Wednesday, January 22, 2020

မမှန်သတင်းဖြန့်ချိခြင်းများကိုတားဆီးရန် ရွေးကောက်ပွဲကော်မရှင်က Facebook နှင့် ညှိနှိုင်းဆောင်ရွက်မည်


Image may contain: one or more people and phone
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် လူမှုကွန်ရက် စာမျက်နှာများပေါ်၌ အမုန်းစကားများနှင့် မမှန်သတင်းများဖြန့်ချိရေးသားခြင်းများကို တားဆီးကာကွယ်ရန်နှင့် အသိပညာပေးလုပ်ငန်းများပြုလုပ်သွားရန် Facebook နှင့်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် social media အသုံးပြုမှု လမ်းညွှန်ရေးစာအုပ်မူကြမ်းကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။
''Facebook နဲ့လည်း ပထမအကြိမ်ညှိနှိုင်းပြီးပြီ။ သူတို့ဘက်ကလည်း ဘယ်လိုလုပ်မယ်ဆိုတာကို ပြန်ပြောမှာပါ။ သူတို့ဆီက နည်းပညာနဲ့ automatic ဘယ်လိုလုပ်သွားမလဲဆိုတဲ့ဟာတွေ ဒါ တွေကတော့ သူတို့နဲ့ပြန်ပြီး လုပ်သွားမယ်။ ခုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က social media အသုံးပြုမှု လမ်းညွှန်ရေးဆိုတဲ့ စာအုပ်အကြမ်းလေးရှိပါ ပြီ။ ပြီးရင်မျှဝေပေးလို့ရပါတယ်။ social media အသုံးပြုမှုကြီးကြပ်ရေးကော်မတီ၊ social media အသုံးပြုမှုအဖွဲ့၊ ျသခငေူ ာနိငေ စောင့်ကြည့်ရေးအဖွဲ့ ဆိုတာတွေ ပါမယ်။ ဆရာတို့က သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့။ ဒီသုံးဖွဲ့က social media နဲ့ အသေးစိတ်ဆွေးနွေးနေတုန်းပါ''ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြောကြားသည်။

ထို့အပြင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာပေးမှုများ အမုန်းစကားများကာကွယ်စေရန် ပညာပေးဗီဒီယိုများကိုလည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

''အဓိကကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အသိပညာပေးမှာပေါ့နော်။ အသိပညာပေးတဲ့လုပ်ငန်းတွေ။ နောက်ပြီး Facebook မှာ အမုန်းစကားတွေပြောတာ၊ မမှန်သတင်းတွေ အဲဒါတွေလည်း ကာကွယ်ဖို့လုပ် သွားမယ်။ Facebook ကိုင်တဲ့လူတိုင်း ဒါလေးတွေက အသိပညာအများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ မကြာမီ ကျွန်တော်တို့ အကောင်အထည်ဖော်မှာပါ။ ဒါကတော့ ထူးထူးခြားခြားပိုပြီး ထိရောက်မယ်လို့လည်း ယူဆပါတယ်။ လူထုစိတ်ဝင်စားအောင် ကျွန်တော်တို့ကြော်ငြာလေးတွေထည့်သွားမှာပါ''ဟု လည်း ဦးမြင့်နိုင်ကဆိုသည်။

လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၈ ပါတီ၊ ပါတီတည်ထောင်ခွင့် စိစစ်နေဆဲ သုံးပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ နှစ်ပါတီဖြစ်၍ စုစုပေါင်း ၁ဝ၃ ပါတီရှိပြီး ယာယီရပ်ဆိုင်းထားသည့်ပါတီမှာ သုံးပါတီရှိကာ ပါတီလျှောက်ထား နိုင်ခြင်း ရက်ပိတ်သွားပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။

တင်မိုးခိုင် (နေပြည်တော်)

မမှန်သတင်းဖြန့်ချိခြင်းများကိုတားဆီးရန် ရွေးကောက်ပွဲကော်မရှင်က Facebook နှင့် ညှိနှိုင်းဆောင်ရွက်မည်
------ ------ ------

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် လူမှုကွန်ရက် စာမျက်နှာများပေါ်၌ အမုန်းစကားများနှင့် မမှန်သတင်းများဖြန့်ချိရေးသားခြင်းများကို တားဆီးကာကွယ်ရန်နှင့် အသိပညာပေးလုပ်ငန်းများပြုလုပ်သွားရန် Facebook နှင့်ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် social media အသုံးပြုမှု လမ်းညွှန်ရေးစာအုပ်မူကြမ်းကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။

''Facebook နဲ့လည်း ပထမအကြိမ်ညှိနှိုင်းပြီးပြီ။ သူတို့ဘက်ကလည်း ဘယ်လိုလုပ်မယ်ဆိုတာကို ပြန်ပြောမှာပါ။ သူတို့ဆီက နည်းပညာနဲ့ automatic ဘယ်လိုလုပ်သွားမလဲဆိုတဲ့ဟာေတွ ဒါ တွေကတော့ သူတို့နဲ့ပြန်ပြီး လုပ်သွားမယ်။ ခုပြည်ထောင်စုရွေးကောက်ပွဲေကာ်မရှင်က social media အသုံးပြုမှု လမ်းညွှန်ရေးဆိုတဲ့ စာအုပ်အကြမ်းလေးရှိပါ ပြီ။ ပြီးရင်မျှဝေပေးလို့ရပါတယ်။ social media အသုံးပြုမှုကြီးကြပ်ရေးကော်မတီ၊ social media အသုံးပြုမှုအဖွဲ့၊ ျသခငေူ ာနိငေ စောင့်ကြည့်ရေးအဖွဲ့ ဆိုတာတွေ ပါမယ်။ ဆရာတို့က သတင်းမှန် ထုတ်ပြန်ရေးအဖွဲ့။ ဒီသုံးဖွဲ့က social media နဲ့ အသေးစိတ်ဆွေးနွေးနေတုန်းပါ''ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူဦးမြင့်နိုင်က ပြောကြားသည်။

ထို့အပြင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အသိပညာပေးမှုများ အမုန်းစကားများကာကွယ်စေရန် ပညာပေးဗီဒီယိုများကိုလည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

''အဓိကကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အသိပညာပေးမှာပေါ့နော်။ အသိပညာပေးတဲ့လုပ်ငန်းတွေ။ နောက်ပြီး Facebook မှာ အမုန်းစကားတွေပြောတာ၊ မမှန်သတင်းတွေ အဲဒါတွေလည်း ကာကွယ်ဖို့လုပ် သွားမယ်။ Facebook ကိုင်တဲ့လူတိုင်း ဒါလေးတွေက အသိပညာအများကြီးရမယ်လို့ မျှော်လင့်ပါတယ်။ မကြာမီ ကျွန်တော်တို့ အကောင်အထည်ဖော်မှာပါ။ ဒါကတော့ ထူးထူးခြားခြားပိုပြီး ထိရောက်မယ်လို့လည်း ယူဆပါတယ်။ လူထုစိတ်ဝင်စားအောင် ကျွန်တော်တို့ကြော်ငြာလေးတေွထည့်သွားမှာပါ''ဟု လည်း ဦးမြင့်နိုင်ကဆိုသည်။

လက်ရှိတွင် နိုင်ငံရေးပါတီပေါင်း ၉၈ ပါတီ၊ ပါတီတည်ထောင်ခွင့် စိစစ်နေဆဲ သုံးပါတီ၊ မှတ်ပုံတင်ခွင့် စိစစ်ဆဲ နှစ်ပါတီဖြစ်၍ စုစုပေါင်း ၁ဝ၃ ပါတီရှိပြီး ယာယီရပ်ဆိုင်းထားသည့်ပါတီမှာ သုံးပါတီရှိကာ ပါတီလျှောက်ထား နိုင်ခြင်း ရက်ပိတ်သွားပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။

တင်မိုးခိုင် (နေပြည်တော်)

No comments:

Post a Comment

My Blog List