Wednesday, October 23, 2013

တရုတ်တွင် အွန်လိုင်းမှ ကောလဟာလလွှင့်သူ ငါးဦးကိုဖမ်း

အောက်တိုဘာ ၂၃။
 INTERNET SURFERS
တရုတ်နိုင်ငံ ဟန်န်ပြည်နယ်၊ ဟန်ယမ်းမြို့မှ Ge Qiwei နှင့် အပေါင်းအဖော် လေးဦးကို အင်တာနက်တွင် ကောလဟာလ များ လွှင့်သည့်အတွက် အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ ဆင်ဟွာ သတင်းဌာနက ကြေညာခဲ့သည်။
Geသည် အဖွဲ့မှ ဦးဆောင်သူ တစ်ဦးဖြစ်ပြီး အဟုတ်မမှန်သော သတင်းများလွှင့်ခြင်း၊ အဆိုးမြင်ဝါဒဖြင့် အချက်အလက်များဖြင့် blackmail များပို့ခြင်းကို ကိုယ်တိုင်သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသ အားဖြင့်လည်းကောင်း ပါဝင်ပတ်သတ်နေ၍ ယခုကဲ့သို့ ထိန်းသိမ်းခြင်းဟု လည်းဆိုသည်။ Ge အနေဖြင့်မူ စာနယ်ဇင်းသမား တစ်ယောက်ကဲ့သို့ ဝေဖန်ရေး စာမျက်နှာများ၊ သတင်းများကို အင်တာနက်သို့ တင်ခဲ့သူဖြစ်သည်။

ခေါင်းဖြတ်သတ်သည့် ဗီဒီယိုဖိုင်ကြောင့် သောကပွေရသော မိဘများအပေါ် Facebook က တာဝန်ရှိပါသလား

အောက်တိုဘာ ၂၃
23.10.2013kst3
Facebook တွင် ကြမ်းတမ်းရက်စက်သည့် ဗီဒီယိုဖိုင်များကို ပြန်လည်ခွင့်ပြုပြီးသည်နောက် ဗြိတိန်ဝန်ကြီချုပ် ဒေးဗစ် ကင်မရွန်းက ခေါင်းဖြတ်သတ်သော ဗီဒီယိုဖိုင်ကြောင့် မိမိသားသမီးများ အတွက် စိတ်ဒုက္ခရောက်နေရသော မိဘများကို Facebook အနေဖြင့် တာဝန်ယူဖြေရှင်းချက်ပေးသင့်ကြောင်း ဆိုလိုက်သည်။ ၀န်ကြီးချုပ်သည် Twitter လူမှု ကွန်ရက်မှတစ်ဆင့် ပြောခဲ့ခြင်းဖြစ်သည်။
ယင်းဗီဒီယိုဖိုင်တွင် မက္ကဆီကိုမူးယစ်ဂိုဏ်းက အမျိုးသမီးတစ်ဦးကို စတင် ခေါင်းဖြတ်နေသည့် တစ်မိနစ်ကြာ ဗီဒီယိုဖြစ်သည်။

မူးယစ်သားကောင်များ လပိုင်းအတွင်း အရုပ်ဆိုး အကျည်းတန်သွား October 23rd, 2013 23.10.2013kst5

23.10.2013kst5
အောက်တိုဘာ ၂၃။
အမေရိကန်နိုင်ငံ အော်ရဂန်ပြည်နယ် မက်ထ်နောမာခရိုင် ရဲဌာက ဆေးမှုနှင့် ထောင်ကျသူများ၏ မျက်နှာများကို အနီးကပ် ရိုက်ထားသည့် ပုံများကို ထုတ်ဝေကာ မူးယစ်ဆေးဝါးသည် လပိုင်းအတွင်း သူ၏သားကောင်များကို အရုပ်ဆိုး အကျည်းတန်သွားစေကြောင်း ခိုင်မာသည့် အထောက်အထားများအဖြစ် ပြသခဲ့သည်။

တော်ဝင်အလုပ်သမားသမဂ္ဂ အလုပ်သမားဝန်ကြီးဌာနသို့ တရားစွဲရန်စီစဉ် October 23rd, 2013

ရန်ကုန်၊ အောက်တိုဘာ ၂၃။
23.10.2013-ppa1
တော်ဝင်သစ်အချောထည် စက်ရုံလုပ်သမားနှင့် အလုပ်ရှင်ပြဿနာသည် ယနေ့အချိန်အထိ ပြေလည်မှု မရရှိသေးသည့်အတွက် အလုပ်ရှင်နှင့် အလုပ်သမား ပြဿနာဖြေရှင်းပေးရေး ခုံသမာဓိ ကောင်စီ၏
ချမှတ်ထားသော ကတိက၀တ်များအား အပြီးသတ်တိုင်အောင် ဖြေရှင်းပေး ခြင်းမရှိပါက အလုပ်သမားရေးရာဝန်ကြီးဌာနအား တရားဆွဲဆိုသွားရန် စီစဉ်လျက်ရှိကြောင်း တော်ဝင်သစ်အချောထည် အလုပ်သမားသမဂ္ဂအဖွဲမှ ကိုနေလင်းဦးက ပြောသည်။

မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးခ၀ါချမှု

မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းစုကြီး တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်၏ အခွန်ဆောင်ထားမှု ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၁၇ သန်းဝန်းကျင်ဖြင့် အမြင့်ဆုံး ပေးဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အမြင့်ဆုံး ပေးဆောင်သည့် စီးပွားရေး လုပ်ငန်းများ အနေဖြင့် အမေရိကန်ဒေါ်လာ သန်းတစ်ရာ၊ နှစ်ရာထက် ငွေဖြူပိုမရှိနိုင်သည့် သဘောဖြစ်သည်။ ထို့အတွက် ကျန်စီးပွားရေး လုပ်ငန်းများက ၀င်ငွေခွန် ပေးဆောင်မှု ပမာဏသည် ဒေါ်လာ ၁၀ သန်းအောက်တွင်ပင် ရှိနိုင်ပါသည်။ ရွှေတောင်အုပ်စု၏ The Nation သတင်းစာသို့ တရားဝင် ဖြေကြားချက်အရ ၎င်းတို့၏ ဆောက်လုပ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရှိကြောင်း သိရသည်။ ထို့ကြောင့် အခြားသူများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပိုင်ဆိုင်မှု ပမာဏများသည် အမေရိကန်ဒေါ်လာ သန်းရာဂဏန်း အထက်တွင်ပင် ရှိနေနိုင်ပါသည်။ သို့သော် ရင်းနှီးမြှုပ်နှံနိုင်သည့် ပိုင်ဆိုင်မှု ငွေကြေးပမာဏနှင့် အခွန်ပေးဆောင်မှု ပမာဏကြား ကွာဟချက်က မေးခွန်းထုတ်စရာများ ဖြစ်နေသည်။

သေဒဏ်ကျ အီရန်အကျဉ်းသား ကြိုးစင်တင်ပြီးနောက် ကိုးမားဖြစ်ကာ အသက် ဆက်လက်ရှင်သန်ခွင့်ရ

23.10.2013kst4
အောက်တိုဘာ ၂၃။
အီရန်တွင် သေဒဏ်ကျ အကျဉ်းသားတစ်ဦးကို ကြိုးစင်တင်ကာ စီရင်ပြီးနောက်ပိုင်း အသက်မသေဘဲ ကိုးမားဖြစ်သွား၍ အသက်ဆက်လက် ရှင်သန်ခွင့် ရသွားကြောင်း IRNA သတင်းဌာနက အောက်တိုဘာ ၂၁ရက်က ကြေညာခဲ့သည်။ကြိုးမိန့်ကျခံရသူ Alireza M အသက် ၃၇ နှစ်သည် မူယစ်ဆေးဝါး တရားမ၀င် ရောင်းဝယ်မှုဖြင့် ပြစ်ဒဏ်ကျခဲ့ပြီး အောက်တိုဘာ လဆန်းက ကြိုးစင်တင်ခဲ့သည်။ သူ့ကို အီရန် အရှေ့မြောက်ပိုင်းရှိ အကျဉ်းထောင်တွင် ကြိုးကွင်းစွပ် စီရင်ပြီးနောက် ၁၂မိနစ် အကြာတွင် သက်ဆိုင်ရာ ဆရာဝန်က သေဆုံးပြီ ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။

ရှမ်းမြောက်ပိုင်းတွင် ဖွဲ့စည်းပုံပြင်ရန် ခရိုင်သုံးခု သဘောတူ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံကောက်ယူရာ ရှမ်းမြောက်ပိုင်းခရိုင် သုံးခုတွင် ပြင်ဆင်ရန် အတွက် သဘောတူကြောင်း သဘောထားအမြင်များကို ရှမ်းပြည်နယ်တွင် လိုက်လံကောက်ခံသူ NLD ၏ ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အောက်တိုဘာ ၂၂တွင် ပြောသည်။

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား လေကြောင်းခရီးဖြင့် အပြန်အလှန် သွားရောက်မှုများအတွက် ဗီဇာ ကင်းလွတ်ခွင့်ပြုရန် ထိုင်းအစိုးရအဖွဲ့ သဘောတူ

Wednesday, October 23, 2013

လေကြောင်းမှ တစ်ဆင့် အချိန်တို အလည်အပတ် သွားရောက်သည့် မြန်မာနှင့် ထိုင်းနိုင်ငံသားများအား ဗီဇာ ကင်းလွတ်ခွင့် ပေးရန်အတွက် နှစ်နိုင်ငံ သဘောတူညီချက်ကို ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်

Wednesday, October 23, 2013
Photo: မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်
Wednesday, October 23, 2013

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်
ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့
နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒီချို့ယွင်းအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို ထိခိုက်စေနိုင်တဲ့အပြင်
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ တဖြည်းဖြည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာအစိုးရထဲမှာ လွှမ်းမိုးနေတဲ့ စစ်အတွေး၊ စစ်အမြင်ကနေ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အတွေးအခေါ်အဖြစ်
ပြောင်းလဲနိုင်ဖို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ကတည်းက ရှိနေတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ Mr. Quintana အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီး အောက်တိုဘာ ၂၄ ရက်နေ့ ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

VOA 
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိ သာသာတိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့ အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး နိုင်ငံတကာဆွေးနွေး

Wednesday, October 23, 2013
ဆီးရီးယားနိုင်ငံရဲ့ အစိုးရနဲ့ အချိန်အတော်ကြာ ဖင့်လာခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကို ကျင်းပနိုင်ဖို့အတွက် ထပ်ကြိုးပမ်းတဲ့အနေနဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ အင်္ဂါနေ့မှာ တွေ့ဆုံ စည်းဝေးနေကြပေမဲ့ အခက်
အခဲတွေတော့ရှိနေသေးတယ်လို့သံတမာန်တွေကပြောပါတယ်။ဆီးရီးယားမိတ်ဆွေ နိုင်ငံများအဖွဲ့ဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ထိပ်တန်း သံအရာရှိတွေ ဆီးရီးယားအတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးနေကြတာ
ဖြစ်ပါတယ်။ ဆီးရီးယားပဋိပက္ခကြာရှည်လာလေ ပိုပြီး ဂိုဏ်းကွဲမှုတွေ ကြီးလာလေ ဖြစ်တယ်လို့ ဆီးရီးယား မိတ်ဆွေနိုင်ငံများအဖွဲ့ရဲ့ တခြားအဓိကအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုတွေမပြုလုပ်ခင်မှာဘဲ ဗြိတိသျှ နိုင် ငံခြားရေး ဝန်ကြီး William Hague ပြောသွားခဲ့ပါတယ်။

လယ်သိမ်းခံတောင်သူတွေ တောင်ဒဂုံမြေစာရင်းရုံးမှာ သွားရောက် ကန့်ကွက်

Wednesday, October 23, 2013
Photo: လယ်သိမ်းခံတောင်သူတွေ တောင်ဒဂုံမြေစာရင်းရုံးမှာ သွားရောက်
ကန့်ကွက်
Wednesday, October 23, 2013

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေက ရာနဲ့ချီတဲ့လယ်သမားတွေဟာ သူတို့လယ်တွေကိုသိမ်းတဲ့ ကုမ္ပဏီတွေ
ဘက်က လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခဲ့တာကြောင့် ဒီနေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြေစာရင်းဦးစီးဌာနရုံးမှာ သွားရောက်
ကန့်ကွက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကုမ္ပဏီကြီး ၁၆ ခုလောက်က အဲဒီမြို့နယ်တွေမှာ လယ်ဧကသောင်းဂဏန်းလောက်ကို လယ်သမားတွေနဲ့ အကျိုးတူလုပ်မယ်ဆိုပြီး သိမ်းယူခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရက ကုမ္ပဏီတွေမှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ခွင့်ပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့လယ်သမားတွေက ကန့်ကွက်ခဲ့ကြတာပါ။

အစိုးရက တစ်လအတွင်းကန့်ကွက်နိုင်တယ်လို့ ပြောထားတဲ့အတွက် လာရောက်ကန့်ကွက်တာဖြစ်တယ်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာက ဦးမောင်ညိုက RFA ကို ပြောပါတယ်။

"လယ်ယာမြေကို ကုမ္ပဏီကနေပြီးတော့သီးစားတင်ပိုင်ခွင့်ပြုတယ်လို့
မြေစာရင်းကနေပြီးတော့ ၁၇ ရက်နေ့က သိရှိရတယ်၊ သူတို့ကျတော့
တင်ပိုင်ခွင့်ရှိတယ်၊ တောင်သူလယ်သမားကျတော့ တင်ပိုင်ခွင့်မပြုတဲ့
အတွက် ကျနော်တို့က ပြန်လည်ပြီးတော့ ကန့်ကွက်ရခြင်းဖြစ်တယ်"

လယ်ယာမြေတွေကို သိမ်းယူခဲ့တဲ့ကုမ္ပဏီတွေထဲမှာ ဧဒင် ၊ မက်စ်မြန်မာ၊ ရွှေတောင်၊ ယုဇနစတဲ့ ကုမ္ပဏီတွေပါတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီတွေထဲက မက်စ်မြန်မာကုမ္ပဏီကတော့ လယ်တစ်ဧကကို ၂၈ သိန်းနှုန်းနဲ့ လျော်ကြေးပေးထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီကနေ့တင်ပြတဲ့ လယ်သမားတွေရဲ့ ကန့်ကွက်ကြောင်း အကြောင်းကြားစာတွေကိုတော့ မြို့နယ်မြေစာရင်း ဦးစီဌာနက လက်ခံခဲ့တယ်လို့ သိရပါတယ်။

RFA 
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေက ရာနဲ့ချီတဲ့လယ်သမားတွေဟာ သူတို့လယ်တွေကိုသိမ်းတဲ့ကုမ္ပဏီတွေဘက်က လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခဲ့ တာကြောင့် ဒီနေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြေစာရင်းဦးစီးဌာနရုံးမှာ သွားရောက်ကန့်ကွက်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကုမ္ပဏီကြီး ၁၆ ခုလောက်က အဲဒီမြို့နယ်တွေမှာ လယ်ဧကသောင်းဂ ဏန်းလောက်ကို လယ်သမားတွေနဲ့ အကျိုးတူလုပ်မယ်ဆိုပြီး သိမ်းယူခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အစိုးရက ကုမ္ပဏီတွေမှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ခွင့်ပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့လယ် သမားတွေက ကန့်ကွက်ခဲ့ကြတာပါ။

၂၀၁၅ ရွေးကောက်ပွဲအတွက် ၈၈ GSY ပါတီနှင့် UMFNP ပါတီတို့ မကွေးတိုင်းတွင် ပူးပေါင်း မဲဆွယ်မည်

Wednesday, October 23, 2013
မကွေးမြို့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) - ၈၈ GSY ပါတီနှင့် ပြည် ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချု ပ် ပါတီ (UMFNP)တို့ ပူးပေါင်း၍ ၂၀၁၅ ခုနှစ်အတွက် အောင်နိုင်ရေးဆင်းမည်ဟု ၈၈ GSY ပါတီ မကွေးတိုင်းစည်းရုံးရေးမှူးဥက္ကဋ္ဌ ဦးအောင်လင်းဦးက မဇ္ဈိမကို ပြောသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံရန် ကိုယ်စားလှယ်များနှင့် ပါတီဝင်အသစ်များကို ပြန်လည် စုဆောင်းနေပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးကို ပါတီနှစ်ခု ပေါင်းကာ ကြိုးပမ်းမည်ဟု ဦးအောင် လင်းဦးက ပြောသည်။ ထိုသို့ ၂၀၁၅ ရွေးကောက်ပွဲ ပြန်လည်ဝင်ရန် ထိုပါတီနှစ်ခုသည် မကွေးမြို့ အောင် မေတ္တာ(ခ) ရပ်ကွက် တွင် ရုံးခန်းသစ်တစ်ခုကို ပူးပေါင်း ဖွင့်လှစ်လိုက်ပြီး ဒုတိယအကြိမ် ရုံးခန်းသစ်ဖွင့်ပွဲ၊ ဆိုင်းဘုတ်တင်ပွဲနှင့် အလံတင်ပွဲကို အောက်တိုဘာလ ၂၂ ရက် နေ့လယ် ၂ နာရီက ကျင်းပခဲ့သည်။

အစိုးရရုံးများရှိ အိုဟောင်းနေသည့် ယာဉ်များကို ဘဏ္ဍာနှစ်အလိုက် အသစ်အစားထိုးရန် တင်ပြမည်

Wednesday, October 23, 2013
အစိုးရရုံး၊ ဌာနအသီးသီးတွင်ရှိသည့် ယာဉ်အားလုံး၏ သုံးပုံနှစ်ပုံခန့်မှာ သက်တမ်းကြာနေသည့် ယာဉ်အို ယာဉ်ဟောင်းများ ဖြစ်နေသည့်အတွက် ထိုယာဉ်များကို ဖျက်သိမ်းပြီး အသစ်အစားထိုးရန် ဘဏ္ဍာနှစ် အလိုက် တင်ပြသွားမည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ဒု-၀န်ကြီး ဒေါက် တာ ခင်စန်းရီက ပြောဆိုလိုက်သည်။အစိုးရဌာနအသီးသီးရှိ အဆိုပါယာဉ်အို၊ ယာဉ်ဟောင်းများကြောင့် ၀န်းထမ်းများ လမ်းခရီးကြန့်ကြာမှုများ နှင့် မော်တော်ယာဉ်မီးခိုးများကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေသည့်အတွက် အသစ် အစားထိုးရန် အောက်တိုဘာ ၂၂ ရက်က ပြုလုပ် သည့် ပြည်သူ့လွှတ်တော်တွင် ၀မ်းတွင်းမြို့နယ်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါ တီအမတ် ဦးသန်းမြင့်၏ မေးမြန်းမှုကို ဒု-၀န်ကြီးက ယခုကဲ့သို့ ပြန်ဖြေခဲ့ခြင်းဖြစ်သည်။

Miss Universe ပြိုင်ပွဲ လက်မှတ် တန်ဖိုး ရူဘယ် ၂၅ဝဝ မှ ၇ဝဝဝဝ အထိ ရှိသော်လည်း ရုရှားရောက် မြန်မာများ ဝယ်ယူ အားပေးမည်

Wednesday, October 23, 2013
နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ Crocus City Hall ၌ Miss Universe ရွေးချယ်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ရာ ရုရှားရောက် မြန်မာများ သွားရောက်အားပေး ကြည့်ရှုကြမည် ဖြစ်ကြောင်း သိရသည်။ပြိုင်ပွဲလက်မှတ် ဈေးနှုန်းများမှာ VIP Stalls တွင် ရုရှားငွေ ရူဘယ် (၆ဝဝဝဝ မှ ၇ဝဝဝဝ)၊ Ths Stalls တွင် (၃ဝဝဝဝမှ ၄ဝဝဝဝ)၊ Amphitheatre တွင် (၈ဝဝဝ မှ ၁ဝဝဝဝ)၊ Circle တွင် (၆ဝဝဝ မှ ၁ဝဝဝဝ)နှင့် ရိုးရိုးတန်းများမှာ (၂၅ဝဝ မှ ၄ဝဝဝ)အထိ ဈေးနှုန်း အသီးသီး ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာများသည် သွားရောက် အားပေးရန် လက်မှတ်များ ဝယ်ယူထားကြကြောင်း သိရသည်။ မိုးစက်ဝိုင်သည် ယမန်နေ့က Miss Universe Organization သို့ ပြိုင်ပွဲဝင်ရန် သတင်းပို့ခဲ့ပြီး Crowne Plaza Moscow World Trade Centre Hotel ၌ ရောက်ရှိ တည်းခိုနေပြီ ဖြစ်သည်။

Tuesday, October 22, 2013

ဆီးဂိမ်း ယူ-၂၃ဘောလုံးပွဲ ပရိသတ်အန္တရာယ်မရှိစေရန် အဖွဲ့ချုပ်စီစဉ်

Tuesday, October 22, 2013


ဆီး ဂိမ်းပြိုင်ပွဲတွင် ယူ-၂၃အသင်း ဘောလုံးပြိုင်ပွဲ၌ လက်မှတ်အတု များဖြင့် မဝင်ရောက်နိုင်ရန်နှင့် ပရိသတ်အန္တရာယ်မရှိစေရေး အတွက် နည်းပညာမြင့်လက်မှတ် များ ထိုင်းကုမ္ပဏီက ရောင်းချ ပေးမည်ဖြစ်ကြောင်း ဈေးကွက် ရှာဖွေရေးဒါရိုက်တာ ဦးဆူး အောင်က ပြောသည်။
အဆိုပါ ထိုင်းကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဆူဇူကီးဖလား ခြေစစ်ပွဲ ကွင်းဝင်ခွင့်လက်မှတ် များကို ရောင်းချပး ခဲ့သည့် အတွေ့အကြုံရှိသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

နိုင်ငံတကာ အလှမယ်တွေ မြန်မာပြည်မှာ ပရဟိတလုပ်ဖို့ နန်းခင်ဇေယျာက ဖိတ်ခေါ်

Tuesday, 22 October 2013

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်းမှ ပြန်လည် ခေတ်စားလာတဲ့နိုင်ငံတကာ မယ်ပြိုင်ပွဲကို ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး Miss Internationl 2012 ရဲ့ အင်တာနက်မယ်ဆုရ နန်းခင်ဇေယျာကတော့ သူသွားရောက် ယှဉ်ပြိုင်ခဲ့ရတဲ့ Miss ပြိုင်ပွဲက မယ်တွေကို မြန်မာပြည်ကို လာရောက်ပြီး ၂၇ ကြိမ်မြောက် SEA GAME အကြို လှုံ့ဆော်ပွဲမှာ ပါဝင်ဖို့နဲ့ မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားရင်း ပုဂံ၊ ညောင်ဦးဒေသတွေမှာ ပရဟိတ အလုပ်တွေကို သူနဲ့ အတူ လုပ်ဆောင်သွားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။

သယံဇာတ စီမံခန့်ခွဲခွင့် ရခိုင်လူမှုအဖွဲ့အစည်း ၂၀ ကျော် တောင်းဆို

Tuesday, 22 October 2013

ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို ပြည်နယ်အဆင့်က စီမံခန့်ခွဲပိုင်ခွင့်ရှိ ဖို့နဲ့ ဒေသ ခံတွေအကျိုးခံစားခွင့်ရရှိရေးအတွက်၂၀၀၈ ဖွဲ့စည်းပုံမှာ ထည့်သွင်းပြဌာန်းပေးဖို့ ရခိုင်ပြည်နယ် က အဖွဲ့ အစည်းတွေနဲ့ဒေသခံတွေက ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုပါတယ်။

သမ္မတAssad ရှိနေသရွေ့ ဆီးရီးယား ငြိမ်းချမ်းရေးမရနိုင်

Tuesday, 22 October 2013

 ဆီးရီးယားနိုင်ငံမှာ သမ္မတဘာရှားအယ်အာဆဒ် အာဏာကိုင်ထားသရွေ့ ဆီးရီးယားပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာလို့ ရနိုင်မှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။

ကျိုက်ထီးရိုး ဘုရားဖူးရာသီ အဖွင့်၌ ၁၀ နှစ်တာ ကာလအတွင်း ဘုရားဖူး လာရောက်မှု အများဆုံးဖြစ်ပြီး တည်းခိုခန်း ဈေးနှုန်းများ ပုံမှန်ထက် နှစ်ဆမှ သုံးဆအထိ မြင့်တက်


Tuesday, 22 October 2013

ယခုနှစ် ကျိုက်ထီးရိုးဘုရား ရာသီအဖွင့်၌ ဘုရားဖူး ခရီးသည်များမှာ ယခင်နှစ်များထက် များပြားခဲ့ပြီး ဘု ရားဖူးများမှာ တည်းခိုရန်နေရာ မလုံလောက်သည့် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပြီး တည်းခိုခန်း ခ နှုန်း ထားများမှာ လပြည့်နေ့၌ ပုံမှန်ထက်နှစ်ဆမှ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယခုနှစ် သီတင်းကျွတ် လပြည့်နေ့ မတိုင်မီကပင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ခရီးသည် အများအပြား စတင်ရောက်ရှိခဲ့ကြပြီး သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ ၁၉ ရက်၌ ပိုမိုများပြား ခဲ့ ကာ ကျိုက်ထီးရိုး တောင်ပေါ်ရှိ တည်းခိုခန်းများ၊ ထမင်းဆိုင်များမှာ အခန်းလွတ် မရှိသလောက် ဖြစ် သွား ခဲ့ပြီး ယခုနှစ်တွင် လာရောက်သည့် ဘုရားဖူးများမှာ ယခင်နှစ်ရာသီ အဖွင့်ပွဲကထက် ပိုမိုများပြား ခဲ့ကြောင်း ကို ဂေါပက အဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

ဂီရိမုန်တိုင်းသင့်ဒေသ ထူထောင်ရေး IRC အဖွဲ့ ဒေါ်လာ ၂၂ သန်း သုံးစွဲမည်


Tuesday, 22 October 2013

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က ရခိုင်ကမ်းရိုးတန်းကို တိုက်ခတ်ခဲ့တဲ့ ဂီရိဆိုင်ကလုန်းမုန်တိုင်း ဒဏ်ခံခဲ့ရတဲ့မြို့ န ယ်တွေမှာ ပြန်လည်ထူထောင်ရေး စီမံကိန်းတွေအတွက် အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကယ် ဆယ်ရေးနဲ့ အကူအညီပေးရေးအဖွဲ့ International Rescue Committee IRC က အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် သုံးစွဲသွားမယ်လို့ ဒီနေ့ ပြောလိုက်ပါတယ်။

IRC အဖွဲ့က တာဝန်ရှိသူတွေဟာ ဒီနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့တာပါ။ ဂီရိဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြို့နယ်တွေမှာ အသက်မွေးဝမ်းကျောင်းနဲ့ စား နပ်ရိက္ခာဖူလုံရေးကိစ္စတွေကို အလေးထားဆောင်ရွက်သွားမယ်လို့ IRC ရဲ့ စီမံကိန်းဒါရိုက်တာ Vincent Jalabert က ပြောပါတယ်။

အစိုးရနဲ့ KNPP ငြိမ်းချမ်းရေး ဆွေးနွေးမည်

Tuesday, 22 October 2013

အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါ တီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တွဲဘက်အတွင်းရေးမှူး ၂ ဦးရွှေမျိုးသန့်က မနက်ဖြန်ဆွေးနွေး ပွဲမှာ အစိုးရနဲ့ ကေအင်ပီပီ အဖွဲ့တို့ပူးပေါင်းဆောင်ရွက်နိုင်မယ့်ကိစ္စတွေ ကို ဆွေးနွေးကြမယ် လို့ ပြောပါတ ယ်။

Sunday, October 20, 2013

ကားလောကအတွင်း ကားစလစ် လိမ်လည်မူတို့ မကြာခဏ ဖြစ်ပွားနေ

Sunday, October 20, 2013
ယာဉ်အို ယာဉ်ဟောင်းအပ်နှံမူ နည်းပါးလာမူကြောင့် စလစ်ရှားပါးကာ ကားဈေး မြင့်တက်လာတကဲ့သို့ ကျပ် သိန်းနှင့် ချီသော လီမ်လည်မူများလည်း ဖြစ်ပေါ်လာလျက် ရှိနေရာ ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း ကားပွဲစားတို့က ပြောကြားသည်။
ပြီးခဲ့သည့် လက မန္တလေးတိုင်းတွင် ကျပ်သိန်း လေးသောင်းကျော် လိမ်လည်မူ ဖြစ်ပွားတကဲ့သို့ ယခုလတွင်လည်း ရန်ကုန်မြို့တွင် ကျပ်သိန်း(၇၀၀၀)ကျော် လိမ်လည်မူ တစ်ခု ဖြစ်ပွားခဲ့သည်။
“အခု ရန်ကုန်မှာ စလစ်ကိစ္စနဲ့ ပတ်သက်ပြီး လိမ်လည်မူ ဖြစ်ခဲ့တယ်။ အဓိက ကတော့ ယုံကြည်မူ အပေါ် အခွင့်ကောင်း ယူတာရယ်။ကြိုက်ရှင်း စနစ်လိုမျိုး ပုံစံရယ်ကြောင့် အခုလို ဖြစ်လာတာပါ။ စလစ် ရှားပါးတာလည်း ပါတော့ လူတွေက လုပ်စားလာကြတာ”ဟု မင်းရဲကျော်စွာ ကားပွဲစားတန်းမှ ဦးမင်းဦး က ပြောကြားသည်။

ခရက်ဒစ်ကတ် ထုတ်ပေးရေး ဗဟိုဘဏ် လက်တွန့်နေ

Sunday, October 20, 2013
ခေတ်မီ ဘဏ်စနစ်က အလုံးစုံနီးပါး လွှမ်းခြုံထားသည့် ကမ္ဘာတွင် ATM စက်များနှင့် အကြွေးဝယ်ကတ်များ ကင်းမဲ့နေ ခြင်းသည် စီးပွားရေးစနစ် ခေတ်နောက်ကျနေကြောင်း ပြသနေခြင်းဟု ဆိုနိုင်ပါသည်။
ရာစုနှစ်ပေါင်းများစွာ စီးပွားရေးတံခါးပိတ်နေခဲ့သည့် နိုင်ငံတခုဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုအခါ မြို့ပြ၏ အချက်အချာ နေရာအချို့တွင် ATM စက်အနည်းငယ် ရှိနေပြီး အခြားနိုင်ငံများတွင် ရရှိနေခဲ့ပြီး ဖြစ်သည့် ငွေကြေးဝန်ဆောင်မှုမျိုး ပေး နေပြီ ဖြစ်သည်။
သို့သော်လည်း ခရက်ဒစ် အကြွေးဝယ်ကတ်များနှင့် ပတ်သက်၍ ယခုထက်ထိ ရေရေရာရာ သိနိုင်ခြင်း မရှိသေးပါ။

ဆွစ်ဇာလန် နိုင်ငံ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် တရုတ်ဆေးဝါး အတုများ သိမ်းဆည်းရမိ

Sunday, October 20, 2013
ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် တရုတ် နိုင်ငံမှ သယ်ဆောင် လာသော ဆေးဝါးအတု တစ်သန်းခန့်ကို ဆွစ်ဇာလန် အကောက်ခွန် အရာရှိ များက သိမ်းဆည်း ရမိခဲ့ကြောင်း တာဝန်ရှိသူ များက ပြောကြားခဲ့သည်။ အလေးချိန် ကီလိုဂရမ် ၄ဝဝ ရှိ အဆိုပါ ဆေးဝါး အတုများကို ကုန်သေတ္တာ လေးခုအတွင်း ထည့်သွင်းထားပြီး တရုတ် နိုင်ငံမှ အီဂျစ် နိုင်ငံသို့ တင်ပို့ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဆွစ်ဇာလန် နိုင်ငံ ဆေးဝါးပစ္စည်း ထုတ်လုပ်ရေး အဖွဲ့မှ ပြောကြားခဲ့သည်။
အဆိုပါ ဆေးဝါးများသည် စိတ်ချောက်ချားခြင်း (သို့) ထိတ်လန့် တုန်လှုပ်ခြင်း စသည့် ဝေဒနာများကို ကုသရန် Pfizer ကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ၎င်းဆေးဝါး များသည် အတု ဖြစ်သည်ကို အလွယ်တကူ ခွဲခြားနိုင်ခြင်း မရှိကြောင်း ဆေးဝါးပစ္စည်း ထုတ်လုပ်သည့် ဌာနမှ စမ်းသပ် စစ်ဆေးချက်များ အရ သိရသည်။ အီဂျစ် နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် မူးယစ်ဆေးဝါး အတုများ ကုန်သွယ်ရာတွင် အဓိက ကျသော ဈေးကွက်တစ်ခု ဖြစ်သည်ဟု သိရသည်။

 မြ၀တီ

ကောလင်းမြို့နယ်တွင် တုပထားသည့် တစ်သောင်းတန် ငွေစက္ကူတချို့ ဖမ်းဆီးရရှိ

Sunday, October 20, 2013
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ကောလင်းမြို့ ဗိုလ်ချုပ်လမ်း အောင်ရတနာ ကားဂိတ်တွင်အောက်တို ဘာ ၁၇ ရက်နံနက် ၁၁ နာရီခွဲခန့်က တုပပြုလုပ်ထားသည့် တစ်သောင်းတန် ငွေစက္ကူဖြင့် ခရီးသွားကား လက်မှတ် ဝယ်ယူခဲ့ကြောင်း ကားဂိတ် တာဝန်ရှိ သူတစ်ဦးထံက သိရသည်။
ထိုနေ့ ည ၈ နာရီခွဲက ကောလင်းမြို့မှ မန္တလေးမြို့သို့ ထွက်ခွာမည့် အောင်ရတနာ ခရီးသည်တင်ကား အသင်းသို့ ခရီးသွားလက်မှတ် သုံးစောင်ကို တုပ ပြုလုပ်ထားသည့် တစ်သောင်းတန် ငွေစက္ကူဖြင့် လာရောက် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း ခရီးသွားလက်မှတ် အရောင်းစာရေး မထက်ထက်ဇော် ဆိုသူက သူမ၏ ဂိတ်မှူးထံသို့ တင်ပြခဲ့ကြောင်း သိရသည်။

KNPP နှင့် အစိုးရ တပ်နေရာချထားရေး ဆွေးနွေးမည်

Sunday, October 20, 2013
နှစ်ဖက်တပ်များ ပြန်လည်နေရာ ချထားရေးကိစ္စ အဆင်ပြေမှသာ နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေးတွင် လက်မှတ်ရေးထိုးမည်ဟု ကြေညာထားသော ကရင်တိုင်းရင်းသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရအဖွဲ့တို့ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး အတွက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် လွိုင်ကော်မြို့၌ တွေ့ဆုံသွားမည် ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် (KNPP) ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီးရယ် က ပြောကြားသည်။"အစိုးရဘက်က တပ်တွေက အခုနောက်ပိုင်း ပိုပြီးတော့ များလာတယ်။ အဲဒါကို လျှော့ချဖို့ ဆွေးနွေးမှာပါ" ဟု ၄င်းက ပြောကြားသည်။ KNPP နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်မည်မှာ ဟုတ်မှန်သော်လည်း တွေ့ဆုံမည့်ရက်ကို အတိအကျ မသိသေးကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ ဒေါက်တာမင်းဇော်ဦးက ပြောဆိုသည်။
"အရင်ဆွေးနွေးပွဲတွေမှာ မပြတ်ခဲ့တဲ့ အချက်တွေကို ဆွေးနွေးသွားမှာပါ" ဟု ၄င်းကဆိုသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တက်ရောက် လက်မှတ်ထိုးရန် အတွက် KNPP ထိန်းချုပ်နယ်မြေ အတွင်းရှိ အစိုးရတပ်များ လျှော့ချရေးကို တောင်းဆိုသွားမည် ဖြစ်ကြောင်း KNPP က ထုတ်ပြန် ကြေညာထားသည်။

မန္တလေးတိုင်း ယာဉ်မောင်းလိုင်စင် လျှောက်ထားမှု တရုတ်နိုင်ငံသား အများဆုံးဟုဆို

Sunday, October 20, 2013
မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် ယခုနှစ် ဇန်ဝါရီလမှ စက်တင်ဘာလအထိ ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသည့် နိုင်ငံခြားသား များတွင် တရုတ်နိုင်ငံသား အများဆုံး ဖြစ်ကြောင်း အဆိုပါ ဌာန၏ မှတ်တမ်းများအရ သိရသည်။
ဒုတိယအများဆုံးမှာ တူရကီလူမျိုးများ ဖြစ်ပြီး ဟော်လန်နှင့် အမေရိကန် နိုင်ငံသား လျှောက်ထားမှုမှာ တစ်ဦးစီသာ ရှိကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူက ပြောကြားသည်။မြန်မာနိုင်ငံတွင်းသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်နေသည့် နိုင်ငံခြားသားများအား ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာ တွင် မြန်မာနိုင်ငံသားများ နည်းတူ လိုင်စင်သက်တမ်း သတ်မှတ်ထားပြီး စည်းကမ်းချက် များမှာလည်း အတူတူဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

နိုင်ငံတကာစံချိန်မှီရဲတပ်ဖွဲ့ ဖြစ်အောင်လုပ်မည်ဟု ဒုဝန်ကြီးဦးရဲထွဋ်ကဆို

နိုင်ငံတကာအဆင့်မီရဲတပ်ဖွဲ့ ဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးဦးရဲထွဋ်ကဆိုသည်။ မြန်မာနိုင်ငံတွင် ဗုံပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပတ်သက်၍ပြန်ကြားရေး ၀န်ကြီး ဌာနဒုတိယ၀န်ကြီး ဦးရဲထွဋ်က မီဒီယာ၏မေးမြန်းချက် များကို ပြန်လည်ဖြေကြားစဉ်ယင်း သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်ရဲဝန်ထမ်း အင်းအားထမ်မံတိုးချဲရန် အခြေအနေကို ဦးရဲထွဋ်က “လက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင်ကမ္ဘာလှည့် ခရီးသွားတွေကို ကာကွယ်မယ့် တပ်ဖွဲ့၊ ရေကြောင်း၊ လေေ ကြာင်းတွေကို ထပ်မံဖွဲ့စည်းဖို့ရှိပါတယ်။ နိုင်ငံတကာစံချိန်မီတဲ့ ရဲတပ်ဖွဲ့ ပုံသဏ္ဍာန်ဖြစ်အောင် လုပ်ဆောင် နေပါတယ်။ ရခိုင်မှာဆိုရင်လာမဲ့ လထဲမှာ အမြန်ရေယာဉ်တွေနဲ့ ကင်းလှည့်မှုတွေစပြီးလုပ်တာ မှာ ဖြစ် သ လို ရန်ကုန်မြစ်အတွင်းမှာ လည်း ကင်းလှည့်ဖို့အစီစဉ်တွေ စီစဉ်ဆောင်ရွက်နေပါတယ်ဟု”ပြော ကြားသည်။

ဖုန်းဆိုင်မှ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူများကို ဖော်ထုတ်ဖမ်းဆီး

Sunday, October 20, 2013
၁၁.၁၀.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်၊ ပီမိုးနင်းလမ်းနေ ဦးမြင့်ဆွေသည် အိပ်ယာမှနိုးစဉ် နေအိမ်နှင့်တွဲလျက်ဖွင့် ထားသော ခေတ်ဆန်းဖုန်းဆိုင် တံခါးမှာပွင့်နေ၍ ဆိုင်အတွင်း စစ်ဆေးရာ ဟန်းဆက်မျိုးစုံ(၃၇)လုံး၊ ပြုပြင်ရန်အပ်ထားသည့် ဟန်းဆက်(၉)လုံး၊ ဖုန်းဘက္ထရီမျိုးစုံ(၃၁)လုံး၊ ဖုန်းအိတ်မျိုးစုံ(၈)လုံး၊ ဆင်းကဒ်(၁)ခု၊ ကီးပက် (၂)ခု နှင့်ငွေကျပ်(၁၂၀၀၀)၊ စုစုပေါင်းတန်ဖိုး(၂၉၃၇၀၀၀) ကျပ် မှာ ပျောက်ဆုံးနေကြောင်းတွေ့ရသဖြင့် ခိုးယူသူကိုအရေးယူပေးရန် တိုင်တန်းမှုအား လှိုင်သာယာ မြို့မ ရဲစခန်း(ပ)၁၁၇၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက်ခဲ့ပါသည်။
Photo: ဖုန်းဆိုင်မှ ဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများ ခိုးယူသူများကို
ဖော်ထုတ်ဖမ်းဆီး
Sunday, October 20, 2013

၁၁.၁၀.၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန် လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်၊
ပီမိုးနင်းလမ်းနေ ဦးမြင့်ဆွေသည် အိပ်ယာမှနိုးစဉ် နေအိမ်နှင့်တွဲလျက်ဖွင့်
ထားသော ခေတ်ဆန်းဖုန်းဆိုင် တံခါးမှာပွင့်နေ၍ ဆိုင်အတွင်းစစ်ဆေးရာ
ဟန်းဆက်မျိုးစုံ(၃၇)လုံး၊ ပြုပြင်ရန်အပ်ထားသည့် ဟန်းဆက်(၉)လုံး၊
ဖုန်းဘက္ထရီမျိုးစုံ(၃၁)လုံး၊ ဖုန်းအိတ်မျိုးစုံ(၈)လုံး၊ ဆင်းကဒ်(၁)ခု၊ ကီးပက်
(၂)ခု နှင့်ငွေကျပ်(၁၂၀၀၀)၊ စုစုပေါင်းတန်ဖိုး(၂၉၃၇၀၀၀)ကျပ်မှာ ပျောက်
ဆုံးနေကြောင်းတွေ့ရသဖြင့် ခိုးယူသူကိုအရေးယူပေးရန် တိုင်တန်းမှုအား
လှိုင်သာယာမြို့မရဲစခန်း(ပ)၁၁၇၀/၂၀၁၃၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေး
ယူဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊
မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် အမှုမှတရားခံဖမ်းဆီးရမိရေး
အတွက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၁၂.၁၀.၂၀၁၃ ရက်နေ့ ၁၂၀၀ အချိန်
လှိုင်သာယာမြို့နယ်၊ညောင်တုန်းလမ်းတွင် စိုင်းကို(ဘ)ဦးမြင့်ဝင်း၊
လှိုင်သာယာမြို့နယ်နေသူအား၏ ဟန်းဆက်(၁)လုံးဖြင့်လည်းကောင်း၊
၁၄.၁၀.၂၀၁၃ ရက်နေ့၁၆၀၀ အချိန် လှိုင်သာယာမြို့နယ်၊(၈)ရပ်ကွက်
တွင် ဖြိုးမောင်မောင်(ဘ)ဦးသန်းဇော်ဦး၊ လှိုင်သာယာမြို့နယ် နေသူ
အားဟန်းဆက်(၂)လုံးဖြင့်လည်းကောင်း၊ပန်းဘဲတန်းမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ၁၂.၁၀.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ပန်းဘဲတန်း
မြို့နယ်၊ ရွှေဘုံသာလမ်းအတွင်းဟန်းဆက်များလိုက်လံရောင်းချနေသည့်
ဝေယံ၊ (ဘ)ဦးတင်ထွန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊စုပုံချစ်(ခ)ပြည့်ဖြိုး
အောင်၊ (ဘ)ဦးလှတင်၊ ထန်းတပင်မြို့နယ်၊ သီဟဇော်(ခ)စိုးသီဟ
(ဘ)ဦးမောင်သက်၊ လှိုင်သာယာမြို့နယ်၊ အောင်နိုင်စိုး (ဘ)ဦးခင်စိုး၊
လှိုင်သာယာမြို့နယ်နှင့် ဇော်လတ် (ဘ) ဦးမောင်လတ်၊ ဆိပ်ကြီး
ခနောင်တိုမြို့နယ်နေသူတို့(၅)ဦးအားလည်းကောင်း၊ စုစုပေါင်း(၇)ဦး
အား ဖမ်းဆီးရမိစစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ ၄င်းတို့(၇)ဦးသည် ၁၁.၁၀.၂၀၁၃ ရက်နေ့ ၀၂၀၀ အချိန်ခန့်တွင်လှိုင်သာယာမြို့နယ်၊(၃)ရပ်ကွက်၊ပီမိုးနင်းလမ်းရှိ
ခေတ်ဆန်းဖုန်းဆိုင်အနီးသို့သွားရောက်ကာ စိုင်းကို၊ပြည့်ဖြိုးအောင်၊
သီဟဇော်(ခ)စိုးသီဟ၊ ဇော်လတ်၊ အောင်နိုင်စိုးတို့(၅)ဦးသည်
ဆိုင်ပတ်ဝန်းကျင်တွင်လူကြည့်ပေးခဲ့ကြပြီးဖြိုးမောင်မောင်နှင့် ဝေယံတို့
(၂)ဦးသည်ဆိုင်တံခါးမကြီးအားတွန်းဟ၍ အတွင်းဂျက်များဖွင့်ကာ
ဝင်ရောက်ပြီး ဟန်းဆက်များ၊ ဖုန်းဘက္ထရီများ၊ ဖုန်းအိတ်များ၊ MP3၊
ဆင်းကဒ်နှင့် ငွေ(၁၂၀၀၀)ကျပ်တို့အား ခိုးယူခဲ့ကြောင်းစစ်ဆေးပေါ်
ပေါက်သဖြင့်သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းအရေးယူ
ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

Yangon Police

My Blog List