Friday, February 08, 2013

အင်းလေးဟိုတယ်ဇုန် မြေနေရာများအတွက် ဖေဖော်ဝါရီလကုန်တွင် လျှောက်လွှာခေါ်ယူမည်

Photo: အင်းလေးဟိုတယ်ဇုန် မြေနေရာများအတွက် ဖေဖော်ဝါရီလကုန်တွင်
လျှောက်လွှာခေါ်ယူမည်
Friday, February 08, 2013

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဟိုတယ်ဇုန်
မြေနေရာချထားမှုများ အတွက် ဖေဖော်ဝါရီလကုန်တွင် သတင်းစာမှ
လျှောက်လွှာများ ခေါ် ယူသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်
ဖေဖော်ဝါရီ(၅)ရက် (၁၀း၀၀) နာရီအချိန် ညောင်ရွှေမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော အင်းလေးဒေသ ဟိုတယ်ဇုန်ဖော် ထုတ်ရေးစီမံကိန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရသတင်းထုတ် ပြန်ရေးအဖွဲ့၏ သတင်းစာရှင်း လင်းပွဲတွင် အဖွဲ့ခေါင်းဆောင် ရှမ်း ပြည်နယ်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး
ဌာန၀န်ကြီး ဦးခွန်သိန်းမောင်က ပြောကြားသည်။

ဝန်ကြီးက ရှင်းလင်းပြော ကြားခဲ့ရာတွင် အင်းလေးဒေသ ဟိုတယ်ဇုန်စီမံကိန်း အကောင် အထည်ဖော်ရာမှာ ဒေသတွင်းနဲ့ အနည်းငယ်ပြေလည်မှုမရှိသေးတာ ကြောင့် နှောင့်နှေးနေရခြင်း ဖြစ်ပြီး ယခုအခါ ဒေသခံများ အနေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်တာကြောင့်
မြေကွက် လျှောက်ထားရေးအတွက် နောက်အကျဆုံး ဖေဖော်ဝါရီလ ကုန်တွင် သတင်းစာမှ ကြော်ငြာခေါ်ယူနိုင်မည်လို့ ခန့်မှန်းရကြောင်း
ပြောကြားသွား ခဲ့သည်။

အင်းလေးဟိုတယ်ဇုန်ကို အင်းလေးကန်ရှုခင်းအား မြင်နိုင် ခံစားနိုင်မည့် အင်းလေးကန်၏ အရှေ့ဘက်သစ်တောဦးစီးဌာနပိုင် ကြိုးဝိုင်းမြေ
(၆၂၂)ဧကတွင် သစ် တောဦးစီးဌာနက ဟိုတယ်နှင့် ခရီး သွားလာ
လုပ်ငန်းထံမှ နှစ်(၃၀) အခြေခံပြီး ငှားရမ်းလုပ်ကိုင်သွား ခြင်းဖြစ်ပြီး၊ ဟိုတယ်စီမံကိန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ခြင်း၊ လူမှု
ပတ်ဝန်းကျင်ထိန်းသိမ်း ခြင်းကိစ္စရပ်များအပါအ၀င် သတ် မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ် ကြောင်း၊
ပြည်ပမှလုပ်ငန်းရှင်များ သာမက ပြည်တွင်းလုပ်ငန်းရှင်များ နှင့်ဒေသခံ
လုပ်ငန်းရှင်များကိုပါ လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရသည်။

(အင်ပင်သား)
The Hot Newsရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ် အင်းလေးဟိုတယ်ဇုန်
မြေနေရာချထားမှုများ အတွက် ဖေဖော်ဝါရီလကုန်တွင် သတင်းစာမှ
လျှောက်လွှာများ ခေါ် ယူသွားမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်ဖေဖော် ၀ါရီ (၅)ရက် (၁၀း၀၀) နာရီအချိန် ညောင်ရွှေမြို့၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော အင်းလေးဒေသ ဟိုတယ်ဇု န်ဖော် ထုတ်ရေးစီမံကိန်းနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်အစိုးရ သတင်း ထုတ် ပြန်ရေးအဖွဲ့၏ သတင်းစာရှင်း လင်းပွဲတွင် အဖွဲ့ခေါင်းဆောင်

NDF ပါတီခေါင်းဆောင်များကို ဂျာမန်ဖောင်ဒေးရှင်းတာဝန်ရှိသူများ လာရောက်တွေ့ဆုံ

Photo: NDF ပါတီခေါင်းဆောင်များကို ဂျာမန်ဖောင်ဒေးရှင်းတာဝန်ရှိသူများ လာရောက်တွေ့ဆုံ
Friday, February 08, 2013

ဂျာမဏီနိုင်ငံအခြေစိုက်KONRAL ADENAUER STIFTUNG မှ အာရှတိုက်ဆိုင် ရာ ဒါရိုက်တာMS.Dr Beatrice Georawantsehy နှင့် အဖွဲ့ဝင် သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့ သည် ၆-၂-၂၀၁၃ ရက် နေ့လည်
၁ နာရီတွင် အမျိုးသားဒီမိုကရေ စီအင်အားစုပါတီဌာနချုပ်သို့ လာ
ရောက်၍ မြန်မာနိုင်ငံအခြေ အနေများကို ဆွေးနွေးမေးမြန်းခဲ့ ကြသည်။

ထိုဆွေးနွေးပွဲသို့ ပါတီခေါင်း ဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဋ္ဌ ဦးစိန်လှဦး၊ အထွေထွေ အတွင်းရေးမှူးဒေါက်တာ ၀င်းနိုင်၊ အတွင်းရေးမှူး(၁)ဦးကြည်သန်း၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊
ပြန်ကြားရေးမှူး ဦးတိုးတိုး နှင့်The innovative Academyမှ ဥက္ကဋ္ဌ ဦးမျိုးဇော်အောင်တို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ လက်ရှိအခြေအနေများ၊ အနေ အထားများ၊ ၂၀၁၀ ရွေးကောက် ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲအကြောင်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအနေ အထားများကို ဖောင်ဒေးရှင်းက အကူအညီပေးနိုင်မည့်အနေ အထားများကို ဆွေးနွေးခဲ့ကြပါ သည်။

ထို့ပြင် အဆိုပါNDF ပါတီ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာတင်ရွှေသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန
ဒုဝန်ကြီးအဖြစ် ခန့်အပ် ခံခဲ့ရပြီး “အစိုးရသစ်တက်လာပြီး နောက်
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်မဟုတ်သူ အခြားပါတီဝင်တစ်ဦးကို ဒုဝန် ကြီးအဖြစ် ဒါဟာပထမဆုံးခန့် အပ်ခြင်းဖြစ်ကြောင်းကိုလည်း” နိုင်ငံရေးအသိုင်းအ၀ိုင်းက မှတ် ချက်ပေးခဲ့ကြပါသည်။

 
ဥယျာဉ်မှူး
The Hot Newsဂျာမဏီနိုင်ငံအခြေစိုက်KONRAL ADENAUER STIFTUNG မှ အာရှတိုက်ဆိုင် ရာ ဒါရိုက်တာMS.Dr Beatrice Georawantsehy နှင့် အဖွဲ့ဝင် သုံးဦးပါ ကိုယ်စားလှယ်အဖွဲ့ သည် ၆-၂-၂၀၁၃ ရက် နေ့လည်
၁ နာရီတွင် အမျိုးသားဒီမိုကရေ စီအင်အားစုပါတီဌာနချုပ်သို့ လာ
ရောက်၍ မြန်မာနိုင်ငံအခြေ အနေများကို ဆွေးနွေးမေးမြန်းခဲ့ ကြသည်။
ထိုဆွေးနွေးပွဲသို့ ပါတီခေါင်း ဆောင် ဒေါက်တာသန်းငြိမ်း၊ ပါတီဥက္ကဋ္ဌ

လခြမ်းနီအသင်းက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဆန်အိတ်တွေလှူဒါန်း

Photo: လခြမ်းနီအသင်းက ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဆန်အိတ်တွေလှူဒါန်း
Friday, February 08, 2013

မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး Mr. Murat Yavuz Ates နဲ့ တူရကီ လခြမ်းနီအသင်း ဒုတိယ ဥက္ကဌ Mr. Nihat Adiguzen တို့အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဆန်အိတ်ပေါင်း ၄ သောင်းကို ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့ပါတယ်။

အဲဒီလို လှူဒါန်းရာမှာ ရခိုင်ပြည်နယ်တစ်ခုမှာရှိတဲ့ နှစ်ဘက်စလုံးက ဒုက္ခသည်တွေအတွက် လာရောက် လှူဒါန်းတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေး ဆပ်ကော်မတီအဖွဲ့ဝင် ဦးမျိုးသန်းက RFA ကိုပြောပါတယ်။

မနေ့က ရောက်ရှိလာတဲ့ တူရကီသံအမတ်ကြီးအဖွဲ့နဲ့ အတူ
မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာဝန်ရှိသူတွေလည်း အတူလိုက်ပါလာခဲ့ကြပါတယ်။

သံအမတ်ကြီးအဖွဲ့ဟာ မနေ့က စစ်တွေမြို့ အုန်းတောကြီး 
ဒုက္ခသည်စခန်းနဲ့ မင်းဂံဒုက္ခသည်စခန်းတွေကို ဆန်အိတ်တွေ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့သလို ဒီကနေ့မနက်ပိုင်းမှာလည်း 
စက်ရုံစု ဒုက္ခသည်စခန်းနဲ့ ခေါင်းတုပ်ကာ ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ပြည်နယ်ဝန်ကြီးချုပ်
အပါအဝင်၊ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း တာဝန်ရှိသူတွေနဲ့ တူရကီသံအမတ်ကြီးနဲ့အဖွဲ့ဟာ သီးသန့်တွေဆုံ
ဆွေးခဲ့ပါတယ်။

အဲဒီလိုသီးသန့်တွေ့ဆုံဆွေးနွေးရာမှာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး ကိစ္စရပ်တွေအတွက် အလေးထား ဆွေးနွေးခဲ့ကြတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူ
တွေက ပြောပါတယ်။

RFA Burmeseမြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး Mr. Murat Yavuz Ates နဲ့ တူရကီ လခြမ်းနီအသင်း ဒုတိယ ဥက္ကဌ Mr. Nihat Adiguzen တို့အဖွဲ့ဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်တွေအတွက် ဆန်အိတ်ပေါင်း ၄ သောင်းကို ကိုယ်တိုင်လာရောက် လှူဒါန်းခဲ့ပါတယ်။

ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်

Photo: ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်
Friday, February 08, 2013

အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့ပို့ဆောင်ရေးဝန်ကြီး
ဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ မင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆနီးပါး ကြီးမားမှာဖြစ်ပြီး၊ စင်ကာပူက ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ထိုင်းနိုင်ငံက သုဝဏ္ဏဘူမိလေဆိပ်ကြီးတွေလိုပဲ ခရီးသည်တွေနဲ့ ကုန်စည်ပို့ဆောင်ရေးအတွက် အာရှဒေသတွင်းမှာ အရေးပါလာမှာ
ဖြစ်တယ်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောလိုက်တာပါ။

မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ ဧရိယာအားဖြင့် ၁၀၀၂ ဧကကျယ်ဝန်းပြီး၊ တစ်နှစ်ကို ခရီးသည် ၂ ဒသမ ၇ သန်းလောက် အ၀င်အထွက်ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်လာမယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကတော့ ဧကပေါင်း ၉၆၀၀ ကျော်ကျယ်ဝန်းပြီး၊ တစ်နှစ်ကို ခရီးသည် ၁၂ သန်းလောက် ကိုင်တွယ်နိုင်မယ်လို့ သိရပါတယ်။

အဲဒီ့လေဆိပ်ကြီးကို အခုနှစ် နှောင်းပိုင်းလောက်မှာ စတင်တည်ဆောက်ဖို့
မျှော်မှန်းထားပြီး၊ ၂၀၁၇ ခုနှစ်ဆန်းပိုင်းမှာ လုပ်ငန်းတွေ စတင်
လည်ပတ်နိုင်လိမ့်မယ်လို့ သိရပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်လို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းကို RFA  ၀ိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားပါတယ်။

RFA Burmeseအာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း စတင် တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့ မယ်လို့ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ မင်္ဂလာဒုံ လေဆိပ်ထက် ၁၀ ဆနီးပါး ကြီးမားမှာဖြစ်ပြီး၊ စင်ကာပူက ချန်ဂီအပြည်ပြည် ဆိုင်

၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင်

Photo: ၈၈မျိုးဆက်ကျောင်းသားများ ပွင့်လင်းခရီးစဉ် ပြန်လည်စတင်
Friday, February 08, 2013

ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိဖို့ လိုတယ်လို့ တောင်တွင်းကြီးမြို့ မောင်တိုင် (၂) ရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက်မှာ ကျင်းပတဲ့ တောင်တွင်းကြီး လူထုတွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့ ပြည်သူလူထုတွေဘက်က တွေ့ဆုံဆွေးနွေးပွဲတွေကို တတ်နိုင်သမျှ လုပ်ရပါလိမ့်မယ်၊ လှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေရမယ်၊ ကျွန်တော်တို့ဟာ ဆေးကုခံရမယ့် တိုင်းပြည်အတွက် ဘယ်နေရာမှာ နာနေတယ်၊ ဘယ်နေရာမှာ ကိုက်နေတယ်၊ ဘယ်နေရာမှာ ကျိုးနေတယ်၊ ဘယ်နေရာမှာ အနာဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောမှသိမှာလေ"

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ တောင်တွင်းကြီး ဒေသခံတွေ တွေ့ဆုံဖို့အတွက် တောင်တွင်းကြီးမြို့တော်ခန်းမကို အသုံးပြုခွင့်ပေးဖို့ ဒေသခံ
အာဏာပိုင်တွေဆီကို နှစ်ပတ်ကျော်ကြာ ကြိုတင်ခွင့်တောင်းခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ ဒီကနေ့ ပြည်မြို့မှာ ညအိပ်ရပ်နားပြီး မနက်ဖြန်မှာတော့ ကြို့ပင်ကောက်မြို့နဲ့ လက်ပံတန်းမြို့တွေကို သွားရောက်ပြီး ဒေသခံလူထုတွေနဲ့ 
တွေ့ဆုံမှာဖြစ်ပါတယ်။

RFA Burmeseကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းဖော်ဆောင်ရေး ခရီးစဉ် အဖြစ် ပြည်မြို့၊ မြို့သစ်မြို့နဲ့ တောင်တွင်းကြီးမြို့ ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့ သွားရောက်ခဲ့ ပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့ မတရားမှုတွေကို ဖော်ထုတ်တဲ့ လှုပ်ရှားမှုေ တွအဆက်မပြတ်ရှိဖို့လိုတယ် လို့ တောင်တွင်း ကြီး မြို့ မောင်တိုင် (၂) ရပ်ကွက်၊ တိုက်သစ်ကျောင်းတိုက်မှာ ကျင်း ပ တဲ့ တောင်တွင်းကြီး လူထုတွေ့ဆုံပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

မြ၀တီ စီးပွားရေးဇုံအတွက် ထိုင်းဘက်က လျှပ်စစ် ပိုမိုဝယ်ယူ

Photo: မြ၀တီ စီးပွားရေးဇုံအတွက် ထိုင်းဘက်က လျှပ်စစ် ပိုမိုဝယ်ယူ
Friday, February 08, 2013

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိရာ
မြ၀တီမြို့ တွင် နေ့စဉ်ကြုံတွေ့နေရ သည့် လျှပ်စစ်စွမ်းအား မလောက်ငှမှု
ပြဿနာကိုဖြေရှင်းနိုင်ရန် အတွက် မြန်မာ သွင်းကုန် ထုတ်ကုန် လုပ်ငန်းကုမ္ပဏီတ ခုက ထိုင်းနိုင်ငံမှလျှပ်စစ်ဓါတ်အားများကို တိုးမြှင့်
ဝယ်ယူလိုက်သည်။ 

မြန်မာကုမ္ပဏီ တခုဖြစ်သည့် National Gripline Co .Ltd က
မြ၀တီမြို့တွင်သုံးစွဲရန် ထိုင်းနိုင်ငံမှ လျှပ်စစ် ဓါတ် အား ၆ မီဂ္ဂ၀ပ်ကို
ဝယ်ယူသည့် သဘောတူလက်မှတ်ရေးထိုးမှုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ်
ခဲ့ခြင်းဖြစ်သည်။ 

၎င်းကုမ္ပဏီ၏ ဒါရိုက်တာဒေါ်သင်းသင်းမြတ်က”ကျမတို့
ကုမ္ပဏီကနေမြ၀တီမြို့မှာလိုအပ်နေတဲ့ လျှပ်စစ် ဓါတ် အားအတွက် ထိုင်းဘက်ကနေတိုးမြှင့်ဝယ်ယူတာဖြစ်တယ် အဓိကဒေသဖွံ့ဖြိုးတိုးတက်ဘို့ အတွက် ဖြစ်တယ်”ဟု သတင်းထောက်များကိုပြောသည်။

မြ၀တီမြို့သည်ထိုင်းဘက်မှလျှပ်စစ်စွမ်းအင်ကို အသုံးပြုလျှက်ရှိပြီး 
ယခင်က ၄ မီဂ္ဂ၀ပ်ခွဲကို အသုံးပြုနေရာ မှ လောက်ငှမှုမရှိသည့်အတွက် လိုအပ်သည့်ပမာဏဖြစ်သည့် ၆ မီဂ္ဂ၀ပ်ကိုဖြည့်စွက်ဝယ်ယူ ရခြင်းဖြစ်သည် ဟုလည်း ဒေါ်သင်းသင်းမြတ်ကဖြည့်စွက်ပြောကြားသည်။

မြ၀တီမြို့နယ်အတွင်းသုံးစွဲရန်အတွက်ထပ်မံဝယ်ယူသည့်ပမာဏသည် လုံလောက်မှုရှိသော်လည်း လက်ရှိ အကောင် အထည်ဖေါ်နေသည့် မြ၀တီ စီးပွားရေးဇုန်အတွက်ပါ သုံးစွဲမည်ဆိုပါက လောက်ငှမှုရှိမည် မဟုတ်ဟုသိရသည်။ 

ထိုင်းနိုင်ငံမှဝယ်သည့်လျှပ်စစ်စွမ်းအားကို မြ၀တီမြို့တွင် တယူနစ်ကို ထိုင်းငွေ ၄.၃၀ ဘတ်ဖြင့် ပြန်လည် ရောင်း ချခြင်းဖြစ်ပြီး ဆေးရုံနှင့်
ဌာနဆိုင်ရာများကို အခမဲ့ဖြန့်ဖြူးပေးခြင်းဖြစ်သည်ဟု ဒါရိုက်တာ အဖွဲ့ဝင် တဦးဖြစ်သည့် ဦးတင်အောင်ကပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်စွမ်းအားကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်း
မရှိသောကြောင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်ဒေသများတွင် ထိုင်းနိုင်ငံမှလျှပ်စစ်စွမ်းအားကိုသာ သုံးစွဲနေကြရသည်ဟု 
ဒေသခံများကပြောသည်။ 

ထိုင်း-မြန်မာနယ်စပ်ရှိ မြ၀တီ၊ဘုရားသုံးဆူ၊တာချီလိတ်၊ကယားပြည်နယ်ရှိ
နယ်စပ်အချို့တို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်စွမ်းအားကို အဓိက၀ယ်ယူ
သုံးစွဲနေကြရသည်ရသည်မှာ ၁၅ နှစ်ဝန်းကျင်ခန့်ရှိပြီးဟု ထိုင်းဘက် သို့ ကျောက်မျက်ရတနာတင်ပို့ရောင်းချသည့် ဦးစိုင်းလုံကပြောသည်။ 

မဲဆောက်တွင်ယနေ့ပြုလုပ်သည့် လျှပ်စစ်ဓာတ်အားဝယ်ယူခြင်း သဘောတူလက်မှတ်ရေးထိုးခဲ့သူ ထိုင်းနိုင်ငံလျှပ် စစ်အာဏာပိုင်များအဖွဲ့၏ ညွှန်ကြားရေးမှူးနိုင်နမ်ချိုင်းလော်ဝထနတကွန်း က "ထိုင်းဘက် ကနေ လက်ရှိမြ၀တီအပါအ၀င် မြန်မာနယ် စပ်ဒေသ ၅ နေရာကို လျှပ်စစ်ဓါတ်အားတွေရောင်း ချပေးနေပါ တယ်။ မြန်မာနိုင်ငံရဲ့
ပွင့်လင်းလာမှုအရ မကြာ ခင်မှာ လက်ရှိပမာဏထက်ကို ထပ်ပြီးရောင်းချ
ရ ဘို့ရှိ တယ်”ဟုသတင်းထောက်များကိုပြောသည်။ 

သဘောတူစာချုပ်ရေးထိုးပွဲသို့တက်ရောက်လာသည့် ထိုင်းပြည်ထဲရေး
ဝန်ကြီး နိုင်ကျလုဖုန်းလေးယမ်းစို့ဝမ် က ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး
သည် ဒေသအတွင်းအချက်အခြာကျပြီး နှစ်နိုင်ငံအတွက် အခွင့် အလမ်း အများအပြားရှိသည်ဟုပြောသည်။

မြန်မာရေလုပ်ငန်းကုန်သည်ဦးမျိုးက”မြ၀တီနယ်စပ်ကုန်သွယ်ရေးမှာ တဘက်နိုင်ငံနဲ့ယှဉ်နိုင်ဘို့အတွက် လျှပ်စစ် စွမ်းအားကအဓိက
ကျတယ် မြ၀တီမှာကုန်သည်နဲ့လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေတာက လျှပ်စစ်မီးဘဲ”ဟု ဆိုသည်။

မြ၀တီမြို့တွင်ထိုင်းလျှပ်စစ်မီးကို အသုံးပြုလာသည်မှာ ၁၅ နှစ်ခန့်ရှိပြီး
မြန်မာနိုင်ငံ လျှပ်စစ်ဝန်ကြီးဌာန၏ မဟာ ဓါတ်အားလိုင်းမှဖြန့်ချီမည့်
မြန်မာလျှပ်စစ်စွမ်းအား ဒေသအတွင်းမရောက်ရှိသေးသ၍ ထိုင်း လျှပ်စစ်စွမ်းအင်ကို သာ ဆက်လက်အသုံးပြုနေရအုံးမည်ဟု မြ၀တီ
အခြေစိုက်မီဒီယာသမားတဦးက ဧရာဝတီသတင်းဌာနကိုပြောသည်။ 

ဧရာဝတီမြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိရာ
မြ၀တီမြို့ တွင် နေ့စဉ်ကြုံတွေ့နေရ သည့် လျှပ်စစ်စွမ်းအား မလောက်ငှမှု ပြဿနာကိုဖြေရှင်းနိုင်ရန် အတွက် မြန်မာ သွင်းကုန် ထုတ်ကုန် လုပ်ငန်းကုမ္ပဏီတ ခုက ထိုင်းနိုင်ငံမှလျှပ်စစ်ဓါတ်အားများကို တိုးမြှင့်ဝယ်ယူလိုက်သည်။
မြန်မာကုမ္ပဏီ တခုဖြစ်သည့် National Gripline Co .Ltd ကမြ၀တီ မြို့တွင်သုံးစွဲရန် ထိုင်းနိုင်ငံမှ လျှပ်စစ် ဓါတ် အား ၆ မီဂ္ဂ၀ပ်ကိုဝယ်ယူ

Thursday, February 07, 2013

"ဒဂုံဆိပ်ကမ်းလယ်မြေအချို့၌ လမ်းဖောက် မြောင်းဖော်နေမှု တင်ပြထားခြင်း အထမမြောက်လျှင် ဆန္ဒပြမည်"

Photo: "ဒဂုံဆိပ်ကမ်းလယ်မြေအချို့၌ လမ်းဖောက် မြောင်းဖော်နေမှု တင်ပြထားခြင်း အထမမြောက်လျှင် ဆန္ဒပြမည်"
Thursday, February 07, 2013 

ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုရွာဝန်းကျင်မှ လယ်မြေများအတွင်း အကြောင်းကြားခြင်းမရှိဘဲ စက်ယန္တရားများဖြင့် ဝင်ရောက် တူးဖော်လုပ်ကိုင် နေမှုအပေါ် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီသို့ တင်ပြထားခဲ့ရာ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု လယ်သမားအချို့က ပြောသည်။ ”ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ကျီစုကျေးရွာ ကွင်းအမှတ် ၄၄၈ ၌ မိရိုးဖလာ လုပ်ကိုင် ခဲ့သော လယ်မြေဧက ၂ဝဝ ကျော်အား တစ် စုံတစ်ရာ အကြောင်းကြားမှုမရှိဘဲ အေးရိပ်ငြိမ်ကုမ္ပဏီမှ စက်ယန္တရား များဖြင့် လမ်းနှင့်ရေမြောင်း များကိုတူး ဖော်လုပ်ကိုင်နေခြင်းကြောင့် ယခု ကဲ့သို့ လယ်ယာမြေ စုံစမ်း စစ်ဆေး ရေးကော်မတီသို့ တင်ပြရခြင်းဖြစ် ကြောင်း ကျီစုကျေးရွာမှ လယ်သမား ဦးတင်ဦးက ပြောသည်။ ”ကျွန်တော်တို့ လယ်လုပ်လာ တာ အနှစ် ၂ဝ ကျော်ပြီ။ နိုင်ငံတော်ကလည်း လယ်မြေအဖြစ် တရားဝင် အသိ အမှတ်ပြုပြီး အမ တော်ကြေးတွေ ချပေးခဲ့တယ်။ ကျွန် တော်တို့ကလည်း နိုင်ငံတော်ကို တာဝန်ကျေ စပါး ရောင်းချမှုတွေ လုပ် ပေးခဲ့တယ်။ အခု လယ်မြေတွေသိမ်း သွားတော့ ဒီနှစ် မိုးရာသီမှာ လယ်လုပ်လို့မရတော့ ဘူး” ဟု ဦးတင်ဦးက ပြောသည်။

လက်ရှိလုပ်ကိုင်နေသော လယ် ယာမြေများသည်၁၉၇ဝ ခုနှစ်မှစ၍ တောများကို ခုတ်ထွင် ရှင်းလင်းခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် လယ်မြေအဖြစ် စတင်လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်မှ အဆိုပါ လယ်ယာ မြေများကို ကွင်းအ မှတ် ၄၄၈ ကွင်းဟု အသိအမှတ်ပြုကာ အမတော်ကြေးများ ထုတ်ချေးခဲ့ ကြောင်း သိရသည်။ လယ်ယာမြေများကို ၂ဝဝ၉ ခုနှစ်တွင် စတင်သိမ်းဆည်း၍ လမ်းများအား ကွန်ကရစ်များ ခင်းပေးခြင်း၊ ဓာတ်မီးတိုင်များ စိုက်ခြင်းများ ပြု လုပ်ခဲ့ပြီး နောက်ပိုင်းတွင် လယ်ယာ မြေများ၌ တူးမြောင်းများ ပြုလုပ်လာသည့် အတွက် လယ်ယာစိုက်ပျိုးရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း၊ တူးမြောင်းတူးရာတွင် လည်း မလွတ် သည့်တဲများအား ဖျက်ခိုင်းမှုများရှိ ကြောင်း အဆိုပါ လယ်ယာမြေနစ်နာ ဆုံးရှုံးသူ လယ်သမားများအဖွဲ့မှ ဥက္ကဋ္ဌ ဦးသန့်ဇော်က ဆိုသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အေးရိပ်ငြိမ် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာ ဝန်ရှိသူတစ်ဦးက ၄င်းတို့ ကုမ္ပဏီအနေဖြင့် အိုးအိမ်မှ ကန်ထရိုက် ပေးသဖြင့် ဆောင်ရွက်ပေး ရခြင်းဖြစ်ပြီး တူးမြောင်းများတူးရာ တွင် မလွတ်သည့် လယ်တဲများအား ဖျက်ခိုင်းခြင်း မရှိခဲ့ကြောင်း ပြော သည်။ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့၌ တောင်သူလယ် သမား ရေးရာကော်မတီသို့ လယ်မြေဆုံး ရှုံးမှု တင်ပြထားမှု ရှိသော်လည်း အ ကြောင်းပြန်ကြားခြင်း မရှိသည့်အ တွက် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထပ်မံစာ တင်ထားကြောင်း သိရသည်။

အိမ်စည်စိုးစံ၊ ရန်နိုင်
Popular Myanmar News Journal ဒဂုံမြို့နယ်(ဆိပ်ကမ်း)မြို့နယ်၊ ကျီစုရွာဝန်းကျင်မှ လယ်မြေများအတွင်း အကြောင်းကြားခြင်းမရှိဘဲ စက်ယန္တရားများဖြင့် ဝင်ရောက် တူးဖော် လုပ်ကိုင် နေမှုအပေါ် လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မတီသို့ တင်ပြထားခဲ့ရာ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိပါက ဆန္ဒထုတ်ဖော်သွားမည်ဟု လယ်သမားအချို့က ပြောသည်။ ”ဒဂုံမြို့ သစ်(ဆိပ်ကမ်း) မြို့ နယ်၊ ကျီစုကျေးရွာ ကွင်းအမှတ် ၄၄၈ ၌ မိရိုးဖလာ

လူငယ်များစာဖတ်မှ တိုင်းပြည်အနာဂတ်ကောင်းမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

Photo: လူငယ်များစာဖတ်မှ တိုင်းပြည်အနာဂတ်ကောင်းမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို
Thursday, February 07, 2013 

ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီစာပေပွဲတော်ဒုတိယမြောက် နေ့တွင် လူငယ်များအနေဖြင့် စာဖတ်အားများမှသာလျှင် စဉ်းစား ဆင်ခြင်မှုများ မြင့်မားလာနိုင်ပြီး တိုင်းပြည်အနာဂတ်အတွက်ကောင်း လိမ့်မည်ဟုယုံကြည်ကြောင်းပြော ကြားခဲ့သည်ဟု သိရသည်။
စာပေသင်ယူမှု စာပေဖတ်ရှု လေ့လာမှုတို့တွင် အလွတ်ကျက် မှတ်သည့်စနစ်ကိုဆိုညွှန်းခြင်း မဟုတ်ဘဲအကြောင်းအရာများကို စဉ်းစားတွေးခေါ်နိုင်ရန်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာပေ၏ အကျိုးကျေးဇူးကြောင့် ဘ၀၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ မြန်မာစာပေကို သာမကဘဲ မိမိတို့နှင့် အတွေး အခေါ်အယူအဆမတူသောနိုင်ငံ အရပ်ရပ်မှ စာပေများကိုလည်း ဖတ်ရန်လိုအပ်ကြောင်း၊ မိမိနှင့် မတူသည့်တွေးပုံတွေးနည်းတွေ၊ ယဉ်ကျေးမှုတွေကိုတန်ဖိုးထားတတ် မှ ကြိုးစားတတ်မှ နိုင်ငံတိုးတက် မည်ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်ဟု သိရသည်။

နေမင်းဝေ
The Hot Newsဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီစာပေပွဲတော် ဒုတိယမြောက် နေ့ တွင် လူငယ်များအနေဖြင့် စာဖတ်အားများမှသာလျှင် စဉ်းစား ဆင်ခြင် မှုများ မြင့်မားလာနိုင်ပြီး တိုင်းပြည်အနာဂတ်အတွက်ကောင်း လိမ့်မည် ဟုယုံကြည်ကြောင်းပြော ကြားခဲ့သည်ဟု သိရသည်။
စာပေသင်ယူမှု စာပေဖတ်ရှု လေ့လာမှုတို့တွင် အလွတ်ကျက် မှတ် သည့်စနစ်ကိုဆိုညွှန်းခြင်း မဟုတ်ဘဲအကြောင်းအရာများကို စဉ်းစားေ တွးခေါ်နိုင်ရန်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် စာပေ၏ အကျိုးကျေး ဇူးကြောင့်ဘ၀၏စိန်ခေါ်မှုများကို ဖြေရှင်းနိုင် မည် ဖြစ်ကြောင်း၊ မြန်မာ

အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်

Photo: အစိုးရနှင့် KIA ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် အစည်းအဝေး ထပ်မံပြုလုပ်မည်
Thursday, February 07, 2013 

ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့် ပတ်သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော အစည်းအဝေး တွင် KIO ဥက္ကဌ ဦးဇောင်းဟရားနှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ဗဟိုကော်မတီဝင်များ KIA မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
၎င်းအစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ( ၄ ) ရက်နေ့တွင် ရွှေလီတွင် ကျင်းပခဲ့သည့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပြီး နောက်တစ်ကြိမ်အစည်းအဝေးကို ယခုလ (၂၀) ရက်နေ့တွင် ကျင်းပရန် လျာထားကြောင်း ပြောကြားခဲ့သည်။
( ၄ ) ရက်နေ့တွင် အစိုးရနှင့် KIA တို့ ရွှေလီမြို့တွင် အလွတ်သဘော ဆွေးနွေးပြီးနောက်ပိုင်းတွင် လိုင်ဇာပတ်ဝန်းကျင်တွင် အခြေအနေငြိမ်သက်လျှက်ရှိကြောင်းနှင့် လိုင်ဇာမြို့တွင်းတွင်လည်း အခြေအနေပုံမှန် နီးပါးဖြစ်လာနေပြီဖြစ်ကြောင်း သိရှိရပါသည်။

အမေ့အိမ်ဖေဖော်ဝါရီလ (၅) ရက်နေ့ နေ့လည်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရန် ကိစ္စများနှင့် ပတ်သက်၍ လိုင်ဇာမြို့တွင် KIO ဥက္ကဌ ဦးဇောင်းဟရားဦးဆောင်ပြီး အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သော အစည်းအဝေး တွင် KIO ဥက္ကဌ ဦးဇောင်း ဟရားနှင့် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ဗဟိုကော် မတီဝင်များ KIA မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။၎င်းအစည်းအဝေးတွင် KIO ဥက္ကဌ ဦးဇောင်းဟရားမှ ( ၄ )

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အား ပြည်ထောင်စုနေ့ အခန်းအနား တက်ရောက်ရန် တရားဝင် ဖိတ်ခေါ်

Photo: နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး အား ပြည်ထောင်စုနေ့ အခန်းအနား တက်ရောက်ရန် တရားဝင် ဖိတ်ခေါ်
Thursday, February 07, 2013 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ရန် အတွက် အပစ်အခတ် ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်ရေးထိုးရ ခြင်း မရှိသေးသော တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့များကို တရားဝင်စာပို့၍ ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းဖိတ်ကြားစာကို လက်ခံရရှိခဲ့သော ပလောင်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ မှန်ပါတယ်။  နိုင်ငံတော် သမ္မတ ရုံး ကနေ အီးမေးလ်နဲ့လည်း တရားဝင်ဖိတ်ကြားထားပါတယ်။ 

 “ (၅) ရက်နေ့ညက ကျွန်တော့် အီးမေးလ်လိပ်စာနဲ့ ဖိတ်စာ ကို ပေးပို့လာတာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီညစာစားပွဲကို တက်ရောက်ဖို့ အစီအစဉ်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရှိနေတဲ့ နယ်မြေထဲမှာ အစိုးရတပ်ဖွဲ့တွေက အကြောင်း အမျိုးမျိုးပြပြီး အင်အားတွေတိုးချဲ့ချထားနေလို့ဖြစ်ပါတယ်။ ပြီးတော့ စစ်ကြောင်းတွေနဲ့လည်း ကျွန်တော်တို့ရှိတဲ့ နေရာတွေကို စစ်ဆင်နေတယ်။ တဖက်က မီး၊ တဖက်က ရေပေါ့ဗျာ ခြောက်တခါ ချော့ တလှည့်နည်းနဲ့လုပ်နေတယ်လို့ဘဲမြင်ပါတယ် ” ဟုပြောကြားသွားသည်။

 ဖေဖော်ဝါရီ ( ၄ ) ရက်နေ့တွင် တရုတ်နိုင်ငံတွင် ကျင်းပခဲ့သော  အစိုးရနှင့် KIA တို့ဆွေးနွေးပွဲတွင်လဲ ဦးအောင်မင်းမှ KIO အဖွဲ့ခေါင်းဆောင်များအား နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုနေ့ အခမ်းအနားတက် ရောက်ရန် အတွက် တရားဝင်ဖိတ်ကြားမည့် အကြောင်းကို KIO အဖွဲ့ ကိုယ်စားလှယ်များ က ပြောကြား ခဲ့ ကြောင်း ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့သော KIO ခေါင်းဆောင်တစ်ဦးမှ ပြောကြားခဲ့သည်။

 နိုင်ငံတော်သမ္မတအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ပြည်ထောင်စုနေ့အခမ်းအနား နှင့်ညစာစားပွဲသို့ တက်ရောက်ရန် တရားဝင်ဖိတ်ကြားထားသော်လဲ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မ ရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံတော်သမ္မတ၏ ဖိတ်ကြားချက်အား လက်ခံရန် အကြောင်း မပြန်နိုင်သေးကြောင်း သိရှိရသည်။

အမေ့အိမ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ပြည်ထောင်စုနေ့အခမ်းအနား တက်ေ ရာက် ရန် အတွက် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပြင် လက်မှတ်ေ ရး ထိုးရ ခြင်း မရှိသေးသော တိုင်းရင်း သာလက်နက် ကိုင်အဖွဲ့ များကို တရားဝင်စာပို့၍ ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းဖိတ် ကြားစာကို လက်ခံရရှိခဲ့သော ပလောင်လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ မှန်ပါတယ်။ နိုင်ငံတော် သမ္မတ ရုံး ကနေ အီးမေးလ်နဲ့လည်း တရားဝင်ဖိတ်ကြားထားပါတယ်။
“ (၅) ရက်နေ့ညက ကျွန်တော့် အီးမေးလ်လိပ်စာနဲ့ ဖိတ်စာ ကို ပေး ပို့လာတာဖြစ်ပါတယ်။ ကျနော်တို့ ဘက်က အဲဒီညစာစားပွဲကို

တရားမဝင်ငါးဖမ်းသင်္ဘောသို့ပါသွားသည့် မြန်မာနိုင်ငံသားနှစ်ဦး ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်

Photo: တရားမဝင်ငါးဖမ်းသင်္ဘောသို့ပါသွားသည့် မြန်မာနိုင်ငံသားနှစ်ဦး ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပွဲပြုလုပ်
Wednesday, February 06, 2013

ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီကျော်မှစတင်၍ ယုဇနဟိုတယ်ရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Seamen's
Federation MSF) ရုံးခန်း၌ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင် ငါးဖမ်းသင်္ဘောပေါ်တွင် ညှင်းပန်းနှိပ်စက်ခံရသည့် သင်္ဘော
သားများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခု
ပြုလုပ်ကြောင်း သိရသည်။

"အခုလိုမျိုး သတင်းမီဒီယာတွေကိုခေါ်ယူတွေ့ဆုံရတာ
ကတော့ ကျွန်တော်တို့ကူညီခဲ့တဲ့ မြန်မာသင်္ဘောသား
နှစ်ဦးရဲ့ သင်္ဘောပေါ်မှာ ညှင်း ပန်းနှိပ်စက်ခံခဲ့ရပုံတွေကို အဓိကပြောပြချင်တာရယ် နောက်ပိုင်း သင်္ဘောလိုက်မယ့် သင်္ဘောသား လောင်းတွေကိုလည်း သာဓကတစ်ခုပေးချင်
တာကြောင့် အခုလိုတွေ့ဆုံရှင်းလင်းရတာ ဖြစ်ပါတယ်"ဟု
MSF အဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် ဒေါက်တာတင်လှိုင်က
ပြောကြားသည်။

အဆိုပါ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင်ငါးဖမ်းသင်္ဘော
တစ်စီးဖြစ်ကြောင်း ယင်းသင်္ဘောသို့ အလုပ်လုပ်ကိုင်ရန်
လိုက်ပါသွား သည့် မြန်မာနိုင်ငံ သား ကိုခန့်လင်းမောင်၏
ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့က အခုမှစပြီး သင်္ဘောလိုက်ဖို့လုပ်ဖူးတာ
ဆိုတော့ သိပ်နားမလည်ဘူး။ Sea service ရဖို့ပဲသိတယ်။
ကျွန်တော်တို့နဲ့ကို လုပ်ပေးတဲ့ ဒေသခံကိုယ်စားလှယ်က
ငါးဖမ်းသင်္ဘောက ကောင်းကောင်းနေရတယ်ဆိုပြီး တင်ပေး
လိုက်တာ။ ဒီငါးဖမ်း သင်္ဘောကိုပိုင်တာက ထိုင်ဝမ် တရုတ် တစ်ယောက်ကပိုင်တာ။ ငါးဖမ်းသင်္ဘောဆိုတော့ ကျွန်တော်
တို့ကလည်း မလုပ်တတ်ဘူး။ မလုပ်တတ်တော့ ပါးတွေရိုက်
နီးတဲ့ အရာတွေနဲ့ ဆွဲရိုက်တာတွေ လုပ်တယ်။ ထမင်းတောင်
ဆန်ပြုတ်နဲ့ ဂေါ်ဖီကြော်ပဲစားရတာ"ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ ဖြစ်ပျက်ရသည့် အကြောင်းအရင်းများနှင့် စပ်လျဉ်း၍
MSF ဥက္ကဋ္ဌမှ ညှင်းပန်းနှိပ်စက်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦး
ဘက်မှ သက် သေအဖြစ် အခိုင်အမာရပ်တည်ပေးမည်ဖြစ်
ကြောင်းနှင့် ထိုအမှုအား ကုန်သွယ်သဘောင်္ အက်ဥပဒေအရ လိမ်လည်မှုဖြင့် ထောင်ဒဏ်ချမှတ် နိုင် ကြောင်း ပြောကြားသည်။

"အမှန်တကယ် သွားတာကတော့ လေးယောက်ပေါ့။
ကျွန်တော်ရယ် ကိုခန့်လင်းမောင်ရယ်ပေါ့။ ကျန်နဲ့ နှစ်
ယောက်ကို တော့ တခြား ငါးဖမ်း သင်္ဘောပေါ်ပဲ
တင်ပေးတယ်။ သူတို့နဲ့လည်း အဆက်အသွယ်မရဘူး။
ကျွန်တော်တို့ပါတဲ့ ငါးဖမ်းသ င်္ဘောကလည်း ကမ်းသိပ်
မကပ်ဘူး။ သွား ရင်း လာရင်း မြန်မာတစ်ယောက်ပါတဲ့ သင်္ဘောတစ်စီးနဲ့တွေ့မှ သက်ဆိုင်ရာဌာန ကိုဆက်သွယ်
ပေးဖို့ အကူအညီတောင်းတော့မှပဲ ရတော့ တယ်"ဟု ကိုလင်းထိုက်မောင်က ပြောကြားသည်။

ထို့ပြင် အဆိုပါတရားမဝင်ငါးဖမ်းသင်္ဘောပေါ်တွင်လည်း အခြားညှင်းပန်နှိပ်စက်ခံရသည့် နိုင်ငံသားများရှိကာ သေ
ဆုံးသွားပါက ပင်လယ် ထဲသို့ ညဘက်တွင် အိတ်ထဲထည့်၍ အစဖြောက်လိုက်ကြောင်း၊ ၎င်းတို့ အဆိုပါသင်္ဘောပေါ်တွင် ရှိနေချိန် တောင်အာဖရိကနိုင်ငံ ဗစ်တိုးရီးယားမြို့ရှိ မြန်မာ
သံရုံးမှ ဆက်သွယ်ကာ ကမ်းကပ်ခိုင်းသောကြောင့် ယခုကဲ့သို့ မြန်မာနိုင်ငံသို့ ချောချောမွေ့မွေ့ ပြန်လည်
ရောက်ရှိလာခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"စသွားတာက ၂၆ရက် ၇လပိုင်း ၂၀၁၂မှာသွားတာပါ။
သင်္ဘောပေါ်မှာ ၆လကြာပါတယ်။ ပြန်ရောက်တာကတော့
၃၀ရက် ၂လ ၂၀၁၃မှာ လေဆိပ်ကို ရောက်ပါတယ်။ သံတမန်ရေးရာဝန်ကြီးဌာနကိုစာတင်တာကတော့ ၂၇ရက်
၁၁လပိုင်း ၂၀၁၁ မှာ ပြုလုပ်တာပါ"ဟု သင်္ဘောသားရေးရာ
ဥက္ကဋ္ဌ ဦးစံသိန်းက ပြောကြားသည်။

ထိုသို့ လိမ်လည်ပို့ဆောင်ခံရသူ မိသားစုနှစ်ဦးမှ ဒေသခံ
ကိုယ်စားလှယ် ကုမ္ပဏီဖြစ်သည့် ပုဇွန်တောင်မြို့နယ်
ကျည်တော် အိမ်ရာရှိ AMBBS အား တရားစွဲဆိုရန် အစီအစဉ်
ရှိကြောင်း သိရပြီး ကြားမှတဆင့်လုပ်ပေးကာ ယခုချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် ညီအစ်ကို နှစ်ဦးဖြစ်သူ ကိုသိန်းထိုက်အောင်နှင့် အိမ်တွင်ကျန်ရှိသူ ကိုရာဇာတို့အား
သက်ဆိုင်ရာ ဥပဒေပုဒ်မတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ကိုခန့်လင်းမောင်၏ မိခင်မှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

TMA
The Myanma Ageဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီကျော်မှစတင်၍ ယုဇနဟိုတယ် ရှိ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (Myanmar Seamen'sFederation MSF) ရုံးခန်း၌ ထိုင်ဝမ်တရုတ်ပိုင် တရားမဝင် ငါးဖမ်းသင်္ဘောပေါ်တွင် ညှင်းပန်းနှိပ်စက်ခံရသည့် သင်္ဘော
သားများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကြောင်း သိရသည်။"အခုလိုမျိုးသတင်းမီဒီယာတွေ ကိုခေါ်ယူတွေ့ဆုံရတာ ကတော့ကျွန်တော် တို့ ကူညီခဲ့တဲ့ မြန်မာသင်္ဘောသားနှစ်ဦးရဲ့ သင်္ဘောပေါ်မှာ ညှင်း ပန်းနှိပ်စက်ခံခဲ့ရပုံတွေကို အဓိကပြောပြချင် တာ

M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂိုမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့

Photo: M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂိုမှ သူပုန်ဟု ယူဆရသူ 
၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့
Wednesday, February 06, 2013

M-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ
နိုင်ငံမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တောင်အာဖရိက ရဲတပ်ဖွဲ့မှ ပြောကြား ခဲ့ပါသည်။

တောင်အာဖရိက နိုင်ငံမြောက်ပိုင်း လင်ပိုပို စီရင်စုတွင် သူပုန် အဖွဲ့အား ဖမ်းဆီး ခဲ့ပါသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်း
မြောက်ကီဗူး စီရင်စုတွင် M-23 သူပုန် အဖွဲ့ဝင် များသည် စစ်ပွဲများ ဖြစ်ပွားအောင် လုပ်ဆောင် လျက်ရှိကြောင်းနှင့် ဒေသခံ လူ ၅ သိန်းခန့်သည် နေအိမ်များကို စွန့်ခွာခဲ့ကြောင်း တောင်အာဖရိက နိုင်ငံ တရားရုံး တစ်ခုမှ ပြောကြားခဲ့ ပါသည်။ ဖမ်းဆီး ခဲ့သော သူပုန် ၁၉ ဦး 
အား Pretoria ဒေသရှိ ခုံရုံး တစ်ခုတွင် စစ်ဆေး သွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ပြောကြားခဲ့ ပါသည်။

http://bit.ly/YabY69
မြ၀တီM-23 သူပုန် အဖွဲ့ဝင် ၂ ဦး အပါအဝင် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ
နိုင်ငံမှ သူပုန်ဟု ယူဆရသူ ၁၉ ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် တောင်အာဖရိက ရဲတပ်ဖွဲ့မှ ပြောကြား ခဲ့ပါသည်။
တောင်အာဖရိက နိုင်ငံမြောက်ပိုင်း လင်ပိုပို စီရင်စုတွင် သူပုန် အဖွဲ့အား ဖမ်းဆီး ခဲ့ပါသည်။ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ

ဘီးလူးစီးသော လေယာဉ်ပျံ - Ghost Rider

Photo: ဘီးလူးစီးသော လေယာဉ်ပျံ - Ghost Rider
Wednesday, February 06, 2013 

Ghost Rider လို့ ဂုဏ်တင်ခေါ်ဆိုရတဲ့ Lockheed AC-130 က ကြည့်လိုက် ရင်တော့ သာမန် သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးအတိုင်းပါပဲ။

သို့ပေမယ့် မိနစ်ပိုင်းအတွင်း ရန်သူတပ်စခန်းတစ်ခုကို ပြာပုံဖြစ်သွားအောင် တိုက်ခိုက်နိုင်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ ရက်ပိုင်းအတွင်း ရန်သူတပ် စခန်းပေါင်း ရာချီကို နှိမ်နှင်းခဲ့တာဆိုတော့ သူ့စွမ်းအင်ကို အထင်မသေးရဲ ပါဘူး။ တစ်ချိန်တည်းမှာပဲ ပစ်မှတ်ပေါင်း များစွာကို Non stop ပစ်ခတ်နိုင်ပါတယ်။

၁၉၆၆ ခုနှစ်က စတင်တည်ဆောက်ပြီး ပုံစံတူ အစီးပေါင်း ၄၇ စီးကို အမေရိကန်တို့ ထုတ်လုပ်ထားပါတယ်။ တစ်စီးရဲ့  ပျှမ်းမျှကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ သန်း ၁၃၀ အထက်ရှိပြီး ယနေ့တိုင် ခေတ်မှီ အသုံးဝင်နေသေးတဲ့ တိုက်လေယာဉ်၊ သယ်လေယာဉ် ဖြစ်ပါတယ်။ သာမန် အတိုင်းပျံနေရင် သယ်ယူပို့ဆောင်ရေး လေယာဉ်သက်သက်ပါပဲ။ သို့ပေမယ့် တိုက်ပွဲမှာတော့ ရေကုန်မီးကုန် ဇာတ်ကြမ်းမယ့်လေယာဉ် ဖြစ်ပါတယ်။ လက်နက်ပြောင်း ၁၀ ခု မက တပ်ဆင်ထားပြီး မြေပြင် ပစ်မှတ်၊ ကောင်းကင် ပစ်မှတ်များကို ကောင်းကောင်း ပစ်ခတ်နိုင်ပါတယ်။ ဗီယက်နမ်မှာ မြေပြင် စစ်ယန္တရားပေါင်း ၁သောင်းနဲ့အထက်ကို ဖျက်ဆီးခဲ့တဲ့ လေယာဉ်လည်း ဖြစ် ပါတယ်။

Ghost Rider တစ်စီးလုံး အလုပ်လို့ဖို့အတွက် စစ်သား အယောက် ၅၀ ဝန်းကျင်လောက် လိုအပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲ၊ ပါရှန်းပင်လယ်ကွေ့ စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန် စစ်ပွဲတို့မှာ ယနေ့တိုင် အသုံးပြုနေသေးပြီး အမေရိကန်လေတပ်ရဲ့  ဂန္ဓဝင်မြောက်တဲ့ စစ်လေယာဉ် အဖြစ် 
သတ်မှတ် ခံထားရကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/02/ghost-rider.html


--Ghost Rider လို့ ဂုဏ်တင်ခေါ်ဆိုရတဲ့ Lockheed AC-130 က ကြည့်လိုက် ရင်တော့ သာမန် သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စီးအတိုင်းပါပဲ။ သို့ပေမယ့်မိနစ်ပိုင်းအတွင်းရန်သူတပ်စခန်းတစ်ခု ကို ပြာပုံဖြစ် သွားအောင် တိုက်ခိုက်နိုင်ပါတယ်။ ဗီယက်နမ်စစ်ပွဲမှာ ရက်ပိုင်းအတွင်း ရန်သူတပ် စခန်းပေါင်း ရာချီကို နှိမ်နှင်းခဲ့တာဆိုတော့ သူ့စွမ်းအင်ကို အထင်မသေးရဲ ပါဘူး။ တစ်ချိန်တည်းမှာပဲ ပစ်မှတ်ပေါင်း များစွာကို Non stop ပစ်ခတ်နိုင်ပါတယ်။

လယ်သမားများအားရဲများလာရောက်သတိပေး

Photo: လယ်သမားများအားရဲများလာရောက်သတိပေး
Wednesday, February 06, 2013 

ရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်(၄)ရှိ ဆင်ဖုံကျေးရွာတွင် လယ်သမားများ
ပြန်လည်တားမြစ်ထားသော လယ်မြေတွင် ဇေကမ္ဘာကုမ္ပဏီမှ ဝန်ထမ်းများနှင့် လယ်သမားများ အပြန်အလှန်စကားများကြသောကြောင့် လယ်သမားများကို ရဲများကလာရောက် သတိပေးထားကြောင်း (PDP)
ဥက္ကဌ ကိုနေမျိုးဝေက ပြောကြားသည်။

ဖေဖော်ဝါရီလ(၃)နေ့တွင် စက်မှုဇုံအတွင်းရှိ လယ်မြေများအတွင်း
ဇေကမ္ဘာကုမ္ပဏီမှ မန်နေဂျာဦးမြင့်ဇော်နှင့်အတူ ၀န်ထမ်းများက
မြေတူးစက်ကြီး(၂)စီးဖြင့် လယ်မြေများကို ထိုးကြရာ လယ်သမားများက ၀င်ရောက်တားဆီးသဖြင့် အပြန်အလှန် စကားများခဲ့ကြခြင်းဖြစ်ကြောင်း လယ်သမားခေါင်းဆောင်ဦးစံဝင်းမြင့်က ပြောကြားခဲ့သည်။

“မန်နေဂျာဦးမြင့်ဇော်ကမင်းတို့ကိုပြစ်မှု ဖြစ်အောင်လုပ်မယ်။ ငါ့ကို ရိုက်ရဲရင်ရိုက်လို့ ပြောတယ်။ ကျွန်တော်တို့က မရိုက်ပါဘူး” ဟုလယ်သမား ဦးမြင့်သိန်းက ပြောကြားသည်။ 

ထို့နောက် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ရဲများရောက်လာ၍ လယ်သမားများကို လက်ရှိမြို့နယ်မှူးက “ဟိုဖက်ဒီဖက် နှစ်ဖက်လုံး တရားဥပဒေအရ လုပ်ကြပါ”ဟု ပြောကြားပြီး လူစုလူဝေးဖြင့် လယ်ယာမြေအတွင်း စကားများခြင်းကို ခွင့်မပြုနိုင်ကြောင်း
ပြောကြားထားသည်။ 

ယင်းလယ်မြေများသည် ၁၉၉၇ခုနှစ်တွင် အိုးအိမ်ဦးစီးဌာနနှင့်
ဇေကမ္ဘာကုမ္ပဏီတို့က သိမ်းဆည်းထားခြင်းဖြစ်ပြီး လယ်သမား
၁၅၇ဦးအတွက် ပေ၂၀x၆၀မြေကွက်များ ပေးမည်ဟု အိုးအိမ်မှဦးစံမတူက
ပြောကြားခဲ့သည်။ 

ထို့နောက်၂၀၁၂ခုနှစ်တွင် အိုးအိမ်မှ ဦးစီးမှူးဒေါ်ခင်မေအေးကလည်း ယင်းအိမ်ယာများအား တောင်သူများသို့ ပေးရမည်မှာ မှန်ကန်ကြောင်း
ပြောကြားထားသည်။ ယခုကိစ္စကိုလည်း ဌာနဆိုင်ရာ အသီးသီးသို့ တင်ပြထားကြောင်း သိရသည်။ 

ပိုင်ဇင်ဌေး
The Myanma Ageရန်ကုန်မြို့၊ မင်္ဂလာဒုံစက်မှုဇုန်(၄)ရှိ ဆင်ဖုံကျေးရွာတွင် လယ်သမား များ ပြန်လည်တားမြစ်ထားသော လယ်မြေ တွင် ဇေကမ္ဘာကုမ္ပဏီမှ ဝန်ထမ်းများနှင့်လယ်သမားများအပြန်အလှန်စကားများကြသောကြောင့် လယ်သမားများကို ရဲများကလာရောက် သတိပေးထားကြောင်း (PDP)
ဥက္ကဌ ကိုနေမျိုးဝေက ပြောကြားသည်။ဖေဖော်ဝါရီလ (၃)နေ့တွင် စက်မှုဇုံအတွင်းရှိလယ်မြေများအတွင်း ဇေကမ္ဘာ ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော်နှင့်အတူ ၀န်ထမ်းများကမြေတူး စက်ကြီး(၂)စီးဖြင့် လယ်မြေများကို ထိုးကြရာ လယ်သမားများက ၀င်ရောက်တား ဆီး သ

တန်ဖိုးနည်းအိမ်ရာစီမံကိန်း အခြေခံလူတန်းစားများလိုအပ်ချက်နှင့် တစ်ထပ်တည်းမကျ တစ်ခန်းလျှင် ကျပ်၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရှိမည်ဟုဆို

Photo: တန်ဖိုးနည်းအိမ်ရာစီမံကိန်း အခြေခံလူတန်းစားများလိုအပ်ချက်နှင့် တစ်ထပ်တည်းမကျ တစ်ခန်းလျှင် ကျပ်၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရှိမည်ဟုဆို
Wednesday, February 06, 2013 

နိုင်ငံတော်အစိုးရက ဦးဆောင်အကောင်အထည်ဖော်နေသည့် တန်ဖိုးနည်း
အိမ်ရာများဖြစ်သော ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံ ကိန်းတို့မှာ အခြေခံလူတန်းစားများ လိုအပ်ချက်အခြေအနေနှင့် တစ်ထပ်တည်း
မကျကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်၌ အကောင်အထည်ဖော်နေသော အဆိုပါစီမံကိန်းတွင် တိုက်ခန်းပေါင်းတစ်သောင်းကိုးထောင်ကျော် ပါ ၀င်ပြီး တိုက်ခန်းတစ်ခန်း၏ တန် ဖိုးမှာ ကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရောင်းချမည်ဖြစ်ကြောင်း သမ္မတရုံးဝန်ကြီး (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

“ဒီစီမံကိန်းဖြစ်လာတာ စင်ကာပူက အရင်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုချောက်တောင်က ဒါလေးလုပ်ဖို့ အကြံပြုတယ်။ ကျွန်တော်လည်း စင်ကာပူကိုသွားပြီး လေ့လာတယ်” ဟု ဦးစိုးသိန်းကဆိုသည်။

အခြေခံလူတန်းစားများအတွက် မျှော်လင့်ချက်တစ်ခုအဖြစ် တန်ဖိုးနည်းအိမ်ရာများကို နိုင်ငံတော်က ဦးဆောင်အကောင်အထည်
ဖော်ပေးမှုကို ကြိုဆိုခဲ့သော်လည်း တိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းပမာဏမှာ သာမန်လူများ ၀ယ်ယူနိုင်ခြင်းနှင့် ကင်းဝေးနေကြောင်း မဏ္ဍိုင်အိမ်ခြံမြေ
အကျိုးဆောင် ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးကဆိုသည်။

“တန်ဖိုးနည်းအိမ်ရာလေး မျှော်မိပြန်တော့လည်း ရွှေပြည်တော်မျှော်တိုင်းဝေးဆိုသလို ဖြစ်သွားပြီ” ဟု အိမ်ရှင်မ အမျိုးသမီး တစ်ဦးက အိမ်ဈေးနှုန်းများ
ကြားပြီး စိတ်ကျစကားဆိုသည်။

“ဓာတ်လှေကားမပါတဲ့ တိုက်ခန်းက ဈေးအပေါဆုံးပဲ။ ဓာတ်လှေကားနဲ့ဆို တန်ဖိုးနည်းမဖြစ်နိုင်တော့ဘူး” ဟု မြို့ပြတည်ဆောက်ရေးပညာရှင်
ဒေါက်တာကျော်လတ်ကဆိုသည်။

ယခု စီမံကိန်းအိမ်ရာများမှာ ၁၈ ထပ်မြင့်သည့် အဆောက်အအုံဖြစ်ပြီး
ပြုပြင်ထိန်းသိမ်းရေးစရိတ် ကြီးမားသဖြင့် တန်ဖိုးနည်းအိမ်ရာမဖြစ်နိုင်ကြောင်း
ဧဒင်ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌဦးချစ်ခိုင်ကလည်း ထောက်ပြ
ပြောဆိုသည်။

“စင်ကာပူက လူတစ်ဦးရဲ့ ၀င်ငွေနဲ့ ဒီကလူတွေရဲ့ ၀င်ငွေကို ယှဉ်ကြည့်သင့်တယ်” ဟု Three Friend ဆောက်လုပ်ရေး ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ကိုကိုလေးက ဆိုသည်။

တန်ဖိုးနည်းခေါင်းစဉ်တပ်ပြီး အိမ်ရာတိုက်ခန်းများကို ကျပ်သိန်း ၁၀၀ အထက် မရောင်းသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင် များကလည်း
ပြောဆိုကြသည်။ လက်ရှိ ရောင်းချမည့် ကျပ်သိန်း ၁၈၀၊ သိန်း ၂၀၀ ဈေးနှုန်းများမှာ ရန်ကုန်မြို့တွင်း တိုက်ခန်းများဈေးပင် ဖြစ်နေသည်။ ပုဂ္ဂလိကမှ တည်ဆောက်နေသော တန်ဖိုးနည်းအိမ်ရာများအနက် ယုဇနဥယျာဉ်မြို့တော်၌ ၃ လွှာကို ကျပ်သိန်း ၅၀ ၀န်းကျင်၊ လှိုင်သာယာမြို့နယ် ကျန်စစ်သားအိမ်ရာတွင် သိန်း ၆၀ ၀န်းကျင်ရှိကြောင်း အကျိုးဆောင်များက ရှင်းပြသည်။

ထို့အပြင် ယခု စီမံကိန်းမှာ ရန်ကုန်မြို့တွင်းနှင့် ဝေးကွာသဖြင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး အခြေခံလိုအပ်ချက် များဖြစ်သည့် ရေကောင်းရေသန့်ရရှိရေး၊ လျှပ်စစ်မီး မှန်မှန်ရရှိရေးတို့မှာ အဓိကစိန်ခေါ်ချက်ဖြစ်နေကြောင်း ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။

7Day News Journalနိုင်ငံတော်အစိုးရက ဦးဆောင်အကောင်အထည်ဖော်နေသည့် တန်ဖိုး နည်း အိမ်ရာများဖြစ်သော ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံ ကိန်းတို့မှာ အခြေခံလူတန်းစားများ လိုအပ်ချက်အခြေအနေနှင့် တစ်ထပ်တည်း
မကျကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၌ အကောင်အထည်ဖော်နေသော အဆိုပါစီမံကိန်း တွင် တိုက်ခန်းပေါင်းတစ်သောင်းကိုးထောင်ကျော် ပါ ၀င်ပြီး တိုက်ခန်း တစ်ခန်း၏ တန် ဖိုးမှာ ကျပ် ၁၈၅ သိန်းမှ သိန်း ၂၀၀ ကြား ရောင်းချ

အစိုးရနဲ့ KIO ဆွေးနွေးမှုအပေါ် သံအမတ်ကြီး Mitchell ကြိုဆို

Photo: အစိုးရနဲ့ KIO ဆွေးနွေးမှုအပေါ် သံအမတ်ကြီး Mitchell ကြိုဆို 
Wednesday, February 06, 2013 

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက်
မြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ ကချင်လက်နက်ကိုင်တွေကြား
ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Dereck Mitchell) က Twitter အင်တာနက် လူမှုကွန်ယက် ကတဆင့် ကြိုဆိုလိုက်ပါတယ်။
 
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှာ မနေ့က တွေ့ဆုံမှုအတွင်း
မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ရဲ့ ဆွေးနွေးပွဲအတွင်း ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတာပါ။
 
သံအမတ်ကြီး Mitchell ကတော့ ၂ ဘက်စလုံးက ရန်လိုတဲ့ အပြုအမူတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ဆွေးနွေးမှုတွေ ပေါ်ထွက်လာနိုင်မယ့် သဘောတူညီမှုတွေဟာ အားတက်စရာ ဖြစ်ရကြောင်း နဲ့ ငြိမ်းချမ်းရေး
ဆွေးနွေးမှု ဆက်လုပ်သွားမယ်လို့ ပူးတွဲ ကြေညာချက်တစောင် ထုတ်ပြန်တာကိုလည်း ကြိုဆိုကြောင်း ပြောပါတယ်။
 
မနေ့တုန်းက ရွှေလီမြို့ ဆွေးနွေးပွဲအတွင်းမှာတော့ ၂ ဘက်အကြား
နောက်ထပ် ဆွေးနွေးပွဲတွေကို ဒီလမကုန်ခင်မှာ ထပ်မံ ပြုလုပ်သွားဖို့နဲ့ ပဋိပက္ခ ဖြစ်ပွားနေတာတွေ လျော့ပါးရေး စောင့်ကြည့် အကဲခတ်မှုတွေ လုပ်ဆောင်ဖို့၊ ဒေသခံတွေအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေဖို့ အဓိကထား ဆွေးနွေးခဲ့ကြတာပါ။
 
အမေရိကန် သံအမတ်ကြီး မစ်ချဲ ကတော့ တွေ့ဆုံဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကသာ ကချင်ပြည်နယ် ငြိမ်းချမ်းရေး
ရေရှည်တည်တန့်ဖို့အတွက် တခုတည်းသော နည်းလမ်းဖြစ်တယ်လို့
ပြောပါတယ်။
 
တရုတ်နိုင်ငံ ရွှေလီမြို့မှာ မနေ့ကလုပ်တဲ့ ဆွေးနွေးပွဲကနေ ယုံကြည်မှု
ပြန်လည် တည်ဆောက်ရေးနဲ့ ကချင်ဒေသမှာ ဆက်ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းရေးအပိုင်းကို အဓိကထားပြီး ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်ရှိန်တွေ လျှော့ချပြီး စစ်ပြေငြိမ်းရေးဆိုတဲ့ အဆင့်အထိ
ရောက်အောင် ဆက်လက် ဆွေးနွေးကြဖို့ ကတိပြုခဲ့ကြပါတယ်။ 

တရုတ်အစိုးရက ကမာကထ လုပ်ပေးခဲ့တဲ့ ဆွေးနွေးပွဲကိုတော့
မြန်မာအစိုးရနဲ့ KIO ကိုယ်စားလှယ်တွေသာမက တရုတ်နိုင်ငံက သံအမတ်ကြီးဟောင်းလည်းဖြစ် အခုအခါ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်တဲ့ Luo Zhaohui တို့အပြင် ကရင်အမျိုးသား
အစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တာဝန်ရှိသူတွေ အပါအ၀င် တိုင်းရင်းသား ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဗွီအိုအေကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ပြေလည်ရေးအတွက်
မြန်မာအစိုးရ ကိုယ်စားလှယ်တွေ နဲ့ ကချင်လက်နက်ကိုင်တွေကြား
ဆွေးနွေးမှုတွေ စတင်နိုင်ခဲ့တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Dereck Mitchell) က Twitter အင်တာနက် လူမှုကွန်ယက် ကတဆင့် ကြိုဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံယူနန်ပြည်နယ်ရွှေလီမြို့မှာ မနေ့က တွေ့ဆုံမှုအတွင်းမြန်မာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မီတီ ဒုဥက္ကဋ္ဌ

Wednesday, February 06, 2013

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

Photo: ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်
Tuesday, February 05, 2013 

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး
ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံ
ဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်က ပြောဆိုသည်။

Red Link ၏ ဝေဖန်မှုခံနေရသော အင်တာနက် ဝန်ဆောင်မှု
နှေးကွေးခြင်းကိုလည်း ဦးမင်းဆွေလှိုင်က ဝန်ခံပြောကြားလိုက်ပြီး ကိုယ်တိုင်ပင်လျှင် ကျေနပ်မှု မရှိဟုဆိုသည်။

ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းဖြစ်ရာ ယခုလအတွင်း ဆက်သွယ်ရေးဝန်ထမ်းများနှင့် ဆက်သွယ်ရေး ဝန်ဆောင်လုပ်ငန်းများလုပ်ဆောင်နေသည့်
ကုမ္ပဏီများကို ခေါ်ယူစစ်ဆေးမှုများ  ရှိနေသည်ဟူ သည့် 
ထင်မြင်ချက်များနှင့် ပတ်သက်၍လည်း ဦးမင်းဆွေလှိုင်က ရှင်းလင်းထားသည်။

ဆက်သွယ်ရေး လုပ်ငန်းများတွင် ကြိုးနီစနစ် လွှမ်းမိုးနေသည်ဟု
ဝေဖန်လိုက်သူ Red Link  ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင် ကို ၂ဝ၁၃
 အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်အင်တာနက် သုံးစွဲသူများ
အတွက် ဝန်ဆောင်မှုလုပ်ငန်းများ အတွက်ပြင်ဆင်နေမှု Red Link ကုမ္ပဏီနှင့်ဆက်သွယ်ရေး ဝန်ထမ်းတို့၏ ဆက်ဆံရေးအခြေအနေတို့ကို မဇ္ဈိမက မေးမြန်းထားခြင်းဖြစ်သည်။

ပထမဆုံး မေးချင်တာက ဖုန်းကဒ် ဈေးနှုန်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းရှင် တယောက်အနေနဲ့ ဘယ်လောက် ဖြစ်သင့်တယ်လို့ ထင်ပါသလဲ။

ဈေးနှုန်းက နိုင်ငံတကာဈေးပဲပေါ့။ နိုင်ငံတကာမှာ ဘယ်လောက်နဲ့
ရောင်းသလဲ။ ဒီလောက်ပဲပေါ့။ ဈေးနှုန်းက သူများ မှာ ရောင်းနိုင်ပြီး
ကိုယ်က မရောင်းနိုင်ရင် တစ်ခုခုမှားလို့ပေါ့။ ပြည်သူကတော့ နိုင်ငံတကာ
ဈေးအတိုင်း လိုချင်တာပေါ့။

အကယ်၍ပေါ့ Red Link က ဆက်သွယ်ရေး ၀န်ဆောင်မှုတွေ လုပ်ပိုင်ခွင့်ရမယ်ဆိုရင် Red Link အနေနဲ့ အများပြည်သူတွေ စိတ်ဝင်စားနေတဲ့ ဖုန်းကဒ်တွေကို ဘယ်ဈေးလောက်နဲ့ ရောင်းနိုင်
မလဲဆိုတာ ပထမဆုံးမေးချင်တယ်။

ကျွန်တော်တို့က Zero Cost (အခမဲ့)တင် မဟုတ်ဘူး။ တစ်အိမ် တက်ဆင်း တံခါးခေါက်ပြီး ကျွန်တော်တို့ဟာ ဝယ်ပါ လို့ သွားမှာပဲ။ အလကား
ပေးရုံတင်မကဘူး အိမ်အရောက်လာပေးမှာ။မြို့ကြီးတွေမှာဆိုရင်
ခြောက်လအတွင်းပေးနိုင် ပါတယ်။ တစ်နိုင်ငံလုံး ဆိုရင်တော့ တစ်နှစ်ခွဲ လောက်အတွင်း ပေးနိုင်ပါတယ်။ နှစ်နှစ် သုံးနှစ်လောက် 
အတွင်း အကုန်အပြီး ပေးနိုင်ပါတယ်။

Red Link က ဖုန်းကတ်ကို အခမဲ့ပေးမယ်ဆိုတော့ ဆိုတော့ ဝမ်းသာစရာပါပ။ဲ ဒါပေမယ့်  အခုRed Link က ဝန်ဆောင်မှုပေးနေတဲ့ အင်တာနက် သုံးစွဲခ ဈေးနှုန်းတွေက တော်တော်များနေတယ်လို့ဝေဖန်ကြပါ
တယ်။ အခုဖုံးကတ် ကိစ္စ ပြောလာတဲ့အခါမှာ လက်တွေ့ကော ဖြစ်နိုင်ရဲ့လား။

ဈေးများတယ်ဆိုတာ ကျွန်တော်တို့လည်း ဝန်ခံပါတယ်။ ကျွန်တော်တို့
မူကိုက Initial Price  (ကနဦး ဈေးနှုန်း) ကို Zero(သုည)နဲ့
ပေးဖို့ရည်ရွယ်ချက်ရှိတယ်။ ကျွန်တော်တို့ကလည်း အစိုးရက
တောင်းဆိုထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့ကိုလည်း တစ်နိုင်ငံလုံး လုပ်ကိုင်ခွင့်လိုင်စင် ဒီနေ့သာပေးလိုက်။ မနက်ဖြန် ကျွန်တော်တို့ Initial Cost ကို Zero ပေးလို့ရတယ်။ အခုက Full (အပြည့်အဝ) လိုင်စင် မရှိသေးဘူး။

ကျွန်တော်တို့က ဆက်သွယ်ရေးအောက်၊ ရတနာပုံ တယ်လီပအောက်မှာ လုပ်နေရတာဆိုတော့ လွတ်လွတ် လပ်လပ် လုပ်ခွင့်မရသေးဘူး။ သူတို့သတ်မှတ်ထားတာတွေရှိတယ်။ သူတို့ကို Sharing  လုပ်နေရတာတွေ ရှိတယ်။ ဒါတွေကTransaction Cost တွေပဲ။ ဒါတွေက ပေးနေရတာပဲ။ ကိုယ်တို့ကို လုပ်ပိုင်ခွင့် သာပေးလိုက်မယ်ဆိုရင်  မရှိတော့တဲ့ အတွက်
နိုင်ငံတကာနှုန်းနဲ့ ရောင်းနိုင်ပါတယ်။

REd Link ရဲ့အင်တာနက် ၀န်ဆောင်မှုတွေ အပေါ်မှာလည်း
တော်တော်လေး ဝေဖန်နေတာ တွေ့ရပါတယ်။ ဒီအပေါ်မှာကော ဘာတွေပြောချင်ပါသလဲ။

Service  (ဝန်ဆောင်မှု) ကိုပြောမယ်ဆိုရင်တော့ ဒီService ကကျေနပ် ဖွယ်ရာမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မကျေနပ်ပါဘူး။

သုံးတဲ့သူကတော့ ကောင်းကောင်းသုံးချင်တာပဲ။ ဒါကို Service ပေးဖို့က ဝန်ဆောင်မှုပေးတဲ့သူတွေမှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့က
ကြားခံ ဖြစ်နေပါတယ်။ ဆက်သွယ်ရေးက Miss Management  (လွဲချော်သည့် စီမံခန့်ခွဲမှု)နဲ့ မလုပ်ပေးနိုင်ရင် ကျွန်တော်တို့က အခက်အခဲတွေရှိပါတယ်။

ကျွန်တော်တို့ကို ပြည်သူနဲ့သာ တိုက်ရိုက် ချိတ်ဆက် ခွင့်ပေးလိုက်ရင် နိုင်ငံတကာနဲ့ ချိတ်ခွင့်ပေးရင် ကျွန်တော်တို့
အကောင်းဆုံး Quality  (အရည်အသွေး) ပေးနိုင်ပါတယ်။
ဝေဖန်နေတာလည်း တကယ် မကောင်းလို့ဆိုတာ လက်ခံပါတယ်။
ကျွန်တော်တို့မှာလည်း  Limitation (အကန့်အသတ်တွေ) ရှိတယ်။

ဒါဆို  အင်တာနက် အမြန်နှုန်းတွေကောင်းဖို့ ကောဘာတွေ လုပ်ဖို့ လိုမယ်ထင်လဲ။

လိုအပ်တာက ပုဂ္ဂလိက ဆန်ဆန် အားလုံးကလုပ်မှရမယ်။ ကြိုးနီစနစ်၊ ဗျူရိုကရေစီစနစ် မရှိမှရမယ်။ ဒီလုပ်ငန်းက မိနစ်နဲ့အမျှ နည်းပညာကို
ပြောင်းလဲနိုင်ရမယ်။ နောက်တစ်ချက်ကဈေးကွက် ကို ယုံယုံကြည်ကြည်နဲ့ ဖွင့်ပေးစေချင်တယ်။

ဆက်သွယ်ရေးနဲ့ ပတ်သတ်တဲ့ Mobil Project တွေမှာ Red Link အနေနဲ့ ဘာကြောင့်များ ၀င်မပါဖြစ်တာလဲ။

Red Link အနေနဲ့ အစည်းအဝေးတွေ တက်ခဲ့တယ်။ သူတို့ရဲ့ငွေကြေး
တွက်ချက်မှုမှာ Per line Cost က နိုင်ငံတကာနဲ့ယှဉ်ရင်  သုံးဆလောက်
များနေတယ်။ အဲဒါကြောင့်ကျွန်တော်တို့က အဲဒီပရောဂျက်ပေါ်မှာ ယုံကြည်မှု
မရှိလို့ မပါခဲ့ပါဘူး။ ဒီလို သန်းခြောက်ဆယ်သော ပြည်သူအတွက် စဉ်းစားတဲ့ National Level ပရောဂျက်ကို စဉ်းစားတာပညာရှင် ပါကိုပါရမယ်။
စီးပွားရေးပညာရှင်၊ နည်းပညာ ပညာရှင် ပါရမယ်။ ဒါတွေမပါဘဲ အင်ဂျင်နီယာ တစ်ယောက် ဆွဲခဲ့တာလေးကို နေရှင်နယ်ပရောဂျက်
အဖြစ် ဆွဲခဲ့တာကိုက မှားတယ်လို့ ကျွန်တော်တို့ကယူဆတယ်။
နောင်တစ်ချိန်လုပ်တဲ့ ပရောဂျက်တွေ ဆိုရင်တော့ နားလည်တဲ့ ပညာရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံလုပ်ကိုင်
နေတဲ့သူတွေ ဖိတ်ခေါ်သင့်တယ်။ အဲဒီတုန်းက ပရောဂျက် PLAN က တစ်နှစ်တစ်လကြာရင် မြတ်မယ်ဆိုခဲ့တယ်။ ဒီလို မြတ်တယ်
ဆိုတာပုံမှန် စီးပွားရေးမှာ မမြတ်ပါဘူး။ဘိန်းရောင်းမှပဲ မြတ်မယ်။

အခုကတော့ ဈေးနှုန်းကိစ္စမှာ တော်တော်လေး ပြဿနာတွေဖြစ်တယ်
လည်းကြားပါတယ်။

ဒီကိစ္စမှာ ဆက်သွယ်ရေးနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကိုလည်း စစ်ဆေးနေတယ်လို့ ကြားပါတယ်။ Red Link ကုမ္ပဏီကောပါဝင်ပါလား။

ကျွန်တော်တို့ကတော့ အစစ်မခံရတဲ့အတွက် သေချာမသိပါဘူး။
စစ်ဆေးခံရတာကိုတော့ ဘာမှန်းမသိဘူး။ ကျွန်တော် တို့ကလည်း
ဘာမှပတ်သက်ထားခြင်း မရှိပါဘူး။ ရှုပ်ထွေးမှုရှိတယ်လို့ ယူဆလို့ပါ။ ကျွန်တော်တို့က အော်ပရေတာပဲ လုပ်ချင်တယ်။

အခုဆို ဆက်သွယ်ရေး ၀န်ကြီးလဲ အပြောင်းအလဲ ဖြစ်သွားပြီ။ ဒီအပြောင်းအလဲ အပေါ်မှာအကောင်းဘက်က ဘာမျှော်လင့်လို့ 
ရနိုင်မယ်လို့ ထင်ပါသလဲ။

ကောင်းသော အပြောင်းအလဲပဲ မျှော်လင့်ပါတယ်။ ကြားရတာ
ကတော့ ပြည်တွင်း လုပ်ငန်းရှင်တွေကိုလည်း ဦးစားပေးချင်တယ်လို့ သမ္မတကြီးက ညွှန်ကြားထားတာရှိတယ် လို့ကြားပါတယ်။
ကြိုဆိုပါတယ်။ ပြည်တွင်းမှာလည်း တကယ်မတတ်ဘဲနဲ့လုပ်နေတဲ့ ပညာရှင်တွေ ကြီးစိုးသွားမှာကို ကျွန်တော်တို့က မလိုလားပါဘူး။ ကျွန်တော်တို့လည်း ပညာရှင်ဘဝကနေ တစ်ဆင့်ချင်း တက်လာတာပါ။ ကျွန်တော်တို့ဆိုလည်း တစ်ကျပ်တစ်ပြားကအစ စိစစ်ပြီး လုပ်ကိုင်မှ ဒီလိုလုပ်ငန်းမျိုးက လုပ်နိုင်တာပါ။ တစ်ကျပ်ရင်း တစ်ဆယ်မြတ်တဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မပါဘဲနဲ့ 
လုပ်နိုင်တဲ့လုပ်ငန်းမဟုတ်ပါဘူး။

ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်မဲ့ ကုမ္ပဏီ နှစ်ခုရှိပြီးပြီပေါ့။ ရတနာပုံ တယ်လီပို့နဲ့ မြန်မာ့ဆက်သွယ်ရေးပေါ့ ။ နောက်နှစ်ခုကိုလဲ
ထပ်ခေါ်ထားတော့ လေးခုပေါ့။ လေးခုတင် လုံလောက်မယ်လို့ ထင်ပါသလား။

အိုင်ဒီယာမျိုးစုံပေါ့။ မိုဘိုင်းအော်ပရေတာ ကမ္ဘာပေါ်မှာ အများကြီးSurvive မဖြစ်တော့ဘူး။ လေးခုဆိုတာ လုံလောက်တယ် ပြောလို့ရတယ်။ ဒါပေမယ့် အခြေအနေပေါ်မှာမူတည်တာပေါ့။ ကျွန်တော့်အမြင်တော့ စပေးတာက
လေးခုထက်မကပေးသင့်တယ်ထင်တယ်။ ပြုတ်သွားနိုင်တာ ရှိသေးတာကိုး။

Sea Game မှာ ၀ိုင်ဖိုင်လွှင့်ခွင့် ကို Red Link က ရတယ်လို့ သိရပါတယ်။

အဲဒီမှာ ကျွန်တော်တို့ စကားအသုံးအနှုန်းကိုတော့ နည်းနည်း
စိတ်မကောင်းဖြစ်မိပါတယ်။ လုပ်ခွင့်ရတယ်လို့ပြောလိုက်တော့
ကျွန်တော်တို့က လုပ်ပိုင်ခွင့်ရသလို ဖြစ်နေတယ်။ အခုဟာက ကျွန်တော်တို့က Sea Game မှာ ၀ိုင်ဖိုင် သုံးလို့ရအောင် အခမဲ့ လှူတာ။ အခုကဆက်သွယ်ရေးဘက်က ပြောတာက Red Link ကို လုပ်ပိုင်ခွင့်
ပေးတယ်ဆိုတော့ ကျွန်တော်တို့က ပြောရရင်ရွှေတိဂုံမှာ ရွှေသင်္ကန်းကပ်ဖို့ လှူတာကို ရွှေသင်္ကန်းကပ်ခွင့် လိုင်စင်ပေးလိုက်သလို ဖြစ်နေတယ်။
နားမလည်လို့ ပြောတာလည်းဖြစ်မှာပါ။ ကျွန်တော်တို့က ၂ဝ၁၃ Sea Game မှာ ဒီတိုင်းပြည်မှာ လုပ်လို့ Contribute လုပ်လို့ Free စပွန်စာ
ပေးတာ၊ကုမ္ပဏီပေါင်း ၅ဝ လောက် ဝင်ပြိုင်တဲ့အထဲမှာမှ ကျွန်တော်တို့
တစ်ဦးတည်း ရခဲ့တာ။ အမှန်တကယ်က ကျွန်တော်တို့ တစ်ဦးတည်းပဲ။ ဒါပေမယ့် နိုင်ငံတော် အကြီးအကဲတွေက တစ်ဦးမဟုတ်ဘူး။
နှစ်ဦးပေးပါဆိုလို့ Sky net ပါ ပါလာတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ Brand ကို ၂ဝ၁၃ Sea Game  နဲ့ အတူ ကြော်ငြာမယ်။ လုပ်ပိုင်ခွင့်ပေးတယ် ဆိုတော့ အများပြည်သူတွေအမြင်မှာ Red Link ကခရိုနီတွေတော့ ရပြန်ပြီ ထင်မှာပေါ့။

တကယ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က  Contribute လုပ်တာပါ။
ကျွန်တော်တို့က လှူဒါန်းတာပေါ့။ လှူဒါန်းတဲ့ ပမာဏနဲ့ညီတဲ့ကြော်ငြာခွင့်
တော့ ကျွန်တော်တို့ကို အားကစားဝန်ကြီးဌာနက ပြန်ပေးမှာပေါ့။

ဘယ်နေရာတွေမှာ ၀န်ဆောင်မှု ပေးမှာပါလဲ။

ကျွန်တော်တို့ ရထားတာကမြန်မာနိုင်ငံအောက်ပိုင်းအတွက် ရထားပါတယ်။ ရန်ကုန်၊ ပုသိမ် (ငွေဆောင်)ပေါ့။ အဲဒီမှာ ကျွန်တော်တို့ Wifi Hotspot  တွေ လွှင့်ပေးမယ်။

ကျွန်တော်တို့က ဒီကာလမှာfree ပေးချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ မူချ
ထားတာကလည်း free ပါ။ ကျွန်တော်တို့ ဒီမှာပါဝင်ဖို့လည်း တကယ်ကို ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါကြောင့် Local ကုမ္ပဏီတစ်ခုအနေနဲ့ လုပ်ကိုင်ခွင့်
ရတာကို ဂုဏ်ယူပါတယ်။

အမြန်နှုန်းကိုရော ဘယ်လိုများ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမှာပါလဲ။

အဲဒီကိစ္စကိုလည်း ကျွန်တော်တို့ ဒုဝန်ကြီး ဦးသောင်းတင်ကို သွားတွေ့ဖို့ စီစဉ်ထားပါတယ်။ သူကလည်း အင်တာနက်မြန်ဆန်ရေးကိုတော်တော်လေး
အာရုံစိုက်နေတယ်။ကျွန်တော်တို့ကလည်း အင်ဂျင်နီယာတွေ Technician တွေဖြစ်တဲ့အတွက် သူ့ကိုလည်း အကောင်းဆုံး
အကြံဥာဏ်တွေ ပေးမယ်။ အဓိကကတော့ ဒီမှာက ပစ္စည်းတွေလည်းရှိ
တယ်။Bandwidth  တွေလည်းရှိတယ်။ ဒါပေမဲ့ Fully Utilized မလုပ်နိုင်ဘူး။ Poor Management ဖြစ်နေတယ်။

Poor Management ကဘာတွေကို ရည်ရွယ်ပါသလဲ။

Poor Management ကအစိုးရ ဝန်ကြီးဌာနက ဝန်ထမ်းတွေကိုင်တွယ်
တဲ့အတွက် limitation တွေရှိမှာပေါ့။ lack of Technical Knowledge 
ပေါ့ ။ နောက်တစ်ခုက ဗျူရိုကရေစီစနစ်တွေ ရှိကောင်းရှိနိုင်တယ်။ အိုင်တီသမားက Configuration တစ်ခု ပြောင်းဖို့အတွက်ကိုအထက်ကို စာတင်ရတယ်။ အထက်က ခွင့်ပြုမှဆိုရင် အထက်ကလည်း နားလည်ချင်မှ နားလည်မယ်။ ကိုယ့်ရဲ့တာဝန်က မြန်ဆန်ဖို့ ဆိုတာကိုကိုင်တွယ်တဲ့လူက နားလည်ဖို့လိုတယ်။ မမြန်သေးသရွေ့ ငါမှားနေတယ်ဆိုတာ သိရမယ်။ ငါမလုပ်နိုင်လည်း ငါထွက်မယ်ဆိုတဲ့ စိတ်ဓါတ်ကို ဒီဝန်ကြီးဌာန
မှာရှိတဲ့ အင်ဂျင်နီယာ level  အထိက ရှိမှ ပြည်သူ ဗဟိုပြု ဆားဗစ်ကို သွားလို့ရမယ်။

ပြည်သူ ဗဟိုပြု တကယ်သွားချင်ရင်တော့ Mindset ကို ပြောင်းရမယ်။
ပြည်သူက နှေးနေပါတယ်လို့ ပြောတာကို လက်ခံပြီးတော့ ငါဘယ်လို
မြန်အောင် လုပ်ရမလဲဆိုတာ ပြောင်းဖို့လိုနေပြီ။ အဲဒါကိုလည်း ဒုဝန်ကြီး ဦးသောင်းတင်ကို ပြောထားပါတယ်။ သူလည်း ကြိုးစားနေတယ်။

အခုဒီအပြောင်းအလဲမှာတော့ ကောင်းသွားနိုင်တယ်လို့ ယူဆပါတယ်။ ဒါပေမယ့်လည်း စောင့်ကြည့်ရမှာပေါ့။

Sea Game အမြန်နှုန်းနဲ့ ပတ်သတ်ပြီး ဘယ်လောက် ပမာဏအတွင်း ပေးရမယ်လို့ သတ်မှတ်ထားတာ ရှိပါသလဲ။

Sea Game မှာ လိုအပ်တာကBandwith  နဲ့သုံးတဲ့ အနေအထားညီမျှဖို့ပါ။ ဒါပေမယ့် Bandwith ကပြဿနာမရှိပါဘူး။ လိုတာကတော့ 
Poor Management  မဖြစ်ဖို့ပါ။ကျွန်တော်တို့ အမြဲတမ်းပြောထားတာ ရှိပါတယ်။ အင်တာနက် မြန်ဖို့ဆိုရင် ပညာရှင်ကို နိုင်ငံခြားက
ခေါ်စရာမလိုပါဘူး။ ပြည်တွင်းမှာရှိတဲ့ ပညာရှင်လက်ထဲကို တစ်ရက်လောက်
ပဲပေးထည့်လိုက်ပါ။ မြန်လာပါလိမ့်မယ်။ အခုလက်ရှိ တစ်နိုင်ငံလုံး သုံးနေတဲ့ Bandwith က 14 Gဆိုတော့ ကျွန်တော်တို့ မှန်းတာကနောက်ထပ် 10G အထက်တော့ လိုပါလိမ့်မယ်။ တကယ့်ကို Hight Speed  နဲ့ သွားမယ်
ဆိုရင်ပေါ့။ လာအိုမှာဆိုရင် Sea Game  မတိုင်မီနဲ့ Sea Game အတွင်းမှာ Bandwith ကို သုံးဆချဲ့တယ်။

Sea Game မှာ ၀ိုင်ဖိုင်ပေးခွင့်ရတာက အရင်ဆက်သွယ်ရေး ၀န်ကြီး လက်ထက်က လုပ်ခဲ့တာပါလား။

အဲဒါက တင်ဒါရွေးချယ်ရေးအဖွဲ့ဆိုတာရှိပါတယ်။ အဲဒီမှာ ဒုဝန်ကြီး ဦးသောင်းတင်က ဒုဥက္ကဋ္ဌအနေနဲ့ လုပ်တာပါ။ အရင်ဝန်ကြီးနဲ့ မဆိုင်ပါဘူး။ လက်ရှိ ပြည်တွင်းမှာ သုံးနေရတာက ရှိနေတဲ့ Bandwith ထက်စာရင်နှေးတယ်လို့ ပြောနိုင်ပါသလား။ Gateway  မှာ
ရှိတဲ့ Management က တော်တော်လေးကို အားနည်းနေတယ် ဆိုနိုင်ပါတယ်။ လက်ရှိသုံးတဲ့ အနေအထားနဲ့ဆို 14Gက လုံလောက်ပါတယ်။ ဒါပေမယ့် မိုဘိုင်းသုံးတဲ့ User များနေတယ် ဆိုရင်တော့ မလုံလောက်
ဘူးပေါ့။ ကျွန်တော်တို့ Red Link Subscriber တွေဆိုရင်လည်း
တော်တော်ကို ကြာပါတယ်။ အဲဒီတော့ Bandwith မရှိရင်ကျွန်တော်တို့က အရောင်း ခဏရပ်၊ရှိမှ ပြန်ရောင်း အဲဒီလို လုပ်နေရတယ်။

နောက်ဆုံးမေးခွန်းပါ ဆက်သွယ်ရေး ဥပဒေကြမ်းအပေါ် ဘယ်လို
အမြင်ရှိပါသလဲ။

လက်ရှိဥပဒေကို ဝန်ကြီးကိုလုပ်ပိုင်ခွင့်ပေးလွန်းတာကို ထောက်ပြ
ထားတယ်။ နောက်တစ်ခုက နိုင်ငံတကာနဲ့ ချိတ်ဆက်တဲ့အပိုင်းမှာ အားလုံးကို ဆက်သွယ်ရေးက ကိုင်ထားတော့ ကြိုးနီစနစ်ဆန်တယ်လို့
ထောက်ပြချင်ပါတယ်။ 

တင်ဇာအောင် 
မဇ္ဈိမ
ဓာတ်ပုံ - ဟိန်းထက် ၊ မဇ္ဈိမဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါ စိစစ် ရွေး ချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင် ခွင့် ရရှိမည်ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင် က ပြော ဆိုသည်။

မူးယစ်ဆေးဝါးကြောင့် ငယ်ရွယ်လှပတဲ့ မိန်းကလေးတဦးရဲ့ ကြေကွဲဖွယ်အဖြစ်အပျက်

Photo: မူးယစ်ဆေးဝါးကြောင့် ငယ်ရွယ်လှပတဲ့ မိန်းကလေးတဦးရဲ့
ကြေကွဲဖွယ်အဖြစ်အပျက် 
Tuesday, February 05, 2013

တက္ကဆက်ပြည်နယ် Cypress မြို့က ၁၇ နှစ်အရွယ် မိန်းကလေး Emily Bauer ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဓာတ်ဆီဆိုင်တခုကနေ ၀ယ်ယူခဲ့တဲ့ ဓာတုဆေးခြောက် (ဆေးခြောက်အတု) ကို သူငယ်ချင်းတွေနဲ့ ရှုရှိုက်ခဲ့ရာမှ သွေးတိုးဖြစ်ကာ ဦးနှောက်ထိခိုက်၊ အကြောတချို့သေသွားပြီး ယခုအခါ မျက်လုံးလည်း မမြင်နိုင်တော့ကြောင်း သိရပါတယ်။ 

ဓာတုဆေးခြောက်ဟာ Spice သို့မဟုတ် K2 လို့လည်း ခေါ်ကြပြီး အရွက်ခြောက်ပေါင်းစုံပါဝင်ပြီး ဓာတုဆေးရည်များနဲ့ ရောစပ်
ထားတာ ဖြစ်ပါတယ်။ ဓာတ်ဆီဆိုင်တွေမှာ အနှံ့အသက်မွှေးစေတဲ့ potpourri အထုတ်လေးတွေအဖြစ် ရောင်းချကြပါတယ်။ 

အမေရိကန်ရဲ့ ပြည်နယ်များစွာ မှာ တားမြစ်ထားကြပြီး ထုတ်လုပ်သူတွေက ပါဝင်တဲ့ပစ္စည်းတချို့ကို အစားထိုးထည့်သုံးကြပြီး ဈေးကွက်မှာ ပြန်လည်
ရောင်းနေခဲ့ပါတယ်။ 

Emily Bauer က အဆိုပါ ဆေးခြောက်ကို ရှုရှိုက်ခဲ့ပြီး ၁၅ မိနစ်
အကြာမှာခေါင်းတွေကိုက်ခဲ့တယ်လို့ သူ့ချစ်သူကို ဖုန်းဆက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သွေးတိုးတွေဖြစ်ပြီး စိတ်ဖော်ပြန်သလိုဖြစ်ကာ၊ နံရံကိုပြေးတိုက်တာ၊ သေးပေါက်ချတာ၊ ကြမ်းကြမ်းတမ်းတမ်း
ဖြစ်ခဲ့တယ်လို့ သူရဲ့ညီမဖြစ်သူက CNN သတင်းကို ပြောပြခဲ့ပါတယ်။ 

ရဲတွေရောက်လာပြီး သူ့ကိုဆေးရုံပို့ခဲ့ပါတယ်၊ ဆေးရုံမှာ သူနာပြု တယောက်ကို ကိုက်ဖို့ကြိုးစားခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ဦးနှောက်နဲ့အာရုံကြောအထူးပြုဆရာဝန် က Emily ရဲ့ ဦးနှောက်ကို
ဓာတ်မှန်ရိုက်ထားပြီး အဖြူရောင်အကွက်တွေက အာရုံကြောတွေ
သေနေတာဖြစ်ကြောင်း ပြသခဲ့ပြီး ဓာတ်ပုံထဲမှာ အဖြူရောင်တွေက ၇၀% လောက် ရှိနေတယ်လို့ အမေဖြစ်သူ Tonya Bauer က ပြောပြပါတယ်။ 

ဆရာဝန်တွေရဲ့ ကြိုးစားမှုကြောင့် Emily Bauer က အသက်ရှင်ခဲ့ရပေမယ့် မျက်လုံးတွေ မမြင်ရတော့ပါဘူး၊ လက်တွေခြေတွေ မလှုပ်ရှားနိုင်တော့ပါဘူး။ 

အခုအချိန်မှာ Emily Bauer ရဲ့ မိသားစုတွေက S.A.F.E (Synthetic Awareness For Emily) အဖွဲ့ကို တည်ထောင်ထားပြီး လူငယ်များကို ဓာတုချက်ဆေးခြောက်ရဲ့ အန္တရာယ်ကို အသိပေး ပညာပေးမှုတွေ လုပ်ပေးနေပါတယ်။

ဖေ့စ်ဘုတ်စာမျက်နှာ https://www.facebook.com/safe4emily 
မှာလည်း သွားရောက်လေ့လာနိုင်ပါတယ်။ 

(Ref; DailyMail UK, Feb 04, 2013, http://tinyurl.com/bjk45jt)

Myanmar1တက္ကဆက်ပြည်နယ် Cypress မြို့က ၁၇ နှစ်အရွယ် မိန်းကလေး Emily Bauer ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဓာတ်ဆီဆိုင် တခုကနေ ၀ယ်ယူခဲ့တဲ့ ဓာတုဆေးခြောက် (ဆေးခြောက်အတု) ကို သူငယ်ချင်းတွေနဲ့ ရှုရှိုက်ခဲ့ရာမှ သွေးတိုးဖြစ်ကာ ဦးနှောက်ထိခိုက်၊ အကြောတချို့သေသွားပြီးယခုအခါမျက်လုံးလည်း မမြင်နိုင်တော့ေ ကြာင်း သိရပါတယ်။
ဓာတုဆေးခြောက်ဟာ Spice သို့မဟုတ် K2 လို့လည်း ခေါ်ကြပြီး အရွက်ခြောက်ပေါင်းစုံပါဝင်ပြီး ဓာတုဆေးရည်များနဲ့ ရောစပ်ထား

Tuesday, February 05, 2013

တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝူရှူး အားကစား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ

 တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝူရှူး အားကစား ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဇေယျာသီရိ အားကစားရုံ အမှတ်(၂)တွင်ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ တပ်မတော် အရာရှိ ကြီးများနှင့် ပြိုင်ပွဲဝင် အားကစား အသင်းများမှ အားကစား သမားများ တက်ရောက် ကြည့်ရှု အားပေးသည်။

ကောင်းမြတ်ကျော် တွဲရေယာဉ် ဆီထည့်စဉ် ရုတ်တရက် ပေါက်ကွဲ မီးလောင် နစ်မြုပ်

မြဝတီ စက်သုံးဆီ ရောင်းချခြင်း လုပ်ငန်း ဆောင်ရွက်လျက် ရှိသည့် လှိုင်မြို့နယ် ဘုရင့်နောင် လမ်းမကြီး လှိုင်မြစ်ကမ်းရှိ ဘုရင့်နောင် အိုဝမ်း ဆိပ်ကမ်းတွင် ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ၄ နာရီခွဲချိန် ၌ ရပ်ထားသည့် မြဝတီ (ဝဝ၃) တွန်း/ တွဲ ရေယာဉ်မှ ပုဂ္ဂလိကပိုင် ဆီဝယ် ရေယာဉ် အောင်သုခ ဧရာ တွန်းသင်္ဘောနှင့် ကောင်းမြတ်ကျော် တွဲရေယာဉ်များသို့ စက်သုံးဆီ ဒီဇယ် များ ရောင်းချ ဆီထည့် ပေးနေစဉ် ညနေ ၅ နာရီ ၁၅ မိနစ် ချိန်ခန့်တွင် ကောင်းမြတ်ကျော် တွဲရေယာဉ်မှ ရုတ်တ ရက် ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

SNLD ခေါင်းဆောင်များတက်ကြမည့် တောင်ကြီးဆွေးနွေးပွဲ

Photo: SNLD ခေါင်းဆောင်များတက်ကြမည့် တောင်ကြီးဆွေးနွေးပွဲ
Tuesday, February 05, 2013 

လာမည့်သောကြာနေ့ တောင်ကြီးမြို့တွင်  ကျင်းပမည့် "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း" အမည်ရှိ  ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ထိပ်တန်း
ခေါင်းဆောင်များဖြစ်သော ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်တို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

ဤ ဆွေးနွေးပွဲမျိုးကို   ရန်ကုန်တွင် ပထမဦးဆုံး ကျင်းပစဉ်က ရှမ်းအဖွဲ့အစည်းတွေသာ ပါဝင်ခဲ့ကြောင်း၊ ယခု ဆွေးနွေးပွဲတွင်မူ ရှမ်းပြည်နယ်ရှိ အရပ်ဖက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားဟောင်းများ၊ အင်း၊ ဓနု၊ ပအိုဝ်း၊ ကယန်း၊ ရှမ်း၊ အစရှိသည့် တိုင်းရင်းသားများ ပါဝင် နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသည့်တောင်ကြီး မြို့တွင်
ကျင်းပရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက် အင်အားစု အဖွဲ့မှ ကိုညီညီမိုးက ပြောသည်။

ဲငြိမ်းချမ်းရေး ပျက်ပြားနေခြင်းမှာ ယုံကြည်မှု ပျက်ပြားသောကြောင့်
ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု တည်ဆောက်ရန် ရည်ရွယ်ပြီး ဆွေးနွေးပွဲကို  SNLD နှင့် ပူးပေါင်း စီစဉ်ဆောင်ရွက်
လိုက်ခြင်းဖြစ်ကြောင်း ကိုညီညီမိုး ကပြောသည်။

စစ်ပွဲများ ရပ်ဆိုင်းစေရန်၊ လူထု တောင့်တနေသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း  SNLD  မြို့နယ် ဥက္ကဌ ဦးခင်မောင်ညွန့် (ခ) စိုင်းခမ်းပိုင်ဖက ပြောသည်။

လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး ယူထားသည် ဆိုသော်လည်း
ငြိမ်းချမ်းရေးအစစ်အမှန် မရရှိသေးဘူးဟု မိမိ ထင်မြင်ယူဆကြောင်း၊
နောင် တချိန်တွင် တိုင်းရင်းသား ပြည်သူတရပ်လုံးပါဝင်မည့်
ဆွေးနွေးပွဲ ပြုလုပ်သွားရန် ရည်ရွယ်ထားကြောင်း သူက ဖြည့်စွက်
ပြောကြားသည်။

တောင်ကြီးမြို့ ဆွေးနွေးပွဲကို   ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အသင်းခန်းမတွင် ကျင်းပရန် စီစဉ်နေကြသည်။

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) 
ဧရာဝတီလာမည့်သောကြာနေ့ တောင်ကြီးမြို့တွင် ကျင်းပမည့် "ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း" အမည်ရှိ ဆွေးနွေးပွဲကို ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၏ထိပ်တန်းခေါင်းဆောင် များဖြစ်သောခွန်ထွန်းဦး၊စိုင်းညွန့်လွင်တို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

Post Paid စနစ်ဖြင့် အသုံးပြုနေသည့် GSM ဖုန်းများ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် ယူဆောင်ပြောဆိုနိုင်ပြီ

Photo: Post Paid စနစ်ဖြင့် အသုံးပြုနေသည့် GSM ဖုန်းများ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများတွင် ယူဆောင်ပြောဆိုနိုင်ပြီ
Monday, 04 February 2013 

မြန်မာဂျီအက်စ်အမ်ဖုန်းကို အာဆီယံ ဆယ်နိုင်ငံ အပါအဝင် ကိုရီးယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

ပြည်ပနိုင်ငံများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော စနစ်တစ်ခုဖြစ်သည့် ဂျီအက်စ်အမ်ဖုန်းများ Outbound စနစ် အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ထားသော နိုင်ငံများတွင် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက် ထားခဲ့ပြီး ဖြစ်ကာ အဆိုပါ နိုင်ငံများတွင် ယင်းစနစ်သုံးစွဲမှု အောင်မြင်ပါက အခြားသော နိုင်ငံများတွင်ပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“Outbound စနစ်ကို သုံးနိုင်ဖို့အတွက် အာဆီယံ ဆယ်နိုင်ငံနဲ့ ကိုရီးယား၊ ဂျပန်မှာ စမ်းသပ်မှုတွေ လုပ်ပြီးပါပြီ။ အခုဆိုရင် ဒီနိုင်ငံက ဖုန်းတွေကို နံပါတ်ပြောင်းလဲမှုမရှိဘဲ ဆက်သွယ် အသုံးပြုနိုင်ပါပြီ” ဟု ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ 

ယင်းစနစ်ကို (Post Paid) ဘီလ်ကျခံသုံးစွဲခြင်း စနစ်ဖြင့် အသုံးပြုနေသည့် မိုဘိုင်းဖုန်းများသာ အသုံးပြုနိုင်မည်ဖြစ်ပြီး လက်ရှိသုံးစွဲခွင့် ပြုမည်ဖြစ်ကြောင်း
သိရသည်။ 

“အခုရတဲ့ နိုင်ငံတွေ အပြင် အခြားနိုင်ငံတွေကိုပါ သယ်ဆောင် အသုံးပြု လို့ရအောင် စီစဉ်မှာပါ။ ဒီစနစ်ကို ဂျီအက်စ်အမ်ဖုန်း တစ်မျိုးတည်းဘဲ သုံးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဂျီအက်စ်အမ် ကွန်ရက်ဟာ နိုင်ငံအများစု သုံးစွဲတဲ့ စနစ် ဖြစ်တာကြောင့်ပါ” ဟု ယင်းက ထပ်မံပြောသည်။ 

ယင်းသို့ သုံးစွဲရာတွင် ကောက်ခံမည့် ဘေလ်နှုန်းထား များမှာ မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်းမှ သတ်မှတ်ထားသော ပြည်ပနိုင်ငံ များသို့
ခေါ်ဆိုသည့် နှုန်းထားအတိုင်းပင် ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ 

ယင်း Outbound စနစ်နှင့် ပတ်သက်၍ အိုင်စီတီ ကျွမ်းကျင်သူ ဦးရဲနိုင်က “ဒီစနစ် အသုံးပြုနိုင်တဲ့အတွက် တခြားနိုင်ငံရောက်ရင် သူတို့ကတ်ဖုန်း သုံးစရာ မလိုတော့ဘူး။ နောက်တော့ နံပါတ်ကလဲ ဒီမှာကိုင်တဲ့ နံပါတ်ဘဲဆိုတော့ ဆက်သွယ်ရတာ လွယ်ကူတယ်၊ ဘန်ကောက် သွားတုန်းက ကျွန်တော်သုံးဖူးတယ်၊ လိုင်းကောင်းတယ်လို့လဲ
ပြောလို့ရတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ အတွင်း၌ မိုဘိုင်းဖုန်း သယ်ဆောင် အသုံးပြုနိုင်သည့်
Inbound စနစ်ကို အာဆီယံနိုင်ငံများနှင့် ဂျပန်နိုင်ငံမှ ဖုန်းများ အသုံးပြုခွင့် ပေးထားပြီဖြစ်ကြောင်း သိရသည်။ 

အဆိုပါ ပြည်ပနိုင်ငံများသို့ မိုဘိုင်းဖုန်းများ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound စနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်
ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ သုံးစွဲနိုင်ခြင်း
ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Ngeမြန်မာဂျီအက်စ်အမ်ဖုန်းကိုအာဆီယံဆယ်နိုင်ငံအပါအဝင်ကိုရီး ယားနှင့် ဂျပန်နိုင်ငံများတွင်လည်း ဆက်သွယ် ပြောဆိုနိုင်မည် ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာနမှ သိရသည်။
ပြည်ပနိုင်ငံများ တွင်တွင်ကျယ်ကျယ် အသုံးပြုနေသော စနစ်တစ်ခုဖြစ် သည့် ဂျီအက်စ်အမ်ဖုန်းများ Outbound စနစ် အသုံးပြုနိုင်ရန်အတွက် သတ်မှတ်ထားသော နိုင်ငံများတွင် ကြိုတင်စမ်းသပ်မှုများ ဆောင်ရွက် ထားခဲ့ပြီး ဖြစ်ကာ အဆိုပါ နိုင်ငံများတွင် ယင်းစနစ်သုံးစွဲမှု အောင်မြင်ပါက အခြားသော နိုင်ငံများတွင်ပါ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဒေသတွင်း ကုန်သည်ကြီးများ မဲဆောက်မြို့တွင် တွေ့ဆုံ

Photo: အာဆီယံ ဒေသတွင်း ကုန်သည်ကြီးများ မဲဆောက်မြို့တွင် တွေ့ဆုံ 	
Monday, 04 February 2013 
အာဆီယံနိုင်ငံများ ကုန်သွယ်မှု ကွန်ယက်နှင့် ၂၀၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုင်းအ၀န်း အစီအစဉ် အကြိုအဖြစ် အာဆီယံဒေသတွင်း နိုင်ငံများမှ ကုန်သည်ကြီးများ တွေဆုံသည့် အခမ်းအနားကို  မဲဆောက်မြို့ မြူနီစပယ် ဘောလုံးကွင်း ခန်းမဆောင်တွင် ဖေဖော်ဝါရီလ (၂) ရက်နေ့  နံနက်က ပြုလုပ်ခဲ့ပြီး ထိုင်းကုန်စည်ပြပွဲအား ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့  ဖိတ်ကြားထားသည့် အာဆီယံ နိုင်ငံများမှ ကုန်သည်ကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ၊ ကရင်ပြည်နယ် မြ၀တီမြို့မှ ကုန်သည်များအသင်း ဥက္ကဌ
ဒေါ်သင်သင်မြတ်နှင့်အဖွဲ့ ၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကုန်သည်အသင်းဝင်များဖြစ်သည့် ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ ပုလဲနှင့်ငါး လုပ်ငန်းရှင်များ၊ ကြက်သွန်လုပ်ငန်းရှင်များ၊ မွေးမြူရေးနှင့်
ရေလုပ်ငန်းမှ လုပ်ငန်းရှင်များ စုစုပေါင်း ၄၈ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

“လေးနိုင်ငံ အာဆီယံကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များ တွေဆုံပွဲနဲ့  ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ မဲဆောက် ကုန်သည်များ အသင်းကဖိတ်လို့ တက်ရောက်လာကြတာပါ။ ဒီက အခြေအနေကို လေ့လာရင်းနဲ့  ၂၀၁၅ မှာ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှု ကျင့်သုံးတဲ့ အချိန်ကျရင် ကိုယ့်ဖက်က ဘာတွေ
ပြင်ဆင်ထားရမလဲ။ ဘာတွေ လိုအပ်သလဲ ဆိုတာကို အဓိက လာရောက်လေ့လာတာပါ” ဟု မွန်ပြည်နယ် ကုန်သည်လုပ်ငန်းရှင်များ အတွင်းရေးမှူး ဦးထင်အောင်ကျော်က ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့  ထိုင်းနိုင်ငံ ကုန်သွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး တက်ရောက် ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း သိရသည်။

Eleven Media Groupအာဆီယံနိုင်ငံများ ကုန်သွယ်မှု ကွန်ယက်နှင့် ၂၀၁၅ ခုနှစ်တွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုင်းအ၀န်း အစီအစဉ် အကြိုအဖြစ် အာဆီယံဒေသတွင်း နိုင်ငံများမှ ကုန်သည်ကြီးများ တွေဆုံသည့် အခမ်းအနားကို မဲဆောက်မြို့ မြူနီစပယ် ဘောလုံးကွင်း ခန်းမဆောင် တွင် ဖေဖော်ဝါရီလ (၂) ရက်နေ့  နံနက်က ပြုလုပ်ခဲ့ပြီး ထိုင်းကုန်စည်ပြ ပွဲအား ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ခင်းကျင်းပြသသွား မည် ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်တစ်ခုလုံး အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းအပေါ် နစ်နာကြေးရရန် ပြန်လည်ကြိုးစားသွားမည်

Photo: ရပ်ကွက်တစ်ခုလုံး အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းအပေါ် နစ်နာကြေးရရန် ပြန်လည်ကြိုးစားသွားမည်
Monday, 04 February 2013

မြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၉၉၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျိုက္ကဆံ
အနောက်ရပ်ကွက်အား အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းကို ဖျက်သိမ်းခံပြည်သူ များက နစ်နာကြေးရရှိရန် ပြန်လည်ကြိုးစား
သွားမည်ဟု အိမ်ဖျက်သိမ်းခံခဲ့ရသူ ဦးတင်လှက ပြောကြားသည်။

ယင်းရပ်ကွက်ကို မြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ
၁၉၉၃ခုနှစ် ဧပြီလတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖျက်သိမ်း
ခံခဲ့ရစဉ်တွင် နစ်နာကြေးဟူ၍ မရရှိဘဲ အိမ်ပိုင်ရှင်များအတွက် ဒဂုံတောင်ပိုင်းကို မြေနေရာပြန်လည်ချထားပေးပြီး မြေတန်ဖိုး
အဖြစ် ငွေ ၆၀၀၀ ကျပ် အိုးအိမ်သို့ သွင်းခဲ့ကြောင်း၊ အိမ်ငှားများ
အတွက် လှိုင်သာယာသို့ မြေနေရာပေးခဲ့ပြီး မြေတန်ဖိုးအဖြစ်
ငွေ ၁၇၀၀ ကျပ် သွင်းခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ကို ပြောင်းရွှေ့ခိုင်းခဲ့ပြီး ဒီနေရာကို နိုင်ငံတော်
အတွက် အကျိုးရှိမယ့် ရုံး၊ ဘဏ် ဒါမှမဟုတ် စာတိုက် ဒီလိုမျိုးတစ်ခုခုဆောက်ခဲ့မယ်ဆိုရင် ကျုပ်တို့အနေနဲ့
ကျေနပ်နိုင်သေးတယ်၊ ခုတော့ ကုမ္ပဏီကနေ တိုက်ခန်းတွေ ဆောက်လုပ်ရောင်းစားခဲ့တဲ့အတွက်
မကျေနပ်နိုင်ဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ယခုနောက်ပိုင်း လယ်ယာမြေနှင့်အခြားမြေများ စုံစမ်းစစ်ဆေးရေး
ကော်မရှင်ကို ဖွဲ့စည်းပြီးဖြစ် သည့်အတွက် ယင်းကော်မရှင်မှ
ဖျက်သိမ်းခံပြည်သူများအတွက် မှန်ကန်မျှတသည့်
ဆုံးဖြတ်ချက်တစ်ရပ် ချပေးရန် မျှော်လင့်မိကြောင်း၊
ရပ်ကွက်ဖျက်သိမ်းခံရစဉ် ပြောင်းရွှေ့ပေးရသည့် အိမ်ရှင်ဦးရေမှာ
၁၆၀ကျော်ရှိပြီး အိမ်ငှားအရေအတွက်မှာ ၁၅၇ ဦး ရှိကြောင်း ဦးတင်လှက ပြောကြားသည်။

“ဒီနေရာတွေမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အခြေချနေလာကြတာ၊ တောင်ဒဂုံက အဲ့ဒီတုန်းက
တောကြီးမျက်မည်းပဲ ရှိသေးတာ၊ တစ်ချို့ဆို မြေဖိုးငွေ
မသွင်းနိုင်တော့ ပေ၂၀ မြေကွက်ကိုရောင်းပြီး နောက်
ပေ၂၀ မြေကွက်မှာ ၁၀ ပေစီ ပြန်ခွဲနေကြရတယ်၊
စီးပွားရေးတွေလည်း အဆင်မပြေဖြစ်ကုန်ကြတာပေါ့”
ဟု အသက် ၇၀ကျော် ဖျက်သိမ်းခံပြည်သူတစ်ဦးက
ပြောကြားသည်။

ယခုအခါ ယင်းရပ်ကွက်နေရာတွင် တိုက်ခန်းများပြည့်နှက်လျက်ရှိပြီး ယင်းတိုက်ခန်းများကို ဝင်းဝင်းအောင် ကုမ္ပဏီမှ ဆောက်လုပ်ရောင်းချ
ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေရာတွင် ဆောက်လုပ်ထားသော လုံးချင်း သုံးထပ်တိုက်တစ်လုံး၏ လက်ရှိပေါက်ဈေးမှာ သိန်းသုံးထောင်ရှိကြောင်း သိရှိရသည်။

ရည်မွန်
The Myanma Ageမြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၁၉၉၃ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ ကျိုက္ကဆံအနောက်ရပ် ကွက်အား အကြောင်းပြချက်မရှိဘဲ ဖျက်သိမ်းခဲ့ခြင်းကို ဖျက်သိမ်း ခံပြည်သူ များက နစ်နာကြေးရရှိရန် ပြန်လည်ကြိုးစားသွားမည်ဟု အိမ် ဖျက်သိမ်းခံခဲ့ရသူ ဦးတင်လှက ပြောကြားသည်။
ယင်းရပ်ကွက်ကို မြို့ရွာအိုးအိမ်နှင့် ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ၁၉၉၃ ခုနှစ် ဧပြီလတွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖျက်သိမ်းခံခဲ့ရစဉ်တွင် နစ်နာကြေးဟူ၍ မရရှိဘဲ အိမ်ပိုင်ရှင်များအတွက် ဒဂုံတောင်ပိုင်း

ကီးဘုတ်မရှိလည်း စန္တယားတီးမယ်

Photo: ကီးဘုတ်မရှိလည်း စန္တယားတီးမယ်
Monday, 04 February 2013

လက်ပတ် စန္တယားလို့လည်း ခေါ်ပါတယ်။ လက်မှာ ပတ်ထားပြီး လက်ချောင်း ထိတ်တွေကို ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင်ထားဖို့လည်း လိုပါတယ်။

အလုပ်လုပ်ပုံကလည်း သာမန် စန္တယားလိုပါပဲ။ နှစ်ဖက်စလုံး ဝတ်ထားပြီးရင် စားပွဲပေါ်မှာ လက်ကလေး အတင်အချ လုပ်ရုံပါပဲ။ သူ့မှာ အသံထွက်မယ့် ဆောင်းဗောက်သေးသေးလေးပါသလို အခြားသော Sound box ကြီးများနဲ့လည်း ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကီးအမျိုးမျိုးကိုလည်း LED မျက်နှာပြင်ပါ လက်ပတ်မှာ လိုသလို အပြောင်းအလဲ လုပ်လို့ ရပါတယ်။

တကယ့် စန္တယား၊ ကီးဘုတ်ကြီး သုံးနေရသလို အရသာ မတွေ့တောင်မှ သူ့အသံ ထွက်ကတော့ အတူတူပဲ ဖြစ်ပါတယ်။ ဒီတော့ အသားကျသွားရင် တကယ့် စန္တယား တစ်လုံး အသုံးပြုနေရသလိုပါပဲလို့ ဆိုပါတယ်။ ဈေးလည်း သက်သာပါတယ်။ အမေရိကန်ဒေါ်လာ ၄၀ ဝန်းကျင်ပဲရှိတာ မို့ မြန်မာပြည်သာ ရောက်ရင်လည်း လူတိုင်းဝယ်နိုင်မယ့် ဈေး တစ်ခု ဖြစ်ပါတယ်။

ယင်း Wrist-Mounted Finger Piano ကို ဂျပန်နိုင်ငံမှာ ထုတ်လုပ်ရောင်းနေ ပြီ ဖြစ်ကြောင်း သိရပါတယ်။
-
Ref: techgadgets

http://blog.techspace.com.mm/2013/02/blog-post.html

--
TechSpace Journalလက်ပတ် စန္တယားလို့လည်း ခေါ်ပါတယ်။ လက်မှာ ပတ်ထားပြီး လက်ချောင်း ထိတ်တွေကို ပုံမှာ ပြထားတဲ့အတိုင်း တပ်ဆင် ထားဖို့ လည်း လိုပါတယ်။
အလုပ်လုပ်ပုံကလည်း သာမန် စန္တယားလိုပါပဲ။ နှစ်ဖက်စလုံး ဝတ် ထားပြီးရင် စားပွဲပေါ်မှာ လက်ကလေး အတင်အချ လုပ်ရုံပါပဲ။ သူ့မှာ အသံထွက်မယ့် ဆောင်းဗောက်သေးသေးလေးပါသလို အခြားသော Sound box ကြီးများနဲ့လည်း ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကီးအမျိုးမျိုးကိုလည်း LED မျက်နှာပြင်ပါ လက်ပတ်မှာ လိုသလို

တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်သည့် ဆင်ပစ် မုဆိုး သုံးဦးအား ဖမ်းဆီးရမိ

Photo: တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်သည့် 
ဆင်ပစ် မုဆိုး သုံးဦးအား ဖမ်းဆီးရမိ
Monday, 04 February 2013

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲ ဆင်မှုံ ကြိုးဝိုင်း အကွက် အမှတ်(၂)၌ တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး သတင်း ကွင်းဆက်
ဖော်ထုတ်ချက် များအရ ဆင်ပစ်မုဆိုး သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ ငပုတောမြို့နယ် သစ်တော ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၃ ရက်တွင် ငရုတ်ကောင်း မြို့နယ်ခွဲ မင်းသားကြီး ဒေသအထက် မိုးတိမ်မျှင် ကျေးရွာအုပ်စု၊ ဆင်မှုံချောင်းဖျား၊ ဆင်မှုံကြိုးဝိုင်း အကွက်အမှတ် (၂)သို့ သွားရောက် စစ်ဆေးရာ ခန့်မှန်း အသက် (၄ဝ-၅ဝ)နှစ်အကြား တောရိုင်း စွယ်စုံဆင် (အထီး) တစ်ကောင် သတ်ဖြတ်ခံခဲ့ ရကြောင်း စစ်ဆေး တွေ့ရှိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်စုံစမ်း ဖော်ထုတ် ခဲ့ရာ ပြစ်မှုကျူးလွန် သူခြောက်ဦး ရှိပြီး ဇန်နဝါရီ ၆ ရက်မှ ၈ ရက်အထိ သိန်းစိုး (ဘ) ဦးမြသောင်း ဆင်ငံကျေးရွာ၊ ဖိုးဖြူ (ဘ) ဦးဖိုးသွယ် ဆင်မှုံကျေးရွာ၊ ငပိန် (ခ) ညိုအောင်(ဘ) ဦးဖြူလုံး သက္ကယ်ကွင်းရွာ၊ ငရုတ်ကောင်း မြို့နယ်ခွဲတို့ သုံးဦးကို ဖမ်းဆီး ရမိခဲ့သည်။

ကျန်ရှိသည့် စံရှား(ခ) ဆန်းရှိုင်း (ဘ) ဦးသောင်းမြင့် ဆင်ငံ ကျေးရွာ၊ စန်ဂျာ (ဘ) ဦးမောင်လှ နံ့သာပု ကျေးရွာ၊ နေဂျာ (ဘ) ဦးမောင်လှ နံသာပု ကျေးရွာ၊ ငရုတ်ကောင်း မြို့နယ်ခွဲတို့ သုံးဦးမှာ ထွက်ပြေး တိမ်းရှောင်လျက် ရှိသဖြင့် ဖမ်းဆီးရ မိနိုင်ရေးအတွက် စုံစမ်း
ဖော်ထုတ်လျက် ရှိကြောင်း၊ လက်ရှိ ဖမ်းဆီးရ မိသည့် တရားခံ သုံးဦးကို ၁၉၉၄ ခုနှစ် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၅(က)နှင့် ၃၇ (က) 
အရ ကြိုတင် တရားစွဲခွင့် ပြုကြောင်း သိရသည်။


ဓာတ်ပုံ - “ ငပုတောမှာ ၆ လအတွင်း ဆင် ၆ ကောင်အစွယ်ဖြတ်
အသတ်ခံရ သတင်း ”  (ဧရာဝတီ)

မြဝတီဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲ ဆင်မှုံ ကြိုးဝိုင်း အကွက် အမှတ်(၂)၌ တောဆင်ရိုင်း တစ်ကောင်အား သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့ပြီး သတင်း ကွင်း ဆက်ဖော် ထုတ် ချက် များအရ ဆင်ပစ်မုဆိုး သုံးဦးအား ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ ငပုတောမြို့နယ် သစ်တော ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ

ဟန်လင်း ပျူမြို့ဟောင်းတွင် မြေတူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံး တွေ့ရှိရ

Photo: ဟန်လင်း ပျူမြို့ဟောင်းတွင် မြေတူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံး တွေ့ရှိရ 	
Monday, 04 February 2013

ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်းတွင် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရန် လိုင်းကျင်း တူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံးအား တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်၊၊ 

ဟန်လင်း ပျူမြို့ဟောင်းရှိ ရွှေတင့်ဒင် ဘုန်းကြီးကျောင်းဝင်းအတွင်း
တွေ့ရှိရခြင်းဖြစ်ပြီး တွေ့ရှိရသည့် အရိုးအိုးနှစ်အိုးအား ရှေးဟောင်းအဖွဲ့မှ တာဝန်ရှိသူ အချို့ လာရောက်ကာ သိမ်းဆည်းခဲ့ကာ ဟန်လင်းမြို့ဟောင်းရှိ ယဉ်ကျေးမှုပြတိုက်တွင် ထားရှိသွားဖြစ်ကြောင်းလည်း သိရသည်၊၊

"ဖေဖော်ဝါရီလ (၁) ရက်နေ့ မနက်ပိုင်းက တွေ့တယ်၊၊ ရှေးဟောင်း သုတေသနအဖွဲ့ကို လာအကြောင်းကြားလို့ လိုက်ပြီးသိမ်းဆည်း စစ်ဆေးတာပါ၊၊ ၀က်လက်မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် သူရဦးအေးမြင့်က ဘုန်းကြီးကျောင်း အဆောင်လှူဒါန်းဖို့ ဆောက်လုပ်
တဲ့နေရာမှာ မြေကျင်းတူးရင်း တွေ့တာ၊၊ အရိုးမြေအိုးနှစ်လုံးနဲ့ ဘာမှန်း အတိအကျပြောလို့ မရတဲ့ ပစ္စည်းတစ်ခု တွေ့တယ်၊၊ ဟန်လင်းမှာရှိတဲ့ ရှေးဟောင်း အမွေအနှစ်တွေ စုစည်းထိန်းသိမ်း
ထားတဲ့ နေရာမှာပဲ အရိုးအိုးတွေကို ထားရှိမှာ ဖြစ်ပါတယ်၊၊ အရိုးအိုးထဲမှာ ရွှေငွေစတဲ့ အဖိုးတန်ပစ္စည်းတွေ ပါဝင်ခြင်း မရှိပါဘူး၊၊" ဟု ရှေးဟောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်၊၊

ဟန်လင်းမြို့ဟောင်းတွင် ပျူခေတ်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား မကြာခဏ တွေ့ရှိရလေ့ရှိပြီး ယင်းအမွေအနှစ်
များအား ဟန်လင်းကျေးရွာစုရှိ ညောင်ကိုးပင် စေတီတည်ထားရာ
ဘုန်းကြီးကျောင်းတွင်း ပြတိုက်၌ သွားရောက်လေ့လာနိုင်ကြောင်းလည်း သိရှိရသည်၊၊ 

ဟန်လင်း ပျူမြို့ဟောင်းအား (၂၀၁၁၊၂၀၁၂)ခုနှစ်တွင် ထိန်းသိမ်းမှုများ
ဒုတိယအကြိမ် ပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ဟန်လင်းကျေးရွာစု၌ အဆောက်အဦး ဆောက်လုပ်ရန်နှင့် အခြားလုပ်ငန်းများအတွက်
မြေကျင်းတူးဖော်ခြင်းများ ပြုလုပ်ပါက ရှေးဟောင်းဌာနသို့ အသိပေး အကြောင်းကြားရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်၊၊

ဟန်လင်းပျူမြို့ဟောင်းတွင် ပျူခေတ်မှ ရှေးဟောင်းစေတီ ပုထိုးပေါင်း လေးရာဝန်းကျင်ခန့် ရှိပြီး ပျူခေတ်မြို့ရိုးဟောင်းနှင့် ဘုရားစေတီအချို့အား ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လျက်
ရှိသော်လည်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်
ရှိကြောင်း သတင်းရရှိပါသည်၊၊

Eleven Media Groupရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်ရှိ ဟန်လင်းပျူမြို့ဟောင်း တွင် ဖေဖော်ဝါ ရီလ (၁) ရက်နေ့၌ ဘုန်းကြီးကျောင်းဆောင် ဆောက်လုပ်ရန် လိုင်း ကျင်း တူးဖော်ရာမှ အရိုးမြေအိုးနှစ်လုံးအား တွေ့ရှိခဲ့ရကြောင်း သတင်း ရရှိသည်၊၊
ဟန်လင်း ပျူမြို့ဟောင်းရှိ ရွှေတင့်ဒင် ဘုန်းကြီးကျောင်းဝင်းအတွင်း
တွေ့ရှိရခြင်းဖြစ်ပြီး တွေ့ရှိရသည့် အရိုးအိုးနှစ်အိုး အား ရှေးဟောင်း အဖွဲ့မှ တာဝန်ရှိသူ အချို့ လာရောက်ကာ သိမ်းဆည်းခဲ့ကာ ဟန်လင်းမြို့ဟောင်းရှိ ယဉ်ကျေးမှုပြတိုက်တွင် ထားရှိ သွားဖြစ်ကြောင်း လည်း သိရသည်၊၊

မာလီတွင် သူပုန်များ၏ နောက်ဆုံးခြေကုပ်ရယူရာ နိုင်ငံမြောက်ပိုင်းကို ပြင်သစ်တပ်ဖွဲ့ များ လေကြောင်းတိုက်ခိုက်

Photo: မာလီတွင် သူပုန်များ၏ နောက်ဆုံးခြေကုပ်ရယူရာ
နိုင်ငံမြောက်ပိုင်းကို ပြင်သစ်တပ်ဖွဲ့ များ လေကြောင်းတိုက်ခိုက်
Monday, 04 February 2013

ပြင်သစ်တိုက်လေယဉ်များသည် မာလီတွင် အစ္စလာမ်မစ်
သူပုန်များအား သုံးပတ်ကြာတိုက်ခိုက်မှုအဖြစ် ယမန်နေ့က သူပုန်များ၏ နောက် ဆုံးခြေကုပ်ရယူရာ နေရာဖြစ်သော
နိုင်ငံမြောက်ပိုင်းကီဒယ်ဒေသကို လေကြောင်းတိုက်ခိုက်မှုများ
ပြုလုပ်ခဲ့သည်။

ပြင်သစ်ဂျတ်တိုက်လေယဉ် ၃၀ ခန့် သည် မာလီနှင့် အယ်ဂျီး ရီးယားနယ်စပ်ရှိ တောင်ထူထပ်ရာဒေသများဖြစ်သော တက်
ဆယ်လစ်ဒေသ အနီး သူပုန်များ၏ လေ့ကျင့်ရေးနှင့် ဆက်သွယ်
ရေး ဗဟိုဒေသများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။

ပြင်သစ်သမ္မတ မစ္စတာအော်လန်ဒီကလည်း နိုင်ငံမြောက်
ပိုင်းကို ထိန်းချုပ်ထားသော သူပုန်များကို တိုက်ခိုက်မည်ဟု ကတိပေးထားသော်လည်း သူပုန်များသည် ကီဒယ်ဒေသ
တွင် ပြန်လည်စုစည်းမိကာ ပြင်သစ်တပ်များကို တိုက်ခိုက်
နိုင်ဖွယ်ရှိကြောင်း သတင်းက ဆိုသည်။

ယခုအခါပြင်သစ်တပ်ဖွဲ့ များသည် ကီဒယ်မြို့လေဆိပ်ကို ထိန်းချုပ်ထားးသော်လည်း တွာရက်ဂ် အဖွဲ့ ကမြို့ကို ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင့်ဖေဘီယပ်ကလည်း
ပြင်သစ်သည် မကြာမီက သိမ်းပိုက်ခဲ့သော တင်ဘာကူမြို့ကို
အာဖရိက တပ်ဖွဲ့ များလက်ထဲသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး လွှဲပြောင်းရန်ရှိနေကြောင်း ပြောကြားသည်။

ယခုအခါမာလီတွင် ပြင်သစ်တပ်ဖွဲ့ ဝင်ပေါင်း ၃,၅၀၀ ခန့်
ရောက်ရှိနေပြီး ၊ချတ်ဒ်နှင့် နိုင်ဂျာနိုင်ငံတို့မှ အာဖရိကတပ်ဖွဲ့ ဝင်
၂၀၀၀ နီးပါးခန့် ရောက်ရှိနေကာ နောက်ထပ် အာဖရိကတပ်ဖွဲ့ 
ဝင် ၆၀၀၀ ခန့်မှာလည်း အာဖရိကနိုင်ငံများ ဦးဆောင်သည့် မာလီ နိုင်ငံတကာထောက်ပံ့ရေး တပ်များ၏ စစ်ဆင်ရေး အဖြစ် ရောက်ရှိလာဦးမည်ဟု သိရသည်။

Ref: BBC
The Myanma Ageပြင်သစ်တိုက်လေယဉ်များသည် မာလီတွင် အစ္စလာမ်မစ် သူပုန်များ အား သုံးပတ်ကြာတိုက်ခိုက်မှုအဖြစ် ယမန်နေ့က သူပုန်များ၏ နောက် ဆုံးခြေကုပ်ရယူရာ နေရာဖြစ်သောနိုင်ငံမြောက်ပိုင်း ကီဒယ်ဒေသ ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ပြင်သစ်ဂျတ်တိုက်လေယဉ် ၃၀ ခန့် သည် မာလီနှင့် အယ်ဂျီး ရီးယား နယ်စပ်ရှိ တောင်ထူထပ်ရာဒေသများဖြစ်သော တက်ဆယ်လစ်ဒေသ အနီး သူပုန်များ၏ လေ့ကျင့်ရေးနှင့် ဆက်သွယ်ရေး ဗဟိုဒေသများကို

ကမ္ဘာ့ဒုတိယအကြီးဆုံးဟိုတယ်လုပ်ငန်းအုပ်စုက မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်ရန်စီစဉ်

Photo: ကမ္ဘာ့ဒုတိယအကြီးဆုံးဟိုတယ်လုပ်ငန်းအုပ်စုက မြန်မာနိုင်ငံတွင် ဟိုတယ်ဖွင့်ရန်စီစဉ်
Monday, 04 February 2013

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည့် Best Western International Inc. သည် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေမှုနှင့် ဟိုတယ်ခန်းများ မလုံမလောက်ဖြစ်နေမှု အခြေအနေအပေါ် Best Western က ဈေးကွက် အသာစီးရယူသည့် အနေဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

Planet Myanmar Network

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည့် Best Western International Inc. သည်၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကိုဖွင့်လှစ်သွား မည်ဖြစ်သည်။မြန်မာနိုင်ငံ က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေမှုနှင့် ဟိုတယ်ခန်းများ မလုံမလောက်ဖြစ်နေမှု အခြေအနေအပေါ် Best Western က ဈေးကွက် အသာစီးရယူသည့် အနေဖြင့် ဆောင် ရွက်လြာ ခင်ြး ဖစ်ကြောင်း သိရသည်။

Planet Myanmar Network

KIA နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ အလွတ်သဘောတွေ့ဆုံမှု၌ အခြားတိုင်းရင်းသားခေါင်းဆောင်အချို့ ပါဝင်

Photo: KIA နှင့် အစိုးရငြိမ်းချမ်းရေးအဖွဲ့ အလွတ်သဘောတွေ့ဆုံမှု၌ အခြားတိုင်းရင်းသားခေါင်းဆောင်အချို့ ပါဝင်
Monday, 04 February 2013

ဖေဖော်ဝါရီလ ၄ရက်နေ့ မနက် ၉နာရီမှစတင်၍ ညနေ
၎နာရီကျော်အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်၌ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့်
ကေအိုင်အိုအဖွဲ့သည် အလွတ်သဘော ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြောင်း သိရပြီး ယင်း တွေ့ဆုံမှု
ဖြစ်မြောက်ရေးအတွက် တရုတ်အစိုးရမှ ကြီးမှူးကျင်းပပေး
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခု အလွတ်သဘောတွေ့ဆုံပွဲမှာ နှစ်ဦးနှစ်ဖက်က ဆက် သွယ်ရေးလမ်းကြောင်းတွေထားရှိဖို့၊ အပစ်အခတ်တွေ
လျှော့ချဖို့နဲ့ နောက်တစ် ကြိမ်တွေ့ဆုံပွဲမှာ သက်သေတွေနဲ့
လေ့လာတဲ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ကိုပါ ထည့်သွင်း
ဆွေးနွေး ကြပါတယ်"ဟု အစိုးရ ငြိမ်းချမ်းရေး အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ယင်း အလွတ်သဘောတွေ့ဆုံမှု၌ KIA ဘက်မှ နောက်တစ်ကြိမ်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအား UNFC နှင့်ညှိနှိုင်း၍ ဖေဖော်ဝါရီ
လမကုန်ခင် ထပ်မံတွေ့ဆုံဆွေးနွေးလိုကြောင်း နှစ်ဦးနှစ်ဖက်၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

"ဒီတွေ့ဆုံမှုမှာ အစိုးရနဲ့ KIA တို့အကြား စစ်ပြေငြိမ်းရေးကို
အမြန်ဆုံး အကောင်အထည်ဖော်ပြီး ပဋိပက္ခဖြစ်ပွားတဲ့နေရာ
တွေမှာ စောင့်ကြည့် စစ်ဆေးမှုစနစ် ပေါ်ပေါက်ရန်ဆိုတဲ့အချက်ကို
ဆွေးနွေးဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်"ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုသို့ ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေးအဖွဲ့မှ
ဒုဥက္ကဋ္ဌ ဦးအောင်မင်းနှင့် မွေးမြူရေးဝန်ကြီး ဦးအုန်းမြင့်
အပါအဝင် ငြိမ်းချမ်း ရေးအကျိုးတော်ဆောင်များအဖြစ် ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ တက် ရောက်ဆွေးနွေးခဲ့ကြပြီး KIA/KIO ဗဟိုဦးဆောင်ကော်မတီဝင် ဦးဆွမ်လွတ်ဂမ်ဦးဆောင်၍ ဗိုလ်ချုပ်ဂွမ်မော် အပါအဝင် အခြား တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ယင်းအပြင် အခြားတိုင်းရင်းသားခေါင်းဆောင်များဖြစ်သည့်
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ KNU အထွေထွေ
အတွင်းရေးမှူး ဖဒိုကွယ် ထူးဝင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်
ရေးကော်မတီ RCSS/SSA မှ ခေါင်းဆောင်အချို့နှင့် တရုတ်
ုပည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ်အဖြစ် နိုင်ငံ ခြားရေးဝန်ကြီး
ဌာနမှ သံအမတ်ကြီး မစ္စတာ လျိုကျောက်ဝေ့တို့မှ တက်ရောက်
ခဲ့ကြောင်း သိရသည်။

ထို့ပြင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့်အဖွဲ့သည်
ဖေဖော်ဝါရီလ ၅ရက်နေ့တွင် ကချင်ပြည်နယ်သို့ လူသားချင်း
စာနာ ထောက် ထားရေးလုပ်ငန်းစဉ်ဖြင့်စပ်လျဉ်း၍ ကချင်
ပြည်နယ်သို့သွားရောက်ရန် အစီအစဉ်ရှိကြောင်း ၎င်းတို့နှင့်
နီးစပ်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

TMA
Photo: Waiyan Moe Thone Thann Facebook
The Myanma Ageဖေဖော်ဝါရီလ ၄ရက်နေ့ မနက် ၉နာရီမှစတင်၍ ညနေ ၄နာရီကျော် အထိ တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ Jing Cheng ဟိုတယ်၌ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့်ကေအိုင်အိုအဖွဲ့သည် အလွတ်သဘော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြောင်း သိရပြီး ယင်း တွေ့ဆုံမှု
ဖြစ်မြောက်ရေးအတွက် တရုတ်အစိုးရမှ ကြီးမှူးကျင်းပပေးခဲ့ခြင်းဖြစ်ေ ကြာင်း သိရသည်။ "အခု အလွတ်သဘောတွေ့ ဆုံပွဲမှာ နှစ်ဦးနှစ် ဖက် က ဆက် သွယ်ရေးလမ်းကြောင်းတွေထားရှိဖို့၊ အပစ်အခတ်တွေလျှော့ ချဖို့နဲ့ နောက်တစ် ကြိမ်တွေ့ဆုံပွဲမှာ သက်သေတွေနဲ့လေ့လာတဲ့

မြ၀တီထရေးဒင်းပိုင် ဆီတင်သင်္ဘောမှ ကမ်းကပ်၍ ဆီတင်နေစဉ် မီးလောင်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့်ကနဦးသတင်းအရ လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ

Photo: မြ၀တီထရေးဒင်းပိုင် ဆီတင်သင်္ဘောမှ ကမ်းကပ်၍ ဆီတင်နေစဉ်
မီးလောင်ပြီး ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့်ကနဦးသတင်းအရ
လေးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ
Monday, 04 February 2013
 
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပိတောက်ချောင်း ဆိပ်ကမ်းတွင် မြ၀တီထရေးဒင်းပိုင် ဆီတင်သင်္ဘော တစ်စီးမှ ကမ်းကပ်ပြီး ဆီတင်နေစဉ် မီးလောင်ပေါက် ကွဲမှုတစ်ခု
ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်မှုးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ည ၆ နာရီ ၅ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ဆီတင်ယာဉ်သင်္ဘောမှာ တစ်စီးလုံး လောင်ကျွမ်းခဲ့ပြီး ညနေ ၆ နာရီဝန်းကျင်၌ လှိုင်မြစ်ထဲသို့ နစ်မြုပ်သွားခဲ့ကြောင်း သတင်း သိရှိရသည်။

ဆီတင်သင်္ဘော မီးလောင်မှုကြောင့် လတ်တလော အချိန်ထိ
သေဆုံးနေသည့် အလောင်း လေးလောင်းအား တွေ့ရှိရပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံးမှ သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးဖြစ်သူ ဒုတိယရဲမှုးကြီး မျိုးအောင်က “အခု အချိန်ထိတော့ အလောင်းလေးလောင်း ရှာဖွေ
တွေ့ရှိရတယ်။ ဆက်လက်ပြီး ရှာဖွေနေဆဲဖြစ်တယ်။ မီးလောင်ရတဲ့ အကြောင်းအရင်းက အတိအကျတော့ မသိရသေးပေမယ့်
လောလောဆယ်ဆယ် ရရှိတဲ့ သတင်းအရ ကတော့ ဆီတင်သင်္ဘောက ကမ်းကပ်ပြီး ဆီတင်သင်္ဘောတစ်စီး ပေါ်ကို ဆီသယ်နေရင်းနဲ့ စတင် လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်” ဟု ပြောပြခဲ့သည်။

ယင်းမီးလောင်မှု ဖြစ်စဉ်ကို မီးသတ်ယာဉ် အစီးရေ စုစုပေါင်း ၄၀ ကျော် လာရောက် ငြိမ်းသတ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။

ဗဟိုမီးသတ် ဦးစီးဌာနမှာ တာဝန်ရှိသူ ဦးသင်းဌေးရွှေက “ဒီမီးလောင်မှု
ဖြစ်စဉ်ကို ရန်ကုန်တစ်တိုင်းလုံးက မီးသတ်ယာဉ်တွေ လာပြီးတော့ မီးငြိမ်းသတ်ခဲ့ရပါတယ်” ဟု ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ဆီတင်ယာဉ် သင်္ဘောတစ်စင်းလုံး မီးလောင်နစ်မြုပ် ပျက်ဆီးခဲ့သည့်အပြင် အနီးနားရှိ သမ္ဗာန်သုံးစီး၊ အမှတ် (၂) သစ်အချော
ထည်ဆိပ်ခံဘောတံတားနှင့် ယင်းတံတားပေါ်ရှိ သစ်လုံးအချို့ မီးလောင်
ကျွမ်းခဲ့ကြောင်း သိရှိရသည်။

Eleven Media Groupရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကမ်းနား လမ်းရှိ ပိတောက်ချောင်း ဆိပ်ကမ်းတွင် မြ၀တီထရေးဒင်းပိုင် ဆီတင် သင်္ဘော တစ်စီးမှ ကမ်းကပ်ပြီး ဆီတင်နေစဉ် မီးလောင်ပေါက် ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်မှုးရုံးမှ စုံစမ်းသိရှိရသည်။
အဆိုပါ ဖြစ်စဉ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ည ၆ နာရီ ၅ မိနစ် အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပိတောက်ချောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား

Photo: ဂျပန်တောင်းပန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလား
Monday, February 04, 2013

ဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည်က ယူဂျိရို တာနိယာမ။

သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေးပညာသင်ယူနေကတည်းက
ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်တယောက်အနေနဲ့
လေးစားအားကျတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ မေးခွန်းတခု
မေးချင်လို့ ဒီ Youtube ဗီဒီယိုကို လုပ်ပါသတဲ့။

စနေနေ့က အွန်လိုင်းရောက်လာတဲ့ ဗီဒီယိုထဲမှာ သူပြောထားတာက -

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယား ရောက်တုန်းက ဒုတိယကမ္ဘာစစ်
အတွင်းက မြန်မာနိုင်ငံအပေါ်ကျူးလွန်ခဲ့တဲ့ နှိပ်စက်ညှင်းပန်းမှုတွေအတွက် ဂျပန်နိုင်ငံက လူသိရှင်ကြား ပြန်တောင်းပန်သင့်တယ်လို့ ပြောခဲ့တယ်လို့
တောင်ကိုရီးယား သတင်းစာက သတင်းရေးပါတယ်တဲ့။

ဒီလိုတကယ်ပဲ ပြောခဲ့ပါသလား တဲ့။ ဒီလိုတကယ်ပဲ ပြောခဲ့တယ်ဆိုရင် သူ့အနေနဲ့ အတော်လေး စိတ်ပျက်မိပါတယ်တဲ့။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမတိုင်ခင်က ဘီဘီစီနဲ့ အင်တာဗျူးတခုမှာ
မြန်မာ့တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက တည်ထောင်ခဲ့လို့ တပ်မတော်ကို သံယောဇဉ်ရှိပါတယ်လို့ ပြောခဲ့တယ်။ ဒီ တပ်မတော်ဖြစ်
လာဖို့က ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ရဲဘော်သုံးကျိပ်နဲ့ စခဲ့သလို အဲ့ဒီရဲဘော်
သုံးကျိပ်ကို ကူညီခဲ့တာ ဂျပန်တွေပါတဲ့။

အဲ့ဒီတုန်းက ၄ နှစ်တာ ကာလ ဂျပန်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့
ရဲဘော်သုံးကျိပ်တို့ လက်တွဲလို့ ဂျပန်-မြန်မာ ချစ်ကြည်ရေးဖြစ်ခဲ့ပါတယ် လို့ ဆိုပြီး ဂျပန်စစ်တပ်အကူညီနဲ့ ဗမာ့တပ်မတော်ဖြစ်လာပုံ၊ လွတ်လပ်ရေး
အတွက် ဂျပန်-မြန်မာ အတူတိုက်ပွဲဝင်ရင်း ရန်ကုန်ကို ပြန်သိမ်းပိုက်နိုင်
ခဲ့ပုံတွေကို ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လေးစားမြတ်နိုးပါတယ်ဆိုတဲ့ တပ်မတော်ဟာ ဗိုလ်ချုပ်အောင်ဆန်းတဦးတည်း တည်ထောင်ခဲ့တာမဟုတ်ဘဲ မြန်မာ
မျိုးချစ်တွေနဲ့ ဂျပန်စစ်တပ်ရဲ့ အကူညီနဲ့ တည်ထောင်ခဲ့တာပါတဲ့။

အခုတော့ တောင်ကိုးရီးယား ရောက်တုန်း အဲ့ဒီတုန်းက ဂျပန်စစ်တပ်ရဲ့
အပြုအမူနဲ့ ပတ်သက်ပြီး ပြောလိုက်တာဟာ အဲ့ဒီတုန်းက ဗမာ့တပ်မတော်
ဖြစ်လာဖို့ ဂျပန်စစ်တပ်ကို အကူအညီတောင်းခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်ကို ဆွဲချသလိုဖြစ်မနေဘူးလားလို့ သူက ပြောပါတယ်။

ပြီးတော့ အဲ့ဒီတုန်းက ဖြစ်တည်ခဲ့တဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးကို
ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ် မပြုလို့ ကိုရီးယားသတင်းစာကို အခုလို ပြောခဲ့တာလားဆိုတာကို သူ့အနေနဲ့သိချင်ပါတယ် စသဖြင့်
ဒီ ၁၀ မိနစ်နီးပါးစာ ဗီဒီယိုထဲကနေ သူက မေးခွန်းထုတ်ထားပါတယ်။
http://www.youtube.com/watch?v=59VFDQaqJm0&feature=player_embedded


သူ့အကြောင်းကို သူ့အွန်လိုင်း http://www.yujirotaniyama.com/profile.html မှာလည်း တွေ့နိုင်ပါတယ်။

irrawaddyဂျပန်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို Youtube က တဆင့် စကားပြောထားပါတယ်။ သူ့နာမည်က ယူဂျိရို တာနိယာမ။ သူက တိုကျို တက္ကသိုလ်မှာ စီးပွားရေးပညာသင် ယူနေကတည်း က ဒေါ်အောင် ဆန်းစုကြည်ကို ဒီမိုကရေ စီခေါင်းဆောင် တယောက် အနေနဲ့လေးစားအားကျတယ်၊ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ် သက် တဲ့ မေးခွန်းတခုမေးချင်လို့ ဒီ Youtube ဗီဒီယိုကိုလုပ်ပါသတဲ့။

ရုပ်ပိုင်းထက် စိတ်ပိုင်းကို ပြောင်းလဲပေးပါ

Photo: ရုပ်ပိုင်းထက် စိတ်ပိုင်းကို ပြောင်းလဲပေးပါ
Monday, 04 February 2013

ယခုလဆန်းပိုင်းက မြန်မာ နိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ Helmet ဦးထုပ်အစား Cap ဦးထုပ်တွေပြောင်းဆောင်းလာတာ တွေ့ရသောကြောင့် စုံစမ်းကြည့် ရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အာဆီယံနိုင်ငံများကဲ့သို့ အဆင့် မီအောင် ပြုပြင်ဆောင်ရွက်သည့် အနေဖြင့် အဆင့်မြှင့်နေကြောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် အရပ် ၅ ပေ ၆ လက်မခန့်ရှိရ မှာဖြစ်ပြီး၊ ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းနှင့် ဘွဲ့ရများ  ဖြစ်ရန်
လိုကြောင်းလည်း သိရှိရသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေကို ယခုကဲ့သို့ အဆင့်မြှင့်နေခြင်းနဲ့ ပတ်သက်ပြီး “စတွေ့တုန်းက Cap ဦးထုပ်တွေနဲ့ဆိုတော့ အရာရှိတွေ ထင်တာ။
သေချာကြည့်တော့မှ အခြားအဆင့်တွေဖြစ်နေတယ်။အခုလို ရုပ်ပိုင်း
ဆိုင်ရာ ပြောင်းလဲ လိုက်တာကောင်းပါတယ်။ စိတ် ပိုင်းဆိုင်ရာလည်း
ပြောင်းလဲပေး ဖို့လိုမယ်ထင်ပါတယ်။ နေ့စဉ် ခရီးသွားနေရတော့ ယာဉ်ထိန်း တွေရဲ့ လုပ်ရပ်ကိုလည်း မြင်တွေ့နေရပါတယ်။ တချို့ တွေ တကယ်အလုပ်လုပ် နေပါ တယ်။ နေပူထဲ မှာရပ်ပြီး ယာဉ်ကြော ရှင်းရတာနဲ့ ညဦးပိုင်းထိလုပ်နေရတာနဲ့ မြင် နေရသလို၊ တချို့တွေကလည်း မီးပွိုင့်မှာ အရပ်သားတွေကို ပွိုင့် ကြေးဆိုပြီး လိုက်တောင်းခိုင်းတာ ရှိပါတယ်။ လစာနဲ့မလောက်လို့ အဲဒီလိုလိုက်တောင်းခိုင်းတာ ဣနြေ္နရပေမဲ့ စပယ်ယာတွေက မီးပွိုင့်မှာ ပိုက်ဆံပစ်ချသွားတာ တော့ နိုင်ငံခြားသား
တွေမြင်ရင် မှတ်တမ်းတောင်တင်သွားမှာပါ။ အာဆီယံလိုဖြစ်ချင်ရင် အာဆီယံ လိုလစာတွေပေးသင့်ပါတယ်”လို့ ခရီးသွားပြည်သူတစ်ဦးက
ပြောပြပါသည်။

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ သည် မော်တော်ယာဉ်များကိုသာ အဓိက ဖမ်းဆီးခြင်းမပြုလုပ်ဘဲ ယာဉ်စီးခပိုမိုတောင်းခံခြင်း၊ ခရီး သည်များကို ရိုင်းပျစွာပြောဆို ဆက်ဆံခြင်း စသည့်အပြုအမူ များ ပြုလုပ်သော စပယ်ယာများ၊ လိုင်းကားသမားများကို ခရီးသည် အများရှေ့တွင်
မေးမြန်းဖော် ထုတ်ပြီး အရေးယူပေးသင့် ကြောင်း ခရီးသည်တချို့က
ပြောကြားကြသည်။


အောင်ထွန်း
ွှThe Hot Newsယခုလဆန်းပိုင်းက မြန်မာ နိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ Helmet ဦးထုပ်အစားCapဦးထုပ်တွေပြောင်းဆောင်းလာတာ တွေ့ရေ သြာေ ကာင့် စုံစမ်းကြည့် ရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များကို အာဆီယံနိုင် ငံများ ကဲ့သို့ အဆင့် မီအောင် ပြုပြင်ဆောင်ရွက်သည့် အနေဖြင့် အဆ င့်မြှင့်ေ နကြောင်း၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် အရပ် ၅ ပေ ၆ လက်မခန့်ရှိရ မှာဖြစ်ပြီး၊ ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းနှင့်

အသစ်ရောင်းချပေးမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဈေး ကျပ် ၅၀၀၀ အောက်ရောက်နိုင်

Photo: အသစ်ရောင်းချပေးမည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းဈေး ကျပ် ၅၀၀၀ အောက်ရောက်နိုင်
Monday, 04 February 2013

လာမည့် မတ်လအတွင်းတွင်ရောင်းချပေးနိုင်မည်ဟု ယူဆထားသော မိုဘိုင်းဖုန်းဈေး များ ကျပ် ၅၀၀၀ အောက်သို့ပင်ရောက်ရှိသွားနိုင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ခန့်မှန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတကြီးက တယ်လီဖုန်းတွေကို အလကားပေးခြင်တယ်လို့တောင်ပြောခဲ့ဘူးပါတယ်။ သမ္မတကြီးကပြည်သူ့အသံလည်းအမြဲနားထောင်နေတဲ့သူဆိုတော့ အခုထွက်လာမဲ့ မိုဘိုင်းဖုန်းဈေးနှုန်းဟာ ပြည်သူများအံ့သြလောက်အောင်ကိုအဆများစွာ လျော့ချပေးလိမ့်မယ်လို့ယူဆပါတယ်ဟုပြောကြားခဲ့သည်။ အစိုးရမှ မိုဘိုင်းဖုန်း နှုန်းထားများကို အတိအကျ မပြောသေးသော် လည်း ပြည်သူအများ မျှော်လင့်ထားသည့် ဈေးနှုန်းနှင့် ကိုက်ညီစေရန် အဆများစွာ ဈေးလျော့သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီး ဦးဝင်းသန်းက ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဌမ ပုံမှန် အစည်းအဝေးတွင် ပြောကြား သွားခဲ့သည်။ ထို့ပြင် မြန်မာ့ဆက်သွယ်ရေး၊ နည်းပညာနှင့် အချက်အလက်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေသူ ဦးသောင်းတင်မှလည်း တယ်လီဖုန်းများအား အလကားပေးရုံသာမက လက်ဆောင်များပင်ထပ်ဖြည့်ပေးသင့်သည်ဟု ပြောကြားခဲ့ဘူးသည်။ နိုင်ငံတော် အစိုးရက ရောင်းချပေးမည့် တန်ဖိုးနည်း လက်ကိုင်ဖုန်း ဈေးနှုန်း ကို မတ်လတွင် တရားဝင် ထုတ်ပြန် ကြေညာ ပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက (၃-၂-၂၀၁၃)ရက်နေ့တွင်ပြောကြား လိုက်သည်။
 
Phay Thanလာမည့် မတ်လအတွင်းတွင်ရောင်းချပေးနိုင်မည်ဟု ယူဆထားသော မိုဘိုင်းဖုန်းဈေးများကျပ်၅၀၀၀အောက်သို့ ပင်ရောက်ရှိ သွားနိုင်ကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ခန့် မှန်းပြောကြား ခဲ့သည်။နိုင်င်ငံတော်သမ္မတကြီးကတယ်လီဖုန်းတွေကိုအလ ကားေ ပြး ခင်တယ်လို့တောင်ပြောခဲ့ဘူးပါတယ်။ သမ္မတကြီးကပြည်သူ့အသံလည်းအမြဲနားထောင်နေတဲ့သူဆိုတော့ အခုထွက်လာမဲ့မိုဘိုင်းဖုန်းဈေးနှုန်းဟာပြည်သူများအံ့သြလောက်အောင် ကိုအဆများစွာ လျော့ချပေးလိမ့် မယ်လို့ယူဆပါတယ် ဟုပြောကြားခဲ့

My Blog List