Friday, January 15, 2016

ဦးခင်ရွှေ ကြံ့ခိုင်ရေးပါတီဝင် အဖြစ်မှ ထုတ်ပယ်ခံရဟု သတင်းများ ထွက်ပေါ်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး ဖြစ်သည့် ဦးခင်ရွှေကို ပါတီမှ ထုတ်ပယ်ထားပြီဟု သတင်းများ ထွက်ပေါ်နေကြောင်း ၎င်းက The Voice သို့ ဖြေကြားသည်။

NLD ပါတီက အစိုးရအဖွဲ့စာရင်းများ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား ထုတ်ပြန်မည်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ် ဖွဲ့စည်းရေး အတွက် သမ္မတ၊ ဝန်ကြီးများ၏ အမည်စာရင်းများကို ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ဆုံး ထား ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ “ဒီနေ့အထိတော့ အစိုးရဖွဲ့စည်းရေးကို တရားဝင်တော့ မထုတ်ပြန်သေး ပါဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒါပေမဲ့ ဦးတင်ဦး ပြောပုံအရ တော့ အခုထွက်ပေါ်နေတဲ့အတိုင်း ဖေဖော်ဝါရီ ၁ ရက်နေ့ ဝန်းကျင်လောက် မှာတော့ အစိုးရအဖွဲ့စာရင်းတွေ ထွက်နိုင်ပါတယ်။ အဲဒီလောက် နောက်ဆုံး ဖြစ်မှာပါ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် တစ်ဦးထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကြား သတင်းမထုတ်ပြန်သည့် တံခါးပိတ်ဆွေးနွေးပွဲများ ရှိနေဟု ဆို



ရွေးကောက်ပွဲ အနိုင်ရရှိထားသည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းအား သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားသော လက်ရှိ အခြေခံဥပဒေအား ချက်ချင်းပြင်ဆင်ရန် ဆောင်ရွက်မည် မဟုတ်ဘဲ ရုပ်ပြသမ္မတ တစ်ဦးကိုသာ ခန့်ထားမည်ဟု NLD ၏ ၀ါရင့်ပါတီဝင် တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။ 

လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေး ညီလာခံမှာ NCA ပြီးသည်ကို အသိအ မှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံအား အစိုးရသစ်တက်မှ ကျင်းပမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို



လက်ရှိကျင်းပနေသည့် ငြိမ်းချမ်းရေးညီလာခံမှာ NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်) ပြီးသည်ကို အသိအမှတ် ပြုခြင်းသာဖြစ်၍ တကယ့်ငြိမ်းချမ်းရေး ညီလာခံကို နောက်အစိုးရသစ်တက်မှ ဆက်၍ကျင်းပမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝ ၊ တအာင်းပလောင် ၊ ပအိုဝ်း ၊ ရှမ်းနီ စသည့် တိုင်းရင်းသားမျိုးနွယ်စုများ အတွက် ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆို


ဝ ၊ တအာင်းပလောင် ၊ ပအိုဝ်း ၊ရှမ်းနီစသည့် ပြည်နယ်သီးသန့်သတ်မှတ်ထားခြင်း မရှိသေးသည့် တိုင်းရင်းသားမျိုးနွယ်စုများအတွက် ပြည်နယ် သတ်မှတ်ပေးရန် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တောင်းဆိုမှုများရှိနေကြောင်းသိရသည်။

လိပ်ကျွန်းလူသတ်မှု ကိစ္စ မကျေနပ်လို့ ထိုင်းဝဘ်ဆိုက် ၂၀၀ ကိုတိုက်


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးတဲ့ ကိစ္စကို မကျေနပ်လို့ Anonymous ဆိုတဲ့ နိုင်ငံတကာ ဟက်ကာအဖွဲ့က ထိုင်းအစိုးရပိုင် ဝဘ်ဆိုက် ရာနဲ့ချီကို ဟက်လုပ်လိုက်ပါတယ်။ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့တုန်းကပဲ ဗြိတိန်နိုင်ငံသား David Miller နဲ့ Hannah Witheridge တို့ကို သတ်တယ်ဆိုပြီး သေဒဏ် ပေးခံခဲ့ရပါတယ်။

ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော် အစုအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ စာတမ်းတင်သွင်း


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့ကို ဇန်န၀ါရီ ၁၄ ရက်က နေပြည်တော်၌ ကျင်းပရာ ညီလာခံတွင် ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအ၀င် အစုအဖွဲ့များက စာတမ်းတင်သွင်းခြင်း ဆွေးနွေးခြင်း ပြုလုပ်ရာ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော်အစုအဖွဲ့က စာတမ်းတင်သွင်းခဲ့သည်။

အာဖဂန် IS ခေါင်းဆောင်တဦး ကန် drone နဲ့ ပစ်ခတ်မှုကြောင့်သေဆုံး


အမေရိကန်တွေရဲ့ မောင်းသူမဲ့ drone ယာဉ်နဲ့ ကြာသပတေးနေ့ တိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန် အရှေ့ပိုင်းဒေသက စစ်သွေးကြွတွေရဲ့ ထိပ်တန်း ခေါင်းဆောင်ဟာ တခြား သူပုန် အနည်းဆုံး ၁၁ ဦးနဲ့ အတူ သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။

ကန် ဒု-နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် သွားမည်


အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်း ပါတ်ထဲမှာပဲ မြန်မာနိုင်ငံကို သွားရောက်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kerny က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။" ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီသီတင်းပါတ်ထဲမှာ ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကို သွားရောက်ပြီး ဒေသတွင်း အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးမှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံ ကို ရွေးကောက်ပွဲလွန်ကာလ ဒီမိုကရေစီ အကူးအပြောင်း အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့နိုင်ဖို့ သွားရောက်မှာ ဖြစ်ပါတယ်။"

NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေး ရဖို့ ပိုမျှော်လင့်


နောင်တက်လာမယ့် အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရရှိဖို့ မျှော်လင့်တဲ့အကြောင်း NCA စာချုပ်မှာ လက်မှတ်ရေးထိုး မထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးညီလာခံ လုပ်တာဟာ နိုင်ငံရေးလှည့်ကွက် အနေနဲ့လုပ်တာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသားအဖွဲ့တွေက ပြောဆိုပါတယ်။

IS ၂၀၀ ကျော် တူရကီ ချေမှုန်း


တူရကီနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ရက်က အစ္စတန်ဘူးလ်မြို့မှာ ဖြစ်ပွားခဲ့ပြီး၊ ဂျာမန် ကမ္ဘာလှည့် ခရီးသွား ၁၀ဦး သေဆုံးစေခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက် မှုအတွက် လက်တုန့်ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ IS စစ်သွေးကြွ ၂၀၀ကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်လိုက်ပါတယ်။

ဗဟိုနဲ့ ပြည်နယ်အကြား သယံဇာတ စီမံခန့်ခွဲမှု ခွဲဝေရေး ဆွေးနွေး


တတိယနေ့အဖြစ် ဆက်ပြီး ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင်း မှာတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်တိုင်း အစိုးရတွေအကြား ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အချိုးအစားတွေနဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေး နွေးခဲ့ကြပါတယ်။ သဘာဝ သဃံဇာတ ခွဲဝေရေးမှာ သက်ဆိုင်ရာပြည်နယ် တိုင်းတွေဖက်က ၇၀ ရာခိုင်နှုန်း ခံစားခွင့်ရဖို့ တိုင်းရင်းသားတွေဘက်က တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေကို စုစည်းပြီး လာမယ့် အစိုးရသစ် လက်ထက်မှာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ အတည်ပြု သွားမယ်လို့လည်း ကိုယ်စားလှယ်တွေ က ပြောပါတယ်။

EU – မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေးစာချုပ် ယခုနှစ်ဝက်အတွင်း ပြီးစီးမည်


ဥရောပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာစေရန် ရည်ရွယ်ပြီး ဥရောပ သမဂ္ဂ(EU) – မြန်မာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကာအကွယ်ပေးရေး သဘောတူစာချုပ်အား အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိရာ ယခုနှစ်ဝက်အတွင်း ပြီးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။

သီလ၀ါဆိပ်ကမ်းဆောက်လုပ်ခွင့် ဂျပန်ကုမ္ပဏီများ ရရှိ

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဖွင့်လှစ်သည့် သီလ၀ါ အထူးစီးပွားရေး ဇုန်ဖွင့်ပွဲ အခမ်းအနားရန်ကုန်မြို့အနီးရှိ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်း ဆောက်လုပ်ရန် ဂျပန်နိုင်ငံမှ Toyo Construction နှင့် JFE Engineering ကုမ္ပဏီ တို့ကို မြန်မာအစိုးရ က ခွင့်ပြုလိုက်ကြောင်း ဂျပန်သတင်းစာ Nikkei တွင် ရေးသားထားသည်။

Thursday, January 14, 2016

လိပ်ကျွန်း လူသတ်မှုတွင် သေဆုံးခဲ့သည့် ဟန်နာဝှစ်တာရစ်၏ အစ်မဖြစ်သူ လော်ရာက ထိုင်းအာဏာပိုင်နှင့် ရဲများ အကြောင်း အွန်လိုင်းတွင် ဖွင့်ဟပြောဆို



ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသူ ဟန်နာဝှစ်တာရစ်၏ အစ်မဖြစ်သူ လော်ရာဝှစ်တာရစ်က ထိုင်းအာဏာပိုင်များသည် ယင်းတို့မိသားစု၏ ကြေကွဲဝမ်းနည်းမှုကို အလေးမထားခဲ့ဟု ဝေဖန်ပြောကြားလိုက်သည်။လော်ရာက “ကျွန်မတို့ ဟန်နာကို ဆုံးရှုံးပြီး ကတည်းက လိပ်ကျွန်းမှာ သံသယဖြစ်ဖွယ် သေဆုံးမှုတွေ အများအပြား ရှိခဲ့တယ်” ဟု ပြောကြား ခဲ့သည်။ ဟန်နာ သေဆုံးပြီးနောက်ပိုင်းတွင် လော်ရာသည် အသက် အန္တရာယ် ခြိမ်းခြောက်မှုများ၊ နောက်မှ လိုက်ကြည့်ခံရမှုများ ကြုံတွေ့ခဲ့ရပြီး လူသတ်မှု ဓာတ်ပုံများ ပေးပို့ခံခဲ့ရသည်ဟု သူမ၏ ဖေ့စ်ဘုတ်တွင် ရင်ဖွင့် ဖော်ပြခဲ့သည်။

ဝန်ကြီးဌာနတွေ အသစ်ပြန်ဖွဲ့ဖို့နဲ့ပတ်သက်လို့ နယ်ပယ်အသီးသီးက နားလည်ကျွမ်းကျင်သူတွေရဲ့အသံ


ဦးအောင်ကြည် (အငြိမ်းစားဝန်ကြီး)

နိုင်ငံတစ်နိုင်ငံအတွက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်တဲ့အခါမှာ ပထမဦးဆုံး စလုပ်ရမယ့်အလုပ်က တော့ အုပ်ချုပ်ရေး ပြုပြင်ပြောင်း လဲခြင်းဖြစ်ပါတယ်။ အဲဒီအလုပ် ဟာ အရေးကြီးတဲ့အစီအစဉ်တစ်ခု ဖြစ်ပြီး အဲဒီထဲမှာမှ ဝန်ကြီးဌာန တိုးခြင်းလျှော့ခြင်းဟာ အစိတ် အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါ တယ်။ အဲဒီအလုပ်ဟာ ပါးစပ်က ပြောရတာ လွယ်သလောက် လက် တွေ့လုပ်တဲ့အခါ အခက်အခဲတွေ အများကြီးတွေ့ကြုံကြရပါတယ်။ အစိုးရတစ်ခုဖွဲ့လိုက်တာဟာ လွယ် ပါတယ်။ အကောင်အထည်ဖော်ဖို့ မှာ အားတွေမရှိရင်တော့ အခက် အခဲတွေဟာ ရောက်ရှိလို့လာတတ် ပါတယ်။ အစိုးရအဖွဲ့တစ်ဖွဲ့အတွက် ဝန်ကြီးဌာနတွေဟာ အားတွေပါ။ အဲဒီအားတွေကို အခု လျှော့မယ်လို့ သတင်းကြားရပါတယ်။ တကယ့် တကယ်တော့ လက်ရှိနိုင်ငံမှာရှိနေ တဲ့ ဝန်ကြီးဌာနအချို့ဟာ လျှော့ချ သင့်တဲ့အပိုင်း မှာ ရှိနေတာကိုတော့ မငြင်းလိုပါဘူး။ ၂ဝ၁၁ ခုနှစ်မှာ အစိုးရသစ်စဖွဲ့ကတည်းက ကောင်း မွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို သွား မယ်လို့ ကြွေးကြော်လာခဲ့ပေမယ့် ထိရောက်မှုနဲ့ စွမ်းဆောင်ရည်ရှိခြင်း တို့မှာတော့ အားနည်းမှုတွေဖြစ် ပေါ်ခဲ့ပါတယ်။

သက်တမ်းကုန်ဆုံးတော့မည့် အစိုးရမှ လက်ကျန်ပါမစ်နှင့် တင်ဒါများ အလျင်အမြန်ချပေး


လက်ရှိအစိုးရသည် အာဏာမလွဲပြောင်းမီ နောက်ဆုံး ရက်သတ္တပတ်များ အတွင်းတွင် ပြည်သူများ ဘ၀င်မကျသည့် ဥပဒေများ ပြဋ္ဌာန်းခြင်း၊ ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် တရုတ်ကုမ္ပဏီတစ်ခုကို ကန်ထရိုက် ပေးခြင်း အပါအ၀င် ကြီးမားသည့် လုပ်ငန်းပါမစ်များ ချထားပေးခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွေ့အကြုံရှိပြီးမှ ကြည့်လို့ပိုကောင်းမှာဖြစ်လို့ ရက်ရွှေ့ပြသခဲ့တဲ့ အီဖေကိုယ်တို့ရွေးကောက်ပွဲ


အီဖေကိုယ်တို့ရွေး ကောက်ပွဲ ဇာတ်ကားကို NLD ပါတီ အောင်နိုင်ရေးအတွက် ရည်ရွယ်ရိုက်ကူးခဲ့သော်လည်း NLDပါတီက လူကိုမကြည့်ဘဲ ပါတီအလံကိုကြည့်၍အားပေးရန် ပြောကြားခဲ့သောကြောင့် ရွေးကောက်ပွဲအမီ ရုံမတင်ခဲ့ခြင်းဟု ဒါရိုက်တာညီညီထွန်းလွင်က ပြောသည်။

ငြိမ်းချမ်းရေးညီလာခံတွင် အစုများခွဲ၍ ကဏ္ဍကြီးငါးခုကို သီးခြားဆွေးနွေး


ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ဒုတိယနေ့တွင် ကိုယ်စားလှယ်များသည် အစုကြီး ငါးစု၊ အစုငယ် နှစ်စုခွဲ၍ ကဏ္ဍ ကြီးငါးခုကို သီးခြားစီဆွေးနွေးခဲ့ ကြသည်။ အစိုးရနှင့် လွှတ်တော်အစိုး ရအဖွဲ့မှ ကိုယ်စားလှယ် ၇၅ ဦး စီ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ မှ ၁၅၀ ဦးစီကို အစုကြီး ငါးစုအ ဖြစ် သတ်မှတ်၍ သီးခြားစီဆွေး နွေးခဲ့ကြသည်။

အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ်သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေဟု ပြည်ထဲရေးဒုဝန်ကြီးပြော


မြန်မာနိုင်ငံသို့ အကြမ်းဖက်သမားများ မဝင် ရောက်စေရန် အကြမ်းဖက် အုပ်စုများ၊ ယင်းအုပ်စုတို့နှင့်ဆက်နွှယ် သူများ၏ငွေကြေးနှင့်ရန်ပုံငွေကို ထိန်းချုပ်ရန် ဆောင်ရွက်နေသည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်ကပြောသည်။

မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု မြန်မာထုတ်ပြန်ချက်အပေါ် တုံ့ပြန်မှု


မြောက်ကိုရီးယားနိုင်ငံက ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ နိုင်ငံခြားရေးဌာနက အထူးစိုးရိမ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တာဟာ အဲဒီ စမ်းသပ်ဖောက်ခွဲမှုအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်း ရဲ့ ဝေဖန်မှုအပေါ် မြန်မာနိုင်ငံက ထောက်ခံ ကြောင်း ပြသလိုက်တာပဲ ဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

ဝန်ကြီး Kerry မြန်မာ အပါအ၀င် ဒုက္ခသည်တွေနဲ့ တွေ့ဆုံ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ဟာ ဗုဒ္ဓဟူးနေ့မှာ မယ်ရီလန်းပြည်နယ် Silver Spring က IRC International Rescue Committee နိုင်ငံတကာ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ ရုံးခွဲကို သွားရောက်ခဲ့ပြီး မြန်မာ၊ ဆီးရီးယား၊ အီရတ်၊ Eritrea၊ ကွန်ဂို အပါအဝင် နိုင်ငံ အများအပြားကနေ အမေရိကန်နိုင်ငံကို လာရောက်ကြတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Obama နိုင်ငံတကာအရေး Putin ကို ဖုန်းခေါ်ဆွေးနွေး


အမေရိကန်သမ္မတ Barack Obama ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ကမ္ဘာ့ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ဆီးရီးယားနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေးနဲ့ ယူကရိန်းနိုင်ငံ က အပစ်အခတ်ရပ်စဲရေး သဘောတူညီကို လိုက်နာကြဖို့ ကိစ္စရပ်တွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လိပ်ကျွန်းလူသတ်မှုပြစ်ဒဏ်အပေါ် အယူခံဝင်ဖို့ စတင်ပြင်ဆင်


ထိုင်းနိုင်ငံ ကော့တောင်အပန်းဖြေကျွန်းမှာ ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနဲ့ပတ်သက်လို့ အယူခံတင်ဖို့ကိစ္စမှာ အထောက်အကူ ဖြစ်စေဖို့အတွက် မြန်မာအစိုးရက ပထမဦးအကြိမ်အဖြစ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဥပဒေပညာရှင်တဦး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မှုခင်းဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတဦး မြန်မာနိုင်ငံ ရှေ့နေများကောင်စီက အယူခံမှုဆိုင်ရာ ကျွမ်းကျင်သူတဦးတို့ကို စေလွှတ်ခဲ့တာပါ။

အမေရိကန် Powerball ထီဆုကြေး ဒေါ်လာ သန်း ၁,၅၀၀ စံချိန်တင်


ဝါရှင်တန် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ၁၁ လောက်မှာ ထွက်မယ့် အမေရိကန်ထီ Powerball ရဲ့ စုစုပေါင်း ဆုကြေးငွေဟာ အခုချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ရှိသွားပြီဖြစ်တဲ့အတွက် လူအတော်များများက ထီလက်မှတ်တွေဝယ်ပြီး စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေကြပါတယ်။

ဖမ်းဆီးခံ ကန်ရေတပ်သား ၁၀ ဦး အီရန်ပြန်လွှတ်ပေး


အီရန်ရေပြင်ပိုင်နက်ထဲ စက်ပျက်မျောပါသွားပြီး ထိန်းသိမ်းခံလိုက်ရတဲ့ အမေရိကန်ရေတပ်သား ၁၀ ဦး အီရန်က ပြန်လွှတ်ပေးလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။ ဒီကိစ္စ ဖြေရှင်းလိုက်နိုင်တာဟာ သံတမန်ရေးအရ အောင်မြင်မှုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောကြားလိုက်သလို၊ ကာကွယ်ရေးဝန်ကြီး Ash Carter ကလည်း အမေရိကန် စစ်မှုထမ်းတွေ သူတို့လက်ထဲ ပြန်ရောက်လာတဲ့အတွက် ၀မ်းမြောက်ကြောင်း ပြောကြားပါတယ်။

အင်ဒိုက မြန်မာ ရေလုပ်သား ၂၈ ဦး ပြန်ရောက်ခဲ့


အင်ဒိုနီးရှားနိုင်ငံတွင်းက ငါးလုပ်ငန်းတွေမှာ တရားမ၀င် လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၄ ဦး မနေ့က ရန်ကုန်နိုင်ငံတကာ လေဆိပ်ကို ပြန်လည်ရောက်ရှိပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်း ငါး လုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ် ခိုင်းစေခံရနေရတဲ့ မြန်မာလုပ်သားတွေ သူတို့လုပ်ခတွေ ပြန်ရပြီး၊ မြန်မာနိုင်ငံ ပြန်ရောက်အောင် ဆောင်ရွက်ပေး နိုင်တာ အခုလို ၂၈ ဦး အထိ ရှိသွားပြီး၊ နောက်ထပ် ၇၅ ဦးကတော့ အင်ဒို နီးရှားနိုင်ငံ Ambon မြို့မှာ နိုင်ငံသားစီစစ်ဖို့ နဲ့ သူတို့ လုပ်ခ လစာတွေ ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေဆဲ ရှိတယ်လို့ မြန်မာငါးလုပ်သားတွေ အတွက် အကူအညီပေးနေတဲ့ အင်ဒိုနီးရှားနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူ တွေက ပြောပါတယ်။

သမ္မတ အိုဘားမား နောက်ဆုံးအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းပြော


သမ္မတသက်တမ်းတလျှောက်မှာ သူလုပ်ဆောင် ချန်ထားနိုင်တဲ့ အမွေအနှစ် တွေက ဘာတွေလဲ ဆိုတာကို ပြနိုင်ဖို့ ကြိုးစားတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ အင်္ဂါနေ့ညတုန်းက သူ့ရဲ့နောက်ဆုံးဖြစ်မဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ အမေရိကန် အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးက လွှတ်တော် အမတ်တွေရှေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲမှာ လွှတ်တော်အနေနဲ့ လာမဲ့နှစ်အတွက်ကိုပဲ မကြည့်ဘဲ၊ နောင် ၅ နှစ်နဲ့ နောက်ပိုင်း ရေရှည်ကြည့်ဖို့ သမ္မတအိုဘားမားက တိုက်တွန်းသွားပါတယ်၊ VOA သတင်းထောက် Carolyn Presutti ရဲ့သတင်းကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

တပ် ဖွဲ့စည်းရေး အပေါ် တိုင်းရင်းသားများ အမြင်


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒီ ဖိတ်ခေါ်မှုအပေါ် ညီလာခံ တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကအပြုသဘောဆောင်တဲ့ ဖိတ်ခေါ်မှုအဖြစ်ရှုမြင်ပြီး ပြည်ထောင်စုတပ်မတော်ကို တိုင်းပြည်၊ နိုင်ငံရေးစနစ်နဲ့ အညီဖွဲ့စည်းဖို့ လိုအပ်ကြောင်း ပြောဆိုပါတယ်။

Tuesday, January 12, 2016

ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားပြောကြားသော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ နှုတ်ခွန်းဆက် စကား



ချစ်ကြည်လေးစားရပါသော နိုင်ငံတော်သမ္မတကြီးနှင့်တကွ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော်အကြီးအကဲများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်နာယကနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ပါတီခေါင်းဆောင်များ၊ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံကနေ တစိုက် မတ်မတ် အထောက်အကူပြုနေကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ ပြည်တွင်းမှ ဧည့်သည် တော်ကြီးများ၊ အစုအဖွဲ့အသီးသီးမှ ညီလာခံကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားခြင်းခံထားရတဲ့ ပြည်တွင်း ဧည့်သည်တော်များနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးရရှိရေးအတွက် အင်တိုက်အားတိုက်ပါဝင်ခဲ့ကြတဲ့ နှစ်ဖက် ခေါင်းဆောင် ကိုယ်စားလှယ်များ၊ အလုပ်အဖွဲ့များ၊ အထောက်အကူပြုသူများနဲ့ သတင်းမီဒီယာများ အားလုံး ကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေလို့ ရှေးဦးစွာ ဆုမွန်ကောင်း တောင်းအပ် ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်း



အလွတ်ကျက်ဖြေ စနစ်ပုံစံသည် ပညာရေးကဏ္ဍအတွက် ခေတ်နောက်ကျ နေသော စနစ်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော


မြန်မာ့ပညာရေးတွင် အရိုးစွဲ ကျင့်သုံးနေသည့် အလွတ်ကျက်ဖြေ စနစ်ပုံစံသည် ပညာရေးက ဏ္ဍအတွက် အကောင်းဆုံး နည်းလမ်း မဟုတ်သကဲ့သို့ လက်ရှိအနေအထားအရ ခေတ်နောက်ကျနေ သော စနစ်ဟု ရှုမြင်ကြောင်း ရန်ကုန်တက္ကသိုလ် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းမှ သင်တန်းသားများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။

သမ္မတရာထူးအတွက် အရည်အချင်းပြည့်မှီသူ NLD တွင် ဆယ်ဦးကျော်ထက် မနည်းရှိဟု ဦးဥာဏ်ဝင်းပြော


လာမည့်အစိုးရသစ်၏ သမ္မတရာထူးနေရာအတွက် NLD ပါတီတွင် အရည်အချင်းပြည်မှီသူ ဆယ်ဦးကျော်ထက် မနည်းရှိကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Myanmar Now နှင့် အင်တာဗျူးရာတွင် ပြောကြားခဲ့သည်။ ဂျပန်မီဒီယာတစ်ခုက NLD ပါတီသည် သမ္မတလောင်း ဆယ်ဦးကို ရွေးချယ်ထားပြီးကြောင်း ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ရေးသား ထားခြင်းနှင့် ပတ်သက်ပြီး ထိုဆယ်ဦးက မည်သူတွေဖြစ်ကြောင်း မေးမြန်းရာတွင် “သတင်းဖော်ပြတာ မှားနေတာပါ။ မမှန်ပါဘူး။ ကျွန်တော် ပြောခဲ့တာက NLD ပါတီမှာ သမ္မတနေရာအတွက် အရည်အချင်း ပြည့်မှီသူ ဆယ်ဦးကျော်ထက်မနည်း ရှိနေတယ်ဆိုပြီးပဲ ပြောခဲ့တာပါ။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် နှုတ်ခွန်းဆက်စကား


ပထမဦးစွာယနေ့ စုစည်းတက်ရောက်လာကြတဲ့ နိုင်ငံတော်အစိုးရအဖွဲ့၊ ပြည်ထောင်စုလွှတ်တော်၊ တပ်မတော်နှင့် အခြားအဖွဲ့အစည်းတို့ကို ကိုယ်စားပြုတက်ရောက် သူများနှင့် ပြည်ထောင်စု တိုင်းရင်းသားညီအကို မောင်နှမများ အာလုံးအတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ၂၀၁၆ ခုနှစ် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဝင်းနှင့် ဇော်အရေးအတွက် မြန်မာမှ အထူးကိုယ်စားလှယ်အဖွဲ့ ထိုင်းသို့ရောက်ရှိ



အစိုးရသစ်အတွက် ငြိမ်းချမ်းရေးအုတ်မြစ်ချပေးခဲ့ပြီလို့ သမ္မတပြော


နှစ်ပေါင်း ၆၀ကျော်ကြာ အခြေတည်လာသည့် ပြည်တွင်းစစ်ရပ်စဲရေး အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်တက်လာမည့် အစိုးရအား အခြေခံအုတ်မြစ်ချပေးခဲ့ပြီးဖြစ်သည်ဟု သမ္မတသက်တမ်း ၂လကျော်သာလိုတော့သည့် ဦးသိန်းစိန်က ပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေးမရသေးခြင်းက လက်နက်ကိုင်ပဋိပက္ခတစ်ခုတည်းကြောင့် မဟုတ်ဟု သူရဦးရွှေမန်းပြော


ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးခြင်းမှာ လက်နက်ကိုင် ပဋိပက္ခတစ်ခုတည်း ကြောင့် မဟုတ်ဘဲ အမျိုးသားအချင်းချင်း တိုင်းရင်းသားအချင်းချင်း မသင့်မြတ်ခြင်း၊ သဟဇာတမဖြစ်ခြင်း၊ အသာစီးရလိုခြင်းများကြောင့် ဆိုတာကို နားလည်ပြီဟု ထင်မြင်ကြောင်း သူရဦးရွှေမန်းကပြောသည်။

ပြစ်ဒဏ်စီရင်ခြင်းဆိုင်ရာစနစ် ပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးဆွေးနွေး ပွဲတွင် ထည့်သွင်းဆွေးနွေးရန် AAPP တိုက်တွန်း


နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံလုံးဆိုင်ရာ ကျယ်ပြန့်သော လုံခြုံရေး ကဏ္ဍ ပြုပြင်ပြောင်းလဲရေး(SSR)နှင့် တဆက်တည်းဖြစ်သည့် ပြစ်ဒဏ် စီရင်ခြင်းဆိုင်ရာစနစ်ကို သုံးသပ်ပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးပေးရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တိုက်တွန်းပြောဆိုလိုက်သည်။

NCA ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲကိုဖြတ်ပြီးမှ တောင်းဆိုချက်များ ဖော်နိုင်မည်


NCA လက်မှတ်မထိုးလျင် လိုလားနေချက်များကို ဆွေးနွေးမှု၊ တောင်းဆိုမှု များဆောင်ရွက်နိုင်မည့် အခွင့်အရေးများလည်း ဆုံးရှုံးနိုင်ပြီး တပ်မတော်၏ ရပ်တည်ချက်မှာမူ ပြောင်းလဲမည်မဟုတ်သဖြင့် ဥပဒေနှင့်အညီ လုပ်ဆောင်ရန်လည်း NCA လက်မှတ် မထိုးရသေးသည့်အဖွဲ့များအား တိုက်တွန်းပြောဆိုသွားသည်။

မြန်မာလုပ်သားနှစ်ဦးအတွက် အယူခံဝင်ရေး ကိုယ်စားလှယ်အဖွဲ့ မြန်မာအစိုးရ စေလွှတ်ခဲ့


အစိုးရက စေလွှတ်ခဲ့သည့်အဖွဲ့တွင် နေပြည်တော်အစိုးရရှေ့နေချုပ် လွှတ်တော် တရားရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ CID မှ ရဲမှူးကြီး စိုးနိုင်ဦးနှင့် အစိုးရရှေ့နေချုပ်ရုံးမှ ဦးပီခင်တို့သည် ထိုင်းနိုင်ငံ တွင် (၁၅) ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

“ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စပြီ။ ဘာတွေ သင်ယူကြမလဲ”


အရပ်ဘက်အဖွဲ့အစည်း(၁၀၀) ကျော် ကန့်ကွက်နေတဲ့ကြားက၊ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေ မတက်ဘူးလို့ ငြင်းဆိုထားတဲ့ကြားက သမ္မတ ဦးသိန်းစိန် အစိုးရက ဦးစီးကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးကို နေပြည်တော်မှာ ကျင်းပနေပါပြီ။ အားလုံး ပါဝင်ခြင်း မရှိတဲ့ ညီလာခံ တစ်ခုမို့ ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက်ဘာမှ အကျိုးမရှိတော့ ဘူးလား၊ ဒီညီလာခံ ကျင်းပမှုကနေ ဘာတွေ သင်ယူနိုင်ကြမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်ပါ။

မီးဘေးသင့်ခဲ့သည့် မင်္ဂလာဈေးဆိုင်ရှင်များကို သမ္မတ၏ အထူးရန်ပုံငွေထဲမှ ငါးသိန်းနှင့် ဆယ်သိန်းကြား ထောက်ပံ့ပေးမည်ဟုဆို


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇန်န၀ါရီ ၁၁ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပေါ် ခဲ့သည့် မင်္ဂလာဈေးသို့ ရောက်ရှိ လှည့်လည် ကြည့်ရှုခဲ့ပြီး ဆိုင်ခန်းများ အတွက် ထောက်ပံ့ကြေးပေး ကူညီမည်ဟု ပြောကြားခဲ့သည်။ မီးဘေးအန္တရာယ်သည် သဘာဝဘေး အန္တရာယ်ဖြစ်ခြင်းကြောင့် သမ္မတ၏ ရန်ပုံငွေ (ပြည်သူ့ဘဏ္ဍာငွေ) ထဲတွင် ပါဝင်သော်လည်း ဘတ်ဂျက် နည်းနေခြင်းကြောင့်မီးဘေးသင့်သည့် ဆိုင်ခန်းများအတွက် ကရုဏာကြေး အနေဖြင့် ငါးသိန်းနှင့်ဆယ်သိန်းကြား ထောက်ပံ့ပေးမည်ဟု နိုင်ငံတော် သမ္မတက ပြောကြားကြောင်း မင်္ဂလာဈေး ဥက္ကဋ္ဌ ဒေါက်တာ ဦးစောလှထွန်း က ဇန်န၀ါရီ ၁၁ ရက်တွင် ပြောသည်။

အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၁၄ ခုကို နောက်အစိုးရ လက်ထက်တွင် လိုအပ်မှသာ ပြန်လည်ဆွေးနွေးမည်


ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေး ဥပဒေကြမ်း အပါအ၀င် ဥပဒေကြမ်း ၁၄ ခုကို ပြည်သူ့လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိကြောင်း ဇန်န၀ါရီ ၁၁ ရက်က ဆုံးဖြတ်ခဲ့ပြီး မှတ်တမ်းတင်ခဲ့သည့် ဥပဒေကြမ်းများကို နောက်အစိုးရ လက်ထက်တွင် လိုအပ်သည်ဆိုမှသာ ပြန်လည် ဆွေးနွေးလိမ့်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။

ကလေးသူငယ် လူကုန်ကူးမှုပပျောက်ရေး ဇာတ်လမ်းတို ပြည်သူတွေအကြား ခိုင်နှင်းဝေ ဘယ်လိုဖြန့်မလဲ


ကလေးသူငယ်လူကုန်ကူးမှုတားဆီးရေး သံတမန်တစ်ဦး ဖြစ်သည့် သရုပ်ဆောင် ခိုင်နှင်းဝေသည် ၂၀၁၆ ခုနှစ်ထဲတွင် United-act အဖွဲ့ နှင့် အတူ ကလေးသူငယ် လူကုန်ကူးမှု ဖြစ်စဉ်များ အတွက် ထိရောက်သည့် ကာကွယ်မှုများကို လုပ်ဆောင်သွားမည် ဖြစ်ပြီး ကလေးသူငယ်ဆိုင်ရာ လူကုန်ကူးမှု ပပျောက်ရေးနှင့် တားဆီးရေးဆိုင်ရာ အသိပညာပေး ဇာတ်လမ်းတိုကိုလည်း ပြည်သူများကြား ဖြန့်ဝေသွားမည် ဖြစ်သည်။

ဖခင်ရဲ့ သမိုင်းပေးတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမယ့် ဒေါ်အောင်ဆန်းစုကြည်


တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီး နောက် ဆက်လက် ပြုလုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အစက မတက်ဘူးလို့ ပြောဆိုထားပေမယ့် နောက်ဆုံးမှာတော့ ဇန်န၀ါရီလ ၁၂ ရက်မှာ စတင်မယ့် ညီလာခံကို တက်ရောက်ပြီး မိန့်ခွန်း ပြောကြားတော့မှာ ဖြစ်ပါတယ်။

သမ္မတ Obama နောက်ဆုံးနိုင်ငံတော်အခြေပြမိန့်ခွန်းအင်္ဂါနေ့ညပြောမည်


သမ္မတ သက်တမ်းအတွင်း (၇) ကြိမ်နဲ့ နောက်ဆုံးအကြိမ်မြောက် နိုင်ငံတော် အခြေပြမိန့်ခွန်းအဖြစ် သမ္မတ Barack Obama ဟာ လွှတ်တော်နဲ့ အမေရိကန်လူထုရှေ့မှောက် ထွက်ပြီး သူ့ရဲ့သက်တမ်းမှာ ကျန်ရှိတဲ့လတွေ အတွင်းသာမက အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်အတွက်ပါ သူ့ရဲ့ မျှော်မှန်းချက်ကို ချပြမှာ ဖြစ်ပါတယ်။

သံရုံးတွေနေပြည်တော်ပြောင်းရွှေ့နိုင်ဖို့စတင်စီစဉ်


မြန်မာနိုင်ငံမှာ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို နိုင်ငံခြား သံရုံးတွေ ပြောင်းရွှေ့အခြေစိုက်ဖို့ စီစဉ်နေပါတယ်။ မကြာသေးခင်နှစ်တွေကစလို့ အပြောင်းအလဲတွေ တွေ့မြင်ခဲ့ရတဲ့ မြန်မာနိုင်ငံမှာ အစိုးရလုပ်ငန်းတွေ အများစုရှိရာ နေပြည်တော်မှာ သံတမန်တွေ အခြေစိုက် လှုပ်ရှားနိုင်အောင် ရေရှည်စီမံကိန်း တစိတ်တပိုင်းအဖြစ် စတင်ဆောင်ရွက်နေတာဖြစ်တယ် လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

My Blog List