှပြောကြားခဲ့သည်။

Kachin Daily News
၂၈.၁၂.၁၂ရက်နေ့က ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေခေါင်းဆောင်များက တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်တိမ်းရှောင်ပြီး ၄င်းတို့ပိုင် ဟိုတယ်များမှနေပြီး စစ်ဆင်ရေးအား ကွပ်ကဲ လျက်ရှိ ကြောင်း သိရှိရသည်။ ကေအိုင်အေ ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံသို့ တိမ်းရှောင် သွားခဲ့သော်လည်း လိုင်ဇာတွင်ရှိနေသည့် တရုတ်နိုင်ငံသားများမှအပ ကျန်တိုင်းရင်းသားများကို တရုတ်နိုင်ငံသို့ သွားလာခွင့်ပိတ် ထားကြောင်းသိရှိရသည်။

ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် (ဇူးဇူး)

Photo: ကျေးဇူးဆပ်သော အလှစစ်ပိုင်ရှင် (ဇူးဇူး)
Saturday, 29 December 2012

မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည်
မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်
သို့ နာရေးရှင် ခံစားနေရသော ပူဆွေးသောက ဝေဒနာတို့ကို
ဖေးမကူညီရန်ဒုတိယအကြိမ် ရောက်ရှိလာခဲ့ သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက်အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာ
ရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့
ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။

နံနက် (၁ဝးဝဝ) နာရီ စတင်ထွက်ခွါပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ရောက်သည်နှင့် နန်းခင်ဇေယျာသည် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန် (Silence) လုပ်လိုက်သည်။ ယခုအချိန်လောက် အရေးကြီး သော အချိန်မရှိဟူသော အဓိပ္ပါယ်ပင်။ အဘယ့်ကြောင့်ဆိုသော သူမ ယနေ့ တစ်နေ့တာလုံး အမြင့်မြတ် ဆုံးသော ကုသိုလ်အလုပ်များကိုသာ လုပ်ဆောင်တော့မည်
ဖြစ်သည်။

သူမ၏ ပေးဆပ်မှုမှာ နံနက် (၁ဝးဝဝ) နာရီအချိန်မှစ၍ ညနေ (၅းဝဝ) နာရီအချိန်ထိပင်။ အလှမယ် နန်းခင်ဇေယျာ၏ တစ်နေ့တာပေးဆပ်မှုမှာ အပြည့်အဝဆုံး အဖြူစင်ဆုံး မေတ္တာများဖြင့် ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ Volunteer ယောင်္ကျားလေးမှသာ တစ်နေ့တာ နာရေးကူညီမှု လမ်းကြောင်း (၄) ကြောင်းထိ လိုက်နိုင်ကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် ပူအိုက်လှသော နေ့လည် ခင်း၊ ကား၏အပူရှိန် အငွေ့အသက်၊ နာရေးရှင်တို့၏ ပူဆွေးသောကတို့အား မျှဝေခံစားခြင်း၊ နေအိမ်မှ -ရေဝေးသုဿန်သို့၊ ရေဝေးသုဿန်မှ-နေအိမ်သို့၊ သို့တည်းမဟုတ် ဆေးရုံများသို့ တစ်နေ့တာ အကြိမ်ကြိမ် ပေးဆပ်မှုများကို
ကျော်ဖြတ်ကြရခြင်းသည် မောပန်းပင်ပန်းလှသည်ပင်။ သို့သော်အလှမယ် နန်းခင် ဇေယျာ တစ်ယောက်သည် တက်ကြွစွာဖြင့် နာရေးကူညီမှု
လမ်းကြောင်း (၄) ကြောင်းအား မပင်မပန်း လိုက်ပါကူညီခဲ့သည်။ 

သူမသည် သာမန်မိန်းကလေးမဟုတ် အလှမယ်တစ်ဦးဖြစ်ပြီး အချိန်တိုင်း မိမိအလှ ပေါ်တွင် ဂရုစိုက်နေရမည့် အမျိုးသမီးတစ်ဦးပင်ဖြစ်သည်။ သို့သော် သူမသည် နာရေးကူညီမှု လမ်း ကြောင်း (၄) ကြောင်းလုံးတွင်
ကြောက်လန့်ခြင်း၊ ရွံ့ရှာခြင်း၊ ငြိုငြင်ခြင်း အလျဉ်းမရှိခဲ့။ 

တည်ငြိမ် အေးချမ်း သော စကားများဖြင့် နာရေးရှင်အား ရှင်းလင်း
ပြောကြားနေသော သူမသည် ရုပ်သာမက စိတ်ပါလှသော အလှစစ်
တစ်ခုကိုပါ ပိုင်ဆိုင်ထားသူ တစ်ဦးပင်ဖြစ်သည်ဟု ကျွန်မစိတ်မှာ အမှန်တကယ် မှတ်ယူ လိုက်တော့သည်။

သူမ ပေးဆပ်ရန် သွားရောက်နေစဉ်ချိန်တွင်း သူမ၏ အောင်မြင်မှုကြောင့် သူမ၏ လက်ကိုင်ဖုန်းအား ဖုန်းသံမမြည်ရန်(Silence) လုပ်ထားသော်လည်း လက်ကိုင်ဖုန်းမှ ဖုန်းခေါ်တုန်ခါမှု (Vibration) ခဏ…ခဏ မြည်သည်။ သူမက ဖုန်းများအားလုံးကို မိမိယခုလမ်းကြောင်း လိုက်နေ၍ စကားအနည်းငယ်သာ ပြောပါရန် နှင့် နာရေးလမ်းကြောင်း လိုက်နေစဉ်ချိန်သည် အားလုံးထက် အရေးကြီးနေကြောင်း ကြားရသူ တစ်ဖက်မှ သိသွားလောက်သော အသံဖြင့် ညှင်သာစွာ ဖြေကြားခဲ့သည်။

နန်းခင်ဇေယျာ ဖေးမ သယ်ယူ သဂြိုလ်ပေးခဲ့သော နာရေးလမ်းကြောင်း များမှာ-ကင်ဆာရောဂါဖြင့် မြောက်ဒဂုံ(၄၅)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သွားသော ဦးဝင်းကြည် အသက်(၆၄)နှစ်၊ အသည်း ရောဂါဖြင့် (၇/၈) ဆေးရုံတွင် ကွယ်လွန်သော ဦးခင်မောင်ရင် အသက်(၅၅)နှစ်၊ အဆုတ် ရောဂါဖြင့် အရှေ့ဒဂုံ(၁၃၃)ရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်သောင်းစိန် အသက်(၆၉)နှစ်၊ လူကြီးရောဂါဖြင့် မင်္ဂလာဒုံ၊ ၃/ခရပ်ကွက် နေအိမ်တွင် ကွယ်လွန်သော ဒေါ်စန်းရင် အသက်(၆၄)နှစ် တို့အား ပို့ဆောင် သဂြိုလ်ပေးခဲ့သည်။

နန်းခင်ဇေယျာသည် သေဆုံးသူတို့အား သူမကိုယ်တိုင် စစ်ဆေးခြင်း၊
မေးမြန်းခြင်း၊ ကူညီ သယ်ပေးခြင်း တို့ကို လက်အိတ်မပါ၊ နှာခေါင်းစည်း
တို့အား အသုံးမပြုဘဲ ရိုးသားဖြူစင်သော စိတ်ထားဖြင့် ပေးဆပ်ခဲ့သည်။ တစ်နေ့တာ ပေးဆပ်မှုလုပ်ငန်းများ ပြီးစီးသွား၍ နာရေးကူညီမှု
အသင်း(ရန်ကုန်) သို့ရောက် ရှိသောအခါ ဥက္ကဌဦးကျော်သူအား အိမ်ပြန်တော့မည့် အကြောင်း လာရောက် ပြောကြား သောအခါ ဦးကျော်သူမှ တအံ့တသြဖြင့် “သမီး အသားတွေတောင် မဲကုန်ပြီ” ဟုပြောကြားခဲ့သော အခါတွင်လည်း ကျေနပ် ပီတိအပြုံးဖြင့် နှုတ်ခွန်း
ဆက်ကာ ထွက်သွားသည်ကို မြင်တွေ့ မိလိုက်ရသည်။

ထိုသို့ မမောနိုင် မပမ်းနိုင်အလှမယ်လေးတစ်ဦး၏ အသားအရေများ
နေလောင်ဒဏ်ကြောင့် ညိုမဲသွားလောက်အောင် ပေးဆပ်ခဲ့မှု သည် အများပြည်သူ ပရိတ်သတ် တို့အပေါ် ထိုက်ထိုက်တန်တန် ပြန်လည်
ကျေးဇူးဆပ်ခဲ့ခြင်း ပင်ဖြစ်သည်။ ထိုကဲ့သို့ အများပြည်သူတို့အပေါ် အပြည့်အဝ အမြင့်မြတ်ဆုံး အမွန်မြတ်ဆုံးသော ကုသိုလ်အလုပ်မျိုးဖြင့် မိမိ၏ အလှတရားကိုပင် ဂရုမပြုတော့ဘဲ မြင့်မြတ်စွာ ကျေးဇူး
ဆပ်ခဲ့ခြင်းအပေါ် သာဓု . . . သာဓု . . . သာဓု ဟူ၍ နာရေးကူညီမှု အသင်း(ရန်ကုန်)မှ သာဓု(၃)ကြိမ်ခေါ်ဆိုပြီး မေတ္တာပို့သလိုက်ရပါတော့သည်။

“ပြင်ပ ရှုပါအလှတရား ထက် အတွင်းစိတ်၏ အလှတရားသည် လွန်စွာမှ မြင့်မြတ်လှပေသည်”

ဇူးဇူး
(နာရေးကူညီမှုအသင်း)
Popular Journal
မြန်မာနိုင်ငံကိုယ်စားပြု (Miss Interational 2012) နန်းခင်ဇေယျာသည် မြောက်ဒဂုံမြို့နယ်၊ အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက် သို့ နာရေးရှင် ခံစားနေရသော ပူဆွေးသော က ဝေဒနာတို့ကိုဖေးမကူညီရန်ဒုတိယအကြိမ် ရောက်ရှိလာခဲ့ သည်။ ရင်ဖုန်းအင်္ကျီအဖြူနှင့် လုံချည်အနက် အား ဝတ်ဆင်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဧည့်အသင်းသူ/သားများ ချိတ်ဆွဲ လေ့ရှိသော အသင်းတံဆိပ်နှင့် ဈာပန-ဧည့်အသင်းသားကဒ်အား လည်ပင်းတွင် ချိတ်ဆွဲလျှက် ဈာပန လမ်းကြောင်းလိုက်ရန် ၂၄.၁၂.၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီချိန်ကတည်းက အသင်းကြီး၏ ဈာပန ဋ္ဌာန၌အသင့်တက်ကြွစွာရောက်နှင့်နေပြီဖြစ်သည်။ နန်းခင်ဇေယျာသည် ၂.၁၂.၂ဝ၁၂ ရက်နေ့ကလည်း ပထမဦးဆုံးအကြိမ် ယခုကဲ့သို့ နာရေးကူညီမှုလမ်းကြောင်း (၂) ကြောင်းအား လိုက်လံပို့ဆောင် ကူညီ သင်္ဂြိုလ်ပေးခဲ့ဖူးသည်။

လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု

Photo: လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု
Saturday, December 29, 2012 

ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေသည့် ကျောက်စိမ်း ကျောက်မျက်လုပ်ကွက်များ
အနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကို
ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

“အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့
ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့
ကျေက်မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့အညီ မှတ်ပုံတင်ကြေးပေးသွင်းကာ မှတ်ပုံတင်ပြီးအဆိုပြုလွှာတွေ
ထုတ်ယူတာနဲ့ လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်
ပါတယ်” ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတဦးက
ပြောသည်။

ထို့အပြင် သတ်မှတ် လုပ်ကွက်များအတွက် သတ်မှတ် အဆိုပြုလွှာ မကလ ၂ နှင့် ပုံစံ သမ ၁၊ ဖော်ထုတ် လုပ်ကွက်များအတွက် ဖော်ထုတ်လုပ်ကွက်
အဆိုပြုလွှာ မကလ ၅ နှင့် ပူးတွဲပုံစံ ဖထ ၁ တို့တွင် လိုအပ်သည်များကို
ပြည့်စုံစွာရေးသွင်းရမည် ဖြစ်သည်။

“အဆိုပြုလွှာ လျှောက်ထားတဲ့ ကုမ္ပဏီဟာ အဆိုပြုလွှာနဲ့အတူ ငွေရေး
ကြေးရေး အထောက်အထားတွေ ခိုင်မာမှုရှိကြောင်း မြန်မာစီးပွားရေး
ဘဏ် သို့မဟုတ် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကဘဏ် တခုခုမှ Bank Statement ကို ပူးတွဲတင်ပြ လျှောက်ထားရမှာပါ” ဟု လျှောက်ထား
ရန် ပြင်ဆင်နေသူ ဦးမင်းသူ က ပြောသည်။

အမည်မည်းစာရင်း အသွင်းခံရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုမူ
လျှောက်ထား လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေ သည့် ကျောက်စိမ်း ကျောက်မျက်လုပ်ကွက်များ အနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက် များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကိုဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ

Photo: NLD ပညာရေးကွန်ရက် ၂ နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေ ပွဲမှ ငွေကျပ်သိန်း ၂၆၅၃ ခန့်ရရှိ
Saturday, 29 December 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲမှ အသားတင် ငွေ ကျပ် 
၂၆၅၃ သိန်းခန့်ကျန်ရှိကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိ
တွင် အင်တာနက်နှင့် တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်၍ လှူဒါန်း
ထားသော ငွေများစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည်
ဖြစ်ကြောင်းသိရသည်။

ယခုရရှိထားသော ငွေများကို ပညာရေးကွန်ရက် မှ ကျောင်းများအပြင် နယ်ကြားဒေသမှ ပညာရေးကျောင်းများ၊ပြည်တွင်းစစ်အခက်အခဲကြောင့်
ရွှေ့ပြောင်းလုပ်သားများရှိရာနေရာများမှ ကျောင်းများ၊ဒုက္ခသည် များရှိရာ ဒေသမှ ကျောင်းငယ်များကို သွားရောက်လှူဒါန်းသွားမည်
ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲကို ယခုလ ၂၇ ရက်နှင့် ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

NYK
Popular Myanmar News Journal
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေ ပွဲမှ အသားတင် ငွေ ကျပ် ၂၆၅၃ သိန်းခန့်ကျန်ရှိကြောင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရရှိငွေ စုစုပေါင်းမှာ ငွေကျပ်သိန်း ၄၆၀၀ ခန့်ဖြစ်ပြီး၊ကုန်ကျစရိတ် ၁၉၄၇ သိန်း ရှိသောကြောင့် စုစုပေါင်းကျန်ငွေ ၂၆၅၃ သိန်းကျော် ကျန်ရှိကြောင်း၊အဆိုပါငွေတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှတ်တရ ပစ္စည်း နှစ်ခု အားလေလံပစ်သည့် ငွေပါ ပါဝင်ပြီးလက်ရှိတွင် အင်တာနက်နှင့် တယ်လီဖုန်း တို့ဖြင့် ဆက်သွယ်၍ လှူဒါန်းထားသော ငွေများစုံလင်စွာရရှိပါက ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား

Photo: Volkswagen ထုတ်မည့် ဘီးမပါ၊ မြေမထိကား
Saturday, 29 December 2012

ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။

Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလိုမျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

ကားက နှစ်ယောက်စီး ဖြစ်ပြီး Joy Stick နဲ့ မောင်းရမှာ ဖြစ်ပါတယ်။ စတီယာရင်ဝီး မဟုတ်ပါဘူး။ ရှေ့ ဖန်သား မျက်နှာပြင်က tochscreen ဖြစ်ပြီး အချက်အလက်များကိုလည်း Display တစ်ခုလို ဖော်ပြ ပါတယ်။ ဥပမာ မြေပုံတွေကို ဖော်ပြတာမျိုး ဖြစ်ပါတယ်။ ကားမှာ အာရုံခံ စနစ်များ ပါဝင်ပြီး လူမောင်းစရာတောင် မလိုပဲ သူ့အလိုအလျောက် လည်း မောင်းနိုင်ပါတယ်။ အချိုး အကွေ့၊ လမ်းဆုံလမ်းခွ တွေမှာ ယဉ်အန္တရာယ် မဖြစ်အောင်လည်း အာရုံခံ စနစ် ပါတယ်။ ကီလိုမီတာ သတ်မှတ်ထားပြီး ယင်းကီလိုမီတာနဲ့ ကားရဲ့  ဦးတည်ချက်ကို တွက်ချက်ပြီး တိုက်နိုင်ချေရှိရင် ရပ်ပါတယ်။ ရှောင်သင့်ရင် အလိုအလျောက် ရှောင်သွားပါ တယ်။

ဘီးမပါဘူးဆိုတော့ ဘယ်လိုသွားမလဲလို့ စိတ်ဝင်စားကြပါတယ်။ အဓိကက သံလိုက်အီလက်ထရောနစ် စက်ကွင်းကို အခြေခံမှာ ဖြစ်ပါတယ်။ ကားမှ ထုတ်လွတ်တဲ့ Electromagnetic ဓာတ်က မြေပြင်ကို ထိခတ်လို့ အပေါ်ကို အလိုလို မြင့်တက်နေစေမှာ ဖြစ်ပြီး ဘယ်နေရာဖြစ်ဖြစ်မောင်း လို့ရအောင် တော့ VW ကထပ်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို အခုကားက သံလိုက်လျှပ်စစ်ဓာတ်ဆီးကြောင်း စီးဆင်းတဲ့ မြို့  လမ်း Network ပေါ် အခြေခံ မောင်းနှင်ခြင်း ဖြစ်ပြီး ယင်း Network မရှိတဲ့ နေရာတွေမှာ မောင်းနှင်နိုင်လည်း ကြိုးပမ်းယူလျက် ရှိပါတယ်။

၃၊၄ နှစ်အတွင်း ဖြစ်လာနိုင်ချေရှိတဲ့ ကားလို့ ခန့်မှန်းထားကြပြီး မောင်းနှင်ပြ တဲ့ ပရိုမိုးရှင်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/JWh2qT9yiTo

International news for myanmar
ဂျာမနီ Volkswagen ထုတ်ကားဖြစ်ပေမယ့် တရုတ်ပြည်က VW ဒီဇိုင်နာများ ဖန်တီးပြီး People's Car Project မှ အနာဂတ်ကား သစ် ဖြစ်ပါတယ်။ Google က မောင်းသူမလိုတဲ့ ကား စမ်းသပ်ပြသလို မျိုးပဲ ပြိုင်ဆိုင်မှု အနေနဲ့ ဘီးမလို မြေမထိ ကား ( Hover Car ) ကို ယခုလို ဗီဒီယိုနဲ့ မိတ်ဆက်ပြသ ပါတယ်။ ပရိုမိုးရှင်း ဗီဒီယိုထဲမှာ တရုတ် ဇနီးမောင်နှံ က မောင်းပြပြီး မြို့ တွင်း လူစည်ကားလမ်းတွေမှာ အစွမ်းပြသွားပါတယ်။ တကယ့် ပရိုမိုးရှင်း ဗီဒီယိုထဲကလိုပဲ အပြင်မှာ တကယ် ဖြစ်လာတော့မယ်လို့ VW က ဆိုထား ပါတယ်။

၂ဝ၁၄ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်

Photo: ၂ဝ၁၄ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
Saturday, December 29, 2012 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်နိုင်ခြေ ရှိတယ်လို့ မြန်မာနိုင်ငံက နာမည်ကြီး နက္ခတ ဗေဒင်ဆရာတစ်ဦးဖြစ်သူ ဆရာ စံဇာဏီဘို က ဟောကိန်း ထုတ်လိုက်ပါတယ်။

"Maybe after July 7, 2014, onwards Aung San Suu Kyi will become president. Before the next election, she will be the president. … There might be a coalition government or something like that and then she can get the post of president. Then in the 2015 election she will be elected as president again. " ဆရာ စံဇာဏီဘိုရဲ့ ဟောကိန်းဖြစ်ပါတယ်။

၂ဝ၁၂ နှစ်ကုန်လို့ ၂ဝ၁၃ ခုနှစ်အတွက် ဗေဒင်၊ နက္ခတ်နည်းတွေနဲ့ ဘယ်လို ခန့်မှန်းသုံးသတ်မလဲ ဆိုတာ ဧရာဝတီနဲ့ ဆရာ စံဇာဏီဘိုတို့ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြရာမှာ အခုလို ခန့်မှန်း ဟောကိန်း ထုတ်လိုက်တာဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ ဝန်ကြီးဌာန အကြီးအကဲတွေ အပြောင်းအလဲဖြစ်နိုင်တယ်လို့ ဆိုပြီး လက်ရှိ လွှတ်တော်အမတ် တစ်ဦးထက်ပိုပြီး လုပ်ပိုင်ခွင့် အာဏာတွေ ပိုရလာနိုင်ပြီး သမ္မတ မဟုတ်သော်လည်း ဒုတိယ သမ္မတလိုမျိုး ဖြစ်လာဖို့ ရှိတယ် လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။

လာမယ့် ၂ဝ၁၃ ခုနှစ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေ တွေ့ရနိုင်ဖွယ်ရှိပြီး တကယ့် အပြောင်း အလဲကြီးတွေ ဟာ ၂ဝ၁၄ လောက်မှာ ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်ပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့နောက်ပိုင်း မြန်မာနိုင်ငံဟာ အရာရာ အကောင်းဘက်ကို ရောက်လာမှာဖြစ်ပြီး ၁၉၈၈ ခုနှစ်က အိပ်မက် တွေလည်း လက်တွေ့အကောင်အထည်ပေါ် လာနိုင်ဖွယ်ရှိတယ်လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။

စစ်တပ်က အာဏာ ပြန်သိမ်းမယ့် အဖြစ်မျိုး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့လည်း ဆရာ စံဇာဏီဘိုက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဆရာ စံဇာဏီဘိုဟာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး လည်းဖြစ် တာမို့ အခု အင်တာဗျူးမှာ သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံ တစိပ်တပိုင်းကို လည်း ပြော ထားပါတယ်။

အသေးစိပ်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းက PAUL VRIEZE ရေးသားတဲ့ Suu Kyi President in 2014? Just Ask the Stars…

အိမ့်သံစဉ် ၊ ဧရာဝတီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်နိုင်ခြေ ရှိတယ်လို့ မြန်မာနိုင်ငံက နာမည်ကြီး နက္ခတ ဗေဒင်ဆရာတစ်ဦးဖြစ်သူ ဆရာ စံဇာဏီဘို က ဟောကိန်း ထုတ်လိုက်ပါတယ်။

My Blog List